no

အခန်း(၁) :  ထန်းပိုင်ရဲ့ဦးနှောက်မှာ ပုံမှန်မဟုတ်တာတစ်ခု ဖြစ်သွားတယ် 


ဖက်ဒရယ်စစ်တက္ကသိုလ် ကန်တင်း၌...


ထန်းပိုင်သည် ထမင်းစား စားပွဲ၏ အရှေ့တွင် ထိုင်နေရင်း သူ့လက်ထဲရှိ ဒုတိယမြောက်ဖြစ်သော တစ်ရှူးအစိုထုပ်အား ဖောက်နေ၏။ သူက စားပွဲအား အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် သုတ်နေလေသည်။  


ပြတင်းပေါက်ဆီမှ ဖြတ်သန်းဝင်ရောက်လာသော နေရောင်ခြည်ကြောင့် သူ့လည်ပင်းပေါ်ရှိ 'ပင်လယ်ပြာ'လည်ဆွဲမှာ ရှိရင်းစွဲထက်ပင် ပို၍ပင်ဝင်းလက်တောက်ပြောင်နေဟန်ပေါ်၏။ နက်ပြာရောင်ကျောက်မျက်သည် အလင်းရောင်အောက်တွင် တောက်ပစွာ ရောင်ပြန်ဟပ်လျက်ရှိပြီး ထွက်ပေါ်လာသော အပြာရောင်အရိပ်များကို ရှုထောင့်ပေါင်းစုံမှကြည့်မည်ဆိုပါက ထိုအရိပ်များမှာ ခန့်မှန်း၍မရ ပဟေဠိဆန်လှသော ပင်လယ်လှိုင်းလုံးများနှင့် တူလှ‌ပေသည်။  


ထန်းပိုင်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော သူ၏စေ့စပ်ထားသူမှာ ထိုအပြာရောင်ကျောက်မျက်ရတနာအား ကြည့်ရှုနေခြင်းမရှိပါပေ။ ထိုအစား သူက မျက်မှောင်ကြုတ်ရင်းဖြင့်ပင် တောက်‌ပြောင်နေသော ဆွဲကြိုးကိုယ်ထည်ကိုသာ ကြည့်နေ၏။ သူ၏ အပြာရောင်ဖျော့ဖျော့မျက်လုံးတွေထဲမှ စိတ်ခံစားချက်များမှာလည်း ဖော်ပြရန် ခက်ခဲလို့နေသည်။ အဲ့ဒါတွေကို စကားလုံးတွေနဲ့ ပြောရမယ်ဆိုရင်တော့...နွားချေးပုံပေါ်တွင် လှပသောပန်းလေးတစ်ပွင့်ရှိနေသည်ကို မြင်လိုက်ရ၍ လုံးဝစိတ်ဒုက္ခရောက်သွားရသကဲ့သို့ပင်...သို့သော်လည်း လည်ဆွဲကို ဝတ်ဆင်ထားသူသည် ပန်းတစ်ပွင့်ထက်ပင် ပို၍ လှပနေ၏။ 


[T/N ထန်းပိုင်ရဲ့လည်ပင်းက ဆွဲကြိုးကို တွေ့လိုက်တော့ မမြင်သင့်တဲ့နေရာမှာ မြင်လိုက်တယ်ဆိုပြီးသူက တွေးနေတာပါ။ ကလေးကို နွားချေးပုံနဲ့နှိုင်းပြီး လည်ဆွဲကကျ ပန်းပွင့်ပေါ့။ဒါပေမယ့် ထန်းပိုင်က ပန်းထက်တောင် ပိုလှနေတယ်လို့ ပြောချင်တာပါ။ ] 


မှော်ငွေသတ္တုဖြင့် ပြုလုပ်ထားသော ဆွဲကြိုးကိုယ်ထည်ကို သူ‌ပြောဆို  ရည်ညွှန်း‌နေခြင်းပင်။ မှော်ငွေမှာ ထူးခြားပြီး အလွန်ရှားပါးလှသော ပစ္စည်းတစ်မျိုးဖြစ်ပြီး မကြာသေးမီကရှာဖွေတွေ့ရှိထားသော ပစ္စည်းအသစ်လည်းဖြစ်သည်။ ၎င်း၏ တန်ဖိုးမှာလည်း မိုးထိမတတ် မြင့်မားလွန်းလှသည်။ ထိုပစ္စည်းတွင် အချိန်နှင့်အာကာသကို ယာယီပြောင်းလဲနိုင်သော အစွမ်းရှိသည်ဟုပင် ပြောကြ၏။ ကုထူနန်ပင်လျှင် ထိုရှားပါးသတ္တုကို တစ်ကြိမ်သာလျှင် မြင်ဖူးသည်။ သို့သော် ထန်းပိုင်က ထိုတန်ဖိုးရှိလှတဲ့သတ္တုကို လည်ဆွဲလုပ်ဝတ်ပစ်လိုက်သည်လေ။  


ထင်ထားတဲ့အတိုင်းပဲ..ထန်းပိုင်လိုမျိုး အိုမီဂါတွေက ဘယ်လိုစားမယ်၊ ဘယ်လိုသောက်မယ်၊ ဘယ်လိုအပျော်ရှာမယ်၊အရင်းအမြစ်တွေကို ဖြုန်းတီးပစ်မယ်ဆိုတာကိုပဲ သိတယ်...လှတာကလွဲလို့ ကျန်တဲ့‌နေရာမှာ အသုံးမကျဘူး...အေးစက်ပြီးချောမောသော ထိုသူ၏ မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်များ တစ်ခဏခန့်ပေါ်ထွက်လာ၏။ 


လှပသော အလှပန်းအိုးများကို ကြိုက်နှစ်သက်သော အယ်လ်ဖာအများစုနှင့်မတူဘဲ ကုထူနန် သဘောကျသောပုံစံမှာ လုံ့လဝီရိယရှိပြီး ခြိုးခြံချွေတာတတ်သော၊ အမှီအခိုကင်းပြီး ရည်မှန်းချက်ကြီးသော အိုမီဂါမျိုးပင်ဖြစ်သည်။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနောက်ကိုမလိုက်ဘဲ တက်ကြွသော စိတ်ဓာတ်ရှိသူကို သူသဘောကျသည်။ ဖြူစင်ပြီးတော့ လေလုံးမထွားတတ်တဲ့ သူမျိုးပေါ့...ပြောရလျှင် ဆိုးသွမ်းပျက်စီးနေပြီး ထိန်းသိမ်းရခက်သော ထန်းပိုင်ကဲ့သို့ အိုမီဂါမျိုး မဟုတ်ပါပေ။ 


ထန်းပိုင်က သူ့ရဲ့ တတိယမြောက်တစ်ရှူးစိုထုပ်အား ဖောက်ချင်နေတာကို မြင်လိုက်ရတော့ ကုထူနန်က မျက်မှောင်ကြုတ်ကာဖြင့် သူ၏ စိတ်မရှည်မှုကို ပြသလိုက်သည်။ သူ့အသံက အေးစက်နေပြီး သူကပြောလာပါ၏။"သုတ်နေတာကို ရပ်လိုက်တော့ ။ မင်းလည်ပင်းပေါ်က လည်ဆွဲရဲ့ တန်ဖိုးဘယ်လောက်လဲဆိုတာ မင်းသိလား?" 


သူ့အသံမှာ အလွန်နားထောင်လို့ကောင်းသည်။ သို့သော် သူ၏ လေသံနှင့်စကားလုံးတွေက နားထောင်သူ၏ ကောင်းမွန်သောစိတ်အခြေအနေကို ဖျက်စီးနေ၏။ 


အချိန်ဖြုန်းနေသော အိုမီဂါလေးက သူ့ခေါင်းကို မော့ပြီးကြည့်လိုက်တာမို့ သူ၏ သိမ်မွေ့ပြီးလှ‌ပသော မျက်နှာလေးအား ထုတ်ဖော်ပြသ,သလိုဖြစ်သွားသည်။ 


ထိုပယင်းရောင်မျက်ဝန်းလေးများသည် စေးကပ်ကပ်ပျားရည်လေးများနှင့်တူ၏။ကုထူနန်ကိုကြည့်နေသော မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ချစ်စရာကောင်းမှုများရှိနေပြီး သူ၏ အဝတ်အစားများနှင့် အဆင်တန်ဆာများကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့သော သူ၏စေ့စပ်ထားသူသည် ရုတ်တရက်ကြီး သူ့ကို ထိုပစ္စည်းများအကြောင်း ဘာလို့မေးရတာလဲဆိုတာကို သူက နားမလည်နိုင်ဖြစ်နေ၏။  


ထန်းပိုင် စိတ်ရှုပ်ထွေးသွားရသော အဓိကအချက်မှာတော့ : ကုထူနန်က ဘာလို့ ရုတ်တရက်ကြီး စိတ်ဆိုးသွားရပြန်တာလဲ?သူ့မျက်လုံးတွေက ကန်းမနေသလို သူကငတုံးလည်းမဟုတ်ပေ။ ကုထူနန်က သူ့ကိုမကြိုက်ဘူးဆိုတာကို သူဘယ်လိုလုပ် မသိဘဲနေပါ့မလဲ ။ 


ထန်းပိုင်သွားခဲ့သောကျောင်းကို ပန်းကလေးများကျောင်း သို့မဟုတ် သတို့သမီးများကျောင်းဟု အများအားဖြင့် ခေါ်ဆိုသည်။   သို့သော်လည်း "သင့်လက်တွဲဖော်၏ အတွေးများကို ခန့်မှန်းနည်း" ဟူသည့် အတန်းသည် ရံဖန်ရံခါတော့ အသုံးဝင်သေးသည်။


ဆရာမက မျက်မှောင်ကြုတ်ခြင်း၊ တိုးတိုးလေးပြောခြင်းနှင့် နှာခေါင်းရှုံ့ခြင်းတို့သည် မနှစ်သက်ခြင်းကိုဖော်ပြသည့် မျက်နှာအနေအထားဆိုတာကို ပြောခဲ့ဖူးသည်။ 


ကြည့်ပါလား..အဲ့ဒါက အခု ကုထူနန် သူ့ကို လုပ်ပြနေတဲ့ မျက်နှာထားမျိုးပဲလေ။ 


ကုထူနန်ရဲ့မေးခွန်းအပြင် သူ့လည်ဆွဲကို တစ်ချိန်လုံး စိုက်ကြည့်နေတဲ့ အဲ့ဒီသူရဲ့ လုပ်ရပ်နဲ့ပါ ဆက်စပ်မိသွားတာကြောင့် ထန်းပိုင်ဟာ နည်းနည်းလောက်စဉ်းစားပြီး ရုတ်တရက် သဘောပေါက်သွားလေသည်။ 


ဒါက ချမ်းသာတဲ့သူကို မုန်းတီးနေတာပဲ!! 


သူ့ကို မျက်လုံးများစိမ်းသွားအောင်(မနာလို) ခံစားရစေခဲ့တာကတော့ လည်ဆွဲကြိုးကိုယ်ထည်ကို ပြုလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ မှော်ငွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။


ဒါပေမယ့် သူ့အဖိုးဆီကနေ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူဆာမှုတွေကြောင့် ဒီမှော်ငွေကို ရအောင် တောင်းနိုင်ခဲ့တာလေ။ ကုထူနန်မှာသာ အရည်အချင်းရှိရင်၊ ဒီလို အဘိုးမျိုးကိုရှာပြီး အလိုလိုက်ခံလို့ရတာပဲကို။ 


ထန်းပိုင်က သူ၏ သွယ်လျပြီး ကျောက်စိမ်းနှင့်တူသော လက်ချောင်းများကို ဟန်ဆောင်ဆန့်ထုတ်ကာ လည်ဆွဲကြိုးကို ညွှန်ပြပြီး "ဒါက ဂြိုလ်နှစ်လုံးလောက် အဖိုးတန်တယ်လေ။ လှတယ်မဟုတ်လား~" 


သူပြောနေချိန်မှာ ထန်းပိုင်က သူ့ညာဘက်ပခုံးကို ပင့်လိုက်ပြီး ခေါင်းကိုလည်း ညာဖက်ကို စောင်းလိုက်လေသည်။  သူ့ပခုံးသည် သူ၏နူးညံ့သော ပါးပြင်ကို ထိသွားသည်အထိပင်...  ခေါင်းအစခြေအဆုံး သူက ကုထူနန်အမုန်းဆုံးပုံစံဖြစ်သည့် အလွန်သိသာထင်ရှားသော အတုအယောင်၊ ချိုသာလွန်းတဲ့ သဘောထားမျိုးများဖြင့် ပြည့်နေ၏။


ကုထူနန် မခံမရပ်နိုင်အဖြစ်ဆုံးအရာက အိုမီဂါတွေရဲ့ အလှအပဆိုတာကို  ထန်းပိုင်သိထား၏။  အဲ့တာက ကုထူနန်၏ ကြီးမားသော အယ်လ်ဖာသဘောထားနှင့် စံနှုန်းများကို သူလည်း သည်းမခံနိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ 


ထန်းပိုင်က ကုထူနန်ကို အနှောင့်အယှက်ပေးလိုသည့်အခါတိုင်း၊ သူသည် အခုလိုမျိုး ပုံကြီးချဲ့ပြီးလုပ်သည့်ဟန်ပန်အနေအထားကို လုပ်တတ်သည်။ 


သို့သော် ထန်းပိုင်က ရုပ်ရည်ချောမောသူတစ်ဦးဖြစ်တာမို့ ထိုကဲ့သို့ တင်းမာသောအမူအရာမျိုး မဖြစ်သွားသည့်အပြင်အပြစ်ကင်းစင်ပြီး ရိုးရိုးရှင်းရှင်း သဘာဝဆန်သော ခံစားချက်ကိုသာ ပေါ်လွင်လာစေသည်။


ယခုအချိန်တွင် ထန်းပိုင်၏ထောင့်ဖြတ်အနောက်ရှိ စားပွဲတွင်ထိုင်နေသော ရှဲ့ရူဟန်သည် သူ့မျက်လုံးများက နှစ်သက်သဘောကျဖွယ်ကောင်းသော ဆံနွယ်လေးများဆီသို့ ကျရောက်သွားလေသည် ။ 


ထန်းပိုင်က ခေါင်းကို တမင်တကာ စောင်းလိုက်သောကြောင့် အပြစ်ကင်းသော ဆံပင်လေးများက အစုလိုက် အပြုံလိုက် လှုပ်ယမ်းသွားကာ ရှဲ့ရှုဟန်၏ လက်များကဆံပင်များကို အောက်သို့ ပြန်ချပေးချင်သည့် ထူးဆန်းသော ခံစားချက်များဖြင့် နေမတိထိုင်မသာ ဖြစ်သွားရသည်။ 


ရှဲ့ရှုဟန်မှာ  ထိုဆန်းကြယ်ပြီး နေရောင်အောက်တွင် နီလာ ရောင်ဟပ်နေတဲ့ အပြာရောင်ဖျော့ဖျော့သွေးပြန်ကြောများနှင့်အတူ  ရှည်လျားပြီး ဖြူဖွေးသော လည်ပင်းသွယ်သွယ်လေးဖြင့် မေးစေ့ကို မော့တင်ထားသည့် သူလေးကို မြင်နိုင်ရန် စွေကြည့်လိုက်မိသည်။ 

ထိုသူ‌လေးက ရလာတဲ့ အရုပ်အသစ်လေးကို ဂုဏ်ယူစွာနဲ့ ဝင့်ကြွားနေတဲ့ ကြောင်လေးတစ်ကောင်လိုပင်။ 

ရှဲ့ရူဟန်၏ လျှာဖျားက နားမလည်နိုင်စွာပင် ယားယံနေသော အာခေါင်ကို ထိနေမိပြီး ရုတ်တရက် ယားယံမှုက ပြင်းထန်လာကာ သူ့နှလုံးသားတစ်ခုလုံးဆီသို့ ပျံ့နှံ့လာသည်အထိပင်။


"အစ်ကိုရှဲ့မင်းဘာတွေကြည့်နေတာလဲ?"

ချိုးယန်က ခေါင်းကိုမော့လိုက်တဲ့ ပထမဆုံးအကြည့်တစ်ချက်မှာတင် ရှဲ့ရှုဟန်ရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေက ခြင်္သေ့တစ်ကောင်လိုမျိုး ကြောက်စရာကောင်းလောက်အောင် ဖြစ်နေတာမို့ ထူးဆန်းစွာပင် သူ့ကို ကြောက်ရွံ့ထိတ်လန့်နေစေသလိုမျိုး ခံစားလိုက်ရသည်။ 

ရှဲ့ရှုဟန်က သူ့မျက်လုံးတွေကို ကြည့်နေတာကနေ ရွှေ့လိုက်ပြီး "ကြောင်လေးတစ်ကောင် တွေ့လိုက်လို့"ဟု ပျင်းတိပျင်းရွဲ့ ပြောလိုက်လေသည်။ 


"ကြောင်? ဘယ်မှာလဲ?"

ချိုးယန်က ထူးဆန်းစွာ ကြောင်လေးရဲ့ တည်နေရာကို တစ်ချက်ရှာကြည့်လိုက်ပြီး "ဒါဆို အစ်ကိုရှဲ့ မင်းက ကြောင်တွေကို ကြိုက်တယ်ပေါ့.."


သူ၏အစ်ကိုရှဲ့သည် အခြေခံရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွင် ပြင်းထန်သောအနေအထားဖြင့် ကျောင်းကိုစတင်တက်ခဲ့ပြီး၊ ယခုကဲ့သို့သော အစွမ်းထက်သည့် ထိပ်တန်း အယ်လ်ဖာတစ်ယောက်က တိရစ္ဆာန်များကိုလည်း သဘောကျပြီး ခြင်္သေ့၊ ကျားနှင့် အရွယ်အစားကြီးမားသော ကြောင်များကိုသာ နှစ်သက်လိမ့်မည်ဟု ချွီယန်က ထင်ခဲ့သည်။ 

ရှဲ့ရှုဟန်က "ကြောင်လေး" ကို စိတ်ဝင်တစား စိုက်ကြည့်နေလိမ့်မည်ဆိုတာကိုတော့ သူ မထင်ခဲ့ပေ။ 


"စားစရာရှိတာ စားပါ" 

ဒီစကားကြားတော့ ချိုးယန်ရဲ့မျက်နှာဟာ ချက်ချင်းဆိုသလို ခံပြင်းလာပြီး ပန်းကန်ပြားပေါ်မှ ဘာမှန်းမသိသည့်အနက်ရောင်အလုံးများကို သူ၏ တူဖြင့် မွှေနေရင်း

“ဒီလို ဆိုးရွားနေတဲ့ ဟင်းမျိုးကြီးကို  ငါတော့  အန်မိတော့မယ်......”


ထန်းပိုင်၏ "အရူးပန်းအိုး"ဖော်ပြချက်ကို ဒေါသထွက်နေသော ကုထူနန်က "မင်း အဖွဲ့ချုပ်ရဲ့ စစ်ဘက်သတင်းတွေကို မကြာမကြာ ကြည့်ရဲ့လား.. မကြာသေးခင်က လူကြိုက်များလာတဲ့မက်ခါ ပြိုင်ပွဲတွေကိုရော နားလည်လား.. ကြယ်တာယာတိုက်ပွဲသမိုင်းအကျဉ်းနဲ့ မက်ခါအတွက် မေးခွန်းပေါင်း တစ်ထောင်ဆိုတာကိုရော ဖတ်ဖူးရဲ့လား..."


မသိတဲ့သူတွေအတွက်တော့ ကျောင်းအုပ်ဆရာကြီးက ခက်ခက်ခဲခဲ မေးခွန်းတွေမေးတဲ့ လုပ်ရပ်မျိုးနဲ့ စာမလုပ်တဲ့သူတွေကို ဖမ်းနေတယ်လို့ ထင်ကြမှာပင်။ 

မီးခိုးပြာရောင်မျက်လုံးများသည်  ကဲ့ရဲ့ ရှုံ့ချနေသည့်အကြည့်မျိုးကို ဖုံးကွယ်၍ မရတော့ဘဲ ထန်းပိုင်နှင့် ကုထူနန်တို့သည်  တစ်ခဏတာလောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိ၏။

အဲဒီမထိတထိသရော်နေတဲ့မျက်နှာပေါ်က  အပြုံးက တစ်စုံတစ်ခုကိုသက်သေပြနိုင်သွားသလို ဂုဏ်ယူမှု ဒါမှဟုတ်ရင် အနိုင်ရသလို ခံစားချက်တစ်ခု‌ကို‌ဖော်ပြနေသလိုပင် ...


"အဖွဲ့အစည်းက ရှားပါးတဲ့သတ္တုတစ်မျိုးဖြစ်တဲ့ "မှော်ငွေ"ကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ဖက်ဒရယ်စစ်တပ်သတင်းမှာ ဖော်ပြထားတယ်..."

အနည်းငယ်အေးနေသော ဆွဲကြိုးကိုယ်ထည်ကို လက်ညှိုးဖြင့် ကောက်ကိုင်လိုက်ရင်း ထန်းပိုင်က ဝါဂွမ်းသကြားလုံးကဲ့သို့ ချိုမြိန်ပျော့ပျောင်းသော လေသံဖြင့် ပြန်ပြောလေသည်။ "မကြာသေးခင်က လူကြိုက်များလာတဲ့ မက်ခါတွေကိုလည်း စတင်ရှာဖွေခဲ့ပြီး 'ကြယ်တာယာတိုက်ပွဲအကျဥ်းချုပ်' နဲ့ 'မက်ခါအကြောင်းမေးခွန်းတစ်ထောင်' တွေကိုလည်း မူလတန်းကျောင်း အယ်လ်ဖာဖတ်စာအုပ်တွေထဲမှာ ထည့်သွင်းဖို့ ရွေးချယ်ထားတယ်လေ" 


ထိုအချိန်တွင် ကုထူနန်၏ အေးခဲတောင့်တင်းနေသော အမူအရာကို မြင်လိုက်ရတော့ ထန်းပိုင်က စိတ်ထဲမှာ  ပျော်ရွှင်သွားရသည် ။ 


သူက လှောင်ပြောင်လိုက်ရင်း သူ့အဖိုးက လက်နက်သုတေသနဌာနရဲ့ အကြီးအကဲဖြစ်ပြီး သူကလည်း ကျောင်းတက်နေတာ အလကားမှမဟုတ်ပဲ။

" အကယ်၍ သင့်တွင် အယ်လ်ဖာကလေးရှိလာလျှင်" ဆိုသည့်ဘာသာရပ်ကို အထူးပြုသင်ထားတာကလည်း အယ်လ်ဖာတစ်ယောက် မွေးစမှ ကောလိပ်အထိ ဖတ်သင့်သော ခေါင်းစဉ်များကို ကျော်လွန်နေပြီဖြစ်၏။


ဆွဲကြိုး၏နောက်တွင် လက်ချောင်းထိပ်များကို ရစ်ပတ်ပြီး ထန်းပိုင်သည် မျက်လုံးများကို မော့ကြည့်ကာ ကြောင်တစ်ကောင်ကဲ့သို့ မှုန်ကုပ်ကုပ်မျက်ခုံးများကို လုပ်ပြီးသည်နှင့် "ခဗျားကရော ပါလူးလူး ရှိုးတိုင်းကို လိုက်ကြည့်နေလား?..နောက်ဆုံးပေါ် အိုမီဂါမိတ်ကပ်ထရန်းကိုရော သိလား?... အိမ်လုပ်မုန့်အချိုပွဲ နှင့် ပန်းခင်းကျင်းမှု အနုပညာ နည်းလမ်းပေါင်း တစ်ရာကိုရော ဖတ်ပြီးပြီလား?.." 


ကုထူနန်: "......" 

ကောင်းပြီလေ ဒီအိုမီဂါက ငါ့ရဲ့ အနိုင်ယူလိုစိတ်ကို လှုံ့ဆော်ပေးနိုင်တာပဲ။ 

ကုထူနန် ရှုံးသွားတာကိုမြင်တော့ ထန်းပိုင်က တော်တော်ကို စိတ်သက်သာရာရသွားလေသည်။ 

သို့သော် ကုထူနန်က  ဒိုင်းကာအဖြစ်အပြင် သူအပြင်ထွက်ရန်သုံးသည့် ဆင်ခြေအဖြစ် အသုံးဝင်နေသေးတာမို့ အသာစီးရနေသော ထန်းပိုင်သည် ရှုံးသွားတဲ့သူအတွက် သနားမိသလိုမျိုး လုပ်ပြပြီး စားပွဲပေါ်မှ အချစ်မေတ္တာအပြည့်ဖြင့်လုပ်ထားသော ထမင်းဘူးကို ငုံ့ ကြည့်ကာ  "ဒါက ကျွန်တော် ကိုယ်တိုင်လုပ်ထားတာ?..စားကြည့်ချင်လား?.. ကျွန်တော်ကိုယ်တိုင်လုပ်ထားတာဆိုတော့...စားချင်ရဲ့လား?" 


သူ၏လေသံက ကိုယ့်ကိုကိုယ် ဂုဏ်ဆာနေပြီး သိသိသာသာလေး ပျင်းနေသလိုမျိုး အရိပ်အယောင်ပါနေပြီး ရှုံးနိမ့်သွားခဲ့တဲ့ ကုထူနန်ရဲ့ နားထဲကို ရောက်လာလေသည်။ 


လက်ဆယ်ချောင်းနဲ့တောင် သေချာမထိပဲနေတတ်တဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ လူငယ်လေးက လုပ်ထားတဲ့ ထမင်းဘူးက ဘယ်လောက်တောင်ကောင်းမှာမို့လို့လဲ...  

"တော်ပြီ  ဒါက စစ်တပ်ကျောင်းကစားသောက်ဆိုင်။ ငါက လေ့ကျင့်ရေးထမင်းပဲ စားချင်တယ်.."  

ကုထူနန်က မဆိုင်းမတွ ထရပ်ကာ သူ့ကို မကြည့်ဘဲ ငြင်းဆိုလိုက်ပြီး ပြောစကားမဆုံးခင် ထမင်းသွားစားမည့် နေရာကို ပြန်လှည့်လိုက်သည်။ 


ထန်းပိုင်က အဖွဲ့ချုပ်ဗိုလ်လောင်းတွေရဲ့ ရှုပ်ပွနေတဲ့ အစားအသောက်တွေအကြောင်း၊ ဝက်တွေကို ကျွေးမွေးနေတဲ့ နတ်ဆိုးရဲ့ချက်ပြုတ်ထားတဲ့စားစရာတွေအကြောင်းနဲ့ တစ်ကိုက်လောက်ကိုက်လိုက်တာနဲ့ သေစေနိုင်တဲ့ အကြောင်းကို ပြန်ပြီးသတိရမိသွားလေသည်။ 


ကျွတ် .. ကုထူနန်က ဒီလောက်ပြင်းထန်တဲ့အကြိုက်မျိုးရှိပြီး အရမ်းကိုမာကျောတာကို ငါမသိမြင်နိုင်ခဲ့ဘူးပဲ...


ထန်းပိုင်သည် မထူးခြားနားစွာ ပုခုံးတွန့်လိုက်ပြီး ဆွဲကြိုးကိုဆော့နေသော သူ့လက်ချောင်းကို ဖယ်ရန် ကြိုးစားလိုက်သည်။ အခုနက သူလည်ဆွဲနှင့် ဆော့ကစားနေချိန်၌ သိပ်အာရုံမစိုက်ခဲ့တာကြောင့် အဲ့ဒါက တင်းတင်းကြပ်ကြပ် ရစ်ပတ်နေမိလေသည်။ပိုကံမကောင်းသည်မှာ ရစ်ပတ်နေသော လက်ချောင်းတွင် သူကlight brain (ဆက်သွယ်ရေးစက်)ကို ဝတ်ဆင်ထားသည်။ 

နှင်းဆီပုံစံ light brainလက်စွပ်နှင့် မှော်ငွေရောင်ဆွဲကြိုးကိုယ်ထည်တို့က တင်းတင်းကြပ်ကြပ် ချည်နှောင်မိသွားသောကြောင့် တစ်ခါတည်း ဖြည်ရုံဖြင့် ပြေအောင်မလုပ်နိုင်ခဲ့ပေ။ အဲ့ဒါက ပိုးအိမ်တစ်ခုကဲ့သို့ ရှုပ်ရှပ်ခတ်ကုန်လေသည်။


ထန်းပိုင်သည် ဤသတ္တု၏ ဂုဏ်သတ္တိများအားလုံးကို မလေ့လာရသေးကြောင်းနှင့် အဲ့ဒါကို light brainကဲ့သို့သော အရာများနှင့် တွဲမပေါင်းမိစေတာက အကောင်းဆုံးဖြစ်ကြောင်း ကြားဖူးနားဝရှိခဲ့ဖူးသည်။ 


ထန်းပိုင် ထိုအကြောင်းကိုတွေးရင်း စိတ်တွေပူလာပြီး မှော်ငွေနှင့်light brainနှစ်ခုကြားကနေ  ဘယ်ကလာမှန်း မသိသည့် လျှပ်စစ်မီးတစ်ဖျပ်ဖျပ်တောက်ပနေသလိုမျိုး အလင်းတန်းတစ်ခုက ထွက်လာလေ‌တော့သည်။ 


နောက်အခိုက်အတန့်တွင် ထန်းပိုင်၏နားထဲ၌ ဇစ်သံတစ်ခု ထွက်ပေါ်လာပြီး ထန်းပိုင်သည် သူ့လည်ပင်းတွင် အပူရှိ

န်ကို ခံစားလိုက်ရကာ ဦးနှောက်ထဲတွင် ရှုပ်ထွေးနေပြီး မရေမတွက်နိုင်သော ဒေတာများက ဦးနှောက်ထဲသို့ ပြေးဝင်လာ‌သည် ။ 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment