no

Font
Theme

အခန်း ၁၅

ရှဲ့ယန်၏ နှုတ်ခမ်းလွှာများသည် ပါးလွှာသော်လည်း နူးညံ့လှသည်။ သူက လက်တစ်ဖက်ဖြင့် ဖုန့်ကျိုးယွဲ့ လည်ပင်းနောက်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ခါးကို ဖက်တွယ်ထားသည်။ ဖုန့်ကျိုးယွဲ့ တစ်ကိုယ်လုံး တောင့်တင်းကာ မလှုပ်ရဲတော့ဘဲ ရှိနေသည်။

ဖုန့်ကျိုးယွဲ့ ထိတ်လန့်သွားပြီး မျက်လုံး ဖွင့်ကြည့်လိုက်ရာ ရှဲ့ယန်၏ ရှည်လျားထူထဲသော မျက်တောင်များကို တွေ့လိုက်ရသည်။ ရှဲ့ယန်သည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း သူ၏ မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်နေသည်။

အနမ်းများ အဆုံးသတ်သွားချိန်တွင် ဖုန့်ကျိုးယွဲ့၏ လျှာမှာ ထုံကျင်နေပြီဖြစ်သည်။ ရှဲ့ယန်၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေရင်း ရှဲ့ယန် ဘာကြောင့် လိုက်လာတာလဲဟု မေးမြန်းသော်လည်း ရှဲ့ယန်က မဖြေဘဲ ဖုန့်ကျိုးယွဲ့၏ နားရွက်ဖျားလေးကိုသာ ကိုင်ကစားနေသည်။

ဖုန့်ကျိုးယွဲ့က ရှဲ့ယန်ကို နေ့တိုင်း လာစေချင်ကြောင်း ပြောရင်း ရှက်သွားသော်လည်း ရှဲ့ယန်ကမူ ဘာမှပြန်မပြောပေ။ သို့သော် ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ ဒဏ်ရာကုသနေစဉ်အတွင်း နေ့တိုင်း ရောက်လာခဲ့သည်။ ရှဲ့ယန်သည် စကားနည်းသော်လည်း အမြဲလာကြည့်တတ်သဖြင့် ဖုန့်ကျိုးယွဲ့ စိတ်ထဲတွင် ကျေနပ်နေမိသည်။

သို့သော် ပြဿနာမှာ ဒဏ်ရာ ကျက်စပြုလာချိန်တွင် ယားယံလာခြင်းဖြစ်သည်။ ဖုန့်ကျိုးယွဲ့က မနေနိုင် မထိုင်နိုင် ကုတ်မိသဖြင့် ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်က ဒေါသထွက်ကာ ရှဲ့ယန်ကို တိုင်ပါတော့သည်။ ရှဲ့ယန် ရောက်လာသောအခါ ဖုန့်ဝန်ကြီးချုပ်က ဖုန့်ကျိုးယွဲ့ ဆုံးမပေးရန် အကူအညီတောင်းသည်။ ရှဲ့ယန်က ဝန်ကြီးချုပ် အလိုလိုက်လွန်းသည်ဟု မှတ်ချက်ပေးကာ ဖုန့်ကျိုးယွဲ့ ဒဏ်ရာပျောက်သည်အထိ သူ့အိမ်တော်တွင် ခေါ်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။

ဖုန့်ကျိုးယွဲ့က ရှဲ့ယန်၏ အိမ်တော်သို့ လိုက်မသွားချင်သော်လည်း ဖခင်ဖြစ်သူက သဘောတူလိုက်သဖြင့် ဝေါယာဉ်ပေါ်သို့ ပါသွားရသည်။ ဝေါယာဉ်ပေါ်တွင် လက်မောင်းက အလွန်အမင်း ယားယံလှသော်လည်း ရှဲ့ယန်က စောင့်ကြည့်နေသဖြင့် မကုတ်ရဲဘဲ အောင့်ထားရသည်။ နန်းတော်တံခါးဝသို့ ရောက်သောအခါ ရှဲ့ယန်က ဆင်းသွားတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း ရှဲ့ယန်က ရုတ်တရက် နောက်ပြန်လှည့်ပြီး ဖုန့်ကျိုးယွဲ့၏ ခါးပတ်ကို ဆွဲဖြုတ်လိုက်တော့သည်။

"ရှဲ့ယန် .. အရှင့်သား ဘာလုပ်နေတာလဲ" ဟု ဖုန့်ကျိုးယွဲ့ အော်ဟစ်ကာ ရုန်းကန်သော်လည်း ရှဲ့ယန်က သူ့လက်ကို ဖမ်းချုပ်ပြီး ခါးပတ်ဖြင့်ပင် အတင်း ချည်နှောင်ပစ်လိုက်သည်။ ရှဲ့ယန်က "ညီလာခံပြီးရင် ပြန်လာဖြေပေးမယ်" ဟု ဆိုကာ ထွက်သွားရန် ပြင်သည်။ ဖုန့်ကျိုးယွဲ့က မသွားရန်နှင့် အနာကို မကုတ်တော့ပါဟု အသနားခံသော်လည်း ရှဲ့ယန်က "လိမ္မာစမ်း" ဟုသာ ပြောပြီး ထွက်သွားတော့သည်။

နောက်ထပ် နာရီအနည်းငယ်သည် ဖုန့်ကျိုးယွဲ့အတွက် ငရဲကျနေသကဲ့သို့ပင်။ လက်မောင်းက ယားယံလှသော်လည်း လက်နှစ်ဖက်လုံး အချည်ခံထားရသဖြင့် ကြမ်းပြင်က ကော်ဇောနှင့်သာ အသာအယာ ပွတ်တိုက်နေရသည်။ ရှဲ့ယန်သည် ဝေါယာဉ်ထဲက ချွန်ထက်သည့် အရာမှန်သမျှကိုလည်း အဝတ်နှင့် ပတ်ထားခဲ့သည်။ ဖုန့်ကျိုးယွဲ့ခမျာ မတရား အနိုင်ကျင့်ခံရသလို ခံစားရကာ မျက်ရည်များပင် ကျလာသည်။ ထို့ကြောင့် ရှဲ့ယန် ဝေါယာဉ်ထဲ ပြန်ဝင်လာသည့် အခိုက်တွင် ဖုန့်ကျိုးယွဲ့က ကြွေခွက်တစ်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရှဲ့ယန်၏ မျက်နှာသို့ အားကုန်လွှဲပေါက်လိုက်တော့သည်။

………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment