no

Font
Theme

Chapter 11.1 - ကောကောက ကျွန်တော်တို့ကို ဒေါသထွက်အောင် လုပ်နေတာပဲ

ကင်မရာက လူထု၏ စိတ်ပျက်ဖွယ်ပုံရိပ်များကို မှတ်တမ်းတင်ထားသည်။ သူတို့နောက်တွင် ဒါရိုက်တာဖိန်းက အော်လန်ကို ကိုင်ထားပြီး မန်နေဂျာလေး၏ လေဆာလို အကြည့်အောက်တွင် ရှက်ကိုးရှက်ကန့် ချောင်းဆိုးလိုက်သည်။

“အာ....မကြာသေးခင်က စျေးကွက်ဖောင်းဖွတာကြောင့်နဲ့ ဈေးနှုန်းတွေက တက်လာတယ်လေ။ အဲ့တော့ ဝက်သားဈေးလည်းတက်လာတယ်၊ ပရိုဂရမ်ရဲ့ ဘတ်ဂျက်ကလည်း အကန့်အသတ် ရှိနေတော့...”

ဒါရိုက်တာဖိန်းက နောက်ဆုံးမူရင်းရည်ရွယ်ချက်ကို မ‌ဖော်ထုတ်ခင် ဝေ့လည်ကြောင်ပတ် လုပ်နေ၏။

“ဒီကျေးလက်ဗီလာက တံတားအဆုံးလေးတင်ပဲ၊ မင်းတို့ရဲ့ ပထမဆုံးတာဝန်က...”

"ဒါရိုက်တာဖိန်း..."

သခင်ငယ်လေးမိန်းက သူ့ကို ကြားဖြတ်မေးလိုက်သည်။

"ကျွန်တော်တို့ဘတ်ဂျက်က ဝက်သားနဲ့ ဘာဆိုင်လို့လဲ။"

ချီယန်၊ ချင်းယွီနှင့် ထန်ထန်တို့က အေးစက်စက် အမူအရာများနှင့် "ဆက်ပြောလေ၊ မရပ်နဲ့၊ ငါ မင်းရဲ့ အကြောင်းပြချက်တွေကို ကြားချင်ပါတယ်" ဟူသည့် အမူအရာမျိုး ပြနေခဲ့သည်။

ဝန်ထမ်းများက ရယ်ချင်စိတ်ကို ထိန်းထားရ၍ ပုခုံးများ လှုပ်နေကြ၏။

ဒါရိုက်တာဖိန်းက ခဏမျှ ဆွံ့အသွားပြီး သူတို့အား စိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။

"ငါက ဒါရိုက်တာလေ၊ ဘတ်ဂျက်ကန့်သတ်ချက်ရှိတယ်လို့ပြောရင် ရှိတယ်ပေါ့!"

သခင်ငယ်လေးမိန်းက ဆွံ့အသွားကာ လက်မထောင်ပြပြီး ရှေ့ဆက်ရန် အချက်ပြလိုက်၏။

လွှမ်းမိုးချုပ်ကိုင်လိုသော ဒါရိုက်တာက အော်လန်ကို အသံမြှင့်လိုက်သည်။

"ပထမတာဝန်က မင်းတို့ရဲ့ ခရီးဆောင်အိတ်ကို သယ်ပြီး နောက်ဆုံးပန်းတိုင်ဆီ ဦးတည်သွားရမှာပါ။"

ဒရုန်းတစ်စင်းက လှေကားထစ်များပေါ်သို့ ပျံတက်သွားပြီး တောင်ရွာငယ်လေးတစ်ခုလုံးကို အပေါ်စီးမှ ရိုက်နေသည်။

ရေက ကြည်လင်ပြီး နေရာအနှံ့တွင်မူ တောရိုင်းပန်းများနှင့်။ လှေကားအဆုံးတွင် အိမ်ငယ်လေးနှစ်ခုက သူတို့အုပ်စုအလာကို စောင့်နေ၏။

လှေကားထစ်များက မတ်စောက်မြင့်မားပြီး ခရီးဆောင်အိတ်အရွယ်အစား အမျိုးမျိုးကို မညှာမတာ လှောင်ပြောင်နေပုံပင်။ ဖရိုဖရဲလူအုပ်ကြီးက မိုးကြိုးပစ်ခံလိုက်ရသည့်နှယ်။

အထူးသဖြင့် ကျန်းရှီက စိတ်မရှည်တော့ပေ။

"ဒါရိုက်တာကြီး၊ ကျွန်တော်တို့က ဒါတွေအကုန် သယ်သွားရမှာလား။"

သူက မျက်ရည်တစမ်းစမ်းနှင့် သနားစဖွယ် ပြောလိုက်သည်။

"ပရိုဂရမ်အဖွဲ့သားတွေက ဒီလောက်ရက်စက်မှာ မဟုတ်ဘူးမလား၊ ကျွန်တော်တို့ နေ့လယ်စာတောင် မစားရသေးဘူးလေ။"

သူက အဖွဲ့ထဲတွင် ခရီးဆောင်အိတ်အများဆုံး ယူလာသူဖြစ်ပြီး ပူပြင်းသော နွေရာသီ နေ့တစ်နေ့တွင် ဤအရာအားလုံးကို သယ်ရန်မှာ သံသယမရှိ ခက်ခဲပေလိမ့်မည်။

ဒါရိုက်တာဖိန်းက အေးစက်စက် အမူအရာနှင့်။

"ဟုတ်တယ်၊ ပရိုဂရမ်အဖွဲ့သားတွေက ရက်စက်တယ်။ အားလုံး မြန်မြန်သွားကြတော့၊ အဲ့မှာ နေ့လယ်စာစားကြစို့။"

"ကောင်းပြီလေ~"

သခင်ငယ်လေးများက သူတို့ခရီးဆောင်အိတ်ကြီးများအပြင် သူတို့ကောကော၏ ခရီးဆောင်အိတ်ကို သယ်ယူရန် ကြိုးစားလိုက်ကြသည်။

သူ့ကိုယ်သူ ထိပ်ဆုံးတွင် ရှိသင့်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသော မန်နေဂျာလေးက လှေကားအမြင့်ကို အလျင်အမြန် ခန့်မှန်းကာ အကူအညီကို ငြင်းပယ်ခဲ့သည်။ သူက ခရီးဆောင်အိတ်ကို အပြားလိုက်ချလိုက်ပြီး အလျားလိုက်ထားကာ သယ်သွားစဉ် လွှမ်းမိုးချုပ်ကိုင်မှု အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ဟမ့်၊ ညတိုင်း သူ့ကို စားသောက်နေတဲ့ သားရဲလေး ၃ကောင်ကိုတောင် ကိုင်တွယ်နိုင်တာ၊ ခရီးဆောင်အိတ်တစ်အိတ်လောက်တော့ အေးဆေး သယ်သွားနိုင်တယ်...

ချီယန်က သူ့နောက်မှ လျှောက်သွားကာ ဘောင်းဘီအောက်ရှိ တင်ပါးထူထူများကို မြေခွေးမျက်လုံးများနှင့် ကြည့်၍ တိုးတိုးလေး ပြောလိုက်သည်။

"ကောကော...ခင်ဗျားက အရမ်းခံနိုင်ရည်ရှိတာပဲ။"

သူ့အိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော မန်နေဂျာလေးခမျာ ကျောထဲ စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရပြီး တောင့်တင်းသွားကာ အလျင်အမြန် လှုပ်ရှားလိုက်သည်။

မဟုတ်ဘူးနော်! မင်းရဲ့ ကောကောက ခံနိုင်ရည် လုံးဝ မကောင်းဘူး!!

KFW က စတင်လှုပ်ရှားနေပြီဖြစ်၍ ကျန်းရှီက မကျေနပ်သော်လည်း ဘာမှမလုပ်ဘဲ ရပ်မနေနိုင်တော့။ ထို့ကြောင့် မကျေမနပ်ဖြင့် ချွေးသံတစ်ရဲရဲ ပေါင်ချန်းပင်နှင့်အတူ သူ့ခရီးဆောင်အိတ်ကို ခက်ခက်ခဲခဲ ဆွဲယူလိုက်သည်။

နေရောင်က မညှာမတာ ပူလွန်းသဖြင့် လူတိုင်းကို ဒေါသထွက်စေသည်။ သခင်ငယ်လေးများ၏ လက်မောင်းကြွက်သားများက တောင့်တင်းပုံရပြီး လှေကားထစ်ပေါ် တက်သွားသည်မှာ အားစိုက်ထုတ်စရာတောင် မလိုပုံပင်။ တစ်ဖက်မှ ထန်ထန်ကမူ မျက်နှာအနည်းငယ် နီမြန်းနေသည်မှလွဲ၍ အဆင်ပြေနေပုံရသည်။ ကျန်းရှီနှင့် ဝန်ထမ်းများကသာ လယ်ထွန်နေသလိုမျိုး ပြင်းပြင်းထန်ထန် ဟောဟဲလိုက်နေကြ၏။

KFW အဖွဲ့က နောက်ဆုံးပန်းတိုင်သို့ ရောက်သောအခါ သူဌေးဖြစ်သူ ဖိန်းကျယ်မောင်းက ၎င်းကို သည်းမခံနိုင်တော့ဘဲ သူ့သူငယ်ချင်းကို ခေါ်လိုက်သည်။

"ထန်ထန်၊ ထန်ထန်၊ ထန်ထန်!"

ဖိန်းကျယ်မောင်းက အော်ဟစ်အကူအညီ တောင်းလိုက်၏။

"ငါ့ကို လက်ကလေး ကမ်းပါဦး..."

လှုပ်ရှားနေသော ကင်မရာ နီးကပ်လာသည်နှင့်အမျှ မန်နေဂျာထန်က သခင်ငယ်လေးများထံ တစ်ရှူးစိုများ ပေးလိုက်သည်။ ထိုစကားကို ကြားတော့ သူက အပြုံးနှင့် လှည့်ကြည့်လိုက်၏။

ထို့နောက် ငြိမ့်ညောင်းသောလေသံဖြင့် ပြောလိုက်သည်။

"ဒါရိုက်တာဖိန်းရေ၊ မင်း ငါတို့ ရှောင်ရီကို ကြိမ်းမောင်းတုန်းက ဒီလောက် မပျော့ညံ့ခဲ့ပါဘူး။"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖိန်းကျယ်မောင်း၏ ဝမ်းနည်းပူဆွေးမှုနှင့် စိတ်ပျက်အားငယ်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး၊ အရှင့်ကြင်ယာတော်က ကျွန်တော်မျိုးတို့နိုင်ငံကို ဘေးဥပဒ်ယူဆောင်လာပါပြီ အရှင်မင်းကြီး။"

ကြင်ယာတော်မိန်းက လည်ပင်းမှ ချွေးများကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ ဤစကားကို ကြားပြီး စနောက်လိုပုံဖြင့် မျက်လုံးများကို လှိမ့်ကာ ပေါ့ပေါ့ပါးပါး နှာရှုံ့၍ သူ့စရိုက်အတိုင်းသာ နေလိုက်သည်။

ဝန်ထမ်းများက ဝါးလုံးကွဲ ရယ်မောလိုက်သော်လည်း ပင်ပန်းမှုကြောင့် ချွေးများ ရွဲနစ်နေသော ကျန်းရှီမှာ ရယ်ရန် အင်အားပင် မရှိတော့ပေ။ သူ့မျက်နှာက အလွန်မကောင်းတော့ချေ။

သခင်ငယ်လေးများက သူတို့၏ ခရီးဆောင်အိတ်များကို အပေါ်ထပ်တွင် ထားကာ အပိုပစ္စည်းများကို သယ်သွားကြသည်။ အားလုံးအခြေချသွားချိန် မွန်းတည့်ခါနီးဖြစ်၍ လူတိုင်းက ဆာလောင်ကာ ပင်ပန်းနွမ်းနယ်နေလေပြီ။

နှစ်ထပ်အိမ်ကြီးက လေ၀င်လေထွက်ကောင်းပြီး လတ်ဆတ်သောလေများ တိုက်ခတ်နေ၏။

သခင်ငယ်လေးများက ခရီးဆောင်အိတ်ကို နေရာချကာ ဆိုဖာပေါ်သို့ လဲလျောင်း၍ ညည်းတွားနေကြသည်။

ဝန်ထမ်းများကလည်း မောပန်းနွမ်းနယ်၍ ထန်ထန်က လျှောက်သွားကာ မေးလိုက်၏။

“ငါတို့ဘာသာပဲ နေ့လယ်စာ ချက်ရမှာလား။”

"ဟုတ်တယ်၊ ဒီနေ့ မင်းတို့အတွက် ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးပြီ။"

ဖိန်းကျယ်မောင်းက သနားစရာ အကြည့်ဖြင့် သူ့သူငယ်ချင်းကို သတိပေးလိုက်၏။

“အားလုံးစားဖို့ ချက်နော်။”

သူတို့ကိုယ်တိုင် ချက်ပြုတ်ရမည်ကို ကြားပြီးနောက် သခင်ငယ်လေးများက အလျင်စလို ထရပ်ကာ မန်နေဂျာလေးနောက်သို့ အမြီးလေးနှံ့ရင်း လိုက်ပြီး တညီတညွတ်တည်း မေးလိုက်ကြသည်။

“ကောကော၊ ကောကော၊ ကောကော ကျွန်တော်တို့ကူညီနိုင်တာ တစ်ခုခုရှိလား။”

ကျေးလက်မီးဖိုချောင်ထဲတွင် ထန်ထန်က ဟင်းသီးဟင်းရွက်များကို ကိုင်ဆောင်ထားကာ သူ့နောက်တွင်မူ အမြီးလေးများ ကပ်ပါလာသည်။ ဓားသွားယူတိုင်း အမြီးလေးများက သူ သွားလေရာရာ လိုက်လာပြီး နာခံမှုကို အပြည့်အ၀ သရုပ်ပြနေ၏။

သို့နှင့် လမ်းတစ်ဝက်တွင် ကူကယ်ရာမဲ့စွာ ရပ်တန့်ကာ သူတို့အား တာဝန်ကိုယ်စီ ပေးလိုက်ရသည်။

"ဒါဆို ချင်းယွီ၊ မင်းက ထင်းခုတ်၊ ချီယန်က မီးဖိုလိုက်၊ မိန်းချန်ရီ မင်းက အသီးအရွက်တွေကို ဆေးလို့ရပြီ။"

ပယင်းရောင်မျက်လုံးများဖြင့် မန်နေဂျာလေးက အနည်းငယ် ပြုံးလိုက်သည်။

"မင်းတို့ လုပ်နိုင်လား။"

ဒါပေါ့!! လုံးဝပဲ!!!

ရည်မှန်းချက်ကြီးသော ဝံပုလွေပေါက်များက သက်ဆိုင်ရာနေရာများသို့ စိတ်အားထက်သန်စွာ သွားလိုက်ကြသည်။

ထိုအချိန်တွင် လူတိုင်းက ကိုးရိုးကားရာဖြစ်နေသာ ပေါင်ချန်းပင်ကို သတိထားမိသွားသည်။

ဖိန်းကျယ်မောင်းက မျက်မှောင်ကြုတ်လိုက်၏။

"ကျန်းရှီ ဘယ်မှာလဲ။"

ပေါင်ချန်းပင်က ကင်မရာကို တစ်ချက်ကြည့်လိုက်ပြီး ရိုးရှင်းသော မျက်နှာတွင် အပြုံးလေးနှင့်။ သူက "ကျန်းရှီ နေမကောင်းဘူး" ဟု ဆင်ခြေပေးရန် တွေးနေသော်လည်း ချင်းယွီက သူ့ကို ချက်ချင်း ဖော်ထုတ်လိုက်သည်။

သခင်ငယ်‌လေးချင်းက ပုဆိန်တစ်ချောင်းကို စစ်ဆေးနေစဉ် ဖိန်းကျယ်မောင်း၏ မေးခွန်းကို ကြားလိုက်ပြီး ချက်ချင်း ပြန်ဖြေပေးလိုက်သည်။

"အို့ မစ္စတာကျန်းလား၊ ကျွန်တော် ပစ္စည်းသယ်ဖို့ အောက်ထပ် ဆင်းသွားတော့ ရေချိုးခန်းထဲကို သွားနေတာ တွေ့လိုက်ရတယ်။"

သခင်လေးများက ခရီးဆောင်အိတ်ကို အပေါ်ထပ်သို့ သယ်သွားပေးခဲ့သော်လည်း ကျန်းရှီကမူ ချွေးများဖြင့် ရွှဲနေပြီး ဂရုတစိုက် ဖီးလိမ်းပြင်ဆင်ထားသော ရုပ်သွင်က နေရောင်ပြင်းပြင်းကြောင့် ပျက်စီးသွားခဲ့ချေပြီ။ ဂီတလောကတွင် အရည်အချင်းပြည့်မီသော အဆိုတော်အများကြီးနှင့် ပြည့်နှက်နေလျှင်ပင် ရုပ်ရည်မရှိပါက မရှင်သန်နိုင်ပေ။

ကျန်းရှီကလည်း မထူးမခြားနားပင်။ အသံကောင်းသည့်အပြင် ကြည့်ကောင်းခြင်းက ပရိသတ်များကို ဆွဲဆောင်နိုင်သော အကျော်ကြားဆုံးအချက်လည်းဖြစ်၏။ ပရိသတ်များက အရည်အချင်းရှိပြီး ချောမောသော အိုင်ဒေါလ်များကို နှစ်သက်ကြသည်။ ထို့ကြောင့် မည်သူမျှ အာရုံမစိုက်နေစဉ် သူ့ကိုယ်သူ ပြင်ဆင်ရန် မိတ်ကပ်အိတ်နှင့် အဝတ်သန့်သန့်များကို ယူကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

ဝန်ထမ်းများက ဘာမှမပြောသော်လည်း အခြေအနေက ရယ်စရာကောင်း၏။ ကျန်းရှီ၏ ခရီးဆောင်အိတ်က ထူးထူးခြားခြား လေးလံနေပြီး သူတို့ကူသယ်ရန် ကြိုးစားချိန်တွင် နောက်ကျောတစ်ခုလုံး ဒဏ်ရာရလုနီပါးပင်။ နောက်ဆုံးတွင် KFW က အားလုံးကို အပေါ်ထပ်သို့ ကြင်နာစွာ သယ်ပေးသွားခဲ့သည်။ ကျန်းရှီက လျင်၏။ နေ့လယ်စာကို ကူရမည့်အစား အရင်ဆုံး သန့်စင်ရန် ဆုံးဖြတ်ခဲ့သည်။

အိုင်ဒေါ်လ်တစ်ယောက်ဖြစ်ရခြင်း ဝန်ထုပ်ဝန်ပိုးက တကယ့်ကို လေးလံလှသည်။

အတန်ကြာသည်အထိ ဘယ်သူမှ စကားမပြောခဲ့ဘဲ မီးဖိုချောင်ထဲမှ ထန်ထန်၏ ခုတ်ထစ်သံတစ်ခုတည်းသာ ထွက်ပေါ်နေသည်။

ပေါင်ချန်းပင်မှာ အတော်လေး အဆင်မပြေသလို ခံစားနေရသော်လည်း ဘာမှ ရှင်းမပြနိုင်ခဲ့။ ကျန်းရှီ၏ လက်ရှိ မိတ်ကပ်လိမ်းခြယ်မှုအခြေအနေကြောင့် သူတို့အနေနှင့် ဆက်မရိုက်နိုင်တော့ပေ။

သူ စောစောက ပြောခဲ့သော စကားများကိုမူ ... ထုတ်လုပ်ရေးအဖွဲ့အား ထိုအပိုင်းကို တည်းဖြတ်ပေးဖို့ တောင်းဆိုလို့ရသည်...

ရာသီဥတုက ပူလောင်နေကာ အပြင်ဘက်ရှိ ချင်းယွီက ထင်းခုတ်နေရင်း အပေါ်ဝတ်ကို ချွတ်လိုက်ပြီး လက်တိုအင်္ကျီကိုသာ ချန်ထားလိုက်သည်။

အစပိုင်းတွင် သိပ်မကျွမ်းကျင်သေး၍ ထင်းများကို နေရာအနှံ့ ကွဲသွားစေခဲ့သည်။ ချင်းယွီက နှုတ်ခမ်းများကို ဖိကိုက်ကာ ပုဆိန်နှင့်မထိမီ လက်မောင်းကြွက်သားလှလှများကို တင်းထားလိုက်သည်။

ခွပ်ခနဲ အက်ကွဲသံနှင့်အတူ ထင်းက မြေပေါ်သို့ ကျသွား၏။

အိမ်အတွင်းတွင်မူ မိန်းချန်ရီက ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်လျက် ခြေတံရှည်များကို ကိုးရိုးကားရား ကွေးထားကာ ဟင်းသီးဟင်းရွက်များဆေးရင်း မီးဖိုနေသော ချီယန်အား ညည်းညူပြနေသည်။ သူက ဂေါ်ဖီထုပ်ဖြူကို အူတိုင်အထိ အချိန်တိုအတွင်း ချွတ်ပစ်လိုက်သည်။

ချီယန်က ပါးစပ်အပြည့် မီးခိုးငွေ့ရှူလိုက်ရပြီး လက်ဖမိုးဖြင့် မျက်နှာကို သုတ်လိုက်သည်။ ဖြူစင်အေးမြသော အသားအရေပေါ်တွင် မီးခိုးမည်းများ ချက်ချင်းပေါ်လာ၏။

ထန်ထန်က ချီယန်၏ မျက်နှာပေါ်ရှိ အမည်းရောင်များကို ဖယ်ရှားရန် တစ်ရှူးကို အသုံးပြုရင်း ရယ်မောလိုက်သည်။ ထို့နောက် သူက မိန်းချန်ရီအား ဤမျှညည်းတွားရန် မလိုအပ်ကြောင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ နောက်ဆုံးတွင် ချင်းယွီအား ရေအနည်းငယ်ပေးကာ နေရောင်တိုက်ရိုက်မထိဘဲ ခဏမျှ အနားယူသင့်သည်ဟု အကြံပြုခဲ့သည်။

မီးခိုးခေါင်းတိုင်မှ အဖြူရောင်မီးခိုးငွေ့များ ထွက်လာပြီး မန်နေဂျာလေးက ဒယ်အိုးထဲတွင် ဟင်းသီးဟင်းရွက်များထည့်ကာ ကျွမ်းကျင်စွာ မွှေနေသည်။

ဆိုးသွမ်းသော သခင်ငယ်လေးများက တဖြည်းဖြည်း ရင့်ကျက်လာသော်လည်း ကောကောဖြစ်သူက အစကတည်းကပင် သူတို့၏ အာရုံကို ဖမ်းစားထားခဲ့သည်။ ပထမဆုံးနေ့ ရုံးခန်းအပြင်ဘက်၌ သာမန်အကြည့်တစ်ချက်နှင့်ပင် ခံ့ညားသော မန်နေဂျာလေးက သူတို့ဆန္ဒကို တောက်လောင်စေခဲ့၏။

နောက်ပိုင်းတွင် သူတို့က အစီအမံအမျိုးမျိုးနှင့် ပြင်းထန်သော နည်းဗျူဟာများမှတစ်ဆင့် ထိုသူ့ကမ္ဘာထဲသို့ အကြောင်းပြချက်မဲ့စွာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့မှာ ရွေးချယ်စရာမရှိပေ။ အတူတူကြီးပြင်းလာသော ဝံပုလွေပေါက်လေးသုံးကောင်က တူညီသောလူကိုသာ မျက်စိကျပြီး ဘယ်သူကမှ လက်မလွှတ်ပေးချင်ကြပေ။

မျှဝေခြင်းအား နောင်တမရကြဘဲ သူတို့၏ ကောကောအဖြစ် အမှားအယွင်းမရှိစွာ အမှတ်အသားပြုခဲ့ကြသော်လည်း လုံခြုံမှုမရှိဟု ခံစားနေကြရပြီး ကောကော၏ နှလုံးသားထဲတွင် သူတို့၏နေရာကို ထပ်ခါတလဲလဲ သက်သေပြလိုကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment