no

Font
Theme

စုလျန်၏ လက်ရှိအခြေအနေမှာ မြင်ရသူကို စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေသည်။

လုဟယ်က သူ့အဝတ်အစားများကို ဆွဲဖြဲလိုက်သည်မှာ ရက်စက်ကြမ်းကြုတ်ရာ ကျလွန်းလှသည်။ စုလျန်၏အဝတ်အစားများသည် စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်ကို လုံအောင် ဖုံးအုပ်မထားနိုင်တော့ချေ။ ဘီတာလူငယ်လေးသည် ရိုက်ချိုးခံလိုက်ရသော ကစားစရာ အရုပ်လေးတစ်ရုပ်လို သနားဖွယ် အခြေအနေဖြင့် မြေပြင်ပေါ်တွင် ပြိုလဲကျနေလေသည်။

မကောင်းသည့် ရည်ရွယ်ချက်နှင့် ပေါင်းစည်းဖော်စပ်ထားသော ဆေးရည်၏အာနိသင်က စုလျန်ခန္ဓာကိုယ်တွင် ပြန့်နှံ့နေပြီဖြစ်ရာ နဂိုအားနည်းသော ခန္ဓာကိုယ်လေးက တောင့်မခံနိုင်တော့သလို စိတ်များကလည်း ရှုပ်ထွေးဝေဝါးလို့ နေလေသည်။

ကိုယ်အပူချိန်တက်လာသည်နှင့်အမျှ ဖြူဖွေးဖျော့တော့သော အသားအရည်မှာ ပန်းရောင်ဖျော့ဖျော့လေးသန်း လာကာ ခန္ဓာကိုယ်မှလဲ အမွှေးနံ့ပြင်းပြင်းများကို တရစပ် ထုတ်လွှတ်နေပြီး ထိုအနံ့ကို ရှောင်ကာ အသက်ရှုနိုင်ရန် ခက်ခဲလေသည်။

ဆေးအာနိသင်ကြောင့် ထုတ်လွှတ်နေသော ဖယ်ရိုမှန်းအတုမှာ ခရင်မ်၊ ပျားရည်နှင့် သကြားရည် များစွာ ရောနှောထားသလို စေးကပ်ချိုမြိန်သည့် ရနံ့တစ်မျိုး ဖြစ်ကာ ပျားပိတုန်းများကို ဆွဲဆောင်နေသည့် ဖယ်ရိုမုန်း အဖြစ် ပြောင်းလဲသွားသည်။

"အမ်း”

စုလျန်သည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လှဲနေပြီး သူ့ကိုယ်ကလည်း တသိမ့်သိမ့် တုန်ယင် နေ၏။

သူသည် လုထိုက်ဖန် ၏ ချဉ်းကပ်လာမှုကို ခံစားမိပုံရသလို ဒဏ်ရာရထားသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မပီမသ ငိုညည်းများကို ပြုလုပ်ကာ လူးလွန့်နေ၏။

သူ့ရှေ့လာရပ်သော အရပ်ရှည်ရှည် ပုံရိပ်ထံသို့ မှေးစင်းနေသော မျက်လုံးလေးများဖြင့် ကြည့်နေပြန်သည်။ ထို့နောက် နုံး‌နယ်နေသော လက်လေးများကို ဆန့်တန်းလိုက်ကာ အကူအညီတောင်းခံလိုသကဲ့သို့ ပြုမူလိုက်သော်လည်း မဖြစ်သင့်ဟု ယူဆကာ ငြင်းဆန်ချင်နေ သလိုလို ရပ်တန့်သွားပြန်သည်။

သို့သော် မျက်နှာလေးမှာတော့ တစ်စုံတစ်ခုကို ငန့်လင့်နေပုံလည်း ပေါက်နေပြန်သည်။

ချိုမြိန်သော အနံ့မှာ ပိုပြင်းထန်လာနေပြီး လုထိုက်ဖန်သည် စုလျန်ဘေးတွင် ရပ်နေခဲ့သည်။

မျက်နှာဖုံးစွပ်ထားသဖြင့် လုထိုက်ဖန် မျက်နှာထက်မှ ခံစားချက်ကို မမှန်းဆနိုင်ချေ။ သို့သော် သူ့ပုံစံက အရင်လို အေးစက်မြဲ အေးစက်နေဆဲပင်၊ မျက်လုံးများကသာ နက်ရှိုင်း စူးရဲနေပေ၏။

သူ့မျက်လုံးများက စုလျန်၏ ပါးပြင်နှင့် ခန္ဓာကိုယ် တစ်လက်မချင်းစီကို စူးစိုက်ကြည့်နေလေသည်။

စုလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သေးငယ်သည့် ခြစ်ရာများစွာ ရှိနေပြီး သွေးစက်လေးများ ဒဏ်ရာများမှ စီးကျနေသကဲ့သို့ လုဟယ်၏ လက်သီးချက်ကြောင် ရလာသော မျက်နှာပေါ်က အညိုအမဲကွက်မှာလည်း သိသာထင်ရှားနေလေ၏။

လုထိုက်ဖန်၏ ခန္ဓာကိုယ်မှ အေးစက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု လျှံကျလာပြီးလျှင် နောက်တစ်ခဏ၌ လုဟယ်နှင့် နင်းအိမ်မှ လက်ပါးစေ၏ တောင်းပန်နေသံများက ပျောက်ဆုံး သွားလေတော့သည်။

“ဘန်း” “ဘန်း” ဟု အသံထွက်လာကာ လူနှစ်ဦးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွား၏။ သူတို့သည် SS အဆင့်အယ်လ်ဖာ၏ ဖိအားကို လုံးဝခံနိုင်စွမ်းမရှိဘဲ လေးလံသော ဖိအားအောက်၌

နာကျင်ပြီး နက်ရှိုင်းသည့် သတိလစ်ခြင်းထဲကို ကျရောက်သွားလေသည်။

အလားတူပင် ညအမှောင်ထဲတွင် တဖြည်းဖြည်း စုရုံးလာသော အရိပ်အချို့မှာ လုထိုက်ဖန်၏ စိတ်စွမ်းအင်ဖိအားကို ခံစားမိသောကြောင့် ချက်ချင်း ရပ်တန့်သွားကြ၏။ အနက်ရောင်ကိုယ်ကျပ် တိုက်ခိုက်ရေး ဝတ်စုံများကို ဝတ်ထားသော "အဆိပ်ပြင်း မြွေများ" ကလည်း ဖိအားဒဏ်ကို ခံနိုင်လောက်သည့် လုံခြုံသောနေရာတွင် ရပ်တန့်ကာ အခြေအနေကို စောင့်ကြည့်နေကြ၏။

လုထိုက်ဖန် အနီးသို့ ချဉ်းကပ်နိုင်သည့် တစ်ဦးတည်းသောသူက "ကွမ်ကျိုး" ပင်။

အေအိုင်စက်ရုပ်သည် လုဟယ်နှင့် နင်းမိသားစုအစေခံ၏ ပျော့ခွေနေသော ခန္ဓာကိုယ်များကို ဘေးဘက်သို့ ဆွဲပစ်လိုက်ပြီး စုလျန်ကို စစ်ဆေးကြည့်လိုက်လေသည်။

ပြီးနောက် လုထိုက်ဖန် ကို ပြန်ကြည့်လိုက်ကာ..

"အဟမ်း"

စက်ရုပ်သည် ထူးဆန်းပြီး မသင့်တော်သော ချောင်းဆိုးသံကို ပြုလုပ်လိုက်၏။

လုထိုက်ဖန်က စုလျန်ကို ကောက်ပွေ့တော့မည့်ပုံကို မြင်သော် အနည်းငယ် တွေဝေစွာ စကားစလိုက်လေသည်။

"ချစ်ရပါသော သခင်ရေ၊ ဒီပြဿနာအတွက် စုဆောင်းထားတဲ့ အချက်အလက်တွေအရ သခင်က သခင်လေးစုလျန်နဲ့ ဒီလိုမျိုး ထိတွေ့မှုကို မလုပ်ဖို့ အကြံပြုချင်ပါတယ်။ အခု သခင်လေးစုလျန်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အတုအယောင်ဖယ်ရိုမုန်း ပမာဏက ရှိသင့်တာထက်ကို ယူနစ် နှစ်ဆယ်ကျော်နေပါပြီ၊ ဖယ်ရိုမုန်းပိုင်းခြားကိရိယာက အလုပ်လုပ်နေပေမဲ့ ဒီ ဖယ်ရိုမုန်း လှုံ့ဆော်မှု ပြင်းအားက သခင်ရဲ့ ဖယ်ရိုမုန်း ရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။"

ကွမ်ကျိုး ပြောသည်မှာ မှန်သည်။

စွမ်းအားမြင့် ဖယ်ရိုမုန်းပိုင်းခြားကိရိယာ၏ လုပ်ဆောင်မှုအောက်တွင် အတုယောင်ဖယ်ရိုမုန်း အများစုကို လုထိုက်ဖန်၏ အာရုံခံနိုင်သည့် အကွာအဝေး၏ ပြင်ပတွင်သာ ရှိနေအောင် တကယ်ပဲ ပိုင်းခြားထားနိုင်သည်။

သို့သော်လည်း လုထိုက်ဖန်မှာ သူ့၏အယ်လ်ဖာဗီဇ တုံ့ပြန်မှုကို ဖြစ်ပေါ်စေသော ရနံ့ပါးပါးတစ်ခုကို ခံစားနေရဆဲပင်။

ချိုအီနေတာမျိုး မဟုတ်ပေ။

ဆန့်ကျင်ဖက်အနေဖြင့် ပေါ့ပါးလန်းဆန်းစေပြီး အနည်းငယ် ချိုမြိန်နေသော ရနံ့ ဖြစ်သည်။

သစ်ကိုင်းတွေကြားမှာ ကွယ်နေသည့် မမှည့်သေးသော ရွက်ပုန်းသီး အစိမ်းရောင်လေးနှင့် တူနေသည်။

အသီး၏ ရနံ့က အရွက်များအောက်တွင် ကွယ်ဝှက်နေပြီး မရည်ရွယ်ဘဲ ရံဖန်ရံခါမှ ရနိုင်သလိုမျိုးပင်။

လုထိုက်ဖန် ၏ လည်ချောင်းမှ ဂလုဟူသည့် အသံတစ်ခု ထွက်လာသည်။

ဖယ်ရိုမုန်း လေ့လာစမ်းသပ်မှုများတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ပုံရကာ သူ့ကို ဆွဲဆောင်နိုင်သည့် ဖယ်ရိုမုန်းအတုကိုပင် ထုတ်လုပ်နိုင်နေခဲ့ပြီလား။

ဤသည်က ယခုအချိန်ရှိ လုထိုက်ဖန်၏ အတွေးပင်။

အတိတ်တုန်းက လူတွေအများကြီးက သူ့ကို ဖယ်ရိုမုန်း လက်နက်အမျိုးမျိုးဖြင့် တိုက်ခိုက်နိုင်ရန် ကြိုးစားခဲ့ကြပြီး စွမ်းအင် ထိန်းချုပ်မှု ကမောက်ကမဖြစ်အောင် ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ အကုန် ကျရှုံးခဲ့ကြသည်။

လုထိုက်ဖန်သည် ဖယ်ရိုမုန်း ရောဂါကို ခံစားနေရပေမဲ့ ဒီအရာတွေက သူ့အတွက် အလုပ်မဖြစ်ခဲ့ချေ။

အနည်းငယ် ယုတ္တိမတန်သည့်တိုင် ၎င်းက အမှန်တရားပင်။

ကွမ်ကျိုးနှင့် လုမိသားစုဆေးဝန်ထမ်းများ၏ ခွဲခြမ်းစိတ်ဖြာချက်များအရ ဖယ်ရိုမုန်းတိုက်ခိုက်မှု မအောင်မြင်ခြင်းမှာ လုထိုက်ဖန်၏ အယ်လ်ဖာအဆင့် သတ်မှတ်ချက် အလွန် မြင့်မားတာနှင့် ဆက်စပ်နေနိုင်သည်။

[သခင်ရဲ့အဆင့်က မြင့်လွန်းလွန်းလို့ ဖယ်ရိုမုန်းမတည်ငြိမ်တဲ့ရောဂါကို ခံစားရတဲ့အပြင် ဂလင်းက သာမန်လူတွေနဲ့ ကွာခြားနေတယ် – ဆိုလိုတာက သာမန်ဖယ်ရိုမုန်း တွေက မင်းကို လှုံ့ဆော်နိုင်လောက်တဲ့ အဆင့် မဟုတ်ဘူး။ သခင့်ခန္ဓာကိုယ်က ကာကွယ်ရေး ယန္တရားကိုပဲ လှုံ့ဆော်နိုင်ပြီး ပြင်းထန်တဲ့ နာကျင်မှုနဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေကိုပဲ ခံစားရစေတယ်။ ဒါဟာ သခင် တိုက်ခိုက်လိုစိတ် ပြင်းထန်လာရတဲ့ အကြောင်းရင်းပဲ...]

ကွမ်ကျိုးက နောက်ဆုံးမှတ်ချက်ပေးလေသည်။

[ဂုဏ်ယူပါတယ် သခင်၊ ဖယ်ရိုမုန်းရောဂါကြောင့် စောစောစီးစီး သေဆုံးသွားမှာ ဖြစ်လို့ သာမန်အယ်လ်ဖာတွေ ခံစားရတဲ့ ပျော်ရွှင်မှုကို မခံစားရဘဲ တစ်ယောက်တည်း အထီးကျန်ပြီး နေစရာမလိုတော့ပါဘူး။ ရောဂါကို ကျေးဇူးတင်သင့်ပါတယ်]

အစဉ်အမြဲ တိကျလွန်းသည့် ဉာဏ်ရည်တု၏ ဆုံးဖြတ်ချက်သည် ထူးဆန်းစွာ မှားယွင်းနေပုံရလေသည်။

ဤညနေ၌ မူးရစ်ရီဝေနေသော ဘီတာလူငယ်ကို ရင်ဆိုင်ရင်း လုထိုက်ဖန် က တစ်ခုခုမှားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ချိုမြိန်သော ဖယ်ရိုမုန်း အတုများ အောက်တွင် သူ့(လုထိုက်ဖန်)ခန္ဓာကိုယ်ကို အဆက်မပြတ် လှုံ့ဆော်နေသော နောက်ထပ်အရာတစ်ခု ရှိသေးသည်။

လုထိုက်ဖန်၏ ကိုယ်အပူချိန်က စတင်မြင့်တက်လာပြီး သွားဖုံးများ နာကျင်လာကြသည်။

"ကလစ်" ဟူသော အသံနှင့်အတူ ပါးစပ်စည်းသည့်မျက်နှာဖုံး၏ ကာကွယ်ရေး လုပ်ငန်းစဥ်တစ်ခု အလုပ်လုပ်လေ၏။

အနက်ရောင်သားရေနှင့် ပြုလုပ်ထား၏ သွားချုပ်ကိရိယာတစ်ခုကို လုထိုက်ဖန်၏ သွားနှစ်တန်းကြားတွင် ခိုင်မြဲစွာ တပ်ဆင်ထားလိုက်၏။

လုထိုက်ဖန်က သူ့၏အမှတ်အသားပေးသောသွား ဖြည်းဖြည်းချင်း ရှည်ထွက်လာတာကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

သူ့သွားများမှ အရည်ဖယ်ရိုမုန်းကို ထုတ်လွှတ်လိုက်ချိန်တွင် သွားချုပ်ကိရိယာမှ အကုန် စုပ်ယူသွားကြ၏။

ထိုသို့သောအခြေအနေမျိုးကို ယခင်ဖယ်ရိုမုန်းတိုက်ခိုက်မှုများတွင် မတွေ့ခဲ့ရသော လက္ခဏာတစ်ခုပင်။

သို့သော်လည်း လုထိုက်ဖန် က သူ၏ မူမမှန်သော တုန့်ပြန်မှုများကြောင့် တုံ့ဆိုင်းနေသည့် အချိန်တွင် သနားစရာကောင်းသော လူငယ်ဘီတာလေးသည် စတင်ငိုကြွေးလာလေ၏။

"ငါ့ကို လွှတ်ပေး..."

သူ၏ အသံတိုးတိုးက မောဟိုက်နေပြီး ငြင်းဆန်မှုအပြည့်ဖြင့်ပင်။

သူသည် လုထိုက်ဖန်၏ လက်မောင်းများထဲတွင် ရုန်းကန်ခဲ့သော်လည်း ဆေးအာနိသင်အောက်တွင် သူ့ရုန်းကန်မှုများက အားနည်းပြီး သနားစရာကောင်းနေလေသည်။

ရီဝေမှုန်ဝါးနေသည့် သူ့လက်ရှိအနေအထားက ထိုသူ့လက်မှ မလွတ်မြောက်နိုင်တော့မှန်း သိနေသလိုမျိုး စုလျန်၏ မျက်လုံးထောင့်များမှ မျက်ရည်စက်လေးများ တလိမ့်ချင်း စီးကျလာကြသည်။

ဆေး၏ လှုံဆော်မှုများတွင် ပိတ်မိနေသော စုလျန်မှာ မတတ်သာလို့သာ စိတ်လျော့ထားရပြီး သူ့အား နိုင်ထက်စီးနင်းပြုလာမည်ကို လက်မခံချင်မှန်း သိသာလွန်း၏။

"မကြောက်ပါနဲ့။"

ခဏတာ တိတ်ဆိတ်ပြီးနောက် လုထိုက်ဖန် သည် စုလျန်၏ နားနားကို အကူအညီမဲ့စွာ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

"ကိုယ် ပါ။ မင်း လုံခြုံပါတယ်"

ဆေးဝါးကြောင့် ရှုပ်ထွေးနေသော စုလျန်သည် ဘာမှ မကြားနိုင်ချေ မရှိသလို ကြားလျှင်တောင် ဘာမှ နားလည်နိုင်မည် မဟုတ်ပေ။

သို့ပေမဲ့ အံ့သြဖွယ်ကောင်းသည်က လုထိုက်ဖန်၏ အသံကို ကြားပြီးနောက် စုလျန်တစ်ယောက် မျက်လုံးများကို ဖွင့်နိုင်ရန် လိုက်သည်။

သို့သော် သူ့မျက်လုံးတွေက ဝေဝါး နေဆဲဖြစ်ပြီး ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိသေးချေ။

မျက်ရည်များကြောင့် သူ့အမြင်အာရုံမှာ ပိုမို ဝေဝါးနေပြီး ညအချိန်ကလည်း သူ့ဘေးနားရှိ လူကို သေချာ မမြင်နိုင်အောင် ဖြစ်စေသည်။

သို့သော်ငြား စုလျန်က လုထိုက်ဖန် ကို တည်ငြိမ်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သေး၏။

စုလျန် က "မင်းပဲ…" ဟု တိုးဖျော့စွာ ရေရွတ်လိုက်ပြီး နောက်တစ်ခဏတွင် မျက်လုံးများ ပြန်မှိတ်လိုက်သော်လည်း သူ့အမူအရာသည် ယခင်ထက် များစွာ ပို၍ စိတ်အေးလက်အေး ဖြစ်သွားပုံရလေသည်။

သူသည် လုထိုက်ဖန်၏ ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး တင်းထားသော သူ့စိတ်ကို လျော့ချလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားခြင်းနှင့်အတူ စိတ်ချလက်ချ သတိလစ် မေ့မြောသွားခဲ့သည်။

ထိုအခိုက်တွင် လုထိုက်ဖန်ကလည်း စုလျန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ရန် မတွေဝေတော့ချေ။

"ဆေးဘက်ဆိုင်ရာ ဌာနကို ပြင်ဆင်ထားလိုက်။ ပြီးတော့ မနက်ဖြန်ကျရင် ဒီနှစ်ယောက်အကြောင်း ငါ အကုန်သိချင်တယ်” ဟု ကွမ်ကျိုး ကို လုထိုက်ဖန်က တည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်၏။

လူတိုင်း၏ မျက်လုံးများထဲ၌ အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော ထိုလူသည် ပုံမှန်မဟုတ်သည့် နူးညံ့သောပုံစံဖြင့် စုလျန်ကို ပွေ့ချီပြီး "မြွေသားရဲတွင်း"၏ အနက်ရှိုင်းဆုံးအပိုင်းဆီကို တည့်တည့် လျှောက်သွားလေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment