no

Font
Theme

စုလျန်တစ်ယောက် ထပ်မံ၍ အိပ်မက်မက်နေခဲ့သည်။

အိပ်မက်ထဲရှိ လုကျစ်ကျောက်က ယခင်ကကဲ့သို့ပင် နူးညံ့ပြီး တည်ငြိမ်နေဆဲ။ မျက်လုံးများသည် ကြည်လင်နေပြီး ထိုမျက်လုံးများဖြင့် တစ်စုံတစ်ဦးကို ကြည့်လိုက်သည့်အခါ သူက အမြဲတမ်းအတွက် အလွန်အားကိုးထိုက်သူဖြစ်နေသကဲ့သို့ မြင်ရနိုင်၏။

ထိုသို့ အားကိုးစိတ်ချရသော အသွင်အပြင်ဖြစ်ဆဲပင်။

"ကိုယ်ပြန်လာခဲ့မယ်"

အိပ်မက်ထဲမှ စုလျန်သည် လုကျစ်ကျောက်၏ စကားများကို တည်ငြိမ်စွာ နားထောင်ခဲ့သည်။

"လျန်လေး ၊ မင်း ကိုယ့်ကို စောင့်ရမယ်နော်။ ဒီတစ်ခါ ကိုယ်ပြန်သွားတာ နင်းကျားရိနဲ့ လုမိသားစုကို အားလုံးရှင်းရှင်းလင်းလင်း ပြောပြချင်လို့ပါ။ ကိုယ်ချစ်တဲ့သူက မင်းပါပဲ ၊ အစကတည်းက မင်းပဲ ၊ အခုလည်း မင်းပဲ ၊ နောက်ဆုံးမှာလည်း မင်းပဲ ဖြစ်ရမယ်"

“ဘီတာ ဖြစ်ဖြစ် အိုမီဂါ ဖြစ်ဖြစ် ကိုယ်ဂရုမစိုက်ဘူး ၊ အဲဒီ ရယ်စရာကောင်းတဲ့ လိုက်ဖက်မှုနှုန်း ဆိုတာအတွက်နဲ့တော့ နင်းကျားရိနဲ့ ကိုယ်အတူ ရှိမနေနိုင်ဘူး ၊ သူ နားလည်လိမ့်မယ်လို့ ကိုယ်ယုံတယ်။ ဒါကြောင့် ဒီတစ်ခါ ကိုယ်ပြန်သွားရင် နှစ်ပေါင်းများစွာ ကိုယ်တို့ကို ဒုက္ခပေးနေတဲ့ ပြဿနာတွေကို ကိုယ်သေချာပေါက် ဖြေရှင်းမယ်”

“မင်း ကိုယ့်နောက်မှာ ဒီလို ပုန်းကွယ်နေရတာမျိုး မဖြစ်စေချင်တော့ဘူး ၊ ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာ ၊ ပြစ်မှု မဟုတ်တဲ့အတွက် ဒီလိုပုန်းနေစရာ မလိုဘူး”

“လျန်လေး ကိုယ့်ကို စောင့်နေနော်။ ကိုယ်ပြန်လာရင် ကိုယ်တို့နှစ်ယောက် တကယ် အတူတူရှိနိုင်တော့မှာ”

“လျန်လေး…”

စုလျန်သည် အေးစက်နေသော ကုတင်ပေါ်တွင်ရှိနေပြီး အမှောင်ထဲ၌ မျက်လုံးဖွင့်လိုက်လေ၏။

အဝေးမှ မရေမရာ အသံများ ကြားနေရသည်။ တစ်စုံတစ်ယောက်က သောက်စားသောင်းကျန်းနေပုံရပြီး ၊ ကံမကောင်းသူအချို့ လုယက်ခံရခြင်းလည်း ဖြစ်နိုင်၏။ ထိုသို့သော ဆူညံသံများမှာ ညတိုင်းလိုလို ပုံမှန်ပင် ၊ အကြောင်းမှာ စုလျန်၏ ယာယီနေထိုင်ရာနေရာသည် တရုတ်နိုင်ငံ၏ ခရိုင် ၄၈ ခုလုံးတွင် အဆင်းရဲဆုံးနှင့် အပျက်အစီးဆုံး နေရာတွင် တည်ရှိသောကြောင့်ဖြစ်သည်။

ဤနေရာသည် အမှန်တကယ် ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး ဘဝမှ ဖယ်ကျဉ်ခံရပြီး ကျန်ရစ်ခဲ့သည့် အညံ့ဆုံးလူများ၏ နောက်ဆုံးခိုလှုံရာနေရာ ဖြစ်လေ၏။

ဤသည်မှာ စုလျန်သွား၍ရသည့် တစ်ခုတည်းသော နေရာပင်။

ငယ်စဉ်ကတည်းကပင် လုမိသားစု၏ ချစ်ခင်မှုကို ရခဲ့သော လုကျစ်ကျောက်သည် ထိပ်တန်း အယ်လ်ဖာ ဖြစ်သော်လည်း အချို့ကိစ္စများတွင် နုံအသည်မှာ အမှန်ဖြစ်၏။

ကမ္ဘာ့မဟာမိတ်အဖွဲ့၏ ထိပ်တန်း အင်အားကြီးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် လုမိသားစုသည် လူတစ်ဦးကို စိတ်မသက်မသာ ဖြစ်အောင် လုပ်လိုပါက ထိုသူသည် ငရဲဘုံသို့ သေချာပေါက် ရောက်သွားမည်ဟု သူလုံးဝ ထင်မထားခဲ့ပါချေ။

စုလျန်ပင်လျှင် တစ်ချိန်က လုမိသားစုဝင် တစ်ဦးဖြစ်ခဲ့၏။

စုလျန်သည် သက်ပြင်း ခပ်ကြမ်းကြမ်းချကာ ကုတင်ဘေးရှိ မီးအိမ်ကို ဖွင့်လိုက်သည်။

လျှပ်စစ်စီးကြောင်းက တရှဲရှဲမြည်နေပြီး မျက်နှာကျက်ပေါ်ရှိ စွမ်းအင်ချွေတာသော မီးလုံးများမှာ ငြိမ်သက်စွာ လင်းမလာခင်အထိ ခဏမျှ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေလေ၏။ အလင်းရောင်သည် အလွန်မှိန်နေပြီး တစ်အိမ်လုံးကို ပို၍ ပျက်စီးယိုယွင်းစေကာ ခြောက်သွေ့ ထိုင်းမှိုင်းနေစေသည်။

စုလျန် ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထလိုက်၏။ သူ့တစ်ကိုယ်လုံး အေးစက်နေပြီး ပြင်းထန်သော နာကျင်မှုတစ်ခုမှာ သူ့ရင်ဘတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာကာ အော့အန်မိခြင်းကို မတားမဆီးနိုင်လောက်အောင်ပင်။

ပျက်စီးယိုယွင်းနေသော တိုက်ခန်းအပြင်ဘက်မှ သနားစရာကောင်းသည့် အော်ဟစ်သံများနှင့် ကောင်ဆိုးလေးများ၏ ရယ်မောသံများသည် စုလျန်ကို ပို၍ပင် နာကျင်စေ၏။

["ပိုကြာကြာ အသက်ရှင်ချင်ရင် အနားယူရမယ် စုလျန် ၊ မင်းဘဝကို အပျော်သဘောမလုပ်ပါနဲ့”]

နောက်ဆုံး ဆရာဝန်သွားပြခဲ့သည်မှာ ကြာပြီဖြစ်ပုံရသော်လည်း အံ့ဩစရာကောင်းသည့်အချက်က ယခုအခိုက်အတန့်တွင် စုလျန်သည် ထိုစည်းကမ်းကြီးသော ဆရာဝန်လေး၏ သတိပေးစကားကို မထင်မှတ်ဘဲ ပြန်မှတ်မိနေခြင်းပင်။

သူ မထိန်းနိုင်ဘဲ ရယ်မောမိလေ၏။

‘စောစောသေတာနဲ့ နောက်ကျမှသေတာပဲ ကွာတယ်။ တကယ်ပဲ အနားယူဖို့ လိုလို့လား’

နောက်ဆုံး၌ ချောင်းဆိုးရပ်သွားချေပြီ။ သူသည် ကုတင်ဘေးရှိစားပွဲကို အမှီပြုကာ အားတင်း၍ ထရပ်လိုက်ပြီး ရေနည်းနည်းလောင်းထည့်ကာ အံဆွဲထဲမှ အကိုက်အခဲပျောက်ဆေးကို ထုတ်ပြီး ဆေးတစ်ဝက်ကို တစ်ခါတည်း မျိုချလိုက်၏။ ခဏလောက်စောင့်လိုက်ပြီးနောက် ရူးသွပ်လောက်အောင် နာကျင်နေရသည့် နာကျင်မှုများက တဖြည်းဖြည်း သက်သာသွားတော့သည်။

ဤဆေးမှာ ခန္ဓာကိုယ်ကို နာကျင်မှုမှ ညင်ညင်သာသာ ခွဲထုတ်ပေးသည့် မှုန်ဝါးဝါး အလွှာလေးတစ်ခုသာသာပင်။

သူသည် အခန်း၏ အခြားတစ်နေရာကို ဖြည်းဖြည်းချင်း ရွေ့သွားလိုက်၏။ ဤဈေးပေါပြီး တရားမဝင်သည့် အကိုက်အခဲပျောက်ဆေးများ အာနိသင်မပျယ်ခင် အမြန်ဆုံး အဝတ်လဲရမည်။

'သူ့မှာ တစ်နေကုန်လုပ်ရမယ့် အလုပ်တွေ ရှိနေသေးတယ်’

‘မဟုတ်ရင် ဒီ "အမှိုက်ပုံ" ထဲက ဟောင်းနွမ်းနေတဲ့ အိမ်အတွက် အိမ်ငှားခတောင် သူ စုဆောင်းနိုင်မှာ မဟုတ်ဘူး’

ကံမကောင်းစွာဖြင့် သူ ခြေလှမ်းနှစ်လှမ်းတောင် မလှမ်းရသေးခင် သူ၏ အားအင်ချိနဲ့နေသော ခန္ဓာကိုယ်သည် ရုတ်တရက် အားအင်ကုန်ခမ်းပြီး ကုလားထိုင်ပေါ် လဲကျသွားလေတော့၏။

သူသည် မတော်တဆ တီဗီအဝေးထိန်းခလုတ်ကို နှိပ်လိုက်မိသည့်အခါ နောက်တစ်စက္ကန့်၌ နှစ်ပေါင်း ၂၀၀ လောက်ရှိပြီဖြစ်နိုင်သည့် ရှေးဟောင်းလျှပ်စစ်ပစ္စည်းမှာ မှိတ်တုတ်မှိတ်တုတ်နှင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ပွင့်လာလေသည်။

အရောင်မမှန်သည့် မှုန်ဝါးနေသော အရိပ်တစ်ခုသည် အနည်းငယ် ပုံပျက်နေသော မျက်နှာပြင်ပေါ်သို့ ခုန်ထွက်လာ၏။

‘ဒါက အရမ်းလှပြီးနာမည်ကြီး‌နေတဲ့ သတင်းထောက်တစ်ယောက်ပဲ’

တီဗီသည် အလွန်ဟောင်းနေသဖြင့် သတင်းထောက်၏အသံသည် တစ်ခါတစ်ရံ ဗလုံးဗထွေးနှင့် တိုးတိုးလေး သွားတတ်သည်။

ဤအချိန်တွင် သတင်းထောက်၏ လှပသည့်မျက်နှာတွင် အပြုံးများနှင့် ပြည့်နေကာ သူ(မ)သည် ကြယ်စင်စုရင်ပြင်၏ အစွန်တွင် ရပ်နေခဲ့သည်။ မဟာမိတ်မြို့များ၏ အကျော်ကြားဆုံး အထင်ကရ အဆောက်အအုံဖြစ်ပြီး မျက်နှာပြင်ရှေ့တွင်ရှိသော ပရိသတ်အများအပြားကို စိတ်လှုပ်ရှားစွာဖြင့် ထုတ်လွှင့်ပြသနေသည်။

"...လူတိုင်းသိတဲ့အတိုင်းပါပဲ ၊ ဒါက လုမိသားစုရဲ့ အထူးခြားဆုံး အမွေဆက်ခံသူ လုကျစ်ကျောက်နဲ့ နင်းမိသားစုရဲ့ သခင်လေး နင်းကျားရိတို့ရဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို 'ရာစုနှစ်ရဲ့ မင်္ဂလာပွဲ' လို့တောင် သိကြမယ်ထင်ပါရဲ့။ အမှန်ပါပဲ ၊ လုကျစ်ကျောက်ရဲ့ စိတ်စွမ်းအင်က ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း S အဆင့်ကို ရောက်ခဲ့ပြီး ၊ နင်းကျားရိရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကလည်း ပြီးခဲ့တဲ့နှစ်က S အဆင့်ကို ချိုးဖောက်ခဲ့တယ်ဆိုတာ ငါတို့အားလုံး သိပါတယ်။ သူတို့နှစ်ယောက်က တကယ်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲလို့ ပြောလို့ရတယ် မဟုတ်လား။ သူတို့ရဲ့ ကိုက်ညီမှုရာခိုင်နှုန်းက ၉၀ရာခိုင်နှုန်းကို ကျော်နေပြီး ဒီလို ကိုက်ညီမှုရာခိုင်နှုန်းမျိုးက ရှားပါတယ်။ လု နဲ့ နင်း တို့ နှစ်ယောက်ကို တွေ့ဆုံဖို့ ကျွန်မတို့ မျှော်လင့်ထားလို့ရပါပြီ‌နော်။ ဘာလို့လဲဆိုတော့ ဒီမင်္ဂလာပွဲက ပိုပြီးနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရောက်ရှိစေခဲ့လို့ပါပဲ။ ဟုတ်ပါတယ် ၊ လုကျစ်ကျောက် နဲ့ နင်းကျားရိတို့ရဲ့ ပေါင်းစည်းမှုကိုလည်း လူအများစုက ကောင်းချီးပေးထားကြပါတယ်”

စုလျန် ကုလားထိုင်တွင် ငူငူကြီး ထိုင်နေမိသည်။

သူတီဗီကို ပိတ်ချင်သော်လည်း မည်သည်ကြောင့်မှန်းမသိ ၊ သူ့ခန္ဓာကိုယ်သည် အနည်းငယ် ဆိုးရွားလာ၏။

သူ မလှုပ်နိုင်‌ခဲ့ပါချေ။ သူ့မျက်လုံးများကိုသာ မှုန်တေတေ ဖွင့်ထားရပြီး မျက်နှာပြင်ပေါ်မှ လှုပ်ရှားနေသည့် ပုံရိပ်များကို ကြည့်နေခဲ့ရသည်။

သတင်းထောက်သည် မျက်နှာပြင်မှ ပျောက်ကွယ်သွားပြီး ဒါရိုက်တာသည် ကင်မရာကို မင်္ဂလာဆောင် အခမ်းအနားသို့ အလျင်အမြန်ပင် လှည့်ပြရန် မစောင့်နိုင်တော့ပါချေ။

ဇိမ်ခံပစ္စည်းများနှင့် အလှဆင်ထားသော ပတ်ဝန်းကျင်တွင် ကြယ်အတုများမှာ လင်းလက်တောက်ပနေပြီး အရာအားလုံးမှာ လှပကာ အတုယောင်ဆန်လှ၏။

‘ပြီးတော့ ကော်ဇောနီပေါ်မှာ ခြေတစ်လှမ်းချင်းစီ လှမ်းရင်း လျှောက်လာတဲ့ လူနှစ်ယောက်က ပိုပြီးတောင် တောက်ပပြီး ချောမောနေတယ်။ နတ်သမီးပုံပြင်ထဲက မင်းသားတွေလိုပဲ’

‘တကယ်တော့ တိတိကျကျပြောရရင် လုကျစ်ကျောက် နဲ့ နင်းကျားရိတို့က တခြားသဘောအရဆိုရင်လဲ "မင်းသားတွေ" ပါပဲ’

စုလျန်သည် မျက်နှာပြင်ပေါ်တွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေသော လူနှစ်ယောက်ကို စိုက်ကြည့်နေမိခဲ့၏။

‘အခုမှပဲ မင်္ဂလာပွဲကို မှတ်တမ်းတင်ထားပြီး ပြန်ထုတ်လွှင့်နေတဲ့ဟာကို သူကြည့်နေမိမှန်း သဘောပေါက်သွားတယ်’

‘ဒါဆို အဲ့ဒီလူက လက်ထပ်ပြီးသွားပြီ‌ပေါ့’

စုလျန် သူ့နှလုံးသားထဲမှ အသံတစ်သံကို တိုးတိုးလေး ကြားလိုက်ရချေသည်။

“လုကျစ်ကျောက်…”

သူသည် ထိုအမည်နာမအား တိတ်တိတ်လေး ရွတ်လိုက်မိသည်။

‘ကင်မရာရှေ့မှာရှိတဲ့ အဲဒီလူရဲ့ မျက်နှာအမူအရာက ငြိမ်သက်နေတုန်းပဲ။ သူ့ရဲ့ အပြုံးက နည်းနည်း ထူးဆန်းနေသလိုလို။ စုလျန် ဘယ်တုန်းကမှ လုကျစ်ကျောက် ဒီလိုပြုံးတာမျိုးကို မမြင်ဖူးဘူးဆိုတာ သိလိုက်ရပြန်တယ်’

‘ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ချောနေဆဲဖြစ်သလို ၊ နင်းကျားရိကလည်း လှပနေဆဲပါပဲ’

‘ထိပ်တန်း အိုမီဂါက ပန်းချီကားတစ်ချပ်လို သိမ်မွေ့ပြီး လှပတယ်။ သူက လုကျစ်ကျောက်ရဲ့ ဘေးမှာ ရပ်နေတဲ့အခါ တကယ်ကို ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုမှန်း သိသာထင်ရှားစေတယ်’

‘လူတိုင်းက ဒီလိုပဲ တွေးကြမှာပါပဲ’

တီဗီမျက်နှာပြင်သည် ရုတ်တရက် ပြန်ပြီး မှုန်ဝါးသွားတော့သည်။

လုကျစ်ကျောက် နှင့် နင်းကျားရိ တို့ ဝင်လာသည့်အခါ မင်္ဂလာပွဲမှ လူများ၏ နားကွဲမတတ် အော်ဟစ်အားပေးသံတွေကိုသာ စုလျန်ကြားနိုင်ခဲ့၏။

‘တကယ်တော့ ချစ်ကြတဲ့လူနှစ်ယောက်ကပဲ ဒီလို နွေးထွေးတဲ့ ကောင်းချီးမင်္ဂလာတွေကို ရနိုင်တာ’

ဤအတွေးသည် စုလျန် စိတ်ထဲ၌ လျှပ်တစ်ပြက် ဝင်ရောက်လာခဲ့သည်။ ထို့အပြင် တကယ်ဆို တစ်ယောက်ကို တစ်ယောက် ချစ်ကြသော လူနှစ်ယောက်သည် ဤကဲ့သို့ ကောင်းချီးမင်္ဂလာမျိုး ရသင့်သည်မှန်း သူသဘောပေါက်သွားတော့၏။

‘သူနဲ့ လုကျစ်ကျောက်တို့သာ အတူရှိနေခဲ့ရင် သူတို့က လူတိုင်းရဲ့ အတားအဆီးနဲ့ လှောင်ပြောင်မှုကို ခံရမှာပဲ’

အဘယ့်ကြောင့်ဆိုသော် စုလျန် သည် ဘီတာတစ်ယောက်ဖြစ်နေခဲ့လို့ပင်။

လုကျစ်ကျောက် မှာ အယ်လ်ဖာ တစ်‌ယောက်ဖြစ်၏။

သူတို့နှစ်ဦးမှာ လုံးဝအတူမရှိခဲ့သင့်ပါချေ။

‘တကယ်တော့ လုကျစ်ကျောက် ထွက်သွားတဲ့အခါ စုလျန်က လုကျစ်ကျောက်နဲ့ ထပ်ပြီး ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်မှန်း ခံစားခဲ့မိတယ်’

‘ပြီးတော့ သူစိတ်ထဲထင်တာတွေက အမြဲတမ်း မှန်‌နေတတ်တာပဲ’

‘သူ လုကျစ်ကျောက်ကို တီဗီမှာ နောက်ဆုံးတစ်ကြိမ် ပြန်တွေ့တဲ့အခါ စုလျန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ချဉ်ပြုံးပြုံးခံစားချက်တစ်ခုပဲ ရှိနေသေး‌တော့တယ်’

‘သူ့ခွန်အားကို မည်သည်က ပြန်ရလာမှန်း မသိသော်လည်း ရုတ်တရက်ပင် သူ့၏မနာခံသော လက်များ ခြေထောက်များသည် ပြန်လှုပ်ရှားနိုင်ခဲ့လေသည်။

စုလျန် အမြန်ထကာ အလုပ်သွားသင့်သည် ဟု ခံစားရသော်လည်း သူ တကယ်လုပ်လိုက်မိသည်မှာ မွမ်းကြပ်စွာဖြင့် သူ၏ ဆက်သွယ်ရေးစက်ကို နှိပ်လိုက်မိခြင်းပင်။

သူ့ ဆက်သွယ်ရေးစက်၏ မျက်နှာပြင်ကို ကြည့်လိုက်မိသည့်အခါ နံပါတ်အများကြီးက သူ့စိတ်ထဲ၌ ကြာမြင့်စွာ စွဲထင်နေခဲ့သော်လည်း ထိုနံပါတ်ကို မဆက်သွယ်ခဲ့တာ အတော်ပင် ကြာခဲ့ပြီ။

လုကျစ်ကျောက်၏ ဆက်သွယ်ရေးနံပါတ်ကို သူ မှတ်မိနေပါသေး၏။

လွန်ခဲ့သော နှစ်နှစ်အတွင်း သူ(လုကျစ်ကျောက်)သည် ပထမလအနည်းငယ်အတွင်း၌သာ သူ့ကို ဖုန်းခေါ်ခဲ့သည်။

["ကိုယ် သူတို့နဲ့ ညှိနှိုင်းနေတုန်းပဲ ၊ ကိုယ်အရမ်းစိတ်ကုန်နေပြီ ၊ လုမိသားစုရဲ့ လူအိုကြီးတွေက အရင်အတိုင်း ခေါင်းမာနေတုန်းပဲ ၊ ကိုယ့်ဦးလေးက သူတို့ကို အနောက်ခြံဝန်းတစ်နေရာမှာ ရှောင်ရှားချင်တာ အံ့ဩစရာမရှိတော့ဘူး။ ဒီကောင်တွေက ကိုယ့်ဦးလေးကို မြင်လို့ ဒူးထောက်ရရင် ဒီလိုမျက်နှာမျိူးနဲ့ လုံးဝမဟုတ်ဘူး"]

["လျန်လေး ကိုယ်အရမ်းပင်ပန်းနေပြီ... ဘာလုပ်ရမှန်းမသိတော့ဘူး"]

["သူတို့ ကိုယ့်ကို အားရိနဲ့ တွေ့ခွင့်မပေးပါဘူး..."]

["လျန်လေး ကိုယ့်ဆီကသတင်းကောင်းကို စောင့်နေ‌နော်"]

စုလျန်သည် လုကျစ်ကျောက်ကို ထပ်ပြီး မဆက်သွယ်ခဲ့ပေ။

ဤအချိန်အထိ သူသည် မည်သည့်အတွက် တစ်ဖက်ရှိလူကို နောက်ဆုံးတစ်ခေါက် ဖုန်းခေါ်ချင်မှန်း မသိသေးပါချေ။

ဘုရားသခင်သည် စုလျန်၏ တွေဝေမှုကို ဤအချိန်တွင် သတိထားမိသွားသည် ထင်။ သူသည် နံပါတ်ကို ဖုန်းခေါ်ထားဆဲတွင် မရေမတွက်နိုင်သည့် ကြွေးကျန်အချက်အလက်များက ဆက်သွယ်ရေးစက်အစုတ်လေး ထဲသို့ တန်းစီဝင်ရောက်လာလေတော့၏။

အသိအကျွမ်းဟောင်းအချို့ကလည်း သူ့ကို စာတွေ ပို့ခဲ့ကြသည်။

ထိုအထဲတွင် ဤဧရိယာရှိ မြေအောက်ဆေးခန်းမှ လူမဲဆရာဝန်က မျက်နှာထားဆိုးလှပြီး မကောင်းသည့် စကားများပြောလေ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုလျန်သည် ညွှန်ကြားထားသည့် တရားမဝင် အကိုက်အခဲပျောက်ဆေးများကို အားကိုးပြီး သူ့ကိုယ်သူ အများကြီး ပိုကောင်းလာစေခဲ့၏။

["ကြာပန်းဖြူလေး မင်းရဲ့ဆေးတွေရောက်လာပြီ ၊ ငါ မင်းကို ဆေးအသစ်တွေ ပေးလိုက်တာ။ ဘေးထွက်ဆိုးကျိုးတွေက တော်တော်ပြင်းထန်ပြီး မင်းသေသွားနိုင်တယ်။ လိုချင်ရင် နောက်မှ လာယူလိုက်"]

စုလျန် ထိုအေးစက်စက်စာကို ဖတ်ကြည့်ပြီး ပြုံးလိုက်မိ၏။

နောက်တစ်စက္ကန့်တွင် နောက်စာတစ်စောင် ပေါ်လာလေသည်။

["စုဆိုတဲ့ မျိုးရိုးနာမည်နဲ့တစ်ယောက် ၊ အဲ့ဒီ ဆရာဝန်တု ပေးတဲ့ ဆေးတွေကို သိပ်မျှော်လင့်မနေတာ ကောင်းမယ်။ ပုံမှန်ဆေးရုံကို မသွားရင် မင်းသေတွင်းမင်းရှာနေတာပဲ ၊ ငါ့အိမ်မှာတော့ မင်းသေတာကို မလိုချင်ဘူးနော်"]

ဤသည်မှာ အိမ်ရှင်ဆီက စာတစ်စောင်ပင်။

အိမ်ရှင်နှင့် ဆရာဝန်သည် အများအားဖြင့် အရက်သောက်ဖော်သောက်ဖက်များဖြစ်၏။ လက်ရှိအခြေအနေကို ကြည့်လျှင် အေးစက်သည့် နှလုံးသားပိုင်ရှင် ထိုဦးလေးကို သိတာကြာ‌ချေပြီ။ အပေါ်ယံတွင် ရက်စက်သည် ဆိုသော်ငြား ထိုအိမ်ရှင်ဦး‌လေးက သူ့ကို အမြဲစိတ်ပူနေခဲ့သည်ဆိုတာကိုတော့ စုလျန် သိပါ၏။

စုလျန် ယနေ့အထိ အသက်ရှင်နိုင်ခဲ့ခြင်းမှာ ဤ"အမှိုက်ပုံ" ထဲမှ "လူဆိုး" အများအပြား၏ အကူအညီကြောင့်ပင်။

အဘယ့်‌ကြောင့်မှန်းမသိ ဆက်သွယ်ရေးစက်အဟောင်းပေါ်က စာတွေကို ကြည့်လိုက်မိပြီးနောက် စုလျန်ကို အသက်ရှူရခက်လောက်အောင် လေးလံစေခဲ့သော အနှီခံစားချက်များက မှေးမှိန်သွားနေလေသည်။

သို့သော် စုလျန်ထံတွင် အသက်အန္တရာယ်ရှိသည့် ရောဂါနှင့် ဖျားနေခဲ့သည်ကို သူတို့ မသိကြသေးပေ။ လုကျစ်ကျောက်ထွက်သွားပြီး မကြာခင် စုလျန် သတိလစ်သွားသည့်အတွက် ဆေးရုံပို့ခံခဲ့ရ၏။

ထို့နောက် သူ့တွင် ကုသ၍ မရသည့် နောက်ဆုံးအဆင့် adenoma ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

"စောစောကတည်းက ဆေးရုံလာပြီး စစ်ဆေးသင့်တာ။ ကြည့်ဦးမယ်။ မင်းမှာ အရင်က ဂလင်းနဲ့ပတ်သက်ပြီး hypoplasia ရှိခဲ့လား။ သီအိုရီအရ မင်းမှာ ဒီရောဂါ ရနိုင်ခြေက အရမ်းနည်းတယ်”

(T/N - adenoma ရောဂါ ဆိုတာက အရှင်းဆုံးပြောရရင် ဂလင်းနဲ့ ပတ်သတ်တဲ့ရောဂါတစ်ခုပါ။ hypoplasia ဆိုတာကျ ဂလင်းက ကောင်းကောင်းမဖွံ့ဖြိုးတာ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနောက်ကျတာမျိုးပါ)

စေတနာကောင်းသည့် ဆရာဝန်သည် ငယ်ရွယ်သည့် စုလျန်ကို စိတ်ရှုပ်ထွေးနေသည့် မျက်နှာဖြင့် နောင်တရစွာ ကြည့်လိုက်သည်။

သို့သော် စုလျန် ထိုအချိန်၌ ခါးသီးစွာ ပြုံးနိုင်ရုံသာ။

သူသည် နောက်ထပ် ရောဂါရှာဖွေမှုနှင့် ကုသမှုကိုတောင် မစောင့်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဘဏ်အကောင့်ထဲမှ ပိုက်ဆံအားလုံး ထုတ်ယူခွင့်ပိတ်ထားပြီး ဆေးဖိုးများ မတတ်နိုင်သဖြင့် နောက်ဆုံး၌ ရှက်ရွံ့စွာ ဆေးရုံက ထွက်ခွာခဲ့ရသည်။

ဆေးရုံက မထွက်ခွာမီ ဆရာဝန်က သူ့ကို သုံးလပင် အသက်မရှင်နိုင်တော့ဘူးဟု ဆေးစစ်ချက် ပေးခဲ့၏။

သို့သော် နှစ်နှစ်ကြာပြီးသည့်အထိ စုလျန် အသက်ရှင်နေဆဲပင်။

သူ၌ ပင်ပန်းနွမ်းနယ်နေခြင်းသာ ရှိခဲ့၏။

‘အချိန်အကြာကြီး‌နေပြီးမှ သူ(စုလျန်) ဘာလို့ ဒီလောက် အသက်ရှည်ရှည်နေရပြီး ပိုးကောင်တစ်ကောင်လို ဒီလောကမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတာလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ စုလျန် ဆက်ပြီး ရုန်းကန်နေဖို့ မလိုအပ်တော့ဘူးလို့ ခံစားလိုက်ရပြီ’

သူ့ခန္ဓာကိုယ်ရှိ ဝေဒနာများမှာ အသည်းခိုက်အောင် နာကျင်မနေတော့မှန်း သူ ရုတ်တရက် ခံစားလိုက်ရသည်။

စုလျန် ဘယ်တုန်းကမှ မခံစားဖူးလောက်အောင် စိတ်လက် ပေါ့ပါးသွားသည်။

ရာစုနှစ်၏ ရှည်လျားပြီး ခမ်းနားသော မင်္ဂလာပွဲမှာ တီဗီမျက်နှာပြင်ပေါ်၌ ဆက်လက်ဖွင့်နေဆဲပင်။ စုလျန် သာယာနာပျော်ဖွယ်ကောင်းလှသည့် မင်္ဂလာပွဲတေးသံကို နားထောင်ကာ နံရံကိုမှီရင်း ပျက်စီးယိုယွင်းနေသော တိုက်ခန်းလေးမှ ခြေတစ်လှမ်းချင်းစီ ထွက်ခွာသွားလိုက်သည်။

သူ အပြင်ထွက်လာပြီးနော် အမှိုက်ပုံပေါ်တွင် နေရာတစ်ခုရှာပြီး ထိုင်လိုက်၏။

သူသည် ဆက်သွယ်ရေးစက်ကို ကောက်ကိုင်လိုက်ကာ ဤအကြိမ်၌ ဘာတွန့်ဆုတ်မှုမှ မရှိဘဲ ရင်းနှီးနေသည့် ဆက်သွယ်ရေး နံပါတ်ကို လျင်မြန်စွာ နှိပ်လိုက်ခဲ့သည်။

ဆက်သွယ်ရေးစက်သည် ထင်ထားသည်ထက် ပိုမြန်ဆန်စွာ ချိတ်ဆက်မိသွားသည်။

"ဟေး..."

ထူးဆန်းပြီး အိပ်ချင်မူးတူးဖြစ်နေသည့် အသံသည် ဆက်သွယ်ရေးစက်ရဲ့ တစ်ဖက်စွန်းကနေ ထွက်ပေါ်လာလေ၏။

စုလျန် ဘာမှမပြောမိပါချေ။

"ဟယ်လို ဘယ်သူလဲမသိဘူး”

‘ဒါက နင်းကျားရိရဲ့ အသံပဲ’

စုလျန် တစ်ဖက်လူကို ရေးတေးတေး မှတ်မိလိုက်သည်။

နင်းကျားရိ၏အသံမှာ အနည်းငယ် ရှတတဖြစ်နေခဲ့၏။

ပြီးနောက် စုလျန်ရုတ်တရက် သတိရသွားတော့သည်။

‘ဆက်သွယ်ရေးစက်ရဲ့ တစ်ဖက်က လူအတွက်တော့ အိပ်ချိန်ရောက်နေပြီပဲ’

‘သူ့လို လူနည်းစုလေးကပဲ အရုဏ်တောင် မတက်သေးတဲ့အချိန်မှာ အလုပ်လုပ်ပြီး ဘဝကို ရုန်းကန်နေရတာ မဟုတ်လား’

"ငါပါ"

"တီ~~~”

စုလျန် စကားပြောနေသည့်ချိန်မှာပင် ဆက်သွယ်ရေးစက်ကို ချလိုက်သည့် အသံက မိုက်ခရိုဖုန်း၏ တစ်ဖက်စွန်းကနေ ထွက်ပေါ်လာလေသည်။

စုလျန် မျက်လုံးများက အောက်ကို ငုံ့သွားသော်လည်း မည်သို့သော အမူအရာမှ ရှိမနေခဲ့ပါချေ။

"မင်္ဂလာဆောင်နေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးဖို့ ဆက်လိုက်ရုံပါပဲ”

သူသည် မည်သူမျှ ပြန်မဖြေသည့် ဆက်သွယ်ရေးစက်ကို တည်ငြိမ်စွာဖြင့် စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထားကာ ပြောလိုက်ခဲ့၏။

ကောင်းကင်ယံသည် ခမ်းနားသော ခရမ်းရောင်နှင့် ပန်းရောင်အရောသို့ ပြောင်းလဲသွားပြီး‌နောက် မိုးကုတ်စက်ဝိုင်းတွင် တောက်ပသည့် ရွှေရောင်အနားသပ်များ ပေါ်လာချေပြီ။

နေထွက်လာပြီပဲ။

"တောက်... တောက်..."

အမှိုက်ပုံထိပ်မှ အဟောင်းဆက်သွယ်ရေးစက် လိမ့်ကျလာပြီး နောက်ဆုံး၌ အမှိုက်များကြားထဲတွင် ပိတ်မိသွားတော့သည်။

ဖုန်းမြည်သံ ခပ်သွက်သွက်လေးက ထွက်ပေါ်လာပြီး ကွဲအက်နေသော မျက်နှာပြင်ပေါ်တွင် စုလျန် ခဏအကြာက ခေါ်ခဲ့သည့် နံပါတ်က တဖျပ်ဖျပ် လင်းလာတော့၏။

ဖုန်းသည် အချိန်အတော်ကြာ မြည်နေခဲ့သော်လည်း ကိုင်မည့်သူ မရှိတော့ပါချေ။

စုလျန်သည် လုကျစ်ကျောက်နှင့် နင်းကျားရိတို့၏ မင်္ဂလာပွဲဒုတိယနေ့မှာပင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment