no

Font
Theme

အပိုင်း (၁၄) - ရေစိုကြက်ဖ

『မင်းအတွက် ပိုကြီးတဲ့တစ်ခုပြင်ထားတယ်』

ချန်ရှန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဤနေရာမှာ ရှိနေကြသူများက လူချမ်းသာသခင်လေးများဖြစ်ကြသဖြင့် ယခုလိုအခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။

တစ်ယောက်ချင်းစီတိုင်းက ကျောက်ရုပ်များနှယ်ဖြစ်သွားကြပြီး မျက်လုံးများပင် ပြူးထွက်မတတ်ဖြစ်နေခဲ့ကြသည်။

"ဝူး ဝူး ဝူး ဝူး!"

ထိုလက်ပါးစေကမူ အတင်းရုန်းကန်နေလေ၏။

လုရန်သည် အရင်ဘဝက အလုပ်ကြမ်းများစွာလုပ်ခဲ့ဖူးသောကြောင့် ပိန်သော်လည်း အတော်လေးအားသန်လှ၏။ အပျော်အပါးသာမက်သော ဒုတိယမျိုးဆက်သူဌေးသားများမှာ သူ့ကို မယှဉ်နိုင်ကြပေ။

သူက သူ့လက်ထဲမှအိမ်သာဆေးတံကို ထိုးမွှေရင်း မေးလိုက်သည်။

"မင်းရဲ့ပါးစပ်က သန့်သွားပြီလား။ မင်းက တခြားအစားအသောက်တွေ မစားချင်ဘူးဆိုတော့ အခုကစပြီး တခြားဟာပဲပြောင်းကျွေးရမလား။"

ထိုလက်ပါးစေမှာ မျက်ရည်များကျလာပြီး ကြမ်းပြင်ပေါ်၌ အရူးအမူး ရုန်းကန်နေတော့သည်။

ဘေးပတ်ပတ်လည်မှ လူများက အနောက်သို့ဆုတ်သွားကြပြီး သူ့ကိုဝင်ကူရဲသူ တစ်ယောက်တလေမှမရှိခဲ့ပေ။

၎င်းတို့က အလွန်အမင်း အံ့သြသွားကြသဖြင့် ပုံမှန်ဗီဒီယိုရိုက်တတ်သူများကတောင် သတိမရကြတော့ပေ။

လက်ပါးစေက နောက်ဆုံးတော့ ရုန်းကန်ရန်ပင် အားမရှိတော့ချေ။ လုရန်က သူ့ကိုဖိထားပြီး မေးလိုက်၏။

"ငါ့ပန်းကန်ကို ထပ်ပြီးရိုက်ခွဲဦးမှာလား။"

ထိုလက်ပါးစေက ခက်ခက်ခဲခဲ ခေါင်းခါပြခဲ့သည်။

"အစားအသောက်တွေကို ဖြုန်းတီးဦးမှာလား။ ငါ့အိတ်ကိုရော တက်နင်းဦးလား။"

လုရန်က တစ်ခွန်းမေးလိုက်၊ လက်ထဲမှအိမ်သာဆေးတံဖြင့် တစ်ချက်ထိုးထည့်လိုက် လုပ်နေခဲ့သည်။ ထိုလက်ပါးစေမှာ ခေါင်းတောင်မခါနိုင်တော့ဘဲ ကြမ်းပြင်ပေါ်၌လဲလျောင်းကာ ညည်းညူနေခဲ့သည်။

ထိုအခါမှ လုရန်က အိမ်သာဆေးတံကို ပြန်ထုတ်လိုက်တော့သည်။

ချန်ရှန်းနှင့် ရှန်ရှင်းကျိုးတို့နှစ်ယောက်က ဆိုဖာပေါ်တွင် ကျုံ့ကျုံ့လေးထိုင်ရင်း ထိတ်လန့်နေကြ၏။

ချန်ရှန်းက ခက်ခက်ခဲခဲ တံတွေးမျိုချရင်း ပြောလိုက်သည်။

"ကျိုး၊ ကျိုးကော၊ လုကောက တကယ်ပဲ ဒီလောက်ထိကြမ်းတာလား။"

ရှန်ရှင်းကျိုးက စကားမပြောချင်ခဲ့ပေ။

လုရန်က အိမ်သာဆေးတံကိုခါလိုက်ပြီး နောက်ထပ် ပြဿနာရှာခဲ့သူကို လှည့်ကြည့်လိုက်သည်။

လင်ယိက လုရန်၏ စမ်းသပ်ချက်အစီရင်ခံစာကို တက်နင်းထားဆဲပင်။

လုရန်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် သူက ချက်ချင်းဆိုသလို ခြေထောက်ကိုပြန်ရုပ်လိုက်သည်။

ခြေထောက်ပြန်ရုပ်ပြီးမှ တစ်နည်းနည်းဖြင့် ရှက်ရွံ့သလိုခံစားရသဖြင့် လုရန်လက်ထဲမှ အိမ်သာဆေးတံကိုကြည့်ရင်း မေးကိုမော့ချီ၍ အသံမာမာဖြင့် ပြောလိုက်သည်။

"မင်းက ဘာလုပ်ချင်တာလဲ။"

နောက်ဆုံးတော့ ဘေးမှကြည့်နေသူများလည်း အသိပြန်ဝင်လာပြီး ဝိုင်းအုံလာခဲ့ကြသည်။

လင်ယိက စောစောကလက်ပါးစေနှင့် မတူပေ။

မည်သို့ပင်ဆိုစေ သူက ကျန်းမိသားစုနှင့် စေ့စပ်ထားသူဖြစ်သည်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။"

"ဒါတွေအားလုံးက နားလည်မှုလွဲနေတာပါ၊ ဒီလောက်ဆို ရပါပြီ။"

လင်ယိက နှာမှုတ်လိုက်သည်။

သူက ထိုစကားပြောခဲ့သူကို အိမ်သာဆေးတံဖြင့်ချိန်ရွယ်ရင်း ပြောလိုက်သည်။

"အခုကျမှ ထားလိုက်တော့လို့ ပြောချင်တာလား။ စောစောက သူ ငါ့ကိုအနိုင်ကျင့်နေတုန်းကကျ ဘာလို့ တစ်ခွန်းမှဝင်မပြောရတာလဲ။"

အိမ်သာဆေးတံပေါ်တွင် စောစောကလက်ပါးစေ၏ တံတွေးများ ကပ်နေဆဲဖြစ်သဖြင့် အချိန်ခံရသည့်သူမှာ ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။

တစ်စုံတစ်ယောက်က ရှန်ရှင်းကျိုးကို သွားဆွဲခဲ့လေသည်။

"ကျိုးကော၊ တစ်ခုခုပြောပါဦး။"

ရှန်ရှင်းကျိုးက ဂရုမစိုက်ဘဲ ပြန်ပြောလိုက်လေသည်။

"ငါ့ကို ဘာလို့လာဆွဲနေတာလဲ။ မင်း သတ္တိရှိရင် သူ့ကို ကိုယ်တိုင်သွားဆွဲလေ!"

တစ်စုံတစ်ယောက်: "..."

ကောင်းပြီလေ၊ သူ သတ္တိမရှိဘူး။

လင်ယိက လုရန်လက်ထဲမှပစ္စည်းကို ကြည့်ရင်း ကြောက်နေခဲ့နသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သည့်ပုံပေါ်အောင် ခက်ခက်ခဲခဲကြိုးစားနေခဲ့သည်။

အားလုံးက ထပ်မံဖျောင်းဖျရန် ပြင်နေစဥ်မှာပင် လုရန်က လက်လွှတ်လိုက်ကြောင်း မြင်တွေ့လိုက်ကြရသည်။

'ဘန်းခနဲ' အသံနှင့်အတူ ညစ်ပတ်နေသော အိမ်သာဆေးတံက ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့၏။

၎င်းကိုမြင်လိုက်ရသောအခါ အားလုံးက စိတ်သက်သာရာရသွားကြပြီး လုရန်က အခြေအနေကို အကဲခတ်တတ်သားပဲဟု ထင်လိုက်ကြသည်။

"တော်ပြီ တော်ပြီ၊ ဒီမှာရှိတဲ့လူအားလုံးက ညီအစ်ကိုတွေပဲ။"

"စကားအချေအတင်လေး ဖြစ်ရုံတင်ပါ။"

ချန်ရှန်းကလည်း ဆိုဖာပေါ်ကဆင်း၍ စကားသွားပြောရန်ပြင်လိုက်သည်။

သို့သော် သူ မဆင်းခင် ရှန်ရှင်းကျိုးကို လှမ်းကြည့်လိုက်မိ၏။

ရှန်ရှင်းကျိုးက ဆိုဖာပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်သဖြင့် ချန်ရှန်းတစ်ယောက် တွန့်ဆုတ်နေပြီးမှ ဆင်းမသွားဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။

လုရန်လက်ထဲ၌ 'လက်နက်' မရှိတော့သည်ကို မြင်လိုက်ရသောအခါ လင်ယိတစ်ယောက် အတော်လေး စိတ်အေးသွားခဲ့သည်။

သူက ခနဲ့တဲ့တဲ့ ရယ်မောရင်း မေးလိုက်လေ၏။

"ငါ့ကိုလည်း ကြမ်းပြင်ပေါ်ကလူလိုမျိုး မင်းလုပ်ချင်သလို လုပ်လို့ရမယ်လို့ ထင်နေတာလား။"

အားလုံးက ပြဿနာပြီးသွားပြီဟု ထင်နေသည့်ခဏချင်းမှာပင်...

လုရန်က ရုတ်တရက် လက်ဆန့်ထုတ်ကာ လင်ယိ၏ကော်လံကို ဆောင့်ဆွဲလိုက်သဖြင့် လင်ယိတစ်ယောက် ဟန်ချက်ပျက်သွားလေ၏။

မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် လုရန်က လင်ယိကို အခန်းအပြင်သို့ ဆွဲခေါ်သွားတော့သည်။

"မင်းကတော့ ကြမ်းပြင်ပေါ်ကဟိုလူနဲ့ တူမှာမဟုတ်ဘူး။ မင်းအတွက် ပိုကြီးတဲ့တစ်ခု ပြင်ပေးထားတယ်။"

"ငါ့ကိုလွှတ်စမ်း!"

လင်ယိက အတင်းရုန်းနေခဲ့သည်။

လုရန်မှာ ပိန်လှီပြီး အားနည်းသည်ဟုထင်ရသော်လည်း သူ၏ဆုပ်ကိုင်ထားမှုက အလွန်အားကောင်းလှသဖြင့် လင်ယိ လုံးဝရုန်းမထွက်နိုင်ခဲ့ပေ။

အခန်းပြင်ပ၌ အဝင်အထွက်လုပ်နေသူများစွာ ရှိနေပြီး လင်ယိ ဆွဲခေါ်ခံသွားရသည်ကို မြင်လိုက်ကြရသောအခါ အားလုံးက ထိတ်လန့်သွားခဲ့ကြသည်။

လုရန်ကမူ ဘယ်သူ့ကိုမျှ ဂရုမစိုက်ခဲ့ပေ။

အခန်းဘေးတွင် သန့်စင်ခန်းရှိနေသဖြင့် လုရန်က သန့်စင်ခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး လင်ယိကို အထဲသို့ ဆွဲခေါ်သွားလိုက်သည်။

သန့်စင်ခန်းထဲမှာ သန့်ရှင်းရေးအဒေါ်ကြီးက အလုပ်လုပ်နေဆဲဖြစ်သည်။

အမှန်ဆို သန့်ရှင်းရေးက ခဏသာကြာမည်ဖြစ်သော်လည်း လုရန်က သူ(မ)၏အိမ်သာဆေးတံကို ဆွဲလုသွားသဖြင့် ကြန့်ကြာနေခြင်းဖြစ်သည်။

"မင်း၊ မင်း ဘာလုပ်မလို့လဲ!"

လင်ယိက အော်ဟစ်နေသော်လည်း လုရန်က ဘာမှပြန်မပြောဘဲ အညစ်ပတ်ဆုံးအိမ်သာကိုသာ လိုက်ရှာနေခဲ့သည်။

ထို့နောက် လင်ယိ၏ဆံပင်ကိုဆွဲကာ သူ၏မျက်နှာအား အိမ်သာထိုင်ခွက်ထဲသို့ ဖိချလိုက်တော့သည်။

"အား!"

လင်ယိ၏အော်သံက ပဲ့တင်ထပ်သွားလေ၏။

အနီးနားမှာပုန်းကွယ်၍ ကြည့်နေသော သန့်ရှင်းရေးအဒေါ်ကြီးမှာ ကြောင်ကြည့်နေမိပြီး သူ(မ)လက်ထဲမှကြမ်းတိုက်တံတောင် လွတ်ကျသွားခဲ့သည်။

လုရန်အနောက်မှ လိုက်လာကြသူများကလည်း အိမ်သာတံခါးဝတွင်စုပြုံနေကြပြီး ဤမြင်ကွင်းကို မြင်လိုက်ကြရသော်လည်း မည်သူမျှ အထဲမဝင်ရဲကြချေ။

ဤသည်မှာ အိမ်သာဆေးတံနှင့် အထိုးခံရခြင်းထက် ပို၍ပေါက််ကွဲစေသောအရာပင်။

လုရန်ကမူ အေးအေးဆေးဆေး ရပ်နေဆဲဖြစ်ကြောင်း ၎င်းတို့တွေမြင်လိုက်ကြရသည်။

ဤမျှကြောက်စရာကောင်းသောအရာကို လုပ်နေသော်လည်း သူ့မျက်နှာထက်တွင် ဒေါသအရိပ်အယောင် သို့မဟုတ် စိတ်ကျေနပ်ခြင်းလက္ခဏာများ လုံးဝမရှိဘဲ သူ၏မျက်လုံးများက ရေသေအိုင်ကဲ့သို့ ငြိမ်သက်နေခဲ့သည်။

ရေများက နေရာအနှံ့စီးကျနေပြီး လင်ယိ၏ဆံပင်များနှင့် အင်္ကျီများမှာ အကုန်စိုရွှဲသွား၏။

ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများဝင်ကုန်သဖြင့် သူ သီးသွားခဲ့သည်။

တစ်ချိန်က မောက်မာခဲ့သော လင်မိသားစု၏သခင်လေးက ယခု အညစ်အကြေးများပေကျံနေသည့် ရေစိုကြက်ဖတစ်ကောင် ဖြစ်သွားရရှာသည်။

လုရန်က လွှတ်မပေးသေးပေ။ သူက လက်ဆန့်ကာ ဆံပင်ကနေဆွဲမလိုက်ပြီး မေးလိုက်သည်။

"မင်း သင်ခန်းစာရပြီလား။"

"ဝူး ဝူး ဝူး ဝူး!"

လင်ယိမှာ ငိုသာငိုနေနိုင်ခဲ့၏။ သူ့ဘဝမှာ ယခုလိုဆက်ဆံခံရသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

လုရန်က လင်ယိ၏ပုံစံမှာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေခဲ့၏။ သူက ဖုန်းထုတ်၍ ဓာတ်ပုံတစ်ပုံတောင် ရိုက်လိုက်သေးသည်။

ထိုအခါမှ လင်ယိက တုံ့ပြန်နိုင်ခဲ့ပြီး အတင်းခေါင်းခါနေခဲ့သည်။

"ဟင့်အင်း၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့..."

"နောက်ဆို ငါ့နားကို မလာခဲ့နဲ့၊ နားလည်ပြီလား။"

လုရန်၏အသံမှာ တည်ငြိမ်အေးဆေးလွန်းလှသဖြင့် ခြိမ်းခြောက်နေသည့်ပုံစံတောင်မပေါက်ပေ။

သို့သော် သူ၏လှုပ်ရှားမှုများနှင့် ပေါင်းစပ်လိုက်သောအခါ လင်ယိစိတ်ထဲ ကြောက်စရာကောင်းသော အကျိုးဆက်များကိုသာ တွေးနေမိတော့သည်။

လင်ယိတစ်ယောက် ခေါင်းအတွင်တွင် ညိတ်ပြလိုက်သည်။

ထိုအခါမှ လုရန်က သူ့ကိုလွှတ်ပေးခဲ့ပြီး အိမ်သာထဲကနေ ဆွဲထုတ်လာခဲ့လေ၏။

နောက်ဆုံးတော့ တံခါးဝမှလူများက လင်ယိ၏သနားစရာအခြေအနေကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက စိုရွှဲနေရုံသာမက အိမ်သာထိုင်ခွက်နှင့် ထိခဲ့သော သူ့နှာခေါင်းနှင့် နဖူးကဲ့သိို့နေရာများမှာ နီရဲနေလေသည်။

သူ့ကိုကြည့်ရသည်မှာ အတော်လေးကို ကြေကွဲဝမ်းနည်းစရာ ကောင်းနေတော့သည်။

လုရန်က လင်ယိကို ဘေးသို့ပစ်ထားလိုက်သည်။

လုရန်ကမူ အေးဆေးတည်ငြိမ်နေရုံသာမက လက်ဆေးကန်သို့ အေးအေးလူလူလျှောက်သွားကာ လက်တောင်သွားဆေးနေခဲ့သည်။

သူက ဆပ်ပြာကို နှစ်ချက်ညှစ်လိုက်ပြီး သူ၏လက်များကို စနစ်တကျဆေးကြောပြီးမှ သန့်စင်ခန်းအပြင်သို့ ထွက်လာခဲ့သည်။

သူ ထွက်လာသည်ကို မြင်လိုက်ရသောအခါ တံခါးဝမှလူများက သရဲမြင်လိုက်ကြသလိုမျိုး လမ်းဖယ်ပေးခဲ့ကြ၏။

ချန်ရှန်းဆိုလျှင် လူအုပ်ကြီးနောက်တွင်ပုန်းနေပြီး သူ၏မျက်နှာကိုတောင် မပြသရဲခဲ့ပေ။

သူက နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။

လုရန်က သီးသန့်အခန်းသို့ပြန်ကာ သူ့လွယ်အိတ်ကိုသိမ်းလိုက်ပြီး မည်သူ့ကိုမှဂရုမစိုက်ဘဲ ထွက်လာခဲ့လိုက်သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်မှ သူက လက်နှင့် မျက်နှာကိုသာ ဆေးကြောခဲ့ကြောင်း သတိပြုမိလိုက်သည်။ သူ့အဝတ်အစားများ၌ အစားအသောက်အကြွင်းအကျန်များ ကပ်တင်နေဆဲပင်။

သူ့လွယ်အိတ်ထဲကိုကြည့်လိုက်သော်လည်း တစ်ရှူးကို ရှာမတွေ့ခဲ့ပေ။

လက်ရှိအချိန်မှာ သီးသန့်အခန်းနှင့် ကပ်လျက်ရှိသောသန့်စင်ခန်းသို့ ပြန်သွားရန် လုရန်က အရူးမဟုတ်ပေ။

မည်သို့ပင်ဆိုစေ လင်ယိ၏အဖွဲ့က အင်အားတောင့်၏။ ၎င်းတို့တွေ တစ်ချိန်တည်း တုံ့ပြန်လာကြလျှင် လုရန်တစ်ယောက်တည်း ၎င်းတို့ကို အနိုင်ယူနိုင်မည်မဟုတ်။

တကယ်တိုက်ခိုက်ကြပြီဆိုလျှင် သူ ရှန်ရှင်းကျိုးကိုလည်း အားကိုးလို့မရနိုင်ပေ။

လုရန်က လှည့်ပတ်ကြည့်လိုက်ပြီး အပေါ်ထပ်ရှိသန့်စင်ခန်းဆီသို့ ထွက်ပေါက်တစ်ခုကို တွေ့လိုက်ရခဲ့သည်။

သူက တံခါးကိုတွန်းဖွင့်ကာ လှေကားအတိုင်း ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။

လှေကားက အတော်လေးရှည်လျားပြီး အလယ်မှာ လျှောစောက်ပုံစင်္ကြံတစ်ခုရှိသည်။

ရုန််းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် လုရန် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်သွားသလို ခံစားနေရသည်။

သူက ရပ်လိုက်၊ နားလိုက်ဖြင့် ဖြည်းဖြည်းချင်းလျှောက်နေခဲ့၏။

သူ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး လျှောက်သွားလိုက်ချိန်မှာတော့ မထင်မှတ်ဘဲ ရင်းနှီးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။

ပြီးခဲ့သည့်တစ်ခေါက်က ကားထဲမှာတွေ့ခဲ့သော သက်လတ်ပိုင်းအရွယ်အိမ်တော်ထိန်းကြီးက လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် စကားပြောနေခြင်းဖြစ်သည်။ တံခါးဖွင့်သံ ကြားလိုက်သောအခါ သူက လှည့်ကြည့်လာပြီး လုရန်ကိုမြင်လိုက်ချိန်၌ နှစ်စက္ကန့်လောက် မှင်တက်သွားခဲ့သည်။

"ဟင်?"

လုရန်တစ်ယောက် အံ့အားသင့်သွား၏။

သူက အိမ်တော်ထိန်းကြီးကို ကြည့်လိုက်ပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်ရှိ လုံခြုံရေးဝန်ထမ်းကို ကြည့်လိုက်ပြီး ရုတ်တရက် သတိပြုမိသွားလေ၏။

"အာ၊ ကျွန်တော် သန့်စင်ခန်းရှာနေတာပါ။ ကြည့်ရတာ ကျွန်တော် လမ်းမှားသွားတဲ့ပုံပဲ။ တောင်းပန်ပါတယ်။"

ထိုသို့ပြောပြီးနောက် လုရန်က အနောက်ဆုတ်လိုက်သည်။ ထို့နောက် အိမ်တော်ထိန်းကြီးကို ပြုံးပြရင်း ပြောလိုက်လေ၏။

"ဟိုတစ်ခေါက်ကိစ္စအတွက် ကျေးဇူးတင်ပါတယ်၊ ဦးလေး။"

လုရန်၏အင်္ကျီလက်များက စိုရွှဲနေပြီး သူ့အင်္ကျီအရှေ့မှာလည်း ရေစိုကွက်များရှိနေသည်။ သူ၏ဘောင်းဘီနှင့် ဖိနပ်တို့မှာ အစားအသောက်အကြွင်းအကျန်များ ကပ်တင်နေ၏။

သူ၏ကျောပိုးအိတ်၌ ဖိနပ်ရာနှစ်ခုရှိနေသည်။ သူက မျက်နှာသစ်ထားသဖြင့် သူ၏ရှေ့ဆံပင်များက ရေစက်များ တတောက်တောက်ကျနေခဲ့သည်။

အိမ်တော်ထိန်းကြီးမှာ လုရန်၏ မိုက်ရူးရဲဆန်သောအပြုအမူများကို မသိခဲ့ပေ။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက ဆိုးဆိုးဝါးဝါးအနိုင်ကျင့်ခံထားရသော သနားစရာကလေးတစ်ယောက်နှင့် တူနေတော့သည်။

အိမ်တော်ထိန်းကြီးက လူချမ်းသာသခင်လေးများကြားမှ 'ကစားပွဲများ' ကို ကောင်းကောင်းကြီးနားလည်ထားပေ၏။ ထုံးစံအတိုင်း သူက လုရန် အနိုင်ကျင့်ခံလာရသည်ဟု တွေးလိုက်မိသည်။

လုရန် ခြေနှစ်လှမ်းလောက်ဆုတ်သွားကြောင်း တွေ့လိုက်ရသောအခါ အိမ်တော်ထိန်းကြီးက အော်ခေါ်လာခဲ့သည်။

"ကျောင်းသားလေး၊ သန့်စင်ခန်းက ဒီဘက်မှာရှိတယ်။"

သူ၏အသံက အရင်တစ်ခေါက်ကအတိုင်း နူးညံ့နွေးထွေးနေပြီး အကြီးအကဲတစ်ယောက်၏ စိတ်ရှည်မှုများ ကန်းဝပ်နေဆဲပင်။

လုရန် အိမ်တော်ထိန်းကြီးကို မော့ကြည့်လိုက်သည်။

၎င်းတို့က တစ်ကြိမ်သာဆုံဖူးသော်လည်း လုရန် ဤအိမ်တော်ထိန်းကြီးကို အလွန်သဘောကျပေ၏။ အိမ်တော်ထိန်းကြီးက လုရန်အား လုကျောင်းအုပ်ကြီးကို သတိရမိစေခဲ့သည်။

ထိုနွေးထွေးမှုနှင့် ကြင်နာမှုတို့က ရေနွေးလေးဖြင့်စိမ်ထားသကဲ့သို့ ခံစားရစေခဲ့၏။

အကြီးအကဲတစ်ယောက်ဆီကနေ ထိန်းချုပ်ခြင်း သို့မဟုတ် ဖိအားပေးခြင်းမျိုး မရှိခဲ့ပေ။

လုရန် အိမ်တော်ထိန်းကြီး၏ လမ်းညွှန်မှုနောက်ကနေ လိုက်ပါသွားခဲ့သည်။

ဤသည်မှာ အမွှာမျှော်စင်၏အခြားအဆောက်အအုံဖြစ်ကြောင်း သူ အကြမ်းဖျင်းနားလည်ထား၏။

အခိုက်အတန့်တစ်ခုလောက် တွေးတောပြီးနောက် လုရန်က သူ၏ကျောပိုးအိတ်ကိုချွတ်ကာ ဘေးနားမှာရပ်နေသော လုံခြုံရေးဝန်ထမ်းအား စစ်ဆေးရန်ပေးလိုက်သည်။

အိမ်တော်ထိန်းကြီးက ရယ်မောကာ သူ၏လက်ကို တွန်းဖယ်လာခဲ့သည်။

"အဲ့လောက်ဒုက္ခခံဖို့ မလိုပါဘူး။"

သူက ဘေးနားမှ တံခါးဘောင်ကဲ့သို့အရာတစ်ခုကို ညွှန်ပြလိုက်တော့မှ လုရန်တစ်ယောက် ယင်းက လုံခြုံမှုစစ်ဆေးရေးစနစ်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"ကျောင်းသားလေး၊ လာ၊ ဦးလေးနောက်ကလိုက်ခဲ့။

အိမ်တော်ထိန်းက ဦးဆောင်ခေါ်သွာခဲ့သည်။

လုရန် ယခုလိုနေရာမျိုးကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၏။

သူက အိမ်တော်ထိန်းကြီးနောက်ကလိုက်ကာ သူ၏စူးစမ်းလိုစိတ်ကို ချုပ်တည်းထားခဲ့သော်လည်း လှည့်ပတ်ကြည့်နေမိဆဲပင်။

အတိတ်ဘဝတုန်းက သူ ဆေးရုံလူနာခုတင်ထက် လဲလျောင်းနေခဲ့ရချိန်၌ အသက် ၂၀ သာရှိသေးပြီး ၂၁ နှစ်ပြည့်မွေးနေ့ကိုတောင် မကျင်းပရသေးချေ။

သူက နောက််ထပ် ၁၀ နှစ််လုံးလုံး လူနာခုတင်ထက်မှာပဲ လဲလျောင်းရင်း ကုန်ဆုံးခဲ့ရသည်။

ထို့ကြောင့် လုရန်တစ်ယောက် ရံဖန်ရံခါ စူးစမ်းချင်စိတ်လေးများ ပေါ်ပေါက်လာတတ်၏။

ကော်ရစ်တာက အလွန်တိတ်ဆိတ်နေပြီး ထောင့်တိုင်းမှာ လုံခြုံရေးဝန်ထမ်းတစ်ဦးရှိသည်။

သို့သော် အခြားမည်သူမှမရှိပေ။

'တိုက်ပွဲ' ကိုဖြတ်ကျော်လာပြီးချိန်၌ ထိုအိမ်တော်ထိန်းကြီးထံမှ နွေးထွေးသောမေတ္တာကို ခံစားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ လုရန်တစ်ယောက် စိတ်အေးသွားသလို ခံစားခဲ့ရသည်။

သူက ထိန်းချုပ်မထားနိုင်တော့ဘဲ မေးလိုက်သည်။

"ကျွန်တော့်ကို ဒီထဲခေါ်လာတာ အဆင်ပြေပါ့မလား။"

အိမ်တော်ထိန်းကြီးက သူ့မေးခွန်း၏နောက်ကွယ်မှအကြောင်းအရင်းကို တွေးနေသကဲ့သို့ လုရန်ကိုလှည့်ကြည့်လာပြီး ပြုံးပြခဲ့သည်။

"ဟိုဟာ... ဦးလေးမှာ သခင်ကြီးရှိတယ်မဟုတ်လား။"

ခဏရပ်တန့်ပြီးနောက် ယင်းက မယဥ်ကျေးရာရောက်သည်ဟု ခံစားမိလိုက်ပြီး သူက ပြန်ပြင်ပြောလိုက်သည်။

"ဒါမှမဟုတ် သူဌေးလို့ ပြောရမလား။ သူ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။"

သူ့စကားများကြောင့် အိမ်တော်ထိန်းကြီး၏မျက်လုံးများထဲမှာ ပြုံးရိပ်များသန်းသွားခဲ့သည်။

"ဟိုတစ်ခေါက်က မင်းကိုကားပေါ် တက်ခွင့်ပေးခဲ့တယ်ဆိုတာ သူ သဘောတူလို့လေ။ သခင်လေးက စိတ်တိုတတ်ပေမဲ့ အကြောင်းမရှိဘဲတော့ စိတ်မဆိုးတတ်ပါဘူး။"

လုရန်: "..."

သူက ခဏလောက်တိတ်ဆိတ်သွားပြီး တီးတိုးပြောလိုက်၏။

"ဒီမှာ စောင့်ကြည့်ကင်မရာတွေ အများကြီးပဲ။ ဦးလေး သူ့အကြောင်း အခုလိုပြောနေတာကို သူကြားသွားရင် ဘယ်လိုလုပ်မလဲ။"

သူ၏သတိထားနေသောအမူအရာကြောင့် အိမ်တော်ထိန်းကြီးမှာ ရယ်မောမိသွားတော့၏။

ကော်ရစ်တာအဆုံးတွင် အများသုံးသန့်စင်ခန်းတစ်ခုရှိသည်။ သူက ထိုဘက်သို့ညွှန်ပြ၍ လုရန်ကို သတိပေးလိုက်လေ၏။

"ဘေစင်မှာ အနီရောင်ခလုတ်နှိပ်လိုက်ရင် ရေပူကျလာလိမ့်မယ်။ နံရံကပ်ဗီရိုထဲမှာ မသုံးရသေးတဲ့တဘက်အသစ််တွေရှိတယ်။ ပြီးတော့ မှန်အရှေ့မှာ ဆံပင်အခြောက်ခံစက်တစ်ခုလည်းရှိတယ်။"

လုရန်က ခေါင်းညိတ်ပြလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ပြီး အရာရာတိုင်းက စိမ်းသက်နေ၏။

သူ အနည်းငယ်အေးမြနေသော တံခါးလက်ကိုင်ဘုကို လှည့်လိုက်ပြီး အိမ်တော်ထိန်းကြီးကို ပြန်လှည့်ကြည့်လိုက်သေးသည်။

သူ၏မျက်ဝန်းများထဲမှာ ထိုအိမ်တော်ထိန်းကြီးအပေါ် သံယောဇဥ်အရိပ်အမြွက်တို့ကို ဖော်ပြနေခဲ့သည်။

သူ ရပ်နေသေးကြောင်း မြင်လိုက်ရသောအခါ အိမ်တော်ထိန်းကြီးက မေးလာခဲ့သည်။

"အကူအညီလိုသေးလား။"

လုရန်က ခေါင်းယမ်းပြလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ အထဲဝင်သွားတော့သည်။

သန့်စင်ခန်းတံခါး ပိတ်သွားသည်နှင့် လုရန် သက်ပြင်းတစ်ချက်ချကာ သူ၏ကျောပိုးအိတ်ကို ချွတ်လိုက်သည်။

သန့်စင်ခန်းက နေရာကျယ်ဝန်းပြီး သန့်ရှင်းတောက်ပြောင်နေ၏။

အိမ်သာတစ်ခန်းချင်းကို ပတ်ပတ်လည်ဝန်းရံထားသော လူသွားလမ်းစင်္ကြံတစ်ခုရှိပြီး လက်ဆေးကန်က အနည်းငယ်မြင့်သည်။

သူ ဂျင်းဘောင်းဘီကြယ်သီးကို ဖြုတ်နေစဥ် နံဘေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင် လျှပ်စစ်ဝှီးချဲက လူသွားလမ်းစင်္ကြံ၏အခြားတစ်ဖက်ကနေ ဖြည်းဖြည်းချင်းလှိမ့်လာခဲ့သည်။

လုရန်တစ်ယောက် အေးခဲသွားပြီး မော့ကြည့်လိုက်လေ၏။

ထို့နောက် မှိုင်းညှို့နေပြီး အသက်မပါသော မျက်ဝန်းနက်တစ်စုံဖြင့် အမှတ်မထင်တဆုံတွေ့လိုက်ရလေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment