no

Font
Theme

“၁၇၉ အစ်ကိုကျူက မပျော်တဲ့ပုံပဲ။”

ရှယိသည် နောက်ဆုံးတွင်တော့ ကုဝမ်ကျူ တစ်ခုခုဖြစ်နေကြောင်း သိရှိသွား၏။

“ကျေးဇူးပြုပြီး အဲဒီအပြင်မှာ အစ်ကိုကျူ ဘာလုပ်နေလဲဆိုတာ ငါသိရအောင် လုပ်ပေးပါ။”

“မြစ်ဘေးသွားပြီး ကျောက်တုံးပေါ်မှာ တစ်ယောက်တည်းထိုင်ပြီး ငေးငိုင်နေပါတယ်။”

စနစ်က ပြန်ဖြေလိုက်၏။

ရှယိသည် အခန်းထဲတွင် ကုဝမ်ကျူကို စောင့်လျက် သူ့စိတ်ထဲတွင် ရှုပ်ထွေးနေလေသည်။

တစ်နာရီကျော် ကြာသောအခါ အိမ်ဝင်းတံခါးအပြင်တွင် ခြေသံများကြားရပြီး ရှယိသည် ချက်ချင်းပင် ဆင်ဝင်အောက်တွင် သွားစောင့်နေ၏။ အိမ်ဝင်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး ကုဝမ်ကျူသည် နှင်းစက်များ ဖုံးအုပ်ခံထားရကာ အထဲဝင်လာ၏။ သူသည် အပေါ်မော့ ကြည့်လိုက်ပြီး ရှယိကို မြင်လိုက်ရ၏။ ခေတ္တ ကြောင်အသွားပြီးနောက် အဝေးသို့ ကြည့်ကာ ရှယိ၏ဘေးမှ ဖြတ်သွားပြီး သူ အိပ်သော အခန်းထဲသို့ တန်းဝင်သွားလေ၏။

ရှယိသည် သူ့ကိုတားရန် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

“အစ်ကိုကျူ ဘာလို့မ ပျော်ရွှင်ဖြစ်နေတာလဲ။ ကျွန်တော်တို့က အကုန်လုံးလူကြီးတွေပဲ။ ထုတ်ပြောကြရအောင်လေ။”

“အကုန်လုံးက လူကြီးတွေပဲ ဟုတ်လား။”

ကုဝမ်ကျူသည် ရုတ်တရက် သူ့ကိုယ်သူရယ်လိုက်လေသည်။

“အဲဒီတော့ မင်းစိတ်ထဲမှာ အကုန်လုံးက လူကြီးတွေပဲပေါ့။ မင်းက လက်ထပ်ဖို့ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ အမှန်တော့ ငါကသာ…”

ရုတ်တရက် ရပ်တန့်သွား၏။ ကုဝမ်ကျူသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သူ့ခေါင်းကို လှည့်ကာ ရှက်ရွံ့ပြီး အံ့ကြိတ်လိုက်လေသည်။ ပြီးနောက် ရှယိ၏လက်ကို တွန်းထုတ်ကာ အခန်းထဲသို့ဝင်ပြီး တံခါးကို ပိတ်လိုက်၏။

ရှယိသည် သူ့စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပိတ်ထားသော တံခါးကို စိုက်ကြည့်နေ၏။

‘အစ်ကိုကျူက သူထင်နေတာကို ဆိုလိုချင်တာလား။ အဲဒါပဲ ဖြစ်မှာပေါ့။ အဲဒီလို အဓိပ္ပာယ်ပဲလေ။”

‘ဒီလို အတိုက်အခံတွေနဲ့ ရွံ့ရှာမှုတွေမျိုးနဲ့ဆို သူ ကြောက်ရွံ့သင့်တယ်လို့ သူထင်တယ်။ နောက်ဆုံးတော့လည်း ဒါက ရှုပ်ထွေးတဲ့ ကမ္ဘာကြီး ဖြစ်ပေမယ့် ငါက နှစ်၂၀ကျော်အောင် ဖြောင့်နေတဲ့ အဖြောင့်ကောင်ပဲ။… ဒါပေမယ့် ငါ့စိတ်ထဲမှာ ဘာလို့ နည်းနည်း ထိတ်လန့်နေတာလွဲပြီး တခြားခံစားချက် မရှိတာလဲ။ ပြီးတော့ ချိုမြိန်မှု ရေးရေးလေးတောင် ဖြစ်နေသလိုပဲ။’

'ဒါက ဘယ်လိုဖြစ်နေတာလဲ။’

ရှယိ၏ နှလုံးသားသည် ဆန်ခါဖြင့် စစ်ထုတ်ခံနေရသည့်ပုံပင်။ ပြီးနောက် သူသည် တစ်ညလုံး ဟိုလှည့်ဒီလှည့်ဖြင့် လူးလွန့်နေလေသည်။ ခဏလောက် ညည်းညူကာ ခဏလောက် ပေါတောတောရယ်မောလျက်ဖြင့် စောင်ကိုဖက်ပြီး အိပ်ယာပေါ်တွင် လှိမ့်နေလေသည်။

“Host ဒီလို ဖြစ်နေရင် ကျွန်တော်အရမ်းစိတ်တိုတာပဲ။”

၁၇၉က ပြောလိုက်၏။

“အိုခေ အိုခေ အိပ်ပြီ။”

နောက်တစ်နေ့တွင် ရှယိသည် သူ့မျက်လုံးများအောက်တွင် မျက်ကွင်းမဲများဖြင့် နိုးထလာလေသည်။ သူသည် မီးဖိုချောင်ထဲတွင် လိုက်ရှာသော်လည်း ကုဝမ်ကျူကို မတွေ့ချေ။ ယခင်ဤလိုအချိန်တွင် သူသည် မီဖိုချောင်ထဲတွက် အလုပ်များနေတတ်သည်ပင်။

ထပ်မံလိုက်ရှာသော်လည်း အိမ်ဝင်းတစ်ခုလုံးတွင် ကုဝမ်ကျူသည် မရှိချေ။ သို့သော် လယ်စိုက်ကိရိယာများအားလုံး ရှိနေပြီး နွားတင်းကုပ်ထဲမှ နွားများသည်လည်း ရှိနေလေသည်။

“၁၇၉ အစ်ကိုကျူ ဘယ်ရောက်သွားလဲ။” ရှယိသည် စနစ်ကိုမေးလိုက်၏။

“မသိဘူး။ အရုဏ်မတက်ခင် ထွက်သွားပြီးတော့ ရွာထဲကတော့ ထွက်သွားတာပဲ။”

‘'ရုံးတော်ကို များသွားတာလား။ ဒါပေမယ့် အရင်တုန်းကတော့ သူရုံးတော်ကိုသွားရင် ပြောသွားတတ်တာပဲ။”

ရှယိသည် တစ်နေလုံး စိတ်လွတ်နေလေသည်။ သူ့အချစ်ဆုံး မုန်လာဥကို ကြည့်ရန် စိုက်ခင်းထဲသို့ သွားသည့်အချိန်မှာတောင်ပင် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် မလုပ်နိုင်ချေ။ စိုက်ခင်းထဲတွင် ပေါက်တူးကိုင်ပြီး ငိုင်ကာ ရပ်နေတတ်သည်။ သို့မဟုတ် လယ်ကွင်းအစွန်းတွင် ပေါက်တူးရိုးကို ကိုင်တာ ငိုင်ပြီးထိုင်နေတတ်လေသည်။

'ငါတစ်ခုခု ဖြစ်နေတဲ့ပုံပဲ။’

'ကုဝမ်ကျူ ပြန်ရောက်ပြီလား သိရအောင် အိမ်ကို မကြာခဏ ပြန်ကြည့်မှနဲ့တူတယ်။ ပြီးရင် မှောင်တဲ့အထိ စောင့်ကြည့်မယ်။ အိမ်ဝင်းထဲမှာလည်း ငါတစ်‌ယောက်ပဲ ရှိမှာလေ။’

ရှယိသည် အလွန်ထိတ်လန့်သွား၏။

'အရင်တစ်ခေါက်ကလို အရာရှိတွေ ခေါ်သွားခံရတာများလား။’

ရှယိသည် ဤအကြောင်းကို တွေးမိသွားကာ ရုတ်တရက် စိုးရိမ်သွား၏။

“မဖြစ်သေးဘူး။ ငါသူ့ကို လိုက်ရှာမှဖြစ်မယ်။”

သူလိုက်ရှာတော့မည့် အချိန်မှာပင် ပေါက်တူးကိုင်ကာ အိမ်ပြန်လာသည့် အစ်ကိုဝမ်သည် အိမ်ဝင်း၏ ဂိတ်ပေါက်ရှေ့မှ

ဖြတ်သွားလေသည်။

“ရှောင်ယိ ဘယ်သွားမလို့လဲ။ မှောင်နေပြီလေ။”

“အစ်ကိုကျူကို သွားရှာမလို့။ သူ့ကို တစ်နေကုန် မတွေ့ရသေးဘူး။”

“ကုဝမ်ကျူနဲ့ သာ့ကျူး တို့က ရေသိုလှောင်တဲ့အပင်တွေ ရှာဖို့ တောင်ပေါ်တက်သွားကြတယ်လေ။ မင်း မသိဘူးလား။”

အစ်ကိုဝမ်သည် တအံတဩဖြင့် မေးလိုက်လေသည်။

“အိုး အိုး ကျွန်တော်မေ့သွားတယ်။”

“ဘယ်လိုမျိုး ရေမှာပေါက်တဲ့အပင်တွေ ကို ခူးမလို့လဲ။ အဲဒီမြက်ပင်က ချုံးမင် တောင်ပေါ်မှာပဲ ခူးလို့ရတာ။ ပြီးတော့ တောင်စောင်းတွေမှာပဲ ပေါက်တတ်တာ။ ဘယ်လိုလို့ ခူးလို့ကောင်းပါ့မလဲ။”

အစ်ကိုဝမ်သည် ခေါင်းခါပြီး ထွက်သွားလေတော့သည်။

ရှယိသည် တစ်ခဏလောက် ငြိမ်ကာရပ်နေပြီး အိမ်ဝင်းတံခါးကိုပိတ်ကာ အိမ်ထဲဝင်သွားလေသည်။

ညဘက်တွင် ရှယိသည် ပြင်ပမှအသံများကို နားစွင့်နေလေသည်။ အိမ်ဝင်းအပြင်ဘက်တွင် ခြေသံများကြားသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်း ထထိုင်လေပြီး လှုပ်ရှားမှုတိုင်းကို ပုံဖော်သော်လည်း ခြေသံများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

“အဲဒီ မြက်တွေက ခူးဖို့ခက်တယ်လို့ ငါကြားလိုက်တယ်။ ပြီးတော့ ရေမှာပေါက်‌တဲ့အပင်တွေကို ငါ ရှာမခိုင်းခဲ့သင့်တာ။”

ရှယိသည် နောင်တနှင့် စိုးရိမ်မှုများအပြည့်ဖြင့် အိပ်ယာပေါ်ထိုင်နေလေသည်။

“ငါ မြက်တွေ ထပ်မလိုချင်တော့ပါဘူး။ အစ်ကိုကျူ အိမ်ကို မြန်မြန်ပြန်ရောက်ဖို့ပဲ မျှော်လင့်တော့တယ်။”

အရုဏ်တက်ချိန်တွက် အိမ်ဝင်းတံခါးသည်လည်း ပွင့်မလာဘဲ ကုဝမ်ကျူလည်း အိမ်ပြန်မလာသေးချေ။

ရှယိသည် နုံးချိစွာ သူ့အတွပ်သူ ဟင်းချက်ပြုတ်ပြီး အိမ်ဝင်းထဲရှိ ထိုင်ခုံပေါ်ထိုင်ကာ ကုဝမ်ကျူကို စောင့်နေလေသည်။ အမှုမဲ့အမှတ်မဲ့ အိပ်ပျော်သွားပြီး နိုးလာသောအခါ အိမ်ဝင်းတံခါးသည် ပိတ်ထားလျက်ဖြစ်ပြီး အိမ်တွင် သူတစ်ယောက်တည်းပင်။

နေသည် အနောက်ဖက်သို့ ဝင်သွားပြီး သူသည် ရွာဝင်ပေါက်ရှိလမ်းပေါ်တွက် မတ်တပ်ရပ်နေပြီး အဝေးကို ကြည့်နေလေသည်။ မှောင်သည်အထိ ရပ်နေပြီး နှင်းစက်များသည်လည်း သူ့ဘောင်းဘီ အောက်ခြေတွင် စုပုံနေလေသည်။ သို့သော် ကုဝမ်ကျူသည် ပြန်မလာသေးချေ။

‘အစ်ကိုကျူ မြန်မြန်ပြန်လာပါတော့။ ကျွန်တော် အဲဒီ ရေရှောင်မြက်တွေ ထပ်မလိုချင်တော့ပါဘူး။”

ရှယိသည် သေမတတ် နောင်တရနေလေသည်။

. . . . . .

ညမိုးချုပ်နေပြီး ကုဝမ်ကျူနှင့် သာ့ကျုူး သည်လည်း အိမ်ပြန်လမ်းအတိုင်း လျှောက်လာကြလေ၏။ ဤတစ်ကြိမ်တွင် သူတို့သုံးဦးသည် စုစုပေါင်းလေးရွက် ခူးခဲ့ပြီး ကုဝမ်ကျူသည် တစ်ရွက်ယူကာ ကျန်သုံးရွက်ကို အခြားနှစ်ယောက်အား ရောင်းရန်ပေးခဲ့သည်။ သာ့ကျူး ၏ ခြေထောက်သည် ဒဏ်ရာရနေပြီး သူသည် ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေရသည်။ ကုဝမ်ကျူသည်လည်း ဘာမျှ မထူးချေ။ သူကျောတွင် ခြစ်ရာများဖြင့်ပင်။

ကြိုးစားလုပ်ရသော်လည်း ရှယိအတွက် မြက်ပင် ခူးပေးရခြင်းသည် တန်ပေသည်။

သူတို့သုံးဦးသည် စကားပြောကာ ရွာဝင်ပေါက်ဆီသို့ ယိမ်းထိုးကာ လျှောက်လာလေသည်။ ရွာထဲရှိ လူအားလုံးသည် အိပ်ပျော်ကုန်ကြပြီး တစ်ခါတရံ ခွေဟောင်းခြင်းမှအပ တစ်ရွာလုံးသည် တိတ်ဆိတ် ငြိမ်သက်နေကြသည်။

ရုတ်တရက်တွင် သူ့ရှေ့ရှိ ကျောက်တုံးကြီးနောက်မှ လူတစ်ယောက် ထွက်လာပြီး သူတို့ကို ဦးတည်းပြီး ပြေးလာ၏။ သုံးဦးသည် ရပ်နေကာ ထိုတစ်စုံတစ်ယောက် နီးကပ်လာသည်ကို စောင့်နေကြလေသည်။ ကုဝမ်ကျူသည် ယင်းကို မီးတုတ်၏ အကူအညီဖြင့် ကြည့်လိုက်ပြီး ရှယိ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ရှယိသည် သူတို့ထံပြေးသွားပြီး ရပ်လိုက်ကာ ကုဝမ်ကျူကို စိုက်ကြည့်နေလေသည်။ သူ့တစ်ကိုယ်လုံးကို နဖူးမှ ခြေဖျားအထိ ကြည့်ပြီးနောက် သူ့လက်မောင်းများထဲ ပြေးဝင်ကာ ခါးကို တင်းကြပ်စွာ ဖက်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

ရှယိသည် တစ်ကိုယ်လုံး အေးစက်နေကာ ရွာဝင်ပေါက်တွင် သူ့ကို ဘယ်အချိန်ကတည်းက စောင့်နေခဲ့သလဲ မမှတ်မိချေ။ သူ့အင်္ကျီများသည် နှင်းစက်များကြောင့် စိုရွဲနေလေသည်။ ကုဝမ်ကျူ၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည် မြင့်ချည်ဖြစ်နေပြီး လည်စလုတ်သည်လည်း တက်လိုက်ကျလိုက် ဖြစ်နေလေသည်။

နှေးကွေးစွာဖြင့် သူသည် ရှယိကို ဖက်ရန် လက်များကိုမြှောက်လိုက်ပြီး သူ့လက်မောင်းများထဲတွင် ငြင်သာစွာ ဖက်ထားလေ၏။

သာ့ကျူး နှင့် ကျန်တစ်ယောက်သည် ကုဝမ်ကျူကို မျက်စိတစ်ဖက် မှိတ်ပြကာ စကားပြော ရယ်မောကာ ထွက်သွားလေသည်။

ရှယိသည် အနားတွင် အခြားသူများ ရှိနေသော်လည်း ဂရုမစိုက်ချေ။ သူသည် ကုဝမ်ကျူကို ဖက်ထားပြီး မလွှတ်ပေးချေ။ သူသည် ပါးစပ်ထဲတွင် တစ်ဆို့နေပြီး ပြောလိုက်၏။

“အစ်ကို့ကို အပင်တွေ သွားမခူးစေချင်တော့ဘူး။ ကျွန်တော် အစ်ကို့ကိုပဲ လိုချင်တယ်။”

“အစ်ကိုကျူ ကျွန်တော့်ကို ဒီလိုထပ်ပြီး စိတ်ပူရအောင် မလုပ်နဲ့တော့။ အစ်ကို ရှိနေရင်ရပြီ။ ကျွန်တော် ဘာမှမလိုချင်တော့ဘူး။”

သူ့ကျောရှိ ခြစ်ရာများကြောင့် ကုဝမ်ကျူသည် ထိုညက ဖျားလေသည်။

ရှယိသည် သူ့ကို အနီးကပ်စောင့်ကြည့်ကာ ဆေးစပ်ပေးရန် သမားတော် ခေါ်ပေးပြီးနောက် အပူကျရန် သူ့ကိုယ်ကို ရေအေးထဲစိမ်ထားသော တပတ်ဖြင့် သုတ်ပေးလေသည်။ သူ့ကျောပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာများကို မြင်သောအခါ သူသည် စိတ်မကောင်းစွာဖြင့် တုန်ယင်နေလေသည်။

ကုဝမ်ကျူသည် အိပ်ယာပေါ်လှဲနေကာ နှုတ်ခမ်းများ ကွဲအက်နေပြီး မျက်နှာသည်လည်း ဖြူဖျော့နေ၏။ သူသည် ရှယိကို ကြည့်ရန် သူ့မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်၏။

ရှယိသည် အိပ်ယာအစွန်းတွင် ခေါင်းစောင်းထိုင်နေပြီး ကုဝမ်ကျူ၏ လက်ကြီးကို ယူကာ သူ့ပါးပေါ်တင်လိုက်၏။

ကုဝမ်ကျူသည် တံတွေး မြိုချလိုက်ပြီး သူ့လည်စလုတ်သည် တက်လိုက်ကျလိုက် ဖြစ်နေပြီး သူ့မျက်နှာကို လက်မဖြင့် နူးညံ့စွာ ပွတ်ပေးနေလေသည်။

“၁၇၉ ငါကွေးသွားပြီ ထင်တယ်။”

“အင်းလေ။ ကျွန်တော် မြင်ရပါတယ်။ ဒါပေမယ့် မှတ်ထားရမှာက ကွေးကွေး မကွေးကွေး အလုပ်ကတော့ လုပ်ရမှာပဲနော်။”

. . . . . .

ကုဝမ်ကျူသည် ကျန်းမာရေး ကောင်းမွန်နေပြီး အဖျားသည်လည်း ရက်အနည်းငယ်အကြာတွင် အရုဏ် မတက်ခင်၌ သက်သာသွား၏။ ကျောမှဒဏ်ရာများသည်လည်း အလွန်သက်သာ သွားလေပြီ။

ယခင် ရက်အနည်းငယ်တွင် နှစ်ယောက်သားသည် ဘာစကားမျှ မပြောကြသော်လည်း တစ်ယောက်၏ ရည်ရွယ်ချက်များကို တစ်ယောက်က နားလည်ကြသည်။ ရှယိသည် အခန်းထဲ၌ အလုပ်များနေချိန်တွင် ကုဝမ်ကျူ၏ မျက်လုံးများသည် သူ့ခန္ဓာကိုယ်တွင် ကော်ကဲ့သို့ ကပ်နေပြီး အကြည့်တိုင်းသည် လေထဲတွင် တောက်ပနေသလိုပင်။

'အစားတစ်ခါ စားဖို့ တော်တော်ကြာတယ်။ အစ်ကို့အတွက် တူကိုင်ပေး၊ အစ်ကိုက ရှောင်ယိအတွက် ကြက်ဥ အခွံခွာပေးမယ်။’

ထို့နောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တခိခိ ရယ်‌ကြလေသည်။

အိမ်ဝင်းတစ်ခုလုံးသည် ချိုမြိန်မှုများဖြင့် လွှမ်းခြုံနေလေသည်။

ဤနေ့တွက် ကုဝမ်ကျူသည် သစ်သားသေတ္တာကို ဆွဲထုတ်လိုက်ပြီး ဘာမျှမပြောဘဲ ရှယိကို ပေးလိုက်၏။ ရှယိသည် သံသယအပြည့်ဖြင့် ယူလိုက်ပြီး တစ်ချက်ဖွင့်ကြည့်လိုက်၏။

“ရေရှောင်မြက်လား။”

ကုဝမ်ကျူသည် ဂရုမစိုက်ဟန်ဖြင့် ခေါင်းကိုတစ်ချက်ချင်းညိတ်ကာ ရှယိ၏ အမူအရာကို လျှို့ဝှက်စွာ ကြည့်လေ၏။

ဒီရေရှောင်မြက်ကို ရေမှိုအမျိုးအစား မြက်ပင်လို့ခေါ်ကြ၏။ လင်ဇီးမှို နှင့်အနည်းငယ်ဆင်တူပြီး စိမ်းလန်း စိုစွတ်၏။ ရှယိသည် ယင်းကို လက်ထဲတွက် ကိုင်လိုက်ပြီး ကြည့်လိုက်လေသည်။ ထို့နောက် သေတ္တာထဲပြန်ထြည့်ကာ ကုဝမ်ကျူကို ပြန်ပေးလိုက်၏။

“ဒါကို ယူပြီး ရောင်းလိုက်တော့။”

အနည်းငယ်ရှက်သွေးဖြာသွားလေသည်။

ကုဝမ်ကျူသည် ထိုစကားလုံးများကို ကြားသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး အံကြိတ်ကာ သေတ္တာကို လှမ်းယူလိုက်လေသည်။

“Host ကလေးယူကြဖို့ ဆုံးဖြတ်ပြီးပြီလား။”

၁၇၉ အသံသည် ရုတ်တရက် လွှမ်းမိုးသွား၏။

ရှယိသည် တုန်ယင်သွားကာ ဆန့်ထုတ်ထားသော သူ့လက်ကို ဆွဲယူလိုက်ပြီး ထစ်ထစ်အအဖြင့် ပြောလိုက်၏။

“အရင်ဆုံး အရင်ဆုံး ဒီမှာထားလိုက်မယ်။”

ကုဝမ်ကျူ၏ မျက်လုံးများ မှေးမှိန်သွားသည်ကို မြင်ပြီး ရှယိသည် တွန့်ဆုတ်စွာ ထပ်ဖြည့်ပြောလိုက်၏။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် အဲဒီလို ဆိုလိုတာမဟုတ်ဘူး။ $#@# မှာကိုပဲ ကြောက်တာ။”

နောက်ဆုံးစကားလုံးသုံးလုံးသည် အလွန် ဖျော့တော့တော့ပင်။

“ဘာကို ကြောက်တာ”

“$#@# ကိုကြောက်တာ”

ကုဝမ်ကျူ: ….

နောက်ဆုံးတွင် သူသည် ရှယိ၏ ဆိုလိုရင်းကို နားလည်လိုက်ပြီး သူ့လည်ချောင်းကို ရှင်းကာ အဝေးကို ကြည့်ပြီး ပြောလိုက်၏။

“အမှန်တော့ အခုအချိန်မှာ မင်း ကလေး မလိုချင်သေးလည်း ဖြစ်ပါတယ်။”

“ငါတို့ #$@# လို့ ရတာပဲ”

ကုဝမ်ကျူသည်လည်း ရှက်သွေးဖြာကာ တိုးတိုးပြောလိုက်၏။

“ဘာလုပ်လို့ ရတာ”

“#$@# လုပ်လို့ရတာ”

ရှယိ: ….

နောက်ဆုံးတွင် ရေရှောင်မြက်သည် ရှယိ၏ အဝေးသို့ ပို့ခြင်းကို ခံလိုက်ရ၏။ သူသည် ကုဝမ်ကျူ၏ #$@# ကို မယုံခြင်း မဟုတ်ဘဲ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။

‘ABO ဝတ္ထုတွေ၏ ကာလတစ်ခုနဲ့ တစ်ခုကြားမှာ အဓိကဇာတ်ကောင်တွေ အကုန်လုံးက အချိန်ပြည့်သွားတဲ့အခါ ကြရင် ဘယ်သူမှမရှိတာ့ရင် အနီးကလူကို ကျပန်းဆွဲခေါ်လိုက်တာပဲ မဟုတ်ဘူးလား။’

'ဒါပေါ့ ဖြစ်နိုင်ချေကတော့ ၁၀ခုမှာ ၉ခုပေါ့။ မဟုတ်ဘူး ၁၀ခုမှာ ၁၀ခုလုံးဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီမှာတော့ ကုဝမ်ကျူက လွဲရင် တခြားသူကို လူစွမ်းကောင်း မဖြစ်စေချင်ဘူး။’

'တကယ်လို့ ကုဝမ်ကျူက အနားမှာ ရှိမနေရင်ရော’

‘ဦးလေးဝမ်က နေ့တိုင်း သူ့စိုက်ခင်းဆီကို ပြေးသွားနေကြ။ တကယ်လို့ ထိခိုက်မှုဖြစ်ပြီး သူ ငိုင်နေတာကို မိသွားခဲ့ရင်ရော။’

‘ဒီလိုအရာမျိုးအတွက် သတိထားရမယ်။ အဖက်ဖက်က ပြင်ဆင်ထားရမယ်။’

‘အဲဒီအချိန်ပြီးမှ ရေရှောင်မြက်ကို ရောင်းရင် နောက်မကျသေးဘူး။’

. . . . . .

လယ်ကွင်းထဲမှ မုန်လာဥများသည် ပိုကြီးသထက်ကြီးလာပြီး ရှယိသည် မုန်လာဥအပေါ်ရှိ မြေဆီလွှာကို နေ့စဉ် ဂရုတစိုက် ခွာကြည့်ပြီး အောက်ခြေရှိအခြေအနေကို ကြည့်လေသည်။

၁၇၉သည် အလျင်စလိုဖြင့်

“အဲဒီလိုနဲ့ အကုန်သေကုန်တော့မှာပဲ။”

“မသေပါဘူး။ ငါတစ်ချက်ကြည့်ပြီး မြေဆီလွှာနဲ့ပြန်အုပ်လိုက်မှာပဲ။”

“အဲဒါဆို တစ်ခုကိုပဲ ရွေးလုပ်လို့မရဘူးလား။ အလှည့်ကျလေ။ ခဏခဏပြောနေရတာပဲ။ ဘယ်လို မှန်းကို မသိဘူး။ ကျွန်တော့်စိတ်နဲ့ မျက်လုံးတွေ နာကျင်ရတယ်ဗျာ”

၁၇၉သည် စိတ်တိုလုနီးပါးပင်။

ညဘက်တွင် ရှယိသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ရုတ်တရက် ချီလင်၏ ဟောင်သံကြောင့် လန့်နိုးသွားလေသည်။ တစ်ချိန်တည်းမှာပင် အိမ်ဝင်းထဲမှ ကန်သံများနှင့် ထိုးကြိတ်သံများ ထွက်ပေါ်လာလေသည်။

ရှယိ၏ အိပ်ချင်စိတ်သည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူ့တွင် ဖိနပ်စီးရန် အချိန်ပင်မရှိဘဲ သူ့အိပ်ယာအောက်မှ တုတ်ကိုယူကာ ပြေးထွက်သွားလေ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment