မှောင်ရီပျိုးလာသည့်အချိန်တွင် ကုဝမ်ကျူသည် လက်ထဲ၌ ဝက်သားတချို့ကိုင်ပြီး အိမ်သို့ ပြန်လာ သည်။ တံခါးဖွင့်ကာ အိမ်ထဲသို့ဝင်ပြီးနောက် "ဘေးရွာက ဝက်တွေ သတ်ကြတာလေ ဒါနဲ့ အသား နည်းနည်းလောက် ဝယ်လာတာ ဒီည မင်းအတွက် ပေါက်စီလုပ်ပေးမယ်"ကုဝမ်ကျူက ရှယိအား ပြုံးကာ ပြော၏။
" ကောင်းတယ် ကောင်းတယ် ပေါက်စီ စားကြမယ်"ရှယိမှာ အလွန်ပျော်နေခဲ့ပြီး ရေမြန်မြန်ခပ် ကာ သူ့လက်များကို ဆေး၏။ပြီးနောက် နှစ်ယောက်သား ဝက်သားကိုနုတ်နုတ်စဉ်းရင်း ဂျုံမှုန့်နှယ်ရင်း ဖြင့် အလုပ်များနေကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် အငွေ့ထွက်နေသော ပေါက်ဆီအိုးကို စားပွဲသို့ယူလာသည်။ငါ့အတွက် တစ်ခုရွေးပေးပါဦး ပြီးကျရင် မင်းကိုတစ်ကိုက်ကျွေးမယ်။
ပျော်ရွှင်စွာ စားနေကြစဉ် ဝင်းတံခါးသည် ရုတ်တရက်ပွင့်လာပြီး "ရှယိ ရှောင်ယိ အထဲမှာရှိလား လယ်ကွင်းထဲကို သွားကြည့်လိုက်ဦး တစ်ယောက်ယောက်က မင်းရဲ့လယ်ကွက်ကို ဖျက်စီးချင်နေတယ်" လျိုချင်က စိုးရိမ်တကြီးဖြင့် အော်ပြောလေ၏။
ဒါကို ရှယိကြားသည့်အခါ တူဖြင့်ကိုင်ထားသော ပေါက်စီသည် ပန်းကန်လုံးထဲသို့ ဘုတ်ခနဲ ပြုတ် ကျသွားသည်။တဒုန်းဒုန်း မြန်လာသော နလုံးခုန်သံနှင့်အတူ ခေါင်းမှာလည်း ချက်ချင်း ထူပူသွား ၏။
" သေစမ်း ဘယ်သူက ငါ့လယ်ကွက်ကို ဖျက်ဆီးချင်တာလဲ"
ရှယိသည် လျိုချင်အား ကျယ်လောင်စွာ ပြန်ပြောရင်း တံခါးပေါက်ဆီသို့ လျှောက်လာသည်။ ကုဝမ်ကျူလည်း အနောက်မှ အမြန်လိုက်ပါလာ၏။
လယ်ကွင်းထဲတွင် ရွာသားများသည် မီးတုတ်ကိုယ်စီနဲ့ အနက်ရောင်ဝတ်ထားသော လူသုံးယောက်ကို လိုက်ဖမ်းနေကြသည်။
ထိုလူသုံးယောက်သည် အထိတ်တလန့်ဖြင့် ဦးတည်ရာ ပေါင်းစုံသို့ ထွက်ပြေးကုန်၏။သို့သော် နေရာတိုင်းတွင် ရွာသားများရှိနေသည်။
"သူ့ကို မသွားစေနဲ့ တားထား သူက ဒီလမ်းအတိုင်း ပြေးချင်နေတာ"
“သူက လယ်ကွင်း တောင်ကုန်းပေါ်ပြေးပြီး သစ်ပင်အောက်ကနေ ထွက်ချင်တာ”
လူတစ်ယောက်သည် လျှင်မြန်စွာ တောင်ကုန်းပေါ်သို့ တက်လာခဲ့သည်။သစ်ပင်အောက်မှ ထွက်ခါနီး တွင် ဝုန်းခနဲမြည်သံနှင့်အတူ သူ၏မျက်လုံးများ ချက်ချင်းဝေဝါးသွားသည်အထိ ခေါင်းကို ပြင်းထန်စွာ အရိုက်ခံလိုက်ရ၏။
နောက်မှ လိုက်နေသော ရွာသားများက သူ့ကို အပြေးအလွှားချုပ်ထားလိုက်ကြသည်။
ကမ္ဘာကြီးကို အုပ်စိုးတော့မည့် အရှိန်အဝါအပြည့်ဖြင့် ကြေးနီရောင်အိုးကိုကိုင်ထားသော ဦးလေးဝမ် သည် ထိုနေရာတွင် ရပ်လိုက်ပြီး "တစ်ယောက်ယောက်က ဒီကနေ ထွက်ပြေးတော့မယ်ဆိုတာ ငါသိတယ် ၊ငါ မင်းကို စောင့်နေတာ" ဟု အေးစက်စွာ ပြော၏။
ကျန်နှစ်ယောက်မှာ ဘယ်ပြန် ညာပြန် တိုက်ခိုက်နေကြဆဲဖြစ်သည်။ ထိုအချိန်တွင် ရှယိရောက်လာပြီး သူတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ နောက်ကျောကို ဝင်တိုက်ပြီး နားထင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသောလက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်၏။ ပြီးနောက် ရက်စက်သော မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြော၏။
"ငါက မင်းတို့ ဘိုးဘေးတွေရဲ့ ဆယ့်ရှစ်ယောက်မြောက် မျိုးဆက်ပဲ မျိုးမစစ်ကောင်ရဲ့ သေစမ်း မင်းက ငါ့လယ်တွေကို ဖျက်စီးရဲတယ်ပေါ့ ခွေးလိုကောင်"
ထိုသို့ ပြောပြီးနောက် ရှယိသည် သူ၏ခေါင်းကို ပြင်းထန်စွာ လှည့်လိုက်ရာ ကုဝမ်ကျူက သူ့အား အံအားသင့်စွာ ကြည့်နေသည်ကို တွေ့လိုက်သည်။ သူ၏ရင်ဘတ်ကို သုန်မှုန်စွာ ဆုပ်ကိုင်ရင်း လူကြီး၏ ကျောပေါ်သို့ လျှင်မြန်စွာ ခုန်ချလိုက်၏။"အော့"
ကုဝမ်ကျူက ရှေ့သို့လှမ်းလာပြီး ထိုလူကို မကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်ရာ သူ၏ လှုပ်ရှားမှုမှာ ချက်ချင်းရပ်တန့်သွားတော့သည်။
ထိုအချိန်၌ သုံးယောက်မြောက် အနက်ရောင်လူကိုလည်း ရွာသားများက ဖမ်းကာ ချုပ်နှောင် ထားကြ၏။
မီးတုတ်များ၏ အလင်းရောင်အောက်တွင် ထိုလူသုံးယောက်အား ချည်နှောင်ကာ လယ်ကွင်းတောင် ကုန်းပေါ်မှ ပစ်ချလိုက်ကြသည်။ ထပ်ပြီးတော့ အရင်က သုံးကောင်ပဲ။
ဦးလေးဝမ်က သရော်ပြုံးပြုံးကာ သူတို့၏အနားသို့ လျှောက်လာပြီး"ဒီအတောအဝင်း ရွာထဲမှာ ထူးဆန်းတာတွေ အများကြီး ဖြစ်သွားတယ်၊ အဝတ်အစားတွေ ပျက်စီး၊အိမ်တွေ မီးလောင်၊ ပန်းကန်ထဲက ကြက်ဥတွေလည်း ပျောက် ဒါ့ကြောင့် ငါက သဲလွန်စတွေ ရှာနေတာ"
"ဒီနေ့ စက်ဆုပ်စရာကောင်းတဲ့သူတစ်ယောက် ငါတို့ရွာထဲဝင်လာတယ် ၊မင်းတို့ သူ့ကို မမြင်ကြဘူး ၊သူ့ကိုယ်မှာဝတ်ဖို့ ဝတ်ရုံတစ်ခု ရှာတွေ့သွားတာ ၊တော်တော် အယောင်ဆောင်ကောင်းတယ် ၊ငါ့ရဲ့ အတွေ့အကြုံသက်တမ်းနှင့် နားလည်ထားသလောက် ပြောရရင် သူ့မှာ မေးစရာရှိမယ်လို့ ထင်တယ်"
"ဒါကြောင့် သူ့ကို မေးဖို့ သွားခဲ့တယ် ၊ ဝက်သားဖောက်ဖို့ မိတ်လိုက်တဲ့နည်းလမ်းက ဘာလဲ ၊ ဟားဟား နောက်ဆုံးတော့ သူဘာမှမသိဘူးလေ။ သူက ညတော်တော်များများ ဝက်ရောင်းတဲ့ အကြောင်းပဲ ပြောနေတာ ၊အဲဒီ အချိန်တုန်းက သူ့ကို ဘယ်လို ဖော်ထုတ်ရမလဲ မသိခဲ့ဘူး၊ဒါပေမယ့် သူက မသင်္ကာစရာ ကောင်းတယ်ဆိုတာတော့ ငါသိနေခဲ့တယ်၊သူလျှိုတွေက ဒီသူခိုးသုံးကောင်ကို ပို့ခဲ့တာ" ဦးလေးဝမ်က သူတို့သုံးယောက်ကို ကြောက်မက်ဖွယ်မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ကာ သူ၏ခံစားချက်မဲ့သော ပြဿနာဖြေရှင်းနည်းကို ဖော်ပြ၏။
"တစ်ခုခုမှားနေတယ်ဆိုတာကို ငါသတိထားမိတယ် ၊ဒါပေမယ့် မသိသလို ဟန်ဆောင်နေခဲ့တာ ၊ဒီည ကင်းလှည်းပြီး တိတ်တိတ်လေး စောင့်ကြည့်လိုက်တော့ သေချာပေါက်ပဲ" "မင်းတို့ကောင်တွေ ဒီည လုပ်ခဲ့တယ်"ဦးလေးဝမ်က တစောင်းကြည့်ကာ တစ်လုံးချင်းပြောသည်။
ရှယိ:..
သူခိုးသုံးယောက်:..
ပေါက်ပြဲနေသော နှာခေါင်း၊ ယောင်ကိုင်းနေသော မျက်နှာနဲ့ သူခိုးသုံးယောက်သည် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ စိတ်အားထက်သန်ကြ၏။"ကျွန်တော်တို့ အဲဒီအရာတွေကို မလုပ်ခဲ့ပါဘူး၊ ပြီးတော့ ဝက်တွေနဲ့ပတ်သက်ပြီးလည်း ဘာမှမသိပါဘူး၊မှတ်မိသလောက်ကတော့ ငါတို့ နောက်ဆုံးတစ် ခေါက်က ခရိုင်ကို အပို့ခံရတဲ့အကြောင်းပြောရင်း ဒီည အရက်သောက် နေကြတာ၊ ရုံးတော်က ဆယ်ချက် အရိုက်ခံကြရတယ်၊ ပြီးတော့ ဒီကို မလာခင် အထိ ထောင်ထဲမှာပဲ နေခဲ့ရတာ ၊ဒါ့ကြောင့် သူတို့က မင်းရဲ့ရွာကို ပျက်စီးအောင် လုပ်ပြီး လယ်ထဲက ကောက်ပဲသီးနှံတွေကို ယူချင်နေကြမှာ"
သူစကားပြော၍ မပြီးခင်တွင် သူ၏ပါးစပ်ကို အဝတ်စုတ်ဖြင့် ဆို့ထားလိုက်၏။"သူတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားထောင်မနေနဲ့ ၊တရားရုံးကို တင်ပြဖို့ ရဲမက်တွေ ဆီကိုသာ ပို့လိုက်တော့"ထို့နောက် သူသည် သူတို့သုံးယောက်ကို ကျန်းထို၏ ရထားလုံးထဲသို့ သွန်းထည့်လိုက်ပြီးနောက် ခရိုင်အုပ်ချုပ်ရေးရုံးဆီသို့ ဆွဲသွား၏။
ရထားလုံးတဖြည်းဖြည်းဝေးကွာသွားတာသည်ကို ကြည့်ရင်း ရွာသားများ တစ်ယောက်ပြီး တစ် ယောက်လူစုခွဲပြီး အိမ်ပြန်သွား၏။ ရှယိနှင့်ကုဝမ်ကျူမှာလည်း အိမ်အပြန်လမ်းပေါ်၌ပင်။
ညနက်လာသည့်အခါ ကောင်းကင်ရှိ ကြယ်များသည် ခေါင်းအထက်တွင် လင်းလက်တောက်ပ လာ၏။ ညလေချမ်းကလည်း မြက်ခင်းနှင့်သစ်ပင်များကို တဝီဝီမြည်အောင် ပွတ်သပ် ကျီဆယ်နေသည်။
ကုဝမ်ကျူဘေးမှ သူ၏ညင်သာသော အသက်ရှူသံကို နားထောင်ရင်း ရှယိသည် တိတ်ဆိတ်စွာ သူ၏လက်ချောင်းများကို ဆန့်ထုတ်သည်။
ရှယိ၏လက်များသည် ကုဝမ်ကျူ၏ အင်္ကျီအစွန်းသို့ ရောက်ကာ ဖြည်းဖြည်းချင်း အဆင့်တက်လာပြီး ကုဝမ်ကျူ၏ လက်ဖဝါးကို လာချိတ်သည်။
ကုဝမ်ကျူက ခဏဆိုင်းငံ့နေပြီးနောက် ချက်ချင်း ခံစားမိကာ ရှယိကို သူ၏လက်များဖြင့် ဆုပ်ကိုင် ထားလိုက်၏။ ရှယိကား တိတ်တိတ်လေး အလွန်ပျော်သွားပြီး မြန်မြန်ပင် သူ၏လက်ချောင်းများဖြင့် တင်းကြပ်စွာ ယှက်ထားလိုက်သည်။
ဒီလိုမျိုး တစ်ယောက်မှ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေတဲ့ အခိုက်အတန့်မှာ ငါ့ရဲ့နှလုံးသားလေးကတော့ ဘောင်ဘင် ခတ်နေလေရဲ့။
"မင်းက လက်ကိုင်ထားရုံပဲလား" ၁၇၉ ၏ အသံထွက်လာသည်။
"မင်း အခု သာယာနေတာလေးကို ဖျက်ဆီးဖို့ လုပ်နေတာ ရပ်ပေးလို့ရမလား၊ မင်းမှာ အသိဉာဏ် မရှိဘူးလား"ရှယိက ချက်ချင်း မကျေမနပ် ပြန်ပြောသည်။
"မဟုတ်ဘူး ငါပြောပြမယ်၊ ချစ်သူတွေဆိုတာ လက်ကိုင်တာထက် ပိုပြီး တစ်ခုခု မလုပ်သင့် ဘူးလား " ကုဝမ်ကျူက နစ်နာသလို ခံစားရ၏။
"ရေး...ရတယ် လုပ်ပါ ဟီးဟီး☺️...."
"ဒါဆို အကာကွယ်ကို ဖွင့်ထားလိုက်နော် ငါက ချစ်သူတွေ လုပ်သလိုမျိုး လုပ်တော့မှာ "ရှယိကား ရင်းထဲတွင် ကျလိကျလိဖြစ်ကာ သူ၏လက်များကို ပွတ်သတ်နေ၏။
"ငါနားကြပ်ဖွင့်ထားတယ် ရုပ်ရှင်ကြည့်နေတာ"
"အို့ " ရှယိသည် မှန်ပြင်ကို ရုတ်တရက် ပိတ်လိုက်ပြီး သူ၏မျက်လုံးကို ပွတ်ရန် ခေါင်းကိုငုံ့သည်။
"ဘာဖြစ်တာလဲ"ကုဝမ်ကျူက စိတ်လှုပ်ရှားစွာ မြန်မြန်မေး၏။
"မျက်လုံးထဲကို သဲဝင်သွားတာ ဖွင့်လို့မရတော့ဘူး"
"Host မင်းနည်းလမ်းက ရိုးလွန်းတယ် ၊ မင်းရဲ့သရုပ်ဆောင်စကေးက တော်တော်လေး ကြိုးစားထားတာပဲ"၁၇၉၏အသံ တဖန်ထွက်ပေါ်လာသည်။
"မင်းက ရုပ်ရှင်ကြည့်နေတာလို့ ပြောတာမလား"ရှယိက ပေါက်ကွဲမတတ်အော်၏။
"ငါက စာတန်းထိုးနေတုန်းပဲ ရုပ်ရှင်မလာသေးဘူး၊ ဒါ့ကြောင့် မြန်မြန်တစ်ချက် လာကြည့်တာ၊ဟုတ်ပြီ ဟုတ်ပြီ ရုပ်ရှင်က နေစတာ အဲဒီအကြောင်း မပြောတော့ဘူး"ကုဝမ်ကျူက အခြေအနေ မဟန်ကြောင်းတော့မှန်းသိ၍ လျှင်မြန်စွာ ပြန်ပြောသည်။
"မပွတ်နဲ့တော့ ငါမှုတ်ပေးမယ်" ကုဝမ်ကျူက မျက်လုံးကိုပွတ်နေသော ရှယိ၏လက်ကို ဆွဲချသည်။ထို့နောက် ရှေ့နှစ်လှမ်းတိုးကာ လက်တစ်ဖက်ဖြင့် ရှယိ၏ခေါင်းနောက်ကို ကိုင်ပြီး ကျန်တစ်ဖက်ဖြင့် မျက်ခွံကို ဟလိုက်၏။
ကုဝမ်ကျူက အကြိမ်အနည်းငယ် ညင်သာစွာ မှုတ်ပြီးနောက် "ဖွင့်ကြည့်ဦး ကောင်းသွားပြီလား"
ရှယိက ဟန်ဆောင်ပန်ဆောင်ဖြင့်ဖွင့်ကြည့်ပြီး "မကောင်းသေးဘူး"
"ဒါဆိုရင် ငါ ထပ်မှုတ်ပေးမယ်"ကုဝမ်ကျူက ရှယိ၏မျက်လုံးများကို ထပ်ဟပြန်၏။
ကုဝမ်ကျူက ရှယိ၏ မျက်လုံးထဲသို့ လေမှုတ်ရန် အာရုံစိုက်နေသည့်အချိန် ရှယိမှာ အနားသို့ ပိုကပ်လာသဖြင့် ရှယိ၏နှုတ်ခမ်းကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖိထားမိသည်။
"Host မင်းပုံစံက ကြောက်စရာ ကောင်းလာပြီ၊ မျက်ခွံကလည်း လှန်ထားတာ မျက်သားဖြူဖြူတွေပါ မြင်နေရပြီ၊ ပါးစပ်ကလည်း ပိုပို ကျယ်လာပြီး မင်းရဲ့အစွယ်တွေပါ ထွက်လာတော့မယ်နဲ့ တူတယ်" ၁၇၉က စေတနာဗလပွဖြင့် သတိပေးလာ၏။
"တော်လိုက်တော့..."
"ဟုတ်ပြီ ဟုတ်ပြီ ရုပ်ရှင်က စနေပြီ ငါ တကယ်ကို စိတ်နှစ်ပြီး ကြည့်ချင်တာ ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့တော့"၁၇၉ က ချက်ချင်း ပြေရာပြေကြောင်း ပြောသည်။
ဘယ်သူက ဘယ်သူ့ကို နှောင့်ယှက်နေတာလဲ။
ရှယိက သူ၏မျက်ခွံအား ပွတ်နေဆဲဖြစ်သော ကုဝမ်ကျူ၏လက်ကို တွန်းထုတ်လိုက်ပြီး"ရပြီ ငါကောင်းသွားပြီ"ဟု ခံစားချက်မဲ့စွာပြော၏။
"တကယ်လား ၊ မျက်တောင် ခပ်ကြည့်ပါဦး"ကုဝမ်ကျူက စိတ်မချသေးပေ။
ရှယိ တကယ် သက်သာသွားသည်ကို မြင်မှသာ ရှယိ၏ခေါင်းအား လွှတ်ပေးကာ လက်ကို ကိုင်လျက် အိမ်ဘက်သို့ လျှောက်ခဲ့၏။
အိမ်အပြန်လမ်းကား ရှည်လျားသည်။ ရှယိသည် သူ့ဘေးမှ ကုဝမ်ကျူအား ချောင်းကြည့်ကာ သူ၏ရင်ထဲ၌ ဂနာမငြိမ်စွာ တစိမ့်စိမ့်တွေးနေသည်။
ကြယ်လေးတွေကလည်း ကြည့်ကောင်းပြီး လေထုကလည်း ပြီးပြည့်စုံသည်။ ငါ တကယ်ကိုမှ တစ်ခုခုကို မလုပ်ချင်ဘူး...။
ရှယိက ငေးကြည့်နေစဉ် ကုဝမ်ကျူက သူ့ခေါင်းကို လှည့်လာပြီး နူးညံ့စွာကြည့်ကာ ပြုံးပြသည်။ သူ၏တည်ကြည်ခံ့ငြားသော မျက်နှာသည် ကြယ်ရောင်အောက်တွင် အချိုးအစား ပြေပြစ်လှ၏။
ရှယိကား သူ၏ရင်ထဲ၌ လှိုင်းထလာသည်ကို မတတ်နိုင်တော့ပေ။သူက အရမ်းကို ခန့်ငြားတယ်။ တကယ်ပါ သူငါ့ကို နမ်းစေချင်လိုက်တာ၊ ဒါပေမယ့် သူက စိတ်မဝင်စားဘူး ဟွန့်..၊ဘာလို့သူက ငါ့ကို နမ်းရမှာလဲ ငါလည်း ယောက်ျားတစ်ယောက်ပဲ ။ မင်းနမ်းချင်ရင် နမ်းလိုက်စမ်း ဘာကိုကြောက် နေတာလဲ။
ထိုသို့ တွေးရင်း သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်လိုက်၏။ သူ၏စူးရှုသော အကြည့်များမှာလည်း ကုဝမ်ကျူ၏ မျက်နှာမှသည် နှုတ်ခမ်းပါးများ ဆီသို့။
ဒါကို မြင်တော့ ကုဝမ်ကျူက ဘာလဲဟူသော အကြည့်ဖြင့် သူ၏မျက်လုံးထောင့်များကိုပင့်ကာ ရုတ်တရက် ရပ်လိုက်၏။ သူ၏ မျက်လုံးများမှာ ကြယ်နဲ့တူလေသည်။
Fuck, အလှတရားက တကယ်ကြီး ရူးသွပ်စေတာပဲ။
"မကြောက်ပါနဲ့ မကြောက်ပါနဲ့ ငါဘာမှမလုပ်ပါဘူး။ နမ်းရုံလေးပါ နမ်းရုံသက်သက်ပဲ"ရှယိက ကုဝမ်ကျူအပေါ် အုပ်မိုးရင်း မြန်မြန်ဆန်ဆန်ပင် စိတ်လှုပ်ရှားစွာ ပြော၏။
သူ၏လက်များကို ကုဝမ်ကျူ၏ လည်ပင်းထက်တွင် ဖက်တွယ်ထားရင်း နှုတ်ခမ်းများကို အဆင်ခြင်မဲ့စွာ ဖြည်းဖြည်းချင်း ကိုက်၏။
သူ့အပေါ်အုပ်မိုးထားသော ရှယိကြောင့် ကုဝမ်ကျူမှာ နောက်ပြန် နှစ်လှမ်းဆုတ်သွားပြီး လမ်းဘေးရှိ လယ်ကွက်ထဲသို့ ရောက်သွားသည်။ ထို့နောက်သူသည် ရုတ်တရက် ကြောင်သွား၏။ ရှယိကား ကုဝမ်ကျူ၏ နှုတ်ခမ်းများနှင့် မျက်နှာကို အငမ်းမရ နမ်းနေဆဲပင်။
ရှယိသည် သူ၏တင်းမာမှုကို ခံစားမိပြီး သူ့ကိုယ်သူ လွှဲမှားသူ တစ်ယောက်လို မလုပ်ဖို့ လျင်မြန်စွာ သတိပေး၏။"မကြောက်ပါနဲ့ ငါမင်းကို ဂရုစိုက်မှာပါ"
သေစမ်း ငါပြောတာတွေက ရွံစရာကောင်းတယ်လို့ ခံစားရတယ်။
ကုဝမ်ကျူက ဖြည်းဖြည်းချင်း တုံ့ပြန်လာပြီး ရှယိကို သူ၏လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်၏။
"ဘယ်သူလဲ" အနောက်မှ မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော အော်သံကိုကြားရ၏။
သူသည် လူကြီး၏မျက်နှာကိုရှင်းလင်းစွာမမြင်နိုင်သော်လည်း သူ့လက်ထဲက ကြယ်ရောင်ကြောင့် အလင်းပြန်နေသော ကြေးနီအိုးကား မျက်လုံးကိုဖမ်းစားထားသည်။
ဦးလေးဝမ် သူမအိပ်သေးဘူးလား။
"ပြေး" ရှယိသည် ကုဝမ်ကျူကို ဆွဲကာ အလျင်အမြန်ပြေးသွားပြီးနောက် လမ်းအဆုံးတွင် တဖြည်းဖြည်းပျောက်ကွယ်သွား၏။
ဦးလေးဝမ်သည် တဖြည်းဖြည်း ဆက်လျှောက်လာပြီး ကုဝမ်ကျူနှင့်ရှယိတို့ ရပ်နေသောနေရာသို့ ရောက်လာသည်။လယ်ကွင်းထဲက ခြေရာများကို ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ပြီးနောက် သရော်ပြုံး ပြုံးကာ ပြော၏။
"ပြီးတော့မှ တွေ့ကြသေးတာပေါ့ကွာ"