ဤအချိန်တွင် ကုဝမ်ကျူသည် ရှယိကို ရက်ပေါင်းများစွာ ရှက်ရွံ့သောအကြည့်ဖြင့် ကြည့်နေခဲ့၏။ သူ့မျက်လုံးများထဲတွင် ရှယိသည် မတည်ရှိသည့်အတိုင်းပင် သူ့ကို စကားတစ်လုံးမျှ မပြောချေ။ ထမင်းစားရန်ခေါ်သောအခါတွင် သူ့နာမည်ကို အော်မခေါ်ဘဲ ကြမ်းတမ်းသောအသံဖြင့် စကားလုံးနှစ်လုံးသာ ပြောလေသည်။
“စားမယ်”
အိမ်၌ တိတ်ဆိတ်သောမျှော်စင်ကဲ့သို့ပင်။
ရှယိသည် ထမင်းစားရန် သူ့ပါးစပ်ကိုပင် မဖွင့်ရဲဘဲ ကြောက်ရွံ့မှုထဲတွင် နေထိုင်ခဲ့ရသည်။ သူသည် ကုဝမ်ကျူကို ခိုးကြောင်ခိုးဝှက် ကွယ်ထားပြီး မတော်တဆတစ်ခုသည် သူ့ကို စိတ်တိုစေမည် ဆိုးသောကြောင့် ကြမ်းပြင်နှင့် အင်္ဂတေကို အလျင်အမြန် တံမြက်စည်းလှဲလေသည်။
‘မင်းက စိတ်ပုတ်ရုံတင်မကဘဲ စားတာမှ တော်တော်လေး တော်လို့ လူတိုင်းက မင်းစားတာကို ခံရပြီးပြီ။ အဲ့တော့ ဒီကနေ ထွက်သွားတော့။’
ထို့ကြောင့် ရှယိသည် အနပ်တိုင်းတွင် တစ်ဝက်သာစားပြီး ဗိုက်အလွန်ဆာသောကြောင့် ညလယ်ခေါင်တွင် ထိတ်ပျာနေ၏။ ထို့ကြောင့် သူသည် တစ်ခုခုစားရန် မီးဖိုချောင်ထဲသို့ လျှို့ဝှက်စွာ သွားလေသည်။
“၁၇၉ ကုဝမ်ကျူ နိုးပြီလား စစ်ကြည့်”
စနစ်: “အိပ်နေတယ်။”
သူသည် မီးဖိုချောင်ထဲသို့ ခြေဖျားထောက်သွားပြီး အစားအစာများကို လှန်လှောရှာဖွေလေသည်။ အမှောင်ထဲတွက် အိုးကိုထိလိုက်သောအခါ ‘ဘန်း’ဟူသော အသံထွက်ပေါ်လာပြီး ချက်ချင်း မရွေ့ရဲချေ။
“၁၇၉ ကုဝမ်ကျူနိုးပြီလား။”
စနစ်: “နိုးပြီ။ ဒါပေမယ့် မီးဖိုချောင်ဘက်ကို ကြည့်ပြီး ပြန်အိပ်ပျော်သွားတယ်။”
“ငါက မိသားစုကနေ ရက်ရက်စက်စက်ကို အနိုင်ကျင့်ခံခဲ့ရလို့ အရမ်းကြောက်တတ်တယ်။”
စနစ်: “စကားပြောမနေနဲ့။ အရင်ဆုံး စားရအောင်။”
“ငါ ညတိုင်း အစာထွက်ရှာပေမယ့် ကံကောင်းစွာနဲ့ အနည်းအများတော့ ရှာတွေ့တယ်။ အနည်းဆုံးတော့ ဗိုက်ဝတာပေါ့။”
......
ဤအချိန်အတွင်းတွင် ရှယိသည် နေ့စဉ် သူ၏ အာလူးဝေစုကို သွားကြည့်လေသည်။ ကုဝမ်ကျူနှင့် သူ၏ တစ်ဖက်သတ် သွေးအေးစစ်ပွဲနှင့်အတူ အိမ်ထဲရှိ လေထုသည်လည်း အေးခဲနေပုံပေါ်၏။ ထို့ကြောင့် အိပ်ချိန်နှင့် စားချိန်မှလွဲ၍ သူ၏ကျန်ရှိတဲ့အချိန်ကို လယ်ကွင်းထဲတွင် ဖြတ်သန်းလေသည်။
တဖြည်းဖြည်းဖြင့် ကုဝမ်ကျူ့မိထွေး၏တူသည် ငတ်မွတ်ခြင်းဘေးမှ ရွေ့ပြောင်းလာသည်ကို တစ်ရွာလုံး သိကုန်ကြလေပြီ။ သူသည် ဗိုက်ဆာတတ်ပြီးကြောက်လန့်တတ်သဖြင့် ယခု သူ့အာလူးဝေစုများကို ရသောအခါ နေ့တိုင်းကြည့်ရှုပြီး သူ့မျက်လုံးများသည် အစိမ်းရောင်တောက်ပလာကာ လယ်ကွင်းထဲတွက် အိပ်လို့ရလျှင် ကောင်းမည်ဟု ဆုတောင်းမိလေသည်။ ယင်းကို ကြည့်ရသည်မှာ အလွန်သနားဖွယ်ပင်။
ဤအရာကြောင့် ရှယိသည် ကရုဏာအပြည့်ရှိသော တစ်ရွာလုံးဖြင့် အလျင်အမြန် သိကျွမ်းသွားလေ၏။
“ရှယိ Tudou ကို ထပ်သွားတွေ့မလို့လား။”
“ဟုတ်ကဲ့ အန်တီလေး မနက်စာစားပြီးပြီလား”
“ရှယိ မင်းအာလူးတွေကို ဦးလေးကြည့်ပေးထားတယ်။ အညှောင့်မထွက်သေးဘူး။”
“ကျေးဇူးပါ အန်ကယ်ဝမ်”
“ပဲ ပဲ စေ့ စေ့ မြေ ကြီး”
“အစ်မဝမ် ရှောင်သန်း က အခု စကားပြောနိုင်နေပြီ။”
......
ရှယိသည် ဝမ်းနည်းသော မျက်နှာဖြင့် လယ်ကွက်၏အစွန်းတွင် ငုတ်တုတ်ထိုင်လိုပ်၏။ ရက်ပေါင်းများစွာကြာနေပြီး မြေကြီးများသည် အရင်အတိုင်းပေ။ အစေ့တစ်ခုမျှလည်းမရှိကာ မြေဆီဩဇာထဲတွင် အစေ့အားလုံးသေကုန်မည်မဟုတ်ချေ။
ညဘက်တွင် သူသည် အိပ်ယာထဲသို့ ပစ်လှဲလိုက်၏။ ရုတ်တရက်ထထိုင်ကာ ကုတ်အင်္ကျီဝတ်၊ ဖိနပ်စီးပြီး အပြင်ထွက်သွားလေသည်။
စနစ်: “ဘယ်သွားမလို့လဲ host”
ရှယိ: “ငါ့နေရာကို သွားကြည့်ရမယ်။ မဟုတ်ရင် အိပ်ပျော်မှာမဟုတ်ဘူး။”
စနစ်: ”မနက်ကပဲ သွားကြည့်ထားတာမဟုတ်ဘူးလား။”
ရှယိ: “ငါဘာလို့ အဲဒီလောက်တွေးမိလဲ မဆန်းဘူး။ နေ့လယ်က သွားမကြည့်မိဘူးကို”
စနစ်: ......
ရှယိသည် လယ်ကွင်းရိုးပေါ်တွင် နင်းလိုက်ကာ သူ့မျက်စိများမှိတ်ပြီး သွားနိုင်လောက်အောင် ရင်းနှီးနေပြီး သူ့မြေထံလမ်းလျှောက်သွား၏။
လရောင်သည် အဝေးမှကြည့်လျှင် ရေပြင်ကဲ့သိုပင်။ ပြီးနောက် အဝေးမှ သူတစ်ချက်ကြည့်ရုံဖြင့် လယ်ကွင်းထဲတွင် ကုန်းနေသော ပုံရိပ်ကို မြင်ရလေသည်။
ရှယိသည် ထိတ်လန့်သွားကာ ပြောလိုက်၏။
“၁၇၉ မြန်မြန်စမ်းကြည့်စမ်း ငါ့လယ်ကွင်းထဲမှာ ဘယ်သူလဲ။ ဘာလုပ်နေတာလဲ”
သူ့မျက်လုံးများလည်း မြေကြီးတစ်ခွင် လှုပ်ရှားလာပြီး တုတ်နှင့် ခဲလုံးများကို ရှာဖွေနေလေ၏။
“Fuck ငါ့အာလူးတွေကို ထိခိုက်အောင်လုပ်ရင် ငါသူ့ကို သတ်ပြစ်မယ်။”
စနစ်: “မလန့်ပါနဲ့ host အဲဒါ မင်းရဲ့ အာလူးခင်းတွေကို မြေဆွပေးနေတဲ့ ကုဝမ်ကျူပါ။”
ရှယိသည် ခဏအကြာလောက် တွန့်ဆုတ်သွားပြီးနောက် ခြေလှမ်းများရပ်တန့်ကာ ဂရုတစိုက်ကြည့်ရှုလေသည်။ ကုဝမ်ကျူ၏ပုံရိပ်ကို လယ်ကွင်းရိုးထဲတွင် ထိုင်နေပြီး တဖြည်းဖြည်းရွေ့ကာ အာလူးတွင်းများကို တဖြည်းဖြည်း မြေဆွပေးနေသည်ကို တွေ့နိုင်၏။
ရှယိသည် သူ့စိတ်ထဲတွင် နွေးထွေးမှုကို။ ရုတ်တရက်ခံစားလိုက်ရ၏။ ဤရက်ပိုင်းတွင် ကုဝမ်ကျူ လျစ်လျူရှုခြင်းကြောင့် ဝမ်းနည်းမှုနှင့် ပျင်းရိမှုများသည် အမှုမဲ့အမှတ်မဲ့ ပျောက်ကွယ်သွားလေသည်။
“၁၇၉ ကုဝမ်ကျူက လူတွေကိုလိုက်တာ ကောင်းတယ်လို့ ငါထင်တယ်။”
“ငါသူနဲ့ သွေးအေးစစ်ပွဲမဖြစ်ချင်ဘူး။”
ကုဝမ်ကျူသည် လယ်ကွင်းထဲတွင် မြေဆွပြီးနောက် အိမ်ပြန်လာပြီး ခြံဝင်ထဲသို့ ဝင်သည်နှင့်တစ်ပြိုင်နက် ရှယိ၏ အိပ်ခန်းကိုသူကြည့်လိုက်၏။ ပြတင်းပေါက်ကိုဖြတ်၍ အခန်းသည် မှောင်နေပြီး ရှယိသည် သေချာပေါက် အိပ်ပျော်နေလောက်ပေမည်။ သူသည် ဆေးကြောရန် အိမ်ဝင်း၏ထောင့်ကိုသွား၍ ရေသွားခပ်တော့မည်။ သို့သော် သူနောက်လှည့်လိုက်သောအခါ အဝတ်တန်းတွင် သူဒီနေ့လဲထားသော မလျှော်ရသေးသည့်အဝတ်များကို လှန်းထားသော ရေစက်လက်ကျနေသည့် အဝတ်များအဖြစ် တွေ့လိုက်ရလေသည်။
ကြိုးပေါ်၌ လေထဲတွင် ခါယမ်းနေသော မြင်မကောင်းသည့် ဘောင်းဘီတစ်ထည်လည်း ရှိသေးသည်။
ကုဝမ်ကျူသည် ထိုနေရာတွင် ငေးငိုင်ပြီး ရပ်နေလေသည်။ ခဏအကြာတွင် သူ့ခေါင်းကို ခါလိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ ရေတွင်းဆီသို့ ဆက်လျှောက်သွားလေသည်။
......
ထိုညက ကုဝမ်ကျူ မြေဆွပေးပြီး နှစ်ရက်အကြာတွင် အာလူးများ အညှောင့်ထွက်လာလေသည်။ အသစ်တူးထားသော အစေ့များသည် နူးညံ့လတ်ဆတ်စွာ နေထဲတွင် ဆန့်ထွက်လာလေသည်။ ရှယိသည် အာလူးကွင်းအစွန်းတွင် ရပ်လိုက်ပြီး ထိုထဲရှိ စိမ်းလန်းနေသော အညွန့်များကို ကြည့်ပြီး သူ့စိတ်ထဲတွင် ဖော်ပြလို့မရအောင် ပျော်ရွှင်နေလေသည်။
ပေါက်တူးများဖြင့် ဖြတ်သွားသော ရွာသားများသည်လည်း စိမ်းလန်းနေသော ကွင်းကို သတိထားမိကြ၏။
“ရှယိ မင်းအာလူးတွေ နောက်ဆုံးတော့ အညှောင့်ထွက်ပြီပေါ့”
“ဟုတ်တယ် အန်ကယ်ဝမ် မင်္ဂလာနံနက်ခင်းပါ”
“အိုး အစေ့တွင် ကြီးလာသည့်အထိ ရှယိက စောင့်ကြည့်ခဲ့တာပဲ။ မလွယ်ဘူးနော်။”
“မပူပါနဲ့။ အစေ့တွေက ကြီးလာမှာပဲကို။ မနက်စာဖို့ အန်တီလိ အသင့်ဖြစ်ပြီလား”
ရှယိသည် ရွာသားများကို အေးအေးဆေးဆေးဖြင့် အလွန်ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးရေးရေးဖြင့် သူသည် အလွန်တည်ငြိမ်နေပုံပေါ်သည်။
“၁၇၉ ၁၇၉ နောက်ဆုံးတော့ အစေ့တွေပေါက်လာပြီ။ ဟားဟားဟား အစေ့တွေပေါက်လာပြီ။ ဟားဟားဟား”
“၁၇၉ ငါမြေကြီးပေါ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက် လှိမ့်ချင်တာ”
“၁၇၉ ငါဒီအစွန်းကို တစ်ပတ်နှစ်ပတ်လောက် ပတ်ပြေးချင်တာ”
စနစ်:......
ရာသီဥတုသည် ပိုပူလာပြီး အချိန်ကြာလာလေလေ အာလူးအပင်ပေါက်များသည် ပိုကောင်းမွန်လာလေလေပင်။ လယ်ကွင်းစိမ်းများသည် အလွန်ကျေနပ်စရာကောင်းလှသည်။ ရှယိသည် ပိုးကောင်များဖမ်းပြီး ရေလောင်းကာ လယ်ကွင်းအစွန်းတွင်ထိုင်လျက် ၁၇၉နှင့် စကားပြောပြီး အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အပင်ပေါက်များ၏ ကြီးထွားမှုကို ဆွေးနွေးကာ တစ်နေ့ကို အကြိမ်ပေါင်းများသွာ သွားရောက်စစ်ဆေးလေ၏။
နှစ်လတွင် ရိတ်သိမ်းရန် အသင့်ဖြစ်မည်ကို တွေးမိလေသည်။ ရှယိသည် ယင်းကို အလွန်တမ်းတနေလေသည်။ ပထမအလုပ်ပြီးမြောက်သွားလျှင် ဤဝိဉာဉ်ကမ္ဘာမှ မြန်မြန်ထွက်ခွာရန် တစ်ဆင့်ပိုနီးကပ်လာသည်ဖြစ်၏။
ဤနေ့၏ နေ့ခင်းပိုင်းတွင် ရှယိနှင့် ကုဝမ်ကျူတို့သည် ခြံဝင်း၏ နေရိပ်သောသစ်ပင်အောက်တွင် စားသောက်လျက် ထိုင်နေကြသည်။ ရာသီဥတုမှာ ပိုပူလာသောကြောင့် သူတို့သည် မီးဖိုချောင်မှ ထမင်းစားပွဲကို ပို၍လင်းပြီး အေးမြသော အိမ်ဝင်းထဲသို့ ရွေ့လိုက်ကြ၏။
ဖြည်းညှင်းစွာဖြင့် မိုးတိမ်မဲတစ်ခုသည် လွင့်လာပြီး အိမ်ဝင်းငယ်၏ ထိပ်တွက် ရပ်တန့်သွားကာ ကောင်းကင်သည် တဖြည်းဖြည်းမှောင်လာ၏။ ထို့နောက် လျှပ်စီးများလက်ပြီး မိုးကြိုးပစ်ကာ မိုးရွာချလေတော့သည်။
ကုဝမ်ကျူသည် ထမင်းစားပွဲကို ကော်ရစ်ဒါသို့ အမြန်သယ်လာလေသည်။
ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင်သည် မှောင်မဲလာပြီး မိုးနှင့်အတူ ဆန်စေ့အရွယ် မိုးသီးများသည် ရောနှောကာ အိမ်ဝင်းတစ်ခုလုံးထဲသို့ တဖောက်ဖောက်ကျနေလေသည်။
ရှယိသည် သူ့အာလူးခင်းကို တွေးမိကာ စိတ်ထဲကညည်းလိုက်လေသည်။ ဘာမှမတတ်နိုင်ကာ ပန်းကန်လုံးနှင့် တူကိုချပြီး ကော်ရစ်ဒါတွင်ရပ်ကာ ကောင်းကင်သို့ စိတ်ပူပန်စွာ ကြည့်နေ၏။
“၁၇၉ ငါ့အာလူးခင်းတွေကို နည်းနည်းစိတ်ပူနေတယ်။ စစ်ပေးလို့ရလား”
“host အခုချိန်မှာတော့ အားလူးပင်ပေါက်တွေ ဘေးကင်းပါတယ် ပြီးတော့ မိုးသီးက အန္တရာယ်ဖြစ်ဖို့ မလုံလောက်ပါဘူး။”
မိုးသီးများသည် ခိုဥများကဲ့သို့ တဖြည်းဖြည်းကြီးလာပြီး မိုးနှင့်တစ်ဟုန်ထိုးကျလာပြီး မြေကြီးပေါ်တွင် ထူထဲသွား၏။ ခေါင်းပေါ်မှ အမိုးခင်းများ ကွဲကြေသံကို ကြားရပြီး ခြံထဲရှိ သစ်ရွက်များနှင့် သစ်ကိုင်းများ မြေကြီးပေါ်သို့ ပြုတ်ကျကုန်လေသည်။
“၁၇၉ အာလူးပင်ပေါက်တွေကို ထပ်စစ်ကြည့်ဦး”
ရှယိသည် သူ့လက်များကို ပွတ်သပ်လိုက်ပြီး စိတ်ပူပန်စွာ တံစက်မြိတ်အောက်တွက် ပတ်လျှောက်နေ၏။
“Host အာလူးပင်ပေါက်တွေ အန္တရာယ်ရှိနေပြီ။ အာလူးတွေက မိုးသီးဒဏ်ခံနိုင်တဲ့ သီးနှံပေမယ့်လို့ မိုးသီးက တော်တော်ကြီးနေတယ်။”
“မဖြစ်ဘူး ငါ့ရဲ့ မေ့အာလေး ကို တွေ့ဖို့ သွားရမယ်။” ရှယိသည် ရှေ့နောက်သွားနေသည်ကို ရပ်လိုက်လေသည်။
“ငါ အဲဒါကို ကာဖို့ အနီးက သစ်တောထဲသွားပြီး ငှက်ပျောရွက်ခူးမှဖြစ်မယ်။”
“Host အလုပ်က ဘယ်လောက်ပဲအရေးကြီးကြီး သင့်ရဲ့ လုံခြုံမှုလောက် အရေးမကြီးပါဘူး။”
အရေးပေါ်အခြေအနေတွက် ၁၇၉သည် ရှယိထက် ပိုတည်ငြိမ်ပေသည်။
“ငါထပ် မချုပ်ထိန်းနိုင်တော့ဘူး။ မစ်ရှင်ကျရှုံးရင် ငါအိမ်ဘယ်လိုပြန်ရမှာလဲ။”
မျက်နှာသစ်ရန် သစ်သားဘေစင်ကို အမြန်လိုက်ရှာပြီး မဲမှောင်နေသော ကောင်းကင်ကို ရှယိ မော့ကြည့်လိုက်ကာ သွားကြိတ်လိုက်ပြီး သစ်သားဘေစင်ကို ခေါင်းပေါ်တင်လျက် ပြေးထွက်သွားလေသည်။
“ဘယ်သွားမလို့လဲ”
ကုဝမ်ကျူသည် နောက်မှ အော်လိုက်လေ၏။
ရှယိသည် ပြေးလျက် ပြန်ဖြေလိုက်၏။
“ငါ့အာလူးပင်တွေကို သွားကြည့်မလို့”
ကုဝမ်ကျူသည် ဒေါသထွက်စွာ ဟိန်းဟောက်လိုက်လေသည်။
“သေချင် နေတာလား။ ဒီအချိန်မှာ အာလူးပင်တွေအကြောင်း စဉ်းစားနိုင်သေးတယ်။”
ရှယိသည် ပြန်မဖြေအားဘဲ သစ်သားဘေစင်ကို သူ့ခေါင်းပေါ်တင်လျက် အာလူးခင်းဘက်သို့ အမြန်ပြေးလေ၏။ မိုးသီးများသည် သစ်သားဘေစင်ကို ခြိမ့်ဝင်သွားစေပြီး တုန်လှုပ်သွားစေသည်။
“ငါ့ရဲ့ မေ့အာလေးတွေ တောင့်ခံထားရမယ်နော်။ ဖေဖေလာနေပြီ။ ဖေဖေက ငှက်ပျောရွက်တွေနဲ့ အုပ်ပေးမှာ”
“အား”
တိုတောင်းသော အော်သံဖြင့် ရှယိသည် ချော်ကာ ပြင်းပြင်းထန်ထန် လဲကျသွား၏။ သူ့လက်ထဲမှ သစ်သားဘေစင်သည် ချော်ထွက်ကာ ကုဝမ်ကျူသည် ဘေးသို့ လှိမ့်သွားလေသည်။
မိုးသီးများကို သူ့ကို ကျည်ဆန်များကဲ့သို့ လာမှန်ကာ သူသည် သူ့ခေါင်းကို လက်များဖြင့်ကာထားပြီး သစ်သားဘေစင်ကို လိုက်ရှာလေသည်။ ကျောနှင့် ပခုံးတို့သည် လွင့်ထွက်သောဒဏ်ကြောင့် အလွန်အမင်း နာကျင်နေသော်လည်း ယခုအချိန်တွင် ဂရုမစိုက်နိုင်ချေ။ သူသည် ထကာ လယ်ကွင်းဆီသို့ အမြန်သွားချင်လေသည်။ သူ မတ်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခြေကျင်းဝတ်သည် စူးရှစွာ နာကျင်လာပြီး ပြန်ထိုင်လိုက်ရ၏။
‘ငါ့ခြေကျင်းဝတ် လွဲသွားပြီ'
ရှယိသည် မိုးသီးများအောက်တွင် အနေခက်စွာ ထိုင်နေပြီး မျက်စိတစ်ဖက်မှိတ်ကာ သူ့ခေါင်းပေါ်ရှိ သစ်သားဘေစင်ကို ကိုင်ထားပြီး မတ်တပ်ရပ်ရန် ခက်ခဲနေလေသည်။
ဤအချိန်တွင် ရှယိ၏ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာလေသည်။ သူ့မျက်လုံးများသည် နက်မှောင်နေပြီး သူသည် ထူထဲသော အုန်းဆံခွံမိုးကာကို ခြုံထားပြီး မိုးသီးမှ နာကျင်မှုသည် သူ့ခန္ဓာကိုယ်ကို ချက်ချင်းထိသွားလေသည်။
ကုဝမ်ကျူ ရောက်လာခြင်းပေ။
ကုဝမ်ကျူသည် သူ့ကိုချီလိုက်ပြီး သူ့လက်မောင်းများထဲတွင် ဖက်ကာ အိမ်သို့ အမြန်ပြေးလေသည်။ ပြေးနေစဉ်တွင် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး မိုးသီးဒဏ်မှ ကာပေးရန် သူ့၏အပေါ်ပိုင်းခန္ဓာကိုယ်ကို အသုံးပြုလေသည်။
တစ်ခြမ်းပွင့်နေသော အိမ်ဝက်တံခါးကို ကန်ဖွင့်လျက် ကုဝမ်ပျူသည် ရှယိကို အိမ်ထဲသို့ အမြန်သယ်လာ၏။ ဝါးခုံပေါ်တွက် သူ့ကိုတင်ကာ လှဲစေပြီး ကုဝမ်ကျူသည် ငုတ်တုတ်ထိုင်လျက် မေးလေ၏။
“ကျိုးသွားတာလား”
ရှယိသည် ၀ါးကုတင်ပေါ်တွက် လှဲလျက် သူ့ခန္ဓာကိုယ်မှ နာကျင်မှုများကို ခံစားနေရသော်လည်း မည်မျှနာကျင်စေကာမူ ဖျက်စီးခံရသော ဝမ်းနည်းမှုကိူ မမှီချေ။ သူ့ခေါင်းကို လှည့်လိုက်ပြီး ခေါင်းဆိုးကာ ပြောလိုက်၏။
“ငါ့ မေ့အာလေး”
ကုဝမ်ကျူသည် ခဏရပ်တန့်သွားပြီး စိတ်ရှုပ်သွားကာ မေးလိုက်၏။
“အာလူးခင်းတစ်ခင်းပဲကို ဘာတွေတန်ဖိုးရှိနေလို့လဲ။ ပျက်စီးသွားရင် ပျက်စီးခံလိုက်ပေါ့။ ငါမင်းကိုထောက်ပံ့မှာပေါ့”
ရှယိသည် နှာသံဖြင့် ညည်းညူလိုက်၏။
“မင်းနားမလည်ပါဘူး။ ငါ့အပင်ပေါက်လေးတွေကိုပဲ လိုချင်တာ။ သူတို့က ငါ့အတွက် အရမ်းအရေးပါတယ်”
ပြောပြီးနောက်တွက် သူသဘ် တစ်ဖက်သို့လှည့်ကာ ထပ်စကားမပြောချင်တော့ဘဲ တိတ်တဆိတ် ဝမ်းနည်းနေ၏။
‘ဒီထူးဆန်းတဲ့ကမ္ဘာကို အကြောင်းအရင်းမရှိဘဲ ရောက်လာတာကို တွေးမိတယ်။ ငါ့အစ်ကိုသရုပ်မှန်ရဲ့ ကြောက်ရွံ့မှုကို ဖုံးကွယ်ပြီး အိမ်ပြန်ဖို့ အလုပ်ကြိုးစားနေတာ။ မျှော်လင့်ချက်လေးရလာပြီးတော့ မိုးသီးတွေက ဒီရက်တွေမှာ ငါ့မျှော်လင့်ချက်ကို ဖျက်စီးပစ်သွားတယ်။’
ရှယိသည် မျက်ရည်များ မထိန်းချုပ်ဘဲ ကျဆင်းလာပြီး ကုဝမ်ကျူကို မမြင်စေလိုသဖြင့် တိတ်တဆိတ်သုတ်ပစ်လိုက်လေသည်။
ခဏအကြာတွင် ရှယိသည် သူ့နောက်မှ တရွမ်းရွမ်းမြည်သံကို ကြားလိုက်ရလေသည်။ ကြည့်ရန် လှည့်လိုက်သောအခါ ကုဝမ်ကျူသည် ခမောက်ကို ဆောင်းထားပြီး အုန်းဆံခွံ့မိုးကာဝတ်ထားကာ အသုံးအဆောင်အခန်းထဲမှ ထုတ်လာသော ဝါးဖျာအချို့ကို ဆွဲယူလာပြီး သူ့လက်မောင်းအောက်တွင် လိပ်ထားကာ အပြင်ထွက်ရန် ပြင်လေသည်။
“ဘယ်သွားမလို့လဲ။ အပြင်မှာ မိုးသီးတွေအများကြီးကျနေတာ”
ရှယိသည် ကုဝမ်ကျူကို ဝိုးတိုးဝါးတားကြည့်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ထမှီလိုက်လေသည်။
“မင်းရဲ့ မေ့အာ လေးတွေကို ငါကယ်မယ်။”
ကုဝမ်ကျူသည် သူ့ကိုတစ်ချက်ကြည့်ကာ လှည့်သွားပြီး မိုးသီးမုန်တိုင်းထဲသို့ ပြေးထွက်သွားလေသည်။
“မသွားနဲ့ မသွားနဲ့”
ရှယိသည် သူ့ကို တားရန် ကြိုးစားသော်လည်း ကုဝမ်ကျူသည် အိမ်ဝင်း၏တံခေါက်ပေါက်ကို အမြန်ရောက်သွားပြီး တံခါးဖွင့်ကာ ပြေးထွက်သွားလေတော့သည်။