no

Font
Theme

Chapter 10 - ဘယ်လောက်သည်းခံနိုင်တဲ့သူဖြစ်ဖြစ် ဒါကိုတော့ သည်းခံနိုင်မှာ မဟုတ်ဘူး...

"ငါ့ကို ကူညီပေးလို့ရမလား..."

ကျန်းရှီက ရှက်ရွံ့စွာ အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။

"ငါ ဇစ်ညှပ်သွားလို့ပါ..ကျေးဇူးပြုပြီးတော့..."

"မရဘူး။"

ကျန်းရှီ၏စကားမဆုံးခင် သခင်ငယ်လေးမိန်းဆီက မညှာမတာ အဖြေတစ်ခု ထွက်လာသည်။

ကျန်းရှီ၏ အသားအရောင်က မည်းမှောင်သွားသည်။ သူ့ဘောင်းဘီက တစ်ဝက်မျှကျသွားပြီး ဇစ်က ချည်သားအတွင်းခံပေါ် ဟလျက်သား။ ထိုအဟလေးကနေ ဆွဲဆောင်မှုရှိသော သူ့လိင်တံကို ဖျပ်ခနဲ မြင်နေရပြီး သူ့ရည်ရွယ်ချက်က ဘာဆိုသည်မှာ ရှင်း၏။

နေကာမျက်မှန်တပ်ထားသော မိန်းချန်ရီက တုံ့ဆိုင်းမှုအရိပ်အမြွက် တစ်ခုမျှပင် မရှိဘဲ ထွက်လာခဲ့သည်။

...

VIP ဧည့်ခန်းဆိုဖာပေါ်တွင် ထန်ထန်က မျက်လွှာချ၍ KFW ၏ အနာဂတ်အချိန်ဇယားကို သူ့မှတ်စုစာအုပ်ထဲတွင် သေချာစွာ စီစဉ်ပေးနေသည်။ သွယ်လျသော လက်ချောင်းများက ကီးဘုတ်ကို နှိပ်လိုက်ရာ ကလစ်နှိပ်သံများ ထွက်ပေါ်လာ၏။

မကြာခင်တွင် သခင်ငယ်လေးမိန်းက လေပြင်းတိုက်သလို ရောက်လာပြီး သူ့ဘေးမှာ ထိုင်ကာ ကျီစယ်သလို ပွေ့ဖက်လိုက်သည်။

"ကော...ကျွန်တော် သန့်စင်ခန်းထဲမှာ တဏာရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။”

သူက အလွန်နီးကပ်စွာ မှီလိုက်ရာ ပူနွေးသော အသက်ရှူသံက ထန်ထန်၏ နားရွက်ဆီသို့ တိုးဝင်လာသည်။

မန်နေဂျာလေးက နားရွက်ကိုပွတ်သပ်ပြီး ခေါင်းကို တွန်းထုတ်လိုက်၏။

"ဘာဖြစ်တာလဲ။"

မိန်းချန်ရီက တွန်းဖယ်ခံရခြင်းကို စိတ်မဆိုးဘဲ ဘေးသို့ ခေါင်းစောင်း၍ ထိုတဏာရူးအကြောင်း ချဲ့ကားပြောလိုက်သည်။

သူ့လို သခင်ငယ်လေးကို ဇစ်ကူတင်ပေးဖို့ တစ်ယောက်ယောက်က ဘယ်လိုတောင်မှ တောင်းဆိုနိုင်တာလဲ!

သူ့လေသံက ဒေါသအပြည့်နှင့် သူ့အပြစ်ကင်းစင်မှုအတွက် တိုက်ပွဲဝင်နေသလိုပင်။

ကျန်းရှီက ဤမျှအထိ သွားရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း ဘုရားသခင်သာ သိတော်မူသည်။ ထိုသို့သော လွန်ကဲသည့် လှည့်ဖြားမှုက ရဲရင့်လွန်းလှသည်။ သူက မိန်းချန်ရီဘက်မှ စိတ်ဝင်စားမှု အနည်းငယ်ပြရန်သာ ရိုးရိုးရှင်းရှင်း အလိုရှိပြီး သိမ်မွေ့သောနည်းလမ်းဖြင့် သူ့မန်နေဂျာကို ခေါ်ပေးရန် ကူညီခိုင်းလိုခြင်းပင်။

ထန်ထန်၏မျက်လုံးများက အနည်းငယ် ကွေးတက်သွားပြီး မိန်းချန်ရီ၏ဆံပင်များကို ဖွလိုက်ရာ ဝံပုလွေပေါက်လေးက အမြီးကို ပျော်ရွှင်စွာ ဝှေ့ယမ်းလိုက်၍ မျက်လုံးများ တောက်ပလာ၏။

သူတို့နှစ်ဦးကြားရှိ လေထုက ပွင့်လင်းမှုမရှိဘဲ ပတ်ပတ်လည်တွင် မမြင်နိုင်သော ပန်းရောင်ပူဖောင်းများ ဝဲလွင့်နေသည်။ ချီယန်က နားကြပ်တပ်ပြီး သီချင်းနားထောင်နေရာ ဖြစ်ပျက်နေသည်ကို သတိမထားမိလိုက်ပေ။ ချင်းယွီကမူ လက်ပိုက်ကျောမှီလျက် အနက်ရောင် ဘေ့စ်ဘောဦးထုပ်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသည်။ သူ့ခံစားချက်များကို ဖုံးကွယ်ထား သော်လည်း ပီကေကို အသေအကြေ ဝါးနေခြင်းကြောင့် သူ့မေးကြောကတော့ တင်းမာနေ၏။

သခင်ငယ်လေးချင်းက မနာလိုစိတ်ကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေသည်မှာ အထင်အရှားပင်။

လေယာဉ်ပေါ်တက်ပြီးနောက် သခင်ငယ်လေးချင်းက အခက်အခဲအားလုံးကို တွန်းလှန်ပြီး သူ့ကောကောအနားတွင် ထိုင်နိုင်ခဲ့သည်။ အခြားဝံပုလွေပေါက်နှစ်ကောင်က ထိုင်ခုံလုရန် ကြိုးစားရာတွင် မအောင်မြင်ဘဲ ရှေ့ဆုံးတန်းတွင် ထိုင်ကာ မကျေမနပ်ဖြစ်နေဟန်ပင်။

လေယာဉ်က မြေပြင်မှ ဝေးကွာသွားကာ ရွှီခနဲ မြည်သံနှင့် ပျံတက်သွားသည်။

ချင်းယွီက သူ့ကောကောကို စောင်ဖြင့် အုပ်ပြီး ထန်ထန်၏ အေးမြသွယ်လျသော လက်ကို ဆုပ်ကိုင်ရန် အခွင့်အရေးကို အမိအရယူလိုက်သည်။

သူတို့၏လက်ဖဝါးချင်း ချိတ်ဆက်ထားပြီး လက်ချောင်းများက ချောမွေ့စွာ တွဲယှက်နေ၏။ ချင်းယွီ၏လက်က ထန်ထန့်ထက် ပိုကြီးကာ နွေးထွေးနေ၍ အပူကူးပြောင်းလိုက်သလို တဖြည်းဖြည်းဖြင့် ထန်ထန်အား နှလုံးခုန်မြန်လာစေသည်။

အမျိုးသားက ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ အပြုံးမပျက်ဘဲ သူ့ဘက်သို့ လှည့်လိုက်သည်။ စောင်အောက်ရှိ လက်က ဆိုးသွမ်းစွာဖြင့် တန်ထန့်လက်ကို ညင်သာစွာ ပွတ်တိုက်ပေးပြီး ယားယံလာစေ၏။

သူက မျက်မှန်ကို ဖြုတ်ကာ နှာတံကို ဖိကိုင်လိုက်ရင်း စနောက်နေသော သခင်ငယ်လေးအား သူ့ညာလက်ကို ကိုင်ကာ စူးစမ်းရန် ခွင့်ပြုလိုက်သည်။

ခရီးက နာရီဝက်ကျော်သာကြာပြီး သူတို့သွားလိုရာခရီးကို ချက်ချင်းရောက်နိုင်၏။ ထန်ထန်က မျက်စိမှိတ်ပြီး ခဏအနားယူရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူ မျက်လုံးမှိတ်လိုက်သည်နှင့် နောက်ထိုင်ခုံရှိ ကျန်းရှီက ချိုမြိန်သောအသံလေးနှင့် ပေါင်ချန်းပင်အား စကားပြောလိုက်သည်ကို ကြားလိုက်ရ၏။

ဖျော်ဖြေရေးနယ်ပယ်ရှိ ဇာတ်လိုက်ရှို့ဖြစ်သည့် ကျန်းရှီက တောက်ပသော မျက်လုံးများ၊ သွားဖြူဖြူများနှင့် ပျားရည်ကဲ့သို့ ချိုသာသောအသံတို့ဖြင့် ချစ်စရာကောင်းသော အသွင်အပြင်များ ပိုင်ဆိုင်ထားသည်။ ချင်းယွီ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် ရှေ့တိုး၍ ဟာသများကို ပြောနေခဲ့သည်။

ဤအရာက ထန်ထန်အား အိပ်ပျော်ခြင်းမှ လုံးလုံးလျားလျား တားဆီးနိုင်ခဲ့သည်။

မန်နေဂျာလေးက မျက်မှောင်ကြုတ်သွားရာ ချင်းယွီက နောက်ကျောမှ ဟေးလားဝါးလား အော်ဟစ်ပြောဆိုသံကို စိတ်မရှည်တော့ပေ။ သူက တိုးတိုးလေးပြောလိုက်၏။

"ကော၊ ကျွန်တော် သူ့ကို အသံလျှော့ခိုင်းလိုက်မယ်။"

ချင်းယွီက ချက်ချင်းဆိုသလို အကောင်အထည်ဖော်လိုက်၏။ ကျန်းရှီဘက်သို့ လှည့်ကာ တိုးတိုးနေဟု ပြောတော့မည့်ဆဲဆဲ လက်ချင်းချိတ်ထားသော မန်နေဂျာလေးက သူ့ကို ဆိတ်ဆွဲလိုက်သည်။

ကျန်းရှီနှင့် သူတို့ဆက်ဆံရေးက အတော်လေး ရှုပ်ထွေး၏။ မန်နေဂျာနှင့် ကြယ်ပွင့်က ယခင်က ကွဲသွားခဲ့ပြီး ပြန်လည်ဆုံဆည်းချိန်တွင် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ နှစ်ဖက်ကြားရှိ ပကတိပဋိပက္ခများနှင့် KFW က သူ့တာဝန်ဖြစ်သည်ဟူသော အချက်ကြောင့် တစ်စုံတစ်ဦးအတွက် ယင်းအခြေအနေကို အသုံးချကာ ပြဿနာရှာရန် အခွင့်အလမ်းရှိလာနိုင်သည်။

"အဆင်ပြေပါတယ်။ ငါ မအိပ်ပါဘူး။"

ထန်ထန်က သူ့ကို ထိုင်ခုံဆီသို့ ပြန်ဆွဲလိုက်သည်။

ကျန်းရှီ၏မျက်လုံးများတွင် ဤမြင်ကွင်းက ချင်းယွီသည် သူနှင့်စကားပြောချင်သော်လည်း ထန်ထန်က ပြင်းပြင်းထန်ထန် တားမြစ်ထားပုံပင်။

ကျန်းရှီက နှုတ်ခမ်းများကို ဖိကိုက်ကာ အဆက်မပြတ် ဝင်နှောင့်ယှက်နေသော ထန်ထန်ကို ပို၍ပင် မနာလိုဖြစ်လာသည်။ ဆူးညှောင့်ခလုတ်ဖြစ်သည့် KFW ၏ မန်နေဂျာကို အမြန်ဖယ်ရှားရန် သူစဉ်းစားခဲ့သည်။ မန်နေဂျာအသစ်သာဆိုလျှင် သူ့အတွက် အောင်မြင်မှု အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်သည်။

ထိုသို့စိတ်ထဲတွေးကာ ကျန်းရှီက သူ့ဖုန်းထဲ တစ်ခုခုရေးပြီး ပေါင်ချန်းပင်ကို ပေးလိုက်၏။

ပေါင်ချန်းပင်က ကျန်းရှီဘေးတွင် ထိုင်နေသည်။ သူက ဖုန်းကို ငုံ့ကြည့်ကာ အောင်မြင်နိုင်ခြေကို တွေးတောပြီးနောက် ကျန်းရှီ၏ ရဲတင်းသော အစီအစဉ်ကို သဘောတူလိုက်သည်။

မန်နေဂျာ၏ သဘောတူညီချက်ဖြင့် ကျန်းရှီ၏ မျက်လုံးများမှာ လောဘဇောများဖြင့် တောက်ပနေသည်။ သူ့ရှေ့မှ ထိုင်ခုံများကို တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် မျက်လုံးကာကို ဝတ်ဆင်ကာ အိပ်မက်ထဲ မျောပါသွားသည်။

နောက်ကျောတွင် ထိုင်နေသော ဇာတ်လိုက်ရှို့က စိတ်ကူးယဉ်အတွေးထဲ နစ်မြုပ်နေသည်။ ထန်ထန်ဘက်တွင်မူ အရာအားလုံးက အတော်လေး ကွာခြား၏။ သခင်ငယ်လေးချင်းက သူ့ခြေထောက်ကို ဆိတ်ဆွဲခံရပြီးနောက် ထန်ထန့်ကြွက်သားများက တောင့်တင်းနေ၍ နှိပ်နယ်ပေးမည်ဟု အဆိုပြုလာခဲ့သည်။ သို့သော်လည်း အတော်ကြာ နှိပ်နယ်ပြီးနောက် ချင်းယွီ၏လက်များက ရည်ရွယ်ရာလမ်းကြောင်းမှ လွဲချော်သွားခဲ့သည်။

မန်နေဂျာလေး၏ လက်က တုန်ခါကာ မဂ္ဂဇင်းပင် ပြုတ်ကျလုနီးပါး။ သူက ခြေချိတ်ထိုင်လိုက်ပြီး ချင်းယွီ၏ လမ်းလွဲနေသော လက်များကို ချုပ်ကိုင်ကာ သတိပေးသည့် အကြည့်စူးစူးတစ်ချက် ကြည့်လိုက်သည်။

ချင်းယွီက မျက်လုံးပင့်ကာ သူ့လက်ကို ပြန်ဆုတ်လိုက်ပြီး စောင်အောက်ရှိ အသားချောင်းကို ဘောင်းဘီပေါ်မှတစ်ဆင့် ဆက်လက်ဆုပ်နယ်လိုက်သည်။

နူးညံ့သော အသားချောင်းလေးက တဖြည်းဖြည်း မာကျောလာသည်။ ချင်းယွီက အနားတိုး၍ အသက်ရှူသွင်းရင်း ထန်ထန်၏ နားရွက်နား ဖိကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကောကော၊ ကျွန်တော် သန့်စင်ခန်းသွားဖို့ အဖော်လိုက်ပေးမလား...ဟမ်?"

သူ့ရင်ဘတ်က သံလိုက်လိုအသံကြောင့် တုန်ခါသွားပြီး နောက်ဆုံးစကားလုံးကြောင့် ထန်ထန်မှာ နောက်သို့ လိုက်သွားလိုသော အရိပ်အမြွက်တို့ ထွက်ပေါ်လာသည်။

ထန်ထန်က နှလုံးသားထဲ တုန်ခါသွားသည်ကို ခံစားလိုက်ရသော်လည်း ကောင်‌လေး၏ တောင်းဆိုမှုကို ငြင်းဆန်ကာ သူ့နေရာတွင်သာ တည်ကြည်စွာ ကျန်နေခဲ့သည်။

ချင်းယွီက ထိုသို့ဖြစ်မည်ဟု မျှော်လင့်ထားပုံရပြီး ထပ်၍ ဖိအားမပေးတော့ချေ။

"ဒါဆို ကျွန်တော်ပဲ ကောကောကို ပြုစုပေးမယ်...”

သူက အောက်နှုတ်ခမ်းကို လျက်လိုက်ပြီး မန်နေဂျာလေး၏ လျှို့ဝှက်နေရာလေးကို အများမြင်ကွင်းအောက်တွင် ကျီစားရန် စိတ်အားထက်သန်နေပုံပင်။

ထန်ထန်က အတည်ကြီး ရှက်သွားပြီး သူ့အကြည့်ကို အမြန်ပြောင်းကာ ဖိတ်ခေါ်နေသော ကောင်လေး၏ နှုတ်ခမ်းများကို မကြည့်ဝံ့ပေ။

"ကောကော ရှက်နေတာလား။"

မန်နေဂျာ၏ ခုခံမှုကြောင့် ချင်းယွီက ရည်ရွယ်ချက်ရှိရှိ ပြုံးလိုက်ကာ မန်နေဂျာလေး၏ ဘောင်းဘီထဲသို့ လက်ဝင်၍ နူးညံ့သော လိင်တံလေးကို ပွတ်သပ်ကာ တင်းတင်းဆုပ်ကိုင်လိုက်သည်။

သူ့လက်ချောင်းများက အပေါက်ကြားထဲ လျှောကျသွားပြီး ထန်ထန်ထံမှ ညည်းညူသံ ထွက်လာ၏။ ယခုအချိန်တွင် ထန်ထန်က ချင်းယွီ၏ အဆင့်တက်လာမှုကို ငြင်းပယ်လိုသော်လည်း ပျော့ကွက်ရှိနေသော အနေအထားတွင် မန်နေဂျာလေးက ထင်ရှားသော လှုပ်ရှားမှုများကို ပြုမဝံ့ပေ။

ချင်းယီက အဆိုပြုသလို ရေရွတ်လိုက်သည်။

"ကျွန်တော်တို့ပြန်ရောက်တာနဲ့ ကောကောကို နည်းနည်းကိုက်မယ်..."

သူက “ကိုက်” ဆိုသော စကားလုံးကို အလေးပေးပြောဆိုကာ ထန်ထန်အား ဆန္ဒလှိုင်းတံပိုးများ ဖြစ်စေလိုက်သည်။ ထန်ထန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်နှာကို စားပွဲသေးလေးထဲ မြှုပ်နှံလိုက်ကာ ထိရှလွယ်နေရာလေးမှ ဖြတ်လာသော လှိုင်းလုံးကြီးလို သာယာမှုကို သည်းခံလိုက်ရ၏။

"ဟယ်လို၊ လူကြီးမင်း တစ်ခုခုများ သောက်ချင်ပါသလား။"

လေယာဉ်မယ်က လှည်းကို တွန်းပြီး ညင်သာစွာ မေးလိုက်သည်။

မန်နေဂျာလေး၏ တောင့်တင်းမှုကို ခံစားလိုက်ရသဖြင့် ချင်းယွီက ပြုံးကာ ပြောလိုက်၏။

"ကျွန်တော် နို့လက်ဖက်ရည် လိုချင်ပါတယ်။"

သူ့လက်ချောင်းထိပ်များက အသားမာများဖြင့် အနည်းငယ် ကြမ်းတမ်းနေကာ လိင်တံကို ကျွမ်းကျင်စွာ လှုံ့ဆော်ပေး၍ အကြိုသုက်ရည်များ ထွက်လာစေ၏။

နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်အောက်ပိုင်းကို စောင်ခြုံထားရာ ချင်းယွီက ခြေထောက်များကို တမင်သက်သက် ပင့်ထားလိုက်သဖြင့် လေယာဉ်မယ်က လွဲမှားနေသည်ကို သတိပြုမိခြင်းမရှိပေ။

"တောင်းပန်ပါတယ်။ ကျွန်မတို့မှာ နို့လက်ဖက်ရည် မရှိပါဘူး။"

"အို..သိပါပြီ..."

ချင်းယွီ၏အသံက စိတ်ပျက်မှုအပြည့်နှင့်။ တဆတ်ဆတ်တုန်နေသော အသားချောင်းကို ဆက်လက်ဆုပ်ကိုင်ထားကာ အရှိန်နှင့် အားကို တိုးလိုက်သည်။

အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ...

လှုပ်ရှားမှုတိုင်းမှာ သာယာမှုများက စုစည်းလာပြီး ထန်ထန့်နှလုံးက ရင်ဘတ်ထဲမှ ပေါက်ကွဲ‌တော့မတတ် ခုန်ပေါက်သွား၏။ အသက်ရှူသံက တိမ်ဝင်လာပြီး အထွတ်အထိပ်သို့ ရောက်နေချေပြီ။ သူက ပြတင်းပေါက်ဆီသို့ ခေါင်းလှည့်ကာ တင်းကျပ်စွာ လက်သီးဆုပ်ထား၏။

"ဆရာ၊ တခြားတစ်ခုခုများ လိုချင်လို့လား။"

ချင်းယွီ၏ ပူနွေးသော လက်ဖဝါးဖြင့် အဖိခံထားရသော သူ့လိင်တံလေးက အတန်ငယ် တုန်ရီသွားကာ မန်နေဂျာလေး၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူ သာယာမှုအပြည့်နှင့် အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီ။

သူ့လက်ဖဝါးက ပူနွေးပြီး စေးကပ်ကပ် အရည်များနှင့် စိုစွတ်နေချိန် ချင်းယွီက ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော် နို့တစ်ခွက် လိုချင်တယ်...ချက်ချင်းကြီး အာသီသဖြစ်လာလို့..."

ထို့နောက် သူတောင်းဆိုသည့်အတိုင်း နွားနို့စစ်စစ်တစ်ခွက်ကို ရခဲ့၏။ လေယာဉ်မယ် ထွက်သွားပြီးသည်နှင့် မန်နေဂျာလေးက ခေါင်းလှည့်၍ နီရဲကာ ဆွဲဆောင်မှုရှိသော မျက်လုံးများနှင့် သခင်ငယ်လေးချင်းအား ကြည့်လိုက်သည်။

ဤအကြည့်က ချင်းယွီ၏ လိင်တံကို အပြင်းအထန် လှုပ်ရှားသွားစေ၏။

သူက စေးကပ်နေသော အရည်များဖြင့် ဖုံးထားသော သူ့လက်ကို ဆွဲယူကာ သူ့နှုတ်ခမ်းနား တိုးကပ်လိုက်သည်။

ထန်ထန်မှာ အလွန်အမင်း ရှက်ရွံ့သွားသည်။

အသန့်ကြိုက်သူတိုင်း ဒါကို သည်းခံနိုင်မှာမဟုတ်ပေ!

သူ မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ ထိတ်လန့်သွားသည်။

ထို့နောက် ဝံပုလွေပေါက်လေး၏ သွယ်လျလျ လက်က သူ့နှုတ်ခမ်းဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူက အနံ့ခံလိုက်ပြီး ကြက်သွေးရောင်လျှာက ခရင်မ်ဖြူလိုအနှစ်ကို လျက်လိုက်၏။

မန်နေဂျာ၏ ဦးခေါင်းက ပွက်ပွက်ဆူနေသော ရေနွေးအိုးကဲ့သို့ အပူများထွက်လာခဲ့သည်။

လေယာဉ်ပေါ်မှဆင်းပြီးနောက် ထန်ထန်က အလျင်စလို ထွက်ပြေးခဲ့ပြီး ရှိုးပွဲထုတ်လုပ်ရေး ဗန်ကားထဲသို့ ပုန်းကွယ်လိုက်သည်။

မိန်းချန်ရီနှင့် ချီယန်တို့က အကြည့်ချင်းဖလှယ်ကာ ချင်းယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းတို့ ငါ့ကိုဘာကြည့်နေတာလဲ။"

ချင်းယွီ၏ နှုတ်ခမ်းများက ပြုံးနေပြီး ကျေနပ်မှုအားရမှုတစ်ခု ပေါ်လွင်နေသည်။

"သားရဲကောင်။"

သားရဲကောင်မဖြစ်လိုက်ရသော သားပေါက်နှစ်ကောင်က သူ့ကို စွပ်စွဲလာကြသည်။

ချင်းယွီက နှာရှုံ့၍ ထွက်ခွာသွား၏။ သူ့ကောကောကို အောင်မြင်စွာ စနောက်ပြီးနောက် အခြားချဉ်စော်နံနေသော လူနှစ်ယောက်ကို ဂရုမစိုက်တော့ပေ။

....

ရှိုးထုတ်လုပ်ရေးဗန်ကားမှာ ခရီးစဉ်တစ်ခုလုံးကို ထင်ရှားစွာ မှတ်တမ်းတင်ရန်အတွက် ကင်မရာများ တပ်ဆင်ထားသော ဘတ်စ်ကားကြီးဖြစ်သည်။ အစပိုင်းတွင် ကျန်းရှီက ချိုမြိန်၍ ဆွဲဆောင်မှုရှိပြီး အပြစ်ကင်းသော အပြုံးနှင့် ပုံမှန်အတိုင်း ကလူရန် ကြိုးစားနေသေးသည်။ သို့သော် ဘတ်စ်ကားက လမ်းကျဉ်းလေးထဲကို ဝင်လိုက်သည်နှင့် လူတိုင်းကို မြောက်တက်သွားစေပြီး လမ်းကြမ်းစွန့်စားခန်းအဖြစ် ပြောင်းလဲသွားကာ အာကာသထဲ ပျံတက်တော့မလိုပင်။ ကျန်းရှီမှာ သူ့အပြုံးကို မထိန်းနိုင်တော့ချေ။

ရှေ့တိုးနောက်ဆုတ် လှုပ်ယမ်းလိုက်တိုင်း လူတိုင်းက တောင့်တင်းပြီး လေဖြတ်သွားတော့မည့်နှယ်။

နောက်ဆုံးတွင် လိုရာခရီးကို ရောက်လာ၍ အားလုံး၏ ကိုယ်တွင်းအင်္ဂါများ နေရာတကျ ပြန်ဖြစ်သွားကာ သက်ပြင်းချခဲ့ကြသည်။

နွေရာသီရောက်လုနီးပါးဖြစ်နေ၍ တောက်ပသော နေရောင်က စိမ်းလန်းသော လယ်ကွင်းများကို တောက်ပစွာ လွှမ်းခြုံထားသည်။

တောင်များနှင့် မြစ်များကြားတွင် တည်ရှိသဖြင့် လေထုက ကြည်လင်နေသည်။

လေပြည်တိုက်ခတ်လာသည်နှင့်အမျှ ခရီးဆောင်အိတ်ကြီးအိတ်ငယ်များနှင့် အပြင်ဘက်တွင် တန်းစီနေကြ‌သည်။ သခင်ငယ်လေးများ၏ အကြည့်များက ဦးတည်ရာတစ်ခုဆီသို့ ရောက်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ထန်ထန်တစ်ယောက် ဖိန်းကျယ်မောင်း၏ပြောစကားများကို ပြန်တွေးမိသွား၏။

"ကျန်းရှီက variety show မှာ ပါဝင်လိမ့်မယ်။ အစီအစဉ်အရတော့ မင်းတို့အတူတူ villa တစ်ခုတည်းမှာ နေရလိမ့်မယ်။”

မန်နေဂျာလေးက အတွေးနွံထဲ နစ်သွားလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment