၁၇၉ ထိုအကြောင်းတွေအား ဘော့စ်ဖြစ်သူထံသို့ အစီအရင်ခံစာတင်နေရသည့်အတွက် အလွန်အလုပ်ရှုပ်နေသဖြင့် ရှောင်ယိကို အာရုံစိုက်ဖို့ အချိန်ရှိမနေပါ။
လျှိုစစ်ချန်း သူ ထပ်ရှင်းပြရအုံးမည်လို့ ထင်လိုက်ပေမဲ့လည်း ရှောင်ယိက သူ့ကို ဒီလိုမျိုး ယုံကြည်ပေးသည်။
လှုပ်လှုပ်ရှားရှား ဖြစ်သွားရင်း သူ ရှောင်ယိကို ဟန်ဆောင်ပန်ဆောင် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ငါ ဒီကို စရောက်တဲ့ မနေ့ကတည်းက ဘာထမင်းမှ မစားရသေးတော့ အရမ်းဗိုက်ဆာနေပြီ အဲ့ကြောင့် ငါ အခြေခံအုတ်မြစ် တည်ဆောက်တဲ့ဆေးရည်ပုလင်း နည်းနည်းကို ထမင်းတစ်ပန်းကန်လောက်နဲ့ လဲလှယ်ရောင်းချချင်မိတာပါ အမတကျင့်ကြံခြင်းကမ္ဘာက လူတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ နတ်ဆေးဝါးက ဒီနေရာမှာ ဒင်္ဂါးတစ်ပြားတောင်တန်ဖိုးမရှိဘူးဆိုတာကို ဘယ်သူက ယုံမှာလဲ?”
ရှောင်ယိ နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြရင်း သူ၏ကိုယ်ပိုင်အတွေ့အကြုံကို ပြန်တွေးမိသွားကာ ဂရုဏာ စိတ်အနည်းငယ်ဖြင့် မနေနိုင်ပဲ သက်ပြင်းချလိုက်မိသည်။
“ကျွန်တော့်နာမည်က ရှောင်ယိ ကျွန်တော့်လည်း ခင်ဗျားအကြောင်းနည်းနည်းပါးပါးသိနေတော့ ကျွန်တော်နဲ့လိုက်ပြီး အိမ်မှာ အစားအစာလိုက်စားလေ လူကြီးဆိုတာ အသက်ကြီးတဲ့အချိန်မှာ အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် အမတကျင့်ကြံရေးကမ္ဘာထဲမှာ ဗိုက်မဆာစေနဲ့”
ရှောင်ယိ ထိုသို့ပြောပြီးနောက် သူ့ကို အိမ်ခေါ်လာခဲ့သည်။
လျှိုစစ်ချန်း ရှောင်ယိ အနောက်ကနေလိုက်ရင်း သူ့အကြောင်းကို ရှင်းပြနေခဲ့သည်။
“ငါ ပီကူးအဆင့်(သန့်စင်တဲ့ ကြားကာလအဆင့် ) ကို ရောက်တာ နှစ်တွေချီနေပြီ။ တစ်ခါမှ ဗိုက်မဆာလာခဲ့ဖူးဘူး ဘာလို့လဲတော့မသိဘူး ရုတ်တရက်ကြီး ငါ့အဆုတ်တွေထဲမှာ မီးတောက်တွေ ဖြတ်ပြေးနေသလိုမျိုး ခံစားလာရပြီးတော့ ပျာယာတွေခတ်ရင်း အသက်ရှူတွေ မြန်လာတာ ငါ့ကိုယ်ငါ လှည့်စားခံလိုက်ရတာ ဒါမှမဟုတ် ရူးသွားပြီလို့တောင် ထင်နေတာ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပြန်စစ်ဆေးကြည့်တော့မှ ငါ ဗိုက်ဆာနေမှန်းသိသွားတာ”
“စကားပြောမနေနဲ့တော့ ကျွန်တော့်အိမ်အထိလမ်းလျှောက်ဖို့ ခွန်အား ချန်ထားအုံး ခင်ဗျားကို ကျွန်တော်ကျောပိုးပြီးခေါ်သွားရအောင် မလုပ်နဲ့”
ရှောင်ယိ မနေနိုင်ပဲ သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ထည့်ပြောလိုက်မိသည်။
“ပြီးတော့ ခင်ဗျား ဗိုက်ဆာနေရင် ထောက်ဖို့ ဒုတ်တစ်ချောင်း ရှာလိုက်ပြီး ခွက်တစ်လုံးလည်း သယ်ထားသင့်တယ်။ အဲ့အခါကျမှ တခြားသူတွေက ခင်ဗျား အစာစားချင်နေမှန်း သိသွားပြီး အနည်းငယ်တော့ ကူညီပေးကြလိမ့်မယ်”
လျှိုစစ်ချန်း ထပ်ခါထပ်ခါ ခေါင်းညိတ်နေခဲ့သည်။
အိမ်ပြန်ရောက်ချိန်၌ ရှောင်ယိ အမြန် မီးမွှေးလိုက်ကာ အိုးအပြည့်ကို မီးဖိုပေါ်တင်ထားလိုက်ပြီး သူ အမြဲတမ်း ခေါက်ဆွဲထည့် စားလေ့ရှိသည့် စွပ်ပြုတ်ပန်းကန်လုံး အကြီးကြီးကို ထုတ်ယူလိုက်သည်။
ရှောင်ယိ ရေနွေး စတည်သည့်အချိန်တွင် လျှိုစစ်ချန်းသည် မီးဖိုချောင်တံခါးအ၀တွင်ရပ်ရင်း မျက်တောင်ပင်မခတ်ပဲ အိုးမျက်နှာပြင်ကို ငေးကြည့်နေကာ တံတွေးမြိုချနေမိသည်။ သူ အထဲ၀င်လိုက်ပြီး လက်မြှောက်ကာ ကြောင်အိမ်ကို အရင်ထိလိုက်ပြီးမှ ထင်းတွေကို ရွှေ့ပေးလိုက်သည်။
ရှောင်ယိ အမြန်ပြောလိုက်သည်။
“အပြင်ထွက်ပြီး စားဖို့ပဲ သွားစောင့်နေ သွား ရှက်ရွံ့မနေနဲ့ ကျွန်တော်လည်း အရင်က အရမ်း ဗိုက်ဆာခဲ့ဖူးတယ်”
ခေါက်ဆွဲအဆင်သင့် ဖြစ်သွားချိန်တွင် ရှောင်ယိ အပြင်ဘက်သို့ ထုတ်ယူလာပြီး စားပွဲပေါ် တင်ပေးလိုက်သည်။ ပန်းကန်လုံး တင်ပေးလိုက်တာနဲ့ လျှိုစစ်ချန်း ချက်ချင်း တန်းခုန်အုပ်တော့သည်။ ပါးစပ်အပူလောင်မည်ကိုပင် ဂရုမစိုက်တော့ဘဲ တူကို ဆွဲယူကာ ပါးစပ်ထဲ ထိုးထည့်တော့သည်။ ခေါက်ဆွဲတွေ မြိုချနေရင်း ရှောင်ယိ ဖြည်းဖြည်းစား ဖြည်းဖြည်းစားဟု အော်ပေးနေရသည်။
လျှိုစစ်ချန်း ၀တ်ရုံမှ အင်္ကျီလက်တွေက အရမ်းကြီးလွန်းနေသဖြင့် ပန်းကန်လုံးကို သွားသွားထိ နေသလို ခံစားရသည့်အတွက် အင်္ကျီလက်တွေကို တန်းလိပ်တင်လိုက်သည်။ ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်တွေကလည်း ခဏခဏ ပြန်ပြန်ကျလာနေ၍ သူ ထင်းပုံထဲမှ ရှာတွေ့သည့် ဒုတ်အသေးတစ်ချောင်းဖြင့် ခေါင်းပေါ်တွင် ဖြစ်သလို ရစ်ထုံးထားလိုက်ရာ သူ့ပုံစံသည် နတ်မင်းတစ်ပါးနှင့် ဆင်တူနေဆဲ ဖြစ်သည်။
ခေါက်ဆွဲကုန်သွားပြီး ဟင်းရည်ကို ပန်းကန်လုံး နှုတ်ခမ်း၀နှင့်ထိကာ သောက်ပြီးသွားချိန်တွင် လျှိုစစ်ချန်း ကျေနပ်အားရစွာဖြင့် ထိုင်ခုံပေါ် ပစ်ထိုင်လိုက်သည်။
“ငါ ဒီကိုပထမဆုံး စရောက်တုန်းက ဘေးပတ်လည်မှာ ပြောင်းဖူးခင်းကြီးလေ ပထမတော့ ထောင်ယွမ် ထွက်ပေါက်ကို ရှာချင်ခဲ့ပေမဲ့ ရွာထဲကို တစ်နေ့လောက် လှည့်ပတ် ကြည့်ပြီး သွားတဲ့အချိန်ကျတော့ ခြေထောက်တွေတောင် ကွဲလာတယ်လေ။ ဒါပေမဲ့ ငါ သည်းခံပြီး ဆက်ရှာနေခဲ့တာ”
ထို့နောက် လျှိုစစ်ချန်း မော့ပြီး ရှောင်ယိကို အပေါ် ၊ အောက် စုန်ဆန်ကာ ကြည့်လိုက်သည်။
“ငါ ထွက်ပေါက်ရှာတွေ့တဲ့အချိန်ကျရင် မင်းကို ငါနဲ့ အတူခေါ်သွားပြီး ချီရှန်းကျောင်းတော်ရဲ့ တပည့်ပညာတော်သင်အဖြစ် လက်ခံပေးမယ် ခုချိန်ကစပြီး မင်းက အမတ သူတော်စင်ဂိုဏ်း အဖွဲ့၀င်တစ်ဦး ဖြစ်သွားပြီးတော့ မကြာခင်မှာပဲ အမတတစ်ဦး ဖြစ်လာလိမ့်မယ်။ မင်းက သာမန်လူ ဆိုပေမဲ့လည်း နေ့တိုင်း ဝီရိယရှိရှိ ကျင့်ကြံအားထုတ်တဲ့အပြင် ငါက မင်းအတွက် ဝိညာဉ်သန့်စင်တဲ့ဆေးကို ရှာဖွေပေးမှာဆိုတော့ နှစ်အနည်းငယ်အတွင်း မင်းလည်း ဆေးဝါးတစ်ခု ပြုလုပ်နိုင်မှာပါ။ အဲ့လိုဆို ငါလည်း မင်းရဲ့ကြင်နာမှုကို ပြန်ပေးဆပ်နိုင်ပြီလေ”
“ဒီနေရာမှာ မသေမျိုးကျင့်ကြံဖို့က မဖြစ်ပေါ်လာနိုင်ဘူး”
လျှိုစစ်ချန်းက တစ်ခုခုကို ဆက်ပြီးပြော ပြချင်နေသေးတာကို မြင်လိုက်ရသည့်အတွက် ရှောင်ယိ မနေနိုင်ပဲ သတိပေးလိုက်မိသည်။
“ဒီနေရာက အရမ်းထူးဆန်းတာပဲ စိတ်ဝိညာဉ်အရမ်းအားကောင်းပေမဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကို လုံး၀လည်ပတ်လို့မရဘူး ပြီးတော့ မှော်လက်နက်တွေ အကုန်လုံးက အာနိသင်တွေတောင် ပျောက်ကုန်ကြတယ်”
လျှိုစစ်ချန်း အလွန်ထူးဆန်းနေသည်ဟု ခံစားရသည်။
“ဒီနေရာကို အမတတစ်ချို့က ချိတ်ပိတ်ထားတာလား?”
ရှောင်ယိ ထပ်ပြီး ထိန်းမထားနိုင်တော့ပါ။
“ဒီနေရာက သုခဘုံလည်း မဟုတ်သလို ခင်ဗျားရဲ့မသေမျိုးကျင့်ကြံရေး ကမ္ဘာလည်းမဟုတ်ဘူး”
“အပြိုင်ကမ္ဘာဆိုတာကို နားလည်လား?”
လျှိုစစ်ချန်း၏ ဇဝေဇဝါဖြစ်နေသည့်မျက်နှာကို မြင်လိုက်ရသည့်အတွက် ရှောင်ယိ အပြိုင်ကမ္ဘာ အကြောင်းကို စရှင်းပြပေးလိုက်သည်။
ဒီလူက အမတအကျင့်ကို ကျင့်ကြံနေပြီး ဘာလို့အရမ်းတုံးနေရတာလဲ ဒါမှမဟုတ် ဘယ်လိုအဆင့်မြင့်လောကသားမျိုးလဲဆိုတာကို ရှောင်ယိ လုံး၀နားမလည်တော့ပါ။ အချိန်အကြာကြီး ပြောပြကာ လက်ဟန်အမူအရာတွေ လုပ်ပြပြီးသည့်နောက်ဆုံးတွင်တော့ လျှိုစစ်ချန်းသည် သူ တစ်ခြားကမ္ဘာသို့ ရောက်နေမှန်းကို နားလည်သဘောပေါက်သွားတော့သည်။
လျှိုစစ်ချန်း ၏ ငေးမောတွေဝေကာ ဗလာဖြစ်နေသည့်မျက်လုံးများအား မြင်နေရ၍ ရှောင်ယိ သူ့ကို မနှောက်ယှက်ပဲ အတွေးများဖို့ အချိန်ပေးလိုက်သည်။
ထိုအချိန်၌ ချီလင်သည် အပြင်မှာ ဆော့ကစားနေရာမှာ ပြန်ရောက်လာကာ ခြံ၀င်းထဲ၀င်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ယိ ခြေထောက်နှင့် ပွတ်သပ်ရန် အမြန် ပြေးလာတော့သည်။ ရှောင်ယိ ချီလင် ခေါင်းကို ငြင်ငြင်သာသာ ပွတ်သပ်ပေးရင်း
“ဗိုက်ဆာနေပြီလား?”
ထို့နောက် ရှောင်ယိ အစာအကြွင်းအကျန်များ ကျွေးရန်အတွက် မီးဖိုချောင်ကို တန်းထသွားလိုက်သည်။ အိုးထဲရှိ ခေါက်ဆွဲ စွပ်ပြုတ်တစ်ချို့အား မွှေပြီး မြည်းကြည့်လိုက်သည်။
“ဒါ! ဒါက ချီလင် မလား?”
သူ့အနောက်မှ အော်သံအကျယ်ကြီးနှင့်အတူ လျှိုစစ်ချန်း ထိုင်ခုံမှ ထရပ်လိုက်ကာ မျက်လုံးများ ပြူးကျယ်ရင်း တုန်ရီနေသော လက်ညှိုးဖြင့် ချီလင်ကို လက်ညှိုးထိုးပြနေသည်။
“အင်း ချီလင်လေ ခင်ဗျားက ရွာကိုရောက်တာ တစ်ရက်ပဲရှိသေးတဲ့ဟာ ချီလင်ကို တွေ့ပြီးပြီလား?”
ရှောင်ယိ ထိုလူအိုကြီး ထိတ်လန့်နေသည်ဟု ခံစားမိနေပြီး ခွေးစာခွက်အထဲကို အစာအကြွင်းအကျန်များ လောင်းထည့်ပေးလိုက်သည်။
“ဒါ ဒါက ချီလင်ဟာကို မင်း မင်းက အကျန်တွေ ကျွေးတယ်?”
လျှိုစစ်ချန်းသည် အလွန်ထိတ်လန့်အံ့ဩကာ မယုံနိုင်ဖြစ်နေသည့် ပုံပေါ်သည်။
“အကျန်မကျွေးရင် ဘာကျွေးရမှာလဲ? ဒီမှာက ခွေးစာ ဆိုပြီးမှ မရှိတာ”
ဒီလူ စိတ်လှုပ်ရှားလွန်းသွားတာလား? ဘာလို့ ပုံမှန်မဟုတ်နေသလို ခံစားမိနေတာလဲ? ခွေးက အကျန်စားတာ ဘာဖြစ်လို့လဲ? ခွေးက အကျန် မစားရင် စားပွဲပေါ် ပန်းကန်တင်ပြီး တူနဲ့စားရမှာလား?”
ချီလင် အစာစားပြီးသည့်နောက် နှုတ်ခမ်းသပ် လိုက်ကာ ရှောင်ယိထံ ထပ်မံပွတ်သပ်ပြန်သည်။
“သွား ငါ့အတွက် တံမြက်စည်း သွားယူခဲ့ပေး”
ရှောင်ယိ လက်ယပ် ခေါ်လိုက်သည်။
လျှိုစစ်ချန်း ချီလင်က အမြှီးယမ်းပြကာ ထောင့်ကို မြောက်ကြွကြွဖြင့် လျှောက်သွားရင်း ပါးစပ်ထဲ၌ တံမြက်စည်း ကိုက်ယူလာသည်ကို မြင်လိုက်ရသည်။
သူ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ဘတ်ကို ဖိဆုပ်လိုက်ပြီး ခက်ခက်ခဲခဲပုတ်ရင်း ရင်ကွဲနေခဲ့သည်။
“၁၇၉ ၁၇၉ [-] မင်း ရှိနေလား? သူ နေမကောင်းတာလားဆိုတာလေး တစ်ချက် စစ်ဆေးကြည့်ပေးပါအုံး”
ရှောင်ယိ System ကို နှိုးခေါ်လိုက်သည်။
“Host ကျွန်တော် ဒီမှာ အရမ်းအလုပ်များ နေတယ်။ ချို့ယွင်းချက်တွေကို လိုက်ဖာနေရလို့ ကိုယ့်ဘာသာပဲ အရင် စစ်ဆေးထားလိုက်ပါနော်”
အချိန်ကြာပြီးသည့်နောက်မှ ၁၇၉ ၏အသံထွက်ပေါ်လာပြီး ထပ်ပြီးလှုပ်ရှားမှုရှိမလာတော့ပေ။
“မင်းကိုယ်မင်း အလုပ်ထဲ အရမ်းနှစ်မြုပ်ထားရသလို ဟန်ဆောင်မနေနဲ့။ မင်းငါ့ကို ဒီကိုခေါ်လာတာ ဘယ်လောက်တောင်ရှိနေပြီလဲ။ မင်းက ခုထိ ပြန်ဖာထေးနေရတုန်းပဲ။ ငါအကြံပေးရမယ်ဆိုရင် မင်း System တစ်ခုလုံး အလုပ် ဘယ်လိုလုပ်လဲဆိုတာကိုအရင် သေချာ တသမတ်တည်း လုပ်သင့်တယ်။ လုပ်ငန်းစဉ်တွေ အကြောင်းကိုပဲ အမြဲတွေးမနေနဲ့”
ရှောင်ယိ ထိုစကားကိုကြားလိုက်ရကာ တက်ကြွလာသည်။
ထိုနေရာတွင် လျှိုစစ်ချန်းသည် ချီလင် တင်ပါးနောက်မှ လိုက်ရင်း သတိကပ်ထားကာ တက်ကြွနေသည့် မျက်နှာဖြင့် လက်ဆန့်ထုတ်လျက်လိုက်နေသည်။
“ချီလင် ဒါက ချီလင် ငါ ချီလင်ကို မြင်ရတယ်”
ရှောင်ယိ : ....ဘုရားရေ သူ ခွေးကို တစ်ခါမှ မမြင်ဖူးတာလား။ ဒါမှမဟုတ် ဦးနှောက်ပဲ ပျက်သွားတာလား။ ဒါမှမဟုတ် ဒါက အစွမ်းရှိပြီး ဣန္ဒြေမရှိတဲ့ ကျင့်ကြံသူဆိုတာ မျိုးလား။
နောက်ဆုံး လျှိုစစ်ချန်း ပုံမှန် ပြန်ဖြစ်သွားသည့်အချိန်၌ ရှောင်ယိ သူ့ကို စကားစပြောလိုက်သည်။
“ခင်ဗျား ရှေ့လျှောက် ဘယ်လိုဆက်လုပ်မလဲ။ ခင်ဗျား ဟိုကို ပြန်သွားလို့ရလားဆိုတာတော့ ကျွန်တော်လည်း သေချာမသိပေမဲ့ ခင်ဗျား ရှေ့လျှောက်ဒီကမ္ဘာမှာ နေဖို့အတွက် အစီအစဉ်တော့ ဆွဲထားဖို့လိုမယ် ခင်ဗျား ဆေးပဲ ဆက်ရောင်းမလား ဒါမှဟုတ် တခြားတစ်ခုခုပေါ့။”
“ဟင့်အင်း ငါ ဒီမှာနေလို့မရဘူး ငါ ပြန်သွားပြီးတော့ ခေါင်းဆောင်ကို ရှာရမှာ”
လျှိုစစ်ချန်း အခိုင်အမာကို ငြင်းဆိုလိုက်ကာ ခဏစဉ်းစားကြည့်ပြီးသည့်နောက်မှ ရှောင်ယိကို ရှင်းပြလိုက်သည်။
“ငါတို့ ချီရှန်းဂိုဏ်းရဲ့ အမတသူတော်စင် က ကမ္ဘာကိုပတ်ပြီး ခရီးသွားနေတာ [-] နှစ်တောင်ကြာနေပြီ ဂိုဏ်းရဲ့အရေးကိစ္စမှန်သမျှကိုကျ ခေါင်းဆောင်ကပဲ အမြဲဖြေရှင်းပေးနေတာ မကြာခင်တုန်းကမှ တပည့်တွေအများကြီး တောင်အောက်ဆင်းပြီး သွားကျင့်ကြံတာ အရိပ်အယောင်တောင်မကျန်ခဲ့ပဲနဲ့ မရေမရာပျောက်သွားကြတယ်လေ အဲ့ဒါကြောင့်ခေါင်းဆောင်က ဂိုဏ်းက တပည့်အကြီး အနည်းငယ်ကို ခေါ်ပြီး လိုက်ရှာတာ....”
ထိုသို့ ပြောနေရင်း လျှိုစစ်ချန်း မနေနိုင်ပဲ သက်ပြင်းချလိုက်မိသည်။
“ဘယ်သူက ထင်မှာလဲ ခေါင်းဆောင်ဖြစ်တဲ့ စီနီယာအစ်ကိုတော်ကပါ
တစ်ခြား တပည့်တွေလို ပျောက်သွားမယ်လို့လေ ခု ငါက သူတော်စင်ကိုယ်စား စီမံခန့်ခွဲမှုတာ၀န်ကို ယာယီ လွှဲယူထားရတာ ငါပါ ထပ်ပျောက်သွားရင် ချီရှန်းဂိုဏ်းက ရှုပ်ထွေးမှုတွေနဲ့ တကယ်ကြုံရလိမ့်မယ်”
သနားစိတ်... ဒီလိုအရာမျိုးနဲ့ ဘာလို့ အဲ့လောက်ဆင်တူနေတာလဲ?
“၁၇၉ မြန်မြန်ထွက်လာခဲ့ မင်း သူတော်စင်တွေ အကုန်လုံးကို တခြားကမ္ဘာကို ခေါ်သွားမိသေးတာလား?”
ရှောင်ယိ System ကို စခေါ်လိုက်သည်။
“ဟင့်အင်း သူတို့က မူလကမ္ဘာမှာပါပဲ။ ကျွန်တော့်မှာ သူတို့ တခြားကမ္ဘာကိုသွားတဲ့ ဘာမှတ်တမ်းမှ မရှိနေဘူးလေ။ Host ပဲဖြစ်ဖြစ် လျှိုစစ်ချန်း ဖြစ်ဖြစ် တခြားကမ္ဘာကိုသွားရင် ကျွန်တော်တို့ဆီမှာ မှတ်တမ်းမှတ်ထားတယ်လေ။”
System ပြန်ပြောလိုက်သည်။
“ဒါနဲ့ ငါ့တာ၀န်မှာက အကြီးအကဲခေါင်းဆောင်ရဲ့ လှုပ်ရှားမှုက ပြောင်းရွှေ့မှုကို လုပ်ရမှာထင်တယ်။ အဲ့ဒါကို ဒီကျင့်ကြံသူထံ နေရာပြောင်းပေးလို့ရလား?”
ရှောင်ယိ စောနတုန်းက ရရှိထားသည့် တာ၀န်အကြောင်းကို ရုတ်တရက်မှတ်မိသွားသည်။
“ရပါတယ် Host”
“အဲ့ဒါကို ရှာဖို့က လိုအပ်သေးတာလား။ ကျွန်တော် ဒီမုန်လာဥဖြူကို စိုက်ပြီးတဲ့အထိပဲ စောင့်လို့ မရနိုင်ဘူးလား?”
လျှိုစစ်ချန်း မျက်မှောင်ကြုံ့ရင်း တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
“မင်းရောက်နေတဲ့ဒီ နေရာက ဘယ်မှာလဲဆိုတာတော့ ငါမသိဘူး။ လူတွေအကုန်လုံးက သာမာန်နဲ့ တူနေပေမဲ့ မင်းကတော့ ချီလင်ကိုတောင် မွေးနိုင်နေသေးတယ်လေ”
ခဏရပ်ပြီးမှ သူ ဆက်ပြောလိုက်သည်။
“ချီလင်ကို စားကြွင်းစားကျန်တွေ ကျွေးပြီးတော့ပေါ့”
........အဲ့စားကြွင်းစားကျန်က ခင်ဗျားကို ဘယ်နေရာများ အပြစ်လုပ်လိုက်မိလို့လဲ။ စောနတုန်းက အစာငတ်ပြတ်ပြီး သေလုမျောပါးထိဖြစ်နေခဲ့တဲ့လူက ခင်ဗျား မဟုတ်တာကြနေတာပဲ။ ခုကျမှ စားကြွင်းစားကျန်ကို လာပြီး အထင်အမြင်သေးရဲတယ်ပေါ့?”
“ဒါပေမဲ့ ငါ သေချာပေါက် ပြန်သွားချင်တယ်။ ခေါင်းဆောင်က ဘယ်ရောက်နေလဲဆိုတာကို မသိရသေးဘူးဖြစ်နေတော့ ငါ ပြန်သွားပြီး သူ့ရဲ့သဲလွန်စကို ရှာမှဖြစ်မယ်”
“အဲ့ဒါအတွက် စိတ်မပူပါနဲ့။ ကျွန်တော့် မုန်လာဥဖြူတွေ ရင့်မှည့်တဲ့အချိန်ကျ ခင်ဗျားလည်း ခင်ဗျားစီနီယာ အစ်ကိုရဲ့ သဲလွန်စကို ရှာတွေ့လောက်မှာပါ”
ရှောင်ယိ ရိုးရိုးသားသား ပြောလိုက်သည်။
“လ၀က်ကျော်ကျော်လောက်တော့ လိုအုံးမယ်”
“မင်းရဲ့စကားကောင်းလေးတွေကိုပဲ လက်ခံပါရစေ”
လျှိုစစ်ချန်း သတိမမူပဲ ပြန်ပြောလိုက်သည်။
“အတည်ပြောတာ ကျွန်တော့်မုန်လာဥဖြူတွေ မှည့်ပြီဆိုရင်....”
ရှောင်ယိ စကားပြောတာကို ရပ်လိုက်မိသည်။ သူ့ရှေ့ရှိလျှိုစစ်ချန်းသည် ရုတ်တရက် မျက်လုံးတွေကတည့်တည့် ကြည့်ရင်း လှုပ်ရှားမှုမဲ့သွားကာ ခန္ဓာကိုယ်ပတ်လည်တွင် လေတွေက ရေလှိုင်းတွေလိုမျိုး လှုပ်ခတ်နေသည်ကို မြင်လိုက်ရသည်။ လေလှိုင်းတွေက စက်ဝိုင်းလို ဖြစ်နေပြီး လျှိုစစ်ချန်းခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းမှုန်ဝါးလာသည်။
“၁၇၉ ၁၇၉ [-] လျှိုစစ်ချန်းက အမတကျင့်ကြံရေးကမ္ဘာကို ပြန်သွားတာလား?”
ရှောင်ယိ System ကို အမြန်ခေါ်လိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ အရေးပေါ်ပြင်ဆင်မှုက စောနတုန်းကမှ ပြီးသွားပြီးတော့ လွတ်နေတဲ့ အပေါက်ကိုလည်း ဖာပြီးသွားပါပြီ။ အဲ့ဒါကြောင့် လျှိုစစ်ချန်းက အချိန်နဲ့ နေရာကွာဟချက်ကို ဖြတ်ပြီး သူ့မူလကမ္ဘာကို ပြန်ရောက်သွားတာပါ”
၁၇၉ သက်ပြင်းအရှည်ကြီးချလိုက်ရင်း
ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ရှောင်ယိအရှေ့ရှိ လျှိုစစ်ချန်းသည် ဖြည်းဖြည်းချင်းစီ ပိုပိုမှုန်ဝါးလာပြီး ထိုနေရာ၌ အလင်းစက်အနည်းငယ်သာ ကျန်ရှိနေခဲ့တော့သည်။ နောက်ဆုံးတွင်တော့
အဖြူရောင် အလင်းစက်ကလေးများပင်ပျောက်သွားကာ ဘာသဲလွန်စမှမကျန်ခဲ့တော့ပါ။