no
Chapter 17
ဖက်ဒရယ်စစ်တက္ကသိုလ်၏ ပထမနှစ် စစ်ရေးလေ့ကျင့်မှု တိုက်ရိုက်ထုတ်လွှင့်ခြင်းဟာ အသက်အရွယ်မရွေးကြည့်ရှုနိုင်သည့်အပြင် ပရိသတ်အင်အားတောင့်ကာ ပရိသတ်ခိုင်မာစွာရှိသော တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်သည်။
စစ်ဘက်ခေါင်းဆောင်များအတွက် သူတို့နှစ်သက်သည့် ဆက်ခံသူအသစ်လေးများကို ထိုခုနစ်ရက်ကြာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှာတွေ့နိုင်ရုံသာမက အင်တာနက်ပေါ်မှဝေဖန်သူများကလည်း သူတို့ရွေးထားခဲ့သော စစ်ဘက်အကယ်ဒမီကျောင်းသားများကို ရှာဖွေနိုင်သည်။ရုပ်ချောပြီး ဆွဲဆောင်မှုရှိတဲ့ ယူနီဖောင်းဝတ်ထားမယ့် ကောင်လေးတစ်ယောက်ဆိုမိုက်တယ်မလား....
အကယ်၍ အယ်လ်ဖာအစ်ကိုကြီးများကို မကြိုက်သေးရင်လည်း ကိစ္စမရှိပေ။ အနီးဆုံးဌာနဖြစ်သည့် ကျင့်ဝတ်သိက္ခာဌာနက အကောင်းဆုံးဆိုသည့်အိုမီဂါများကို အားပေးသူတွေအဖြစ် စေလွှတ်ပေးမည်ဖြစ်သည့်အတွက် ဖက်ဒရယ်စစ်ဘက်အကယ်ဒမီရဲ့ ပထမနှစ် စစ်ရေးလေ့ကျင့်မှု တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ မင်းအကြိုက်ဆုံး ဖြစ်မယ့်ကောင်လေးကို လာရောက်ရွေးချယ်လိုက်ပါ~
[ဟုတ်တယ်..ဟုတ်တယ်..ဟုတ်တယ်..ငါက ဖန်သားပြင်ကနေပဲ သွားရည်ကျနိုင်မှာ..သူတို့က အကြီးအကဲ ဒါမှမဟုတ် အကြီးအကဲအကြီးစား ဖြစ်လာရင် သူတို့ကိုငမ်းဖို့ နည်းလမ်းရှိမှာမဟုတ်တော့ဘူး ]
[အိုးဟိုးဟိုး နောက်ဆုံးတော့ စတင်ပါပြီ.. ဘယ်ကျောင်းသားအသစ်လေးတွေကို ဘာကြည့်ရမလဲဆိုတာပဲပြောပြလိုက်ဝောာ့.. ဌာနတစ်ခုစီရဲ့ စစ်ကြောင်းတွေအားလုံးက အချောလေးတွေနော် အထူးသဖြင့် မက်ချာဌာနရဲ့ စစ်ကြောင်းအတွက် ကျောင်းမြက်တိုင်းကို အခြေခံအားဖြင့် မက်ချာဌာနကနေ သေချာရွေးချယ်ထားတာနော်.. အဲ့အပြင် ကျောင်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေပြီးရင် လူတိုင်းကို ခဏနားခွင့်ပေးလိမ့်မယ်..အဲ့ချိန်မှာ ကြည့်စရာ ဘာမှမရှိတဲ့အတွက်..အချိန်ကို အသုံးချပြီး သန့်စင်ခန်းသွားစရာရှိရင်သွားထားကြနော်.. ပြီးရင် အိုမီဂါလှလှလေးတွေပါတဲ့ အားပေးအဖွဲ့ လာပါလိမ့်မယ်!!! ဒီတိုက်ရိုက်ထုတ်လွင့်မှု ကတော့လွတ်သွားလို့ မဖြစ်ဘူး!]
[အဲ့အရင်တစ်ယောက်က ပရိသတ်ဟောင်းတစ်ယောက်ပါလား [.jpg]]
[ညီကိုတို့ကို ငါ့ရဲ့ အတွေ့အကြုံကိုလည်း မျှဝေပေးဖို့ လာခဲ့တာပါ.. အဆင်လေးကိုတွေ့တဲ့အခါ ညီကိုတို့အားလုံးအတွက် အများပြည်သူမြင်သာတဲ့ မျက်နှာပြင်ပေါ်မှာ တင်ပေးမှာပါ (မျက်နှာလေးကိုဖြတ်ညှပ်ထားပြီးပြမှာနော်) အတည်ပြောပြနေတာပါနော်..အဲ့လိုပုံလှလှတွေကို ဝေမျှချင်ရင် စခရင်ရှော့ရိုက်ပြီး ပုံတွေကို သိမ်းဆည်းထားလို့ရပါတယ်..ဒါပေမယ့် အားပေးအဖွဲ့ထဲက အိုမီဂါ လေးများရဲ့ ဓာတ်ပုံတွေကိုတော့ လျှောက်မပို့တာ အကောင်းဆုံးပါ.. အလှလေးတွေကိုသွားမစချင်ကြပါနဲ့..တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်းယဉ်ကျေးကြပါနော်]
[ကွင်းထဲကို ဝင်ရောက်လာတဲ့ ပထမဆုံး စစ်ကြောင်းက ကျွန်တော်တို့ရဲ့ စက်မှုအင်ဂျင်နီယာဌာန ပထမနှစ်ကျောင်းသားတွေပဲဖြစ်ပါတယ်..ညီညာတဲ့ ခြေလှမ်းများနဲ့ ကျွန်တော်တို့ဆီကို လာကြပါတယ်..ကြိုးစားသင်ယူကြပြီး အသစ်အသစ်တွေကို ယူဆောင်လာနိုင်ဖို့အတွက် သူတို့ကသင်ကြားခြင်းခံရပါတယ်..သေးငယ်တဲ့အကွာအဝေးတိုင်းအတွက် တိုက်ခိုက်ပြီး သေးငယ်တဲ့အကွာအဝေးတိုင်းအတွက် သူတို့ကပြိုင်ဆိုင်ကြပါတယ်.. ငါတို့ကျောင်းသားတွေ သူတို့ရဲ့လိုရာအိပ်မက်တွေ ဖြစ်လာကြပါစေလို့ဆုတောင်းပေးကြရအောင်ပါ]
များပြားလှတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက စက်မှုစစ်ကြောင်းကို လုံးဝ ဖုံးကွယ်သွားလုနီးပါး ဖြစ်နေသည်။အဖိုးထန်းက စစ်တုရင်ကိုရွှေ့ရင်း တိုက်ရိုက်ထုတ်လွှင့်မှုများကိုပါပိတ်ချလိုက်ပြီး စစ်တုရင်ဘုတ်ပေါ်မှာ တစ်ကွက်ရွှေ့ ရွှေ့လိုက်သည်။
"အချိန်တွေက အရမ်းမြန်တာပဲကွာ..လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက ထန်း..မင်းနဲ့ငါက စစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ ပါခဲ့ကြဖူးတယ်လေ.. ငါတို့မြေးတွေပါ ပါနိုင်ခဲ့မယ်လို့ မထင်ထားဘူးကွာ"
ဗိုလ်ချုပ်ကုက စိတ်လှုပ်ရှားစွာပဲသက်ပြင်းချပြီး ရုတ်တရက် သူ့အသံကို ပြောင်းကာဆိုလာ၏။
"အဲ့အပြင် ငါ့မြေးက နောက်ဆုံးမှာ မက်ချာစစ်ကြောင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်နေသေးတယ်..အဲဒါက အဲဒီတုန်းက ငါ့ရဲ့ပုံစံနဲ့တစ်ပုံစံတည်းပဲ"
သူနဲ့အဖိုးထန်းတို့က ဘယ်နေရာအတွက်မဆိုတစ်သက်လုံးလိုက်ပြိုင်နေကြပြီး နောက်ဆုံးမှာ မြေးအယ်လ်ဖာလေးကြောင့်သာ ပြိုင်ဆိုင်ခြင်းများပြီးသွားခဲ့သည်။
အဖိုးထန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"ဘာဖြစ်လဲ ငါ့ရဲ့ထန်းထန်းက အားပေးသူဖြစ်နေတုန်းပဲလေ"
"ငါပြောချင်တာ အဲ့ဒါမဟုတ်ဘူး.အဖိုးကြီးရေ မင်းရဲ့သားကို အယ်လ်ဖာလေးတစ်ယောက်မွေးဖို့ ဘာလို့ မတိုက်တွန်းတာလဲ အခု မင်းရဲ့ထန်းမိသားစုမှာ အိုမီဂါဆက်ခံသူလေး တစ်ယောက်ပဲရှိတာလေ"
ဗိုလ်ချုပ်ကုက အဖြူရောင်စစ်တုရင်အရုပ်ကို ပြတ်ပြတ်သားသား ကန်ထုတ်လိုက်ပြီး စစ်တုရင်ဘုတ်ပေါ်က အမည်းရောင်စစ်တုရင်ဘက်မှရှုံးတော့မယ့် လက္ခဏာတွေ ပြနေတာကို တွေ့လိုက်ရသည်။ သူကဂိမ်းအတွင်းရော အပြင်မှာပါအနိုင်ရနေသည်ဟု ခံစားလိုက်ရသည်။
"မင်းရဲ့ချွေးမက မွေးမပေးနိုင်ရင် မင်းရဲ့သားကို တခြားအိုမီဂါတစ်ယောက် ရှာခိုင်းလိုက်ပေါ့..ထန်းပိုင်ကနေ မင်းရဲ့ထန်းမိသားစုရဲ့မျိုးဆက်တွေ ပြတ်မသွားစေနဲ့လေ"
အဖိုးထန်းက စစ်တုရင်ဘုတ်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"လက်ထပ်ထားတဲ့အိုမီဂါက ဖိတ်သွားတဲ့ရေလိုပဲ..မင်းအတွက် ကောင်းစေချင်လို့ပြောနေတာနော် အဖိုးထန်း မင်းရဲ့ထန်းထန်းက ငါ့မြေးနဲ့ လက်ထပ်ရင် မင်းမှာ ကုဆိုတဲ့ မိသားစုနာမည် ရှိလာလိမ့်မယ်"
သူ့စကားမဆုံးခင်မှာပဲကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
အဖိုးထန်းက စစ်တုရင်ဘုတ်ကို မျက်လုံးပြူးပြီး ထုလိုက်သည်
"ထန်းထန်းက မင်းမြေးနဲ့ လက်ထပ်မယ်လို့ ဘယ်သူကပြောတာလဲ! ကုနာမည်ရှိတဲ့ မင်းမြေးက သူလုပ်ခဲ့တဲ့အရာကို မင်းကို မပြောပြဘူးလား"
ရုတ်တရက်ကြီးဘာမှမလုပ်ဘဲအဆူခံနေရတယ်လို့ ခံစားရတဲ့ ဗိုလ်ချုပ်ကု: "?"
အဖိုးထန်းက သူ၏မုတ်ဆိတ်မွှေးကို မှုတ်လိုက်ပြီး စိုက်ကြည့်လိုက်သည် ။
"မင်းမြေးရဲ့ အခန်းဖော်က ငါတို့ရဲ့ထန်းထန်းကို ဘာလုပ်လိုက်လဲဆိုတာ မင်းသိလား နားနဲ့ကြားရတာတောင် မကောင်းဘူး..ငါ့ပါးစပ်ညစ်ပတ်သွားမှာ ကြောက်လို့ မပြောချင်ဘူးကွ! မင်းမြေး အခန်းဖော်ရဲ့ ဒီအမူအရာကနေ မင်းမြေးရဲ့ ထန်းထန်းအပေါ်ထားတဲ့ သဘောထားက မကောင်းဘူးဆိုတာ ပြနေတာပဲ.ဒါတောင် ငါကထန်းထန်းကို လက်ထပ်ခိုင်းချင်တုန်း..ထန်းမိသားစုက နာမည်ကို ကုလို့ ပြောင်းစေချင်တုန်းပါပဲဆိုပြီး ထင်နေတဲ့ မင်းရဲ့ နွေဦးမကျ ဆောင်းဦးမကျ အိပ်မက်တွေကို မက်နေသေးတာလား!"
ဗိုလ်ချုပ်ကု: "???"
မြေးတစ်ယောက်လို အဆူခံနေရတဲ့ ဗိုလ်ချုပ်ကုကို တစ်ချက်ကြည့်လိုက်ပြီး အဖိုးထန်းက စစ်တုရင်ဘုတ်ကိုမှောက်ချကာ ဘာမှမဖြစ်ခဲ့သလိုပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ကြည့်နေယောင်ဆောင်လိုက်သည်။ ဒီအချိန်မှာ စစ်ကြောင်းက မက်ချာစနစ်ဆီကို လှည့်သွားပြီ။ ကျောင်းသားအားလုံးက ပခုံးကျယ်ကျယ်၊ ခါးသေးသေး၊ ခြေထောက်ရှည်ရှည်နှင့် သူရဲကောင်းဆန်ဆန်ချောကြသည်။ ရှေ့မှာ လမ်းလျှောက်နေတဲ့ ခေါင်းဆောင်နှစ်ယောက်လုံးက အံ့သြစရာကောင်းလှသည်။
ဘယ်ဘက်မှာကုထူနန်ရှိပြီး ညာဘက်မှာ ရှဲ့ရူဟန်ရှိသည်။ ရုပ်ချောပြီးတည်ကြည်တဲ့သူနဲ့ ရုပ်ချောပြီး ထင်ရာစိုင်းတဲ့ သူတို့နှစ်ယောက်ကိုမသိရင်တောင် သူတို့နောက်က အယ်လ်ဖာကောင်လေးတွေရဲ့ တောင့်တင်းပြီး နေရခက်တဲ့ အမူအရာတွေကိုကြည့်ရင်း ရှေ့က လူငယ်အယ်လ်ဖာနှစ်ယောက်ရဲ့ ဖိအားက ဘယ်လောက်ပြင်းလဲဆိုတာ သိနိုင်ပါသည်။
ဒါပေမယ့် ဒီအယ်လ်ဖာကောင်လေးနှစ်ယောက်က အဖိုးထန်းမိသားစုရဲ့ ဂေါ်ဖီခင်းကို ချောင်းနေတဲ့ ဝက်တွေ ဖြစ်နိုင်တယ်လို့ တွေးမိတော့ သူကမကြိုက်တော့ဘဲ အကာအရံတွေနဲ့ ဖုံးပဲထားချင်ဝောာ့သည်။
[အား အား အား အား အား အား အား အား]
[နှစ်ယောက်လုံးကငါ့အစာလေးတွေပဲ..ပစိဖိတ်သမုဒ္ဒရာက သူတို့အတွက် ငါကျတဲ့သွားရည်တွေပဲ]
[ညာဘက်က တစ်ယောက်က ရုပ်ချောတယ်၊ ဒါပေမယ့် နည်းနည်းဆိုးမယ့်ပုံ သဝန်တိုတဲ့အခါ မြေအောက်ခန်းထဲမှာပိတ်ထားတဲ့ ခပ်ဆိုးဆိုးကောင်လေးမျိုးပဲ (သားရည်များကျဆင်းနေသော.jpg) ]
[ညာဘက်က အယ်လ်ဖာခေါင်းဆောင်ရဲ့ လိပ်စာကို ပြောပြကြပါ.. ဒီည ရေပိုက်ကနေတက်ပြီး ငါအချိန်အကြာကြီး တန်ဖိုးထားခဲ့တဲ့ ဂုံနီအိတ်တွေနဲ့ သူ့ကို ခိုးမယ်!]
[ငါ့ကလေးက ပျံထွက်သွားပြီး ညာဘက်ခေါင်းဆောင်ကို အဖေလို့ ခေါ်လိုက်တယ်]
[ညာဘက်က အယ်လ်ဖာခေါင်းဆောင်ကရှဲ့ရူဟန်လို့ ခေါ်တယ်..S အဆင့်ကိုမှ နှစ်ထပ်ကွမ်းအယ်လ်ဖာတဲ့..ဖက်ဒရယ်စစ်ဘက်အကယ်ဒမီရဲ့ ဝင်ခွင့်ကာယစစ်ဆေးမှု သမိုင်းမှာ အမြင့်ဆုံးရမှတ်ကိုရခဲ့တာ..တစ်ကိုယ်တော်သမားလေးတွေရေ ဇာတ်လမ်းစနိုင်တယ်နော်!!!]
အဖိုးထန်းရဲ့ မျက်နှာက လက်ကိုင်ဖုန်းကို ကြည့်နေတဲ့ မြေအောက်ရထားမောင်းတဲ့ အဖိုးကြီးရုပ်လိုပဲဖြစ်နေလေသည်။ ဘယ်လိုတွေတောင်...ဘာတွေလဲ
ရှဲ့ရူဟန်က စစ်ကြောင်းရဲ့ ရှေ့ဆုံးကနေလျှောက်လာသည့်အတွက် ဌာနတစ်ခုစီရဲ့ စစ်ကြောင်းတွေနဲ့ စင်ပေါ်က ခေါင်းဆောင်တွေ၊ တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူ ထောင်သောင်းချီ မျက်လုံးပေါင်းများစွာမှာ သူ့အပေါ်၌ကျရောက်နေလေသည်။...
အရမ်းတောက်ပတဲ့ နေရောင်က သူ့အပေါ် ကျရောက်နေတာကြောင့် မျက်လုံးများကိုပင် ဖွင့်လို့မရတော့ပေ။
သူကဒီလိုအချိန်တွေကို အသားမကျသေးဘူးလို့ထင်မိ၏။ ဘာလို့လဲဆိုတော့ သူ့ဘဝမှာ ဒီလိုမျိုး... ဒီလိုမျိုးကို မကြုံတွေ့ခဲ့ဖူးလို့ပဲဖြစ်သည်။
ဘယ်လိုပြောပြရမလဲ
နေရောင်ကမျက်စိအရမ်းစူးလို့များလား
သူရဲ့ငယ်ဘဝတုန်းက ရေမြောင်းထဲက အနံ့ဆိုးထွက်နေတဲ့ ကြွက်တွေလိုဘဝကိုပဲ အသားကျနေခဲ့ပြီးနောက် မြေအောက်ကစားကွင်းထဲက ရက်စက်လှတဲ့တောက်ပမှုနဲ့ အလှတရားကို အသားကျနေခဲ့သေးတယ်... ဒါပေမယ့် အခုလိုနေရောင်အောက်မှာ ရပ်နေရတဲ့ ဘဝကိုကျအသားမကျပေ။
နေရောင်က အရမ်းစူးနေလို့လား..သူ့ကို ကြည့်နေတဲ့ အကြည့်တွေက အရမ်းတပ်မက်နေလို့လား မသိပေမယ့်..သူ့ကိုယ်ပေါ်တွင် မှန်ဘီလူးပေါင်းများစွာ တင်ထားသလို ခံစားရပြီး ရှဲ့ရူဟန်က အနည်းငယ် မသက်မသာ ဖြစ်နေမိသည်။
-အမှိုက်ပုံထဲက စားကြွင်းစားကျန်တွေကို စားခဲ့ရတဲ့ ကြွက်တွေက ဖက်ဒရယ်စစ်ဘက်လေ့ကျင့်ရေး စားသောက်ဆိုင်ထဲက လေ့ကျင့်ရေး အစားအစာကို မုန်းတီးမှာ မဟုတ်ဘူး...
-သားရဲကသားရဲပဲ.. လူသားအရေပြားနဲ့ အဝတ်အစားအသစ်တွေ ဝတ်ဆင်ထားရင်တောင် ညစ်ပတ်ပြီး နိမ့်ကျတဲ့ သွေးတွေကိုပဲဖြစ်လာစေလိမ့်မယ်..
-ဆင်းရဲသားရပ်ကွက်တွေထဲမှာ လူးလိမ့်နေတဲ့ ပိုးကောင်တွေက စားပွဲပေါ်ကို ရောက်လာမှာ မဟုတ်ဘူး..ငါက ကြည့်ရုံနဲ့ ဘယ်သူက အောက်တန်းစားလဲဆိုတာ ပြောနိုင်တယ်...
သူဂရုမစိုက်ဘူးလို့ ထင်ခဲ့တဲ့သူတွေ၊ သူ့စိတ်ထဲမှာ မထားခဲ့တဲ့ စကားတွေက လွှမ်းမိုးလာပြီး တတွတ်တွတ်နဲ့ ဆူညံသံတွေက သူ့နှလုံးသားကို စိတ်တိုပြီးရန်လိုစေလာ၏။
ဝိုး~~
ဌာနအသီးသီးရဲ့ စစ်ကြောင်းတွေက အာမေဋိတ်သံတွေ တရစပ်ထွက်လာကြသည်။ အထူးအဖွဲ့တစ်ဖွဲ့က ကစားကွင်းရဲ့ ဝင်ပေါက်ထဲကို လျှောက်လာကြပြီး အဖြူရောင် ယူနီဖောင်းတွေကို ဝတ်ဆင်ထားကြသည်။အဖြူရောင်က အိုမီဂါရဲ့ နူးညံ့ပြီးသွယ်လျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းများကို ဖော်ပြနေသည်။သို့ရာသူတို့က လက်ထဲမှာ နှင်းဆီနီပန်းစည်းတွေကို ကိုင်ထားကြသည့်အတွက် အနီရောင်နဲ့ အဖြူရောင်တို့မှ ဆန့်ကျင်ဘက်အရောင်များကထင်ရှားစွာပေါင်းစပ်နေသည်။
အိုမီဂါလေးတွေရဲ့ ခေါင်းဆောင်မှာ နှုတ်ခမ်းရဲရဲတွေနဲ့ သွားဖြူဖြူလေးတွေရှိပြီး သူ့ရဲ့ စိတ်နေသဘောထားက ကမ္ဘာကြီးအကြောင်း ဘာမှမသိတဲ့အထိ ကြည်လင်သည်။ နေရောင်ကတိမ်စိုင်တွေကြားကနေ ဖြတ်သန်းကာ ကောင်လေးရဲ့ ခန္ဓာကိုယ်ကို ဖြာကျနေခြင်းကြောင့် သူကအလင်းကိုယ်ထည်တစ်ခုလို တောက်ပနေလေသည်။
နှင်းဆီပွင့်တွေပြည့်နေတဲ့ ပန်းခြင်းကို ကိုင်ထားပြီး သူက ချီတက်လာနေတဲ့ မက်ချာစစ်ကြောင်းအဖွဲ့ကို ပန်းပွင့်လေးတစ်ပွင့်လို ပြုံးပြလိုက်ပြီးတော့ နှင်းဆီပွင့်တစ်ဆုပ်ကို ဆုပ်ကိုင်ပြီး လေထဲကို ပစ်တင်လိုက်သည်။
ပြင်းပြင်းပြပြရှိလှသည့်အရောင်က အလွန်လတ်ဆတ်လှသည့်အသံကို ဖုံးကွယ်လို့မရနိုင်။ပန်းရနံ့များက လေထဲမှာ ပြည့်နှက်နေပြီး ပွင့်ဖတ်မိုးအောက်မှာ ထန်းပိုင်ရဲ့ မျက်ခုံးတွေက ရှဲ့ရူဟန်ကို ကြည့်မိတဲ့အခိုက်အတန့်မှာ ကွေးတက်သွားလေသည်။ သူတို့မျက်လုံးချင်းဆုံမိတဲ့အခါ ရှဲ့ရူဟန်က ထန်းပိုင်ရဲ့ပယင်းရောင်မျက်လုံးတွေထဲမှာ နူးညံ့တဲ့ ခံစားချက်တွေ၊ တောက်ပနေတဲ့ အလင်းရောင်တွေကိုမြင်လိုက်ရသည်။
ဒါက တကယ်ကို အံ့သြစရာကောင်းတယ်... ထန်းပိုင်ရဲ့ အကြည့်ကို မြင်တိုင်း သူ့နှလုံးသားက ချိုမြိန်တဲ့ သကြားရည်ထဲမှာ စိမ်ထားသလို ခံစားရတယ်... ဘယ်လောက်ပဲနားမလည်နိုင်တဲ့ ဒေါသတွေ ရှိနေပါစေ ငြိမ်းသတ်သွားလိမ့်မယ်...
ရှဲ့ရူဟန်က ထန်းပိုင်ကို ကြည့်လိုက်ချိန်မှာ သူ့ရဲ့ ဖီးနစ်မျက်လုံးတွေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ နူးညံ့သွားရသည်။
ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ချက်တွေက ရူးသွပ်နေတယ်:
[မဟုတ်ဘူး၊ ဆရာ၊ ဒီလောက် ချစ်ဖို့ကောင်းတဲ့သူတွေ ရှိသေးတယ်လား (ငိုယိုနေသည်အီမိုဂျီ) ]
[ဒီအိုမီဂါက ဘယ်သူလဲ အရမ်းလှတာပဲ!]
[နှင်းဆီမိုးနဲ့ပန်းလမ်းကို အတူလျှောက်ကြမယ် ငါလာနေပြီ!!! [မငိုဘူး][မငိုဘူး][မငိုဘူး]]
[အားဟားဟားဟားဟားဟားဟားဟား မင်းတို့ သတိထားမိကြလား! ငါက အစပ်မုန့်တစ်ထုပ်လောင်းရဲတယ်..အဲ့အယ်လ်ဖာနှစ်ယောက်လုံးက အဲ့ဒီအိုမီဂါကို ကြိုက်နေကြတယ်!!!]
[ဒါက အမှန်ပဲ! အဲဒီအိုမီဂါ ထွက်လာတာနဲ့! ခေါင်းဆောင်နှစ်ယောက်ရဲ့ မျက်လုံးတွေက မတူတော့ဘူးကွ!]
[တကယ်တော့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ရဲ့ မျက်လုံးတွေမှာမတူဝောာ့တာထက်ကို ပိုတယ်..နောက်က အယ်လ်ဖာအုပ်စုရဲ့ မျက်လုံးတွေကလည်း သူ့ဆီ တည့်တည့်ပဲကြည့်နေကြတယ်]
ထန်းပိုင်က ခေါင်းမော့ပြီး အားပေးသူတွေရဲ့ သီးသန့်နေရာထဲကို လျှောက်သွားလိုက်သည်။ ပရိသတ်ထဲက အယ်လ်ဖာအများအပြားက သူ့ကို တိတ်တဆိတ် ကြည့်နေကြသော်လည်း သူက ရှက်ရွံ့မှုကို မပြရုံသာမက ကြောင်အနေကြတဲ့ အုပ်စုကို ပွင့်ပွင့်လင်းလင်းပင် ပြုံးပြလိုက်သည်။
ဒါကယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးပဲ။ ပယင်းရောင်မျက်လုံးတွေက ကြည်လင်ပြတ်သားပြီး ပါးချိုင့်လေးနှစ်ခုက မူးယစ်စေနိုင်သည်။ခန္ဓာကိုယ်တစ်ခုလုံးက ဆွဲဆောင်မှုတွေကို ဖြာထွက်နေပုံရှိသည်။ ငါ့ရဲ့ အလှတရားကို ချီးမွမ်းဖို့ မင်းတို့ကို ကြိုဆိုပါတယ်လို့ တိတ်တဆိတ် ပြောနေသလိုပဲ။
သူ့နောက်က လှပပေမယ့် အားနည်းတဲ့ အိုမီဂါများနဲ့ နှိုင်းယှဉ်ရင် ထန်းပိုင်ရဲ့ မျက်လုံးတွေက လူတွေ မျက်စိလွှဲလို့မရအောင် တောက်ပနေလေသည်။
သာမန် အိုမီဂါတွေက အလှဆင်ဖို့မရဲကြသလို အတိုအပြတ်ဝတ်စားဖို့ မရဲကြတဲ့အပြင် အရမ်းတောက်ပတဲ့ အဝတ်အစားတွေ ဝတ်ဖို့ မရဲကြပေ ။အကြောင်းကတော့ ဒါတွေက ကံဆိုးမှုတွေကိုဖြစ်စေနိုင်လို့ပဲဖြစ်သည်။မျိုးရိုးမြင့်တဲ့ အိုမီဂါတွေက အလွန်အမင်း ထိန်းသိမ်းခံထားရကာသူတို့က တခြားသူတွေဆီမှရွေးချယ်ဖို့ စောင့်နေရတဲ့ ရွှေရောင်ပန်းလေးတွေနဲ့ပင်တူပေတော့သည်။
အိုမီဂါတွေကို ထိန်းချုပ်ထားတဲ့ ဒီခေတ်မှာ သူ့ရဲ့ ဆွဲဆောင်မှုကို ရက်ရောစွာနဲ့ ပြီးတော့ယုံကြည်မှုရှိရှိသက်တောင့်သက်သာနဲ့ ထုတ်ဖော်ပြသတဲ့ အိုမီဂါကို တွေ့ရတာ ရှားပါးသည်။
“အင်ဂျင်နီယာဌာနက သွားရည်ကျတော့မယ့် ကောင်လေးရေ မင်းကြည့်ချင်ရင် လွတ်လွတ်လပ်လပ်ငမ်းလိုက်ပါ..အိုမီဂါလေးလို ရှုံ့တွပြမနေနဲ့..”
ကျောင်းအုပ်ကြီးက စင်မြင့်ပေါ်မှာ မိုက်ခရိုဖုန်းနဲ့ ပြောလိုက်ပြီး
"ဟုတ်တယ်..မင်းကိုပြောတာလေရှက်နေတာလား?"
စင်အောက်က ဌာနအသီးသီးရဲ့ စစ်ကြောင်းတွေမှရယ်သံတွေ ထွက်လာကြပြီး သူတို့က အရှုံးမပေးဘဲ စင်ပေါ်ကအိုမီဂါလေးကို ကြည့်ဖို့လာကြပုံက ဆာလောင်နေတဲ့ မျက်လုံးစိမ်း ဝံပုလွေအုပ်စုတစ်စုလိုပင်ဖြစ်သည်။
အိုမီဂါအများအပြားက အဖွဲ့ခေါင်းဆောင်နောက်မှာ ရှက်ရွံ့စွာ ပုန်းနေကြသည်။ အယ်လ်ဖာအများအပြားကို ကြည့်ဖို့ ကြောက်နေကြပြီး အလှဆုံး အိုမီဂါလေးကလည်း စင်အောက်က အယ်လ်ဖာဆီကို မသွားဘဲ သူက သူ့ခါးပေါ်ကစိန်စီထားတဲ့ စပီကာကို ဖြုတ်ပြီး ချိုသာစွာ အော်လိုက်သည်
"အိုမီဂါလေးတစ်ယောက်လို ရှုံ့တွနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. ကျောင်းအုပ်ကြီးရေ ကျွန်တော်က ရှုံ့တွနေတယ်လို့ ထင်နေတာလား"
နှစ်ပေါင်းများစွာ ဘယ်သူနဲ့မှ မျက်နှာချင်းဆိုင် မတိုက်ခိုက်ဖူးတဲ့ ကျောင်းအုပ်ကြီး: ....
သူက ရုတ်တရက်ဘာလုပ်ရမှန်းမသိဘဲ ထန်းမိသားစုရဲ့အိုမီဂါလေးကို ကြည့်ပြီး မျက်လုံးပြူးပြီး ရယ်လိုက်မိသည်။
"မဟုတ်ပါဘူး..မင်းက လုံးဝရှုံ့တွမနေပါဘူး..ငါ့ရဲ့ စကားလုံးတွေကို မသင့်လျော်စွာ သုံးမိလိုက်တာပါ..ဒီနေရာမှာ ကျောင်းသားလေးထန်းပိုင်ကို တောင်းပန်တယ်"
တောင်းပန်ခြင်းပြီးနောက် ကျောင်းအုပ်ကြီးရဲ့ အမူအရာက လေးနက်လာသည်။ သူက ပရိသတ်ထဲက မကျေနပ်ပုံရတဲ့ အယ်လ်ဖာအများအပြားကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်
"ငါတို့ရဲ့ ကျောင်းသားတစ်ယောက်က အိုမီဂါကို စော်ကားခဲ့ပြီး မကောင်းတဲ့စရိုက်ကို ပြခဲ့ပါတယ်..ဒါပေမယ့် သူက သူ့အမှားကို သိရှိသွားလို့.. ဒီနေ့ပဲအများပြည်သူရှေ့မှာ ပြန်လည်သုံးသပ်ပြီး တောင်းပန်ဖို့ ဆန္ဒရှိပါတယ်တဲ့..ကျောင်းသား ချင်းကျွင်..မင်း အခု တက်လာနိုင်ပါပြီ"
အသံအဆုံးမှာ ပရိသတ်က အုံကြွသွားလေသည်။
စစ်ရေးလေ့ကျင့်မှုရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လေ့ကျင့်ရေးနဲ့ မသက်ဆိုင်တဲ့ ဘာကိုမှ ဘယ်သူကမှ မပြောဖူးပေ။ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ကျောင်းထဲက ဆရာတွေနဲ့ ကျောင်းသားတွေအတွက်ပဲ ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတိုင်း လူအများအပြား စုဝေးနေမြဲရှိသည်။
ဒီလို တရားဝင်အခမ်းအနားမှာ ချင်းကျွင်လို့ခေါ်တဲ့အယ်လ်ဖာက တောင်းပန်ဖို့ စင်ပေါ်တက်လာခဲ့ရတာက ချင်းကျွင်က ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့အကြီးအကဲတွေရဲ့ နှလုံးသားထဲမှာ စက်ဆုပ်ရွံရှာဖွယ်ခံစားချက်တစ်ခုကိုလုပ်ထားခဲ့လောက်တယ်လို့ ဆိုလိုသည်။ဒါက အရှက်ကွဲမှာလားဒါမှမဟုတ် အရှက်ခွဲမှာလားဆိုတာမေးစရာမလိုပေ။
အယ်လ်ဖာ၏ တောင်းပန်မှုကိုအံ့သြသွားတဲ့ တခြားဌာနတွေနဲ့မတူဘဲ မက်ချာဌာနကတော့ ချင်းကျွင်က တောင်းပန်ဖို့လာသည့်အတွက်ကို အံ့သြသွားလေသည်။
"ချင်းကျွင် ငါထင်ထားတဲ့ ချင်းကျွင်လား! မဖြစ်နိုင်ဘူးမလား"
"ဒါပေမယ့် ချင်းကျွင်က စစ်ကြောင်းထဲမှာ ရှိပုံမရဘူး"
"ချင်းကျွင်က တောင်းပန်တယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလည်းဆိုတာတောင်သိလို့လား... သူက ကျောင်းရဲ့ ပထမဆုံးနေ့မှာ ရှောင်ချီကို ရိုက်နှက်ပြီး ဘယ်တော့မှ မတောင်းပန်ခဲ့ဘူး! နောက်ဆုံးမှာ ရှောင်ချီက သူ့ဘာသာသူ ကျောင်းထွက်သွားတာ!"
"ချင်းကျွင်က ကျောင်းမှာသူများမျက်ခုံးပေါ်တောင် စင်္ကြန်လျှောက်နိုင်တဲ့သူမဟုတ်လား.. နာမည်နဲ့ မျိုးရိုးတူတဲ့ တခြားအယ်လ်ဖာတစ်ယောက် ပဲဖြစ်မယ်"
"ပထမနှစ်မှာ ချင်းကျွင်နဲ့ နာမည်နဲ့ မျိုးရိုးတူတဲ့သူ မရှိဘူး"
လူအုပ်က ငြင်းခုံနေတဲ့အခါ ရှဲ့ရူဟန်က ခေါင်းမော့ပြီး စင်ပေါ်က ထန်းပိုင်ကို ကြည့်လိုက်သည်။
ထန်းပိုင်က လက်ရန်းပေါ်ကိုမှီပြီး လက်တစ်ဖက်က သူ့မေးစေ့ကို ထောက်ထားကာ ပြပွဲတစ်ခုကို ကြည့်ချင်တဲ့ အမူအရာနဲ့ ရှိနေသည်။ သူကရှဲ့ရူဟန်ရဲ့ အကြည့်ကို သတိထားမိပုံရပြီး ရှဲ့ရူဟန်ကို ပြန်ကြည့်လိုက်သည်။
သူတို့မျက်လုံးချင်းဆုံတဲ့အခါ ပယင်းရောင်မျက်လုံးများက တောက်ပလာပြီး နေရောင်နှင့်အတူ တောက်ပသည့်ခံစားချက်တို့ ရှိ
နေသည်။သူက ကျေးဇူးတင်မှုရချင်သယောင် စနောက်လိုက်သလိုနဲ့ မျက်စိမှိတ်ပြလိုက်သည့်အတွက် သူ့မျက်ခုံးကြားမှာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ မာနထောင်လွှားမှုမျိုးပေါ်လာလေသည်။
______
There is No Eng Version