ရှယိသည် စမုန်နက်များနှင့် ကြက်သွန်များကို စိုက်ရန် မြေစတင်တူးလေသည်။ အာလူးများသည်လည်း ဤလယ်ကွင်းထဲတွက် ကြီးထွားပြီး မြေဆီလွှာသည်လည်း နူးညံ့လေသည်။ ရှယိသည် တစ်မနက်တွင် မြေကို ပြန်လှန်လိုက်ပြီး လျှိုများသည် သပ်ရပ်စွာ စီစဉ်ပြီးသားပင်။
“၁၇၉ ကြက်သွန်နဲ့ စမုန်နက်က အဓိက အစားအစာမဟုတ်ဘူး။ ငါဒါတွေ ဘယ်လိုကုန်အောင်စားရမလဲ။ ရောင်းဖို့ကလည်း မလွယ်ဘူး။”
စနစ်: “host လုပ်ဆောင်ချက် အကြောင်းအရာတွေက အဓိကစနစ်ကနေ ချမှတ်ပေးတာ။ ကျွန်တော်က ထုတ်ပြန်ပေးဖို့ပဲ တာဝန်ရှိတာ။”
ရှယိသည် အနည်းငယ် စိုးရိမ်နေလေသည်။
“အဓိကစနစ်က နောက်မစ်ရှင်မှာ ထူးဆန်းတာတွေ စိုက်ခိုင်းမယ်လို့ ဘယ်သူကတွေးမိမှာလဲ။ ဒီစနစ်အုပ်စုကို ယုံလို့မရဘူး။ ဗိုင်းရပ်စ်တစ်ခုခု အကိုက်ခံထားရသလိုပဲ။”
“၁၇၉ ဒါကို အဓိကစနစ်နဲ့ ဆွေးနွေးပြီးတော့ နောက်မစ်ရှင်မှာ ဆန်နဲ့ဂျုံစိုက်ရအောင် ပြောပေးပါလား။”
“ဒီလိုအပ်ချက်ကို ဖြည့်စည်းပေးလို့မရပါဘူး host။ အဓိက စနစ်ကနေ ထုတ်ပြန်သမျှ လုပ်ဆောင်ချက်တိုင်းဟာ ကျပန်းမဟုတ်ဘဲ လေ့လာဆန်းစစ်မှုတွေ အများကြီးလုပ်ပြီးမှ ရလာတာပါ။”
“ဒါပေမယ့် ကျန်မစ်ရှင်တစ်ခုချင်းစီရဲ့ စိုက်ပျိုးရမယ့်အရာက ပုံမှန်ဟာတွေပဲဆိုတာ အာမခံပါတယ်။”
စနစ်သည် ထပ်ဖြည့်ပြောလိုက်၏။
ရှယိသည် သူ့ခေါင်းကိုသာညိတ်ပြီး ပြောလိုက်၏။
“အိုခေ ဂျင်ဆင်း တို့၊ အသက်စောင့်ဆေးတို့၊ နုပျိုးဆေးတို့ မစိုက်ရသရွေ့ အဆင်ပြေတယ်။”
စနစ်သည် တိတ်ဆိတ်နေလေသည်။
စနစ်၏ ရုတ်တရက်ပုံစံသည် ရှယိကို သတိထားမိစေသည်။
“ဘာလို့ ဘာမှမပြောတာလဲ။ ငါ့မေးခွန်းကို မဖြေနိုင်ဘူးလား။ အပြစ်ရှိသလိုခံစားနေရတာလား။”
“မဟုတ်ပါဘူး။ ကျွန်တော် ကြောင်နေပြီးတော့ ပျက်တော့မလိုဖြစ်သွားလို့ပါ။”
ယနေ့ ရာသီဥတုသည် စိုက်ပျိုးရန်အတွက် သင့်တော်လောက်အောင် ကောင်းမွန်လေသည်။ မိုးလည်းမရှိ နေလည်းမပူသဖြင့် ကုဝမ်ကျူသည်လည်း လယ်ထဲသို့သွားလေသည်။ သူ့တွင် ရိတ်သိမ်းရန် ဧကအကျယ်ကြီးရှိူဖြင့် နေ့လယ်တွင် အိမ်ပြန်ရန်အစီအစဉ် မရှိချေ။
နံနက် အရုဏ်မတက်ခင်တွင် သူသည် အိပ်ယာထကာ ပေါင်မုန့်ပြားအနည်း ဖုတ်ခဲ့လေသည်။ အချို့ကို နံနက်စာစားခြင်းမှအပ ကုဝမ်ကျူသည် ပိုသည်များကို သယ်လာလေသည်။ ကျန်သည်များကို ရှယိ၏ နေ့လယ်စာအတွက် ချန်ခဲ့လေသည်။
အိုးထဲမှ ထွက်လာသော ပေါင်မုန့်ပြားများသည် အနံ့မွှေးပြီး အရသာရှိလေသည်။ သို့သော် နေ့လယ်တွင်တော့ အေးပြီး မာတောင့်နေလေ၏။
ရှယိသည် ကုဝမ်ကျူက တစ်မနက်လုံး အလုပ်ကြိုးစားနေသည်ကို တွေးပြီး အေးသော ပေါင်မုန့်ပြားများကိုသာ စားလိုက်ရ၏။ ထို့ကြောင့် သက်သောင့်သက်သာမဖြစ်ဘဲ သူကိုယ်တိုငိ ဆန်ပြုတ်တစ်အိုးကျိုရန် စီစဉ်လိုက်၏။
ထို့နောက် ကုဝမ်ကျူထံပို့ရန် အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်နှင့် ဝက်ဆားနယ်ခြောက်ကို တစ်ပန်းကန် ကြော်ရန်လည်း စီစဉ်လိုက်၏။
“၁၇၉ ငါတို့ ထပ်ကြိုးစားကြည့်ရမလား။” ရှယိသည် သူ့၏ အင်္ကျီလက်များကို စိတ်အားထက်သန်စွာ လိပ်တင်လိုက်ပြီး မီးဖိုးချောင်ထဲသို့ ဝင်လေ၏။
“အိုခေ အရင်တစ်ခေါက်ပြီးတုန်းက ဟင်းချက်စာအုပ် တော်တော်များများနဲ့ မြေမီးဖိုမှာ မီးမွှေးဖို့ အညွှန်းတွေပါ ဒေါင်းထားတာရှိတယ်။ ပြီးတော့ ငါအပြည့်အစုံ ပြင်ဆင်ပြီးပြီ။” စနစ်သည် အရေးကြီးသော အချိန်များတွင် အချိတ်အဆက်မပျက်ချေ။
နာရီဝက်ကြာသော် မီးခိုးခေါင်းတိုင်မှ မီခိုးများထွက်လာပြီး မီးဖိုချောင်ထဲမှ အနံ့များစွာ ပျံ့လွင့်လာလေသည်။
နေ့လယ်တွင် ရှယိသည် ထမင်းဘူးထဲသို့ ဟင်းရွက်ချဉ်ကြော်နှင့် ဝက်ဆားနယ်ခြောက်ကြော် တစ်ပန်းကန်နှင့် ဆန်ပြုတ်တစ်ပန်းကန် ဂရုတစိုက်ထည့်လိုက်လေသည်။ ယင်းကို ကြည့်ပြီး အရသာမရှိလောက်ဘူးဟု တွေးပြီး လှီးထားသော ကြက်သွန်မြိတ်အနည်းငယ်ကို ယူပြီး ဝက်ဆားနယ်ခြောက်ကြော်ပေါ်တွင် ဖြူးလိုက်ပြီး ထမင်းဘူးကို ကိုင်ကာ လယ်ကွင်းထဲသို့ လျှောက်သွား၏။
ရှယိ အဝေးမှပင် ကုဝမ်ကျူ အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။
ကုဝမ်ကျူလည်း သူ့ကိုမြင်ပြီး ပေါက်တူးကိုချကာ သူ့ဘေးသို့ လျှောက်လာလေ၏။
“ကောင်းလားလို့ မြန်မြန် မြည်းကြည့်” ရှယိသည် ထမင်းဘူးကို အမြန်ချလိုက်ပြီး ကုဝမ်ကျူကို တူများပေးလိုက်၏။ ထို့နောက် ကုဝမ်ကျူ၏ မုန့်ကိုယူကာ အပိုင်းပိုင်းခွဲလိုက်ပြီး ဆန်ပြုတ်ထဲသို့ ထည့်လိုက်လေသည်။
“အရသာရှိတယ်” စားနေလျက်ဖြင့် ရှယိ၏ နှာတံပေါ်မှ အမဲရောင်ဖုန်ကို သုတ်ပေးရန် လက်လှမ်းလိုက်ကာ ပလုံးပထွေးပြောလေသည်။
“ရှယိ မင်းဘယ်တုန်းက ဟင်းချက်တာ သင်လိုက်တာလဲ။”
“ခဏ ခဏ လုပ်ကြည့်လိုက်တာ” ရှယိသည် ၁၇၉၏ လမ်းညွှန်အတိုင်း လုပ်ခဲ့သလား မသေချာချေ။
ကုဝမ်ကျူသည် သူ၏နေ့လယ်စာကို အကုန်စားပစ်လိုက်၏။ ရှယိသည် အလွန်အားတက်သွားကာ ဟင်းချက်ခြင်းကို ပထမဆုံး စိတ်ဝင်စားသွားလေသည်။ အိမ်ပြန်လာပြီးနောက် မီးဖိုချောင်ထဲဝင်ပြီး အစားအစာမျိုးစုံအကြောင်း လေ့လာတော့၏။
ညနေပိုင်းတွက် နောက်ဆုံးဟင်းလျာချက်ပြီးနောက် ခြံဝင်းတံခါး ပွင့်သွားလေသည်။ ကုဝမ်ကျူ အိမ်ပြန်လာလေပြီ။ သူသည် အိမ်ပြန်လာပြီးနောက် မဝင်လာဘဲ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မီးဖိုချောင်အဝတွင် ရပ်နေ၏။ လက်ကိုနောက်ပစ်ထားပြီး စကားတစ်လုံးမျှ မပြောဘဲ ရှယိကို ရပ်ကြည့်နေလေသည်။
ရှယိသည် ကြောင်အသွားပြီးနောက် ကုဝမ်ကျူကို သံသယအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့နောက်မှ အနက်ရောင် မျက်လုံးတစ်စုံကို တွေ့လိုက်လေသည်။
ကုဝမ်ကျူ သယ်ထားသော ဝါးခြင်းတောင်းအသေးထဲတွင် အနက်ရောင်အမွှေးများ၊ ပန်းရောင် နှာခေါင်းနှင့် ရှယိကို စိုက်ကြည့်နေသော ခွေးပေါက်ကလေးတစ်ကောင်ပင်။
ရှယိသည် အံ့ဩစွာ အော်ဟစ်လိုက်လေသည်။ လျင်မြန်စွာဖြင့် ခွေးလေးကို ဆွဲယူကာ သူ့လက်ချောင်းဖြင့် ခွေးလေ၏ နှာခေါင်းကို ဖွဖွထိလိုက်၏။ ခွေးလေးသည် သူ့လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ရှယိ၏ လက်ကို လျှာလေးဖြင့်လျက်လိုက်ပြီး ချစ်စရာအသံလေးများ ထွက်လာလေသည်။
ရှယိ၏ နှလုံးသားသည် အရည်ပျော်လုမတတ်ဖြစ်သွားပြီး အံ့ဩစွာ မေးလိုက်လေသည်။
“ဘယ်ကနေ ရလာတာလဲ”
“လောင်ကျန်းထို ရဲ့ ခွေးမက အရင်ကတည်းက ခွေးပေါက်တော့မှာ။ ငါမွေးဖို့ တစ်ကောင်လောက် ရွေးပေးဖို့ ပြောထားတာ။ ဒီနေ့ ခွေးပေါက်က နှစ်လပြည့်ပြီဆိုတော့ ခေါ်လာခဲ့တာပဲ။”
ကုဝမ်ကျူသည်လည်း ခွေးလေးကို ထိရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများသည် ခွေးပေါက်ကို မကြည့်ဘဲ ရှယိကို ကြည့်နေလေသည်။
ရှယိသည် အာလူးထမင်း တစ်ပန်းကန်ကို အမြန်ခပ်ယူပြီး ချေလိုက်ကာ ဟင်းရည် ဆမ်းလိုက်လေပြီး ခွေးလေးရှေ့ကို ယူလာလေသည်။ ခွေးလေးသည် သူ့နှာခေါင်းကို ဆန့်ထုတ်လိုက်ပြီး နမ်းလိုက်ကာ ပလုတ်ပလောင်း စားလေတော့သည်။
“ဖြည်းဖြည်းစား အကုန် မင်းအတွက်ပဲ” ရှယိသည် ငုတ်တုတ်ထိုင်လိုက်ပြီး ခွေးလေးကို စားနေသည်ကို သူ့စိတ်ထဲတွင် ပျော်ရွှင်မှုအပြည့်ဖြင့် ကြည့်နေလေ၏။
‘သူ့အရင်ဘဝတုန်းက ကိုယ်ပိုင်ခွေးတစ်ကောင် မွေးချင်ပေမဲ့ သေချာမမွေးနိုင်ဘဲ သူနဲ့ ရုန်းကန်နေရမှာကို စိုးရိမ်မိခဲ့တယ်။ အခု ကုဝမ်ကျူနဲ့ အတူမွေးရမှာဆိုတော့ သူ့ဆုတောင်း ပြည့်သွားပြီပဲ။’
“အစ်ကိုကျူ ခွေးလေးကို နာမည်ပေးပေးပါလား။”
“ဟေးကျစ် ဆိုရင်ရော” ကုဝမ်ကျူသည် မျက်မှောင်ကြုတ်လိုက်၏။ ခဏအကြာ တွေဝေပြီးနောက် နာမည်ကို သေချာအသံထွက်လိုက်လေသည်။
“ခန့်ခန့်ညားညားလေး ပေးချင်တာ”
“သာ့ဟေး ဆိုရင်ရော” ကုဝမ်ကျူသည် ထပ်မံခက်ခဲစွာ တွေးတောပြန်၏။
“ရွာထဲက ခွေးတော်တော်များများကို သာ့ဟေး လို့ခေါ်ကြတာ။ ညစာစားရအောင် အိမ်ပြန်လာဖို့ သာ့ဟေး လို့ သူတို့ခေါ်ကြရင် သာ့ဟေး ကဘယ်သူမှန်း သိမှာမဟုတ်ဘူး။”
“ဟေးဖီ ဆိုရင်ရော” ကုဝမ်ကျူသည် ရှယိကို ယုံကြည်ချက်မရှိစွာ ကြည့်လိုက်လေသည်။
'ဘာလို့ အမဲတွေပဲ ထည့်နေတာလဲ။ ဘယ်လို စွဲလမ်းမှုတွေလဲ။’
နောက်ဆုံးတွင် ခွေးလေးကို ချီလင် ဟု နာမည်ပေးလိုက်သည်မှာ ရှယိပင်။
“ချီလင် လို့ နာမည်မှည့်ခံထားရတဲ့ နယ်ခံခွေးလေးပဲ။ ရွာသားတွေကတော့ ဝိုင်ရယ်ကြတော့မှာ။”
တအီအီမြည်ပြီး အစာစားနေသော နယ်ခံခွေးလေးကို ကုဝမ်ကျူစိုက်ကြည့်လိုက်ပြီးနောက် ထပ်မံတွေးလိုက်ပြန်သည်။
“ဘာပဲဖြစ်ဖြစ် ရှယိကသဘောကျတာပဲ။ ချီလင် ဆိုတော့လည်း ချီလင် ပေါ့”
“ချီလင် မင်းကိုအခုကစပြီး ချီလင် လို့ခေါ်မယ် သိပြီလား” ရှယိသည် ခွေးလေးကို ချီလိုက်ပြီး ပြောလိုက်၏။ ခွေးလေသည် တုံ့ပြန်သည့်အနေဖြင့် အီအီဟု နှစ်ခါပြန်ဖြေလေသည်။
လုံလုံလောက်လောက် စားသောက်ပြီးနောက် ချီလင် သည် အိမ်၏နေရာတကို အနံ့လိုက်ခံလေသည်။ ကြောင်အိမ်အောက်ဝင်ကာ အနံ့ခံလေသည်။ ထို့နောက် သူ၏ ခြေထောက်လေးများကို ဆန့်ထုတ်လိုက်ကာ သေးပေါက်ရန် ပြင်သော်လည်း ကုဝမ်ကျူသည် သူ့ခြေထောက်တစ်ဖက်ချင်းကို ကိုင်ကာ အပြင်သို့ ခေါ်သွား၏။
ညဘက် အဓိကအခန်းထဲတွင် ဖယောင်းထိုင်များ လင်းထိန်စွာ ထွန်းထားပြီး ကုဝမ်ကျူသည် ဝါးခြင်းတောင်ပုံများကြားတွင် ထိုင်နေလေသည်။ သူ့လက်ချောင်းများကို သွက်လက်စွာ လှုပ်ရှားလိုက်ပြီး ဝါးချောင်းများသည် သူ့လက်ထဲတွင် လုံးဝိုင်းသော ပုံပေါ်လာ၏။
ချီလင် သည် ကြမ်းပြင်ပေါ်ရှိ ဝါးချောင်းများကြားထဲတွင် တိုးဝှေ့ကာ ကိုက်ဖြတ်နေလေသည်။ ရှယိသည် ထိုင်နေပြီး ကုဝမ်ကျူက ဝါးခြင်းတောင်းများကို တစ်ခုပြီးတစ်ခု ရက်လုပ်နေသည်ကို ကြည့်နေလေသည်။
အချိန်တစ်ခုတွင် ကုဝမ်ကျု၏ ဘေးတစ်စောင်းမျက်နှာကို သူစိုက်ကြည့်ကာ ငေးနေလေ၏။
ကုဝမ်ကျူ၏ မျက်နှာသည် မြင့်မား ဖြောင့်တန်းသော နှာခေါင်း၊ သူ့နားထင်ဘက်သို့ စောင်းနေသော မျက်ခုံးများဖြင့် သန့်ရှင်း ပြတ်သားကာ တည်ငြိမ်ပြီး အလွန်ချောမောပေသည်။
ရုတ်တရက် ရှယိသည် ရင်ခုန်သွားပြီး မီးဖိုချောင်ထဲဝင်ကာ မီးသွေး သွားရှာလေသည်။ ကုဝမ်ကျူ သူ့ကို သတိမထားမိသည်ကို မြင်ပြီး ကုဝမ်ကျူ၏ ပုံသဏ္ဍာန်ကို ကြမ်းပြင်ပေါ်တွင် ဆွဲလိုက်၏။ မူလကမ္ဘာတွင် သူသည် လူသိများသော ပန်းချီဆရာဖြစ်ပြီး စုတ်ချက်အနည်းငယ်အတွင်း မီးသွေးဖြင့် ဆွဲထားသော ရှေးဟောင်းအင်္ကျီဖြင့် ချောမောသည့် လူပုံပေါ်လာလေသည်။
'မျက်လုံးထည့်လိုက်ပြီး အစ်ကိုကျူမှာက မျက်အိတ်ကြီးတွေရှိပြီး ထူထဲတဲ့ မျက်တောင်တွေလည်း ရှိတယ်။ မျက်လုံးတွေက အတော်လေး ငြင်သာတယ်။’
'မျက်ခုံးတွေပါဆွဲ မြင့်မားတဲ့ မျက်ခုံးတွေ’
'နှုတ်ခမ်းလည်းဆွဲ အစ်ကိုကျူရဲ့ နှုတ်ခမ်းတွေက ပါးပြီးတော့ တော်တော်ဆွဲဆောင်မှုရှိတယ်။’
“Host ရဲ့ နှလုံးခုန်နှုန်းက ပိုပိုမြန်လာတာကို စစ်ဆေးမိပါတယ်။” ၁၇၉သည် ရုတ်တရက် အသံထွက်လာ၏။ ရှယိသည် သူ၏ မီးသွေးကို လွတ်ကျလုမတတ်ပင်။
“ငါ ပန်းချီမဆွဲရတာ ကြာနေပြီမလို့ နှလုံးသားက ခဏ လှုပ်ရှားသွားတာ ငါလည်း မတတ်နိုင်ဘူး။ “ ရုယိသည် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“Host မျက်နှာကြီးက ဘာလို့အဲဒီလောက် နီနေတာလဲ။”
“တော်တော် စိတ်လှုပ်ရှားသွားလို့လေ။ ငါပြောဦးမယ် မင်းစနစ်က ဘာလို့ပေါက်ကရတွေနဲ့ ပြည့်နေတာလဲ။ လုပ်စရာမရှိဘူးဆိုရင် မြစ်ဘေးသွားပြီး သွားစစ်ဆေးနေလိုက်။ ဒီမှာ လာနှောင့်ယှက်မနေနဲ့။” ရှယိသည် စိတ်တိုသွား၏။
“အဲဒီလူတွေက ဘယ်တော့မှ စစ်ဆေးမှာမဟုတ်ပါဘူး။ ကျွန်တော်က တော်တော်ပျင်းစရာကောင်းတဲ့ စနစ်ကြီးလား။” Host ကို စောင့်ကြပ်ရာမှာပဲ အာရုံစိုက်ပါ့မယ်။”
ဤကိစ္စကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ၁၇၉သည် အနည်းငယ် ခံစားသွားရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ စက်၏နှလုံးသားသည် နာကျင်သွားရ၏။
“ဟုတ်သားပဲ။ မြစ်ဘေးမှာ ဘယ်သူမှမှ မရှိတာ။”
ရှယိသည် သူ့ကို မည်သည့် မျက်နှာမျှ မပြဘဲ အေးစက်စွာ ပြောလိုက်လေသည်။
ကုဝမ်ကျူသည် ရှယိက ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး ဆွဲနေသည်ကို သတိထားမိလိုက်၏။ သူသည် ပုံမှန်ဆိုလျှင် အဆက်မပြတ် စကားပြောတတ်သော်လည်း ဤညတွင် အသံမကြားရသဖြင့် သူသည် သူ့လက်ထဲမှ ဝါးခြင်းတောင်းကိုချကာ မတ်တပ်ရပ်လိုက်ပြီး လိုက်ရှာလေသည်။
အနီးကပ်ကြည့်လိုက်သော် ရှယိသည် မီးသွေးဖြင့် ရေးခြစ်နေလေ၏။
ပန်းချီထဲတွင် အရပ်မြင့်သောလူတစ်ဦးသည် ဝါးခြင်းတောင်းကို ရက်နေလေသည်။ ထိုလူကို အသက်ဝင်နေသော မျက်နှာအစိတ်အပိုင်းများနှင့် သူ့ပါးပေါ်ကျနေသော ဆံပင်ကိုပင် မြင်ရလောက်အောင် နူးညံ့စွာ သရုပ်ဖော်ထား၏။ သူ့ဘေးတွင် ဝါးချောင်းများစွာ ပုံထားသော အပုံကြီးရှိပြီး ခွေးမဲလေးသည် ဝါးချောင်းများကြားတွင် လျှာထုတ်ပြီး ချစ်စဖွယ်နှင့် အပြစ်ကင်းဖွယ် ပြေးလွှားလေ၏။
ဤသည်မှာ ပန်းချီးကားတစ်ချပ်လိုပင်။
ကုဝမ်ကျူ၏ မျက်နှာမှာ ပူလောင်လာပြီး သူ့နှလုံးသားသည် ခုန်လာကာ ဘေးချထားသော လက်ချောင်းများသည်လည်း အမှုမဲ့အမှတ်မဲ့ ကွေးလာပြီး သူ၏ လည်စလုတ်သည် မြင့်ချီတက်ချီ ဖြစ်နေလေသည်။ ကုဝမ်ကျူက ပြောလိုက်လေသည်။
“ပန်းချီကားက တော်တော်ကောင်းတာပဲ။” ခြောက်သွေ့သော အသံဖြင့် သူသည် သူ့လည်ချောင်းသူရှင်းလိုက်ပြီး ထပ်ဖြည့်ပြောလိုက်၏။
“ရှယိ မင်းဆွဲထားတာ အရမ်းတော်တာပဲ။”
ကုဝမ်ကျူ၏ စကားလုံးများကိုကြားပြီး ရှယိသည် အဘယ့်ကြောင့် သူ့ကို မော့မကြည့်ရဲသလဲကို နားမလည်ချေ။ ထို့ကြောင့် သူသည် ခေါင်းငုံ့ထားပြီး ပြောလိုက်၏။
“အမ်” အသံတိုးတိုးဖြင့် သူ့လက်ထဲမှ မီးသွေးကို ဆုတ်ကိုင်မိသွား၏။
နှစ်ဦးသည် အချိန်ခဏအကြာလောက် တိတ်ဆိတ်နေပြီး ကုဝမ်ကျူသည် သူ့လက်ကို နူးညံ့စွာ ယူလိုက်ပြီး ကွေးထားသော လက်များကို ဖြန့်ကာ မီးသွေးကို ယူလိုက်ပြီး ကြမ်းပြင်ပေါ် ချထားလိုက်၏။ ထို့နောက် ရေစိုဝတ်ဖြင့် သူ့လက်တွင် ပေနေသော မီးသွေးမှုန်များကို သုတ်ပေးလေသည်။
သူတို့နှစ်ဦးစလုံးသည် စကားမပြောချေ။ လေထုသည် ခြောက်သွေ့နေပုံပေါ်သည်။ ရှယိသည် ကုဝမ်ကျူက သူ့လက်တစ်ချောင်းချင်းစီကို သုတ်ပေးနေသည်ကို ကြည့်ပြီး သူ့စိတ်သည် ရှုပ်ထွေးနေလေသည်။
“ဝိုး ဝိုး” ချီလင် ၏ အသံနှစ်သံသည် အခန်းထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ရှယိသည် သတိပြန်ဝင်လာလေသည်။ သူ့လက်များကို ဆွဲယူလိုက်ပြီး ပလုံးပထွေးပြောလိုက်၏။
“သွားအိပ်တော့မယ်။” အိပ်ခန်းထဲသို့ အမြန်ဝင်သွားလေသည်။
အမှောင်ထဲတွင် ရှယိသည် အိပ်ယာ၏ အပေါ်ဘက်ကို စိုက်ကြည့်နေပြီး အိပ်ယာပေါ်လှဲနေကာ သူ့စိတ်များ အလွန်ရှုပ်ထွေးနေလေသည်။
“Host ဒီနေ့ နည်းနည်း ထူးဆန်းနေတယ်နော်။”
၁၇၉၏ အသံသည် ဖြားယောင်းခံရမှုကို ထိုးပြနေသလိုပင်။
“ဆွဲလို့မပြီးသေးတဲ့ ယူနီးကွန် ပန်းချီအကြောင်း စဉ်းစားနေတာ”
ရှယိသည် အမြန်ပြန်ဖြေလိုက်၏။
'တကယ်ပဲ နည်းနည်းထူးဆန်းနေတာ။ မဟုတ်ရင် အခုဖြစ်သွားတဲ့ အဖြေရှာမရတဲ့ တုံ့ပြန်မှုအကြောင်းကို ဘာလို့ ၁၇၉ကို မပြောဘဲနေမှာလဲ။’
'ရှယိ ရှယိ ဒါက ကြောင်တောင်တောင်ကမ္ဘာမလို့ မင်းကိုယ်မင်း မိန်းမလို့ မတွေးနဲ့။ မင်းက အစ်ကိုပဲ။’
'မှတ်ထား မင်းက သန်မာတဲ့အရိုးတွေနဲ့ ကောပဲ။’
‘ထားလိုက်တော့ မတွေးနဲ့တော့။ အိပ်တော့။’