ဤအချိန်တွင် သစ္စာရှိသော စနစ်အနေဖြင့် ၁၇၉သည် ရှယိနှင့် တစ်ဖက်တည်းတွင် ရှိရန် လိုပေသည်။
“ထွီ” ၁၇၉သည် ရှယိ၏ စိတ်ထဲမှ ဟွိုင်ရိကို တံတွေးထွေးလိုက်၏။
“အစုတ်ပလုတ်လေး”
“ဟုတ်တယ်မလား မင်းလိုမျိုး တည်တည်တံ့တံ့နေတတ်တဲ့ သူကတောင်မှ ဟွိုင်ရိ ဘာဖြစ်နေလဲ သတိထားမိတယ်။”
ရှယိသည် ၁၇၉ကို ခါးသီးစွာ ပြောလိုက်၏။
သို့သော် အမှန်စင်စစ် တည်ငြိမ်သော ကုဝမ်ကျူသည် ဟွိုင်ရိ ဘာဖြစ်နေသလဲ အစမှ အဆုံးထိ တစ်ခါမျှ သတိမထားမိချေ။ ရှယိသည် ကုဝမ်ကျူမှ သူ့မျက်နှာအမှန်ကို ပြရန် မျှော်လင့်လျက် သူ့လက်ကို တိတ်တဆိတ်ပွတ်သော်လည်း ကုဝမ်ကျူသည် အချိန်တိုင်း အလွန်ပင် ယဉ်ကျေးလှသည်။
ရှယိ မပျော်မရွှင်ဖြစ်လေသည်။
ဒီလို တစ်ခြားသူကို သံသယရှိနေသည့် အတွေးများကို ကုဝမ်ကျူကို ပြောပြရန် ရှက်လွန်းသဖြင့် ကြိတ်မှိတ်မြိုသိပ်ပြီး ဝမ်းနည်းနေရှာသည်။ သူ့စားချင်စိတ် မလျော့သော်လည်း ကုဝမ်ကျူမှ သူ့ကို စားပွဲပေါ်ရှိ ဟင်းပွဲများကို ရွေးချယ်ကာ သူ့ကိုကျွေးတိုင်း တမင်တကာ ဇီဇာကြောင်ပြ နေတော့၏။
“အဲဒါက ငန်တယ်။”
“ပေါ့တယ်။”
“တော်တော်ပူတာပဲ။ ငါ့ကို အပူလောင်ပြီး သေစေချင်နေတာလား။”
“အကျက်လွန် နေတယ်။ ခြောက်ကပ်နေတာပဲ။”
ကုဝမ်ကျူ: “မဟုတ်ဘူးလေ။ အဲ့ဟင်းကို ချက်ကို မချက်ရသေးတာ။”
‘သူ အဲဒါကို ပြောလိုက်တာက အရင်တစ်ခေါက် မှိုသွားခူးပြီးကတည်းက ရှယိက သူ့မိဘတွေကို လွမ်းလို့ စိတ်မပျော်မရွှင်ဖြစ်နေလို့ သူ့မျက်လုံးနဲ့ နှာခေါင်းနဲ့ အရာရာတိုင်းကို ရွေးချယ်နေတာမလို့။ လူတိုင်းက ကိုယ်နဲ့ အနီးဆုံးလူကို ဒေါသတွေ ပုံချတတ်တယ်လို့ ပြောကြတာပဲမလား။ သူသာ ငါ့အပေါ်မပုံချရင် ဘယ်သူ့အပေါ်ပုံချမလဲ။ ဒေါသတွေပြချပါစေ။ အချိန်အတိုင်းအတာတစ်ခု ရောက်ရင် အဆင်ပြေသွားလိမ့်မယ်။’
ကုဝမ်ကျူသည် ထိုနေ့မှ ရှယိ၏ ဝမ်းနည်းမှုကို တွေးလိုက်ပြီး သူ့မျက်လုံးများတွင် သနားစိတ် ပိုမိုပေါ်လာကာ သူ့ကို ပိုမိုနူးညံ့ပြီး ဂရုတစိုက် ဆက်ဆံလေ၏။ ရှယိသည် မူလကပင် သူနှင့် ပြင်းထန်သော ရန်ပွဲတစ်ခုဖြစ်ကာ ထိုကို အခွင့်ကောင်းယူပြီး ဟွိုင်ရိ၏ ပြဿနာများအကြောင်း ဆွေးနွေးချင်သော်လည်း အဆုံးတွင် ကုဝမ်ကျူသည် ထိုအကွက်ထဲဝင်ရန် ငြင်းဆိုပြီး နေ့စဉ် သူပြောသမျှ အရာအားလုံးသည် မှန် မှန် မှန် လုပ်နေလေသည်။
ရှယိသည် လက်ဝှေ့အိတ်ကဲ့သို့ ခံစားရပြီး ပိုမို ဒေါသထွက်လာပုံပင်။
ဟွိုင်ရိ နဝမအကြိမ်မြောက် ရောက်လာသောအခါ သူသည် နောက်ဆုံးတွင် ပေါက်ကွဲလေတော့သည်။
ဟွိင်ရိသည် အင်္ကျီနှစ်ထည်လုံးကို လက်များမှ လွဲ၍ ချုပ်ပြီးလေပြီ။ အင်္ကျီချုပ်ပြီးသောအခါ ကုဝမ်ကျူနှင့် ရင်းနှီးရန် အခွင့်အရေး မရှိလောက်တော့သဖြင့် ထိုနေ့တွင် ကုဝမ်ကျူမှ ခြံဝင်းထဲတွက် တစ်ယောက်တည်း ညစာပြင်ဆင်နေပြီး ရှယိက အနားတွင် ရှိမနေသည်ကို အခွင့်ကောင်းယူကာ ကုဝမ်ကျူအား သူ့အချစ်ကို ဝန်ခံရန် သတ္တိမွေးလိုက်လေသည်။
ရှယိသည် ယခင်နေ့က ရွာထဲတွင် လျှိုချင်း ဟုခေါ်သော ကောလေးနှင့် ချိန်းဆိုထားခဲ့ပြီး ယနေ့တွင် သစ်အယ်သီးခူးရန် တောင်ပေါ်တက်သွားသဖြင့် နံနက်အစောတွင် လယ်ကွင်းထဲသွားပြီး ယခု အိမ်ပြန်ကာ ရှင်းလင်းပြီးနောက် လျှိုချင်း ကို သွားရှာတော့မည်ဖြစ်၏။
အိမ်ဝင်းတံခါးကို ဖွင့်မည်အပြုတွင် သူသည် ဟွိုင်ရိ၏အသံကို ကြားလိုက်ရ၏။ သူသည် တံခါးကို တွန်းဖွင့်နေသည့်လက်ကို ချက်ချင်းရပ်လိုက်ပြီး ဂရုတစိုက်နားထောင်လေသည်။
“အစ်ကိုကျူ.. ကျွန်မ အိမ်ထောင်ဖက်ကို ဆုံးဖြတ်ချက် မချရသေးပေမယ့် ကျွန်မသဘောကျတဲ့သူကို ရှာတွေ့ချင်တာပါ။”
“သေချာတာပေါ့။ ဒီမြေခွေးမက တစ်ယောက်ယောက်ကို မြှူဆွယ်ချင်နေတာ။”
၁၇၉သည် ဒေါသထွက်စွာ အော်ဟစ်လိုက်၏။
“အစ်ကို့ဘေးမှာ ဂရုစိုက်ပေမယ့်သူလည်း မရှိဘူး။ ပြီးတော့ အစ်ကိုက အစ်ကို့ညီလေးကိုလည်း ဂရုစိုက်ပေးရသေးတယ်။”
“ဘာညီလဲ ဘာညီလဲ။ Host က သူ့ရဲ့လက်မထပ်ထားသေးတဲ့ ညီလေ။ သူ့ပါးစပ်ကို ဆွဲဖြဲပစ်ချင်လိုက်တာ။”
၁၇၉သည် အလွန်စိတ်တိုသဖြင့် သူ့အသံသည် တုန်ခါနေလေသည်။
“အစ်ကို့ကို တစ်သက်လုံး အလုပ်အကျွေး ပြုချင်ပါတယ်။”
. . . . . .
“ငါ ထပ်ပြီး မကြားချင်တော့ဘူး။”
ရှယိသည် ရုတ်တရက်လှည့်လိုက်ကာ ရွာထဲမှ ထွက်သွားလေသည်။
“နားထောင်ရတာ စိတ်ရှုပ်စရာပဲ။”
“၁၇၉ အခုကစပြီး စကားတစ်ခွန်းမှမပြောနဲ့။ ငါ့ကို တစ်ယောက်တည်း နေခွင့်ပေး။”
ရှယိသည် ရွာပြင်တွင် ချုံပုတ်တစ်ခုကို ရှာတွေ့ပြီး လှဲချလိုက်လေသည်။ သူနှလုံးနှင့် သွေးများသည် ဒေါသကြောင့် ဆူပွက်နေလေသည်။
‘ကုဝမ်ကျူနဲ့ ပြဿနာတက်မယ့် အရာတွေကို သူမလုပ်နိုင်ဘူး။ ပြီးတော့ သူ့ကို မေးခွန်းထုတ်ဖို့ သတ္တိတောင် မရှိဘူး။ ငါက ယောက်ျားပဲ။ သဝန်တိုတတ်တဲ့ ကောင်မလေးမှ မဟုတ်တာ။’
‘ဒါပေမယ့် ဒီလိုထိန်းထားရတာ နာကျင်ရတယ်။’
ရှယိ၏ နှလုံးသားသည် မီးတောက်နေပြီး သူ့ကို ချုံပုတ်ထဲပစ်ဝင်ကာ မြက်များကြားထဲတွင် လှဲစေပြီး ပုန်းကွယ်ထားလိုက်သည်။
“၁၇၉ ငါအိမ်ကနေ ထွက်ပြေးချင်တယ်။”
ရှယိသည် ရုတ်တရက်ထလိုက်ပြီး
အသေအချာ ပြောလိုက်လေသည်။
“ဘယ်လို ထွက်သွားပြီး ဘာလုပ်မှာလဲ။ မုန်လာဥတွေ ရှိနေသေးတယ်လေ။ ပြီးတော့ ကုဝမ်ကျူ ကို ဒီလိုပဲ တခြားသူလက်ထဲ အရောက်ခံတော့မှာလား။”
၁၇၉သည် အံ့ဩနေလေသည်။
“စမ်းမကြည့်ဘဲ လက်လျှော့နေတာ ဒါ ငါတို့ကောလေး ဘယ်ဟုတ်မလဲ။ အဲဒီမြေခွေးမကို ဖယ်ရှား မပစ်နိုင်ရင် ဒုတိယမိန်းမထပ်ရှာရမယ်။ အဲဒါမှ ဒီမှာနေပြီး လယ်ယာတွေကို ကာကွယ်နိုင်မှာ။”
“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါအိမ်ကနေ တကယ် ထွက်မပြေဘူး။ TV ရှိုးတွေထဲကလို သဲလွန်စတွေ အများကြီး ထားခဲ့မှာလေ။”
ရှယိသည် ၁၇၉ကို တည်ငြိမ်စွာ ရှင်းပြလိုက်၏။
“ငါ ဘာလို့ထွက်ပြေးသွားလဲ သူသိသွားပြီးတော့ သဲလွန်စတွေ နောက်လိုက်ပြီး ငါ့ကို လိုက်ရှာလိမ့်မယ်။ ဇာတ်လမ်းရဲ့ တိုးတက်မှုအရဆိုရင် သူ သေချာရှင်းပြလိမ့်မယ်။ ပေါင်ပေ့ရယ် မင်း အထင်လွဲသွားတာပါ ကိုယ်အဲဒီလို မရည်ရွယ်ပါဘူးပေါ့။”
ကောင်းပြီလေ
ရှယိသည် အိမ်ပြန်လာသော်လည်း ကုဝမ်ကျူ မရှိချေ။ သူသည် စားပွဲပေါ်ရှိ စာရွက်ပေါ်တွင် စကားလုံးသုံးလုံးရေးကာ တင်ထားခဲ့ပြီး ထွက်လာခဲ့လေသည်။ ထို့နောက် အင်္ကျီများနှင့် ပိုက်ဆံအိတ်ကို အိတ်ထဲထည့်ကာ အိုးထဲမှ ပေါင်မုန့်ပြားအနည်းငယ်ယူပြီး မီးဖိုးထဲမှလည်း မီးသွေးအနည်းငယ်ယူကာ အိမ်မှ စတင် ထွက်ပြေးလေတော့သည်။
ချီလင်သည် သူ့အမြီးကိုယမ်းကာ လိုက်ရန်ကြိုးစားသော်လည်း ရှယိက မလိုက်ခိုင်းချေ။
“ဟေး ငါခဏနေပြန်လာမှာမလို့ အပြင်ထွက်ပြီး သာ့ဟေး နဲ့ တခြားသူတွေနဲ့ ခဏလောက် သွားကစားနေလိုက်။”
ချီလင်သည် ဆက်မလိုက်တော့ဘဲ နာခံစွာ ထိုင်ချလိုက်၏။ ရှယိသည် အိမ်ဝင်းတံခါးမှ ထွက်ခွာသွားလေတော့သည်။
ရွာ၏ဝင်ပေါက်ကို လျှောက်သွားလျက် သူသည် မီးသွေးခဲကို ထုတ်လိုက်ပြီး သူ့ဘေးရှိ ကျောက်တုံးကြီးပေါ်တွင် ခွေးကလေး၏ပုံကို ဆွဲလိုက်၏။ ကုဝမ်ကျူမှ ဤပုံကို ချီလင်ဟု သိစေရန် သေချာ ဆွဲလိုက်လေသည်။
“စိတ်အနှောင့်အယှက် ဖြစ်ဟန်ဆောင်ပြီးတော့ လမ်းလျှောက်ရင်း ဒါကို လိုက်ဖြန့်သွားရင် ငါဆွဲထားတဲ့ ပုံပေါက်သွားပြီ။”
ရှယိ ရှင်းပြလိုက်၏။
“ဒါက မရည်ရွယ်ဘဲ ထားခဲ့တဲ့ သဲလွန်စတွေလိုပဲ။”
“နောက်ဆုံးကြတော့ TV ရှိုးတွေထဲကလို လမ်းမှာ ဆွဲကြိုးတွေ နားကပ်တွေ ပစ်ချခဲ့လို့ မရဘူးလေ။ ရတယ်ပဲထားဦး ငါကဝန်လေးမိနေမှာ။ ငါမျက်နှာလွှဲလိုက်လို့ တစ်ယောက်ယောက်က ကောက်ယူသွားရင် ငါ့မှာ ငိုချိန်တောင်ရှိမှာ မဟုတ်ဘူး။”
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှယိသည် သစ်ပင်ပေါ်တွင် ချီလင်နောက်တစ်ကောင် ဆွဲလိုက်ပြီး လမ်းလေးခွသို့ရောက်လာခဲ့လေသည်။ နာရီဝက်ခန့်ကြာသော် သစ်တောငယ်တစ်ခုသို့ ရောက်ခဲ့လေ၏။ ရှယိသည် ချီလင်တစ်ကောင် ဆွဲပြီးလေပြီ။ ထိုင်ချရန် သန့်ရှင်းသော ကျောက်တုံးကြီးတစ်ခု ရှာလိုက်ပြီး ညစာစားရန် ပေါင်မုန့်ပြားကို ထုတ်လိုက်ကာ စားပြီးနောက် အိပ်လေတော့သည်။
“အဲဒီ ခံစားချက်မရှိတဲ့ လူကြီးကို အိမ်မှာ စိတ်ပူနေခိုင်းလိုက်။ ပျောက်သွားတာ သိတဲ့အချိန်ကြရင် ခါးခါးသီးသီး ငိုပြီးတော့ ရင်ဘတ်တွေ ခြေထောက်တွေကို ထုရိုက်နေလိမ့်မယ်။”
၁၇၉သည် စိတ်လျှော့သွားပြီး လှောင်ပြောင်လိုက်၏။
ရှယိသည် နေရောင်ခြည်နွေးနွေးအောက်တွင် အိပ်ပျော်ကာ အိပ်မက်မက်လေသည်။
အိပ်မက်ထဲတွင် ကုဝမ်ကျူသည် မှတ်စုစာကို ဖတ်ပြီး အိမ်မှ ပြေးထွက်လာကာ မိုးသည်းထဲတွင် အော်ဟစ်နေလေသည်။ သူ့မျပ်နှာတွင်လည်း မျက်ရည်မိုးများ သည်းထန်းစွာ ရွာနေလေသည်။ ရှယိသည် စိတ်သက်သာရာရပြီး စိတ်ဖိစီးမှုကင်သွားလေသည်။
'ငါ့ပါးစပ်ကို ဖွင့်ပြီး ငါဒီမှာလို့ပဲ အော်ပြောချင်နေတယ်။ ဒါပေမယ့် ငါနိုးလာတာနဲ့ အသံထွက်မိသွားတယ်။’
လှည့်ပတ်ကြည့်လိုက်သော် ကုဝမ်ကျူ၏ ရုပ်ပုံနေရာတွင် ငှက်အော်သံနှင့် လေတိုက်ခတ်မှုကြောင့် လှုပ်နေသော သစ်ရွက်များသာရှိလေသည်။
'မေ့လိုက်တော့ အိပ်တော့မယ်။ နိုးလာရင် သူလာရှာမှာပေါ့။’
‘ဒါပေမယ့် အိပ်မရဘူး။ သူက ဘာလို့မလာသေးတာလဲ။’
'နေကဖြင့် အနောက်ဖက်ကို ဝင်တော့မယ်။ လမ်းပေါ်က သင်္ကေတ(အမှတ်အသား)တွေက မထင်ရှားလို့ မရှာနိုင်တာလား။’
ရှယိသည် ထပ်ထကာ အချိန်အတော်ကြာ ရှေ့နောက်လျှောက်ပြီးနောက် နှစ်ဖက်ရှိ သစ်ပင်များပေါ်တွင် ချီလင်နှစ်ခုထပ်ဆွဲလေသည်။
ကောင်းကင်သည် မှောင်နေလေပြီ။ နေလည်း တောင်ကြားထဲသို့ဝင်ကာ ကုဝမ်ကျူ၏ အရိပ်ကိုပင် မတွေ့ရသေးချေ။ ရှယိသည် ကျောက်တုံးပေါ်တွင် ထိုင်စောင့်မနေတော့ဘဲ လမ်းလယ်လို့ လျှောက်သွားကာ လှမ်းကြည့်ပြီး စိတ်ဖိစီးနေလေသည်။
“မကြည့်ပါနဲ့ အဲဒါ နာရီဝက်လောက် ဝေးတာ။ ကျွန်တော်သာ Host ကို ရှာချင်ရင် ဟိုအရင်ကတည်းက ရှာတွေ့နေလောက်ပြီ။”
၁၇၉သည် အလွန်အေးစက်စွာ ပြောလိုက်၏။
အနီးရှိ လယ်လုပ်နေကြသော လယ်သမားများသည်လည်း ရှယိအနားမှ နှစ်ဦးစ သုံးဦးစ ဖြတ်သွားကြပြီး အိမ်ပြန်ကာ နှုတ်ဆက်သွားကြ၏။
“ဒီမှာ ဘာလုပ်နေတာလဲ။ ရှောင်ယိ မှောင်နေပြီလော အိမ်မပြန်သေးဘူးလား။”
ရှယိသည် လမ်းဘေးတွက် ရပ်ကာ သစ်ခေါက်အပိုင်းတစ်ခုကို ဝမ်းနည်းစွာ ယူလိုက်ပြီး မျက်လုံးများ ယောင်နေကာ နှာခေါင်းကိုလည်း တရှုံ့ရှုံ့လုပ်နေလေသည်။
“ဝမ်းမနည်းပါနဲ့ အိမ်ပြန်မယ်လေ။”
၁၇၉ သည် နူးညံ့စွာ ဖြောင်းဖျလိုက်၏။
“မှောင်လာရင် ဘာဖြစ်မလဲ မသိဘူး။ သူလာရှာမှာ မဟုတ်ဘူးနော်။”
“အပြင်မှာပဲ သေလိုက်မယ်။ ပြန်မသွားတော့ဘူး။”
ရှယိသည် သူ့နှလုံးထဲတွင် နာကျင်မှုကို ခံစားရပြီး မွန်းကြပ်နေလေသည်။
“ဘာတွေပြောနေတာလဲ။ အဲဒီအစုတ်ပလုတ်ကောင်ဆီမှာ ဘဝကြီးကို မြှုပ်နှံထားတော့မလို့လား။ အိမ်ပြန်သွားပြီး ဘာမှ မဖြစ်ဟန်ဆောင်လိုက်။ အနာဂတ်မှာ အလုပ်ကြိုးစားပြီး မြန်မြန် ပြီးအောင်လုပ်။”
၁၇၉သည် ရှယိကို ချော့မြူလိုက်၏။
ရှယိသည် ဘယ်သွားရမလဲ မစဉ်းစားနိုင်တော့သဖြင့် သူ့အထုတ်ကို သယ်ကာ ခေါင်းငိုက်စိုက်ချပြီး အိမ်သို့ တစ်လှမ်းချင်း ပြန်လာခဲ့၏။
အိမ်ဝင်းတံခါးကို တွန်းလိုက်ကာ ထိုနေရာတွင် အချိန်အတော်ကြာ တွန့်ဆုတ်စွာ ရပ်နေပြီး အထဲဝင်ရန် သတ္တိမွေးလိုက်၏။ ချီလင်ကို သူ့ကိုမြင်သည်နှင့် လက်ဖဝါးကို ပျော်ရွှင်စွာ လာလျက်လေသည်။
“ပြန်လာပြီလား။”
ကုဝမ်ကျူ၏ အသံသည် ပျော်နေပုံပင်။
“သစ်အယ်သီးတွေ ဘယ်လောက်တောင် ခူးခဲ့တာလဲ။ လာစားတော့ ဒီမှာ ဟင်းသီးဟင်းရွက် နွေးနွေးလေးတွေ ချက်ပြီး မင်းကို စောင့်နေတာ။ မင်းပြန်မလာရင် လျှိုချင်း အိမ်ကိုလာပြီး မင်းကိုလာရှာတော့မလို့။”
“ဘာလဲ။ ဘာသစ်အယ်သီးလဲ။”
ရှယိစည် ကုဝမ်ကျူကို ကြည့်ရန် သူ့ခေါင်းကို ရုတ်တရက်မော့လိူက်ပြီး သူ့အမူအရာသည် ကြောင်အခြင်းမှ စိတ်ရှုပ်ခြင်းသို့ တဖြည်းဖြည်းပြောင်းသွား၏။
“ဟုတ်သားပဲ ဒီနေ့ လျှိုချင်း နဲ့ သစ်အယ်သီးသွား ခူးမယ်လို့ မနေ့က ပြောခဲ့တာပဲ။”
“အင်းလေ။ မသွားခင် စာတောင်ရေးပြီး ချန်ခဲ့တယ်မလား။”
ကုဝမ်ကျူသည် ကြောင်အစွာမေးလိုက်၏။
“သစ်အယ်သီး မခူးခဲ့ဘူးလား။”
ရှယိသည် စားပွဲပေါ်တွင် သူချန်ခဲ့သော စာကို ပြန်တွေးမိ၏။
“ငါသွားပြီ။”
ရှယိ:. . .
'ယူနီကွန်းတွေ အလကားသက်စက် ဆွဲခဲ့တာပါလား။’
'သူက ငါအိမ်က ထွက်သွားမယ်လို့ တွေးကို မတွေးမိခဲ့တာပဲ။’
ရှယိသည် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေလေသည်။
'နောက်ဆုံးတော့ သူက တောင်ပေါ်မှာ တစ်နေ့လယ် လုံးနေပြီး ကုဝမ်ကျူက ရင်ဘတ်ကိုထုပြီး ခြေထောက်ကို ရိုက်နှက်ပြီးတော့ နောင်တရဖို့ ငိုပြီး သူ့ကို လာရှာဖို့ စောင့်နေတာပဲ။ ကုဝမ်ကျူက လုံးဝကို မသိဘဲနဲ့ ဟင်းတွေ ချက်ထားပြီးတော့တောင် စောင့်နေတာ။’
ကုဝမ်ကျူသည် ရှယိကို အပေါ်အောက် ကြည့်ကာ လက်ထဲမှ အထုတ်ကို မြင်သော် သူ့မျက်လုံးများရပ်တန့်သွား၏။
“အဲဒီအထုတ်ကြီးနဲ့ ဘာလုပ်နေတာလဲ။”
ရှယိသည် သူ့လက်မောင်းကိုကုတ်လိုက်ပြီး တောင်ပေါ်မှ ခြင်ကိုက်လိုက်သော အနီစက်များ ရှိနေလေသည်။ သူသည် မတတ်နိုင်ဘဲ အော်ဟစ်မိကာ မျက်ရည်များကျလာ၏။
“ဘာလို့ အိမ်က ထွက်သွားမှန်း မသိတာလဲ။ ဘာလို့ လာမရှာတာလဲ။ တစ်နေ့လယ်လုံး စောင့်နေတာကို။”
“အိမ်ကနေ ထွက်သွားတယ်ဟုတ်လား။ ဘာဖြစ်လို့လဲ။”
ကုဝမ်ကျူ၏ မျက်လုံးများသည် အံ့ဩစွာ ပြူးကျယ်သွားပြီး သူ့မျက်နှာမှာ ထိတ်လန့်နေပြီး စကားပင် ထစ်သွားလေသည်။
“အကုန်ကြားလိုက်တယ်။ ဟွိုင်ရိပြောတာတွေ အကုန်ကြားတယ်။”
“ပေါင်ပေ့ရယ် မင်းအထင်လွဲသွားတာပါ။ ကိုယ့်အဲဒီဖြစ်ဖို့ မရည်ရွယ်ပါဘူး။”
ကုဝမ်ကျူသည် စိုက်ကြည့်နေပြီး ကြောင်အစွာ ရှေ့သို့လျှောက်လာပြီး ရှယိကို သူ့လက်မောင်းများထဲ ညင်သာစွာ ထည့်ပြီး ရှင်းပြလေသည်။
၁၇၉:
“ကိုယ်က သူ့ကို ပုံမှန်လည်း ဂရုမစိုက်တော့ သူ့မှာ အဲ့လိုအတွေးတွေ ရှိနေမှန်းမသိခဲ့ဘူး။ သူပြောပြီးတော့ ကိုယ်သူ့ကို ချက်ချင်းပဲ ငြင်းလိုက်တာ။ ကိုယ်တို့အိမ်ကို လာပြီး အင်္ကျီမချုပ်တော့အောင်လို့ အင်္ကျီတွေတောင် ယူထားလိုက်သေးတယ်။”
ကုဝမ်ကျူသည် ရှယိ၏ ဆံပင်ကို ထိုးဖွလျက် နူးညံ့စွာပြောလေသည်။
“တကယ်လား။”
ရှယိသည် သူ့စိတ်ထဲတွင် ယုံနေသော်လည်း မျက်နှာတွင်တော့ သံသယ အနည်းငယ် ပြလေသည်။
“တကယ်ပေါ့။ ကိုယ်က ပုံမှန်ဆို မင်းကိုပဲ မြင်တာ။ ကိုယ့်မျက်လုံးထဲမှာ တခြားသူတွေက လူမဟုတ်ဘူး။”
ကုဝမ်ကျူသည် ဤအကြိမ်တွင်တော့ နားလည်သွားပြီး သူ့စိတ်ကို ဖွင့်ပြောလေသည်။
ဤအရာကိုကြာပြီး ရှယိသည် မျက်ရည်များကြားမှ ရယ်နေမိလေသည်။သူ့ပါးစပ်ထောင့်တွင်
ပါးချိုင့်နှစ်ခုပင် ပေါ်လာလေသည်။
“အင်္ကျီတွေရော ဘယ်လိုလုပ်မလဲ။ ပြဦး ကြည့်ရအောင်။”
ရှပ်အင်္ကျီအထူနှစ်ထည်မှာ တစ်ထည်သည် ခရမ်းဖျော့ရောင် တစ်ထည်မှာ အပြာရင့်ရောင်ဖြစ်၏။ နှစ်ထည်လုံးမှာ ကိုယ်ထည်သာ ချုပ်ထားပြီး လက်များ မချုပ်ရသေးချေ။
“ဘယ်လိုလုပ်ကြမလဲ။” ရှယိသည် မချုပ်ရသေးသော အင်္ကျီလက်များကို လေထဲတွင် မြှောက်ပြကာ စိုးရိမ်လာ၏။
“အပ်ချုပ်သည်က ငါတို့ကြောင့် ထွက်ပြေးသွားပြီလေ။”
ကုဝမ်ကျူသည် ပြတ်သားစွာ ပြောလေ၏။
“ကိုယ်ချုပ်မှာပေါ့။”