no

Font
Theme

အခန်း ၁၄

"ဖုန့်ကျိုးယွဲ့ .. ငါ မင်းဆီကို စာတွေအများကြီး ပို့ခဲ့တယ်၊ ဘာလို့ တစ်စောင်မှ ပြန်မဖြေတာလဲ"

ယွမ်ရဲသည် ဒေါသသံနှင့် ပြောဆိုရင်း ဖုန့်ကျိုးယွဲ့ထံသို့ ခြေလှမ်းကြဲကြီးဖြင့် လျှောက်လာသည်။ သူ၏ မြေခွေးမျက်လုံးများက ဒေါသအရှိန်ကြောင့် မီးတောက်များ တောက်လောင်နေသည်။ မျက်နှာတစ်ဝက်ကို ဦးထုပ်ဖြင့် ဖုံးကွယ်ထားသော်လည်း သူ၏ ဒေါသထွက်နေသော မျက်နှာအမူအရာမှာ သိသာထင်ရှားလှသည်။

ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ယွမ်ရဲသည် ဖုန့်ကျိုးယွဲ့ အရှေ့သို့ ရောက်လာပြီး ဖမ်းဆုပ်ရန် လက်ကမ်းလိုက်သည်။ ဖုန့်ကျိုးယွဲ့က ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ရာ၊ သူ့လက်မောင်းက ဝေါယာဉ်နှင့် ရိုက်မိသွားပြီး နာကျင်လွန်း၍ မျက်ရည်ပင် ဝဲသွားရသည်။

"မင်း လက်မောင်းက ဘာဖြစ်တာလဲ"

ထိုအခါမှသာ ယွမ်ရဲလည်း ဖုန့်ကျိုးယွဲ့၏ လက်မောင်းပေါ်က ပတ်တီးကို သတိပြုမိသွားသည်။ စိမ့်ထွက်နေသော သွေးစများကို မြင်လိုက်ရသောအခါ ယွမ်ယဲ့က ဒေါသတကြီးဖြင့် "သိပ်ညံ့ဖျင်းတဲ့ကောင်၊ မင်းက ဒီလောက်အထိ ထုံအလွန်းမှတော့ သေသွားရင်တောင် ပိုကောင်းလိမ့်ဦးမယ်”ဟု ဟိန်းဟောက်လေတော့သည်။ သူသည် ဖုန့်ကျိုးယွဲ့ကို အော်ဟစ်ပြီးနောက်၊ စာကိစ္စများကိုပင် မေ့သွားကာ ဒဏ်ရာကို စစ်ဆေးရန် လက်လှမ်းလိုက်သည်။ သို့သော် လမ်းခုလတ်မှာပင် အေးစက်ဖြူဖွေးပြီး သွယ်လျသော လက်တစ်ဖက်က သူ့လက်ကို ကြားဖြတ်ဖမ်းဆုပ်ကာ ရုတ်တရက် တားဆီးလိုက်သည်။

ရှဲ့ယန်သည် ဖုန်းမုချို၏ ဘေးတွင် ရောက်ရှိလာခြင်းဖြစ်သည်။ သူ၏ မျက်နှာမှာ ဆီးနှင်းများကဲ့သို့ အေးစက်နေပြီး၊ ဓားတစ်စင်းကဲ့သို့ ထက်မြက်သော အကြည့်များက ယွမ်ရဲကို စူးစိုက်ကြည့်နေသည်။ ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်က သူ့အပေါ်တွင် ကြမ်းတမ်းသည်ဟု အမြဲထင်ခဲ့ဖူးသော်လည်း ယခု ယွမ်ရဲအပေါ် ရှဲ့ယန် ဆက်ဆံပုံကို မြင်မှသာ မိမိအပေါ်တွင် ရှဲ့ယန် မည်မျှအထိ နူးညံ့ခဲ့သည်ကို နားလည်လိုက်ရသည်။

ယွမ်ရဲသည် အရပ်ရှည်သော်လည်း၊ နိုင်ငံခြားသား သွေးနှောသူဖြစ်သဖြင့် အရပ်ပိုမြင့်သော ရှဲ့ယန်ကို မယှဉ်နိုင်ပေ။ ရှဲ့ယန်၏ ရှေ့တွင် ယွမ်ရဲ၏ ခွန်အားမှာ ရထားလုံးကို တားဆီးရန် ကြိုးစားနေသော ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ပင်။ ရှဲ့ယန်က လက်ကောက်ဝတ်ကို အသာလေး လိမ်လိုက်ရုံဖြင့် ယွမ်ရဲမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး၊ အစောပိုင်းက မာနများအားလုံး ပျောက်ကွယ်သွားတော့သည်။ နာကျင်မှုကြောင့် နီရဲနေသော ယွမ်ရဲ၏မျက်နှာကို ကြည့်ပြီး ဖုန့်ကျိုးယွဲ့ စိတ်ထဲမှ တိတ်တိတ်လေး ကျေနပ်နေမိသည်။ နှစ်ပေါင်းများစွာ မိမိကို နှိပ်စက်ခဲ့သည့်အတွက် ယွမ်ရဲ ထိုက်တန်သလို ပြန်ခံစားနေရပြီဟု သူတွေးမိသည်။

ရှဲ့ယန်က လက်ကို ထပ်လိမ်လိုက်ရာ ယွမ်ရဲ၏ လက်မောင်း အဆစ်ပြုတ်သွားကာ သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ တွဲလောင်းကျသွားရသည်။ ယွမ်ရဲ၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာကာ နာကျင်မှုကြောင့် မျက်နှာမှာ ရှုံ့မဲ့နေသော်လည်း မျက်လုံးပြူးလျက် ရှဲ့ယန်ကို ရုန့်ရင်းစွာ စတင်ဆဲဆိုတော့သည်။ သူက ရှဲ့ယန်ကို နိုင်ငံခြားသား ကချေသည်၏သားဟု ခေါ်ဆိုကာ ရှဲ့ယန်၏ မိခင်ကိုပါ ထိပါးစော်ကားသည်။ ထို့ပြင် ရှဲ့ယန်အား အိမ်ရှေ့စံဘွဲ့ကို ခံယူနေရခြင်းမှာ မရှက်ဘူးလားဟု မေးခွန်းထုတ်ကာ ခွေးဝဲစားဟုပင် ကင်ပွန်းတပ်တော့သည်။

ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ နောက်ခံအကြောင်းကို သိပ်မသိသော်လည်း ယွမ်ရဲ၏ ယုတ်ညံ့သော စကားလုံးများကြောင့် ဒေါသထွက်လာသည်။ ယွမ်ရဲက ရှဲ့ယန်ကို ဤသို့ စော်ကားသည်ကို သူ ကြည့်မနေနိုင်သဖြင့် လက်ကို မြှောက်ကာ ယွမ်ယဲ့၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ ယွမ်ရဲသည် ဖုန့်ကျိုးယွဲ့၏ ရိုက်ချက်ကြောင့် အံ့အားသင့်သွားသော်လည်း ထုံကျင်နေသော ပါးပြင်ကို လျှာဖြင့် ထိုးကြည့်ကာ "ရှဲ့ယန်... ဖန့်မူချိုးရဲ့ အပြစ်ကင်းစင်တဲ့ ပုံစံကို ကြည့်ပြီး အထင်မကြီးနဲ့၊ သူက ငါ့လက်ထဲမှာ အကြိမ်ကြိမ် ကစားခံခဲ့ရပြီးသား။ မင်းက ငါစွန့်ပစ်လိုက်တဲ့ အရာကိုမှ အလုအယက် လိုချင်နေတာ၊ မင်း မရှက်ဘူးလား" ဟု ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။

ဖုန့်ကျိုးယွဲ့ခမျာ ယွမ်ရဲ၏ အရှက်မရှိ ပြောလိုက်သည့် လုပ်ကြံစကားများကြောင့် ဒေါသအရှိန်ဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ ယွမ်ရဲကို ပါးစပ်ပိတ်သွားအောင် ထပ်ရိုက်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် ရှဲ့ယန်က သူ့လက်ကို ဖမ်းဆုပ်လိုက်သည်။ ရှဲ့ယန်၏ အေးစက်သော လက်ချောင်းထိပ်များက သူ့လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်ပေးရင်း လှုပ်ရှားနေသော စိတ်အစဥ်ကို ငြိမ်သက်စေခဲ့သည်။

ယွမ်ရဲသည် ချောင်ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ဖုန့်ကျိုးယွဲ့ ငရဲသို့ အတူတူ ဆွဲချမည်ဟု အော်ဟစ်နေသော်လည်း ရှဲ့ယန်က တစ်ချက်တည်းသော ကန်ချက်ဖြင့် ပေ ၃၀ အဝေးသို့ လွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်သည်။

အခြေအနေက အလွန်အမင်း ဆိုးရွားလာသဖြင့် မြောက်ပိုင်းတပ် စစ်သူကြီးလည်း သူ့ဂုဏ်သိက္ခာကို အသုံးချကာ ယွမ်ရဲ၏ အသက်ကို မနည်း ကယ်တင်ခဲ့ရသည်။ အိမ်ရှေ့စံကို စော်ကားခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်သော်လည်း သူ့ဖခင် မြောက်ပိုင်းတပ်တော် စစ်သူကြီးဟောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှု၍ ဧကရာဇ်က ယွမ်ရဲကို ဆွဲထုတ်သွားရန်သာ အမိန့်ပေးလိုက်သည်။ ယွမ်ရဲက ဆွဲထုတ်သွားခြင်း ခံရစဉ်မှာပင် ဖုန့်ကျိုးယွဲ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း ကြောက်မက်ဖွယ် အပြုံးဖြင့် ကြုံးဝါးသွားခဲ့သည်။

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို အိမ်တော်သို့ ပြန်ပို့ရန် လူလွှတ်ပေးပြီး နန်းတွင်းသမားတော်ကိုလည်း စေလွှတ်ခဲ့သည်။ သမားတော်ပေးသော အကိုက်အခဲပျောက်ဆေးကြောင့် ဖုန့်ကျိုးယွဲ့ နာကျင်မှု သက်သာသွားပြီး အိပ်မောကျသွားခဲ့သည်။ အိပ်ပျော်နေရင်း အိပ်မက်များကြား နစ်မြုပ်သွားသည်။ အိပ်မက်ထဲတွင် ငယ်စဉ်က ယွမ်ရဲနှင့် အတူကစားခဲ့ပုံများ ပေါ်လာသော်လည်း ရုတ်တရက် ယွမ်ရဲက လူပျိုပေါက်တစ်ဦးအဖြစ် ပြောင်းလဲသွားကာ သူ့ကို အတင်းအဓမ္မ နမ်းတော့သည်။

အိပ်မက်ဆိုးမှ လန့်နိုးလာသောအခါ ဖုန့်ကျိုးယွဲ့ တစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုရွှဲနေပြီး၊ ဆိုဖာပေါ်မှာ စာအုပ်ဖတ်နေသော ရှဲ့ယန်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ထံသို့ လျှောက်လာကာ "အိပ်မက်မက်နေတာလား" ဟု တိုးတိုးလေး မေးသည်။ ဖုန့်ကျိုးယွဲ့လည်း ကြောက်လန့်နေသဖြင့် ရှဲ့ယန်ကို အားကိုးတကြီး ဖက်ထားလိုက်မိသည်။ ရှဲ့ယန်က သူ့ကို ကလေးမဆန်ရန် ပြောသော်လည်း တွန်းမထုတ်ပေ။

"ရှဲ့ယန်... ကျွန်တော့်ကို အပျော်သဘောသက်သက်နဲ့ မနမ်းပါနဲ့တော့" ဟု တောင်းဆိုသည်။ စိတ်လှုပ်ရှားနေသဖြင့် အရှင့်သားဟူ၍ လေးစားသမှုဖြင့်ပင် မခေါ်မိတော့ဘဲ နာမည်ကို တိုက်ရိုက်ခေါ်လိုက်မိတယ်။ ရှဲ့ယန်က အခေါ်အဝေါ်ရော၊ သူ့စကားကိုပါ ဂရုမစိုက်ဟန် ပြသော်လည်း ဖုန့်ကျိုးယွဲ့က ဆက်လက်၍ လူတစ်ယောက်ကို ချစ်မှသာ နမ်းသင့်ကြောင်း၊ အပျော်သဘောသည် အကြောင်းပြချက် မဟုတ်ကြောင်း တတွတ်တွတ် ပြောချလိုက်သည်။ ထို့နောက် သူက ရှဲ့ယန်၏ လည်တိုင်ကို ဖက်တွယ်ကာ ရှဲ့ယန်ကို ချစ်သောကြောင့် နမ်းခြင်းဖြစ်ကြောင်း ပြသရန် နှုတ်ခမ်းကို အသာအယာ ထိတွေ့လိုက်သည်။ ရှဲ့ယန်လည်း ဖုန့်ကျိုးယွဲ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ဖုန့်ကျိုးယွဲ့ လည်ပင်းနောက်ကို ဖမ်းဆုပ်ကာ သူ၏ နှုတ်ခမ်းများဖြင့် အားပါးတရ ပြန်လည် တုံ့ပြန်လိုက်လေတော့သည်။

---

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment