no

Font
Theme

အမျိုးသားသည် ခံစားသွားရပြီး အံ့လည်းအံ့ဩသွားလေသည်။ သူသည် ထိုနေရာတွင် ကြောင်အစွာ ရပ်နေပြီး ရှယိ၏ ပခုံးကို ပုတ်ပေးလေ၏။

“ဝမ်းမနည်းပါနဲ့ ငါ့သား။ အဖေသာ အဖေ့မိဘတွေကို နှစ်တိုင်း ပြန်လာတွေ့ရင် သူတို့တွေ ဝမ်းသာမှာပါ။”

ရှယိသည် မြေကြီးပေါ်တွင် ခဏလှဲလိုက်ပြီး သူ့ကိုလွှတ်လိုက်ကာ အပေါ်မော့ကြည့်ပြီး မေးလိုက်၏။

“အမေ ဘယ်မှာလဲ။ ကျွန်တော် အမေ့ကို တွေ့ချင်တယ်။”

နောက်မှလိုက်လာသော ငယ်ငယ်ရွယ်ရွယ် အစေခံတစ်ယောက် ထွက်လာလေသည်။

“သခင်လေး ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။”

ကောင်လေးနောက်မှလိုက်လျက် အချိုး‌အကွေ့ ၉ခု၊ ၁၈ခု ရှိသော လျှောက်လမ်းရှည်ကို ဖြတ်ကျော်ပြီး အခန်းတစ်ခန်းထဲသို့ ရောက်လာလေသည်။

ရှယိသည် သူ့၏ရင်ခုန်သံကို ဖိနှိပ်လိုက်ပြီး

'သူ့အမေ ဖြစ်နိုင်လား။ သူ့အမေများ လား။’

လိုက်ကာသည် မိန်းကလေးတစ်ယောက်၏ ‘မ’တင်ခြင်းကို ခံလိုက်ရပြီး ရှယိသည် တဖြည်းဖြည်း လမ်းလျှောက်သွားလေသည်။

ကြီးမားသော အကွေးပုံစံရှိ အိပ်ယာပေါ်တွင် အမျိုးသမီးတစ်ဦးသည် သူ့ကိုကျောပေးလျက် ဘေးတစ်စောင်း လှဲနေ‌၏။ နောက်ကျောကိုမြင်ကတည်းပင် ရှယိသည် ဤသည်မှာ သူ၏ မူလအမေဖြစ်ကြောင်း သိသွားလေ၏။

ရှယိသည် အိပ်ယာဘေးသို့လျှောက်သွားကာ ဒူးထောက်လိုက်ပြီး အမျိုးသမီး၏ကျောပေါ်တွင် သူ့ခေါင်းကို ငြင်သာစွာ စောင်းတင်လိုက်သည်။ သူ့မျက်နှာတွင် မျက်ရည်များစွာစီးကျလျက် နူးညံ့စွာအော်ပြောလိုက်၏။

“အမေ မေမေ”

အမျိုးသမီး၏ကျောပြင်သည် တုန်ယင်လာကာ သူသည်လည်း သေချာပေါက်ငိုနေသည်ပင်။

“ယိအာ မင်းအမေကို အပြစ်မတင်ပါနဲ့။”

“အပြစ်မတင်ပါဘူး။ အပြစ်မတင်ပါဘူး။ ကျွန်တော့် အမှားတွေပါ။ ကျွန်တော်ကသာ တာဝန်မကျေပွန်ခဲ့တာပါ။”

ရှယိသည် မျက်ရည်များဖြင့် ရေရွတ်လိုက်၏။

အမျိုးသမီးသည် နောက်သို့လှည့်လိုက်ပြီး ရှယိ၏ခေါင်းကို သူ့လက်မောင်းများထဲတွင် ထွေးပိုက်လျက်

“သွားသွား မင်းမိဘတွေကို မကြာခဏ ပြန်လာတွေ့လို့ရတယ်။”

ရှယိသည် သူ့ခေါင်းကို အပြင်းအထန်ခါလိုက်ပြီး ကျယ်လောင်စွာပြောပစ်ချင်နေ၏။

'မသွားဘူး။ ဘယ်မှမသွားဘူး။ အမေတို့နဲ့ပဲ ကျွန်တော်နေမှာ။ ချီရှန်း ပဲဖြစ်ဖြစ် အမတကျင့်ကြံသူ ပဲဖြစ်ဖြစ်။ အမေ့ဘေးမှာပဲ နေချင်တာ။ ကျွန်တော် လယ်ဘယ်လို စိုက်ရမလဲသိတယ်။ ကျွန်တော် စိုက်ထားတဲ့ အာလူးတွေ မုန်လာဥဖြူတွေ အမေ့ကို ပေးချင်တာ။’

သူ့နှုတ်ခမ်းများမှ စကားလုံးများ ထွက်လာချိန်တွင် သူသည် ဘာမှမပြောနိုင်တော့ကြောင်း သိလိုက်ရ၏။ ပတ်ဝန်းကျင်သည် ရပ်တန့်နေပုံပေါ်ပြီး သူ့ရှေ့မှ သူ့အမေအပါအဝင် ဘေးပတ်လည် မြင်ကွင်းများသည် လှုပ်ရှား၊ တွန့်လိမ်လာပြီး တဖြည်းဖြည်း လည်လာလေသည်။

ရှယိသည် အလွန်စိတ်ဖိစီးသဖြင့် သူ့ပါးစပ်ကိုဖွင့်ကာ အော်ဟစ်ချင်ပြီး အသံထွက်ချင်ကာ အမေဟုခေါ်ချင်လေသည်။

လှည့်ပတ်မှုသည် ပိုမို မြန်သထက်မြန်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် မျဉ်းကြောင်းများနှင့် အလင်းစက်များအဖြစ် တစ်ဖန်ဖြစ်သွားလေ၏။

. . . . .

အရာအားလုံးရပ်တန့်သွားသောအခါ ရှယိသည် သူတောင်ပေါ်တွင် ပြန်ရောက်နေကြောင်း သိလိုက်ရ၏။ ပြီးနောက် အချိန်သည်လည်း လုံးဝမကုန်ဆုံးခဲ့ချေ။ ယခင်အတိုင်းပင် သူသည် သူ့လက်ထဲတွင် ထီးမှိုကြီးတစ်ခုကို ကိုင်ထားပြီ ကုဝမ်ကျူကို ပေးတော့မည်ပုံပင်။

ချီလင် သည် သူ့ဘေးရှိ မြက်ခင်းထဲတွင် ပြေးလွှားနေပြီး ကုဝမ်ကျူသည်လည်း လှပသော ထီးပုံစံမှိုပွင့်ကြီးများကို ခူးနေပြီး ရှယိကို ပြရန် နောက်သို့ လှည့်လိုက်၏။

“မင်း ဘာဖြစ်နေတာလဲ။”

ကုဝမ်ကျူသည် ထိတ်လန့်စွာဖြင့် သူ့မျက်နှာမှာ ဖြူဖျော့သွား၏။ သူ့လက်ထဲမှ ထီးမှိုကို လွှင့်ပစ်လိုက်ပြီး ရှေ့သို့လှမ်းလာကာ ရှယိကို သူ့လက်မောင်းများထဲတွင် ဖက်ထားလိုက်လေသည်။

“ရှယိ မင်းဘာဖြစ်နေတာလဲ။”

သူသည် ရှယိကို ထိုနေရာတွင် ထီးမှိုအား ကိုင်ထားကာ ပူဆွေးမှုများနှင့် သူ့မျက်နှာပေါ်တွင် မျက်ရည်များကျကာ ငိုင်ငိုင်ကြီး ရပ်နေသည်ကို တွေးလိုက်ရ၏။

“ကျွန်တော် ကျွန်တော် အခုပဲ ကျွန်တော့်မိဘတွေကို တွေ့လိုက်တယ်။”

ကုဝမ်ကျူသည် ထိတ်လန့်သွားပြီး ရှယိကို တင်းကြပ်စွာဖက်ထားလျက် စိတ်ဖိစီးစွာ ပြောလိုက်လေသည်။

“မင်းမိဘတွေက သူတို့ကို လွမ်းပြီး ဝမ်းနည်းစေချင်မှာ မဟုတ်ဘူး။ မငိုပါနဲ့။ အနာဂတ်မှာ ကိုယ် မင်းကို ပိုချစ်ပေးပါ့မယ်။”

ရှယိသည် မည်သည်ကိုမျှ မရှင်းပြဘဲ ကုဝမ်ကျူ၏ လက်မောင်းများထဲတွင် ငြိမ်သက်စွာ လှဲနေလေ၏။ ကုဝမ်ကျူသည်လည်း သူ့ကျောကို ပုတ်ပေးနေလေသည်။

စိတ်အခြေအနေ တဖြည်းဖြည်း ကောင်းမွန်လာချိန်တွင် နှစ်ယောက်သားသည် မှိုများဖြင့် အိမ်ပြန်လာကြတော့၏။ ကောင်းကင်သည် မှောင်လာပြီး တောင်လေများ တိုက်လာကာ ရှယိသည် နှစ်ကြိမ်မျှ တုန်ယင်သွား၏။

ဤသည်ကို မြင်သော် ကုဝမ်ကျူသည် ပြောလေ၏။

“အရင်တစ်ခေါက် ကိုယ်တို့မြို့ထဲသွားတုန်းက ပိတ်စတွေ ဝယ်ခဲ့တယ်မလား။ ကိုယ် အန်တီလီဆီကို သွားပြီး အပ်ချုပ်ဆိုင် ရှာပေးဖို့ အကူအညီတောင်းလိုက်မယ်။ သူ့ကို အခကြေးငွေးပေးပြီး ကိုယ်တို့အတွက် ရှပ်အင်္ကျီတစ်ထည်စီလောက် ချုပ်ခိုင်းရမယ်။”

ညနေပိုင်းတွင် ကုဝမ်ကျူသည် အန်တီလီကို သွားရှာလေသည်။ နှစ်ရက်ကြာသော် အလုပ်လက်ခံလိုက်သော ကောင်မလေးသည် သူတို့ အိမ်ဝင်းထဲသို့ ရောက်လာလေ၏။

မိန်းကလေး၏နာမည်သည် ဟွိုင်ရိ ဖြစ်ပြီး သူသည် ဘေးရွာတွင် နေကာ သူ့ကို ကျွမ်းကျင်အပ်ချုပ်သူဟု မှတ်ယူကြ၏။ ဘေးပတ်လည်ရွာများရှိ အင်္ကျီချုပ်သူအားလုံးသည် သူ့ထံတွင် ချုပ်ကြသည်။

ဟွိုင်ရိ သည် ၁၇နှစ် ၁၈နှစ်လောက် ရှိပြီး အရပ်ရှည်ကာ ကြည့်ကောင်းလေသည်။ အတိတ်တုန်းကသာဆိုလျှင် ရှယိသည် သေချာစဉ်းစားရမည်ဖြစ်ပြီး အခုတွင်တော့ အချစ်နွံ နစ်နေသဖြင့် သူ့မျက်လုံးထဲတွင် ကုဝမ်ကျူ မှလွဲရင် တခြားသူကို မမြင်ချေ။

ဟွိုင်ရိ သည် ကုဝမ်ကျူ၏ ပုံစံကို တိုင်းရန် ပေတံပျော့ကို သုံးလေသည်။ ထိုစဉ်တွင် ရှယိက ကူညီပေးပြီး အတိုင်းအတာများကို မှတ်စုစာအုပ်‌လေးထဲသို့ ရေးထည့်လေ၏။

အစ်ကိုကျူ၏ လှည့်နေသော ပုံစံသည် အလွန်ချောမောသည်။ သူသည် တစ်ဖက်သို့လှည့်ရာတွင် မြေကြီးပေ့်၌ ခြေထောက်နှစ်ဖက်ကို အလှည့်ကျ မလှည့်ချေ။ သူသည် သူ့ညာခြေကို စက်ပိုင်းပုံ လှည့်ရာတွင် ဗဟိုအဖြစ်ထားပြီး ဘယ်ခြေကို သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအား လှည့်ရန် အသုံးပြုလေသည်။

‘ဒါ တစ်ဖက်ကို လှည့်တာလေးပဲ။ သူက ဘာလို့ လှည့်နေတာလဲ။ တခြားသူတွေ ထက်တောင် လှည့်တာ ပိုတော်နေတာလား။’

'အစ်ကိုကျူက သူ့လက်ကို ပြားနေအောင် ဆန့်ထားတာ။ ဟေး ဟေး ဟေး ဒါက စာခြောက်ရုပ်ပုံစံလို မတ်နေတာပဲ။’

'ရှယိ ရှယိ ဘာလို့မင်းအမြင်က အဲ့လောက်ကောင်းရတာလဲ။’

ဟွိုင်ရိ သည် ကုဝမ်ကျူကို တိုင်းတာပြီးနောက် ရှယိဆီ သွားကာ ထပ်မံတိုင်းတာပြန်သည်။ အဆုံးတွင် သူသည် မှတ်စုစာအုပ်လေးနှင့် ပိတ်စကိုယူကာ နှုတ်ဆက်စကားပြောပြီး ထွက်သွားလေသည်။

မထွက်ခွာခင်တွင် ကုဝမ်ကျူကို ရှိုးတိုးရှန့်တန့် ကြည့်သွားလေသည်။

ရှယိ: ? ? ? ! ! !

“၁၇၉ သူ့မျက်လုံးတွေကို မြင်လိုက်လား။ ကောတစ်ယောက်ရဲ့ အလိုလိုသိစိတ်နဲ့ ငါ သူ့ရဲ့အတွေးတွေကို ဒီအကြည့်တစ်ချက်နဲ့တင် နားလည်လိုက်တယ်။”

“Host က အရမ်းအထိမခံတာပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံး ကောတွေပါပဲ။ ကျွန်တော်က ဘာလို့ မခံစားမိတာပါလိမ့်။”

အခြေအနေတစ်ခုတွင် စနစ်သည် သူ့ကိုယ်သူ ကောဟု ယူဆလာလေသည်။

ရှယိသည် သူ့ခန့်မှန်းချက်မှာ အခြေအမြစ်မရှိခြင်း မဟုတ်သည်ဟု ခံစားမိ၏။ ဆိုဒ်များ တိုင်းတာပြီးနောက် ငါးရက်အတွင်းတွင် ဟွိုင်ရိ သည် သူ့အိမ်သို့ ခြောက်ကြိမ်လာခဲ့၏။

'အစ်ကိုကျူ ကျွန်မ အတိုင်းအတာ ပျောက်သွားလို့ ထပ်တိုင်းမယ်နော်။ အစ်ကိုယိ ကျေးဇူးပြုပြီး မှတ်ပေးပါဦး။’

'ကျွန်မ လီကျူး ရဲ့ မိသားစုဖို့ အင်္ကျီတွေ ချုပ်ပေးတာ။ အဲဒီတော့ တစ်ချက်ကြည့်ဖို့ ခဏဝင်လိုက်တာ။ ဒါကျွန်မအိမ်က ဇီးချိုပင်က ဇီးချိုသီးတွေပါ။ အစ်ကိုကျူ မြည်းကြည့်ပါဦး။ အရမ်းချိုတယ်။ အစ်ကိုယ် အစ်ကိုကျူအတွက် နှစ်လုံးလောက်ချန်ထားပါဦး။’

‘အစ်ကိုကျူ ကျွန်မရဲ့ ကျောက်စိမ်းဆံထိုးလေး ကျိုးသွားလို့ ပြန်ဆက်လို့ရမလား ကြည့်ပေးပါလား။ အစ်ကိုယိ ဒါကျောက်စိမ်းအစစ်နော်။ ကျောက်စရစ်တွေ မဟုတ်ဘူး။’

ရှယိသည် အလွန်စိတ်ဆိုးလေ၏။ ဟွိုင်ရိ ၏ ပုံရိပ်ကို အိမ်ဝင်းတံခါးရှေ့တွင် မြင်သည်နှင့် ရှယိသည် အလွန်စိတ်ဆိုးနေလေပြီ။

‘အစ်ကိုကျူ အစ်ကိုကျူနဲ့ နာမည်က ချွဲပြစ်နေတာပဲ။’

'မျက်လုံးတွေက ဘယ်ရောက်နေတာ။ လီကျူး တို့အိမ်မှာ ဘယ်သူမှ မရှိဘူး မဟုတ်ဘူးလား။ ဘာလို့ ငါ့အိမ်ကိုပဲ ခဏခဏလာနေတာလဲ။ အစ်ကိုကျူကို ကြည့်နေတဲ့ အဲဒီ တဖျပ်ဖျပ်ခတ်နေတဲ့ မျက်လုံးတွေ ငါ့ကို ကန်းနေတယ်များ ထင်နေလားမသိ။’

'ပြီးတော့ တစ်နေ့လုံး အစ်ကို အစ်ကိုပဲ လုပ်‌မနေနဲ့။ ငါ့ကို ရှယိ ဒါမှမဟုတ် အစ်ကိုရှ လို့ခေါ်။’

‘ဘယ်သူက သူ့လို ညီမလိုချင်လို့လဲ

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment