no

"ဒီအိုမီဂါက မာရှယ်တစ်ယောက်ပဲ ..."


သူ -ရှဲ့ရူဟန်က ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့ပြီး ခက်ခက်ခဲခဲနေထိုင်ကြီးပြင်းခဲ့ရသည်။ သူက မျိုးပွားထုတ်လုပ်ပေးသောစက်အဖြစ် နေထိုင်ရန် ဆန္ဒမရှိသဖြင့် သူ၏ဘဝအစစ်အမှန်ကို ဖုံးကွယ်ရန် ရွေးချယ်ကာ အိုမီဂါမှ အယ်လ်ဖာအဖြစ်ဟန်‌ဆောင် ပြောင်းလဲပြီး ဖက်ဒရယ်စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်။ စစ်သင်တန်းကျောင်းတွင် နိုဘယ်လ်အဖွဲ့စည်း၏ ကိုယ်စားလှယ်ဖြစ်သော ကုထူနန်ကို အနိုင်ယူပြီး တက်သစ်စများ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ 


ကုထူနန်သည် စစ်တပ်မိသားစုမှဖြစ်ပြီး သူ၏အဘိုးမှာ ဖက်ဒရေးရှင်း၏ ကြယ်ခုနစ်ပွင့်ဗိုလ်ချုပ်ဖြစ်သည်။ သူ့မိသားစုသည် သူ့အတွက် အိမ်ထောင်ဖက်အဖြစ် အိုမီဂါ ပန်းအိုးအလှလေးတစ်လုံးကို စီစဉ်ပေးခဲ့သော်လည်း သူကစီစဉ်ထားသောလက်ထပ်ခြင်းကို လက်မခံဘဲ အမှီအခိုကင်းကာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်သော ခေတ်သစ်အိုမီဂါမျိုးကိုသာ ပိုနှစ်သက်သည်။ အချစ်ကို တောင့်တစောင့်မျှော်နေရင်း အိုမီဂါအနေနဲ့ရော အယ်လ်ဖာအနေနဲ့ပါ သင့်တော်သည့် အိုမီဂါဖြစ်သည့် ရှဲ့ရူဟန် နှင့် တွေ့ဆုံခဲ့သည်။ 


သူတိူ့က တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်သွားကြပြီး ဘွဲ့ရပြီးနောက် နှစ်ယောက်စလုံးက စစ်မြေပြင်သို့ သွားခဲ့ကြသည်။ ကုထူနန်က ရှဲ့ရူဟန် စစ်မြေပြင်တွင် တောက်ပလာစေရန်အတွက် သူ့ချစ်သူ၏ ဒုတိယကွပ်ကဲထိန်းချုပ်ပေးသူအဖြစ် တလိုတလား တာဝန်ထမ်းဆောင်ပေးခဲ့ပြီး နှစ်များစွာကြာပြီးနောက်တွင် ရှဲ့ရူဟန်သည် တစ်ယောက်တည်းသော အိုမီဂါစစ်ဗိုလ်ဖြစ်လာပြီး ကုထူနန်သည် စစ်ဗိုလ်နောက်ကွယ်မှလူဖြစ်လာသည်။ 


ထန်းပိုင် : "????" 


ဒါကဘာကြီးလဲ? ငါ့ခေါင်းထဲမှာ ဘာ့ကြောင့် ဒါကြီးပေါ်လာရတာလဲ?!! ကုထူနန်ကရော ဘာလို့ ဒီကို ထပ်ရောက်လာပြန်တာလဲ?!? 


သူ့စိတ်ထဲမှာ ဘယ်ကပေါ်လာမှန်းမသိတဲ့ စာအုပ်တစ်အုပ်ကိုမြင်လိုက်ရပြီး ထန်းပိုင်ဟာ အံ့ဩသွားကာ ခေါင်းပေါ်က ဆံပင်တွေ ကောက်ကွေးကုန်ပြီး ဒီထူးဆန်းတဲ့အခြေအနေဟာ မှော်ငွေနဲ့ပတ်သက်မှုရှိနိုင်တယ်ဆိုတာကို သူ ကြိုခန့်မှန်းလိုက်မိသည်။ 

ထန်းပိုင်က ထိုအကြောင်းကို အသေးစိတ်မတွေးခင်မှာပဲ စာအုပ်က ဇာတ်ကွက်အတက်အကျတွေကို အမြန်ဖတ်ဖို့ ဖိတ်ခေါ်လိုက်လေသည်။ 


ဤထူးဆန်းသောအခြေအနေတွင်၊ တစ်ကြိမ်လျှင်စာကြောင်းဆယ်ကြောင်းဖတ်ခြင်းက အလွယ်လေးဖြစ်နေပြီး ထန်းပိုင်သည် တစ်မိနစ်လျှင် စာလုံးရေ ၁၀၀၀၀ ကိုဖတ်နိုင်နေသည်။ 


ဤစာအုပ်၏ ဇာတ်ဆောင်ဖြစ်သော အဓိက နာကျင်ခံစားရသူ သည် ဆင်းရဲသားရပ်ကွက်တွင်မွေးဖွားသည့် အိုမီဂါ ရှဲ့ရူဟန်ဖြစ်ပြီး သူသည် မျိုးပွားပေးရူံသက်သက် အသုံးဝင်သည့် စက်ပစ္စည်းမဖြစ်ချင်တာကြောင့် ဖက်ဒရယ်စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းသို့ တက်ရောက်နိုင်ရန် အိုမီဂါအဖြစ်မှ အယ်လ်ဖာအဖြစ်သို့ ဟန်ဆောင်လိုက်လေသည်။ 


ထန်းပိုင် : "????" 


ဖက်ဒရေးရှင်းစစ်တက္ကသိုလ်က အယ်လ်ဖာများကိုသာလက်ခံသောကြောင့်၊ ရှဲ့ရူဟန်၏တားမြစ်ဆေးသာမအောင်မြင်ပါက၊ Heat ဖြစ်နေသည့် အိုမီဂါသည် အယ်လ်ဖာလူအုပ်ထဲတွင် ကြောက်စရာကောင်းလောက်အောင်သေဆုံးသွားနိုင်သောကြောင့် ထန်းပိုင်က အလွန်ပညာမဲ့လုပ်ရပ်ဖြစ်သည်ဟု ယူဆလိုက်လေသည်။ 


သာမာန်အခြေအနေအရဆိုရင် ထန်းပိုင်ဟာ ဒီလိုဇာတ်ကွက်မျိုးကို ဖတ်လိုက်ရတာနဲ့ စာအုပ်ကို ချက်ချင်းဖယ်ထုတ်လိုက်မှာ ဖြစ်ပေမဲ့လည်း အခုတစ်ကြိမ်မှာတော့ စာဖတ်ဖို့ အတင်းအကြပ်လုပ်ထားခံရတာကြောင့် ထန်းပိုင်ဟာ သူ့ရဲ့မျက်နှာလေးကို ရှုံ့မဲ့ပြီး ဆက်ဖတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ 


ရှဲ့ရူဟန်က စစ်သင်တန်းကျောင်းသို့ ဝင်ရောက်ပြီးနောက် အကြီးအကဲရာထူးကို ရချင်ခဲ့သည်။ 


အငယ်တန်း အတန်းသစ်တိုင်းသည် အရင်းအမြစ်များကိုလက်ခံပေးရန် နှစ်သက်သဘောကျသော အကြီးအကဲတစ်ဦးကို ရွေးချယ်လေ့ရှိကြသော်လည်း ထိုအကြီးအကဲသည် အစဉ်အလာအားဖြင့် အထက်တန်းလွှာမှ ကျောင်းသားတစ်ဦးသာဖြစ်ပြီး ယခုနှစ်တွင် လူကြိုက်အများဆုံး ကျောင်းသားမှာ ကုထူနန်ဖြစ်နေသည်။ 


ထန်းပိုင် : "????" 


ထန်းပိုင်က ဇာတ်လမ်းအကျဉ်းကို ပြန်လည်ဖတ်ရှုပြီး ဤဇာတ်ဆောင်မှာ သူ၏အနာဂတ်စေ့စပ်ထားသူနှင့် နာမည်တူရုံသာမက ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်၊ ကိုယ်ရည်ကိုယ်သွေးဖော်ပြချက်နှင့် မိသားစုနောက်ခံများပင် တူညီနေကြောင်း သိလိုက်ရသည်။


ထို့နောက် ထန်းပိုင်က ဤစာအုပ်ထဲတွင် ကုထူနန်၏ မချစ်မနှစ်သက်သော စေ့စပ်ထားသည့် အမြောက်စာလေးအဖြစ် သူ့ကိုယ်သူကိုလည်း အံ့ဩစွာ တွေ့ရှိခဲ့ရလေသည်။ 


ထန်းပိုင် : "အို......ဝိုး" 


အကြီးအကဲ စာမေးပွဲတွင် ရှဲ့ရူဟန်သည် သူ၏ မေ့မရနိုင်သော အရည်အချင်းများနှင့် မှောင်ခိုဈေးကွက် မြေအောက် မက်ခါ(စက်ရုပ်)ပြိုင်ဆိုင်မှု၌ ပိုသာသော အရည်အချင်းဖြင့် ကုထူနန် ထက် စာအရေးအသား နှင့် လက်တွေ့ စာမေးပွဲ နှစ်ခုလုံးကို အောင်နိုင်ခဲ့သော်လည်း ကျင့်ဝတ်(အယ်လ်ဖာထုံးတမ်းစာမေးပွဲ) စာမေးပွဲတွင် သူ၏ အနိုင်ရခြင်းမှာ သူ၏ယုတ်မာကောက်ကျစ်သောနည်းလမ်းကြောင့်ဟုဆိုကာ အထက်တန်းလွှာ ကျောင်းသားတစ်စုဆီက နှိမ်ချဆက်ဆံခြင်းကို ခံခဲ့ရသည်။ 


တကယ်တော့ သူတို့ရဲ့ ပထမကျင့်ဝတ်အတန်းမှာ ထိုကျောင်းသားတွေက ရှဲ့ရူဟန်ရဲ့ ရှုထောင့်အရပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး ချင်းကျွင်လို့ခေါ်တဲ့အယ်လ်ဖာတစ်ယောက်က ရှဲ့ရူဟန်မှာ ခါးကိုင်းပြီး ဒူးညွှတ်ကာ အရိုအသေပေးနှုတ်ဆက်နေသည့် သူ၏ခြေထောက်ကို မလှုပ်ရှားနိုင်သည့် အိုမီဂါတစ်ယောက်နှင့် တူသည်ဟုနှိုင်းယှဥ်ကာ လှောင်ပြောင်သရော်ခဲ့သည်။ 


နှိုင်းယှဥ်ပြီးဝေဖန်ပြောဆိုခြင်းသည် အလွန်ယုတ္တိဆန်ပြီး မှန်ကန်တတ်သည်။ ထန်းပိုင်သည် အယ်ဖာ၏ အများစုက သူနှင့်စေ့စပ်ထားသော ကုထူနန်လိုမျိုး အိုမီဂါများကို မထီမဲ့မြင်ပြုတတ်ကြောင်းကို သိသည်။ 


ကဲ့ရဲ့မှုတော်တော်များများဟာ အိုမီဂါနဲ့ ဆက်စပ်နေပေမယ့် အယ်လ်ဖာအနည်းငယ်လောက်ကသာ ထန်းပိုင်ရဲ့မျက်နှာကို ထိုကဲ့သို့သော အရာမျိုးကို ပြောရဲနိုင်ကြသည်။ 


ဘာလို့လဲဆိုတော့ ထန်းပိုင်သည် သူတိူ့အား "လိင်ပိုင်းဆိုင်ရာစော်ကားမှု" ဟူသော အမည်ဖြင့် ငိုယိုပြီး တိုင်ကြားတာ သင်ခန်းစာပေးရန်အတွက် စျေးအကြီးဆုံးရှေ့နေများကို ငှားရမ်းမှာဖြစ်သည်။ 


သို့သော် သူ့စာအုပ်ထဲတွင် အယ်လ်ဖာအဖြစ်ရှိနေသော ရှဲ့ရူဟန်မှာ အဲ့လိုအရာမျိုး မလုပ်နိုင်တာကြောင့် ထိုအယ်လ်ဖာ၏ပါးစပ်ကို ညှစ်လိုက်ပြီး "လိင်ပိုင်းဆိုင်ရာစကားလုံးတွေကို ဘယ်တော့မှ ငါထပ်ပြီး မကြားရစေနဲ့၊ အေး ...အယ်လ်ဖာဆိုတိုင်းလည်း အိုမီဂါထက် ပိုမြင့်မြတ်နေတာ မဟုတ်ဘူး" ဟု တစ်လုံးချင်းပြောရန်သာ ရွေးချယ်ခဲ့သည်။ 


ဖီးနစ်သည် သူ၏အတောင်ပံဖြန့်ကာ မီးထဲတွင် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖီးနစ်မျက်လုံးများကလည်း ဒေါသကြောင့် တောက်ပလာသည်။ 


ဒီသူကအရမ်းမိုက်တယ်ဟ 

ထန်းပိုင်ရဲ့ နှလုံးသားထဲက အချက်ပေးသံတစ်ခုကရုတ်တရက် တုန်လှုပ်သွားပြီး သိပ္ပံနည်းမကျသော်လည်း ဒီ ကြမ်းတမ်းတဲ့ ဇာတ်ကောင်ရဲ့ အကြောင်းအရာကို သူက နည်းနည်းတော့သဘောကျစပြုလာလေသည်။ 


ဒီရှဲ့ရူဟန်သည် ထန်းပိုင်နှင့် လုံးဝမတူသော အိုမီဂါဖြစ်သည်။ သူသည် ဆင်းရဲသားရပ်ကွက်မှ ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင် လူမှုဆက်ဆံရေး လှေကားထစ်ကို တက်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင် ရှိနေသည်။ 


စစ်တပ်အတွက် အဆင်ပြေစေရန်အတွက် သူ့ဂလင်းများကို သူ့လက်ဖြင့် ကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်ရာ ထန်းပိုင်သည် လည်ပင်းနောက်ဘက်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ 


အိုမီဂါကို အယ်လ်ဖာအဖြစ် အသွင်ပြောင်းစေသော ဆေးသည် ဆိုးကျိုးများစွာရှိသည်။ နှစ်ရှည်လများ ဆေးထိုးပြီးနောက်၊ သာမန်အမျိုးသားတစ်ဦးသည် အသက် 200 ကျော်အထိ အသက်ရှင်နိုင်သော်လည်း ရှဲ့ရူဟန်သည် အသက် 40 ကျော်သည်အထိတောင် အသက်မရှင်နိုင်ပေ။ သို့သော်လည်း စစ်ထဲဝင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ရှဲ့ရူဟန်သည် ဆေးထိုးနေချိန်တွင်တောင်မျက်တောင်တောင်မခတ်ခဲ့ပေ။ 


ရန်သူကို ချေမှုန်းရန်အတွက် ရှဲ့ရှုဟန်သည် အစာအဖြစ် သွေးနှင့် ဆေးလိပ်ကို စားသုံးနိုင်ပေမဲ့လည်း အာဟာရဖျော်ရည်သောက်ရန် မကြာခဏ မေ့လျော့တတ်ကာ နှစ်များကြာလာသည်နှင့်အမျှ အလွန်ပြင်းထန်သော အစာအိမ်ရောဂါကို ခံစားခဲ့ရသည်။ 


တိုက်ပွဲတစ်ခုတွင် ရှဲ့ရူဟန်သည် အနိုင်ရအောင်ပွဲခံရန် တိုက်ပွဲဝင်အဖွဲ့တစ်ဖွဲ့ကို လူနည်းစုဖြင့် ဦးဆောင်ခဲ့ရာ စစ်မြေပြင်တွင် အသက်စွန့်ရလုနီးနီးဖြစ်သွားခဲ့သည်။ 


သူ၏လက်အောက်ငယ်သားများက သူ့ကို စစ်တပ်ဆေးဆရာဝန်ဆီ ခေါ်သွားကြသောအခါ ရှဲ့ရူဟန်၏ ဖုံးကွယ်ထားသော အရာများက ပေါ်လာကာ သူ၏ တကယ့်ဘဝအစစ်အမှန်က ပေါ်ပေါက်သွားခဲ့လေသည်။ ထိုကိစ္စဟာ ကြယ်တာယာအဖွဲ့အစည်းထိ ရောက်ရှိသွားပြီး သူတို့က ရှဲ့ရူဟန်အား သူ၏ရာထူးမှ ထုတ်ပယ်ပြီး သူနှင့်သင့်လျော်သော အနေအထားသို့ ပြန်လည်ပို့ပြီးနေထိုင်ခိုင်းရန် စစ်တပ်ကို အမိန့်ပေးခဲ့လေသည်။ 


ဒီအိုမီဂါက သူ့ဂလင်းတွေကို ဖြတ်လိုက်ပြီး heat ဖြစ်နေရင်တောင် တခြားသူတွေကို မထိခိုက်မိအောင် လုပ်ခဲ့တာတောင်မှလေ!!

အထိအခိုက်မရှိသောစစ်ပွဲဖြစ်ခဲ့သော်လည်း ရှဲ့ရူဟန်ကို မည်သူကမှ မထောက်ခံခဲ့ကြဘဲ သူ၏တရားဝင်အိမ်ထောင်ဖက် ကုထူနန်ကလည်း အပါအဝင်ပေ။သူက ရှဲ့ရှုဟန်ကို သင်ခန်းစာတစ်ခု ပေးလျှင် ကောင်းမည်ဟု ၏စိတ်ထဲတွင် တွေးလိုက်မိလေသည်။


မည်မျှပင် နာကျင်စေကာမူ မျက်ရည်တစ်စက်မှ မကျဖူးသော ရှဲ့ရှုဟန်သည် ထိုအချိန်တွင် နောက်ဆုံးတော့ မျက်လုံးများက နီရဲလာသည်။ 

သူက ဦးခေါင်းပေါ်မှ ပြင်းထန်သော ဒဏ်ရာကို ကိုင်ထားကာ စက်ခန်း၏လေယာဉ်ခန်းထဲသို့ လျှောက်သွားပြီး သူ့ကို အယ်လ်ဖာတစ်ဦးကသာ အနိုင်ယူနိုင်သည်နှင့် သူ့ယူနီဖောင်းကို ချွတ်ပစ်မည်ဟု လူတိုင်းအား ကြေညာခဲ့သည်။ 


ရှဲ့ရူဟန်မှာ သူ့နှလုံးသားထဲရှိ အားနည်းသည့် သားရဲကရိုက်ခတ်လာသော်လည်း နာကျင်နေသည့်တိုင် ဦးညွှတ်ရန် ငြင်းဆန်ခဲ့သည်။

အခန်းတွင်းမှာ သွေးများ စီးကျနေသော်လည်း သူ ထိန်းကျောင်းနေခဲ့သည့် ပြိုင်ဘက်အားလုံးကို သူက ခံ့ညားစွာ အနိုင်ယူခဲ့သည်။ 


ထန်းပိုင်က အိုမီဂါ၏တောက်ပမှု ဟူသောအဓိပ္ပါယ်ကို အမှန်တကယ်နားမလည်သေးသော်လည်း ထိုအခိုက်အတန့်တွင် ရှဲ့ရူဟန်သည် အအမှန်တကယ်တောက်ပနေပြီဖြစ်ကြောင်း သူသဘောပေါက်ခဲ့ရ၏။


ရှဲ့ရူဟန်သည် သူနှစ်သက်သော စစ်မြေပြင်သို့ ပြန်လာချိန်တွင် တောက်ပနေသော မာရှယ်တစ်ဦး ဖြစ်လာကာ များပြားလှသော "အိုမီဂါများ၏ နှစ်သက်မှု "မျက်လုံးများက သူ့ကို စောင့်ကြည့်နေပြီး မရေမတွက်နိုင်သော "အယ်လ်ဖာစွမ်းအင်သုံး" လက်များက သူ့ကို အောက်သို့ဆွဲချရန် ကြိုးစားနေခဲ့ကြသည်။


ဒါပေမယ့်လည်း ရှဲ့ရူဟန်ကို အမှန်တကယ်အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ သေခြင်းတရားပင်။


သူက အသက်သုံးဆယ့်ခုနစ်နှစ်တွင် ထာဝစဉ်အနားယူသွားခဲ့ပြီး ထိုည၏ရှည်လားသောအဆုံးသတ်ဖြစ်သည့် အာရုဏ်တက်ကိုလည်း သူမမြင်ခဲ့ရပေ။စစ်ဌာနမှ အိုမီဂါစစ်မှုထမ်းခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးသည်ကိုလည်း မတွေ့ခဲ့ရဘဲ၊ အိုမီဂါများအတွက် ကျောင်းများ ပိုမိုဖွင့်လှစ်သည်နှင့် သားအိမ်တုနှင့်ပတ်သက်သော သုတေသနကို စတင်လုပ်ဆောင်နေပြီဟု အင်စတီကျုမှ ကြေညာခဲ့သည်များကိုလည်း သူမသိလိုက်ရတော့ပေ။


ထန်းပိုင်ဟာ ပထမဆုံးအကြိမ်အနေနဲ့ အိုမီဂါတစ်‌ယောက် ကိုအလေးပေးထားခြင်းကို မြင်တော့ အလွန်စိတ်သောကရောက်ခဲ့ရ၏။

(ဝမ်းနည်းတာပါ)


အဆိုးဆုံးပတ်ဝန်းကျင်တွင် မွေးဖွားလာခဲ့သော ထိုသူမှာ မိမိကိုယ်ကို မနှိမ့်ချရုံသာမကဘဲ လွတ်လပ်သောကိုယ်ရည်ကိုယ်သွေးကိုလည်း ပိုင်ဆိုင်ထားပြီး မယိမ်းယိုင်ဘဲ မိမိပန်းတိုင်ကို လိုက်လုပ်ကာ မိမိရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် မိမိဘဝအပါအဝင် အရာအားလုံးကို စတေးလိုစိတ်ရှိသူဖြစ်သည်။


ထိုသို့သော ရှဲ့ရူဟန် သည် အာဇာနည်တစ်ဦးနှင့်တူသည်။


အိုမီဂါများကို ထောက်ခံပေးသည့် လုပ်ဆောင်ချက်သို့ သွားရာလမ်းတွင် ရှဲ့ရူဟန်ကဲ့သို့သော အာဇာနည်မျိုး တစ်ခါမှ မတွေ့ခဲ့ရပေ။ အကြောင်းမှာ ဤလူ့အဖွဲ့အစည်းရှိ အိုမီဂါများ၏ ဟစ်ကြွေးသံသည် အလွန်သေးငယ်သောကြောင့် အလွယ်တကူ နှုတ်ပိတ်လိုက်နိုင်ကြခြင်းဖြစ်ပြီး သူ့အလိုလိုပျောက်ကွယ်သွားကြခြင်းဖြစ်သည်။


ထန်းပိုင်မှာ ခေတ်ရေစီးကြောင်း အလှတွင် အလေးစားခံရဆုံး အိုမီဂါဖြစ်သည်။ သူသည် လှပသောအသွင်အပြင်ကို ဆင်ယင်ထားကာ ပါလူးလူး runway ရှိုးပွဲများကို နှစ်သက်ပြီး အေပရွန်နှင့် ဟင်းလျာများချက်ပြုတ်ခြင်းကိုလည်း နှစ်သက်ကာ အစားအသောက်နှင့် သောက်စရာကို စိတ်ပူစရာမလိုသော ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသောကြောင့် သူသည် ဤလူ့အဖွဲ့အစည်းတွင် အထူးသင့်လျော်တဲ့ပုံစံမျိုးပင်ဖြစ်၏။ 


သို့သော် တကယ်တမ်းတွင် ထိုကဲ့သို့သောထန်းပိုင်သည် နေရာအနှံ့ မှဖိနှိပ်မှုကို ခံစားခဲ့ရသည်။


ထန်းပိုင်ဟာ ငယ်စဉ်ကလေးဘဝတုန်းက မက်ခါအရုပ်တွေကို တကယ်ဝယ်ချင်ခဲ့ပေမယ့် ဘယ်လောက်ပဲ ငိုယိုမျက်ရည်ကျနေပါစေ သူ့မိသားစုက သူ့ကို တစ်ခါမှ မဝယ်ပေးခဲ့ပေ။ သူစုဆောင်းထားတဲ့ မုန့်ဖိုးနဲ့ကိုယ်တိုင်ဝယ်ထားသော မက်ခါအရုပ်များအားလုံးကိုပင် လွင့်ပစ်ခံလိုက်ရသည်။


သဘာဝအားဖြင့် အိုမီဂါသည် ပါလူးလူးအရုပ်များကို နှစ်သက်သင့်သည်။


ထန်းပိုင်သည် ပါလူးလူးကိုမုန်းတာမျိုမရှိသော်လည်း ပါလူးလူးအရုပ်အစုံအလင်နှင့် ကြယ်တာယာ ဇာတ်လမ်းတွဲများ၏ မက်ချာ ရုပ်ပုံများ နှစ်ခုစလုံးကို ဘာကြောင့်မို့ ပိုင်ဆိုင်လို့မရတာလဲ??

ထန်းပိုင်သည် သူ့စိတ်ထဲတွင်သာ ဤအတွေးမျိုးကို တွေးပြီး ပြောင်ပြောင်တင်းတင်း ထုတ်ဖော်မပြဘဲ နက်နဲသောအရာများကို သူ တစ်ခါလေးတောင် မတွေးခဲ့ဖူးပေ။


သို့သော် ရှဲ့ရူဟန်၏ဘဝသည် မြေပြင်မှတက်သွားသည့်မိုးကြိုးသွားကဲ့သို့ပင် ၊ ထန်းပိုင် နားလည်လိုက်တာက ဤအိုမီဂါသည် ကမ္ဘာကြီး၏ ဘက်လိုက်မှုများကို လျစ်လျူရှုကာ ကြီးပြင်းလာခဲ့ပြီး ကမ္ဘာကြီးမှာ အမှောင်ထဲတွင် ရှိနေခဲ့တာမို့ သူက တစ်ခုတည်းသောအလင်းရောင်အဖြစ် သူ့ကိုယ်သူ အသုံးပြုကာ အလင်းပြခဲ့ခြင်းဖြစ်သည်။ 

သူက တကယ်ကို ထိုက်တန်တဲ့ အိုမီဂါ အလင်းရောင်ပါပဲ ...


ထန်းပိုင်က အလွန်စိတ်ခံစားချက်ပြင်းသော အိုမီဂါလေးတစ်ဉီးဖြစ်ပြီး၊မျက်ရည်အလွန်လွယ်ကာ ရိုးရာအိုမီဂါအချစ်ဇာတ်လမ်းများကိုဖတ်ရင်းနှင့်ပင် သူ၏မျက်လုံးများက ငိုကြွေးလာနိုင်ကာ မျက်ရည်များကို မတားနိုင်ပေ။


ရှဲ့ရူဟန်၏မျက်လုံးထဲတွင်တော့ ဒီအိုမီဂါနှင့် ကုထူနန်သည် စကားများရန်ဖြစ်နေဟန်နှင့်တူ၏။မကြိုက်သောပုံစံဖြင့် လှည့်ထွက်သွားသော ကုထူနန်၏ပြင်းထန်‌တဲ့ ပုံစံကြောင့် တွေးလေလေ၊ ဝမ်းနည်းလေလေ ဖြစ်ကာ နာကျင်နေပုံရ‌သော ထိုမျက်နှာကလေးတွင် မျက်ရည်နှစ်ပေါက်က ကျလာလေတော့၏။


ရှဲ့ရူဟန်သည် ထန်းပိုင်၏ ကော့နေသော မျက်တောင်များမှ မှော်လှည့်ကွက်တစ်ခုလိုမျိုး ကျောက်စိမ်းပုတီးကဲ့သို့ မျက်ရည်များစီးကျလာသည်ကို တွေ့မြင်လိုက်ရပြီး သူ၏ ပုံစံမှာ လူအများက သူ့ကို အကာအကွယ်ပေးချင်သလို အနိုင်ကျင့်ချင်သလိုမျိုး ဖြစ်သွားစေလေသည်။


မျက်ရည်ဆိုတာအသုံးမကျဘူးဆိုတာကို အမြဲယုံကြည်နေသူ ရှဲ့ရူဟန်မှာ ထိုမျက်ရည်များပြည့်နေသော ထန်းပိုင်၏ မျက်လုံးများနှင့် နှာခေါင်းတို့အပြင် ငိုနေစဉ်တုန်တုန်ယင်ယင် ဖြစ်နေသော သူ့ပခုံးများကို စိုက်ကြည့်ရင်း လည်စေ့ကို ကို လှိမ့်လိုက်မိ၏။

FUCK......

အဲဒီ ယားယံမှုက နောက်ဆုံးတော့ နှလုံးသားထဲကို ပျံ့နှံ့သွားပြီး သူ့စိတ်ရဲ့ နောက်ကွယ်က သားရဲတစ်ကောင်က အကြောင်းပြချက် ဆိုတဲ့ အကျဉ်းထောင်ကို ဖြတ်ကျော်ပြီး အိုမီဂါရဲ့ လည်ပင်းနောက်ဘက်ကို ရောက်နိုင်ဖို့ ကြိုးစားနေလေ၏။ 


ထန်းပိုင်၏လည်ပင်းနောက်ဘက်သည် အေးစက်သွားကာ သူ့မသိစိတ်က လေ့ကျင့်ရေး ထမင်းစားရန် လမ်းလျှောက်သွားနေသော ကုထူနန်ကို လှမ်းကြည့်လိုက်မိသည်။

"ငိုနေတာလား?" ကုထူနန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


ထန်းပိုင်မှာ သူခံစားခဲ့ရသည့် ထူးဆန်းသောအန္တရာယ်ကို အာရုံမစိုက်နိုင်ဘဲ အဲ့ဒီအစား ကုထူနန်ကိုသာ မျက်လုံးနီများဖြင့် စိုက်ကြည့်နေလေသည်။


ဒါက ဝတ္ထုထဲကနဲ့ တူညီတဲ့ ဆန်ကုန်မြေလေး အယ်လ်ဖာပဲ! ရှဲ့ရူဟန်က ကူကယ်ရာမဲ့ ဖြစ်နေချိန်မှာ ရှဲ့ရူဟန်ကို အိမ်ပြန်လာပြီး ကလေးမွေးဖို့ သူ အမှန်တကယ်ပဲ မျှော်လင့်ထားခဲ့တာပဲ!!!!

ဘောပဲဟေး!!!!


ကုထူနန်မှာ သန်မာလွန်းသည်။ ရှဲ့ရူဟန်၏ လက်အောက်ခံအဖြစ်နေခဲ့စဉ်က ကုထူနန်သာ ရှဲ့ရူဟန်ရဲ့ အစားအသောက်ကို ပိုအာရုံစိုက်ခဲ့မယ်ဆိုရင် နောက်ပိုင်းကာလမှာ ရှဲ့ရူဟန်ရဲ့ အစာအိမ်ပြဿနာက မျှော်လင့်ချက်ကင်းမဲ့ရလောက်တဲ့အထိ ဆိုးရွားလာမှာမဟုတ်ဘူး.!... သူက ရှဲ့ရူဟန်ကို လုံးဝဂရုမစိုက်ဘူးပဲ!!!!


ထန်းပိုင်၏မျက်နှာမှာ မျက်ရည်တွေပြည့်နေပြီး သူ့ကို ခုန်ပြီးကိုက်ချင်နေတာ မြင်လိုက်ရတော့ 

ကုထူနန်မှာ : "????"

"မင်းဘာလို့ဒီလောက်အဖြစ်သည်းနေတာလဲ.. ငါကမင်းရဲ့ ထမင်းဘူးကို မစားလိုက်ရုံပဲကို မင်းက ဒီလောက်တောင် စိတ်ဆိုးနေတယ်ပေါ့.."


ထန်းပိုင်က "သောက်ရမ်း မိုက်တဲ့ကြက်ကောင် မင်းက အိုမီဂါလမ်းပြကြယ် ကိုတောင် ဂရုမစိုက်ဘူး "လို့ ပြောလိုက်တော့မယ့်ဆဲဆဲမှာ သူက ဝတ္ထုတစ်ပုဒ်ကို ဖတ်နေခဲ့တာဆိုတာကို ရုတ်တရက် သတိရသွား၏။


ပြီးပြည့်စုံသော အိုမီဂါအလင်းရောင်သည် စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုမျှသာဖြစ်သည်။ ကြီးမားသော ဆုံးရှုံးမှုတစ်ခုသည် သူ့အပေါ်သို့သက်ရောက်လာပြီး ထန်းပိုင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ကိုဟကာ

"ခင်ဗျား........ ရှဲ့ရူဟန်ကိုသိလား?.." ဟု မျှော်လင့်ချက်အများကြီးမရှိဘဲ မေးလိုက်မိသည်။


ကုထူနန်က မျက်မှောင်ကြုတ်ပြီး ထန်းပိုင်ရဲ့နောက်မှာ ထိုင်နေတဲ့ အယ်လ်ဖာကို

စိတ်ရှုပ်ထွေးစွာကြည့်လိုက်ရင်း

"မင်းက သူ့ကို တစ်ခုခုကြောင့်တွေ့ချင်နေတာလား... သူက မင်းအနောက်မှာ ထိုင်နေတာလေ"


ထန်းပိုင် : "!!!?!!?!!"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment