no

Font
Theme

Chapter 2.2

မှန်၏။ အမာခံပရိသတ်အများစုက ထန်ထန်၏ မထင်မှတ်ထားသော မှတ်ချက်ကို ပုတ်ခတ်ပြောဆိုပြီး မကျေမနပ်ဖြစ်ကာ ဆဲဆိုကြိမ်းမောင်းနေကြဆဲပင်။

သူတို့ရဲ့ အနုပညာရှင် နေထိုင်တဲ့အိမ်နဲ့ ကော်ဇောနီပေါ်မှာ ဝတ်ထားတဲ့ တန်ဖိုးကြီး အဝတ်အစားတွေကို အအမ်းခံရတာလို့ မန်နေဂျာငယ်လေးက ဘယ်လိုတောင် သတ္တိရှိရှိ ပြောနိုင်တာလဲ...

ပေါင်ချန်းပင်က မှတ်ချက်များကို ကြည့်ပြီး စိတ်ပျက်စွာ အံကြိတ်လိုက်သည်။

"မင်း အခု ထန်ထန်ရဲ့အိမ်မှာ နေ'နေတာလား။"

ကျန်းရှီက တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။ တိုက်ခန်းက ဂျေမြို့တော်၏ နာမည်ကြီး တည်နေရာတွင် တည်ရှိသည။ သူက ထန်ထန်သေသွားပြီဟု ယုံကြည်ထားသောကြောင့် မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူ့ပုံရိပ်ကို မြှင့်တင်ရန် သူ့ကိုယ်ပိုင်အိမ်ဟု ပြောခဲ့၏။

ပေါင်ချန်းပင်က မျက်နှာကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။

"အဲ့ဒီနေရာက မင်းပိုင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီတန်ဖိုးကြီးပစ္စည်းတွေနဲ့! ဟာ့..”

သူက ခက်ခက်ခဲခက် သက်ပြင်းချလိုက်ပြီး မိုးသောက်ကြယ်အင်တာတိန်းမန့်ကို ဖုန်းခေါ်ရန် အလျင်စလို ထရပ်လိုက်သည်။ သူ့အနေနှင့် ကုန်ကျစရိတ် မည်မျှပင်ဖြစ်ပါစေ အခြေအနေကို တောင်းပန်ပြီး ထိန်းသိမ်းရန်လို၏။ ထန်ထန်အား နောက်ထပ်အထောက်အထားများကို ထုတ်ဖော်ခွင့်မပြုနိုင်ပေ။

သူ ဖုန်းမဆက်ခင် ဝေ့ပေါ်ထက် နောက်ထပ်အဖြစ်အပျက်တစ်ခု ပေါ်လာခဲ့၏။ ၎င်းက လွန်ခဲ့သော အပတ်စဉ်အင်တာဗျူးများနှင့် ကော်ဇောနီပွဲများအတွက် ကျန်းရှီ၏ ပစ္စည်းများဈေးနှုန်းနှင့် အမှတ်တံဆိပ်များကို ဖော်ပြခဲ့သည့် ဘလော့်ဂါတစ်ဦးနှင့် စတင်ခဲ့သည်။ ထို့နောက် စားပွဲပေါ်တွင် တူညီသောပစ္စည်းများကို ရှင်းရှင်းလင်းလင်းပြသထားသည့် ထန်ထန်၏ စာချုပ်စာတမ်း ဓာတ်ပုံကို တင်ခဲ့သည်။

ကျန်းရှီ၏ပရိသတ်များက "ဒီပစ္စည်းတွေကို ငါ့တို့အနုပညာရှင်ရဲ့ အကြွေးဝယ်ကတ်နဲ့ ဝယ်တာ' ဟု မှတ်ချက်များပေးခဲ့ပြီးနောက် ဘလော့်ဂါက ကျန်းရှီ၏ မကြာသေးမီက ဇိမ်ခံကားများနှင့် အိမ်ကြီးများ ဝယ်ယူမှုအကြောင်း၊ အကြွေးဝယ်ကတ်ထုတ်ပြန်ချက်များနှင့် သတင်းများကို မျှဝေခဲ့သည်။

ကျန်းရှီက ဤနယ်ပယ်တွင် အချိန်တိုလေးသာ ရှိသေး၍ အမြင်ရှိသူတိုင်းက ဇိမ်ခံကား မဆိုထားနှင့် သူ့စုဆောင်းငွေက ဗီလာအတွက်တောင် မလုံလောက်နိုင်သည်ကို နားလည်ကြ၏။ ထို့ကြောင့် ကျန်းရှီ၏ပရိသတ်များက တိတ်ဆိတ်သွားကြပြီး သူတို့ချစ်မြတ်နိုးရသော အနုပညာရှင်က ဤအရာများကို မတတ်နိုင်ဟု သဘောပေါက်လိုက်ကြသည်။

ဤဒရမ်မာက စိတ်အားထက်သန်စွာဖြင့် ပျံ့နှံ့ခဲ့ပြီး ကျန်းရှီပြိုင်ဘက်များ၏ ပရိသတ်များ အထူးသဖြင့် ကျန်းရှီပရိသတ်များ အသုံးပြုသည့်နည်းဗျူဟာဖြင့် ရောင်းအားဇယားတွင် ထိပ်ဆုံးမှ ဖြုတ်ချခံခဲ့ရသော ပရိသတ်များကို အလွန်ပျော်ရွှင်စေခဲ့သည်။ အထူးသဖြင့် သူတို့က လောင်စာထည့်ကာ မီးထိုးပေးပြီး ပိုမိုကြီးမားလာစေရန် ဗျူဟာကျကျ ဖန်တီးပေးကြသည်။

ပရိသတ်အရေအတွက် လျင်မြန်စွာ ကျဆင်းလာသည်နှင့်အမျှ ပေါင်ချန်းပင်က အလျင်စလို လုပ်ဆောင်ခဲ့ရသည်။ ကျန်းရှီ၏ဖုန်းအကောင့်နှင့် ဒေတာများ ခိုးယူခံရကြောင်း ရှင်းပြထားသည့် တရားဝင်ကြေငြာချက်တစ်ခုထုတ်ရန် ကုမ္ပဏီအား တောင်းဆိုခဲ့သည်။ ကုမ္ပဏီက ရွှေသီချင်းဆုပေးပွဲအတွက် ပြင်ဆင်နေသည့် ကျန်းရှီကို ဆက်သွယ်နိုင်ခဲ့ပြီး အငြင်းပွားဖွယ်ပို့စ်ကို သူမတင်ကြောင်း အတည်ပြုခဲ့သည်။ ကောလာဟလများကို မယုံကြရန် လူတိုင်းကို တောင်းဆိုခဲ့၏။

အချုပ်အားဖြင့်ဆိုရသော် သူတို့၏ဗျူဟာက ‌ဗြောင်ကျကျ ငြင်းဆိုခြင်းပင်။ သူတို့သာ အရည်ထူနေသရွေ့ ကုမ္ပဏီက အာရုံပြောင်းစေဖို့ရာ ခေတ်စားနေသော အကြောင်းအရာအချို့ကို ဝယ်ယူရန် စီစဉ်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ လူများက ဤအဖြစ်အပျက်ကို မေ့သွားကြမည်ပင်။

မှန်၏။ လူတိုင်းက နုံအနေသည်မဟုတ်။ ပေါင်ချန်းပင်က သူတို့ကို ယုံရန် အမှန်တကယ် မမျှော်လင့်ထားပေ။ ဤလှုပ်ရှားမှုက အမာခံပရိသတ်များကို အပြစ်တင်နိုင်မည့် အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်းပင်။

ယခု သူတို့တွင် အကြောင်းပြချက်ရှိလာ၍ သူတို့၏ ဖိနှိပ်ချုပ်ချယ်မှုများက ပြန်လည် ကြီးထွားလာခဲ့၏။ ရှန့်ချင်းအင်တာတိန်းမန့်ထိန်းချုပ်ရေးဌာန၏ အရည်အချင်းကို မေးခွန်းထုတ်ကာ တရားဝင်ပို့စ်အောက်တွင် အကောင့်သူခိုးကို ပြင်းပြင်းထန်ထန် ကျိန်ဆဲခဲ့သည်။ သူတို့က ထန်ထန်၏ ပို့စ်အပေါ် ဒေါသတကြီး မှတ်ချက်ပေးကြပြီး စိတ်ကျဉ်းမြောင်းလွန်းပြီး သူတို့အနုပညာရှင်ကို စိတ်မကောင်းဖြစ်စေသည့် ထိုပြောဆိုချက်မျိုး မပြုလုပ်သင့်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။ သူတို့၏ အရှက်မဲ့သော လုပ်ရပ်ကြောင့် ဘေးလူများပင် ကျန်းရှီကို စိတ်မသက်မသာနှင့် ရွံရှာစေခဲ့သည်။

ပေါင်ချန်းပင်က တစ်နာရီကြာအောင် ဖုန်းပြောခဲ့သည်။ တရားဝင်အကောင့်တွင် တင်ထားသည့် အဓိပ္ပါယ်က ပရိသတ်များကို လိမ်လည်လှည့်ဖြားရန်ဖြစ်သော်လည်း နယ်ပယ်ထဲရှိ လူများအတွက် သံချွန်များလိုပင်။ နည်းနည်းတွေးရုံနှင့် ဖြစ်ပျက်ခဲ့သမျှကို သိနိုင်၏။ ဤအရှုပ်အထွေးက သူတို့ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပြီး ဂုဏ်သတင်းကို တန်ဖိုးထားသော ထောက်ခံမှုများအားလုံးကို ဆုံးရှုံးစေပြီး ကြီးမားသောထိုးနှက်ချက်ဖြစ်စေခဲ့သည်။

မှန်၏။ ဤအရာက ထန်ထန်ရည်ရွယ်ထားသော ရလဒ်ပင်။

မိုးသောက်ကြယ်အင်တာတိန်းမန့်နှင့်ပတ်သက်၍။

ထန်ထန်က သတင်းပေးသူ၏ ဝေ့ပေါ်ပို့စ်မှ တည်ငြိမ်စွာ ထွက်ခဲ့သည်။ သူပြောင်းလာချိန်တွင် ပျက်နေသော ကားထဲ ထိုင်လျက်သားပင်။ ချောက်ကမ်းပါးပေါ်မှ ကားပြုတ်ကျမလာမီတွင် သူ၏ ယခင်ကမ္ဘာမှ ဆုလာဘ်ကို ရရှိခဲ့သည်။ ဆုပေးစနစ်က လူသားဆန်ပြီး ထိုအချိန်တွင် သူလိုအပ်ဆုံးအရာကို ရရှိကြောင်း သေချာစေသည်။

(ဂုဏ်ယူပါတယ် ၊ ရရှိထားသော အချိန်ရပ်တန့်ခွင့် (၃ ကြိမ်) မှ တစ်ကြိမ်ကို အသုံးပြုလိုက်ပါပြီ)

ထန်ထန်တစ်ယောက် အပြင်ဘက်မိုးကို ငေးကြည့်ရင်း သူ့အတွေးများ ပျံ့လွင့်နေခဲ့သည်။ ကျန်းရှီက အမှန်ကို ရက်စက်ကြမ်းကြုတ်ပြီး ပထမဦးစွာ ဘရိတ်များကို ဖျက်ဆီးခဲ့ပြီးနောက် သူ့မိဘများ အန္တရာယ်ကျရောက်နေသည့်အတွက် မူလပိုင်ရှင်အား မြို့ပြင်ရှိ အစွန်အဖျားဆုံး တောင်ပေါ်ခိုနားရာသို့ သွားပေးရန် ငိုယိုကာ တောင်းပန်ခဲ့သည်။ ယင်းနေ့က မိုးရွာနေ၏။ ဘရိတ်ချို့ယွင်းမှုကြောင့် တာယာချော်ပြီး မူလပိုင်ရှင်၏ ကားကို ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျစေခဲ့ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

မူရင်းကမ္ဘာတွင် ကျန်းရှီ၏ လိမ်လည်လှည့်ဖြားမှု၌ ပါဝင်ပတ်သက်သူများမှ တန်ပြန်ငြင်းခုံခြင်းမျိုးမရှိသောကြောင့် လူတိုင်းနီးပါး ယုံကြည်ခဲ့ကြသည်။ မူလပိုင်ရှင် ပျောက်ဆုံးသွားပြီးနောက် သူငယ်ချင်းအချို့နှင့် ရဲများက ရှာဖွေနေဆဲမှလွဲ၍ ထန်ထန်က သူ့ကလိမ်ကကျစ် အကြံအစည်များ ဖော်ထုတ်ခံထားရ၍ အရှက်တကွဲဖြစ်ပြီး အဝေးတွင် ပုန်းအောင်းသွားသည်ဟု ယုံကြည်ကြသည်။

တစ်ချိန်က စာငှက်ငယ်တစ်ကောင်ကို ရွှေရောင်ဖီးနစ်အဖြစ် ပျိုးထောင်ခဲ့သူက နောက်ဆုံးတွင် ချောက်ကမ်းပါးအောက်ခြေ၌ ကွယ်လွန်သွားခဲ့သည်။ တစ်ဖက်တွင် ကျန်းရှီက နောက်ပိုင်း ဆုပေးပွဲအခမ်းအနားတစ်ခု၌ ဇာတ်လိုက်ကုန်းများနှင့် ကြုံတွေ့ခဲ့ရပြီး သခင်ငယ်လေးတစ်စု၏ အထောက်အထားများကို သိရှိပြီးနောက် ရှိုးပွဲတစ်ခုတွင် တမင်တကာ ပေါ်လာခဲ့သည်။ သူတို့နှင့် ဆက်ဆံမည့်နည်းလမ်းများကို အသုံးပြုခဲ့ရာ အမျိုးသားသုံးဦးက ဤ "အပြစ်ကင်းသော" မင်းသားလေးကို တဖြည်းဖြည်း ချစ်လာကြသည်။

ဒါပေမဲ့...

မှန်၏၊ ထိုအရာက သူသေသွားလျှင် ဖြစ်မည့်အရာပင်။ ထန်ထန်က ခေါင်းငုံ့ပြီး ခပ်ယဲ့ယဲ့ ရယ်လိုက်၏။ မျက်မှန်ကို လက်တစ်ဖက်ဖြင့် တွန်းတင်ကာ မန်နေဂျာရုံးခန်းသို့ ဝင်သွားလိုက်သည်။

.....

တစ်ပတ်ကြာပြီးနောက်...

Bluetooth နားကြပ်များ ဝတ်ဆင်ထားသည့် ထန်ထန်က ကုန်ခြောက်အိတ်ကြီးနှစ်လုံးကို သယ်ဆောင်လာသည်။ တံခါးဘေးတွင် ရပ်လိုက်ပြီး ခပ်ဖျော့ဖျော့ နှုတ်ခမ်းများက ပညာရှင်ဆန်ဆန် အသုံးအနှုန်းများကို တီးတိုးရေရွတ်နေ၏။ အားလုံးစီစဉ်ပြီးသည်နှင့် ခြေရင်းတွင် အိတ်များကို ချထားပြီး စကားဝှက်ကို ရိုက်ထည့်လိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်ရာ ပြတင်းကာများက တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ကြောင်း သိလိုက်ရသည်။ နေ့ခင်းဘက်ဖြစ်သော်လည်း အခန်းက မည်းမှောင်နေ၏။ အဝတ်အစားများက ဆိုဖာနှင့် ကော်ဇောပေါ်တွင် ပြန့်ကျဲနေသည်။ အပေါ်ထပ်ရှိ အခန်းသုံးခန်းက တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ တံခါးဖွင့်သံက မောပန်းနွမ်းနယ်နေသော ဝံပုလွေသားပေါက်များကို မနှိုးနိုင်ပေ။

ထန်ထန် သက်ပြင်းချလိုက်ပြီး နောက်မှ တံခါးကိုပိတ်လိုက်၏။ သူ တိတ်တဆိတ် ဝင်သွားပြီး ပြတင်းကာကို ဖွင့်ရန် အဝေးထိန်းခလုတ်ကို သုံးလိုက်သည်။

နေရောင်ခြည်က အခန်းထဲကို ဝင်ရောက်လာပြီး အလင်းတန်းများနှင့် ပြည့်နှက်သွား၏။

ထန်ထန်က ယူလာသော ပစ္စည်းများကို ရေခဲသေတ္တာထဲသို့ သိမ်းဆည်းလိုက်သည်။ သူ့လှုပ်ရှားမှုများက နူးညံ့၏။ ခေါင်းငုံ့၍ တစ်ကြိမ်သာ ဝတ်ထားသော အဝတ်အစားများကို ကောက်ကိုင်လိုက်ပြီး အမျိုးအစားခွဲ၍ လျှော်ရမည့်အဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်လိုက်၏။ လျှော်မရဘဲ အခြောက်ခံသမားခေါ်ရမည့် အဝတ်များကိုတော့ အိတ်ထဲ ထည့်လိုက်သည်။

ကော်ဖီစားပွဲပေါ်ရှိ မဂ္ဂဇင်းများကို သပ်သပ်ရပ်ရပ် စီလိုက်ပြီး လက်ဆေးကာ နေ့လယ်စာ ပြင်ဆင်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အတန်းများ ပြည့်နှက်နေ၍ ကလေးသုံးဦးလုံး ပင်ပန်းနွမ်းနယ်နေကြကာ အိမ်ပြန်ရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားကြ၏။ သူတို့သည် ကြီးထွားနေဆဲကာလဖြစ်၍ ထန်ထန်က အာဟာရဖြည့်တင်းရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

မီးဖိုချောင်ထဲ၌။

ထန်ထန်က အခွံပျော့လိပ်ကို ကျွမ်းကျင်စွာ ခုတ်ထစ်ကာ လျင်မြန်စွာ ရေဆေး၍ အပြင်ဘက်အမြှေးပါးကို ဖယ်ထုတ်ပြီး အပိုင်းများကို ကျွမ်းကျင်စွာ ပိုင်းလိုက်သည်။

နွေးထွေးသော အလင်းတန်းများက ကျီစယ်နေသလိုမျိုး သူ့အပေါ်တွင် ဖြာကျလာသည်။ လူငယ်လေးက ဝါးလုံးကဲ့သို့ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေ၏။ ခါးသေးသေးလေးတွင် ရှေ့ဖုံးခါးစည်း ချည်ထားသည်။ စူးရှရှအသံများနှင့် အိုးထဲမှ ပွက်ပွက်ဆူညံသံများက လိုက်ဖက်ညီသော နွေးထွေးမှုကို ဖြစ်ပေါ်စေသည်။

ရနံ့က တံခါးအက်ကြောင်းများမှ ပျံ့လွင့်သွားပြီး နူးညံ့သောချိတ်တစ်ခုကဲ့သို့ သူတို့၏ နှာခေါင်းများကို ရစ်ပတ်ထားသည်။ ဝံပုလွေလေးသုံးကောင်က စားချင်စိတ်ကြောင့် နိုးလာခဲ့သည်။ သူတို့ အိပ်ရာမှထကာ အောက်ထပ်သို့ ခုန်ဆင်းသွားလိုက်ကြသည်။ ဖြစ်ပျက်သမျှကို လုံး၀ မသိလိုက်ခင် လူငယ်သုံးယောက်က မန်နေဂျာဖြစ်သူကို အရှက်မရှိ ဖက်ထားနေကြချေပြီ။

"မင်္ဂလာနံနက်ခင်းပါ ကောကော။"

မိန်းချန်ရီက သူ့ကို နောက်မှ ပွေ့ဖက်လိုက်ရာ ထန်ထန်ခမျာ လန့်သွားရ၏။ အရင်ဆုံးခွာပေးရန် တောင်းဆိုခါနီးအချိန်တွင် မိန်းချန်ရီက သူ့ခန္ဓာကိုယ်ပေါ်ရှိ ရနံ့များကို ရှူရှိုက်လိုက်ပြီး ချက်ချင်းပြန်ခွာသွားကာ သူတို့၏ 'ဆု' ကို မရသေးသော အခြားနှစ်ယောက်အတွက် နေရာပေးလိုက်၏။

မန်နေဂျာဖြစ်သူက ကျောက်ရုပ်လိုအမူအရာဖြင့် ယောက်မကို ကိုင်ထားပြီး ကြောင်အုပ်စုလိုက် ခုန်အုပ်ခံလိုက်ရသော တောနှံပင်လေးလိုပင်။

"ကောင်းပြီ၊ မင်းတို့တွေ မျက်နှာသစ်ပြီး သွားတိုက်ကြဦး။"

ထန်ထန်က သူတို့ကို ကူကယ်ရာမဲ့ မောင်းထုတ်လိုက်၏။

ဝံပုလွေသားပေါက်များက ပြုံးပြီး တုံ့ပြန်လိုက်သည်။ သူတို့က ရယ်မောရင်း ခေါင်းပြန်လှည့်သွားသော်လည်း လှေကားထစ်တစ်ဝက်တွင် ရပ်တန့်သွားခဲ့သည်။

ကောင်လေးများက ခေါင်းလှည့်ကာ ခါးစည်းဝတ်ထားသည့် ထန်ထန်ကို ကြည့်လိုက်ကြသည်။ အနာဂတ်တွင် ဤအခိုက်အတန့်ကို ပြန်လည်ဖန်တီးရမည်ဟု တွေးကာ ဤမြင်ကွင်းကို မှတ်တမ်းတင်ထားပြီး သူတို့၏ အကြည့်များက အနည်းငယ် နက်မှောင်သွားသည်။

အကောင်းဆုံးကတော့... အတွင်းမှာ အဝတ်မပါဘဲနဲ့ပေါ့...

....

ကောင်လေးသုံးဦးက ယခုအခါ ညအိပ်ဝတ်စုံများကို အိမ်နေရင်းဝတ်စုံများနှင့် လဲလှယ်လိုက်သည်။ ချင်းယွီ၏ ခေါင်းစွပ်အင်္ကျီမှ အနက်ရောင်ရော့ခ်စတား ခံစားချက်ကိုရနေပြီး ကလေးတစ်ယောက်ပမာ ဆိုးသွမ်းမည့်ပုံပင်။ ချီယန်၏ အနက်ရောင်ရှပ်အင်္ကျီက သူ့အသားအရေဖျော့ဖျော့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး နှုတ်ခမ်းများက နီရဲကာ ယုံကြည်မှုအပြည့်နှင့်။ ပုံမှန်အားကစားနယ်မြေ၏ အသည်းနှလုံးဖြစ်သည့် မိန်းချန်ရီက ကွင်းပြင်တွင် ပြေးလွှားနေသော လူငယ်လေးတစ်ဦးကို သတိရစေနိုင်မည့် အပြုံးလေးရှိနေ၏။

ထန်ထန်က သူ့ကောင်ငယ်လေးများ တကယ်ကြီးပြင်းလာပြီဟု ထင်ပြီး ကျေနပ်သွား၏။ သူက ခါးစည်းဝတ်ထားပြီး ပန်းကန်များကို စားပွဲပေါ်တင်ကာ ဗိုက်ဆာနေသော သားပေါက်လေးများကို လာစားရန် အမြန်ခေါ်လိုက်သည်။

မကြာသေးမီက အပြင်းအထန်လေ့ကျင့်မှုများအပြင် သူတို့အသက်အရွယ်က လူငယ်လေးများ စားနိုင်သောက်နိုင်သော အချိန်အပိုင်းအခြားဖြစ်၍ ထန်ထန်က အာဟာရဖြစ်စေရန် ဒီဇိုင်းထုတ်ထားသည့် ဟင်းခြောက်မျိုးကို တစ်ခါတည်း ပြင်ဆင်ခဲ့သည်။

ဟင်းပွဲများ ခင်းကျင်းထားသော စကျင်ကျောက်စားပွဲအလယ်တွင် လိပ်သားစွပ်ပြုတ်ရှိနေပြီး နူးညံ့သော အပူရှိန်ကြောင့် မွှေးရနံ့က လေထဲတွင် ပျံ့လွင့်နေသည်။

ဝံပုလွေသားပေါက်လေးသုံးကောင်က စားပွဲပေါ်ရှိ အနီရောင်သိုးသားကင်၊ လိပ်စွပ်ပြုတ်၊ ပင်လယ်ခရုနှင့် ပင်လယ်သခွားသီးတို့မှ ပြုလုပ်ထားသော နံရံပေါ်မှ ဗုဒ္ဓဘုရားကြွတော်မှုဟင်းလျာများကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

(T/N - နံရံပေါ်မှ ဗုဒ္ဓကြွတော်မူဆိုတာ ပင်လယ်ခရုနဲ့ ပင်လယ်သခွားသီးတို့နဲ့ အလှဆင်ထားတဲ့ ဟင်းလျာနာမည်ပါ။ တရုတ်လူမျိုးတွေက ဟင်းလျာနာမည်တွေကို အဲ့လို ထူးထူးဆန်းဆန်းတွေ ပေးလေ့ရှိပါတယ်။ ဟင်းလျာက ကောင်းလွန်းလို့ ဗုဒ္ဓတောင် မနေနိုင်ဘဲ ကြွလာတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။)

ရနံ့က မငြင်းဆန်နိုင်အောင် ဆွဲဆောင်မှုရှိနေပြီး အာဟာရကလည်း အစစ်အမှန်ပင်။

"မင်းတို့ ဘာကြည့်နေတာလဲ။"

ထန်ထန်က အစားအသောက်များကို သူတို့ရှေ့ ချထားလိုက်၏။

"ပူနေတုန်း စားလိုက်။ ဟင်းရည်များများသောက်။ ဒီနေ့နေ့လယ် အတန်းမရှိဘူးဆိုတော့ အိမ်မှာနေရင်း ကောင်းကောင်းအနားယူကြ။"

ကော... ခင်ဗျားကစားနေတာ အန္တရာယ်ရှိတဲ့ဂိမ်းဆိုတာ သဘောပေါက်ရဲ့လား...

ဝံပုလွေသားပေါက်လေးများက ထိုအရာကို အတည်မှတ်ယူလိုက်ကြ၏။

ဒီလိုပုံနဲ့သာ ဆက်သွားရင် ခင်ဗျားတော့ အိပ်ရာပေါ်မှာ သေတဲ့အထိ အဖာ့ခ်ခံရတော့မှာပဲ...

(ထန်ထန်ချက်ကျွေးတဲ့ အစားအစာတွေက အမျိုးသားတွေကို အားတိုးစေတဲ့ဟာတွေပါ 🌚)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment