no

Font
Theme

ဖုန်းမျက်နှာပြင်ပေါ်မှာ ပလာစတာပတ်ထားတဲ့ လက်ချောင်းမှ သွေးစအနည်းငယ် စိမ့်ထွက်နေတာကို တွေ့လိုက်ရသည်။

လုရှီရန် က အပြစ်မကင်းသလို ခံစားလိုက်ရပြီး "နာနေသေးလား" ဟု မေးလိုက်သည်။ လုရှင်းမြန်နဲ့ စကားမပြတ် ပြောနေခြင်းကြောင့် သူ့ကို အာရုံစိုက်မှု လွဲသွားစေခဲ့တာလို့ ထင်မိသည်။

"မနာပါဘူး"

လုရှင်းမြန် က လက်ချောင်းလေးကို ကွေးပြလိုက်သည်။

"အဆင်ပြေပါတယ် သာမန် အရေပြား ပွန်းသွားတာပါ"

လုရှီရန် က ခေါင်းညိတ်ပြီး "ဂရုစိုက်နော်" ဟု မှာလိုက်သည်။

သေးငယ်တဲ့ မတော်တဆမှု ဖြစ်ခဲ့ပေမဲ့ လုရှင်းမြန် အမဲသားတွေကို အောင်မြင်စွာ လှီးဖြတ်နိုင်ခဲ့သည်။

သူက လှီးထားတဲ့ အမဲသားတုံးတွေကို ကင်မရာနားသို့ တမင်တကာ တိုးပြလိုက်ပြီး  "လုကော၊ ကြည့်ပါဦး" ဟု ပြောလိုက်သည်။

ထို့နောက် လုရှင်းမြန်က လုကောရဲ့ ချီးမွမ်းစကားကို ကြားလိုက်ရပြီး လုကောရဲ့ ချီးမွမ်းမှုကို ရရှိတဲ့အတွက် လုရှင်းမြန် အရမ်း ပျော်ရွှင်သွားခဲ့သည်။

ဗီဒီယိုဖုန်း ခေါ်ဆိုခြင်းက တကယ်ပဲ ကောင်းပုံရသည်။ လုကောက သူလုပ်နေတာတွေကို တိုက်ရိုက် မြင်တွေ့နိုင်သဖြင့် သူ အမှားလုပ်မိမဲ့ အခွင့်အရေးကို အများကြီး လျှော့ချပေးနိုင်သည်။

အမဲသားတွေကို လှီးပြီးနောက် ရေအေးတွင် ထည့်၍ ပြုတ်လိုက်သည်။ ရေဆူအောင် စောင့်နေစဉ်အတွင်း လုရှီရန်က လုရှင်းမြန် ကို ဂျင်းပြားများ၊ ကြက်သွန်မြိတ်ကြီးများနဲ့ ငရုတ်သီးခြောက် အနည်းငယ် ပြင်ဆင်ထားရန် ပြောလိုက်သည်။

လုရှီရန်: "မင်း အစပ်စားနိုင်ရဲ့လား။ မစားနိုင်ရင် ငရုတ်သီး ထည့်စရာ မလိုပါဘူး"

လုရှင်းမြန်က လွှတ်ခနဲ ပြောလိုက်မိသည်။

"ကျွန်တော် အစပ် စားနိုင်ပါတယ်။ မနေ့ညကတောင် အစပ်ခေါက်ဆွဲခြောက် စားသေးတာ..."

လုရှီရန်: "......"

လုရှင်းမြန်: "......"

လုရှင်းမြန်က သူ့အမှားကို ချက်ချင်း သတိရသွားပြီး အနေရခက်တဲ့ အခြေအနေကို ဖုံးကွယ်ရန် နှစ်ကြိမ်ခန့် ခပ်တိုးတိုး ရယ်မောလိုက်သည်။

သွေးမြှုပ်များ မရှိတော့ပါက မီးပိတ်လိုက်ပြီး အမဲသားတွေကို ဆယ်ကာ ရေနွေးဖြင့် စင်ကြယ်အောင် ဆေးကြောရမည်။

လုရှင်းမြန် ထပ်ပြီး ဒဏ်ရာရမှာကို စိုးရိမ်သဖြင့် လုရှီရန် က

"ဂရုစိုက်ပါ အပူမလောင်စေနဲ့ ဖြည်းဖြည်းလုပ် ဒဏ်ရာကိုလည်း ရေမထိစေနဲ့နော်" ဟု အသိပေးလိုက်သည်။

လုကောရဲ့ အသံက တကယ်ကို သာယာလှသည်၊၊ အထူးသဖြင့် ဂရုစိုက်တဲ့ လေသံနဲ့ ပြောတဲ့အခါ ပို၍ပင် နားထောင်လို့ ကောင်းနေခဲ့သည်။

လုရှင်းမြန် အနည်းငယ် ရှက်သွားပြီး

"ဟုတ်ကဲ့ သိပါပြီ" ဟု ပြန်ပြောလိုက်သည်။

သူက စောစောက လုကော ရယ်မောလိုက်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အာရုံလွင့်သွားခဲ့ခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် လုကောက သတိမထားမိဘဲ သူ့ကို ကမောက်ကမ ဖြစ်နေတယ်လို့ပဲ ထင်မှတ်သွားခဲ့သည်။

ပြုတ်ထားတဲ့ အမဲသားတွေကို ရေနွေးနဲ့ ဆေးကြောပြီးနောက် လုရှီရန်က လုရှင်းမြန်ကို မီးဖိုချောင်သုံး စက္ကူနဲ့ အမဲသားမှ ရေများကို သုတ်ခိုင်းလိုက်သည်၊၊ ဒါမှသာ နောက်မှ ဒယ်အိုးထဲ ထည့်တဲ့အခါ ဆီစင်ပြီး အပူလောင်ခြင်း မဖြစ်မည်ဖြစ်သည်။

လုရှင်းမြန် တုံ့ခနဲ ဖြစ်သွားပြီး

"လုကော ကျွန်တော် မီးဖိုချောင်သုံး စက္ကူ ပြင်မထားရသေးဘူး" ဟု ပြောလိုက်သည်။

လုရှီရန် က ထပ်မံ ရယ်မောလိုက်ပြီး

"မရှိရင်လည်း ရပါတယ် ဘာမှ မဖြစ်ပါဘူး"

ဟု ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် လုရှင်းမြန်ကို အရမ်း စိတ်မလှုပ်ရှားရန်နဲ့ ဟင်းချက်တာက ရိုးရှင်းကြောင်း သူက ဉာဏ်ကောင်းတာကြောင့် သေချာပေါက် ကောင်းကောင်း ချက်တတ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

သန့်ရှင်းတဲ့ ဒယ်အိုးကို အပူပေးပြီးနောက် လုရှင်းမြန်က ဆီထည့်လိုက်သည်။ ထို့နောက် ကင်မရာကို ဒယ်အိုးဆီကို လှည့်လိုက်ပြီး လုရှီရန် ကို

"လုကော ဒီဆီပမာဏ လုံလောက်ရဲ့လား" ဟု မေးလိုက်သည်။

လုရှီရန်: "လောက်တယ် ဆီပူလာရင် ကြက်သွန်မြိတ်နဲ့ ဂျင်း ထည့်ကြော်လိုက် ပြီးရင် အမဲသား ထည့်ပြီး အတူတူ လှော်ပေးပါ"

လုရှင်းမြန် အနည်းငယ် မသေချာတဲ့ လေသံနဲ့

"လုကော အမဲသား မထည့်ခင် ကြက်သွန်နဲ့ ဂျင်းကို ဘယ်လောက်ကြာကြာ လှော်ရမလဲ" ဟု မေးလိုက်သည်။

လုကောက အရမ်း အလေးအနက်ထားပြီး သေချာ သင်ပေးနေတာကြောင့် လုရှင်းမြန်က အမှားဖြစ်သွားမှာကို စိုးရိမ်နေခဲ့သည်။

လုရှင်းမြန်က လုရှီရန် ညွှန်ကြားတဲ့အတိုင်း အကြိမ်နှစ်ဆယ်ခန့် မွှေပေးလိုက်ပြီးနောက် ပြုတ်ထားတဲ့ အမဲသားတွေကို လောင်းထည့်ကာ ဆက်လက် လှော်လိုက်သည်။

ကင်မရာမှတစ်ဆင့် လုရှီရန်နဲ့ လုရှင်းမြန်တို့က မြင်ကွင်းတစ်ခုတည်းကို မြင်တွေ့နေရပြီး အမဲသားတွေ တဖြည်းဖြည်း အရောင်ပြောင်းလာတာကို ကြည့်နေကြသည်။

လုရှီရန်: "လုရှင်းမြန် အခု ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နဲ့ ခရုဆီတို့ကို အစဉ်လိုက် ထည့်လို့ရပြီ"

လုရှင်းမြန်က ဘေးနားရှိ အမွှေးအကြိုင်တွေကို ကပျာကယာ ဆွဲယူပြီး အိုးထဲထည့်မလို့ လုပ်စဉ် လုရှီရန် ရဲ့ တိုးညှင်းတဲ့ အသံက နားကြပ်မှတစ်ဆင့် လုရှင်းမြန်ရဲ့ နားထဲသို့ ရောက်ရှိလာခဲ့သည်။

"မလောပါနဲ့၊ ဖြည်းဖြည်းလုပ်ပါ"

လုရှင်းမြန်ရဲ့ ယောက်မ ကိုင်ထားတဲ့ လက်တွေက တုန်ယင်သွားပြီး ဘေးနားရှိ အခြား အမွှေးအကြိုင် ပုလင်းတစ်လုံးကို ကိုင်မြှောက်လိုက်သည်။

"ခဏစောင့်ပါဦး လုရှင်းမြန် မင်း ကိုင်ထားတာ ဘာလဲဆိုတာ အရင် ကြည့်ပါဦး"

လုရှီရန်ရဲ့ အသံက အလောတကြီး ဖြစ်နေခဲ့သည်။

လုရှင်းမြန် ကြည့်လိုက်မှ သူ ကိုင်ထားတာက နှစ်ရှည် အချဉ်ရည်ပုလင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သေချာ မကြည့်ခဲ့မိဘဲ အရောင်က ခပ်ဆင်ဆင် ဖြစ်နေခဲ့၍ ဖြစ်သည်။

လုရှင်းမြန် မှားလောင်းထည့်မိတော့မလို့ဟု တွေးလိုက်သည်။ ကံကောင်းစွာနဲ့ လုကော သတိထားမိလိုက်လို့ ပေါ့ မဟုတ်ရင် သူ တကယ်ပဲ အမွှေးအကြိုင်နဲ့ မှားထည့်မိတော့မှာဖြစ်ပြီး နောက်ဆုံးတွင် အမဲသား အရသာ ပျက်စီးသွားမည်မှာ အသေအချာပင် ဖြစ်သည်။

အမဲသားများ လှော်တာ ပြီးခါနီးပြီဖြစ်သည်။ လုရှင်းမြန်က လုရှီရန်ရဲ့ ညွှန်ကြားချက်အတိုင်း ရေနွေးကြိုထားသည်များကို အမဲသားများ မြုပ်ရုံမျှ အိုးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ဆား၊ သကြားခဲ အနည်းငယ်၊ ငရုတ်သီး အနည်းငယ်နဲ့ ဟင်းခတ်အမွှေးအကြိုင် အချို့ကို ထည့်လိုက်သည်။

မီးပြင်းပြင်းဖြင့် ဆူအောင် ကြိုပြီးနောက် မိနစ် ၄၀ မှ ၅၀ ခန့် ကြာမည့် မီးအေးအေးဖြင့် ပေါင်းစပ်နှပ်ထားတဲ့ လုပ်ငန်းစဉ်အတွက် မီးကို လျှော့လိုက်သည်။

ဗီဒီယိုထဲမှာ လုရှင်းမြန်ရဲ့ အသံက အရမ်း ပျော်ရွှင်နေပုံရသည်။

"လုကော အောင်မြင်သွားပြီထင်တယ်! အရမ်း မွှေးနေတာပဲ"

လုရှီရန်ကလည်း ပြုံးလိုက်ပြီး လုရှင်းမြန်ကို "တကယ် တော်တယ်" ဟု အားပေးလိုက်သည်။

လုရှီရန်က သူ့ရဲ့ ဟင်းချက်စွမ်းရည်ကို ချီးမွမ်းလိုက်တဲ့ အချိန်မှာပဲ ရှောင်ယို့ဇီ က သူ့ဦးလေးကို လာရှာခဲ့သည်။

"ဦးဦး ရှောင်ယို့ဇီ ပြင်ဆင်ပြီးပြီ အပြင် သွားကြရအောင်"

ထိုညတွင် လုမျိုးနွယ်စုရဲ့ ညစာစားပွဲ တစ်ခု ရှိနေခဲ့သည်။ လုရှီရန်က ရှောင်ယို့ဇီကို ခဏလောက် တစ်ယောက်တည်း ဆော့ကစားနေရန်နဲ့ သူ အလုပ်ပြီးပါက အပြင်လိုက်ပို့မည်ဟု ပြောခဲ့သည်။ ရှောင်ယို့ဇီက ခဏမျှ ဆော့ကစားပြီးနောက် ဦးလေးဖြစ်သူ သူမကို လာမရှာသေးသဖြင့် ကိုယ်တိုင် လာရှာရာ ဦးလေးဖြစ်သူမှာ ဖုန်းဆော့နေတယ်လို့ ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။

ဖုန်းရဲ့ အခြားတစ်ဖက်မှ လုရှင်းမြန်က ကလေးတစ်ယောက်ရဲ့ ကြည်လင်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုကလေးက လုကော ကို "ဦးလေး" ဟု ခေါ်နေပြီး ကလေးရဲ့ အမည်မှာ ရှောင်ယို့ဇီ ဖြစ်သည်။

ရှောင်ယို့ဇီရဲ့ စကားကြောင့် လုရှင်းမြန် က လုကော တစ်ယောက် ညစာစားရန် အပြင်ထွက်ရမည် ဖြစ်ပေမဲ့ သူ့ကြောင့် နှောင့်နှေးကြန့်ကြာသွားရသည်ဟု သတိထားမိလိုက်သည်။

လုကော ဘက်မှ အခြေအနေကို မသေချာသဖြင့် လုရှင်းမြန် ဘာမှ မပြောဘဲ နေလိုက်သည်။

ထို့နောက် လုကောက ကလေးကို ချော့မော့ပြောဆိုနေတဲ့ အသံကို ကြားလိုက်ရသည်။

"ရှောင်ယို့ဇီ လိမ္မာတယ်နော် ဖေဖေနဲ့ မေမေ့ဆီ အရင်သွားနှင့်နော် ဦးဦး ခဏနေရင် လာခဲ့မယ်"

ကလေးကို ချော့မော့တဲ့အခါမှာလည်း လုကောက ထိုမျှပင် နူးညံ့သိမ်မွေ့ပေသည်။

ရှောင်ယို့ဇီ ထွက်သွားပြီးနောက် လုရှီရန် က လုရှင်းမြန်ကို "လုရှင်းမြန် နားထောင်နေရဲ့လား" ဟု မေးလိုက်သည်။

လုရှင်းမြန်က ချက်ချင်းပင်

"လုကော နားထောင်နေပါတယ် သွားစရာရှိတာ သွားပါဦး" ဟု ပြန်ဖြေလိုက်သည်။ လုကောမှာ ညနေပိုင်း အစီအစဉ်ရှိမှန်း သတိမထားမိခဲ့ပါ။ သိခဲ့ပါက ဟင်းချက်သင်ပေးရန် တောင်းဆိုခဲ့မည် မဟုတ်ပေ။

လုရှီရန် က"အင်း မသိတာရှိရင် ကြိုက်တဲ့အချိန် ဖုန်းဆက်မေးလို့ရပါတယ်" ဟု ပြောလိုက်သည်။

"မေးစရာ မရှိတော့ပါဘူး"

လုရှင်းမြန်က "လုကော အာလူးတွေကို ဘယ်အချိန်ကျရင် ထည့်ရမလဲ" ဟု မေးလိုက်သည်။

လုရှီရန် ခဏမျှ စဉ်းစားလိုက်ပြီး

"အိုးထဲမှာ အရည် နည်းနည်းကျန်တဲ့အချိန်ကျရင် အာလူးတွေ ထည့်လို့ရပြီ၊၊ ကျက်သွားရင် နံနံပင် နည်းနည်း အပေါ်က အုပ်လိုက်ပါ" ဟု ပြောခဲ့သည်။

လုရှင်းမြန် က တိုးညှင်းစွာ "ကျွန်တော် နံနံပင် မကြိုက်ဘူး" ဟု ရေရွတ်လိုက်သည်။

လုရှီရန် သေချာ မကြားလိုက်ရသဖြင့် "စောစောက ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ဟုတ်ကဲ့ သိပါပြီ။ ကျေးဇူးပါ လုကော တာ့တာနော်" ဟု လုရှင်းမြန် ပြောလိုက်သည်။

ဗီဒီယိုကော ပိတ်လိုက်ပြီးနောက် လုရှင်းမြန်က အိုးထဲမှ ဟင်းရည်ကို ကြည့်လိုက်ရာ အများကြီး ကျန်နေသေးသဖြင့် နောက်ထပ် မိနစ် ၃၀ မှ ၄၀ ခန့် နှပ်ထားရန် လိုအပ်မည်ဖြစ်သည်။ ထိုအတောအတွင်း သူ အိမ်စာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ပုစ္ဆာ နှစ်ပုဒ် တွက်ပြီးနောက် လုရှင်းမြန် ရုတ်တရက် အကြောင်းတစ်ခုကို သတိရသွားခဲ့သည်။ လုကော မှာ တူမလေး ရှိနေတာပဲကို လွန်ခဲ့တဲ့ အကြိမ်တုန်းက Universal Studios VIP လက်မှတ်တွေကို ပေးစရာ လူမရှိဘူး၊ လက်တွဲဖော် ဒါမှမဟုတ် အတူသွားမယ့်သူ မရှိဘူးလို့ ဘာလို့ ပြောခဲ့တာပါလိမ့်။

လုကောမှာ တူမလေး ရှိနေတာကို ထိုလက်မှတ်တွေကို တူမလေးတို့ မိသားစု သုံးယောက် အတူသွားနိုင်အောင် ဘာလို့ မပေးခဲ့တာလဲ။ ပေးစရာ လူမရှိဘူးလို့ ဘာလို့ ပြောခဲ့တာပါလိမ့်။

လုရှင်းမြန်က ထိုအကြောင်းကို စဉ်းစားမိရုံသာမကဘဲ အလွန်အရေးကြီးတဲ့ အခြားအရာတစ်ခုကိုပါ သတိရသွားခဲ့သည်။ သူ ထမင်း မချက်ရသေးပါ! လုရှင်းမြန် မီးဖိုချောင်သို့ အမြန်သွားကာ ဆန်ဆေးပြီး ထမင်းတည်လိုက်သည်။ သူတစ်ယောက်တည်းအတွက် ဆန်တစ်ဝက် ခွက်စာဆိုလျှင် လုံလောက်ပေသည်။

မိနစ် လေးဆယ် ကြာပြီးနောက် လုရှင်းမြန် အိုးထဲမှ အမဲသားကို သွားကြည့်လိုက်သည်။ ဟင်းရည် အနည်းငယ် ကျန်နေသေးသဖြင့် အာလူးထည့်ရမည့် အချိန်ရောက်ပြီဖြစ်သည်။

သူက စိတ္တဇဖြင့် လုကော ကို မေးချင်သွားပေမဲ့ လုကော တစ်ယောက် မိသားစုနဲ့အတူ ညစာစားနေလောက်ပြီဆိုတာကို သတိရသွားခဲ့သည်။

လုရှင်းမြန် အာလူးထည့်တော့မဲ့ အချိန်မှာပင် လုရှီရန် ထံမှ WeChat စာ ရောက်လာခဲ့သည်။

မိသားစုနဲ့အတူ ညစာစားနေတဲ့ လုရှီရန်က လုရှင်းမြန် အိမ်စာလုပ်ရင်း မီးဖိုချောင်မှ အမဲသားအိုးကို မေ့သွားမှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

အကြောင်းမှာ သူက ပဲငံပြာရည်အကြည်နဲ့ နှစ်ရှည် အချဉ်ရည်တို့ကိုတောင် မှားနိုင်တဲ့ အထက်တန်းကျောင်းသားတစ်ဦး မဟုတ်ပါလား၊၊ ထို့ကြောင့် လုရှီရန်က အချိန်ကို မှတ်ထားပြီး ကျက်ခါနီးအချိန်တွင် လုရှင်းမြန် ကို သတိပေးစာ ပို့လိုက်ခြင်းဖြစ်သည်။

လုရှီရန်: [အိုးထဲက အမဲသားအိုးကို မမေ့နဲ့ဦးနော်]

လုကော ထံမှ WeChat စာကို ရရှိလိုက်တဲ့အခါ လုရှင်းမြန် ရုတ်တရက် ဝမ်းသာသွားခဲ့သည်။ လုကောက သူ့ကို ဂရုစိုက်တော့မှာ မဟုတ်ဟု ထင်ထားခဲ့ပေမဲ့ မမျှော်လင့်ဘဲ လုကောက သတိရနေဆဲဖြစ်ပြီး သူ့ကိစ္စတွေကို အလေးထားပေးနေခဲ့သည်။

လုရှီရန်: [အခု အာလူးတွေ ထည့်လို့ရလောက်ပြီ။ အာလူးတွေ ထည့်ပြီးရင် အဖုံးအုပ်ပြီး နောက်ထပ် ၁၀ မိနစ်လောက် ဆက်နှပ်ထားပါ]

လုရှင်းမြန် က ဓာတ်ပုံရိုက်ပြီး လုရှီရန် ထံ ပို့လိုက်သည်။

လုရှင်းမြန်: [လုကော ဟင်းရည် ဒီလောက်ပဲ ကျန်တော့တာ အာလူး ထည့်လို့ရပြီလား]

လုရှီရန်: [အင်း ထည့်လို့ရပြီ]

အာလူးများ ထည့်ပြီးနောက် လုရှင်းမြန် ခဏမျှ စဉ်းစားလိုက်သည်။

လုရှင်းမြန်: [လုကော ဒီညရော ကျွန်တော့်ကို အိပ်ရာဝင် ပုံပြင်ပြောပြဦးမှာလား]

လုရှင်းမြန် တွေးလိုက်တာက လုကောဟာ မိသားစုနဲ့အတူ ရှိနေတာဆိုတော့ အချိန်ရမှာ မဟုတ်ဘူးဟု ထင်မိသည်။

လုရှီရန်: [ဒါပေါ့ မင်းက အခု ငါ့ရဲ့ အကြီးမားဆုံး အလုပ်ရှင်ပဲ တစ်ဦးတည်းသော အလုပ်ရှင်လေ]

လုရှင်းမြန် ခပ်တိုးတိုး ရယ်မောလိုက်ပြီး လုကောရဲ့ အချိန်တွေကို ပိုဝယ်ထားသင့်တယ်လို့ တွေးလိုက်မိသည်။

မကြာမီ အာလူး အမဲသားနှပ် ကျက်သွားခဲ့သည်။ လုရှင်းမြန် မြည်းကြည့်ရာ အရသာမှာ အလွန်ကောင်းမွန်ပြီး အမဲသားညှီနံ့လည်း လုံးဝမရှိပေ။ အမဲသားတုံးများမှာ နူးညံ့ပြီး စားရလွယ်ကူကာ အမဲသားရော အာလူးပါ အရသာ ရှိလှသည်။

မကြာမီ အာလူး အမဲသားနှပ် ကျက်သွားခဲ့သည်။ လုရှင်းမြန် မြည်းကြည့်ရာ အရသာမှာ အလွန်ကောင်းမွန်ပြီး အမဲသားညှီနံ့လည်း လုံးဝမရှိပေ။ အမဲသားတုံးများမှာ နူးညံ့ပြီး စားရလွယ်ကူကာ အမဲသားရော အာလူးပါ အရသာ ရှိလှသည်။

လုရှင်းမြန်က အမဲသားတွေကို ပန်းကန်ထဲ ထည့်ကာ ဓာတ်ပုံရိုက်ပြီး လုကော ထံ ပို့လိုက်သည်၊၊ အာလူး အမဲသားနှပ် အောင်မြင်သွားရုံသာမကဘဲ အလွန်ပင် အရသာရှိကြောင်း ပြောပြလိုက်သည်။

အခြားတစ်ဖက်တွင် လုရှီရန်က လုရှင်းမြန် ပို့လိုက်တဲ့ ဓာတ်ပုံကို မြင်သောအခါ ပြုံးလိုက်သည်။

ကြည့်ရတာ အရမ်း စားချင်စရာကောင်းလှသည်။

ကလေးတွေမှာ အမြဲတမ်း အားပေးမှုကို လိုအပ်သဖြင့် လုရှီရန် က လုရှင်းမြန်ကို ချီးမွမ်းလိုက်သည်။

လုရှီရန်နဲ့ မလှမ်းမကမ်းမှ ရှောင်ယို့ဇီ ရောက်လာပြီး သူ့ကို ဆွဲကာ

"ဦးဦး သမီး ပုံပြင်စာအုပ်တွေ အများကြီး ထပ်ယူလာတယ်၊၊ အကုန်လုံး အရမ်းကောင်းတယ်၊၊ ဦးလေးကို အကုန် ပေးမယ်နော်" ဟု ပြောလိုက်သည်။

ဦးလေးဖြစ်သူက အစ်ကိုကြီးတစ်ယောက်ကို အိပ်ပျော်အောင် ပုံပြင်ပြောပြရမှာဖြစ်ပြီး ထိုအစ်ကိုကြီးမှာ သူ့ ပုံပြင်တွေကို နားထောင်မှသာ အိပ်ပျော်နိုင်မည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် ရှောင်ယို့ဇီ က သူမရဲ့ အိပ်ရာဝင် ပုံပြင်စာအုပ်တွေကို ဦးလေးဖြစ်သူအား ပေးလိုက်ခြင်း ဖြစ်သည်၊၊ ဘာပဲဖြစ်ဖြစ် သူမထံတွင် စာအုပ်များစွာ ရှိနေသည်မဟုတ်ပါလား။

ထိုစကားကို ကြားတဲ့အခါ လုယွီက လုရှီရန်နဲ့ ရှောင်ယို့ဇီ တို့ကို ကြည့်လိုက်သည်။ လူကြီးနဲ့ ကလေးမှာ အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံနေကြသည်။ ရှောင်ယို့ဇီက လွန်ခဲ့တဲ့ အချိန်က သူမရဲ့ ဦးလေးမှာ တစ်စုံတစ်ယောက်ကို ပုံပြင်ပြောပြနေရတယ်လို့ ပြောခဲ့ဖူးတာကို သူ သတိရသွားခဲ့သည်။ ထိုသူမှာ လုရှီရန်ရဲ့ "မြှီးရှင် (ကြွေးရှင်)" လည်း ဖြစ်ပေသည်။

သူက ရှောင်ယို့ဇီရဲ့ ပုံပြင်စာအုပ်တွေကို ဘာကြောင့် လိုအပ်တာပါလိမ့်။

ထိုလူမှာ ရှောင်ယို့ဇီနဲ့ အသက်ရွယ်တူ ကလေးတစ်ယောက်များ ဖြစ်နေမလား။

"မြှီးရှင်" နဲ့"ကလေးများအတွက် အိပ်ရာဝင် ပုံပြင်စာအုပ်များ"ထိုအချက်အလက်တွေမှာ အလွန်ပင် ထင်ရှားလွန်းလှသည်။

လုယွီမှာ အံ့အားသင့်ဖွယ် ကောက်ချက်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

သူက လုရှီရန်ကို သီးသန့် ခေါ်ထုတ်လိုက်သည်။

"လုရှီရန် မင်းမှာ ကလေး ရှိနေတာလား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment