ကုဝမ်ကျူ သူ့ကို စပြီးပြောပြလိုက်သည်။
ဟိုတစ်ခေါက်တုန်းက ငါ မြို့ထဲမှာတွေ့ခဲ့တဲ့သူက ယွီချန်ကျစ် ဖြစ်နေတယ်။ အိမ်ပြန်ရောက်တဲ့အချိန်ကျမှ အဲ့ကိစ္စကို ပြန်စဉ်းစားကြည့်ပြီးသွားတော့ ငါ ဒီစိတ်လေးစရာကို မျိုသိပ်မထားနိုင်ခဲ့ဘူး။ အဲ့တော့ ယွီချန်ကျစ်က သူ့ဒေါသကို ထွက်ပေါက်ရှာဖို့အတွက် စားသောက်ပွဲတစ်ခုကို စီစဉ်လိုက်ကာ ရုံးတော်အရာရှိ သုံးယောက်ကို ဧည့်ခံကျွေးမွေးလိုက်သည်။ ပြီးနောက် သူ့ဒေါသကို ဖြေဖျောက်နိုင်စေရန်အတွက် မူမမှန်သောအချက်ကို ဖန်တီး၍ ကု၀မ်ကျူကို ဖမ်းဆီးကာ ရိုက်နှက်ပြီး ရက်အနည်းငယ်လောက် ပိတ်လှောင်ထားပေးဖို့ စေခိုင်းခဲ့သည်။
ကံကောင်းစွာနဲ့ပဲ ပိတ်ရက်တွေအတွင်းမှာ ရုံးတော်၏ လူဆိုးထိန်းခေါင်းဆောင်နှင့် ကုဝမ်ကျူ နှင့် အရမ်းရင်းနှီးနေခဲ့သည်။ သူက အဲ့ကိစ္စအကြောင်းကို သိသွားတဲ့အချိန်မှာ တန်းပြီး တိုင်းပြည်၏ အောက်တရားရုံးကို သတင်းလှမ်းပေးခဲ့သည်။ တရားရုံးက ခွင့်ပြုချက်ကို ရလျှင်ရချင်း လက်အောက်ငယ်သားတစ်ချို့ကိုခေါ်ပြီး ရုံးတော်သို့ ချက်ချင်းလိုက်သွားလေသည်။ ထို့နောက် စစ်ဆေးမေးမြန်းနေရသော အရာရှိ တစ်ယောက်ချင်းစီကို ရပ်တန့်ခိုင်းကာ ကုဝမ်ကျူကို ချက်ချင်းလွှတ်ပေးခဲ့သည်။
အမှုဆင်ဖမ်းဆီးသော အရာရှိသုံးယောက်ကိုတော့ အစိုးရအုပ်ချုပ်ရေးဌာနကို ပြန်အခေါ်ခံရကာ မေးမြန်းခြင်းမရှိပဲ တန်းအပြစ်ပေးခံခဲ့ရသည်။
ရှောင်ယိ အိမ်ပြန်ရောက်သောအချိန်မှာတော့ ထိတ်လန့်မှုကြောင့် အသေးစားဖျားနာကာ ပင်ပန်းနွမ်းနယ်ကာ အအေးမိပြီး လ၀က်ကျော်ကျော်လောက်အထိ ချောင်းမကြာမကြာဆိုး နေခဲ့သည်။ ကုဝမ်ကျူက သူ့အတွက် ဆေးကျိုပေးဖို့ နေ့တိုင်းနီးပါး မီးဖိုသေးသေးလေး အနားမှာ ယပ်ခတ်နေခဲ့ရသည်။
ရွာထဲမှာ ဝက်ပေါ်တယ် ဟု ကြားလျှင်လည်း ကုဝမ်ကျူသည် ဝက်သား အနည်းငယ်ကို အမြန်၀ယ်ယူက ကင်ထားလိုက်သည်။ စွပ်ပြုပ်လုပ်ဖို့အတွက် မြစ်ထဲကို ဆင်းကာ ငါးအနည်းငယ်လည်း သွားဖမ်းခဲ့သေးသည်။
နေမကောင်းဖြစ်ပြီးနောက်မှာ ကျွေးမွေးပြုစုမှုများကြောင့် ရှောင်ယိ ဝိတ်အနည်းငယ် တက်လာခဲ့သည်။
ချီလင်းသည်လည်း ငါးစွပ်ပြုတ်တွေ ၊ ထမင်းနဲ့ဟင်းအနှစ်တွေ အကုန်လုံးကို စားတဲ့အတွက် လ၀က်အတွင်းမှာပဲ ခွေးကြီးတစ်ကောင်၏ ခန္ဓာကိုယ်တစ်၀က်လောက်အရွယ်အစားအထိ ကြီးထွားလာခဲ့သည်။ သူ့အမွှေးတွေက တောက်ပပြီး အရောင်တောက်နေကာ နေ့တိုင်း ရှောင်ယိ၏ ခြေထောက်အနားမှာ ပျော်ရွှင်နေတတ်သည်။
မသိလိုက်ခင်မှာပဲ စမုန်စပါးတွေလည်း ရင့်သန်နေပြီဖြစ်သည်။ စမုန်စပါးတွေအတွက် လယ်မြေတစ်၀က်သာ နေရာရှိပြီး မနက်ပိုင်းမှာ ကုဝမ်က သုံးရာကီလိုဂရမ် ရှိတဲ့ စမုန်စပါးတွေ အကုန်လုံးကို ရိတ်သိမ်းကာ ယူလာခဲ့ပြီ ဖြစ်သည်။
“Host တောင်းဆိုထားတဲ့ လယ်သုံးဧက ဖြစ်ထွန်းမှုအတွက် စမုန်စပါး ၉၀၀၀ က System ထဲကို ၀င်ရောက်လာပါပြီ။”
“ဂုဏ်ယူပါတယ် Host တာ၀န်တစ်၀က် ပြီးမြောက်သွားပါပြီ”
၁၇၉ က တော်တော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
တာ၀န်ပေးအပ်သည့် စာမျက်နှာက ရှောင်ယိ စိတ်ထဲမှာ ထပ်ပေါ်လာခဲ့သည်။
“တာ၀န် : အခြေခံအုတ်မြစ်အဆင့်အား ရောက်ရှိပြီး ဝိညာဉ်သားရဲကို ရယူပါ
ပြီးမြောက်မှု : 1/2
ဆုလာဘ် : အခြေခံအုတ်မြစ် တည်ဆောက်ခြင်းလက်ဆောင်ထုပ်အား တာ၀န်မှ ဆုအဖြစ် ချီးမြှင့်ပါမည်”
“တစ်၀က်ပြီးတယ်? ဒါဆို ငါ့ရဲ့ ဆုကို ယူလို့ရပြီလား?”
ဆုက အသုံးမ၀င်ပေမဲ့ ဘာမှမရှိတာ ထက်စာရင်တော့ ပိုကောင်းသလို ဘာပဲဖြစ်ဖြစ် ဒါက ဆုပဲလေ။
“Host ဆုတွေက တာ၀န် 2/2 ပြီးသွားတဲ့အချိန်ကျမှ ရနိုင်မှာပါ”
ရှောင်ယိ သာမာန်ကာလျှံကာသာ ဟုတ်ပြီ ဟူ၍ ခေါင်းညိတ်ပြလိုက်သည်။
ညနေပိုင်းမှာ ကုဝမ်ကျူက ညနေစာ ချက်နေခဲ့ပြီး ရှောင်ယိကတော့ မွှေးကြိုင်နေသော သစ်တော်သီးကို စားသုံးရင်း ချီလင်းကိုလည်း တစ်စိတ်ပြီးတစ်စိတ် ကျွေးနေခဲ့သည်။
“ချီလင်း ငါ မင်းကို နာမည် အပေးမှားသွားတာပဲ ဝက်ပုတ်လို့ ပေးလိုက်သင့်တာ ငါ့ကို ပြောစမ်းပါအုံး မင်း မစားချင်တာ ဘာရှိသေးလဲ?”
ချီလင်း မွှေးကြိုင်နေသော သစ်တော်သီးကို စားရင်း စိတ်ထဲကနေ မကျေမနပ် ညည်းညူ လိုက်မိသည်။
ဟင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ ရှောင်ယိအရှေ့တွင် စားပွဲအသေးလေးတစ်လုံး ရှိနေပြီးနောက် စားပွဲထက် လူကောင်ကြီးနေတဲ့ ရှောင်ယိ၏ ကိုယ်ပိုင်စွပ်ပြုတ်ပန်းကန်လေးက စားပွဲပေါ် ရောက်လာခဲ့သည်။ ပန်းကန်ထဲတွင် ခေါက်ဆွဲတွေ အပြည့်ရှိနေပြီး အပေါ်မှာတော့ မကျက်တကျက် ကြက်ဥနှစ်လုံး ရှိနေသည်။
ကုဝမ်ကျူလည်း မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်ပြီး နှစ်ယောက်သား ညစာ စတင်စားသောက်လိုက်ကြသည်။
ရှောင်ယိ တူအကြီးကြီးကို မလိုက်ပြီး စုပ်ယူလိုက်ရာ ခေါက်ဆွဲတွေက ပါးစပ်ထဲ လျှောကျလာခဲ့သည်။
သူ ခေါက်ဆွဲတွေကို စုပ်ယူနေရင်းနဲ့ ကြက်ဥကို ယူကာ အကြီးကြီး ကိုက်လိုက်ရာ ပါးစပ်တစ်ခုလုံး အပြည့်ဖြစ်သွားသည်။ သူ ပါးစပ်တစ်ခုလုံး ဖောင်းနေအောင် ဝါးရင်း တူနဲ့ခေါက်ဆွဲတွေကို ထပ်ယူလိုက်သည်။
ရှောင်ယိ ခေါက်ဆွဲကို ပါးစပ်ထဲ ထည့်ခါနီးအချိန်မှာ ရုတ်တရက် ရပ်သွားပြီး တူတွေက လေထဲမှာ တောင့်ခဲသွားသည်။
ဘယ်အချိန်ကတည်းက ပန်းကန်နဲ့ တူတွေကိုချကာ အပြုံးမျက်လုံးတွေနဲ့ သူ့ကို ငေးကြည့်နေမိလည်း ဆိုတာကို ကုဝမ်ကျူ ကိုယ်တိုင်လည်း မသိပေ။
ရှောင်ယိ ဖြည်းဖြည်းချင်း သတိပြန်ကပ်သွားကာ ပါးစပ်တစ်ခုလုံး ပြည့်နှက်နေအောင် ဝါးဖို့ ကြိုးစားနေတာက ရှက်ဖို့ကောင်းမှန်း ရုတ်တရက် ခံစားမိသွားပြီး အငမ်းမရ စားသုံးနေသည့်ပုံ ပေါ်နေ၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
အားးးးးးးးး ရှက်ရွံ့သောခံစားချက်က လှိုက်တက်လာရင်း သူ ကြက်ဥကို တည်တည်ငြိမ်ငြိမ်ဖြင့် မျိုချလိုက်ကာ တူပေါ်က ခေါက်ဆွဲတွေကို ပန်းကန်ထဲ ဖြည်းဖြည်းချင်း ပြန်လျှောချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း တစ်လုတ်စီ စားလိုက်သည်။
ကုဝမ်ကျူက စိုက်ကြည့်နေသေးတာကို ခံစားမိ၍ ရှောင်ယိ ခေါင်းငုံ့ထားရင်း သူ့မျက်နှာက အနည်းငယ် ပူလောင်လာကာ ခေါက်ဆွဲအကြောင်းကိုပင် မပြောနိုင်သလို ပါးစပ် ဘယ်လိုဖွင့်ရမလဲ ဆိုတာကိုပင် မသိတော့ပေ။
ကုဝမ်ကျူ ပြုံးလိုက်ပြီး ရှောင်ယိကို စိုက်ကြည့်နေတာ ရပ်လိုက်ကာ ပန်းကန်ကို ကိုင်ရင်း ခေါက်ဆွဲကို ပါးစပ်အပြည့်စားနေရင်း ပြောလိုက်သည်။
“ကိုယ်က မင်းစားနေတာလေးကို ကြည့်ရတာကို သဘောကျလို့ပါ မင်းက အရသာရှိရှိ စားလေ မင်းက ပိုပြီး နှစ်ဖွယ်ရှိလာလေ ဖြစ်ပြီးတော့ ကိုယ့်နှလုံးသားထဲမှာ ပိုပိုပြီး ကြည်နူးဖွယ်ရာကောင်းလာလေ မင်းက ပိုပြီးပျော်ရွှင်လာလေလေ မလို့လေ”
“Host ရဲ့နှလုံးက ဘာလို့ထပ်ပြီး အမြန်ခုန်လာတာလဲ?”
၁၇၉ က အမြဲတမ်း နိုးနိုးကြားကြား ဖြစ်နေသည်။
“ခေါက်ဆွဲက အရမ်းအရသာရှိနေတော့ ငါ့နှလုံးက အခုန်မမြန်ပဲ နေမလား?”
ရှောင်ယိ အနည်းငယ် စိတ်ရှုပ်လာသည်။ ဒီ System က ဘာဖြစ်နေတာလဲ? သူ၏ အရွယ်မရောက်သေးခင် ရင်ခုန်မိသော တိတ်တခိုးအချစ်ကို မိဘများက နေ့ရက်တိုင်းနီးပါး စောင့်ကြည့်ခံနေရသလိုမျိုး ဖြစ်နေသည်။
ရှောင်ယိ ခေါက်ဆွဲကို ဖြည်းဖြည်းချင်းစားရင်း ကုဝမ်ကျူကို ခိုးကြည့်လိုက်ရာ သူက မော့ကြည့်လာမလို ဖြစ်သွား၍ အမြန်ခေါင်းပြန်ငုံ့လိုက်သည်။
ငါ ဘာတွေ ဖြစ်နေတာလဲ? သူက ငါ့ကို ကြည့်တိုင်း ငါက ဘာလို့ အမြဲပျာယာခတ်သွားရတာလဲ? အဆောင်မှာဆိုလည်း ငါ့သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းစုံပြီး ကြည့်နေကြပဲလေ ငါ့နှလုံးက အခုန်မမြန်ပါဘူး။ ငါ ဘာတွေ ဖြစ်ကုန်တာလဲ? ဒါက လွဲမှားနေတဲ့ကမ္ဘာမှာဆိုပြီး သိထားလို့ များလား?
အားးး မော့မကြည့်ရဲဘူး။ သူက ထပ်ကြည့်နေပြန်ပြီ။
.........................
ကြက်သွန်နီတွေ ရိတ်သိမ်းပြီးတဲ့နောက်မှာ System က ဒုတိမြောက် တာ၀န်ပြီးမြောက်ကြောင်းကို ကြေညာ ရုံတင်မကပဲ ရှောင်ယိအတွက် တတိယမြောက် တာ၀န်ကိုပါ ထုတ်ပေးလာခဲ့သည်။
“တာ၀န် : အကြီးအကဲ၏ လှုပ်ရှားမှုကို ရှာဖွေပါ
ပြီးမြောက်မှု : 0/1
ဆုလာဘ် : ရှားပါးသော လက်ဆောင်အိတ်တစ်ခုကို ဆုလာဘ်အဖြစ်ချီးမြှင့်ပါမည်။”
ရှောင်ယိ : ဘာပဲဖြစ်ဖြစ် အကြီးအကဲ၏ လှုပ်ရှားမှုအခြေအနေရဖို့ ဘယ်လို လုပ်ရမလဲဆို မပြောထားဘူးလေ။ အကြီးအကဲ ဆယ်ယောက်လောက်ရှိရင်တောင် ငါ သူ့ကို စိုက်ပေးမယ်”
“ဒါဆို ဒီတစ်ခေါက် တာဝန်နဲ့ ညီမျှတဲ့ လယ်စိုက် တာ၀န်က ဘာလဲ?”
ရှောင်ယိ မေးလိုက်သည်။
“တည့်တိုးပဲ ပြောကြတာပေါ့ ဆယ်ဧက ဒါမှမဟုတ် နှစ်ဆယ်ဧကတော့ မလိုလောက်ပါဘူး”
“မုန်လာဥဖြူ တစ်ဥပါ”
၁၇၉ ရဲ့အသံက အနည်းငယ် မချင့်မရဲ ဖြစ်နေသည်။
“သာမန် မုန်လာဥဖြူအကြီးကြီးတစ်ဥပဲလား?”
ရှောင်ယိ နည်းနည်းသံသယ၀င်သွားသည်။
“ဒီတိုင်း သာမန်ပါပဲ”
“ကိစ္စမရှိပါဘူး”
မုန်လာဥဖြူတွေက စိုက်ရလွယ်ပြီး ရောင်းစားလို့ရသည့်အတွက်ကြောင့် မုန်လာဥဖြူ စိုက်ရတာက တကယ်ကို ကောင်းမွန်သည်။ ကုဝမ်ကျူက ရှေ့တစ်ခေါက်တုန်းက ကြက်သွန်နီတွေနဲ့ စမုန်စပါး တစ်သုတ်ကို စစ်တပ်စခန်းကို ပို့ခဲ့ရုံတင်မကပဲ ရောင်းမကုန်ခင် အချိန်မှာပဲ တခြား ကုန်ခြောက်ဆိုင်တွေ အများကြီးကိုလည်း တင်ပို့ခဲ့သေးသည်။
မုန်လာဥဖြူ စိုက်ရသည်မှာ တစ်ရက် အချိန်ကြာမြင့်သည်။ နေရောင်ကို နောက်ခံထားပြီး ရှောင်ယိ ပုခုံးပေါ်တွင် ပေါက်တူးထမ်းကာ သီချင်းလေး ညည်းရင်း အိမ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။
ရှောင်ယိ ခြံ၀င်းအ၀ကို ရောက်သောအချိန်မှာ အထဲကနေ မိန်းမတစ်ယောက်ရဲ့ စကားပြောကာ ရယ်မောနေတဲ့ အသံအကျယ်ကြီးကို ကြားလိုက်ရသည်။
“မြစ်ဘေးက အမျိုးသမီးတွေထဲက တစ်ယောက်ပါ”
ရှောင်ယိ မေးမလာခင်မှာပဲ ၁၇၉ ကအလျင်စလို တန်းဖြေလာခဲ့သည်။
ရှောင်ယိ ခြံ၀န်းတံခါးကို တွန်းဖွင့်လိုက်တဲ့အချိန်မှာ အန်တီလီ၏ အသံကျယ်ကြီးနှင့် အတူ မွှေးကြိုင်နေသောလေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့သည်။
“ရှောင်ယိတောင် ပြန်လာပြီပဲ အန်တီက မင်းကို စောင့်နေတာ ကြာလှပြီကွဲ့”
“အန်တီလီ ကျွန်တော် ဘာများ လုပ်ပေးရမလဲ?”
ရှောင်ယိ စဉ်းစားရခက်သွားပြီး ပြုံးပြလိုက်သည်။
“လာပါအုံး လာပါအုံး အန်တီလီမှာ သားအတွက် သတင်းကောင်းပါလာတယ်”
အန်တီလီက သူ့ကို ရင်းရင်းနှီးနှီးဆွဲခေါ်ကာ အရိပ်ရသော အပင်ပေါ်က ခုံပေါ်မှာ ထိုင်ခိုင်ပြီး သူမကိုယ်တိုင် ထိုင်ဖို့အတွက်လည်း ခွေးခြေခုံတစ်ခုကို ယူလိုက်သည်။
ရှောင်ယိ ထောင့်တွင် လက်ပိုက်ကာ မတ်တတ်ရပ်နေတဲ့ ကုဝမ်ကျူကို နားမလည်သောပုံစံဖြင့် ကြည့်လိုက်သည်။ ကုဝမ်ကျူကတော့ သူ့ကို ပြန်ကြည့်မနေပဲ သစ်သားတိုင်ကို မှီကာ ခေါင်းငုံ့ထားရင်း ဘာမှ၀င်ပြောမလာပေ။
အန်တီလီက ရှောင်ယိ၏ လက်ကို ကိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ရှောင်ယိ သားက ထပ်ပြီး မငယ်တော့ဘူးနော် ၁၇ ကျော်သွားပြီမလား?”
ရှောင်ယိ ခေါင်းညိတ်ပြလိုက်သည်။ ဒီရင်းနှီးနေတဲ့ အစပျိုးမှုက.......အရင်ဘ၀တုန်းကဆို ဒါက မိသားစုထဲက ဆွေမျိုးတွေ လာပြီးကိ စ္စတစ်ခုခုအကြောင်းကို ပြောသည့်အချိန်တိုင်း အစပျိုးသည့်စကားပဲ။
“ခုက အန်တီလီက သားကို ဖြစ်စေချင်တဲ့ ဆန္ဒလေးအကြောင်း လာပြောပြတာ”
အန်တီလီက ခွေးခြေခုံကို ပိုပြီးနီးနီးအထိ ဆွဲကပ်လိုက်သည်။
“၀မ့်ကျွမ်းမှာရှိတဲ့ အန်တီ့အသိတစ်ယောက်က အန်တီကို သူ့သားအတွက် လက်တွဲဖော် ရှာပေးခိုင်းနေတာ သူတို့ မိသားစုကလည်း တော်တော်လေးကို အဆင်ပြေတဲ့ အဆင့်အတန်းရှိတယ်လေ။ မိသားစုမှာက ခြံရော အိမ်ရောရှိတယ်လေ။ အရင်တုန်းက လက်ထပ်သွားတဲ့ ဘယ်ကောဖြစ်ဖြစ် ရွှေသိုက်ထဲကို ပြုတ်ကျတာပဲ....”
“၁၇၉ ဒါက ငါ့ကို အောင်သွယ်တော် လုပ်နေတာကြီး မဟုတ်လား? ငါ့ကို တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ပြောနေတာမလား?”
ရှောင်ယိ ထိတ်လန့်သွားသည်။
“ဟုတ်ပါတယ် Host သာ တစ်ယောက်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင်ပေါ့”
“အန်တီလီ မပြောပါနဲ့တော့။ ကျွန်တော်က မသင့်လျော်ပါဘူး။ အန်တီတခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ”
ရှောင်ယိ အန်တီလီ၏ မိတ်ဆက်နေမှုကို အလျင်အမြန် ကြားဖြတ်နှောက်ယှက်လိုက်သည်။
“ရှောင်ယိ သားက ရှက်မနေပါနဲ့။ သူတို့က ဖြစ်နိုင်ရင် ဆွေမျိုးတွေ အများကြီးမရှိပဲ။ ရိုးရှင်းတဲ့မိသားစုက ကြည့်ကောင်းပြီး ရိုးသားတဲ့လူကို ရှာနေရုံပါပဲ”
အန်တီလီ မဲဆွယ်လိုက်သည်။
ရှောင်ယိ စိတ်ထဲတွင် ကြောက်လန့်သွား၍ ရုတ်တရက် မတ်တတ်ထရပ်လိုက်ရာ ကုလားထိုင်က နောက်ကို လဲကျသွားသည့် အတွက်ကြောင့် အန်တီလီ လန့်သွားသည်။
“အန်တီလီ ဒါက သင့်တော်လား မသင့်တော်လားဆိုပြီးမေးနေတာမဟုတ်သလို ရှက်နေတာမျိုးလည်း မဟုတ်ဘူး။ ကျွန်...ကျွန်တော် လက်ထပ်မှာ မဟုတ်ဘူး။ ကျွန်တော် ဘယ်တော့မှ လက်မထပ်ဘူးလို့။ ဟိုးအရင်ကတည်းက ကျိန်ဆိုထားပြီးသား ကျွန်တော့်ရဲ့ ကျန်တဲ့ဘ၀တစ်လျှောက်လုံးကို ဒီလိုပုံစံအတိုင်းပဲ နေသွားမှာ”
သူ ကျိန်ဆိုရန် လက်ကို တိုတိုလေးမြှောက်ရင်း ရိုးရိုးသားသား ပြောလိုက်သည်။
ထောင့်မှာ ခေါင်းကိုငုံ့ကာ တိတ်တိတ်လေး မတ်တပ်ရပ်နေတဲ့ ကုဝမ်ကျူက ရှောင်ယိ၏ ကျိန်ဆိုတဲ့စကားကို ကြားတဲ့အချိန်မှာ ခေါင်းမော့လာပြီး မယုံနိုင်မှုတွေနဲ့ သူ့ကို ကြည့်ကာ မျက်လုံးထဲတွင် နာကျင်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
အန်တီလီက အံ့ဩသင့်မှုကြောင့် ပါးစပ်ဟသွားသည်။
“မင်း ဘယ်လိုလုပ် လက်မထပ်ပဲ နေလို့ရမှာလဲ? မင်းလက်မထပ်ရင် အဲ့အချိန်ကျ ဘယ်လိုလုပ်မှာလဲ? ရမ္မက်မီးတောက်တဲ့အချိန်(Heat ကာလ) ကို ဘယ်လိုဖြတ်သန်းမှာလဲ?”
“မီး.........ရမ္မက်ကြွတဲ့အချိန်? ဘာ အချိန်လဲ?”
ရှောင်ယိ ခေါင်းရှုပ်သွားသည်။
“မင်းလိုမျိုးလူက ရမ္မက်ကာလအကြောင်းကို မသိဘူးလား?”
အန်တီလီက အကျယ်ကြီး ပြောလိုက်ပြီးနောက် ထောင့်မှာရှိနေတဲ့ ကုဝမ်ကျူကို ကြည့်ကာ အသံကို ပြန်လျှော့ချလိုက်သည်။
“အသက် ၁၆ ကျော်သွားရင် ရမ္မက်အထွဋ်အထိပ်ကာလဆိုတာ ရှိလာလိမ့်မယ်”
“၁၇၉ ဒီစကားက ဘာလို့ ဒါက ငါ့ရာသီလာတယ် ......ဆိုတဲ့ သဘောနဲ့ တူနေရတာလဲ?”
ရှောင်ယိ မယုံသင်္ကာဖြင့် System ကိုမေးလိုက်သည်။
“Host ဒါက ငါ့ရာသီလာတာ မဟုတ်ပါဘူး”
၁၇၉ ၏ အသံက တောင့်တင်းကာ တိုးလျနေပြီး စကားလုံး တစ်လုံးချင်းစီဖြင့် ရှောင်ယိရဲ့ခေါင်းကို ရိုက်နှက်နေသည်။
“ဒါက ဟော်မုန်းထကြွတဲ့ ကာလ(estrus ကာလ)ကို ပြောတာပါ”
“ငါ လချီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
“ဟုတ်ပါတယ် ဟော်မုန်းထကြွတဲ့ ကာလပါ”
၁၇၉ က ထပ်ခါတလဲလဲပြန်ပြောလိုက်သည်။
“မင်း ကိုယ့်ကိုကိုယ်ပဲ ပြန်ပြောကြည့်ပါအုံး လိင်စိတ် အထွဋ်အထိတ်ရောက်တဲ့အချိန်မှာ မင်း ဘယ်လိုနေမလဲ? ဟမ်?”
အန်တီလီက ဆက်လက် ဆွဲဆောင်နေဆဲဖြစ်ပေမဲ့ ရှောင်ယိကတော့ စကားတစ်လုံးကိုမှ မကြားနိုင်ပဲ သူ့စိတ်ထဲတွင် “ရမ္မက် ၊ လိင်စိတ် အထွဋ်အထိပ် ကာလ” စကားလုံးတွေပဲ ထပ်ခါထပ်ခါ ကြားနေရသည်။
သူ ဒါကို သိတယ်။ ဒီလိုဇာတ်လမ်းသဘောတရားက AOB ကမ္ဘာနဲ့ အဲ့လိုမျိုး ၀တ္ထုအများစုမှာ ပါတတ်တယ်။
ဒါပေမယ့် ဒါက လယ်သမား၀တ္ထု မဟုတ်လား? သူက လယ်စိုက်၀တ္ထုထဲတွင် တတိယ လိင်အမျိုးအစားဖြစ်သော ကောအာအဖြစ် နေရလို့လဲ အဆင်ပြေသေးသည်။ ဘာပဲဖြစ်ဖြစ် ငါ ဘယ်သူ့ကိုမှ မွေးမှာမဟုတ်သလို ဘယ်သူကမှ မွေးအောင် လာတိုက်တွန်းလို့လည်း မရဘူး ဆိုပေမယ့် ခုဟာကတော့ နောက်ထပ် ရူးချင်စရာကိစ္စတစ်ခုပဲ?
ရှောင်ယိ မလှုပ်မရှားပဲ ရပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်ရုပ်လိုမျိုး ဖြစ်နေကာ နားထဲမှာ ဘာမှမကြားရပဲ စက်ရုပ်ဆန်ဆန်သာ တုံ့ပြန်လိုက်သည်။
“ဟင့်အင်း....လက်မထပ်ဘူး...”
“ဟုတ်ပြီ အန်တီလီ အဲ့အကြောင်းကို မပြောပါနဲ့တော့။ ရှောင်ယိသာ လက်မထပ်ချင်ရင် လက်ထပ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့အတွက် ရေအပင်တွေ သွားရှာ ထားပေးလိုက်မယ်”
ရုတ်တရက် ကုဝမ်ကျူက အန်တီလီကို အကျယ်ကြီး ကြားဖြတ်ပြောလိုက်သည်။
“ရေရှောင်မြက်? အဲ့မြက်က နှုတ်ဖို့အရမ်းခက်တယ်လေ မင်းက ရေရှောင်မြက်ကို သွားနှုတ် မလို့လား?”
အန်တီလီ၏ အသံစူးစူးဝါးဝါး ထပ်ထွက်လာခဲ့သည်။
“အင်း ကျွန်တော် သွားရှာပြီး နှုတ်ထားလိုက်မယ်။ အန်တီလီ ရှောင်ယိအတွက် စိတ်မပူပါနဲ့”
ကုဝမ်ကျူ အေးစက်စက်ပြောလိုက်ပြီး ဘယ်သူ့ကိုမှ မကြည့်တော့ပဲ နောက်လှည့်ကာ အခန်းကို ပြန်သွားလိုက်သည်။
အန်တီလီက မတ်တပ်ထရပ်လိုက်ကာ ဘာမှ ရှိမနေတဲ့ သူ့ခန္ဓာကိုယ်ကို ဖုန်ခါလိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောတော့ပဲ ခြံထဲကနေ လမ်းလျှောက်ထွက်သွားခဲ့သည်။
ခြံထဲမှာတော့ လိင်စိတ်နိုးကြွလာမည့် ကာလကြောင့် ကြေကွဲသွားကာ အသိစိတ် ပြန်မကပ်နိုင်သေးသော ရှောင်ယိတစ်ဦးတည်းသာ ထိုနေရာ၌ ငေးကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။
“Host စိတ်မပူပါနဲ့ ခုနက ကုဝမ်ကျူက Host ကို ရေရှောင်မြက် ကူရှာပေးမယ်လို့ ပြောသွားတယ်လေ”
၁၇၉ ၏ အသံထွက်ပေါ်လာသည်။
ရှောင်ယိ : “ရေရှောင်မြက်က ဘာလဲ?”
System : “ရေရှောင်မြက်ဆိုတာက Host ရဲ့ ဖွားဖက်တော် အပူတက်တာကနေ ကာကွယ်ပေးမှာလေ”
ရှောင်ယိ : “ငါက စိတ်ကူးယဥ်၀တ္ထုမဟုတ်ပဲ။ လယ်စိုက်၀တ္ထုထဲကို ရောက်နေတာကော တကယ် ဟုတ်ရဲ့လား!?”
ကုဝမ်ကျူက အခန်းထဲတွင် ထိုင်ရင်း ထွန်သွားများကို ပြင်ဆင်နေကာ ရှင်းပြလို့မရတဲ့ စိတ်ကျဉ်းကျပ်စရာ အရှိန်အဝါတွေ ထုတ်လွှတ်နေသည်။ ရှောင်ယိက သူ့ဘေးတွင် ၀င်ထိုင်လိုက်သည်။
“အစ်ကိုကျူ ကျွန်တော်နဲ့အတူ ရေရှောင်မြက် လိုက်ရှာပေးမှာ မလားဟင်?”
ရှောင်ယိ ခေါင်းငုံ့ထားရင်း လက်ချောင်းတွေကို ထိုးကလော်နေမိသည်။
အချိန်ကြာတဲ့အထိ ကုဝမ်ကျူ၏အဖြေကို မကြားရတဲ့အတွက် ရှောင်ယိ စိုးရိမ်စွာ မော့ကြည့်လိုက်သည်။
ကုဝမ်ကျူက လက်တွေကို ဆက်လှုပ်ရှားနေရင်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပဲ မျက်လုံးတွေက စိတ်ဓာတ်ကျနေကာ မျက်နှာတည်တည်ဖြင့် နှုတ်ခမ်းပါးတွေက မျဉ်းဖြောင့်လို ဖိပိတ်ထားတာကို သူ မြင်လိုက်ရသည်။
ကုဝမ်ကျူက ပြန်မဖြေတော့ဘူးလို့ သူ ထင်လိုက်တဲ့အချိန်မှာ အသံဖျော့ဖျော့လေး ထွက်လာခဲ့သည်။
“မင်း လက်မထပ်ချင်ဘူးမလား။ ကိုယ် မင်းကို ရေရှောင်မြက် ကူရှာပေးမယ်။ အဲတော့ အဲကိစ္စအတွက် စိတ်ပူမနေနဲ့”
အဲလို ပြောပြီးသည့်နောက်မှာ ကုဝမ်ကျူက လက်ထဲက ထွန်သွားကို ချလိုက်ပြီး ခြံတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်သွားတော့သည်။