no

Font
Theme

ရေဇလုံသယ်ထားသည့် လူတစ်ယောက်သည် သူတို့ နှစ်ယောက်ကြားမှ ဖြတ်ပြေးရင်း ခဏရပ်ကာ ကုဝမ်ကျူကို အော်ပြောကာ အရှေ့ကို ပြန်ပြေးသွားသည်။

“မင်းရဲ့အိမ်ဟောင်းကြီး မီးလောင်နေတယ် မြန်မြန်မီးလာငြှိမ်းလေ”

“အိုး ကိုယ် မီးသွားငြှိမ်းလိုက်အုံးမယ်”

ကုဝမ်ကျူ နေရာ၌လေးတိလေးတွဲဖြင့်ရပ်နေသည့် ရှောင်ယိကို အမြန်ပြောလိုက်ပြီးနောက် သူ့ရှပ်အင်္ကျီအစွန်းကို ခါးပတ်ထဲ အတင်းထိုးသိပ်ထည့်ကာ အိမ်သို့ပြန်သွားလိုက်သည်။ အိမ်ထဲမှ သစ်သားခြင်းတောင်းတစ်ခုကို ထုတ်ယူလာကာ လက်တစ်ဖြင့် ဆွဲကိုင်ရင်း အိမ်ဟောင်းကြီးရှိရာသို့ ဦးတည်ပြေးလိုက်သည်။

“အိမ်မှာပဲနေနော် လျှောက်ပတ်မပြေးနဲ့”

“၁၇၉ ငါ့ရဲ့အသဲပုံ‌ဖယောင်းတိုင်တွေကြောင့် မီးစလောင်တာလား?”

ရှောင်ယိ မှိုင်တွေတွေဖြင့် System ကိုမေးလိုက်သည်။

“အဲ့လို ဖြစ်မဲ့ပုံပါပဲ Host”

ရှောင်ယိ လက်ထဲ၌ ရေဇလုံကို ကိုင်ရင်း အထိတ်အလန့်ဖြင့် အိမ်ဟောင်းကြီးဆီသို့ အမြန်ပြေးလာသည့်အချိန်တွင် မီးတောက်သည် ငြိမ်းသွားခဲ့ပြီဖြစ်ကာ ခေါင်မိုးနှင့် ပြတင်းပေါက်မှ အမည်းရောင် မီးခိုလိပ်များသာ ဖြည်းဖြည်းချင်းထွက်လာနေတော့သည်။

အမည်းရောင် မီးခိုလိပ်ကြီး ပျောက်သွားသည့်အချိန်၌ အကုန်လုံး အိမ်ထဲသို့၀င်ကာ သေချာစူးစမ်းကြသည်။

အိမ်၏နံရံများသည် မီးဟပ်၍ မည်းနေပြီး ကြမ်းပြင်သည် စိုစွတ်နေသည်ကို မြင်ကြရသည်။ လူတွေအကုန်လုံး အိမ်အလွတ်ကြီး ပတ်လည်တွင် စုဝေးကာ အဖြေရှာ မရနိုင်ဖြစ်နေကြ၍ ဆွေးနွေးနေကြသည်။

“ဒီအိမ်ဟောင်းကြီးက ဘယ်လိုဖြစ်ပြီး မီးစွဲသွားတာလဲ? အထဲမှာ ဘယ်သူမှလည်း မနေဘူး။ ပရိဘောဂပစ္စည်းတွေလည်း မရှိနေဘူးလေ”

လီကျူးသည် နှာခေါင်းရှေ့ရှိ အနက်ရောင်မီးခိုးအား လက်ဖြင့် ယပ်ခပ်ရင်း မယုံသင်္ကာဖြင့် ပြောလိုက်သည်။

“အင်း ငါလည်း စဉ်းစားကြည့်လို့မရဘူး တောမီးတို့ ၊ မီးခြစ်တို့ အဲ့လိုများ ဘာပစ္စည်းတွေ ဘာတွေလည်း မရှိနေဘူးဆိုတော့ အိမ်က သူ့အလိုလို မီးရှို့ရုံပဲ ရှိတယ်”

“ဒီအိမ်ထဲမှာ သရဲတွေ နေနေတာများ ဖြစ်နေမလား?”

လူတစ်ယောက်က အော်ပြောလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ? တောင်တစ္ဆေတွေ ရှိတယ်တဲ့ ဘယ်သူကများ အဲ့တောင်တစ္ဆေကို တကယ်မြင်ဖူးလို့လဲ? အဲ့ဒါတွေ အကုန်လုံးက တခြားသူတွေ လျှောက်ပြောနေကြတာ”

ထိုလူ့ဘေးရှိလူက ချက်ချင်းပဲ ကောလဟာလေတွေကို ချေပပြောလိုက်သည်။

“ဒါပေမဲ့ ငါ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက တခြားရွာကို သွားတုန်းကလည်း ကြားခဲ့သေးတယ် ရွာကို အမဲလိုက်ဖို့လုပ်နေတဲ့ မြေခွေးမိစ္ဆာတွေရှိနေတယ်တဲ့....”

“ငါ အပြင်ထွက်လာတော့ အိမ်က မီးစွဲနေပြီး‌တော့ ပြတင်းပေါက်ကနေ မီးတွေတောက်နေတာကို မြင်လိုက်ရတာ အဲ့တာနဲ့ ငါ ဦးလေးဝမ်အိမ်ကို အမြန်သွားပြောတော့မှ ဦးလေးဝမ်က ချက်ချင်းမောင်းထုပေးတာ....”

လီကျူးသည် သူ့ဘေးမှာ ရှိနေသည့် လူတွေကို ကြည့်ရင်း အောင်နိုင်သူအထာဖြင့် အမှတ်ယူလိုက်သည်။

ကုဝမ်ကျူ လက်ထဲကခြင်းကို ချလိုက်ကာ မျက်နှာပေါ်ရှိ ချွေးတွေကို အင်္ကျီလက်နဲ့ သုတ်လိုက်ပြီးနောက် အခန်းထဲသို့ ၀င်လာသည့် ရှောင်ယိ၏မျက်နှာသည် စိတ်နဲ့လူ မကပ်သကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ကုဝမ်ကျူ သူ့ကို နှစ်သိမ့်လိုက်သည်။

“မကြောက်နဲ့တော့နော် အဆင်ပြေသွားပြီ

မီးကိုလည်း ငြှိမ်းပြီးသွားပြီ ပြီးသွားပြီနော်”

“ဒါဆို.....ဆုံးရှုံးမှု များလား? ဘာတွေ မီးလောင်သွားလဲဟင်?”

ရှောင်ယိအသံသည် ပြောင်းလဲနေသည်။

“အိမ်ဟောင်းကြီးထဲမှာက ဘာမှမှမရှိတာ မသုံးတော့တဲ့ ပရိဘောဂ အပျက်အစီးတချို့ကို ထောင့်မှာ ပုံထားတာပဲရှိတာလေ အကုန်လုံးက တန်ဖိုးမှမရှိတာ လောင်ပစေပေါ့”

ကုဝမ်ကျူ ရှောင်ယိ၏အသံပင် ရုတ်တရက် ပြောင်းသွားသည်ကို သိလိုက်ရသည့်အတွက် အမြန်နှစ်သိမ့် ပေးလိုက်သည်။

“ဒါဆို မီးဘယ်လို စလောင်လဲဆိုတာကိုရော သိလားဟင်?”

ရှောင်ယိ ရင်တွေ တလှပ်လှပ်တုန်နေရင်း ခက်ခက်ခဲခဲဖြင့် ရေရွတ်လိုက်သည်။

“ဘယ်လိုလုပ်ပြီး တခြားနည်းနဲ့ လောင်တာဖြစ်နိုင်မလဲ? မင်း တစ်ခြားသူတွေကို ဖုံးကွယ်ထားလို့ရရင် ရနိုင်မယ် ငါ့ကိုလည်း ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား? ငါက အဲ့ဒါကို မသိနိုင်လောက်ဘူးလို့ မင်း ထင်နေတာလား?”

ဦးလေးဝမ်သည် လက်တစ်ဖက်၌ ရေဇလုံကို ကိုင်ထားရင်း ကြေးဆီးအိုးကို နောက်တစ်ဖက်၌ ကိုက်ထားသည်။ တိကျပြီး အထင်ကြီးလောက်စရာ အသွင်အပြင် ဖြစ်နေသည်။

ရှောင်ယိ ခြေထောက်တွေ ပျော့ခွေသွားကာ ပါးစပ်ဟရင်း ဝါးကျဉ်တောက်ထဲက ပဲစေ့လေးလိုမျိုး ၀န်ခံရန် အသင့်ဖြစ်နေခဲ့သည်။

“ဦးလေးဝမ် ကျွန်တော်....”

ဦးလေးဝမ်သည် လက်မြှောက်ကာ ရှောင်ယိ၏စကားကို ရပ်တန့်လိုက်ပြီး မဲမှောင်နေသည့် မျက်နှာဖြင့်

“အဲ့သန္ဓေမကောင်းတဲ့ သုံးကောင်က ဟိုသူခိုးတွေပဲ ဖြစ်ရမယ်။ သူတို့က မင်းကြောင့် ကြီးကြီးမားမားဆုံး ရှုံးခဲ့ရလို့ဆိုပြီး မင်းအပေါ်မှာ မနာလို မုန်းတီးစိတ်ထားပြီး ကလဲ့စားပြန်ချေနိုင်မဲ့ အခွင့်အရေးကို စောင့်နေကြတာ အရင်ဆုံး မင်းရဲ့ခြံထဲကို ၀င်ပြီးခိုးတယ် ခိုးလို့မရတော့ ခြံထဲမှာ အခြောက်ခံထားတဲ့ မင်းတို့ အ၀တ်အစားအသစ်တွေကို ဖျက်ဆီးတယ်။ အဲ့တာနဲ့မလုံလောက်သေးပဲ မင်းရဲ့အိမ်ဟောင်းထဲကို ခိုး၀င်ပြီး မီးရှို့တာပဲ”

“ပြီးတော့ သူတို့က တစ်ရွာလုံးကို ပစ်မှတ်ထားနေကြတာပဲ တစ်နေ့တုန်းကဆို တန်းဝါအမေက တန်းဝါအတွက်ဆိုပြီး ကြက်ဥကိုပြုတ် ၊ အိုးထဲထည့်ထားခဲ့လိုက်ပြီးတော့ အခန်းထဲ ပြန်၀င်သွားလိုက်တာ ဘာဖြစ်သွားတယ်ထင်လဲ? ခဏနေတော့ ကြက်ဥက မရှိတော့ဘူးလေ”

ဦးလေးဝမ်သည် ပထမတော့ အေးစက်စက်ပြုံး‌နေရင်းမှ အဝေးကိုကြည့်ရင်း တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

“ခုချိန်ကနေစပြီး ရွာမှာ အေးချမ်းမှုဆိုတာ ရှိမှာမဟုတ်တော့ဘူး သွေးမုန်တိုင်းတွေ.....”

“ငါ မီးရှို့တဲ့တရားခံကို ဖမ်းမိလို့ကတော့ အရေခွံတွေ နွှာပြစ်မယ်”

ဦးလေးဝမ်သည် ကြမ်းပြင်ပေါ်ရှိ ကြေးနီ ဆီးအို အပေါ်၌ ထိုင်ရင်း အံကြိတ်လျက် ပြောလိုက်သည်။

“၁၇၉ ရေ ငါ တော်တော်ကြောက်လန့်နေပြီ”

ရှောင်ယိ ကုဝမ်ကျူ၏နောက်သို့ ကပ်သွားကာ System နှင့်အတူ တုန်ရီနေခဲ့သည်။

“ဘာဖြစ်လို့လဲ?”

ကုဝမ်ကျူ ရှောင်ယိ၏ ပုံမှန်ဟုတ်မနေမှုကို ခံစားမိလိုက်ပြီး ဘယ်သူကမှ သတိမထားမိတာကို တွေ့သည့်အခါ၌ လက်ဆန့်ထုတ်ကာ ရှောင်ယိ ပုခုံးလေးကို ပုတ်ပေးလိုက်သည်။

“အစ်ကိုကျူ ဒီမီး ဒီမီးကလေ ကျွန်တော့်ကြောင့် လောင်တာ ဖြစ်နိုင်တယ်”

ရှောင်ယိ စိတ်ပျက်အားငယ်နေကာ စိုးရိမ်ပူပန်နေမိသည်။

“ကျွန်တော့်အထင်—”

“ရှောင်ယိ အဲ့မကောင်းတဲ့ ကောင်တွေကို ကာကွယ်ပေးမနေနဲ့ အဲ့မကောင်းတဲ့ ကောင်တွေနဲ့ မတန်ဘူး”

ဦးလေးဝမ်သည် ထိုစကားအား သေချာကြားလိုက်ကာ အကျယ်ကြီးအော်ပြီးဖြတ်ပြောလိုက်သည်။

“ဦးလေးဝမ် အဲ့ဒါကို စိတ်ထဲက သိနေတယ်”

ရှောင်ယိ ၊ ၁၇၉ : .......

အိမ်ပြန်ရောက်သည့်အချိန်၌ ကုဝမ်ကျူ အပြင်ထွက်ရသည့် မူလအကြောင်းအရင်းမှာ စပရိုက်အား ကြည့်ရန်ဖြစ်ကြောင်းကို သတိရသွားကာ ရှောင်ယိကို အားနာနာဖြင့် မေးလိုက်သည်။

“မင်း ကိုယ့်ကို စပရိုက်လုပ်မလို့ဆို အိမ်ကို မီးစွဲသွားတာနဲ့ မင်းလည်း အဲ့အကြောင်း သတိမထားမိလိုက်ဘူး ထင်တယ် ခု ကိုယ့်ကို စပရိုက် လိုက်ပြတော့လေ ကိုယ် စပရိုက် သွားကြည့်လို့ရ‌တယ်မလား?”

ရှောင်ယိ ပါးစပ်ဟပြီး ဘာပြောရမှန်းမသိဘဲ နောက်ဆုံးတွင်တော့ မရေမရာသာ ပြန်ဖြေလိုက်နိုင်တော့သည်။

“စပရိုက်တွေ အကုန်လုံးကလည်း မီးလောင်သွားတော့လေ နောက်အခွင့်ကြုံမှ ထပ်ပြမယ်နော်”

“Host ထပ်ပြီးမီးရှို့ အုံးမလို့လား?”

၁၇၉ မယုံနိုင်စွာ အော်လိုက်မိသည်။

“မရှို့ရဲပါဘူး မရှို့ပါဘူးနော်”

ရှောင်ယိ ကပျာကယာငြင်းပြီး ထပ်ပြောလိုက်သည်။

“ငါပြောချင်တာက တခြားစပရိုက်ကို ပြောတာ”

နောက်တစ်နေ့၌ ရှောင်ယိ ခြံထဲသို့သွားကာ မုန်လာဥဖြူများအား ထပ်သွားကြည့်ခဲ့သည်။ မုန်လာဥဖြူများသည် မျက်စိထဲတွင် ကျေနပ်စရာကောင်းနေပြီး အတန်းလိုက် ရိတ်သိမ်း ခံရ‌ချိန်နီးနေပြီ ဖြစ်သည်။

အချိန်အကြာကြီး ကြာသည်အထိ ပျော်ပျော်ရွှင်ရွှင်ကြည့်ကာ ခဏစောင့်ကြည့်ပြီးသည့်နောက်တွင် ရှောင်ယိ အိမ်သို့ ဖြည်းဖြည်းချင်းလမ်းလျှောက်ပြန်လာခဲ့သည်။

သူ ရွာအရှေ့ပိုင်းသို့ ရောက်ချိန်၌ ဆံပင်အရှည်ကြီးအား ချထားကာ အသက်ကြီးပုံပေါ်သည့် ထူးဆန်းသော သက်လတ်ပိုင်း လူတစ်ယောက်က မစ္စတာလီ၏ ၀က်ခြံဘေး၌ ရပ်နေသည်ကို မြင်လိုက်ရသည်။ ဦးလေးဝမ်သည်လည်း မိုးမခပင်၏အောက် ဘေးတစ်ဘက်ခြမ်း ဆောင့်ကြောင့်ထိုင်ရင်း ဆေးလိပ်သောက်နေသလိုဟန်ဆောင်ကာ တိတ်တိတ်လေး စူးစမ်းနေခဲ့သည်။

အသက် ၅၀ ၀န်းကျင်လောက်ရှိမည့် ပိန်ပိန်ပါးပါး အသက်ကြီးကြီးလူသည် ဆံပင်ရှည်အား ပုခုံးပေါ်ဖြည်ချထားသည်။ သူ့ပုံစံသည် ရှေးခတ်ဇာတ်လမ်းတွဲမှ ထွက်လာသည့် အတွေ့အကြုံရှိ ကျွမ်းကျင် ပညာရှိလိုမျိုး ဆင်တူနေသည်။

သူသည် အင်္ကျီလက်အရှည်ကြီးရှိသည့် အပြာရောင်၀တ်ရုံနှင့် ၀တ်ရုံလွှာကို၀တ်ဆင်ထားသည်။ ၀တ်ရုံအသားသည် ကောင်းမွန်မည့်ပုံပေါ်ကာ လေထဲ၌ အနည်းငယ်လှုပ်ခါနေသည်။ ခါးပတ်ကြိုးတွင်လည်း အနက်ရောင်ပန်းပွင့်ပုံများ ပုံဖော်အလှဆင်ထားကာ ဈေးကြီးသည့် ပစ္စည်းမှန်း ခပ်လျှိုလျှို ဖော်ပြနေသည်။ နောက်ကျောတွင် လက်တစ်ဖက်ရှိနေပြီး ကျန်တစ်ဖက်သည် သူ့မုတ်ဆိတ်ရှည်တွေအား ပွတ်သပ်နေကာ သဘာ၀လွန် မှော်အစွမ်းရှိသည့် နတ်မင်းတစ်ပါးလိုမျိုး ဖြစ်နေသည်။

ထိုလိုလူမျိုးသည် ပုံမှန်အားဖြင့် စန္ဒရားတီးရင်း သို့မဟုတ် ကျားကစားရင်း ရေနွေးခြမ်း ဆက်သသည့် တပည့်နှစ်ယောက်ဖြင့် တောင်ထိပ် သို့မဟုတ် တိမ်တွေမြူတွေ ကြား၌သာ ပေါ်ထွက်လာတတ်သည်။

ခုချိန်တွင်တော့ မစ္စတာလီ၏ ၀က်ခြံဘေး၌ ပေါ်ထွက်လာကာ အထဲရှိ ၀က်အကြီးကြီး နှစ်ကောင်သည် အော်ဟစ်နေသည်။ ဘယ်လိုပဲကြည့်နေပါစေ ထိုမြင်ကွင်းသည် လုံး၀ကို သဟဇာတဖြစ်မနေ‌ပါ။

ဦးလေးဝမ်သည် ရှောင်ယိကို မြင်သည့်အခါ လက်ဝေ့ပြလိုက်သည်။ ရှောင်ယိ သူ့ထံ လျှောက်သွားလိုက်သည့်အခါ ပါးစပ်အား လက်ဖြင့်အုပ်ရင်း တိုးတိုးတိတ်တိတ်ပြောလာသည်။

“ငါ မနက်အစောကြီးကတည်းက ရွာကိုပတ်ပြီးလိုက်စူးစမ်းကြည့်နေတာ သူက ဘာလို့ ၀က်တွေကို ညအနည်းငယ်အတွက်ဆိုပြီး ရောင်းနေတာလဲ?”

သူ့အ၀တ်အစားတွေကို ကြည့်လိုက်စမ်း သူက ၀က်တွေကို သားဖောက်ဖို့အတွက် တိရစ္ဆာန်အုပ်ကို ထိန်းကျောင်းတဲ့သူ ဒါမှမဟုတ် လူလိမ်ပဲဖြစ်ရမယ်”

၀က်တွေအတွက် ဘယ်နှစ်ညလဲ?၀က်တွေအတွက် ဘယ်နှစ်ညလဲ? ရှောင်ယိ ထိုလူအိုကြီးအားကြည့်ရင်း ဦးလေးဝမ်ပြောသည့် ၀က် ၊ ညအနည်းငယ်အား ထပ်ခါထပ်ခါ ရေရွတ်ကြည့်လိုက်ရာ မသိစိတ်မှ ရင်းနှီးနေသလိုခံစားမိသည်။

၀က်တွေရဲ့ ညအနည်းငယ် ၊ ၀က်တွေရဲ့ ညအနည်းငယ် ၊ အခြေခံအုတ်မြစ် တည်ဆောက်တဲ့အရည်! ရှောင်ယိ ထရပ်လိုက်မိသည်။ အဲ့လူက တကယ်ပဲ အခြေခံအုတ်မြစ် တည်ဆောက်တဲ့အရည် အကြောင်းပြောနေတာလား??!!

ရှောင်ယိ နှလုံးတွေ ခုန်လာကာ ခဏစဉ်းစားပြီးသည့် နောက်တွင် သူ ဒီကိစ္စအား လွှတ်မထားနိုင်၍ ၀က်ခြံဆီသို့ သွားလိုကိသည်။ ရှောင်ယိလာနေသည်ကို မြင်သည့်အခါ ထိုလူအိုကြီးက လုပ်ငန်းပိုင်ရှင် ရောက်လာသည် ထင်သွားကာ အနည်းငယ် ခေါင်းညိတ်ပြလာပြီး သူ အနားသို့ မရောက်သွားမှီပင် အသံကျယ်ဖြင့်လှမ်းမေးလာသည်။

“မိတ်ဆွေ အဆောက်အအုံတည်ဆောက်သည့်အရည် ၀ယ်ဖို့လာတာလား?”

မှန်နေတာပဲ! အခြေခံအုတ်မြစ် အရည်ဖြစ်နေတာပဲ! ၀က်တွေအတွက် ညအနည်းငယ် မဟုတ်ဘူးပဲ!

ရှောင်ယိ ထိုလူ့ဘေးသို့ လျှောက်သွားကာ အပေါ်၊အောက် စုန်ဆန်ကြည့်လိုက်ပြီးနောက် လျှို့ဝှက်ချက် သင်္ကေတလိုမျိုး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

“မ‌သေမျိုးဖြစ်‌အောင် ကျင့်ကြံသူလား? ခင်ဗျားက ဒီကမ္ဘာက မဟုတ်ဘူးမလား? System? စာအုပ်ထဲ ၀င်လာတာလား?”

ထိုလူအိုကြီးသည် ထိုစကားအားကြားသည့်အချိန်၌ ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားကာ ရှောင်ယိကို ကြည့်နေသည့်မျက်လုံးများက ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။ သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာပြီး ရှောင်ယိလိုမျိုး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

“မင်းပြောတဲ့ထဲ နောက်ကစကားကိုတော့ ငါ နားမလည်ပေမဲ့ ငါက ကျင့်ကြံသူပါ”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ ရှောင်ယိ၏မျက်နှာကိုကြည့်လိုက်ရာ တည်ငြိမ်ပြီး ကောင်းကင်ပြိုကျသွားလျှင်တောင် လက်မခံမည့်အရိပ်အယောင်ကို မြင်လိုက်ရသည့်အတွက် သူ ဆက်ပြောလိုက်သည်။

“ငါက မနေ့မနက် လောက်တုန်းက တောင်ထိပ်မှာ ကျားကစားပြီးတော့ ရေကန်ဘေးမှာ စန္ဒရားတီးဖို့ သွားနေခဲ့တာပါ ဘာတွေဖြစ်ကုန်တာလဲတော့ ငါမသိဘူး၊ ဖြစ်သွားတာကတော့ ကောင်းကင်နဲ့မြေကြီးက လည်သွားပြီးတော့ ငါလည်း မျက်လုံးဖွင့်လိုက်ရော ဒီကိုရောက်နေတာပဲ ငါ လမ်းတစ်လျှောက်မှာ တွေ့သမျှလူတိုင်းကို မေးကြည့်တော့လည်း ဘယ်သူကမှ အမတကျင့်ကြံသူ ဆိုတာကို မကြားဖူးဘူးတဲ့ ဒီနေရာက သုခဘုံလို နေရာမျိုးများလား? ဒါပေမဲ့ ငါ တစ်ရက်လုံး လျှောက်ပတ်ကြည့်တာတောင်မှ ထွက်ပေါက်ကို ရှာမတွေ့ဘူးလေ အဲ့တာနဲ့ ငါလည်း တခြားသူတွေ ဘယ်လိုအပြင်ထွက်ကြလဲဆိုပြီး လိုက်မေးကြည့်တော့ သူတို့က ဒီလမ်းတည့်တည့်အတိုင်း သွားရင် မြို့တော်ကို ရောက်လိမ့်မယ်လို့တော့ ပြောကြတယ်”

ဒီလူက ငါနဲ့တော့ ကွဲပြားမဲ့ပုံပဲ သူက အရူး ဒါမှမဟုတ်ရင် တကယ့်ကို အမတကျင့်ကြံသူပဲ အရူးတစ်ယောက်က အခြေခံအုတ်မြစ်တည်ဆောက်တဲ့အရည်ကိုတော့ သိနေတာ မဖြစ်နိုင်ဘူး သူက အစတုန်းက အမတကျင့်ကြံရေးကမ္ဘာကနေ ဒီကိုရောက်လာတာများ တကယ် ဖြစ်နေမလား?

ရှောင်ယိ၏ တွေဝေနေသည့် မျက်နှာကို မြင်သည့်အခါ ထိုလူက အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။

“ယုံချင်စရာ မကောင်းဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ ငါ အမှန်အတိုင်း ပြောနေတာပါ ငါက လျှိုစစ်ချန်း ချီရှန်းသူ‌တော်စင်ရဲ့ တတိယမြောက်သား ပြီးတော့ ငါက သန့်စင်တဲ့ ကြားကာလအဆင့်(ပီကူး)အထိ ရောက်ပြီးပြီ ငါ့နာမည်ကို ကြားဖူးမှာပါ”

ချီးပဲဟေ့!

ရှောင်ယိက ဘာမှမပြောပဲ ကြောင်တောင်တောင်ဖြင့် ဆက်ပြီးရပ်နေသေးသည်ကိုမြင်လိုက်ရ၍ လျှိုစစ်ချန်းသည် သူ့ကိုမယုံဘူးထင်သွားကာ သက်ပြင်းချပြီးဆက်ရှင်းပြလိုက်သည်။

“ငါ့အထောက်အထား မှန်ကန်ကြောင်းကိုသက်သေပြဖို့အတွက် ‌အစွမ်းသုံးပြလို့ကလည်းမရဘူး ဖြစ်နေတယ် ဒါပေမဲ့ ငါတကယ်ကို ဘာတွေ ဖြစ်ကုန်လဲ မသိတာပါ။ ငါ ဂါထာလည်းသုံးလို့မရဘူး ပြီးတော့ လူလိမ်လို့လည်းအထင်ခံရတယ်....”

ရှောင်ယိ အတွေးများနေတာကို ရပ်လိုက်ကာ လက်ထောင်ပြလိုက်ပြီး သူပြောနေတာကို တားလိုက်သည်။

“ရှင်းပြဖို့မလိုပါဘူး ငါ မင်းကို ယုံပါတယ်”

ဒီချီးလို ချီရှန်းဂိုဏ်းတွေ အဆောက်အအုံတည်ဆောက်သည့်အရည်တွေတောင် ထွက်လာနေပြီကို လူလိမ် ဖြစ်နိုင်ပါ့မလား? ဒါက တခြားကျင့်ကြံရေးကမ္ဘာကနေ ရောက်လာတယ်ဆိုတာ သေချာနေတာပဲလေ

“System မင်းတို့ရဲ့အတွင်းပိုင်းစီမံခန့်ခွဲမှုက ဆိုးရွားလိုက်တာ? မင်းတို့အကုန်လုံး ဘယ်လို အလုပ်လုပ် နေကြတာလဲ? ငါ ဒီနေရာမှာ မပြောချင်ပေမဲ့ ခုက တခြားကျင့်ကြံရေးကမ္ဘာက လူတွေတောင် ဒီကိုရောက်လာကုန်ပြီ”

ရှောင်ယိ System ကမ္ဘာတစ်ခုလုံးအတွက်ပင် စိတ်ပူမိသွားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment