no

Font
Theme

ဤကမ္ဘာတွင် အဆင့်မြင့် အိုမီဂါများ ရှားပါးရသည့် အဓိက အကြောင်းရင်းတစ်ခု ရှိ‌၏။

ထိုအကြောင်းအရင်းမှာ အိုမီဂါများက အဆင့်မြင့်လေလေ ကွဲပြားခြင်းကာလကို ပိုမို ခက်ခဲစွာ ဖြတ်ကျော်ရလေလေ ဖြစ်သောကြောင့်ပင်။ အိုမီဂါများ၏ ခန္ဓာကိုယ်သည် သဘာဝအတိုင်း အားနည်းသော်လည်း အဆင့်မြင့် အိုမီဂါများကတော့ အားကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

သူတို့၏ ကွဲပြားခြင်းကာလထဲသို့ ရောက်ရှိလာသောအခါ အဆင့်မြင့်အိုမီဂါများသည် မုန်တိုင်းထဲရှိ ပြင်းထန်သော လှိုင်းလုံးများကို ခုခံကာကွယ်နေရသော အလွှာပါးလေးတစ်ခုလို ဖြစ်လာသည်။ သူတို့၏ စိတ်စွမ်းအား အလွန်အကျွဲ လှုပ်ရှားမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြိုလဲနိုင်ခြေ အလွန်မြင့်မား လာတတ်သည်။

နင်းကျားရိကဲ့သို့ ငယ်ရွယ်စဉ်ကတည်းက အိုမီဂါလက္ခဏာများ ဖြစ်ပေါ်နေသည့်သူအဖို့ ပိုလို့တောင် နူးညံ့သိမ်မွေ့သေးသည်။

ထိုသို့မဟုတ်လျှင် နင်း မိသားစုက သူ့ကို ဖယ်ရိုမုန်း နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ညှိယူရန် လုမိသားစုဆီသို့ စောစီးစွာ ပို့လိုက်မှာ မဟုတ်ချေ။ နင်း မိသားစုက နင်းကျားရိ၏ အဆင့်မြင့်မှုကြောင့် ကွဲပြားခြင်းကာလကို အောင်အောင်မြင်မြင် မပြီးဆုံးမှာ အလွန်စိုးရိမ်ခဲ့ကြသည်။

ယခုတစ်ခေါက် နင်းကျားရိ က စုလျန် ကို ရှာဖွေရန် ဆေးရုံမှ တိတ်တဆိတ် ထွက်ပြေးသွားခဲ့၏။ ပုံမှန် အိုမီဂါတစ်ယောက်ဆိုလျှင် ဘာမှမဟုတ်သော သာမန်ကိစ္စလေးပင်။ သို့သော် ထွက်ပြေးခဲ့သည့်သူမှာ နင်းကျားရိ ဖြစ်နေတာကိုက ကံဆိုးမှုပင်။

မနက်ခင်း လေနုအေးအေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ ယာဥ်ပျံ စီးရသည်မှာ အနည်းငယ် ပင်ပန်းသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် စုလျန် နှင့် လုကျစ်ကျောက်တို့၏ စကားများက စိတ်ခံစားချက်ကို ပြောင်းလဲစေသောကြောင့်လည်း ဖြစ်နိုင်‌သည်။ အတိုချုပ်ပြောရလျှင် ရလဒ်မှာ နင်းကျားရိ မူးလဲသွားရုံသာမက သတိလစ်သွားခဲ့ပြီး ဆေးကုသမှုခံယူရန် အထူးကြပ်မတ် စောင့်ကြည့်ခန်းသို့ ပို့လိုက်ရလေသည်။

နင်းကျားရိ၏ကိုယ်တွင် တပ်ဆင်ထားသော အချက်ပြကိရိယာများက ဆိုးရွားသော ညွှန်ကိန်းများကို ပြသနေပြီး လုကျစ်ကျောက်ကို အရာအားလုံး မေ့သွားစေလောက်သည်အထိ ဖြစ်စေကာ ကုသဆောင် အပြင်ဘက်တွင် ဖြူဖျော့သည့် မျက်နှာနှင့် ရပ်နေခဲ့သည်။ သူ့ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ အလွန် စိုးရိမ်ပူပန်နေခဲ့၏။

ယနေ့အတွက် သင်ခန်းစာအားလုံး ပြီးဆုံးသွားသည့် စုလျန် မှာ လုမိသားစု ပုဂ္ဂလိကဆေးရုံ၌ မည်သည်များ ဖြစ်ပျက်နေသနည်းကို မသိချေ။

စုလျန်သည် ရှင်းချွမ်တက္ကသိုလ်က အတန်းထဲတွင် ထိုင်နေပြီး သူ့ပတ်ဝန်းကျင်မှ နုပျိုလန်းဆန်းပြီး တက်ကြွနေသည့် အတန်းဖော်များကို ကျေနပ်စွာ ကြည့်နေခဲ့၏။

သူ့အတန်းဖော်များအထင်တော့ သူ နေမကောင်းလို့ တစ်ပတ်လုံး အတန်းမလာခဲ့တာပင်။ သို့သော် စုလျန် အတွက်မှာ သူငယ်ချင်းများ၊ ဤစာသင်ခန်း၊ ပါမောက္ခ သင်ကြားပေးခဲ့သည့် သင်ခန်းစာများမှာ တစ်သက်တာ ဝေးကွာ သွားသလိုပါပင်။

တစ်နည်းအားဖြင့် "တစ်ဘဝ ဝေးသွားခြင်း" ပင်။

ပြီးခဲ့သည့်ဘဝတွင် စုလျန် က လုကျစ်ကျောက် ကို ချစ်မိပြီး လုမိသားစုကနေ ထွက်ပြေးဖို့ ရွေးချယ်ခဲ့သည်။ ဤသို့ အလျင်စလို ဆုံးဖြတ်လိုက်သော အခြေအနေမျိုးတွင် စုလျန်၏ ပညာသင်ကြားမှုက ဆုံးခန်းမတိုင်ခဲ့ပေ။

အခြေအနေများ မဆိုးရွားခင်အချိန်၌ သူ့ကို သင်ကြားပေးခဲ့သော ပါမောက္ခက ဆက်သွယ်လာခဲ့သလို ခင်မင်ရင်းနှီးသော သူငယ်ချင်းတချို့ကလည်း အခါအားလျော်စွာ အဆက်အသွယ်ခဲ့ကြသည်။

သူတို့အားလုံးက ဒေါသထွက်နေကြပြီး စုလျန်၏ မဆင်မခြင် ဆုံးဖြတ်ချက်ကို အဆက်မပြတ် ဆူပူပြောဆို နေခဲ့ကြသည်။ သို့ပေမဲ့ စုလျန်က လုကျစ်ကျောက် ကို စွန့်လွှတ်ပြီး စာသင်ခန်းထဲကို ပြန်သွားဖို့ လုံးဝ မလုပ်ခဲ့ပေ။ ဆူပူမှုများကို ခေါင်းငုံကာသာ နားထောင်ခဲ့ပြီး နေ့ရက်တွေက ပိုပြီး ခက်ခဲလာတာနဲ့အမျှ သူတို့၏ ဆက်သွယ်မှုများကလည်း နည်းပါးသွားကြတော့သည်။

နောက်ပိုင်း ဘယ်တော့မှ ထပ်ပြီး မဆက်သွယ်ကြတော့ချေ။

သူလုပ်ခဲ့သော အမှားများကို ပြန်စဉ်းစားလိုက်မိသည့် စုလျန်သည် စာသင်ခန်းထဲတွင် မျက်လုံးများ နီမနေအောင် စိတ်ကို အတော်တင်းထား လိုက်ရ၏။

"စုလျန် ခဏစောင့်ပါဦး၊ မသွားနဲ့ဦး။ မင်းနေမကောင်းလို့ ကျောင်းက ကြော်ငြာစာကို မဖတ်မိတာ ဖြစ်နိုင်တယ်။ ပါမောက္ခက ဘွဲ့ရပြီးနောက်ပိုင်း အလုပ်ဝင်ဖို့ ဆန္ဒရှိမရှိ လက်မှတ်ထိုးဖို့ အလျင်စလို လုပ်ခိုင်းနေပြီ။ အတန်းထဲမှာ မင်းတစ်‌ယောက်ပဲ ကျန်တော့တာ။ ပြီးရင် ရုံးကိုသွားပြီး ပါမောက္ခဆီမှာ လျှောက်လွှာ တင်လိုက်ဦး။ ဒါက ဘဝအတွက် အရေးကြီးတယ်နော် မေ့မနေနဲ့ဦး”

နောက်ဆုံးအတန်း ပြီးသွားပြီဖြစ်ရာ ကျောင်းသားများသည် သူတို့၏ အိတ်များကို သယ်ဆောင်ပြီး အတန်းထဲမှ တစ်ယောက်ချင်းစီ ထွက်ခွာသွားပြီ ဖြစ်သော်လည်း အတန်းခေါင်းဆောင်က အခန်းဝမှ ရုတ်တရက် ပြန်ဝင်လာပြီး သူ့ကို သတိပေးသွား၏။

"ဟင်"

စုလျန် ခဏ အံ့အားသင့်သွားပြီး ပုံမှန်ဘဝတွင် ဤကဲ့သို့ အရေးကြီးသည့် ကိစ္စမျိုးလုပ်ရန် ရှိနေသေးကြောင်း သတိရသွားခဲ့ရသည်။

"သတိပေးတာ ကျေးဇူးပါ၊ ကျွန်တော် သွားလိုက်ပါ့မယ်။” ဟု ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

ရှင်းချွမ်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော ကျောင်းသူကျောင်းသားများအားလုံးသည် ထူးချွန် ထက်မြက်သူများသာ ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားအတော်များများကို ဘွဲ့မရခင်မှာပင် ကြယ်တာရာ ခရိုင်များအတွင်းရှိ အဖွဲ့အစည်းကြီးများက ကြိုတင်ရွေးချယ်ခန့်ထား တတ်ကြသည်။ အခြားသော ကျောင်းသားများကဲ့သို့ ဘွဲ့ရပြီးနောက် အလုပ်အကိုင် ရှာဖွေရန်အတွက် လုံးဝ စိုးရိမ်ပူပန်နေစရာမလိုဘဲ အနာဂတ် အလုပ်အကိုင်အာမခံချက် အပြည့်အဝ ရှိလေသည်။

သူတို့ ဘွဲ့တစ်ခုကို အောင်မြင်စွာ ရရှိပြီးနောက်တွင် အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများတွင် ရာထူးတစ်ခုကို ချက်ချင်း ရရှိကာ လုပ်ငန်းခွင်ဝင်နိုင်မှာ ဖြစ်ပြီး မြင့်မားသော လစာကောင်းကောင်းနှင့် အလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။

ဒီလိုကြိုတင်ရွေးချယ်ခန့်ထားခြင်း အစီအစဥ်မှာ ကျောင်းသားတစ်ဦးစီ၏ ကိုယ်ပိုင်သဘောထားကိုလဲ သေချာပေါက် ထည့်သွင်းစဥ်းစားထားသည်။ ရှင်းချွမ်ကို ဝင်ရောက်နိုင်သည့် ကျောင်းသားများ၏နောက်တွင် မတူညီသော အင်အားစုများ ရှိကြသောကြောင့်ပင်။ ကလေးများ၏ ရွေးချယ်မှုက သူတို့မိသားစုများက အနာဂါတ်တွင် ဘယ်အဖွဲ့အစည်းနဲ့ ပူးပေါင်းမလဲ ဆိုသည့် သဘောမျိုးကို သက်ရောက်သောကြောင့် မိဘများက သူတို့ကလေးများကို ကြိုတင်အလုပ်လျှောက်ထားရန် ခွင့်မပြုချင်တတ်ကြပေ။

ပြန်မွေးဖွားခြင်းမတိုင်မီ ဘဝတုန်းက စုလျန်သာ ခိုးရာလိုက် မပြေးခဲ့ဘူးဆိုရင် သူဟာ လုမိသားစု ရဲ့ ရှုပ်ထွေးတဲ့ အာဏာလွန်ဆွဲမှုကို မကြိုက်ခဲ့ရင်တောင်မှ လု မိသားစုကို တုံ့ဆိုင်းမှုမရှိဘဲ ရွေးချယ်ခဲ့မှာသာ ဖြစ်တယ်။ အကြောင်းရင်းကတော့ လု မိသားစုမှာ လု ကျစ်ကျောက် ရှိလို့ ဖြစ်သည်။

စုလျန် က လုကျစ်ကျောက် နဲ့အတူ ရှိချင်ရုံသက်သက်သာ။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ စုလျန် က အတည်ပြုလျှောက်ထားလွှာကို ကြည့်ပြီး တွန့်ဆုပ်မှုမရှိဘဲ သူ့ရဲ့ရွေးချယ်မှုကို မြန်မြန်ဆန်ဆန် ထည့်သွင်းလိုက်၏။

"စုလျန်၊ မင်း ဒီလျှောက်လွှာမှာ ဖြည့်ထားတာ သေချာပြီလား”

အငြိမ်းစားယူတော့မည့် ပါမောက္ခသည် သူ့မျက်မှန်ကို ချွတ်ပြီး လက်ကိုင်ပဝါဖြင့် မျက်နှာကို သုတ်လိုက်၏။

သူသည် စုလျန်၏ လျှောက်လွှာကို ထပ်မံ စစ်ဆေးလိုက်ပြီး သူ၏ချစ်လှစွာသော တပည့်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

"သေချာပါတယ်။ ကျွန်တော် တကယ် စဉ်းစားပြီးပါပြီ။"

စုလျန် သည် ပါမောက္ခ ဆရာမရှေ့တွင် အနည်းငယ် စိတ်လှုပ်ရှားစွာ ရပ်နေ၏။

‘ပြန်မွေးဖွားခြင်းမတိုင်မီက ဆူပူဆုံးမခဲ့သူများတွင် ပါမောက္ခက သူ့ကို အဆူပူခဲ့ဆုံး ပဲ။ ဒီတစ်ခါတော့ ပါမောက္ခရဲ့ အပြစ်တင်ခြင်းကို ခံယူဖို့ သူ ပြင်ဆင်ထားတယ်။ အခုလဲ ပါမောက္ခက အချိန်အကြာကြီး စဉ်းစားနေပြန်တယ်။ သူ့ကို ပြင်းပြင်းထန်ထန် ဆူလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ဘာတစ်ခွန်းမှ မပြောလာခဲ့ပေ။’

အရေးအကြောင်းများ သိသိသာသာပေါ်နေပြီ ဖြစ်သော ဆရာမ၏ မျက်လုံးထဲ၌ သူ့ကျောင်းသားများ အပေါ် စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုတို့သာ ရှိနေခဲ့၏။

"မင်းက လု မိသားစု ကလာတယ်ဆိုတာ ဆရာမသိတယ်။ ဒါပေမဲ့ မင်းက လု မဟုတ်ဘူး။ ဒီလျှောက်လွှာ တင်ပြီးတာနဲ့ မင်းနောင်တရလိမ့်မယ်။ ပြီးတော့ အဓိကကျတဲ့ ဗဟိုအဖွဲ့အစည်းတွေထဲကို ပြန်ဝင်ဖို့ အရမ်းခက်ခဲလိမ့်မယ်။ ဒီအဖွဲ့အစည်းတွေက မင်းတို့လို ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အလေးထားကြတယ်။ မင်း သူတို့ အဖွဲ့ကို တစ်ခါ ငြင်းလိုက်တာနဲ့ သူတို့ရဲ့ယုံကြည်မှုကို လုံးဝဆုံးရှုံးသွားပြီပဲ။ ဒီကနေ့ ခေတ်မှာ အဓိကဧရိယာတွေရဲ့ အပြင်ဘက်က ဘဝတွေက အရမ်းခက်ခဲတယ်။ ပြီးတော့ မင်းသွားချင်တဲ့နေရာက ခရိုင် ၄၈ နော်။”

"ဆရာမ၊ ကျွန်တော်သိပါတယ်။ ခရိုင် ၄၈ က လူဆိုးတွေ စုနေတဲ့ အမှိုက်ပုံကြီးလို ဖြစ်နေလို့ ဘယ်သူမှ အဲဒီကို သွားချင်ကြတာ မဟုတ်ဘူး။ အဲမှာ ကလေးတစ်ယောက် မွေးဖွားလာတာနဲ့ ပညာသင်ကြားချင်စိတ် ရှိရင်တောင် ဆရာတစ်ယောက်ကို ရှာမတွေ့နိုင်ပါဘူး။ အစိုးရက ချမှတ်ထားတဲ့ ပညာရေးစက်ရုပ်တွေတောင် ခေတ်မမီတော့လို့ ကလေးတွေ စက်ရုပ်တွေဆီကနေ အသုံးဝင်တဲ့ အမူအကျင့်တွေကိုတောင် သင်ယူလို့ မရဘူး။ ဒါကြောင့် သူတို့က အမှိုက်ပုံထဲမှာပဲ ကြီးပြင်းလာရပြီး သူတို့ရဲ့ ဘဝတစ်လျှောက်လုံး အနိမ့်ဆုံးအဆင့်ကနေ မတက်နိုင်ကြတော့ဘူး။ အဲဒီကလေးတွေက ခရိုင် ၄၈ ကနေ သူတို့ကို ခေါ်ထုတ်ပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို လိုအပ်နေတာပါ။ ဆရာမ၊ ဒီစိတ်ကူးက အောင်မြင်ဖို့ အလားအလာနည်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစားချင်ပါတယ်။"

စုလျန် သည် ဆရာမအား သူ့အတွေးတွေကို တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

စကားပြောနေစဉ်အတွင်း သူ့အရင်ဘဝတုန်းက ခရိုင်၄၈တွင် အသက်ရှင်ရန် ရုန်းကန်ခဲ့ရစဉ်က ကူညီပေးခဲ့သော လူများ သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။

‘တကယ်တော့၊ သူ ပြန်မွေးဖွားပြီး မကြာခင်မှာပဲ ဒီဆုံးဖြတ်ချက်ကို ချထားခဲ့တယ်။’

‘ဘုရားသခင်က သူ့ကို ဒုတိယအခွင့်အရေးပေးခဲ့တဲ့ အကြောင်းရင်းကတော့ သူ့ကို ကူညီခဲ့တဲ့သူတွေကို ပြန်လည် ကူညီပေးဖို့ပဲ။’

"လု မိသားစုမှာ သူတို့အတွက် တာဝန်ထမ်းဆောင်ဖို့ ထူးချွန်သူတွေ ဘယ်တုန်းကမှ မရှားခဲ့ပါဘူး။ ဒါပေမဲ့ ခရိုင်၄၈က ပညာမသင်းကြားရတဲ့ ကလေးတွေကတော့ ဆရာတစ်ယောက် လိုအပ်နေပါတယ်။"

ပါမောက္ခဆရာမသည် ထိုစကားကြောင့် ငြိမ်သက်တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာပြီးနောက် သူသည် စုလျန် ကို နူးညံသော အပြုံးဖြင့် ပြလိုက်ကာ

"မင်းဒီလိုပဲ တွေးတယ်ဆိုရင်တော့ နောင်တမရနဲ့၊ ဇွဲမလျှော့ဘဲ ဆက်လုပ်ပါ။"

ပါမောက္ခက တကယ်တမ်း အလွန် စိုးရိမ်နေဆဲ ဖြစ်သည်ကို စုလျန် ရိပ်မိသော်လည်း လျှောက်လွှာကို ဆက်တင်ထားခဲ့သည်။

သို့သော် စုလျန် မထွက်ခွာခင်မှာပင် ပါမောက္ခက သင်ရိုးညွှန်းတမ်းတွင် မပါဝင်သော စာအုပ်အများအပြားကို ပေးလိုက်၏။

"ဟင်?"

စုလျန်သည် မိမိဆန္ဒကို ပြောပြလိုက်ရလို့ ပေါ့ပါးသွားသောအခိုက်တွင် သူ့ရှေ့ရှိ စာအုပ်များကြောင့် ရုတ်တရက် ကြောင်အသွားရ၏။

သို့သော်ငြား အလွန်လေးလံသည့် သင်ရိုးစာအုပ်များဖြင့် စာသင်ဆောင်မှ ထွက်လာသည့်အခါ သူ့နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ ကော့တက်နေသည်ကို စုလျန် ခံစားလို့ ရနေသည်။

ယနေ့ အတန်းချန်ကလည်း သိပ်မရှိသလို့ အချိန်ကလည်း သိပ်နောက်မကျသေးချေ။

စုလျန် သည် ကောင်းကင်ကို ကြည့်လိုက်ပြီး ကျန်နေသေးသော အိမ်စာများ လေ့လာရန် စာကြည့်တိုက်သို့ သွားတာကောင်းမည် ဟု ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ပါမောက္ခ ပေးခဲ့သော “အပိုသင်ရိုးများ”ကိုလည်း ကြည့်ချင် နေသေးသည်။

ရှင်းချွမ် တက္ကသိုလ်တွင် စာကြည့်တိုက်ပေါင်းများစွာ ရှိ၏။ သို့သော် စုလျန် သည် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာချင်သောကြောင့် လူသိပ်မလာသည့် စာကြည့်တိုက်ဟောင်းကို တွေးတောမနေဘဲ ရွေးချယ်လိုက်၏။

စာကြည့်တိုက်ဟောင်းကြီးသည် ခါနန်စစ်ပွဲမတိုင်ခင်ကတည်းက ဆောက်လုပ်ထားခဲ့သော ရှင်းချွမ် တက္ကသိုလ်တစ်ခုလုံး၏ ရှေးအကျဆုံး အဆောက်အအုံ ဖြစ်သည်။ သို့သော် ဤအဆောက်အအုံသည် အလွန်ဟောင်းလွန်းလေရာ ဟော်လိုဂရမ် (သုံးဖက်မြင် ပုံရိပ်ဖော်စက်) လို အခြေခံ စက်ပစ္စည်းများပင် တပ်ဆင်လို့မရ‌သဖြင့် ရှေးဟောင်း ပုံနှိပ်စာအုပ် အချို့ကိုသာ ဖတ်ရှုနိုင်သည်။

ထို့အပြင် ရှင်းချွမ် တက္ကသိုလ်တွင် စာကြည့်တိုက်ဟောင်းကြီး၌ ဖြစ်ပျက်ခဲ့သည့် ကျောင်းတွင်းသရဲ ပုံပြင်များစွာ ရှိ၏။ ထိုနေရာတွင် သရဲခြောက်သည်ဟု ပြောကြပြီး ညဘက်တွင်တော့ မယုံနိုင်စရာ ကိစ္စများ အမြဲပေါ်လာတတ်သည်ဟု ပြောကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ အတော်ဆုံးကျောင်းသားများပင် ထိုကို သိပ်မသွားကြတော့ချေ။

"ကျောင်းသား စု၊ ဒီလောက်နောက်ကျနေပြီ ဘာလို့ ကျောင်းထဲမှာ ဘာလို့ရှိနေသေးတာလဲ။ မင်း စာလုပ်ရတာ အရမ်းကြိုက်တာပဲလား။"

စာကြည့်တိုက်ဟောင်းဆီ သွားသည့်လမ်းတွင် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က သူ့နားသို့ ရုတ်တရက် ပြေးလာ၏။

"စီနီယာ"

စုလျန် သည် ရင်းနှီးသည့်အသံကို ကြားလိုက်သည်နှင့် သူ၏မျက်နှာအမူအရာသည် အနည်းငယ် တောင့်တင်းသွားမိ၏။

သူ့ဘေးရှိ ကောင်လေးသည် အရပ်ရှည်ပြီး မျက်နှာက တည်တင်းသောမျက်နှာ ရှိလေရာ သူ့ဆဲလ်တိုင်းက အခြားသူများကို "ငါက အဆင့်မြင့်အယ်လ်ဖာပါ" ဟု အော်ဟစ်ပြောနေ သကဲ့သို့ပင်။

အခြားမေဂျာမှ ဒီစီနီယာက သူ့လို ဘီတာကို ဘာကြောင့် ကြိုက်တယ်ဆိုတာ စဥ်းစားမရ။ စဥ်းစားမိသလောက်ဆို တစ်ခြားကြောင့်တော့ မဖြစ်နိုင်၊ သူ့မျက်နှာကြောင့်ပဲ ဖြစ်မည်။

‘ရှင်းချွမ်ကို ဝင်ရောက်ပြီး နောက်ပိုင်းမှာ သူ့ရဲ့လှပမှုကြောင့် စုလျန် ကို လူအများအပြား ချဉ်းကပ်ခဲ့ကြပေမယ့် ဒီစီနီယာလောက် ဘယ်သူမှ မရဲတင်းခဲ့ကြဘူး။ စုလျန် က အကြိမ်ပေါင်းများစွာ ငြင်းခဲ့ပြီး နောက်မှာတောင် အငြင်းမခံရဖူးသလို ဆက်လိုက်နေခဲ့တယ်။’

"ကျွန်တော် စာကြည့်တိုက်ဟောင်းကို သွားမလို့။"

စုလျန် သည် လျစ်လျူရှုဟန်ဖြင့် စီနီယာကို ယဉ်ယဉ်ကျေးကျေးပြောကာ သူ့လက်ထဲမှ စာအုပ်ကို လှုပ်ပြ လိုက်လေသည်။

"ဝိုး၊ ကွက်တိပဲ။ ငါလဲ ရက်အနည်းငယ်အတွင်း စာမေးပွဲရှိတယ်။ ငါတို့ အတူတူသွားရင် ဘယ်လိုလဲ။"

စီနီယာအယ်လ်ဖာ၏ မျက်လုံးများ လင်းလက်သွားကာ ချက်ချင်း ပြောလိုက်လေသည်။

"ရပါတယ်"

စုလျန် က တိုးတိုးလေး ပြောလိုက်၏။

‘ပြီးခဲ့တဲ့ဘဝက အတွေ့အကြုံအရ ဒီရဲတင်းတဲ့ စီနီယာဟာ သိပ်မကြာခင်မှာ သူ့ရဲ့မိတ်ဖက်အိုမီဂါကို မကြာခင် ရှာတွေ့သွားပြီး သူ့အိုမီဂါကို နေ့တိုင်း အရူးအမူး ဖြစ်နေကာ သူ့ကို ဆက်မလိုက်တော့ဘူးဆိုတာ ကောင်းကောင်း သိနေခဲ့တယ်။ ကြိုသိနေမှတော့ အကြောက်အကန်ငြင်းပြီး ဘာလို့ ရှုပ်ထွေးအောင် လုပ်နေမှာလဲ။’

‘ဒါကြောင့် စီနီယာတွေ သူ့နား ဝဲလည်လည်လုပ်နေတာကို သိပ်အာရုံ မစိုက်မိတော့။’

‘ပြီးတော့ ဒီစီနီယာရဲ့ စရိုက်အရ စာကြည့်တိုက်လိုနေရာမျိုးမှာ နာရီဝက်လောက် နေပြီးရင် ပျင်းလာပြီး မြန်မြန် ပြန်ထွက်သွားမှာပဲ။ ဒါကြောင့် စီနီယာက သူ့အတွက် အနှောက်အယှက် မဖြစ်နိုင်ဘူး။’

ဤသို့ဖြင့် စုလျန် နှင့် စီနီယာသည် စာကြည့်တိုက်ဟောင်းဘက်ကို ဘေးချင်းယှဉ် လျှောက်လာခဲ့ကြ၏။

သူ့ဘေးက စီနီယာသည် ဆုကြီးတစ်ခု ရခဲ့သလိုပင်။ သူ့မျက်နှာတစ်ခုလုံးသည် ဝါးကြွာလိုသော အပြုံးများဖြင့် ပြည့်နေပြီး အလွန် ကျေနပ်နေလေသည်။

သို့သော် ဒီတစ်ဖက်သတ် ပျော်ရွှင်စရာ အခိုက်အတန့်သည် ခဏသာ ကြာခဲ့၏။

စုလျန် လမ်းလျှောက်နေရင်း စီနီယာ၏ခြေလှမ်းများ နှေးကွေးလာသည်ကို သတိထားလိုက်မိ၏။ စီနီယာက ရုတ်တရက် နေမကောင်းဖြစ်သွားပြီး သူ့ခြေထောက်များ လှုပ်လို့ မရတော့သလိုပင်။

"စီနီယာ၊ နေမကောင်းဘူးလား”

စုလျန် သည် ခေါင်းလှည့်ပြီး စီနီယာကို ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။

အစက သိပ်အာရုံ မစိုက်မိခဲ့ပေမဲ့ အခု စီနီယာ၏ မျက်နှာကို သေချာကြည့်လိုက်မိမှ စုလျန်ပင် တုန်လှုပ်သွားမိသည်။

‘ဘယ်အချိန်ကတည်းက စီနီယာရဲ့ မျက်နှာက ဖြူဖျော့သွားပြီး နဖူးတစ်ခုလုံး ချွေးအေးတွေ ရွှဲနေခဲ့တာလဲ‘

"ဟား၊ ဟားဟား၊ ငါအဆင်‌ပြေပါတယ်။" ဟု စီနီယာက အားယူ ပြောလိုက်၏။

"နည်းနည်း မူးသွားတာပါ။ ဒီက အငွေ့အသက်က နည်းနည်း မသက်မသာ မဖြစ်ဘူးလား” ဟု စူးစမ်းသလို မေးလာသည်။

စုလျန် သည် ဘေးပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ရာ နေဝင်ချိန်က တောက်ပနေပြီး ညနေလေပြေက အေးမြနေလေသည်။

"မဖြစ်ပါဘူး။”

စီနီယာ သတိပေးမပေးခဲ့လျှင်တောင် စုလျန် ဘာမှ ခံစားမိမှာ မဟုတ်ပေမဲ့ သေချာ ခံစားကြည့်လိုက်သောအခါ လေထဲမှာ ပျံ့လွင့်နေသည့် အလွန်သက်သောင့်သက်သာရှိသော အငွေ့အသက် တစ်ခုကို စိတ်အတွင်းမှ ခံစား လိုက်ရသည်။

‘စုလျန် အတွက်တော့ ဒီလို လေလေးကို ရှုလိုက်ရတာနဲ့တင် စိတ်အခြေအနေ ကောင်းလာသလိုပဲ။’

"ဘာမှ မဖြစ်ဘူးကိုး” ဟု စီနီယာက ခြောက်တီးခြောက်ကပ်သာ ပြန်ဖြေလာ၏။

ထို့နောက် အံကြိတ်ကာ စုလျန် နောက်မှ ခြေလှမ်းအနည်းငယ် ဆက်လိုက်လာပြီး မတတ်နိုင်သည့် အဆုံးတွင် စုလျန် ကို ဖြူဖျော့နေသည့် မျက်နှာဖြင့် လှမ်းခေါ်ကာ

"တောင်းပန်ပါတယ်၊ ငါ တကယ်ပဲ နည်းနည်း မသက်မသာ ဖြစ်နေတယ်၊ မင်းနဲ့ အတူ မလိုက်နိုင်တော့ဘူး ထင်တယ်။"

စုလျန် ပြန်မဖြေနိုင်မီမှာပင် မိမိကိုယ်ကိုယ် အဆင့်မြင့်အယ်လ်ဖာ အဖြစ် မာနကြီးခဲ့သော စီနီယာက ပြေးထွက်သွားလေပြီ။ စီနီယာ၏ကျောပြင်က တစ်စုံတစ်ခုကို ရှောင်ပြေးသွားသလို ထိတ်လန့်ကြောက်ရွံ့ခြင်းများကို ဖော်ပြနေ၏။

စုလျန် စီနီယာ၏ ရုတ်တရက် ထွက်ခွာသွားခြင်းကို နည်းနည်း နားမလည်ဖြစ်နေသလို စီနီယာကလည်း စာကြည့်တိုက်ဟောင်းဧရိယာက လွတ်သွားပြီးမှ သတိပြန်ဝင်လာခဲ့သည်။

"သောက်ကျိုးနည်း။ ငါဘာတွေလုပ်နေတာလဲ။”

စီနီယာသည် သူ့၏တုန်လှုပ်နေသော ရင်ဘတ်ကို ဖိထားပြီး သူဘာကြောင့် ဒီလိုလုပ်မိမှန်း နားမလည်နိုင် ဖြစ်နေ၏။

ဘာဖြစ်သွားမှန်း သူ တကယ် မသိခဲ့ပေ။ စာကြည့်တိုက်ဟောင်းကို ချဉ်းကပ်လိုက်ရုံနဲ့ သူ့ကျောနောက်မှ အေးစိမ့်သွားသလို ခံစားရပြီး မသိစိတ်၏ လှုံဆော်မှုကြောင့် ထွက်ပြေးခဲ့ရသည်။

‘သူ့ ခန္ဓာကိုယ်ထဲရှိ အယ်လ်ဖာ ပင်ကိုဗီဇက အဆက်မပြတ် အော်ဟစ်နေပြီး သူ့ကို မြန်မြန်ထွက်သွားဖို့ လှုံ့ဆော်နေလိုပင်။’

မြန်မြန်ပြေး

မပြေးရင်.......

ဘာဖြစ်သွားနိုင်မလဲဆိုတာ

ငယ်ရွယ်သည့် အယ်လ်ဖာက မခန့်မှန်းနိုင်ပေ။

သူ့ကို ဒီလိုကြောက်ရွံ့တုန်လှုပ်စွာ ထွက်ပြေးစေခဲ့သော အငွေ့အသက်က နောက်ထပ် အယ်လ်ဖာ တစ်ယောက်၏ ဖယ်ရိုမုန်းလားဆိုတာတောင် သူ မသေချာပေ။

အဆင့်မြင့် အယ်လ်ဖာ များသည် သူတို့၏ ဖယ်ရိုမုန်းဖိအားကို အသုံးပြုပြီး အဆင့်နိမ့် အယ်လ်ဖာ များကို သူတို့နယ်မြေကနေ ထွက်သွားအောင် လုပ်နိုင်ကြသည်။

သို့သော် AA အဆင့် အယ်ဖာဖြစ်သော စီနီယာသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားမျိုးကို ဘယ်လိုအယ်လ်ဖာက ထုတ်လွှတ်လိုက်သလဲ ဆိုတာ စဥ်းစားမရ ဖြစ်နေ၏။

‘ဒါက လူသားတွေ ထုတ်လွှင့်နိုင်တဲ့ စွမ်းအားမျိုး မဟုတ်ဘူး။’

‘ငရဲကနေ တက်လာတဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်’

သူ့လို စွမ်းအားကြီးသောသူကိုတောင် ခေါင်းမဖော်ရဲဖြစ်ကာ ကြောက်လန့် ထွက်ပြေးသွားစေပြီး စုလျန် ကို ခေါ်လာဖို့တောင် မေ့သွားခဲ့သည်။

‘နေဦး၊ စုလျန်။’

စုလျန် သွားနေသည့် နေရာက စာကြည့်တိုက်ဟောင်းကြီးဆိုတာကို ခုမှ သတိရသွား၏။

သူ အဓိပ္ပါယ်မရှိဟု ထင်ထားခဲ့သော ကျောင်းတွင်း ကောလာဟလများက ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

အခြေအနေမကောင်းဘူးလို့ တွေးလိုက်မိသောကြောင့် စုလျန် ကို စာကြည့်တိုက်ကနေ မြန်မြန်ထွက်သွားဖို့ မက်ဆေ့ခ်ျ လှမ်းပို့ရန် ဆက်သွယ်ရေးစက်ကို ထုတ်ယူလိုက်၏။

သို့သော် သူ့လက်များက တုန်ရီနေပြီး ဆက်သွယ်ရေးစက်ကို လုံးဝကိုင်မထားနိုင်တော့တာကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။

‘ဘာတွေဖြစ်နေတာလဲ’

စီနီယာသည် သူ့၏တုန်ယင်နေသည့်လက်များ ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်မိ၏။

ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး ခေါင်းမော့ကြည့်လိုက်ရာ...

အယ်လ်ဖာ အများအပြားကလည်း သူ့ကဲ့သို့ အားနည်းနေကာ မျက်နှာများမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်များက ငုံးများကဲ့သို့ တုန်ရီနေကြ၏။

ထိုအယ်လ်ဖာများထဲတွင် သူသိသည့်သူတွေ အများကြီး ပါဝင်နေသည်။

ထို့ပြင် ဒီ အယ်လ်ဖာတွေအားလုံးက အဆင့် A အထက်ရှိကြသူတွေချည်းသာ...

လုထိုက်ဖန် တိုးတက်မှုဘား: အားသွင်းနေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment