လမ်းပေါ်တွင် အသက်ကြီးသော မိန်းကလေးများနှင့် ငယ်ရွယ်သောချွေးမများစွာ ရှိလေသည်။ အားလုံးသည် နှစ်လိုဖွယ်ကောင်းပြီး ရှယိသည် ကြည့်ကောင်းသောတစ်ယောက် မြင်သောအခါ ထပ်မံကြည့်ရှုလိုက်လေသည်။ သူသည် ကောအာဖြစ်သဖြင့် အခြားသူများကို သူစိုက်ကြည့်နေလျှင်ပင် ဂရုမစိုက်ကြချေ။ ထိုအစား သူသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး တူညီသော လိင်များ၏ ကျေးဇူးတင်ခံရပြီး ကြည့်ခံရခြင်းကို ကြိတ်ပျော်နေလေ၏။
ထို့ကြောင့် ရှယိသည် လှပသောမိန်းမပျိုများကို သင့်တော်သော အပြုအမူဖြင့် စတင်ကြည့်ရှုကာ သက်ပြင်းချလိုက်လေ၏။
“၁၇၉ ပထမဆုံးအကြိမ် ကောအာဖြစ်တာ ကောင်းတယ်လို့ ငါထင်မိတယ်။”
လုပနုနယ်သော ကောအာ အနည်းငယ်လည်းရှိသေးပေသည်။ ရှယိသည် သူတို့ကို မတော်တဆ ကြည့်မိချိန်တိုင်းတွင် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် သူ့မျက်လုံးများသည် အလျင်အမြန် နေရာ ရွေ့သွားတတ်၏။
ဤအချိန်တွင် အမျိုးသားတစ်ဦးသည် နောက်မှ အစေခံနှစ်ယောက်လိုက်လာကာ လက်ဖက်ရည်ဆိုင် နားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ ဤလူငယ်သည် အဆင့်မြင့်ပိုးထည်ဖြင့် ပြုလုပ်ထားသော ရေခဲပြာရောင် ကုတ်အင်္ကျီ၊ အမဲရောင် ဖဲဘွတ်ဖိနပ်နှင့် သူ့ခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားလေသည်။ သူသည် ချမ်းသာသော မိသားစုတစ်စု၏ သားတစ်ယောက်နှင့် တူပေသည်။
“၁၇၉ သူသာ ပြီးပြည့်စုံတဲ့ သားဖြစ်ရင် ဒီထက်ပိုကောင်းအောင် ဝတ်စားထားမှာပဲ။”
“ငါသာ ချီရှန်းဂိုဏ်းကို တပည့်အဖြစ် ဝင်နိုင်မယ်ဆိုရင် ငါအဖေက ငါ့ကို အနည်းဆုံး အစေခံနှစ်ယောက် ထည့်ပေးလိုက်မှာပဲ။ အိမ်ဖော် တချို့တောင် ပါရင်ပါဦးမယ်။”
စနစ်သည် တိတ်ဆိတ်စေ၏။
သခင်လေးသည် ရှယိ၏အကြည့်များကို သတိထားမိသွားခြင်းဖြစ်နိုင်ပြီး လက်ဖက်ရည်ဝိုင်းဆီသို့ လျှောက်လှမ်းလာလေ၏။ ရှယိနှင့် သူသည် အကြည့်ချင်းဆုံသွားကာ အမိခံလိုက်ရခြင်းကြောင့် အနည်းငယ် ရှက်ရွံ့သွားပြီး သခင်လေးကို အနည်းငယ်ပြုံးပြလိုက်လေသည်။
သခင်လေးသည် ကြောင်သွားကာ အနည်းငယ် အံ့ဩသွားပြီးနောက် ရှယိကို ပြုံးပြလိုက်၏။
ရှယိတွင် ရွေးချယ်စရာမရှိဘဲ ထပ်မံခေါင်းညိတ် ပြလိုက်ရပြီး တခြားတစ်နေရာကို လှည့်ကြည့်လိုက်လေသည်။
သို့သော် သခင်လေးသည် ဆက်မလျှောက်သွားသေးချေ။ အနည်းငယ်ကြာပြိးနောက် ခေါင်းကို လှည့်လိုက်ကာ သူ့နောက်မှ အစေခံနှစ်ယောက်ကို ရှင်းပြလိုက်ပြီး လက်ဖက်ရည်စင်ဘက်သို့ ဆက်လျှောက်သွားလေသည်။ သူသည် ရှယိရှေ့သို့ ရောက်သောအခါ နှုတ်ဆက်လိုက်ပြီး ပြောလေ၏။
“ကျွန်တော် ယွီချန်ကျစ် က ဒီကကောလေးကို အမှတ်မထင် တွေ့သွားတာမလို့ ကောလေးရဲ့ “ဖန်းမင်”ကို သိခွင့်ရမလား။”
[T/N: ဖန်းမင် က နာမည် ဆိုတဲ့ အဓိပ္ပါယ်ပါ။ - နာမည် ဘယ်လို ခေါ်သလဲလို့မေးလိုက်တာပါ။ ဖန်းမင်ဆိုတာ မိန်းကလေးတွေရဲ့ နာမည် ကို ရည်ညွှန်းပါတယ်။ ]
ရှယိသည် ခဏတာလောက် ဆွံ့အသွားကာ မတုံ့ပြန်နိုင်ချေ။ ဤလူသည် သူ့ကို ရုတ်တရက် စကားလာပြောသည်ဖြစ်စေ တစ်စုံတစ်ယောက်က သူ့ကို “ဖန်းမင်(နာမည်)” ဟူသော စကားလုံးကို သုံးနှုန်းသည် ဖြစ်စေ ကိစ္စမရှိချေ။
ယွီချန်ကျစ်သည် ရှယိကို အပေါ်အောက်ကြည့်လိုက်ကာ ပြောလေ၏။
“ဒီက လက်ဖက်ရည်က မကောင်းဘူး။ ကော်လေးရဲ့ ပါးစပ်ညစ်ပတ်မခံပါနဲ့။ ကျေးဇူးပြုပြီး “ကျင်းဖုန့်လို” ဆီ ရွေ့ပေးနိုင်မလား။ ရေဖြစ်ဖြစ် ဝိုင်ဖြစ်ဖြစ် ပြင်ဆင်ပေးမယ်လေ။ မင်းစိတ်ထဲ စကားလေးတွေ ပြောကြတာပေါ့။”
'ဒါက ဒါက စကား ပြောဖို့လား။’
ဤကဲ့သို့ အခြေအနေကို ပထမဆုံးကြုံတွေ့ဖူးသော ရှယိသည် ထိတ်လန့်နေ့ပြီး ပြန်မဖြေနိုင်ချေ။
ယွီချန်ကျစ်သည် ပြုံးလိုက်ပြီး သူ့လက်ထဲမှ ယပ်တောင်အခေါက်ကို ဖြန့်လိုက်ကာ ရိုက်လိုက်၏။
“ကောင်းတဲ့ ပန်းဝတ်ရည်တွေ မရှိပေမယ့် ဝိုင်တော့ ပြင်ဆင်ပေးနိုင်ပါတယ်။ ဒီနေရာက ကြမ်းတမ်းပြီး ရိုးရှင်းနေတာ ကောလေးရဲ့ ပန်းလေးလို ကျောက်စိမ်းလေးလို မျက်နှာလေးနဲ့ ဘယ်လိုလို့လိုက်ပါ့မလဲ။”
“၁... ၁၇၉ ငါအခု ဗလက္ကာရ လုပ်ခံနေရတာလာ။”
ရှယိ၏စိတ်ထဲတွက် မိုးကြိုးပေါင်းများစွာ မြည်ဟီး ရိုက်ခတ်သွားနေလေသည်။
WTF, WTF, WTF, WTF!
“ဟုတ်ပါတယ် host”
စနစ်သည် ဒေါသထွက်စွာ ပြန်ဖြေလိုက်၏။
““ကျွန်တော်က ဒီကောအာလေး ပျော်ရွှင်ဖို့ အတွက် ငွေအချို့ကို အသုံးပြုနိုင်ပါတယ်။ ဒါက ကောတိုင်း ရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူးနော်။”
စနစ်သည် မတတ်နိုင်ဘဲ အပြစ်တင်နေမိပြီး သူသည် လွန်ခဲ့သော နှစ်ရက်အတွင်း အန်တီလီနှင့် အခြားသူများကို စစ်ဆေးနေကြောင်း ဝန်ခံလိုက်၏။
ရှယိသည် သူ့စိတ်ထဲမှ ထိတ်လန့်မှုကို ဖုံးဖိနိုင်ခဲ့ပြီး ဤလူကို တတ်နိုင်သမျှ မြန်မြန် ရှင်းပစ်ချင်နေသည်။ ထို့ကြောင့် ပေါ့ပါးစွာပြောလိုက်၏။
“မလိုပါဘူး။ ကျွန်တော်က လူတစ်ယောက်ကို စောင့်နေတာ ကျေးဇူးပြု၍ သွားနှင့်ပါ သခင်လေး”
အစပိုင်းတွက် အလွန်ယုံကြည်ချက်ပြည့်နေသော ယွီချန်ကျစ်သည် ဤအဖြေကို မမျှော်လင့်ထားသဖြင့် ကြောင်အနေလေ၏။ သို့သော် သူသည် လက်မလျှော့ဘဲ သူ့အင်္ကျီအနားကို မလိုက်ကာ ထိုင်လိုက်ပြီး ရှယိကို ပြောလိုက်လေသည်။
“ကောလေးက အခုပဲ ကြင်နာမှုကို ပြတဲ့အနေနဲ့ ခေါင်းညိတ် ပြလိုက်တာ။ ကောလေးကို မဖိတ်ဘူးဆိုရင် စိတ်ပျက်စရာ မဖြစ်သွားဘူးလား။”
ပြောပြီးနောက် သူသည် မျက်ခုံးကို ပင့်လိုက်ပြီး ရှယိကို ပြုံးပြလိုက်၏။ ဤအရာသည် ရှယိကို TV ပေါ်မှ ခေါင်းဆောင်တစ်ယောက်အား သတိပေးမိလိုက်သည်။
ရှယိ၏စိတ်သည် အပြင်းအထန် လှုပ်ရှားသွားပြီး
“သူ တစ်ခါမှ အရိုက်မခံရဖူးဘူးလား။”
ယွီချန်ကျစ်သည် ရှယိက စိတ်ထဲတွင် ဒေါသမီးတောက်နေသည်ကို မသိသောကြောင့် မျက်ခုံးကို ပင့်လိုက်ပြီး အပြုံးဖြင့် မေးလိုက်လေသည်။
“တစ်ယောက်ယောက်ကို စောင့်နေတာလို့ ပြောတယ်နော်။ ဘယ်သူ့ကို စောင့်နေတာလဲ။”
“တစ်ယောက်ယောက်ကို စောင့်နေတာပါဆို။ ငါ့ယောက်ျားကို ငါစောင့်နေတာ။”
အဖြောင့်တစ်ယောက်ဖြစ်သည့် ရှယိသည် အလွန် စိတ်မရှည်ကာ မယိုးမယွ ဖြစ်နေတော့၏။
ထိုစကားပြော ပြီးသည်နှင့် တစ်ပြိုင်နက် မဝေးသည့် ရထားလုံးအသံကို ကြားရပြီး ကုဝမ်ကျူ၏ အော်သံကိုပါ ကြားရ၏။
“ရှယိ သွားမယ်”
ကုဝမ်ကျူသည် ရထားလုံးအလွတ်ကို မောင်းလာပြီး လက်ဖက်ရည်ဆိုင်နားပြီး ဖြည်းညှင်းစွာ ရပ်လိုက်သည်ကို တွေ့လိုက်၏။ ယွီချန်ကျစ်နှင့် ရှယိတို့ကြားက ထူးဆန်းသည့်လေထုကို မြင်ပြီး သူ့မျက်နှာတွင် သံသယဝင်မှုများ ပေါ်လာလေသည်။
ယွီချန်ကျစ်၏ရှုပ်ထွေးနေသော အမူအရာကို မြင်ပြီးနောက် ရှယိက ကျည်ဆန်ကို ပြေးကိုက်ရုံမှအပ ရွေးချယ်စရာမရှိတော့ဘဲ အော်ပြောလိုက်၏။
“ယောက်ျား ရောက်ပြီလား” ပြောပြီးနောက်တွင် သူသည် ကုဝမ်ကျူ၏ မျက်နှာကို မကြည့်ဘဲ လျှောက်သွားလိုက်လေသည်။
ယွီချန်ကျစ်သည် ဆက်မပြုံးတော့ဘဲ ငြိမ်ငြိမ်ထိုင်နေ၏။ သူ့မျက်နှာမှာတော့ မကောင်းချေ။
ရှယိသည် သူ့လက်မောင်းကို ထပ်ကိုင်ရမလား သူ့ပခုံးပေါ် ခေါင်းမှီရမလားဟု တွေးတောလျက် ကုဝမ်ကျူဘက်ကို လျှောက်သွားလိုက်၏။
“များတယ်။ များတယ်။ ဒီသရုပ်ဆောင်တာကြီးက မကောင်းဘူး။ တောင့်တောင့်ကြီး ဖြစ်နေတယ်။” ၁၇၉သည် ချက်ချင်းတားလိုက်လေသည်။
ဤအခြေအနေကို မြင်ပြီးနောက် ကုဝမ်ကျူသည် ချက်ချင်း ခန့်မှန်းမိလိုက်၏။ သူသည် ရထားလုံးဘေးတွင် ရပ်နေလျက် ယွီချန်ကျစ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။ ရှယိ အနားရောက်လာသည်ကို မြင်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရထားလုံးထဲဝင်ရန် ကူညီပေးလိုက်၏။
ယွီချန်ကျစ်၏ ဒေါသများ မြင့်တက်လာပြီး အစေခံနှစ်ယောက်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ သူတို့သည် ခေါင်းညိတ်ပြကာ ရထားလုံးဆီသို့ လျှောက်သွားလေသည်။
သူတို့ထဲမှ တစ်ယောက်သည် ကုဝမ်ကျူကို လက်လှမ်းလိုက်ပြီး ပြောလိုက်၏။
“ကောလေး ကျွန်တော်တို့ သခင်လေးက ဂုဏ်ပြုထမင်းစားပွဲ ဖိတ်ချင်ပါတယ်။” ပြောပြီးနောက်တွက် နောက်တစ်ယောက်သည် ရထားလုံးထဲမှ ရှယိကို ဆွဲထုတ်ရန် လက်လှမ်းလိုက်လေသည်။
ထိုသူ့လက် အပြည့်အဝဆန့်မထုတ်ရသေးမီ ရှယိ၏အင်္ကျီများကိုပင် မထိမိသေးခင်တွင် ကုဝမ်ကျူထံမှ ကန်ခံလိုက်ရ၏။ လွင့်စင်သွားပြီး လမ်းဘေးမှ သစ်သားတိုင်ထံ ရိုက်မိကာ သူ့ပါးစပ်ထဲတွင် သွေးများစွာဖြင့် ချောင်းပင် မဆိုးနိုင်ချေ။
ဤသည်ကို မြင်ပြီး နောက်အစေခံတစ်ယောက်သည် ကျယ်လောင်စွာ အော်လိုက်ပြီး ကုဝမ်ကျူ၏မျက်နှာကို ပြေးထိုးလိုက်၏။ ကုဝမ်ကျူသည် မရှောင်ဘဲ သူ့လက်ကို တားရန် ဖမ်းလိုက်ပြီး နောက်ပြန် လိမ်လိုက်လေသည်။ နာကျင်မှုကြောင့် ငိုယိုကာ အစေခံ၏ ပခုံးလွဲသွားပြီး လက်တစ်ဖက်သည် အဆစ်လွဲသွားပြီး မျက်နှာမှာ ဖျော့တော့နေလေ၏။
ဒေါသထွက်စွာဖြင့် ယွီချန်ကျစ်သည် စားပွဲကို ရိုက်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။ သူသည် ရှေ့ဆက်သွားတော့မည်အပြု ကုဝမ်ကျူ၏ မှုန်ကုပ်နေသော အကြည့်များကိုမြင်ပြီး ခြေဖျားတွင် ကြက်သီးထမှုကို ချက်ချင်းခံစားလိုက်ရပြီး သူသည် အေးခဲသွားလေသည်။
ကုဝမ်ကျူသည် ထိုအစေခံနှစ်ယောက်ကို လျစ်လျူရှု့လျက် ရထားလုံးထဲသို့ ခုန်ဝင်လိုက်ပြီး ယွီချန်ကျစ်သည် မြေကြီးပေါ်တွင် အော်ဟစ်နေလေ၏။ လေအလျင်ဖြင့် ရထားလုံးသည် မြို့တော်၏ အနောက်ဘက်ကို ဦးတည်သွား၏။
ကျောက်တုံးလမ်းတွင် မြင်းခွာသည် တဒေါက်ဒေါက်မြည်နေပြီး သူတို့နှစ်ယောက်လုံးသည် စကားတစ်လုံးမျှ မပြောချေ။ ရှယိသည် သူက ကုဝမ်ကျူကို ပြဿနာပေးမိပြီ ထင်ပြီး အသက်ပင် ရှုမထုတ်ရဲချေ။
အနည်းငယ် လမ်းလျှောက်ပြီးနောက် ရှယိသည် ဘာပြောရမလဲ စဉ်းစားနေချိန်၌ ကုဝမ်ကျူသည် လုံးထွေးသောအသံဖြင့် ဒေါသအနည်းငယ်ပါနေကာ ရုတ်တရက်ပြောလေသည်။
“အနာဂတ်မှာ ဒီလိုကိစ္စတွေ ကြုံတွေ့ရတဲ့အခါကြရင် မကြောက်နဲ့။ ဘာပဲဖြစ်ဖြစ် ငါမင်းကို ကာကွယ်မှာ။ မင်းကို မခံစားစေရဘူး။”
ဤသည်ကို ကြားရသောအခါ ရှယိသည် ခံစားသွားရပြီး အနည်းငယ် ရင်ခုန်မိသွားလေသည်။ သူသည် သူ့လက်ကို ဝှေ့ယမ်းပြီး သူဘာမှ မနစ်နာနိုင်ကြောင်း ရှင်းပြတော့မည်အပြု ရုတ်တရက် သူသည် ပုံမှန်မဟုတ်သော ကမ္ဘာထဲတွင် ရောက်နေသည်ကို သတိရသွားလေသည်။
'ဒီကမ္ဘာထဲမှာ လောင်ကျစ် က ဒုက္ခရောက်တော့မှာလား။”
အလွန်ရိုကျိုးစွာဖြင့် ဟုတ်ကဲ့ဟု ပြောလိုက်လေသည်။ ခဏကြာသော် သူသည် စိတ်လှုပ်ရှားစွာပြောလိုက်၏။
“အစ်ကိုကျူက အရမ်းတော်တာပဲ။ ခုနက ကန်ချက်တွေက တော်တော်အားပြင်းတာနော်။”
ပြောပြီးနောက်တွင် သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အမူအရာတချို့ လုပ်ပြလိုက်လေသည်။
ကုဝမ်ကျူကို သူ့ကို ပြန်မဖြေချေ။ ရှယိသည် ဂရုမစိုက်ဘဲ အဝေးတစ်နေရာကို ငေးကြည့်နေလေ၏။ ခဏအကြာတွင် သူသည် ခေါင်းခါလိုက်ကာ သက်ပြင်းချလိုက်၏။
“ထင်မထားမိဘူး၊ ငါက အတော်လေး ဆွဲဆောင်မှုရှိနေတာလား”
ကုဝမ်ကျူ : ….
ကုဝမ်ကျူသည် မြေနေရာလွတ်တွင် ရထားလုံးကို ရပ်လိုက်ပြီး ကောင်လေးတစ်ယောက်ကို မြင်းအား အပ်လိုက်လေသည်။ ရှယိကို ထမင်းစားဖို့ ခေါ်သွားတုန်း ကောင်လေးကို မြင်းအား အစာကျွေးထားရန် ပြောထားလိုက်၏။
“အစ်ကိုကျူ ညစာစားဖို့ ဘယ်သွားကြမလဲ။ လက်ဖက်ရည်ဆိုင်ကနေ ကျင်းဖုန့်လို့ ကို မြင်ခဲ့တယ်။ တော်တော်စားကောင်းမယ့်ပုံပဲ။”
“သူ့နေရာက တော်တော်ဈေး ကြီးပြီးတော့ ချမ်းသာတဲ့ မိသားစုတွေ ဂုဏ်ပြုထမင်းစားပွဲလုပ်ဖို့ သွားကြတဲ့နေရာ။ စားစရာ ပမာဏသေးသေးတွေပဲ စားဖို့ “ရှင်းဝူလို” ကို သွားရအောင်”
ရှယိ: ….
‘ရှင်းဝူလို က သိုင်းကျင့်တဲ့နေရာမဟုတ်ဘဲ စားသောက်ဖို့ နေရာကြီးလား။’
ရှင်းဝူလို သည် အမှန်တကယ်ပင် စားသောက်ရန် နေရာဖြစ်ပြီး စီးပွားရေးလည်း အလွန်ကောင်းလေသည်။
ရှယိ ထိုင်ပြီးနောက်တွက် ကုဝမ်ကျူသည် ဝက်ခေါင်းသားတစ်ပွဲ၊ ကြက်ထမင်းကြော်တစ်ပွဲနှင့် ကြာစွယ်စင်းကော တစ်ပွဲစီကို မှာလိုက်လေသည်။ အခြားတစ်ဖက်တွင် ရှယိသည် ဝက်သားနှပ်နောက်တစ်ပွဲနှင့် မြည်းသားလေးပွဲကို မှာနေလေသည်။
စားပွဲထိုးသည် အလျင်အမြန်ဖြင့် ခေါက်တုံ့ခေါက်ပြန်သွားကာ အော်လိုက်လေသည်။ ပြီးနောက် စားစရာများ ခဏအကြာတွင် ရောက်လာလေ၏။
ရှယိသည် အလွန်အံ့ဩသွား၏။ ကမ္ဘာပေါ်ရှိ တန်ဆာဆင်ထားသော ဟင်းပွဲပြင်ဆင်မှုများလို မဟုတ်ပေ။ ဤကမ္ဘာတွင် ဟင်းပွဲသည် ပန်းကန်လုံးဖြင့် အပြည့်အမောက်ဖြစ်ပြီး ပန်းကန်တစ်လုံးစီတွက် အလေးချိန် အပြည့်ပင်။ ထို့ကြောင့် ရှယိသည် ပခုံးများကို လှုပ်ရှားလိုက်ပြီး စတင် စားသောက်လေသည်။ သူ့ပါးစပ်တွင် ဆီများဝေ့နေပြီး အလွန်ပျော်နေလေသည်။
သူ့ဘေးမှ လူများသည် သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေပြီး ထိုလူများသည် သူ့စားချင်စိတ်ကို မြင်ပြီး ပိုထိတ်လန့်သွားလေသည်။
ကုဝမ်ကျူသည် အရင်စားပြီးသွားကာ သူ့လက်မောင်းထဲမှ လေးလံသော အထုတ်ကို ထုတ်လိုက်ပြီး ရှယိထံ ပစ်ပေးလိုက်၏။
“ဒီမှာမင်းရဲ့ အာလူးကရတဲ့ ပိုက်ဆံ”
ရှယိသည် သူ့ပါးစပ်ထဲမှ ဝက်သားနှပ်ကို အမြန်မြိုချလိုက်ပြီး အသည်းအသန်ငြင်းလိုက်လေသည်။
“အစ်ကိုကျူရဲ့ အစားအသောက်တွေကို စားတယ် သောက်တယ်။ အိမ်မှာလည်း နေသေးတာကို ဒီပိုက်ဆံကို ဘယ်လိုယူရပါ့မလဲ။”
ကုဝမ်ကျူသည် လက်ခါပြလိုက်ပြီး ပြောလိုက်လေသည်။
“မင်းဒီ ပိုက်ဆံတွေကို စုထားသင့်တယ်။ ဒါမှ မိတ်ကပ်အတွက် ပိုက်ဆံ မရှိ မဖြစ်မှာ။ ကျန်တာနောက်မှ ဆက်ပြောရအောင်။”
ရှယိ: မိတ်ကပ်အတွက် ပိုက်ဆံ ??? !!!
ရှယိ၏ ထုံထိုင်းနေသော မျက်နှာကိုမြင်ပြီး ကုဝမ်ကျူသည် သူ့ကိုပြောလိုက်၏။
“လမ်းတစ်ဖက်မှာ ပေါင်ဒါဆိုင်ရှိတယ်။ နောက်ကြ နည်းနည်းဝယ်ထားလိုက်လေ။ ရွာက ကောအာတွေရော ချွေးမတွေရော အကုန် ဒီမှာဝယ်ကြတယ်လို့ ကြားတယ်။”
ရှယိကို သူ့ခေါင်းကို အလွန်အမင်းခါလိုက်ပြီး
“မလိုပါဘူး။ မလိုပါဘူး။ တကယ်မလိုပါဘူး။”
ပါးစပ်တစ်ခုအပြည့် ဝက်သားနှပ်ကို မြိုချလိုက်ပြီး စိတ်ရင်းဖြင့် ဆက်ပြောပြန်လေသည်။
“အစ်ကိုကျူ မပူပါနဲ့။ ကျွန်တော်ပေါင်ဒါကို တစ်ခါမှမသုံးဖူးဘူး။ အရင်တုန်းကလည်းမသုံးဘူး။ အခုလည်း မသုံးဘူး။ အနာဂတ်မှာလည်း သုံးမှာမဟုတ်ဘူး။”
သူ့ဆုံးဖြတ်ချက် ခိုင်မာသည်ကို မြင်ပြီး ကုဝမ်ကျူသည် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောသော်လည်း သူ့စိတ်ထဲတွင်ပို သနားသွားလေသည်။
'မှန်တာပဲ။ သေမတတ် ဆာလောင်နေတဲ့ ငါညီက သူငယ်ငယ်ကတည်းက တစ်နေ့လုံး အစားတစ်ကိုက်စားရဖို့ မျှော်လင့်ခဲ့ရပြီး သူ ဗိုက်မဝခဲ့ဘူး။အဲ့တော့ သူကဘယ်လိုလို့ ပြင်ဆင် နိုင်မလဲ။ မလိုဘူးဆိုရင် မသုံးဘူးပေါ့။ ဒါ သူ့အတွက် ကောင်းတယ်လို့ ထင်တယ်။ အနာဂတ်မှာ သုံးချင်တယ်ဆိုရင် သူ့ကို ခေါ်လာပြီး ဝယ်ပေးလို့ရတာပဲ။’
စားပြီးနောက် နှစ်ယောက်သားသည် လိုအပ်သည်များ သွားဝယ်ကြ၏။ ရှယိသည် ကြက်သွန်များနှင့် စမုန်နက်စေ့များ ဝယ်လာခဲ့သည်။ လိုအပ်သည်များဝယ်ပြီး အိမ်ပြန်ချိန်တွင် မှောင်နေလေပြီ။
လရောင်သည် ဖျော့တော့ပြီး လေညှင်းလေးသည် တိုက်ခတ်နေ၏။ မြင်းသည် ရွာသို့ အပြန်လမ်း တွင် ပြေးလွှားနေသည်။ ကာရံညီလှသော အသံဖြင့် ရှယိသည် သူ့ခေါင်းကို အမှုမဲ့အမှတ်မဲ့ စောင်းမိလိုက်ပြီး လက်ထဲတွင် မငြိမ်းသေးသည် မီးအိမ်ကို ကိုင်ထားလျက် ကုဝမ်ကျူပခုံးကို မှီပြီး အိပ်ပျော်သွားလေသည်။
ကုဝမ်ကျူသည် သူ့ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီ လက်ထဲမှ မီးအိမ်ကို ငြင်သာစွာ ယူလိုက်ကာ သူ့ဘေးရှိ အိတ်ထဲမှ ကုတ်အင်္ကျီကို ထုတ်လိုက်ပြီး ရှယိကို ခြုံပေးလိုက်ပြီး ကုတ်အင်္ကျီကို စိပေးလိုက်လေသည်။ ည၏အလင်းရောင်အောက်တွင် မြင်းကျာပွတ်သံတိုးတိုးကိုသာ အပြန်လမ်းတစ်လျှောက် သဲ့သဲ့လေး ကြားနေရ၏။