Chapter 9.2
အောက်ထပ်တွင်...
ထန်ထန်က သပ်သပ်ရပ်ရပ် ၀တ်စားကာ ပုံမှန်ပုံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ထမင်းစားပွဲပေါ်တွင် မနက်စာအများကြီးရှိသော်လည်း မည်သူကမျှ တူများကို မထိသေးချေ။ ရိုက်ကူးရေးအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးကြောင်း လာရောက်အချက်ပေးပြီး ထပ်ပေးလာမည့် တာဝန်များကို စောင့်ဆိုင်းနေစဉ် ကင်မရာများက ဆက်လက် လုပ်ဆောင်နေသေးသည်။
သခင်ငယ်လေးသုံးဦးက တိုက်ရိုက်စကားပြောခန်းမှ မေးခွန်းအချို့ကို ဖြေဆိုရန် ရွေးချယ်ခဲ့သည်။ မန်နေဂျာလေး ဘယ်ရောက်သွားလဲဟု မေးချိန် သူတို့အမူအရာများက ပျော့ပျောင်းသွားကာ နေမကောင်း၍ အနားယူနေကြောင်း ရှင်းပြခဲ့၏။
ကျန်းရှီ၏ ပရိသတ်အချို့က အခြေအနေကို အခွင့်ကောင်းယူကာ မန်နေဂျာလေး အိပ်ရာထနောက်ကျနေခြင်းမှာ တာဝန်မဲ့သည်ဟု ဆိုကြ၏။ သူတို့က ထန်ထန်ကို သပိတ်မှောက်ရန် KFW ပရိသတ်များအား တိုက်တွန်းခဲ့ပြီး သူတို့ကောကောအတွက် အခြားမန်နေဂျာ ရှာရန် အကြံပြုခဲ့သည်။
ပရိသတ်များ၏ သဘောထားကြောင့် သခင်လေးများက အတော်လေး တုန်လှုပ်သွားသည်။
"ဘယ်သူ? မန်နေဂျာကို ပြောင်းရမယ်? မဖြစ်နိုင်လိုက်တာ...”
"မင်းတို့က မင်းတို့ကိုယ်မင်းတို့ ဘာထင်နေတာလဲ။"
"ဟမ့်... မပြောင်းပါဘူး။"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လျှို့ဝှက်မုန်းတီးသူများက အခွင့်အရေးကို ဖမ်းယူခဲ့၏။ သခင်ငယ်လေးများ၏ ဆိုးရွားသော သဘောထားကို ဝေဖန်ခြင်း၊ ပရိသတ်များဟန်ဆောင်ခြင်း သို့မဟုတ် သမာသမတ်ကျစွာ ပြောဆိုခြင်းကဲ့သို့ လုပ်ဆောင်ပြီး အွန်လိုင်းတရားသူကြီးများအဖြစ် ပြောဆိုခဲ့ကြသည်။
(ငါ ပရိသတ်မဟုတ်တော့ဘူး။ KFW မှာ ဒီလိုသဘောထားမျိုးရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။)
ချင်းယွီက မသိမသာ လက်ဝှေ့ယမ်းပြလိုက်၏။
"ဘိုင့်ဘိုင်...ဘယ်သူမှ မင်းကို မလိုအပ်ဘူး။”
(ငါက ဖြတ်သွားဖြတ်လာပါ၊ ဘယ်သူ့ဘက်ကိုမှ လိုက်တာတော့မဟုတ်ဘူး...ဒါပေမဲ့ ဒီလိုမျိုး အနုပညာရှင်တစ်ယောက်ဆိုရင်တော့ Y Group ရဲ့ ပရိသတ်တွေကို အရမ်းသနားမိတယ်။)
မိန်းချန်ရီက ရယ်မောလိုက်သည်။
"ဖြတ်သွားဖြတ်လာရေ... အနည်းဆုံးတော့ မင်းဒီကိုလာပြီး ကိုယ့်ကိုယ်ကိုယ် ဖြတ်သွားဖြတ်လာလို့ မခေါ်ခင် “ကျန်းကျန်းရဲ့ အသည်းလေး” ဆိုတဲ့ နာမည်ကို ပြောင်းလိုက်ပါဦး...ဟုတ်ပြီလား။ မင်းက ငါတို့ကို ရူးနေတယ်လို့ ထင်နေတာလား။”
(မင်းတို့တွေက ထက်မြက်တယ်။ ထန်ထန်ဘက်က ပြောပေးဖို့ မတွေးနဲ့၊ သူက မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ မထိုက်တန်ဘူး။)
ချီယန်၏အမူအရာမှာ အနည်းငယ် အေးစက်သွားကာ မြေခွေးမျက်လုံးများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွား၏။
"သူက မထိုက်တန်ဘူးပေါ့?"
"အိမ်မက်မက်နေလိုက်လေ။"
ထိုသို့ လျှာစောင်းထက်သော အနုပညာရှင်ကို ယခင်က တစ်ခါမှမကြုံဖူးသဖြင့် မုန်းတီးသူများက အံသြသွားကြ၏။ ထို့နောက် တစ်ဦးပြီးတစ်ဦး တိုက်ရိုက်စကားပြောခန်းတွင် ဒေါသတကြီး စော်ကားပြောဆိုလာကြတော့သည်။
သခင်ငယ်လေးများတွင် အားလပ်ချိန်များစွာနှင့် ချွန်ထက်သော လျှာများရှိကြသည်။ ရိုင်းစိုင်းသော စကားကို အသုံးမပြုဘဲ မုန်းတီးသူများကို ဒေါသဖြစ်စေရန် တုံ့ပြန်မှုများဖြင့် နှလုံးရပ်စေသည့်အထိ ပြောဆိုနိုင်ခဲ့သည်။
မုန်းတီးသူများက လက်များ တုန်ရီစွာဖြင့် ပြစ်တင်ရှုတ်ချသည့်စာများကို အရှည်ကြီးရေးလိုက်ကြ၏။ သူတို့ပို့ခါနီးတွင် စခရင်က မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ သူတို့အကောင့်များအားလုံး ပျောက်သွားလေသည်။
မက်ဆေ့ချ်အရှည်တွေအားလုံး!! စာအရှည်တွေရော!! ဘာအတွက် အားထုတ်ခဲ့တာဖြစ်ဖြစ်!!
မုန်းတီးသူများက စိတ်ပျက်လက်ပျက်ဖြင့် ကီးဘုတ်များကို ရိုက်နှက်နေကြပြီး အချို့ကမူ ငိုပင် ငိုနေကြသည်။
တိုက်ရိုက်စကားပြောဆိုခန်းတွင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး ပရိသတ်များကို သတိဝင်သွားစေ၏။
(အစောက ပေါက်ကရပြောနေတဲ့ အရူးမတွေ ဘယ်မှာလဲ၊ လာပါဦး! တက်လာပြီး ဒီကကျဲကျဲနဲ့ လာငြင်းကြဦးလေ။)
(အိုး... ဂုဏ်သရေရှိ လူကြီးမင်းတို့...သူတို့ အကောင့်တွေ ပျောက်သွားပုံပဲ...ဟိ)
(ဟားဟားဟား၊ ဒီကောင်လေးတွေ... သူတို့ပါးစပ်က ချွန်မြနေတာပဲ။ သူတို့ကိုယ်သူတို့ မုန်းတီးသူတွေနဲ့တောင် ယှဉ်တိုက်နိုင်တယ်။ ငါက ဘာအတွက် သုံးရတော့မလဲ)
(ငါ အခုတော့ ပရိသတ်ဖြစ်သွားပြီ... တကယ်အလေးအနက်ပြောတာ။ KFW မှာ ကစားပွဲတွေ တကယ်ရှိသေးတယ်။)
(အရင်တုန်းက ဒေါသထွက်ခဲ့ပေမဲ့ အခုတော့ ရယ်တာ ရပ်မရတော့ဘူး!)
ပြဿနာရှာရန် ကြိုးပမ်းသူများက လျင်မြန်စွာ ငြိမ်သက်သွားခဲ့ပြီး မီးထဲသို့ လောင်စာထည့်ရန် စဉ်းစားနေသည့် ကုမ္ပဏီများကလည်း အရေးယူခြင်းမပြုရဲကြပေ။ တိုက်ရိုက်စကားပြောခန်းတွင်ရှိသော လေထုက တင်းမာမှုမှ ပျော်ရွှင်မှုသို့ ပြောင်းလဲသွားသည်။
ခိုးကြည့်နေသော မန်နေဂျာလေးက ဖုံးကွယ်ထားသော အောင်မြင်မှုကို ခံစားရင်း ဖုန်းကို မသိမသာ ဖယ်ထုတ်လိုက်သည်။
ချီယန် လှည့်ကြည့်လိုက်ရာ မန်နေဂျာလေးက အဝေးမှာ ရပ်နေသည်ကို တွေ့လိုက်ရပြီး သူ့မျက်လုံးများ တောက်ပလာ၏။
"ကောကော။"
ပရိသတ်များနှင့် စကားစမြည်ပြောနေသည့် အခြားဝံပုလွေပေါက်နှစ်ကောင်ကလည်း မန်နေဂျာလေးထံ ရုတ်တရက် အာရုံစိုက်လာခဲ့သည်။
သူတို့၏နားရွက်များ ထောင်မတ်လာပြီး အကယ်၍ သူတို့တွင်သာ အမြီးများရှိပါက ဝံပုလွေသုံးကောင်၏ အမြီးများမှာ ရဟတ်ယာဉ်များကို လည်နေလိမ့်မည်။
(??? ငါ ထုတ်လွှင့်မှုများ မှားဖွင့်မိတာလား။)
(ထူးတော့ ထူးဆန်းတယ်... ချိုလိုက်တာနော်။)
(ယောကျာ်းလေးအိုင်ဒေါလ်အဖွဲ့ရဲ့ ဝံပုလွေပေါက်လေးတွေနဲ့ သန့်စင်ပြီး နူးညံ့သိမ်မွေ့တဲ့ မန်နေဂျာလေး။ မင်းတို့ အဝတ်လဲခန်းကို စိတ်ကူးကြည့်လို့ရလား... လူမသိသူမသိဘဲနဲ့... တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် လုပ်ထားတာ ဖြစ်နိုင်တယ်!)
(အထက်ကလူကို ဘောပင်လွှဲပေးလိုက်ပြီ။)
(T/N - ဇာတ်လမ်းရေးခိုင်းတာကို ပြောတာပါ။)
မိန်းချန်ရီက အမှောင်စိတ်များကို ထိန်းထားကာ ခဏမျှ ချောင်းဆိုးလိုက်ပြီး အကြည့်လွှဲလိုက်သည်။ သူ့မသက်သာမှုကို ဖုံးကွယ်ရန် ရေခွက်ကို ကိုင်လိုက်သည်။
ထန်ထန်၏နားရွက်များကလည်း အနည်းငယ်နီမြန်းလာကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက သူတို့ကို ဆင်ခြင်ရန် အကြည့်တစ်ချက်ပေးလိုက်ရာ ချင်းယွီနှင့် ချီယန်တို့က စိတ်ဖိစီးစွာ ချောင်းတစ်ချက် ဟန့်လိုက်သည်။
(ဟေး... လေထုကြီးက အရမ်းထူးဆန်းနေတယ်။)
ကံကောင်းစွာပင် ရိုက်ကူးရေးဝန်ထမ်းက လေဆိပ်သွားရမည့်အချိန်ရောက်ပြီဟု အကြောင်းကြားခဲ့၏။ အဆင်မပြေသော အငွေ့အသက်က အချိန်တိုလေးသာ ကြာမြင့်ခဲ့သည်။ KFW က ပရိသတ်အား နှုတ်ဆက်ကာ အနာဂတ် variety show များတွင် ထပ်မံတွေ့ဆုံရန် ကတိပေး၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားခဲ့သည်။
လေဆိပ်တွင်....
မိန်းချန်ရီက ရေအများကြီးသောက်ပြီး လေဆိပ်ကို ရောက်သည်နှင့် သန့်စင်ခန်းထဲ ပြေးပေါက်တော့သည်။
J မြို့တော်လေဆိပ်ကို လှပစွာ ဒီဇိုင်းဖော်ထား၏။ နေကာမျက်မှန်တပ်ထားသည့် မိန်းချန်ရီက သန့်စင်ခန်းထဲသို့ ဝင်သွားသည်။ ထိုအချိန်တွင် အခြားမည်သူမျှမရှိပေ။ သူ့ကိုယ်သူ သက်သာရာရစေရန် ဘောင်းဘီကို အမြန်ချွတ်လိုက်၏။
တစ်ဟုန်ထိုးရေစီးသံများကြားမှ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် သန့်စင်ခန်းထဲဝင်လာသည်။
လူငယ်က ဆီးသွားရန် ခါးပတ်ဖြုတ်ပြီး သူ့ဘေးတွင် ရပ်လိုက်၏။ မိန်းချန်ရီက သူ့ကို စိတ်ထဲမထားပေ။ နောက်ဆုံးတွင် လေဆိပ်က သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်ချေ။ ထိုလူက သူနှစ်သက်ရာ နေရာ၌ ရပ်နိုင်၏။
ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုများကြား အကြည့်တစ်ချက်မျှ ဖလှယ်ခြင်း မပြုခဲ့ပေ။ ကျန်းရှီက အနည်းငယ် စိတ်ပျက်သွားသည်။ ထိုနေရာ၌ ရပ်နေကာ စိုစွတ်သော မျက်လုံးများက မိန်းချန်ရီ၏ လိင်တံကြီးကို မသိမသာ စိုက်ကြည့်ရင်း သူ့အပေါ်မှ အပူလှိုင်းများ လွင့်စဥ်သွားသလို ခံစားလိုက်ရသည်။
သူက သဘာဝအတိုင်း အောက်ထပ်ဖြစ်၍ ယခင်က ထန်ထန်ကို ဖျားယောင်းသွေးဆောင်ရန် ကြိုးပမ်းရာတွင် ဆွဲဆောင်ရှိပြီး ဖြူစင်အပြစ်ကင်းသော ပုံရိပ်ကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် အဆုံးထိတော့ မသွားခဲ့ဖူးပေ။ ထန်ထန်နှင့် လမ်းခွဲပြီးနောက် ဖျော်ဖြေရေးအဝန်းအဝိုင်းရှိ အသိမိတ်ဆွေနှစ်ဦးနှင့် ရင်းနှီးသောလှုပ်ရှားမှုများကို နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် သူ့လိင်ဆန္ဒက ပြင်းပြပြီး ထိုလူများနှင့်ဆုံတွေ့ပြီးနောက်တွင်ပင် မကျေနပ်သလို ခံစားရ၏။
ကျန်းရှီက ထိုလူမှာ မိန်းချန်ရီဖြစ်လျှင် သူ့အရိုင်းပြဆုံးအိပ်မက်ထဲကထက် ကျေနပ်နိုင်မည်ဟု တွေးကာ ထိုကြီးမားသောလိင်တံကို စိုက်ကြည့်နေမိသည်။
မိန်းချန်ရီကတော့ ဇာတ်လိုက်ရှို့၏ တပ်မက်နေသော အတွေးများကို သတိမထားမိဘဲ သူ့ကိုယ်သူ သန့်စင်ပြီး စွဲမက်ဖွယ် လိင်တံကို ဘောင်းဘီထဲ ပြန်ဖုံးကွယ်ကာ အပြင်ထွက်၍ လက်ဆေးရန် အဆင်သင့် ဖြစ်နေချေပြီ။
"မင်း... အမ်...ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား။"
သူ့ဘေးနားမှ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။