no

Font
Theme

အခန်း (၂၀) ကိုယ်ရံတော်လေးက သူ့အရှင့်သားကို ဖက်ပြီး မြင်းစီးနေတယ်

ဆောင်းဦးအမဲလိုက်ပွဲမစတင်မီတွင် ယွင်ကျုံ့ယောင်သည် နန်းတော်ထဲသို့ အခွင့်အရေးရှာ၍ တစ်ခေါက်သွားကာ ယွင်ကျုံ့ရှင်းကို သွားကြည့်ခဲ့သည်။

ယွင်ကျုံ့ရှင်းမှာ အလွန်ပင် စိတ်ပျက်နေပုံရပြီး ခုတင်ပေါ်တွင် မှိုင်တွေစွာ လဲလျောင်းနေသည်။

“ညီလေး… ငါ အမဲလိုက်ပွဲသွားချင်တယ်၊ မင်းတို့အားလုံး ပျော်နေကြချိန်မှာ ငါ တစ်ယောက်တည်း နန်းတော်ထဲမှာ ကျန်ခဲ့ရတော့မယ်။”

ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ရှင်း၏ နီရဲရောင်ရမ်းနေသော ခြေကျင်းဝတ်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

“ဘယ်သူက မင်းကို မဆင်မခြင်လုပ်ခိုင်းလို့လဲ။ ဆဋ္ဌမအစ်ကိုက ပြောတယ်၊ သူလည်း မသွားဘူးတဲ့၊ နန်းတော်ထဲမှာ မင်းနဲ့အတူ နေပေးလိမ့်မယ်။ အစ်မတော်ကြီးနဲ့ ဒုတိယအစ်မတော်တို့လည်း ရှိနေမှာပဲ။”

ထိုစကားကြောင့် ယွင်ကျုံ့ရှင်း၏ မျက်လုံးများက တောက်ပသွားပြီး ခုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။

သူ့လှုပ်ရှားမှုမှာ အလွန်ပြင်းထန်သွားသဖြင့် ခြေထောက်ကို မတော်တဆထိခိုက်သွားကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရသော်လည်း ထိုနာကျင်မှုကို ဂရုမစိုက်နိုင်တော့ဘဲ ဝမ်းသာအားရဖြင့် မေးလိုက်သည်။

“တကယ်လား။”

“အင်း။”

ယွင်ကျုံ့ယောင်က ပြန်ဖြေလိုက်သည်။

“ဆဋ္ဌမအစ်ကိုက မင်း အပျင်းပြေအောင် နန်းတော်အပြင်ကနေ ကစားစရာလေးတွေ ရှာလာပေးလိမ့်မယ်။”

“ဆဋ္ဌမညီလေးက ငါ့ကို အချစ်ဆုံးပဲ။”

ယွင်ကျုံ့ရှင်းသည် ပြုံးရွှင်စွာ ပြောလိုက်ပြီး စိတ်မကောင်းဖြစ်နေသည်များကို ချက်ချင်း မေ့သွားတော့သည်။

ယွင်ကျုံ့ယောင်က ထရပ်လိုက်သည်။

“ကဲ၊ ငါ ပြန်ပြီး ပြင်ဆင်ရဦးမယ်။ မနက်ဖြန် ထွက်ခွာရတော့မှာဆိုတော့ မင်း ကောင်းကောင်း အနားယူလိုက်ဦး။”

“အင်း၊ အမဲလိုက်ပွဲမှာ ကြိုးစားခဲ့နော်! အရှက်မရှိတဲ့ အိမ်ရှေ့စံချူယန့်ကို အပြတ်အသတ် အနိုင်ယူခဲ့စမ်း!”

ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ရှင်းကို တစ်ချက်ကြည့်ပြီးနောက် နန်းတော်ထဲမှ ထွက်လာခဲ့သည်။ နန်းတော်ပြင်ပသို့ ရောက်သည်နှင့် သူ၏ မျက်နှာထားမှာ ချက်ချင်း တည်တင်းသွားတော့သည်။

“ယွင်မော့၊ ပဉ္စမအစ်ကိုရဲ့ ဒဏ်ရာကို မြင်လား။”

ယွင်မော့သည် ခုနက ယွင်ကျုံ့ယောင်၏ ဘေးတွင် အမြဲရှိနေခဲ့သဖြင့် ယွင်ကျုံ့ယောင် ဒဏ်ရာကို စစ်ဆေးချိန်တွင် သူလည်း မြင်တွေ့ခဲ့ရသည်။

ယွင်မော့သည် ခေါင်းညိတ်ပြပြီး တိုးတိုးလေးပြောလိုက်သည်။

“ပဉ္စမမင်းသားရဲ့ ဒဏ်ရာက ခြေခေါက်တာနဲ့ မတူဘူး၊ အဲ့ဒါပိုးကောင်ကိုက်ခံရတာ။”

ယွင်ကျုံ့ယောင်သည် ယွင်ကျုံ့ရှင်း၏ ဒဏ်ရာမှာ ခြေခေါက်ခြင်းထက် ပိုသည်ဟု ထင်ထားသော်လည်း ဘာဖြစ်သည်ကိုမူ အတိအကျမသိခဲ့ချေ။

ယွင်မော့၏ စကားကို ကြားသောအခါ သူ အနည်းငယ်အံ့ဩသွားသည်။

“ပိုးကောင်? ဘယ်လိုပိုးကောင်က ဒီလောက်အထိ ရောင်ရမ်းသွားအောင် ကိုက်နိုင်တာလဲ။”

ယွင်မော့ ခဏစဉ်းစားလိုက်သည်။

“နန်ကျန်း (တောင်ပိုင်းနယ်စပ်) က ပိုးကောင်တစ်မျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုး အရင်က ကိုယ်ရံတော်စခန်းက စာအုပ်တွေထဲမှာ တွေ့ဖူးသလိုပဲ၊ ဒါပေမယ့် တစ်ချက်ပဲ ကြည့်လိုက်ရတာဆိုတော့ သေချာမမှတ်မိတော့ဘူး။ အကယ်၍ အရှင့်သား သိချင်တယ်ဆိုရင် ကျွန်တော်မျိုး ကိုယ်ရံတော်စခန်းကို ပြန်ပြီး သွားရှာကြည့်ပေးရမလား။”

ယွင်ကျုံ့ရှင်းမှာ သူ၏ မိသားစုဝင်ဖြစ်သဖြင့် ယွင်ကျုံ့ယောင်အနေဖြင့် ပေါ့ဆ၍ မရချေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်သည်။

ယွင်မော့သည် ယွင်ကျုံ့ယောင်ကို အိမ်တော်သို့ ပို့ဆောင်ပေးပြီးနောက် ပိုးကောင်များအကြောင်း အချက်အလက်ရှာဖွေရန် ကိုယ်ရံတော်စခန်းသို့ ပြန်သွားခဲ့သည်။

ညနေပိုင်းတွင် ယွင်မော့ ပြန်ရောက်လာပြီး လက်ထဲတွင် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ် ပါလာသည်။

“အရှင့်သား၊ ရှာတွေ့ပါပြီ။”

သူသည် စာအုပ်ကို ယွင်ကျုံ့ယောင်အား ပေးရင်း ပြောလိုက်သည်။

“ဒါက နန်ကျန်းမှာပဲ ရှိတဲ့ 'လော်ဝမ်ပုရွက်ဆိတ်'လို့ ခေါ်တဲ့ ပိုးကောင်တစ်မျိုးပါ။ အကိုက်ခံရရင် ဒဏ်ရာနေရာက ရောင်လာမယ်၊ ထုံကျင်လာမယ်၊ လှုပ်ရှားလိုက်ရင် အင်မတန် နာကျင်စေပါတယ်။ ဒါပေမဲ့ အဲ့ဒါကလွဲရင် ခန္ဓာကိုယ်အတွက် တခြားဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ခုနစ်ရက်လောက် ကြာရင် ဒဏ်ရာက အလိုအလျောက် ပျောက်သွားပါလိမ့်မယ်။”

ယွင်ကျုံ့ရှင်းအတွက် အန္တရာယ်မရှိမှန်း သိလိုက်ရသဖြင့် ယွင်ကျုံ့ယောင် သက်ပြင်းချနိုင်တော့သည်။

“ဒါပေမဲ့ နန်ကျန်းက ပိုးကောင်က ဒီကို ဘယ်လိုရောက်လာတာလဲ။ တစ်ယောက်ယောက်က ပဉ္စမအစ်ကိုကို တမင်တကာလုပ်ကြံတာလား။”

ယွင်မော့သည် ခေါင်းငုံ့ပြီး ပါးစပ်ပိတ်ထားလိုက်သည်။ လက်ရှိအခြေအနေအရ ထိုသို့ ဖြစ်နိုင်သော်လည်း တော်ဝင်မိသားစု၏ ကိစ္စများကို သူကဲ့သို့ ကိုယ်ရံတော်တစ်ဦးက ဝင်ရောက် မှန်းဆ၍ မရချေ။

“ဒါပေမဲ့… ပဉ္စမအစ်ကိုကို ဒုက္ခပေးချင်တယ်ဆိုရင် ဘာလို့ အန္တရာယ်မရှိတဲ့ လော်ဝန်ပုရွက်ဆိတ်ကို သုံးရတာလဲ။”

ထိုလူသည် ယွင်ကျုံ့ရှင်းကို လမ်းမလျှောက်နိုင်အောင် လုပ်ချင်ရုံသက်သက်ပဲလား။ ဒါပေမဲ့ ဘာကြောင့်လဲ။

ယွင်ကျုံ့ယောင် ခဏစဉ်းစားလိုက်သောအခါ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။

ထိုလူသည်လည်း ယွင်ကျုံ့ရှင်းကို အမဲလိုက်ပွဲမတက်စေချင်တာလား။

ဒါပေမဲ့ ဘာကြောင့်လဲ။ ဒီလိုလုပ်တာက ဘာထူးခြားတဲ့ အကျိုးကျေးဇူးရှိလို့လဲ။

ယွင်ကျုံ့ယောင် အတွေးထဲ နစ်ဝင်သွားသော်လည်း ဤကိစ္စကြောင့် သူ၏ အစီအစဉ်အချို့ သက်သာသွားသည်ဟု ဆိုရမည်။ သို့သော်လည်း သတိမပေါ့ဘဲ ပြောလိုက်သည်။

“ယွင်မော့၊ ပဉ္စမအစ်ကိုကို ကာကွယ်ပေးဖို့ လူနှစ်ယောက်လောက် လွှတ်လိုက်။ မှတ်ထားပါ၊ ခြေတစ်လှမ်းမှ မခွာစေနဲ့။”

“ဟုတ်ကဲ့။”

အမဲလိုက်ပွဲစတင်သည့်နေ့တွင် ယွင်ကျုံ့ယောင်သည် ချူယန့်နှင့် ထပ်မံတွေ့ဆုံရပြန်သည်။ ချူယန့်သည် သူ၏ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးထိန်းထားသော်လည်း အချို့သော အငွေ့အသက်များကမူ ပေါ်လွင်နေဆဲဖြစ်သည်။

၎င်းမှာ ယွင်ကျုံ့ယောင်အပေါ် ဒေါသထွက်နေသည့် အမူအရာပင်။ ဤရက်ပိုင်းအတွင်း သူသည် ယွင်ကျုံ့ယောင်၏ အစ်ကိုတော်များကြောင့် အတော်လေးစိတ်ညစ်ခဲ့ရပုံရသည်။

အမဲလိုက်ပွဲမစတင်မီ ယွင်ကျုံ့မင်သည် ယွင်ကျုံ့ယောင်ကို ဘေးသို့ ဆွဲခေါ်သွားသည်။

“ညီလေး၊ သူတို့ တကယ်ပဲ မြင်းတွေကို တစ်ခုခုလုပ်ထားကြတယ်။ ဒါပေမဲ့ မင်း ပြောတဲ့အတိုင်း ငါ မတားခဲ့ဘူး။ ခဏနေရင် အဲဒီမြင်းကို မင်းဆီရောက်အောင် ငါ စီစဉ်ပေးမယ်၊ မင်း သေချာသတိထားနော်။”

အမှန်စင်စစ်တွင် ယွင်ကျုံ့မင်က ဤသို့ မလုပ်ချင်ချေ။ သို့သော် ယွင်ကျုံ့ယောင်က အလွန် ဇွတ်တရွတ်ဖြစ်နေသဖြင့် သူ မတတ်သာဘဲ သဘောတူလိုက်ရခြင်းသာဖြစ်သည်။

“စိတ်ချပါ၊ ယွင်မော့ ရှိနေတာပဲ၊ ကျွန်တော် ဘာမှမဖြစ်စေရဘူး။”

ယွင်ကျုံ့ယောင်က အေးဆေးစွာ ပြောလိုက်သည်။

ယွင်ကျုံ့မင်သည် မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ယွင်မော့ကို လှည့်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

ယွင်မော့ဟူသော လူသည်…

ယွင်ကျုံ့ယောင်က သူ့ကို အနားခေါ်လိုက်သည်ဟု ကြားကတည်းက သူသည် ကိုယ်ရံတော်စခန်းသို့ သွားရောက်စုံစမ်းခဲ့သည်။ ယွင်မော့၏ ဆရာဖြစ်သူကိုယ်ရံတော်ချုပ်၏ အဆိုအရ ဤကလေးမှာ အရည်အချင်းအလွန်ကောင်းသော်လည်း စိတ်ထားအနည်းငယ် ရိုးအသူဖြစ်သည်ဟု သိရသည်။

ယွင်ကျုံ့မင်သည် သူ၏ လက်အောက်ငယ်သားဟောင်းဖြစ်သူ၏ စကားကို ယုံကြည်သဖြင့် ယွင်မော့အား ယွင်ကျုံ့ယောင်ကို ကာကွယ်ခိုင်းထားခြင်းအပေါ် စိတ်ချနိုင်သော်လည်း ယွင်မော့ တစ်ယောက်တည်းနှင့် အရာအားလုံးကို ရင်ဆိုင်နိုင်ပါ့မလားဟု စိုးရိမ်နေမိသည်။

အမဲလိုက်ပွဲစတင်လေပြီ။

ယွင်ကျုံ့ယောင်သည် ကြည့်ရသည်မှာ အလွန်ယဉ်ပါးသော မြင်းတစ်ကောင်ကို ဆွဲလာသည်။ သူသည် သိုင်းပညာမတတ်သဖြင့် ဤကဲ့သို့သော မြင်းမျိုးကိုသာ စီးနိုင်သည်။

ဤမြင်းကို ကြည့်ရင်း ယွင်ကျုံ့ယောင် တွေးနေမိသည်။ ဤမျှ ယဉ်ပါးပုံရသော မြင်းသည်ပင် ယခင်ဘဝက ပဉ္စမအစ်ကို၏ အသက်ကို နှုတ်ယူခဲ့ခြင်း မဟုတ်ပါလား။

“ယွင်မော့၊ ငါ့နောက်က လိုက်ခဲ့။”

“ဟုတ်ကဲ့။”

ပြောပြီးသည်နှင့် ယွင်မော့သည် ယွင်ကျုံ့ယောင်၏ မြင်းပေါ်သို့ ခုန်တက်ကာ သူ၏နောက်မှ နေ၍ ကာကွယ်ပေးလိုက်သည်။

ဤမြင်ကွင်းကို လူတိုင်းက မြင်ဖူးနေကြဖြစ်သဖြင့် မထူးဆန်းတော့ချေ။

ယွင်ကျုံ့ယန့်နှင့် ယွင်ကျုံ့မြောင်တို့သည်လည်း မြင်းမစီးတတ်သဖြင့် ကိုယ်ရံတော် တစ်ယောက်စီကို သူတို့နောက်မှ လိုက်ပါခိုင်းထားကြသည်။

…သို့သော် ထိုကိုယ်ရံတော်နှစ်ဦးမှာ ယွင်မော့ကဲ့သို့ သတ္တိမရှိကြသဖြင့် သူတို့အရှင့်သားများ၏ ခါးကို ဖက်မထားရဲကြချေ။

ယွင်ကျုံ့ယောင်သည် သူ၏ ခါးကို ဖက်ထားသော ယွင်မော့၏ လက်များကို ငုံ့ကြည့်သော်လည်း ဘာမှမပြောချေ။ ထို့ပြင် သူသည် နောက်သို့ အနည်းငယ်မှီချလိုက်ပြီး တစ်ကိုယ်လုံးကို ယွင်မော့၏ ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်သည်။

တောအုပ်ထဲသို့ မြင်းစီးဝင်သွားပြီး အတန်ကြာသောအခါ ယွင်မော့သည် ရုတ်တရက် မြင်းကို ဇက်ဆွဲ၍ ရပ်လိုက်သည်။

“အရှင့်သား… ဒီမြင်း တစ်ခုခုမှားနေပြီ။”

အတော်အတန်စီးလာပြီးနောက် ယွင်မော့သည် မြင်း၏ အခြေအနေက မူမမှန်သည်ကို ခံစားမိလာသည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် မြင်း၏ ခြေလှမ်းများမှာ ပုံမှန်မဟုတ်တော့ချေ။

“အင်း”

ယွင်ကျုံ့ယောင်သည် ယွင်မော့၏ ရင်ခွင်ကို မှီထားဆဲပင်။

“အကယ်၍ ဒီမြင်းက ထိန်းမရအောင်ဖြစ်လာရင် မင်း ငါ့ကို ကာကွယ်နိုင်မလား။”

“သေချာပေါက် ကာကွယ်မှာပါ။”

ပတ်ဝန်းကျင်တွင် သူတို့နှစ်ဦးတည်းသာ ရှိနေသောကြောင့် ယွင်မော့သည် ယခုမှ သူတို့၏ အနေအထားမှာ အလွန်ရင်းနှီးလွန်းနေသည်ကို သတိပြုမိသွားသည်။

အေးမြသော ရနံ့တစ်ခုက နှာခေါင်းထဲ တိုးဝင်လာပြီး ယွင်ကျုံ့ယောင်၏ ခန္ဓာကိုယ်နှင့် သူ၏ကိုယ်မှာ တစ်သားတည်းဖြစ်နေသကဲ့သို့ ခံစားလိုက်ရချိန်တွင် ယွင်မော့၏ ကိုယ်မှာ ချက်ချင်းပျော့ခွေသွားတော့မည့်အလား ဖြစ်သွားသည်။

သို့သော် သူသည် စိတ်ကို ချက်ချင်းပြန်ထိန်းလိုက်ပြီး နှစ်ဦးသား မြင်းပေါ်မှ ပြုတ်ကျမည့် ဘေးမှ ကာကွယ်လိုက်သည်။ သို့သော် သူ၏ နီရဲနေသော နားရွက်များနှင့် လည်ပင်းကိုမူ မည်သို့မျှ ဖုံးကွယ်၍ မရတော့ချေ။

ယွင်မော့သည် ယွင်ကျုံ့ယောင် ပို၍သက်သောင့်သက်သာမှီနိုင်ရန် အသာအယာလှုပ်ရှားပေးလိုက်သည်။

အမြဲတမ်းအေးစက်စက်နေတတ်တဲ့ သတ္တမမင်းသားက အခုကျတော့ ဘာလို့ ကြောင်လေးတစ်ကောင်လို ပျင်းရိပျင်းတွဲဖြစ်နေရတာလဲ။

မိမိနောက်မှ လူ၏ လှုပ်ရှားမှုကို ခံစားမိသောအခါ ယွင်ကျုံ့ယောင်၏ မျက်လုံးထဲတွင် အစီအစဉ် အောင်မြင်သွားသောကြောင့် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဒီကိုယ်ရံတော်လေးက တကယ်ပဲ ငါ့အပေါ် ဂရုစိုက်တတ်တာပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment