no

Note- MTLကနေပြန်တာမို့ တချို့နေရာတွေ စာချောအောင် အဆင်ပြေသလိုပြန်ရတာမို့ အတိအကျကြီးမတူနိုင်ပါဘူး❤️



____________________________________



သူက မင်းနောက်မှာ ထိုင်နေတာလေ.. 


မင်းနောက်မှာထိုင်နေတာ.. 


မင်းနောက်မှာထိုင်နေ.. 


မင်းနောက်မှာ.. 


မင်းနောက်မှာ.. 


နောက်မှာ.. 


မျက်နှာ.. 


ထိုစကားများသည် ထန်းပိုင်၏စိတ်ထဲတွင် အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်နေသောပွစိပွစိစကားသံများနှင့်တူနေပြီး အရှေ့နှင့်အနောက်ကို မခွဲခြားနိုင်လောက်အောင် မူးဝေသွားကာ သူ့နောက်မှလူကို အံ့အားသင့်စွာဖြင့်သာ လှည့်ကြည့်လိုက်နိုင်တော့သည်။ 


အဲ့ဒါက အနက်ရောင် စစ်သင်တန်းကျောင်းဝတ်စုံကို ၀တ်ဆင်ထားသော အယ်လ်ဖာအိုမီဂါ ခွဲခြားမရနိုင်သော အလှတရားရှိသည့် လူငယ်လေးဖြစ်ပြီး သူက ကောင်းမွန်စွာ ထိုင်မနေပဲ ခြေထောက်များကိုချိတ်ရင်း ပျင်းရိနေသည့် ကိုယ်ဟန်အနေအထားမျိုး ဖြစ်နေလေသည်။ 


သူသည် ဆွဲဆောင်မှုရှိသည့် အေးစက်သော မျက်နှာထား၊ ဆံပင်များမှာလည်း အသူရာချောက်နက်လိုမျိုး နက်မှောင်နေကာ၊ သွေးမရှိသောအသားအရေကဲ့သို့ ဖြူပြီးဖျော့တော့နေသည့်အသားအရေ၊ စူးပြီး ထက်ရှလှတဲ့ မျဉ်းဖြောင့်ပုံစံ ပေါ်လွင်နေသော မျက်ခုံးမွှေးများ၊ မျက်လုံး၏ ဘေးဘက်တွင်လည်း မျက်ရည်ခံမှဲ့တစ်ခု ရှိနေပြီး ထိုအချိန်တွင် သူ့ကို စိတ်ဘဝင်မကျသလိုမျိုး ကြည့်နေတာဖြစ်သည်။ 


မျက်လုံးလေးလုံး အကြည့်ချင်း ဆုံမိခိုက် ထိုထူထဲသော ဓားသဖွယ်မျက်ခုံးများက အနည်းငယ်မြင့်လာကာ ရန်လိုနေပြီး ထန်းပိုင်သည် ပျင်းရိသောခြင်္သေ့တစ်ကောင်ကို မြင်နေရသကဲ့သို့ စူးရှထက်မြက်သော ဖီးနစ်မျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။ 


နက်မှောင်သောဆံပင်၊ နက်မှောင်သောမျက်လုံးများ၊ မျက်ရည်ခံမှည့်၊ ရှည်လျားသောမျက်ခုံးရိုးများ၊ မြင့်တတ်နေသော မျက်ခုံး‌တစ်စုံ၊ ကြီးမြတ်သောအလှတရားများ...ထိုလက္ခဏာများအားလုံးသည် စာအုပ်၏ဖော်ပြချက်နှင့်ကိုက်ညီနေသည်။ 


မဟုတ်သေးဘူး၊ အဲ့ဒါက စာအုပ်ပါဖော်ပြချက်ထက်ကို အများကြီး ပိုလှပသည်။ဒီအလှက ရန်ပြုနိုင်ပြီး အရိုင်းဆန်သည် ၊ မာနကြီးပြီး မထီမဲ့မြင်ပြု၍ မရနိုင်သည့်ပုံပင်။ 

ဒီစကားလုံးလေးတွေနဲ့ ထိုမြင့်မြတ်လှသောအလှကို ဖော်ပြဖို့တောင်မလုံလောက်ပေ။ 


ဒါက နာကျင်ခံစားခဲ့ရတဲ့ အဓိကဇာတ်လိုက် ရှဲ့ရူဟန် တဲ့လား? 


သို့သော် ရှဲ့ရူဟန်သည် စိတ်ကူးယဉ်ဇာတ်ကောင်မဟုတ်သောကြောင့် လက်တွေ့မှာဆိုရင်ကော  သူက ဘယ်လိုပေါ်လာနိုင်မှာလဲ? 


ထန်းပိုင်သည် စာအုပ်အဆုံးတွင် ပြင်းထန်သောရောဂါဖြင့် သေဆုံးသွားသော ရှဲ့ရူဟန်နှင့် သူ့ရှေ့တွင် ကွက်ကွက်ကွင်းကွင်းရှိနေသောသူကို ချိတ်ဆက်နိုင်ခြင်း မရှိပေ။ 


စာအုပ်ထဲက ရှဲ့ရူဟန်ဟာ သူ့ဘဝရဲ့ အဆုံးမှာ ကုသမှုမခံယူနိုင်ခဲ့ဘဲ ဖုံးကွယ်ပြီးသုံးထားခဲ့တဲ့ ဆေးကြောင့် သူ့အစာအိမ် ပျက်စီးတာကို နောက်ပြန်မဆုတ်နိုင်တော့သလို တခြားသူတွေရှေ့မှာလည်း သူ့ရဲ့အားနည်းချက်ကို မပြချင်ခဲ့ပေ။ 


ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းလာသူ ရှဲ့ရူဟန်သည် တောတွင်းဥပဒေကို ယုံကြည်မှုရှိသည်။ 


စာအုပ်၏အဆုံးတွင် ရှဲ့ရူဟန်သည် သဲကန္တာရတစ်ခုကိုတွေ့ရှိခဲ့ပြီး သူ၏လက်ဖဝါးတွင် သတ္တုအပိုင်းအစတစ်ခုကို ကိုင်ဆောင်ကာ ကြယ်များပြည့်နှက်နေသောညကောင်းကင်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။  လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်လို့ ကြားခဲ့ဖူးပြီး၊ သူသေပြီးသွားရင် ဖြစ်လာမယ့်ကြယ်ဟာလည်း သူ့ဘဝက သမားရိုးကျမဖြစ်ကာ  သာမာန်နဲ့ ကွဲထွက်နေပြီး မဖြစ်နိုင်တာတွေမလုပ်နိုင်တာတွေနဲ့ပဲ ပိတ်မိနေခဲ့သလိုမျိုး ...ထိုကြယ်ဟာ သေးငယ်ပြီး ခပ်ဝေးဝေးမှာရှိကာ တိမ်မည်းတွေကြားထဲမှာပဲ ပိတ်မိနေသင့်တယ်လို့ ရှဲ့ရူဟန်က ထင်ခဲ့သည်။ 


ထိုအတွေးဖြင့် နက်မှောင်သော ဖီးနစ်မျက်လုံးများသည် နောက်ဆုံးတွင် သူတို့ရဲ့ နောက်ဆုံးတောက်ပမှုကို ဆုံးရှုံးသွားခဲ့ပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ရင်ဆိုင်ရင်း မိုးသောက်ယံကို ထာဝရစာအတွက် ချန်ရစ်ခဲ့တော့သည်။ 


ဝတ္ထု၏အဆုံးသတ်မှာ နစ်မြုပ်နေဆဲဖြစ်သော ထန်းပိုင်သည် ရှဲ့ရှုဟန်ကို မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ့မျက်နှာမှာ မျက်ရည်စများ စီးကျနေဆဲဖြစ်ပြီး နှာသီးဖျားနှင့် မျက်လုံးများမှာလည်း ငိုရလွန်း၍ နီရဲနေလေသည်။ 


ကြည့်ရတာ အရမ်းချစ်စရာကောင်းတယ်... 


ရှဲ့ရူဟန်၏ မျက်ဆံများသည် ပိုပြီးကျယ်လာခဲ့၏။ 

ထန်းပိုင်မှာ ရှဲ့ရူဟန်၏ မူမမှန်မှုကို သတိပြုမိသွားခဲ့သည်။  "သင့်ရဲ့လက်တွဲဖော်ရဲ့စိတ်ကို ဖတ်နည်း" သင်တန်းမှာ ဆရာမက လူတွေက သူတို့စိတ်ဝင်စားတဲ့အရာ ဒါမှမဟုတ် လိုချင်တပ်မက်တဲ့သူတစ်ယောက်နဲ့ တွေ့တဲ့အခါ နိုးကြားတက်ကြွတဲ့အခြေအနေမှာ ရှိနေတယ်ဆိုရင် ဒီလိုမျိုးသူတို့ရဲ့ မျက်ဆံတွေက ဆက်ပြီးကျယ်လာလိမ့်မယ်လို့  ပြောခဲ့ဖူးသည်။ 


ဒါဆို ရှဲ့ရူဟန်က သူ့ကို စိုက်ကြည့်နေတာပေါ့...... သူ့ရဲ့အနောက်က ကုထူနန်ကိုလေ... 


ထန်းပိုင်က ဘေးဘက်သို့ အနည်းငယ်ဂရုတစိုက် ခြေလှမ်းလှမ်းကြည့်လိုက်ရာ နက်မှောင်ပြီး နက်နဲသော ဖီးနစ်မျက်လုံးများက ချက်ချင်းလှည့်လာကာ အကြည့်များက သူ့နောက်သို့ လိုက်လာကြ၏။ 


ထန်းပိုင်မှာ ကြောင်အပြီး စိတ်ရှုပ်ထွေးသွားရကာ သူ့ရဲ့ဘာက ရှဲ့ရူဟန်၏အာရုံကို စွဲဆောင်စေနိုင်နေတာလဲဆိုတာကို သိချင်လာမိသည်။ 


အမှန်တော့၊ သူသည် အကောင်းဆုံး၊ ပြီးပြည့်စုံပြီး အစွမ်းထက်ဆုံးသော ရှဲ့ရူဟန်နှင့် နှိုင်းယှဉ်ဖို့ရာ မဖြစ်နိုင်သော သေးနုတ်သော အိုမီဂါလေးတစ်ယောက်သာဖြစ်သည်။ 


အဲ့ဒါက ဖြစ်နိုင်နေမလား........ 

ပထမဆုံးအကြိမ်‌တွေ့ဆုံချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်အားထက်သန်မှုများလား... ရုတ်တရပ်အမြင်ရသွားသလိုမျိုး ထန်းပိုင်နားလည်သွားရ၏။ 


ဒါဟာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပဲ  ဖြစ်ရမယ်! ဖြစ်ကိုဖြစ်ရမယ်! ရှဲ့ရူဟန် သူ့အပေါ် ခံစားသွားရပုံက သူ ရှဲ့ရူဟန်အပေါ် ခံစားမိတာလိုမျိုးဖြစ်ပြီး ဒါက တနည်းအားဖြင့် ဆင်တူနေသည် ။ 


ဒါက လှပတဲ့ အိုမီဂါတွေအချင်းချင်းကြားက ကိုယ်ချင်းစာတရားပဲ မဟုတ်လား။ 


ထန်းပိုင်သည် အများအားဖြင့် သနားစရာကောင်းပြီး လှပသော အိုမီဂါများကို သူတွေ့သောအခါတွင် ကြင်နာတတ်ပြီး အလွန်သနားတတ်သူဖြစ်သည်။ ပြီးတော့ ချောမောလှပသော အိုမီဂါများ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မှုရှိစေကြဖို့ကလည်း အရမ်းလွယ်ကူသည်လေ။ 


ထန်းပိုင်က အိုမီဂါများကို အာရုံစိုက်မှုပေးခြင်းနှင့် အိုမီဂါချင်း လိင်တူကြိုက်တာကိုလက်ခံပေးပေမယ့်  ကံမကောင်းစွာဖြင့် အိုမီဂါအရေအတွက်မှာ  နည်းပါးပြီး အများစုက လုံခြုံမှုအတွက် တစ်ယောက်တည်းနေကြရသည်။ 

အထက်တန်းလွှာမှ အိုမီဂါများက ပိုကောင်းကောင်းမွန်မွန်နေနိုင်သော်လည်း အထူးသဖြင့် ညအချိန်တွင် အိုမီဂါများ မကြာခဏ ပျောက်ဆုံးမှုများမှာ အရပ်သား အိုမီဂါများကြားတွင် ဖြစ်လေ့ရှိပြီး ပျောက်ဆုံးမှုများကလည်း  ရံဖန်ရံခါ ဖြစ်လာနေ၏။ 


ထန်းပိုင်က စာအုပ်၏ ဇာတ်ကွက်မှ ရှဲ့ရှုဟန်၏ပြောကြားချက်တွေကို မှတ်မိသည်။အိုမီဂါ မျိုးပွားပိုင်ခွင့်နှင့် အသက်မွေးဝမ်းကြောင်းရွေးချယ်ခွင့်များက ထိန်းချုပ်ခံထားရဆဲ ဖြစ်ပေမယ့် အိုမီဂါ‌တွေရဲ့ အခွင့်အရေးများစွာနှင့်အကျိုးစီးပွားများစွာကို ဥပဒေအရ အကာအကွယ်ပေးထားပြီး ထိုအချိန်တွင်တော့ အိုမီဂါများသည် ကိုယ့်ကိုကိုယ် လုံခြုံရန်အတွက် စိတ်မပူရတော့ဘဲ ညဘက် လမ်းများပေါ်တွင် လျှောက်သွားနိုင်နေခဲ့သည်။ 


ရှဲ့ရူဟန်ဟာ စာအုပ်ထဲက အိုမီဂါဖြစ်တယ်ဆိုရင် ..သဘောက....... စာအုပ်ထဲက အနာဂါတ်ကို တစ်ယောက်ပြီးတစ်ယောက် နားလည်လာလိမ့်မယ်လို့ ဆိုလိုတာလား?။ 


ထန်းပိုင်၏မျက်လုံးများသည် အတွေးထဲတွင် နစ်မြုပ်နေပြီး သူမမြင်ဖူးသော မြင်ကွင်းများ၊ သူတစ်သက်လုံး မဆုံနိုင်တော့ဘူးဟု ထင်ထားသည့် လူတစ်ယောက်သည် အမှန်တကယ်ပင် မြင်နေရှိနေသည့် အကွာအဝေးတွင် ရှိနေတာမို့ မျက်ရည်များ မကျစေရန် သူက ပြင်းပြင်းထန်ထန် လေကို ရှူရှိုက်လိုက်သည်။ 


ရှဲ့ရူဟန် : "......?" 


သူက ဒီအိုမီဂါကို ခဏလောက် စိုက်ကြည့်‌မိနေပေမယ့် ဒီအိုမီဂါ‌လေးရဲ့ မျက်နှာက ရုတ်တရပ် ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့မိ...သူ့မျက်တောင်တွေကို အလှဆင်နေတဲ့ မျက်ရည်ပုလဲတွေနှင့်အတူ သူ့ပါးစပ်က  ငိုချင်ပေမယ့် ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည့် ပုံစံဖြစ်နေကာ အခြေအနေ ပိုဆိုးသွားခဲ့သည်။ 


ငိုချင်သော်လည်း မငိုမိစေရန် ထိန်းထားသည့် အိုမီဂါလေး ကို သူကြည့်ကာ သူ့နှလုံးသားထဲမှ သားရဲမှာ ရက်စက်ကြမ်းကြုတ်ကြမ်းတမ်းလာပြီး လှောင်အိမ်မှ ရုတ်တရက် လွတ်မြောက်ချင်လာပြီး ကြမ်းတမ်းလာခဲ့၏။ 


ဒီ.... ဒီအိုမီဂါ...... သူငိုနေတဲ့အချိန်မှာတောင်...... သူ့ကြည့်ရတာ သူစိတ်ကူးယဥ်ခဲ့ရတဲ့ သူ့ချစ်သူနဲ့တူတယ်...... 


ပုံမှန်ဆိုရင် အေးစက်သောအသွင်အပြင်နှင့် ရဲရင့်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသော အယ်လ်ဖာက ဒီလိုချစ်စဖွယ်ကောင်းတဲ့ အိုမီဂါလေးနဲ့မှ  လိုက်ဖက်တာ ... 


ဘာလို့ဆို အယ်လ်ဖာက ပိုအားကောင်းလေလေ...သူ့ရဲ့ အထိန်းအကွပ်မဲ့နေတဲ့ကာလမှာ(Rut) ပိုပြီးတော့ အထိမခံလေဖြစ်လေပဲ... ကလေးတစ်ယောက်လိုမျိုး သူ့ကို  လုံခြုံရေးအတွက် သီးသန့်ခွဲထားရတဲ့အချိန်မှာ  သက်တောင့်သက်သာရှိစေဖို့  အိုမီဂါရဲ့ လက်တွေကို ဆုပ်ကိုင်ထားရမှဖြစ်မှာ ။ 


ဆွဲဆောင်မှုရှိတဲ့ အိုမီဂါလေးတွေက နည်းနည်းများ ဂရုစိုက်မှုပေးလိုက်တာနဲ့ susceptibility (အထိန်းအကွပ်မဲ့)ကာလမှာ ရှိနေတဲ့ အယ်လ်ဖာသာဆိုရင် အဲ့ဒီအယ်လ်ဖာကို ရိုးရိုးလေးနဲ့ သတ်လိုက်သလိုပဲဟု ဖိုရမ်တွင် အယ်လ်ဖာတစ်ချို့က ပြောကြသည်။ 


သို့သော် ရှဲ့ရူဟန်က သူသည် ဆွဲဆောင်မှုရှိပြီး ရင့်ကျက်တဲ့ အိုမီဂါကို စိတ်မဝင်စားဘဲ ကြောင်ကလေး၊ ယုန်ငယ်လေး နှင့် ဆင်တူပြီး နူးညံ့သော အိုမီဂါမျိုးကိုသာ နှစ်သက်ကြောင်း သူ့ကိုယ်သူ အတည်ပြုနိုင်ခဲ့သည်။ 


susceptibilityကာလက ပိုခက်ခဲနေပါစေ၊ သူ့လက်ဖဝါးမှာ အိုမီဂါလေးကို ဆုပ်ကိုင်ထားပြီး နှစ်ကြိမ်လောက် နမ်းရှုံ့ပြီးရင်တော့ မကောင်းတဲ့ခံစားချက်တွေအားလုံးက လွင့်ပါးသွားလိမ့်မယ်!! 


ထန်းပိုင်သည် မျက်လုံးရဲရဲနှင့် သူ့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရတော့ ရှဲ့ရူဟန်၏ ပျင်းရိစွာ ထိုင်နေသော ကိုယ်ဟန်သည် မလှုပ်ရှားနိုင်ဘဲ တောင့်တောင့်ကြီးဖြစ်သွားပြီး ဒီအိုမီဂါက ဘာလုပ်ချင်လို့ ဒီကိုလာနေတာလဲ ဟု တိတ်တဆိတ် မှန်းဆလိုက်မိသည်။ 


အယ်လ်ဖာ‌တွေ၏ အာရုံစူးစိုက်မှုကောင်းမှုကြောင့် ထန်းပိုင်ကကုထူနန်ကို " ရှဲ့ရူဟန်ကို သိလား ?" လို့မေးတာကို သူကြားလိုက်နိုင်ခဲ့သည်။ 


ရှဲ့ရူဟန် ကျောင်းစတက်ချိန်တုန်းက သူ့ရဲ့ပုံတွေက တိတ်တဆိတ် ဓာတ်ပုံရိုက်ခံလိုက်ရပြီး  ထို လျို့ဝှက်ဓာတ်ပုံတွေ၊ သေးငယ်တဲ့ပုံတွေက အိုမီဂါကောလိပ်ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခုဖြစ်သွားခဲ့သေးသည် ဟု သူ၏အတန်းဖော် ချိုးယန် က သူ့ကို ပြောပြခဲ့ဖူးသည်။ 


အဲ့ဒီအဖြစ်အပျက်ကြောင့် ဒီအိုမီဂါက သူ့ကို မှတ်မိနေခဲ့တာလား? 


ရှဲ့ရူဟန်၏ ပြင်းပြပြီး စိတ်ဝင်တစား အကြည့်များအောက်တွင် ထန်းပိုင်သည် သူ၏ အရှိန်အဝါကို ခဏလောက်သာ ခံစားလိုက်ရသော်လည်း သူဟာ ရှဲ့ရူဟန်ရဲ့အကြည့်ကြောင့် ခပ်မာမာသကြားလုံးလေးမှ သကြားလုံးအပျော့လေးအဖြစ် အရည်ပျော်သွားသလိုမျိုး... တစ်ဖက်လူ၏ မျက်လုံးအကြည့်များသာ ပိုပြင်းထန်လာပါက သူသည် သကြားရည်အဖြစ်သို့တောင် ပြောင်းလဲသွားလောက်မည်ဟု ခံစားလိုက်ရသည်။ 


သူက ကူထူနန်ရဲ့ အယ်လ်ဖာအရှိန်အဝါကို မဆန့်ကျင်နိုင်တဲ့ပုံပဲနော်! 

ဒါပေမယ့် အိုမီဂါတွေရဲ့အလင်းရောင်နဲ့ဆိုရင် မဆိုးပါဘူးလေ.. 

နေပါဦး! ရှဲ့ရူဟန်က အိုမီဂါတွေရဲ့အလင်းရောင် လည်း ဖြစ်ချင်မှ ဖြစ်မှာလေ အမည်တူနေတာမျိုး တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်နေတာပဲလေ ။ 


ထန်းပိုင်သည် လက်တွေ့ဘဝတွင် ရှဲ့ရူဟန်အတွက် ဝမ်းသာမျက်ရည်ကျကာ ငိုနေသော်လည်း ဒီအရာအားလုံးသည် သူ့ဘက်မှ အထင်အမြင်လွဲမှားခြင်းမျှသာ ဖြစ်နေမည်ကိုလည်း သူစိုးရိမ်နေသေးသည်။  အများကြီးစဉ်းစားပြီးမှ ထန်းပိုင်က စမ်းသပ်မှုတစ်ခုကို အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ 


သူက သတိကြီးကြီးနဲ့ပြောကာ

"ဟဲလိုခင်ဗျား "Rat'' ကိုသိလား" လို့ မေးလိုက်လေသည်။ 


စာအုပ်ထဲထွင် ရှဲ့ရူဟန်၏ အလုပ်အကိုင်ကို မိတ်ဆက်ပေးထားသည်။  ဖက်ဒရယ်စစ်တပ်အကယ်ဒမီကို မဝင်ရောက်ခင် ရှဲ့ရှုဟန်ဟာ မြေအောက်ယှဥ်ပြိုင်မှုလောကတွင် ကျော်ကြားသည့် မက်ချာစီးနင်းသူတစ်ဦးဖြစ်ပြီး "Rat" ဆိုတာကတော့ မြေအောက်နယ်မြေမှာ ရှဲ့ရှုဟန်၏ ကုဒ်နာမည်ဖြစ်သည်။ 


စကားမဆုံးခင်မှာပင် အခြားတစ်ဖက်ခြမ်းက လူရဲ့ ဖီးနစ်မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့ကိုစူးစမ်းတဲ့ အကြည့်တွေဖြင့် ကြည့်လာလေသည်။


ရှဲ့ရူဟန်၏မျက်ခုံးရိုးမှာ မတ်စောက်တဲ့ပုံသဏ္ဍာန် မျက်ခုံးမျိုးဖြစ်ပြီး အခုတော့ သူ့ရှိရင်းစွဲ  မျက်ခုံးထက်  ပို၍ပင် မြင့်တက်ကာ အေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သောအခါတွင်တော့ လူတွေကို အကြောင်းအရင်းမရှိ စိတ်လေးလံသွားစေ၏။သို့‌သော် ရှဲ့ရူဟန်က အလွန်လှပစွာလည်း မွေးဖွားလာခဲ့သည်ပင်။ ဖန်အုပ်စုရဲ့ ပြောစကားအရ ရှဲ့ရူဟန်က သူ့မျက်လုံးလေး‌တွေကို လှိမ့်လိုက်ရင်တောင်  ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်တဲ့အထိ လှပသည်ဟု တင်စားကြ၏။ 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment