Chapter 2.1 - ကော... ခင်ဗျားတော့ အိပ်ယာပေါ်မှာ သေအောင်ဖာ့ခ်ခံရတော့မယ်...
ထန်ထန်က တည်ငြိမ်စွာ စိတ်ထိန်းလိုက်၏။ လက်ထောက်ဖြစ်သူကို စကားနည်းနည်းပြောပြီး သခင်ငယ်လေးများကို နူးညံ့စွာ ပြောလိုက်သည်။
"အဆိုပြုချက်ကို အရင်ကြည့်ထားလိုက်။ ပြီးမှ မင်းတို့ကို တိုက်ခန်းဆီ မောင်းပို့ပေးမယ်။"
"ဟုတ်ကဲ့။"
ထန်ထန်က ပစ္စည်းများကို ချပြီး လက်ထောက်ကို ခေါင်းညိတ်ပြကာ ထထွက်သွားလိုက်၏။ သူ့ခေါင်းမှ ခြေဖျားထိ လျက်ချင်နေသည့် ဝံပုလွေလို အကြည့်များကို လုံးဝ သတိမထားမိချေ။
တံခါးပိတ်သွားသည်နှင့် ချင်းယွီက အကြည့်ပြန်ရုပ်လိုက်ပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
“ငါ သူ့ကို ဖာ့ခ်ချင်လိုက်တာ။”
ချီယန်က မန်နေဂျာ၏ ပြီးပြည့်စုံသော ကိုယ်လုံးလေးကို တွေးကာ မျက်စိမှေးထားလိုက်သည်။ သူက တိုးတိုးလေး ရယ်လိုက်၏။
"ငါရောပဲ။"
"အဲ့ဒီခြေထောက်တွေ၊ ငါ့ကောင်ရေ။"
မိန်းချန်ရီက မျက်နှာမော့လိုက်ရာ ပါပီမျက်လုံးလေးများက စူးစူးရှရှ တောက်ပနေပြီး အတွင်းစိတ်မှ တပ်မက်မှုတို့ ပေါ်လွင်နေ၏။
"သူ့ကို ဖာ့ခ်နေမဲ့အချိန်ဆို ငါ့ခါးမှာ ခြေထောက်နှစ်ချောင်း ချိတ်ထားရင် အရမ်းမိုက်သလို ခံစားရမှာပဲ။"
တံခါးအပြင်ဘက်တွင် လက်ထောက်က စိတ်ရှုပ်ထွေးစွာ ဒေါသတကြီး ရေရွတ်နေ၏။
"ထန်ကော၊ အဲ့ဒီကောက်ကျစ်တဲ့ လူယုတ်မာ ကျန်းရှီက စိတ်မမှန်တာလား...ဘာလဲ၊ ကျွန်တော် ဒီနယ်ပယ်ထဲမှာ နှစ်အတော်ကြာနေခဲ့ပြီဆိုပေမဲ့ အမှန်ကို လိမ်ပြောတတ်တဲ့ အနုပညာရှင်ကို တစ်ခါမှ မတွေ့ဖူးဘူး။"
လက်ထောက်က ပိုတွေးလေလေ ဒေါသပိုထွက်လေလေပင်။
"ထန်ကော၊ ကော သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တာ မဟုတ်ဘူးလား၊ သေစမ်းကွာ!"
သူက တံတွေးထွေးလိုက်သည်။
"ဘယ်လိုချီးထုပ်မျိုးလဲ။"
ကျန်းရှီ၏ ဝေ့ပေါ်ပို့စ်ကို ကြည့်ရှုနေစဉ် ထန်ထန်က မျက်လွှာချလိုက်သည်။
ကျန်းရှီက မိုးသောက်ကြယ်အင်တာတိန်းမန့်နှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ သူ့အေဂျင်စီဟောင်းက သူ့ကို ကောင်းကောင်းဆက်ဆံခဲ့၏။ ငါးနှစ်သက်တမ်းမတိုင်မှီ စာချုပ်ကို ဖောက်ဖျက်ခဲ့သည့် ကျန်းရှီက လူအများအမြင်တွင် ကျေးဇူးကန်းသည့်ပုံပေါက်ခဲ့သည်။ ဆင်ခြင်တုံတရားရှိသော ပရိသတ်အချို့က နားမလည်နိုင်သော သူ့ပြောင်းလဲမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို စတင်ပြောဆိုလာကြသည်။
ကျန်းရှီက ထိုအရာကို ကောင်းကောင်းသိသော်လည်း စိတ်ပူပုံမပေါ်။ ဆက်ဖတ်ရင်း ထန်ထန်၏ အကြည့်က အနည်းငယ် မှောင်လာသည်။
ကျန်းရှီ၏ပို့စ်- အခုနောက်ပိုင်းမှာ ငါ စာချုပ် ဘာကြောင့် ဖောက်ဖျက်ရလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ထင်ကြေးပေးတာတွေ အများကြီးရှိခဲ့တယ်။ အစကတော့ နှစ်ဖက်စလုံးအတွက် သိက္ခာထိန်းဖို့ ပြဿနာကို သီးသန့်ထားချင်ခဲ့တာ။ ဒါပေမဲ့ ငါ့ကို ကျေးဇူးမသိတတ်ဘူးလို့ စွပ်စွဲသူတွေကို သည်းမခံနိုင်တော့ဘူး။ [ဝမ်းနည်းစရာပုံ]
မိုးသောက်ကြယ်အင်တာတိန်းမန့်က ငါ့အရင်မန်နေဂျာ ထန်ထန်က သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတာ။ အရင်းအမြစ်အတွက် ငါ့စည်းမျဉ်းတွေကို အလျှော့အတင်းလုပ်ပြီး သူနဲ့အတူ အိပ်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တာ။ ငါ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာတောင် သူက ငါ့ဆီကို ဖိတ်စာတွေကို ခဏခဏ ပို့ပြီး နှောင့်ယှက်ခဲ့တယ်။ [ပုံ]
ဓာတ်ပုံမှာ ကျန်းရှီက ရုပ်ရှင်ဇာတ်ညွှန်းကို အဘယ်ကြောင့် ပယ်ချခံရသည်ကို မေးမြန်းခဲ့စဉ်တုန်းက ထန်ထန်က မဖြစ်နိုင်ကြောင်း အေးစက်စွာ အသိပေးခဲ့သည့် သူတို့စကားဝိုင်းကို screenshots ရိုက်ထားသောပုံပင်။
ထိုစကားဝိုင်းမှ အကောင်းဆုံးကို ရွေးယူထားပြီး ကျန်းရှီ၏ သရုပ်ဆောင်စွမ်းရည်အပေါ် ထန်ထန်၏ ဝေဖန်ချက်နှင့် သူ့ပရိသတ်များကို ဓားအဖြစ် အသုံးပြုမည့် အစီအစဉ်ကို ဆန့်ကျင်သည့် သတိပေးချက်ကို ချန်လပ်ထားခဲ့သည်။ ကျန်းရှီ၏ ကောင်းကျိုးအတွက် သူပြောသမျှကို ဖျက်ပစ်ခဲ့ပြီး ပိုတင်းကျပ်သော ငြင်းဆန်မှုများသာ ဖော်ပြထား၏။
ထန်ထန်တစ်ယောက် မှတ်ချက်ကဏ္ဍက ပရမ်းပတာနေရာအဖြစ်သို့ ပြောင်းလဲသွားသည်ကို စိတ်ကူးနှင့်ပင် သိနိုင်နေပြီ။ သူကြည့်ရန် ကလစ်နှိပ်လိုက်သည်နှင့် သေချာသွား၏။ ယုတ်ညံ့သော ဘာသာစကားမျိုးစုံနှင့် လူပင်လယ်ကြီးက သူ့ဝေ့ပေါ်တွင် ကျိန်ဆဲနေပြီး ဆန္ဒပြနေကြ၏။
ကျန်းရှီက သူ့ပရိသတ်များကို ကြိုးကိုင်ရန် ဤအစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။ ယခုအခါ မိုးသောက်ကြယ်အင်တာတိန်းမန့်နှင့် အဆက်အသွယ်ဖြတ်ခြင်းက သူတို့အချစ်ဆုံး အနုပညာရှင်အတွက် မတရားခြင်းမျိုးမဟုတ်ဟု ပရိသတ်အားလုံးက ယုံကြည်နေကြပြီ။ သူတို့၏ ကိုယ်ချင်းစာစိတ်ကို အယ်လ်ဘမ်များပေါ် ဖြန့်ကျက်ပြီး သူ့သီချင်းများကို လွှင့်တင်ကာ ကျန်းရှီ၏ အယ်လ်ဘမ်အသစ်ရောင်းအားကို အထွတ်အထိပ်သို့ ရောက်စေခဲ့၏။ ကျန်းရှီက Golden X ဆုကို ရရှိပြီး ကော်ဇောနီပေါ်တွင် ဇာတ်လိုက်ကုန်းများနှင့် တွေ့ဆုံခွင့်ရသည့် ဇာတ်ကွက်အတွက် ဇာတ်ခုံနေရာ သတ်မှတ်ပေးခဲ့သည်။
ကျန်းရှီက ဘာလို့ ဒီလောက်တောင် သတ္တိရှိရတာလဲ...
ထန်ထန်က ဝေ့ပေါ်ထဲ ဝင်လိုက်၏။ သူက ညစ်ညမ်းစကားလုံးများနှင့် စော်ကားမှုများ ပြည့်လျှံနေသော တိုက်ရိုက်မက်ဆေ့ချ်များကို မစစ်ဆေးဘဲ စာတင်ရန် စောင့်ဆိုင်းခဲ့သည်။ သူပြင်ဆင်ထားသည့် အချက်အလက်များကို တင်ရန် အရှိန်အဟုန်ဖြင့် စာရိုက်ခဲ့သည်။
ကျန်းရှီက သူသေသွားပြီလို့ထင်ခဲ့တာ ဖြစ်နိုင်တာပဲ...
ရှန့်ချင်းအင်တာတိန်းမန့်...
မန်နေဂျာရုံးခန်းတွင် အနုစိတ် ဝတ်စားဆင်ယင်ထားသည့် လူငယ်တစ်ဦးက ဆိုဖာပေါ် ထိုင်ကာ သူ့ပရိသတ်များက ထန်ထန်အား မုန်းတီးရိုင်းစိုင်းသော စကားလုံးများဖြင့် ပြောဆိုနေသည်ကို ကြည့်နေ၏။ တစ်ချိန်က အပြစ်ကင်းစင်ပြီး နှစ်သက်ဖွယ်ကောင်းသော ကလေးမျက်နှာတွင် ခပ်ညစ်ညစ်မျဉ်းကွေးတစ်ခုက စွန်းထင်းသွားသည်။
"ဒီနည်းလမ်းက အန္တရာယ်များလွန်းတယ်မဟုတ်လား။"
ဝါရင့်မန်နေဂျာက သူ့စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး စိုးရိမ်ပူပန်မှုနှင့်အတူ သူ့အသံက ဆို့နင့်နေသည်။
"သူ့မှာ ပြောစကားတွေကို screenshot ရိုက်တတ်တဲ့ အလေ့အကျင့်ရှိနေရင်ရော။ အဲ့ဒီစကားတွေ ပေါက်ကြားသွားရင် အရာအားလုံး ပျက်စီးသွားမှာ...”
"အဲ့လိုဟာမျိုး မရှိဘူး။"
ကျန်းရှီ၏ တုံ့ပြန်မှုက ယုံကြည်ချက်အပြည့်နှင့်။ သူ ခေါင်းငုံ့ကာ ရွှင်လန်းတက်ကြွဖွယ်သံစဉ်ကို အသာအယာတီးခေါက်ရင်း ငွေ့ရည်ဖွဲ့နေသော မျက်လုံးများထဲ ကောက်ကျစ်ယုတ်မာမှုများ ပေါ်လွင်နေသည်။
သူ့အလောင်းက အကုန်မီးလောင်သွားတာ ဖြစ်နိုင်တယ် မဟုတ်လား...
ကျန်းရှီတစ်ယောက် ထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုပျော်လေလေပင်။ အချိန်အတော်ကြာအောင် ချည်နှောင်ထားခဲ့သော သံကြိုးများက နောက်ဆုံးတွင် ပြတ်သွားသည်ဟု သူ ခံစားလိုက်ရသည်။
ထိုအချိန်က ထန်ထန်က သူ့ကို ကုမ္ပဏီမှ ကယ်ထုတ်ခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထိုအချိန်တွင် မန်နေဂျာထန်က နာမည်ကျော်အော်ပရာအဆိုတော်ကို ကြယ်ပွင့်အဖြစ် လမ်းညွှန်ခဲ့ပြီးဖြစ်သည်။ သူ၏ ဆင်းရဲနွမ်းပါးသောအခြေအနေနှင့် နှိုင်းယှဉ်ပါက မန်နေဂျာထန်၏ အောင်မြင်မှုများမှာ တောက်ပစွာ ထွန်းလင်းနေသည်။
ကျန်းရှီအတွက် ထန်ထန်က ကယ်တင်ရှင်မဟုတ်သော်လည်း သူ့ဆိုးရွာမှုများ၏ မျက်မြင်သက်သေပင်။ ကျန်းရှီက သန့်စင်သော သူ့မျက်နှာကြောင့် ဖြစ်ခဲ့သည့် အတိတ်က အားနည်းချက်နှင့် အရေးမပါမှုများကို မကြာခဏ အမှတ်ရနေခဲ့သည်။ ထို့အပြင် ထန်ထန်က သူ့အား အတွင်းစည်းဝေးပွဲများသို့ လအတန်ကြာ တက်ရောက်ခြင်းမပြုရန် တားမြစ်ခဲ့၍ ကျန်းရှီအား စိတ်ပျက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းက ထိပ်ဆုံးအမှတ်သို့ ရောက်သွားခဲ့၏။
ယခုတွင် ကုမ္ပဏီပြောင်းရန် ရှန့်ချင်းအင်တာတိန်းမန့်မှ ကမ်းလှမ်းမှုနှင့်အတူ ကျန်းရှီက ကျော်ကြားမှုအသစ်နှင့် အခွင့်အလမ်းကို မြင်ခဲ့သည်။ အသုံးမဝင်တော့သည့် ထန်ထန်ကို သူ့ဘဝ၏ ဆိုးဝါးမှုများနှင့်အတူ မြှုပ်နှံထားလိုက်သင့်သည်။
ပေါင်ချန်းပင်ခမျာ သူ့အနုပညာရှင်၏ ယုံကြည်မှုရှိသော အပြုအမူကို သတိပြုမိသွားသည်။ ကျန်းရှီ၏ လက်ရှိအစီအစဉ်များက မယုံနိုင်လောက်အောင် အန္တရာယ်များ၏။ သူအမှားလုပ်မိလျှင် ဤအစွန်းအထင်းများကို ဆေးကြောရန်ပင် ခက်လိမ့်မည်။ ပေါင်ချန်းပင်က ဤလုပ်ရပ်ကို ကနဦးတွင် အတည်ပြုခြင်းမရှိခဲ့ပေ။
ဒါပေမဲ့ ကျန်းရှီက ဘယ်သူ့ကိုမှ သတင်းမပေးဘဲ ဝေ့ပေါ်တွင် တင်လိုက်မယ်လို့ ဘယ်သူက ကြိုမြင်မှာလဲ... အခုတော့ ပို့စ်ကို ဖျက်ဖို့ အရမ်းနောက်ကျသွားပြီ...
"သူ့မှာ ဘာအထောက်အထားမှ မရှိမှန်း မင်းဘယ်လိုသေချာသိမှာလဲ။"
ပေါင်ချန်းပင်က အသက်ပြင်းပြင်းရှူလိုက်၏။
"သူ့မှာ screenshot ဓာတ်ပုံတွေ ဒါမှမဟုတ် တခြားအထောက်အထားတွေရှိနေရင် ဒါက မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်ဆိုတာ သဘောပေါက်လား"
ကျန်းရှီက သူ့ကို မကြည့်ဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်တော်က ထောင်ချောက်ထဲ လျှောက်သွားနေတာ မဟုတ်ဘူး"
ကျန်းရှီ၏ ယုံကြည်ချက်မှုအပြည့်နှင့် မှတ်ချက်က ပေါင်ချန်းပင်၏စိတ်ကို အနည်းငယ် သက်သာရာရစေသည်။ ကျန်းရှီက ထိုမန်နေဂျာဟောင်းကို စက်ဆုပ်ရွံရှာကြောင်း သူသိပြီး တိုက်ဆိုင်စွာပင် သူသည်လည်း ဤနယ်ပယ်တွင် နာမည်ကြီးလာသည့် ကြယ်ပွင့်ကို မုန်းတီးခဲ့သည်။ ကျန်းရှီက သူနှင့် မဆွေးနွေးဘဲ ထိုကဲ့သို့ ဝေ့ပေါ်ပို့စ်တင်ရန် ဆုံးဖြတ်ချက်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသော်လည်း အမှန်တကယ်တွင် ကိစ္စကောင်းဖြစ်နိုင်၏။ စီနီယာတစ်ဦးအနေဖြင့် သူက ထိုစိတ်ကြီးဝင်နေသော "ဒဏ္ဍာရီလာ ပုဂ္ဂိုလ်" ကို ပညာပေးရန် သွေးဆောင်ခံခဲ့ရသည်။
နှစ်ဦးသားက အနာဂတ်ဂီတနယ်ပယ်၏ နှင်းဆီရောင်ပုံရိပ်များကို မြင်ယောင်ရင်း တွေးနေစဉ် ပေါင်ချန်းပင်၏ ရုံးစားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် အသံကျယ်ကြီးနှင့် ထမြည်လာပြီး အတောမသတ်နိုင်သော အတွေးများကို ပျောက်ကွယ်သွားစေ၏။
ပေါင်ချန်းပင်က အဝင်ခေါ်ဆိုမှုများကို တစ်ချက်ကြည့်လိုက်ပြီး ခေါ်ဆိုသူအမည်များကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်း သူ့အမူအရာက ဆိုးရွားသွားခဲ့၏။ သူ့နဖူးထက် ချွေးအေးများ ထွက်လာပြီး ဖုန်းတစ်ဖက်မှလူကို လျင်မြန်စွာ တောင်းပန်လိုက်သည်။
ကျန်းရှီမှာ နစ်မြုပ်သွားသလို ခံစားချက်ကို ခံစားလိုက်ရပြီး နှလုံးခုန်မြန်လာသည်။ သို့တိုင် သူ့ကိုယ်သူ ထပ်ခါတလဲလဲ အားပေးလိုက်သည်။
မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး...
ထန်ထန်၏ကားက ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ပြီး ကျန်းရှီ၏ နောက်ကွယ်မှ ကြိုးကိုင်သည့် မျက်မြင်သက်သေများက ချောက်ကမ်းပါးနားမှ ကားကျသွားသည်ကို မြင်တွေ့ခဲ့ရပြီး မန်နေဂျာထန်က ကုမ္ပဏီတွင် ငါးရက်တိုင်တိုင် မပေါ်လာကြောင်း ထွက်ဆိုခဲ့သည်။ မည်သည့် အထောက်အထားမှ ပေါ်ထွက်နိုင်မည် မဟုတ်။
ထိုအချိန်တွင် ထန်ထန် ခွင့်ယူသည့်နေ့ဖြစ်၍ ကျန်းရှီက ၎င်းအား လျှို့ဝှက်ထားရန် စီအီးအိုကို ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့၏။ ထန်ထန်က အရသာရှိသော ငါးကိုသာ မြင်ခဲ့ပြီး သူ့ကို ကိုက်ရန် စောင့်နေသော သားကောင်ကို မမြင်ခဲ့ချေ။
"ဘာတွေဖြစ်နေတာလဲ။"
ကျန်းရှီက ပေါင်ချန်းပင် ဖုန်းချလိုက်ချိန်တွင် စိုးရိမ်တကြီး မေးလိုက်၏။
"ဘာတွေဖြစ်နေတာလဲ။"
ပေါင်ချန်းပင်၏ မျက်နှာက မှင်ကဲ့သို့ မည်းမှောင်သွားသည်။ ငတုံးဖြစ်သူ ကျန်းရှီကို ဆူပူကြိမ်းမောင်းလိုစိတ်ဖြင့် သူ့ရင်ဘတ်က တုန်နေ၏။ ထိန်းချုပ်ထားသော်လည်း သူ့နှုတ်ခမ်းထက် ဆဲဆိုကြိမ်းမောင်းလိုစိတ်များ ဝဲနေသည်။
ပေါင်ချန်းပင်က သက်ပြင်းချလိုက်၏။
“ဝေ့ပေါ်မှာ သွားကြည့်လိုက်။”
ကျန်းရှီထံတွင် ထူးဆန်းသော ခံစားချက်က ပိုပြင်းထန်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထန်ထန်၏ ပရိုဖိုင်ကို ဖွင့်ရန် အပြေးအလွှား လုပ်နေစဉ် သူ့လက်များက တုန်ရီနေသည်။
ထန်ထန်က တင်ထား၏- "ကျွန်တော် ဒီလုပ်ငန်းမှာ လေးနှစ်ကြာနေပြီး ကျန်းရှီကို နှစ်နှစ်လောက် စီမံခန့်ခွဲခဲ့တယ်။ ကျွန်တော့်ရဲ့ အသိစိတ်က ရှင်းလင်းတယ်လို့ ရိုးရိုးသားသား ပြောနိုင်ပါတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်တဲ့ ကောလာဟလတွေအတွက်တော့ ကောင်းပြီ... [အပြုံး]။ ကျေးဇူးပြုပြီး တစ်ခုလောက်မေးပါရစေ။ နာရီ၊ လက်စွပ်တွေကို မင်းနဲ့အိပ်ချင်လို့ ဆင်ပေးတယ်ဆိုရင် မင်းဘက်ကရော ဒီလိုအရာတွေကို အငြင်းစကားပြောခဲ့ဖူးလား။ ပြီးတော့ မင်းနဲ့ အိပ်ချင်နေတဲ့သူက ပို့လိုက်တဲ့ ဖိနပ်နဲ့ အင်္ကျီတွေကို အတင်းဝတ်ခိုင်းခဲ့တာရော မင်းရှောင်ခဲ့လား။ အဲ့ဒါကြောင့် မင်း ရှန့်ချင်းအင်တာတိန်းမန့်ကို ပြောင်းသွားခဲ့တာ ငါက မင်းကို 'ငါတွန်းအားပေးတယ်’ ဆိုပြီးတော့ မစွပ်စွဲနဲ့။”
ဗီဒီယိုကလစ်တွင် သူတို့၏ chat history မှ ကျန်းရှီ၏ အသံမက်ဆေ့ချ်တစ်ခုပင် ပါဝင်ပြီး သူက အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ဟုတောင် ထင်ရသည်။ဖျက်ထားသော စာသာများမှာ ထန်ထန်က ပရိသတ်များကို ငွေမသုံးခိုင်းရန် ပြောဆိုထားသည့် စကားများပင်။ မန်နေဂျာ၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် နှိုင်းယှဉ်ပါက ကျန်းရှီက ရုပ်ရှင်တွင် ပါဝင်ရန် သူ၏ ရည်မှန်းချက်များကို ပေါ်ပေါ်တင်တင်ထုတ်ဖော်ပြောဆိုပြီး အတော်ပင် အရွယ်မရောက်သေးသူပုံ ပေါက်နေ၏။ ဤခြားနားမှုက ပရိသတ်များကြားတွင် သူ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေသည်။
ကျန်းရှီစိတ်ထဲတွင် တုန်လှုပ်သွားပြီး ထန်ထန်၏ ပရိုဖိုင်ပုံကို ငေးကြည့်နေမိသည်။ သူ မယုံကြည်နိုင်စွာ ထအော်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ... ထန်ထန်က သေသွားသင့်တယ်မဟုတ်လား!!
သူ့အသက်ရှူသံများ မြန်ဆန်လာပြီး မှတ်ချက်များကို ထိလိုက်တိုင်း သူ့လက်များက တုန်ယင်နေခဲ့၏။
[သေစမ်း၊ အဲ့ဒါ သိပ်ကောင်းတဲ့ မြင်ကွင်းတော့ မဟုတ်ဘူး။]
[ငါ ဘာကြောင့် သူ့ကို မုန်းတဲ့သူ ဖြစ်နေရတာလဲဆိုတာ ရှင်းပြဖို့မလိုဘူးထင်တယ်။]
[အရမ်းစိတ်ပျက်စရာကောင်းတာပဲ.]
[အမ်...နင်တို့ ဘာကိုဆိုလိုတာလဲ။ ဒါဆို ကျန်းရှီက sugar baby ဖြစ်ဖို့ သဘောတူခဲ့တာလား။ ဒါမှမဟုတ် သူတို့နှစ်ယောက်က တကယ်ချစ်သူတွေလား။ ဒါမှမဟုတ် အရင်က သူငယ်ချင်းကောင်းလား...အားးးးး (လည်ချောင်းတွေ တဆတ်ဆတ်တုန်ရင်း) ရှင်းရှင်းလင်းလင်း ရှင်းပြပါ သေစမ်း】
[ဟားဟားဟား... ငါတို့ရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ခြေဖဝါးက တခြားသူရဲ့ ပိုင်ဆိုင်မှုကို မှီတွယ်နေတာပဲ။]
[အို ဘုရားသခင်၊ ကျန်းရှီက လုံးဝရွံစရာကြီး။ ဘယ်လောက် ကျေးဇူးကန်းတဲ့ ခွေးကောင်လဲ။]
[မင်းတို့အားလုံး အရူးတွေပဲ။ ဒီဗီဒီယိုက သေချာပေါက် အတုအယောင်ကြီးဟာကို။ အသံမက်ဆေ့ဂျ်ကို ဖန်တီးထားတာ။]
[ကျန်းရှီရဲ့ ပရိသတ်တွေ ကိုယ့်ကိုယ်ကိုယ် အရှက်ရမနေစမ်းပါနဲ့။ သူက chat history ကို ဗီဒီယိုအနေနဲ့ တင်ထားတာ။ ဒါက မင်းရဲ့ အနုပညာရှင်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးလား။ ကျစ်...ကျစ် မျက်နှာဖြတ်ရိုက်ခံရသံက အကျယ်ကြီးပဲ။]
ဤမှတ်ချက်ကို ပရိသတ်များက လျင်မြန်စွာ လှောင်ပြောင်ခဲ့သည်။ ထန်ထန်တင်လိုက်သော Screenshot ဓာတ်ပုံများနှင့် အသံများက စစ်မှန်ကြောင်း အတည်ပြုထားသောကြောင့် ဆင်ခြင်တုံတရားရှိသော ပရိသတ်အချို့က ကျန်းရှီမျှဝေခဲ့သည့် Screenshot ဓာတ်ပုံများကို ပြန်လည်အမှတ်ရကြပြီး အများအပြားက သူ့ကို ဆက်လက်ထောက်ခံရန် ခက်ခဲသွားကြသည်။