no

Font
Theme

အကောင့်သစ် (Contact) ကို အက်ဒ်လုပ်ပြီးနောက် လူရှင်းမြန်ဟာ အခြားတစ်ဖက်မှ သူငယ်ချင်းအဖြစ် လက်ခံပေးမည်ကို စောင့်နေခဲ့သည်။ ဒါပေမဲ့ အတော်ကြာတဲ့အထိ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ဘဲ အက်ဒ်ကို လက်မခံသေးပေ။ လုရှင်းမြန် အချိန်ကို ကြည့်လိုက်ရာ နံနက် ၅ နာရီကျော်နေပြီ ဖြစ်သည်။ ဒီလိုအချိန်မျိုးတွင် သူမှလွဲ၍ ကျန်တဲ့သူအားလုံး အိပ်ပျော်နေကြလောက်ပြီ ဖြစ်သဖြင့် တစ်ဖက်မှလူလည်း အိပ်ပျော်သွားပြီဖြစ်ရမည်။ သို့မဟုတ်ပါက ထိုသူတွင် အော်ဒါတစ်စုံထက်မက ပိုရှိနေ၍လည်း ဖြစ်နိုင်သည်။

ဖုန်းကို ဘေးမှာချပြီး လုရှင်းမြန် တစ်လူးလူးတစ်လှိမ့်လှိမ့် ဖြစ်နေခဲ့ပြီးမှ နောက်ဆုံးတွင် အိပ်ချင်စိတ် ရောက်လာခဲ့သည်။ သူ ချက်ချင်းပင် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားခဲ့သည်။ နှစ်နာရီပင် မပြည့်သေးတဲ့ အချိန်အတွင်း ပြန်နိုးလာခဲ့၏။ နိုးလာတဲ့အခါ အလွန်ပင်ပန်းသလို ခံစားရပေမဲ့အနည်းဆုံးတော့ နှစ်နာရီနီးပါး အိပ်စက်ခွင့် ရခဲ့သည်။

အိပ်ရေးမဝသူ အများစုက မျက်ကွင်းညိုတတ်ကြပေမဲ့ လုရှင်းမြန်ကတော့ ကင်းလွတ်ခွင့်ရနေပုံပေါ်သည်။ မျက်နှာအသား အရေမှာ ပုံမှန်ထက် နည်းနည်းဖြူဖျော့နေတာက လွဲရင် မျက်ကွင်းညိုခြင်း မရှိပေ။ ဒါကြောင့် သူ့ကို ပြင်းထန်တဲ့ အိပ်မပျော်တဲ့ရောဂါ (Insomnia) ခံစားနေရသူဟု မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်ပေ။

လူရှင်းမြန်က လူနေတိုက်ခန်း အဝင်ဝမှာ မနက်စာ အချို့ဝယ်ယူပြီး အထက်တန်းကျောင်းသစ်ဖြစ်တဲ့

"SS City No. 1 High School" သို့ သွားရန် ဘတ်စ်ကားစီးခဲ့သည်။

လုလင်မယားနှစ်ယောက်က ထိုကျောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်း အားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ကြသည်။ လုရှီးမြန်ကို ထွက်သွားစေရန် ဆုံးဖြတ်ပြီးနောက်တစ်နေ့တွင်ပင် ကျောင်းနဲ့ ဆက်သွယ်၍ ရာထူးတိုး/ပြောင်း ရေးစာရွက်စာတမ်းများကို စီစဉ်ခဲ့ကြရာ လုရှင်းမြန်ကို မိသားစုမှ အမြန်ဆုံး အဝေးကို ပို့ချင်နေကြတဲ့ သဘောဖြစ်သည်။

ယေဘုယျအားဖြင့် အထက်တန်း နောက်ဆုံးနှစ် (Senior year) ကျောင်းသားတွေက အရေးကြီးတဲ့ နှစ်ဖြစ်တာကြောင့် ကျောင်းပြောင်းလေ့ မရှိကြပေ။ ကျောင်း ဒါမှမဟုတ် သင်ယူမှုပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲသွားခြင်းက အတိုင်အတာတစ်ခုအထိ ကျောင်းသားရဲ့ အမှတ်များကို ထိခိုက်စေတတ်သည်။ အတန်းပိုင်ဆရာမသက လုရှင်းမြန်ရဲ့ ပညာရေးမှတ်တမ်းကို ကြည့်ရင်း အံ့အားသင့်သွားကာ အကြောင်းရင်း မည်သို့ကြောင့် ပညာသင်နှစ်ဝက်အတွင်း နှစ်ကြိမ်တိုင်တိုင် ကျောင်းပြောင်းရသနည်းဟု အံ့ဩနေခဲ့သည်။ ဒါပေမဲ့ အမှတ်တွေကို ကြည့်ခြင်းအားဖြင့် လုရှီးမြန်ဟာ ထိခိုက်မှု လုံးဝမရှိသလောက်ဖြစ်ကာ သူ့ရဲ့ စာပေထူးချွန်မှုမှာ မယုံနိုင်စရာကောင်းအောင် ကောင်းမွန်နေခဲ့သည်။

အတန်းပိုင်ဆရာမ လီမေ့က လုရှီးမြန်ကို အတန်းသစ်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုသို့ဖြင့် လုရှီးမြန်ဟာ SS City No. 1 High Schoolရဲ့ အထက်တန်း နောက်ဆုံးနှစ်၊ အတန်း (၅) မှ ကျောင်းသားတစ်ဦး ဖြစ်လာခဲ့သည်။

ဆရာသစ်များနဲ့ အတန်းဖော်သစ်များက အလွန် သဘောကောင်းကြပြီး ကျောင်းသားသစ်ဖြစ်၍ ငြင်းပယ်ခြင်းမျိုး လုံးဝမရှိကြပေ။ လုရှီးမြန်အနေဖြင့် သင်ယူမှုပတ်ဝန်းကျင်သစ်၊ ဆရာတွေနဲ့ အတန်းဖော်သစ်တွေကြား အဆင်ပြေအောင် နေထိုင်ရန် အခက်အခဲ မရှိခဲ့ပါ။ အချိန်တိုအတွင်း နှစ်ကြိမ်တိုင်တိုင် ကျောင်းပြောင်းခဲ့ရသဖြင့် သူက ကျင့်သားရနေပြီ ဖြစ်သည်။

အတန်းဖော်သစ်တွေက သူ့ကို ကောင်းမွန်စွာ ဆက်ဆံကြသည်။ အတန်းခေါင်းဆောင်လည်းဖြစ်၊ ဘေးချင်းကပ် အတန်းဖော်လည်းဖြစ်သူ ချန်ချဲ့က လုရှင်းမြန်အား လက်ရှိ စာသင်ကြားမှု အခြေအနေတွေကို တက်ကြွစွာ ရှင်းပြပေးခဲ့သည်။ ကျောင်းအကြောင်း မိတ်ဆက်ပြီးနောက် ချန်ချဲ့က စိတ္တဇဖြစ်ကာ "မင်းက ဘာလို့ ဒီလိုအချိန်ကျမှ ကျောင်းပြောင်းတာလဲ" ဟု မေးခဲ့သည်။ ဒါက အရေးကြီးတဲ့ နှစ်မဟုတ်ပါလား။

လုရှင်းမြန်ကလည်း အပြုံးဖြင့် အလိုက်သင့် တုံ့ပြန်ခဲ့သည်။

"ဘာမှမရှိပါဘူး... ပတ်ဝန်းကျင် ပြောင်းလဲချင်ရုံပါ။"

လုရှင်းမြန် ပိုပြီး ရှင်းပြချင်စိတ်မရှိတာကို သိသဖြင့် ချန်ချဲ့က ဆက်မမေးတော့ပေ။

"ရပါတယ်" ဟု ပြောပြီး "အခက်အခဲ တစ်ခုခုရှိရင် ငါ့ဆီလာခဲ့၊ ငါကူညီပေးမယ်" ဟု အာမခံခဲ့သည်။

"ကျေးဇူးပါ" ဟု လုရှင်းမြန် ပြန်ဖြေခဲ့၏။

"မလိုပါဘူးကွာ၊ တို့တွေက အတန်းဖော်တွေပဲ!" ဟု ချန်ချဲ့က ဆိုသည်။

မွန်းလွဲပိုင်း ရောက်တဲ့အခါ အတန်း (၅) သို့ ရုပ်ချောတဲ့ ကျောင်းသားသစ်တစ်ဦး ပြောင်းလာတာကို ကျောင်းသားအများစု သိသွားကြပြီဆိုတာကို လုရှင်းမြန် သတိမထားမိခဲ့ပေ။ လုရှင်းမြန်ကို အတန်းနဲ့ ပတ်ဝန်းကျင်တွင် ပိုမို အဆင်ပြေစေရန်အတွက် ချန်ချဲ့နဲ့ အတန်းဖော် အချို့က ကျောင်းဆင်းချိန်တွင် ညစာစားရန် ဖိတ်ခေါ်ခဲ့ကြသည်။ သူတို့က စျေးသက်သာပြီး တန်ဖိုးရှိတဲ့ အကင်ဘူဖေးဆိုင်သို့ သွားခဲ့ကြသည်။

ညစာစားနေစဉ်အတွင်း ချန်ချဲ့က လုရှီးမြန်အား အတန်းထဲတွင် အားမနာဘဲကြောက်မနေရန်၊ အတန်းဖော်တွေအားလုံး ခင်မင်တတ်ကြောင်း ပြောပြခဲ့သည်။ လုရှင်းမြန်ရဲ့ ဘေးမှာ ထိုင်နေတဲ့ ရှကျီချင်းက ကျောင်းသားသစ် စာသင်နှုန်းနဲ့ မမှီမှာကို စိုးရိမ်၍ သူ့ရဲ့ Notesကို ငှားရန် ကမ်းလှမ်းခဲ့သည်။

လုရှင်းမြန်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျိုးချိန်က ရဲရဲဝံ့ဝံ့ပင် အကယ်၍ ဘယ်သူမဆို သူ့ကို အနိုင်ကျင့်ပါက ဝင်ရိုက်ပေးမည်ဟု ပြောခဲ့သည်။ ကျိုးချိန်ရဲ့ ဘေးမှာရှိတဲ့ ဇူးကျင်းယန်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ကျိုးချိန်ကို ကြည့်ကာ

"လူတိုင်းက မင်းလို ရိုက်ပုတ်ရတာ ဝါသနာပါတာ မဟုတ်ဘူးနော်" ဟု ဆိုခဲ့သည်။

ကျိုးချိန်: "ဟေ့ ဇူးကျင်းယန် ကျောင်းသားသစ် ရှေ့မှာ လျှောက်မပြောနဲ့။ ဘာကိုငါက ရိုက်ပုတ်ရတာ ဝါသနာပါရတာလဲ?ငါက ကျောင်းသားကောင်းပါ... ဘယ်တော့မှ မရန်ဖြစ်ဘူး!"

"ဘယ်တော့မှ မရန်ဖြစ်ဘူးဟုတ်လား? ဒါဆို ပြီးခဲ့တဲ့အပတ်က ဝန်ခံကတိစာရေးခဲ့ရတာ ဘယ်သူလဲ?"

"ငါတော့ လုံးဝမဟုတ်ဘူး။"

ထမင်းစားပွဲဝိုင်းရဲ့ လေထုက ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။ လူတိုင်းက လုရှီးမြန်အား မေတ္တာပြသခဲ့ကြပြီး အမြန်ဆုံး အဖွဲ့ထဲ ဝင်ဆံ့စေချင်ကြသလို လုရှီးမြန်ကလည်း သူတို့ရဲ့ စေတနာကို လက်ခံခဲ့သည်။

ညစာစားပြီးနောက် အိမ်ပြန်လမ်းတွင် မီးလင်းနေတဲ့ ပြတင်းပေါက်တိုင်းက နွေးထွေး၂ဲ့ အိမ်ကလေးတစ်ခုအကြောင်းကို ဖော်ပြနေသကဲ့သို့ ရှိသည်။ လုရှီးမြန်က မိိမိအိမ်က ပြတင်းပေါက်ကို မော့ကြည့်လိုက်ရာ မှောင်မည်းနေတာကို တွေ့သည်။

အခန်းထဲကို ဝင်လိုက်တာနဲ့ မီးခလုတ်ကို ဖွင့်လိုက်သည်။ လုရှီးမြန် ရေနွေးတစ်အိုး တည်လိုက်သည်။ ရေနွေးဆူလာမဲ့ အချိန်ကို စောင့်ဆိုင်းနေစဉ် ရှကျီချင်း ငှားလိုက်တဲ့ စာစုတွေကို ကြည့်ပြီး အမြန် လှန်လှောဖတ်ခဲ့သည်။ သင်ကြားမှု အခြေအနေက သူ အရင်က လေ့လာခဲ့တာတွေနဲ့ ဆင်တူနေပုံရသည်။ ရေတစ်ခွက် သောက်ပြီးနောက် လုရှီးမြန် ကျောင်းစာများကို စတင် လုပ်ဆောင်ခဲ့သည်။

ကျောင်းစာစ မလုပ်ခင် လုရှီးမြန်က ဖုန်းကို စစ်ဆေးရန် ရုတ်တရက် သတိရသွားသည်။ သန်းခေါင်ယံအချိန်တုန်းက အက်ဒ်လုပ်ထားတဲ့သူမှာ သူ့ရဲ့ အက်ဒ်ကို လက်မခံသေးပေ။ လုရှီးမြန် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး နောက်ထပ် Requestတစ်ခု ထပ်ပို့လိုက်သည်။ ဒီတစ်ကြိမ်မှ လက်မခံပါက အခြားသော "အိပ်စက်အောင် ချော့သိပ်ပေးသူ" တစ်ဦးကို ပြောင်းလဲ ရှာဖွေတော့မည်ဟု တွေးလိုက်သည်။

တစ်ဖက်တွင်မူ... ဟိတ်ဟန်ကြီးမားလှတဲ့ လူမျိုးနွယ်စုရဲ့ စံအိမ်ကြီးထဲ၌။

အသက် လေးနှစ်အရွယ် ချစ်စရာ ကလေးမလေးတစ်ဦးက ခန့်ညားတဲ့ အမျိုးသားတစ်ဦးကို တွယ်ကပ်နေသည်။

"ဦးလေး... တောင်းပန်ပါတယ်နော်၊ ဖုန်းလေး ခဏလောက် ဆော့လို့ရမလားဟင်?"

ထိုကလေးမလေးရဲ့ ဦးလေးမှာ လုမျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လုရှီရန်ဖြစ်သည်။ လုရှီရန်က ပြင်ပလူများအတွက် ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ပေမဲ့ သူ့ရဲ့ တူမလေးရှေ့တွင်မူ တူမကို အလိုလိုက်လွန်းတဲ့"ဖခင်" အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတတ်သည်။ ထိုကလေးမလေးမှာ လုရှီရန်ရဲ့ အစ်ကိုကြီး၏ ရင်သွေးဖြစ်သည်။ ရှောင်ယို့ဇီက သူမရဲ့ ခန့်ညားတဲ့ ဦးလေးကို အလွန်ချစ်ပြီး အတူတူရှိနေရတာကိုလည်း သဘောကျသည်။

လက်ရှိတွင် သူမက ဖုန်းဆော့ချင်၍ ဦးလေးဖြစ်သူကို ပူဆာနေခြင်းဖြစ်သည်။

လုရှီရန်မှာ မတတ်နိုင်တဲ့အဆုံး ဖုန်းကို တူမလေးထံ လွှဲပေးလိုက်သည်။

"ခဏပဲနော်...အကြာကြီးဆော့ရင် မျက်စိ ထိခိုက်လိမ့်မယ်။"

ရှောင်ယို့ဇီက လိမ္မာပါးနပ်စွာဖြင့် "ဟုတ်!" ဟု ကတိပေးခဲ့သည်။

ရှောင်ယို့ဇီက လုရှီရန်ရဲ့ ဖုန်းထဲတွင် ဂိမ်းများ စတင်ဆော့ကစားခဲ့သည်။ သူမက အတန်းသုံးတန်း တူတူယှဉ်ရတဲ့ ဂိမ်းများနဲ့ မြွေဂိမ်းတို့ကို ဆော့ရတာကို ကြိုက်သည်။ လုရှီရန်ရဲ့ ဖုန်းထဲက ရှိသမျှ ဂိမ်းဆော့ဖ်ဝဲအားလုံးကို ရှောင်ယို့ဇီ ဒေါင်းလုဒ်ဆွဲထားခြင်း ဖြစ်သည်။

ရှောင်ယို့ဇီက လုရှီရန်ရဲ့ ပေါင်ပေါ်မှာ ထိုင်ကာ အတန်းတူယှဉ်ဂိမ်းကို ဆော့နေပြီး လုရှီရန်ကမူ ကွန်ပျူတာကို ကြည့်နေခဲ့သည်။ ရှောင်ယို့ဇီက ဂိမ်းအဆင့် အနည်းငယ်ကို အနိုင်ရပြီးနောက် ထွက်လိုက်ကာ WeChat ထဲရှိ မြွေဂိမ်းကို ဆော့ချင်လာခဲ့သည်။ WeChat ကို ဖွင့်လိုက်တဲ့အခါ အနီရောင်အစက်ကလေးတစ်ခုကို တွေ့လိုက်ရသည်။ ရှောင်ယို့ဇီက ထိုအနီရောင်အစက်ကို နှိပ်လိုက်ရာ အလွန်ချစ်စရာကောင်းတဲ့ ပရိုဖိုင်ပုံလေးကို တွေ့ရှိခဲ့ပြီး သဘောကျသွားသဖြင့် အက်ဒ်ကို လက်ခံလိုက်တော့သည်။

လုရှီရန် ရှောင်ယို့ဇီကို လှည့်ကြည့်လိုက်တဲ့အခါ သူမက ဂိမ်းမျက်နှာပြင်ထဲ ရောက်နေပြီဖြစ်ပြီး လေးထောင့်ကွက်ထဲတွင် ချစ်စရာကောင်းတဲ့ ပန်းရောင်မြွေလေးကို ပျော်ရွှင်စွာ ထိန်းကျောင်းဆော့ကစားနေလေသည်။

လုရှီရန်က "ရှောင်ယို့ဇီ နည်းနည်းပဲ ဆော့ရတော့မယ်နော်...ပြီးရင် အိပ်ရတော့မယ်" ဟု ပြောလိုက်သည်။

ဦးလေးစကားကို အမြဲနားထောင်တဲ့ ရှောင်ယို့ဇီက "အင်း၊ ဟုတ်ကဲ့ပါ" ဟု လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြခဲ့သည်။

ကျောင်းစာတွေ ပြီးသွားတဲ့အခါ လုရှီးမြန် ဖုန်းကို စစ်ဆေးလိုက်သည်။တစ်ဖက်မှလူက နောက်ဆုံးတော့ သန့်ရှင်းတဲ့ သူငယ်ချင်းအဖြစ် လက်ခံလိုက်ပြီ ဖြစ်ပေမဲ့ စကားတစ်ခွန်းမျှ စမပြောသေးပေ။ လုရှီးမြန် ဖုန်းကို ဘေးမှာချလိုက်ပြီး ရေအရင်ချိုးရန် လုပ်လိုက်သည်။ ရေချိုးပြီးလို့မှ ထိုသူ စကားမပြောသေးပါက အခြားတစ်ယောက်ကို ရှာတော့မည်၊၊ သူက ဘုရားသခင် မဟုတ်သလို စိတ်ရှည်မှုကလည်း အကန့်အသတ်ရှိသည်။

ရေချိုးပြီးနောက် လုရှီးမြန် အိပ်ရာပေါ်တွင် လှဲကာ ဖုန်းကို ဖွင့်လိုက်သည်။ အခြားတစ်ဖက်မှသူမှာ စကား မပြောသေးပေ။

ဒီလူက Reviewတွေထဲမှာ ရေးထားသလိုမျိုး လုံးဝမဟုတ်ပေ။ Review တွေထဲမှာတော့ ထိုလူက အလွန် တက်ကြွလှိုက်လှဲသည်ဟု ဆိုထားကြသည်။ တစ်ယောက်နဲ့တစ်ယောက် အက်ဒ်လုပ်ပြီးသည်မှာ နာရီဝက်ခန့် ရှိနေပြီဖြစ်ပေမဲ့ စကားတစ်ခွန်းမှ မပြောကြသေးပေ။ တော်တော်လေး အေးစက်လှသည်ဟု ထင်ရသည်။ အက်ဒ်လက်ခံဖို့ကိုပင် တစ်နေ့နဲ့တစ်ညလုံး အချိန်ယူခဲ့ရပြီး ခုကျတော့ စကားလည်း မပြောပေ။

ဒါက ဘယ်လိုလုပ် တက်ကြွလှိုက်လှဲတာ ဖြစ်နိုင်မှာလဲ?

လုရှီးမြန်က "သူငယ်ချင်းအဖြစ်မှ ဖျက်မည်"အကွက်ကို ရှာလိုက်သည်။ Contact ကို ဖျက်တော့မဲ့ ဆဲဆဲမှာ ပြန်စဉ်းစားလိုက်သည်။ နည်းနည်းလောက် ထပ်စောင့်ကြည့်ရင် ကောင်းမည်ဟု။ ဖြစ်နိုင်တာက တစ်ဖက်လူ အလုပ်ရှုပ်နေတာလဲ ဖြစ်နိုင်သည်။

နာရီဝက်ခန့် ကြာတဲ့အခါ လုရှီးမြန် မအောင့်နိုင်တော့ဘဲ အသံခေါ်ဆိုမှု (Voice call) ကို နှိပ်လိုက်တော့သည်။ ဒီတစ်ယောက်လည်း မဆင်ပြေပါက ချက်ချင်း ပြောင်းလဲတော့မည်။ သူအံ့ဩသွားရသည်မှာ ဖုန်းနှစ်ခါမြည်ပြီးတာနဲ့ အခြားတစ်ဖက်မှ တကယ်ပင် ကိုင်လိုက်ခြင်း ဖြစ်သည်။

လုရှီးမြန် စကားစပြောတော့မဲ့ဆဲဆဲတွင် အခြားတစ်ဖက်မှ အမျိုးသားအသံတစ်သံကို ကြားလိုက်ရသည်။ "'ယုန်ကလေး ဘာလို့ အမြဲတမ်း နောက်ကျရသလဲ' ဆိုတဲ့ ပုံပြင်လေး ပြောပြရမလား?"

လုရှီးမြန် ချက်ချင်း ဆွံ့အသွားပြီး နားရွက်များ စပ်ဖျင်းဖျင်း ဖြစ်သွားခဲ့သည်။ ဒီလူရဲ့ အသံက အလွန်နားထောင်ကောင်းပြီး ဆွဲဆောင်မှုရှိကာ နူးညံ့လှသည်။ နက်ရှိုင်းပြီး နူးညံ့တဲ့အသံက သူ့ရဲ့နားထဲသို့ စီးဝင်လာရာ အလွန်သက်တောင့်သက်သာရှိလွန်း၍ သူ့ခန္ဓာကိုယ်မှ ဆဲလ်တိုင်းပင် ပြေလျော့သွားသလို ခံစားလိုက်ရသည်။

လုရှီးမြန်က ထိုသာယာသော အသံကို အနှောင့်အယှက် မဖြစ်စေချင်သဖြင့် စကားမပြောဘဲ အသက်ရှူသံကိုပင် မသိစိတ်က ထိန်းထားလိုက်သည်။

သူ နားကြပ်တပ်လိုက်ပြီး အိပ်ရာပေါ်တွင် ငြိမ်ငြိမ်လေးလှဲကာ မျက်လုံးမှိတ်၍ ပုံပြင်ပြောပြနေသော အမျိုးသားအသံကို အာရုံစိုက် နားထောင်နေခဲ့သည်။

ဒါက ကလေးပုံပြင်တစ်ပုဒ်ဖြစ်ပြီး နည်းနည်း ကလေးဆန်သော်လည်း အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ကွက်တိပင် ဖြစ်သည်။

ပုံပြင်ပြောပြသူက အသံကောင်းရုံသာမက ပုံပြင်ကိုလည်း အလွန်ခံစားချက်ပါပါဖြင့် ကောင်းမွန်စွာ ပြောပြနိုင်သည်။ ထိုလူက သူ့ရဲ့ ဘေးနားလေးတွင်ပင် ရှိနေသကဲ့သို့ ခံစားရသည်။

ပုံပြင်တစ်ပုဒ် ပြီးသွားတဲ့အခါ လုရှီးမြန်ဟာ မျက်ခွံတွေ လေးလံလာတာကို တကယ်ပင် ခံစားလိုက်ရပြီး အိပ်ချင်စိတ်များ လွှမ်းမိုးလာခဲ့သည်။

ဖုန်းထဲမှလူက "နောက်တစ်ပုဒ် ထပ်နားထောင်ချင်သေးလား?" ဟု မေးလိုက်သည်။

လုရှီးမြန်က မသိစိတ်မှ ခေါင်းညိတ်ပြလိုက်မိပြီးမှ အခြားတစ်ဖက်မှသူက သူ့ကို မမြင်နိုင်တာကို သတိရသွားသည်။ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖုန်းထဲမှသူက ကြင်နာစွာဖြင့်

"နောက်ထပ် ပုံပြင်တစ်ပုဒ် ထပ်ပြောပြမယ်  ပြီးရင် အိပ်တော့နော်။ အဆင်ပြေရဲ့လား?" ဟု ပြောလိုက်သည်။

လုရှီးမြန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ထိုလူက အခြားပုံပြင်တစ်ပုဒ်ကို ထပ်မံပြောပြခဲ့သည်။

ဆယ်မိနစ်ခန့် ကြာတဲ့အခါ ပုံပြင် ပြီးသွားခဲ့သည်။ လုရှီးမြန်မှာမူ မိန်းမောနေပြီ ဖြစ်သည်။

နားကြပ်ထဲမှ ထိုလူက "ကောင်းကောင်းအိပ်ပါ" ဟု တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

လုရှီးမြန် လုံးဝ အိပ်ပျော်သွားခဲ့လေသည်။

ထိန်းပေးရုံသာမက ရှောင်ယို့ဇီကို ရေချိုးပေးပြီးနောက် သူမဟာ အိပ်ရာပေါ်တွင်ထိုင်ကာ ဦးလေးရဲ့ဖုန်းကို ဆော့ရင်း ဦးလေး ပုံပြင်ပြောပြမည်ကို စောင့်နေခဲ့သည်။ သူမ ဦးလေးရဲ့ ပုံပြင်တွေက အလွန်ကောင်းမွန်လှသည်။

လုရှီးရန် ရောက်လာပြီး ရှောင်ယို့ဇီအား ဖုန်းကိုချကာ အိပ်တော့လို့ ပြောလိုက်တဲ့အခါ ရှောင်ယို့ဇီက ဦးလေး ပုံပြင်ပြောပြတာကို နားထောင်ချင်တာလို့ ပြောလာခဲ့သည်။

လုရှီးရန် ပုံပြင်စာအုပ် သွားရှာစဉ် သူ့ရဲ့ဖုန်းမှာ နှစ်ကြိမ် တုန်ခါသွားခဲ့သည်။

ဒါက ထိုချစ်စရာကောင်းတဲ့ ပရိုဖိုင်ပုံလေးထံမှ ဖြစ်ပြန်သည်။

ရှောင်ယို့ဇီကို အိပ်အောင် ချော့သိပ်ပြီးနောက် လုရှီးရန်က သူ့ဖုန်းကို နောက်ဆုံးတော့ ပြန်ရရှိခဲ့သည်။ ဖုန်းထဲမှာ သူမသိတဲ့ Contact တစ်ခုကို သတိထားမိလိုက်သည်။ ထို Contact က လွန်ခဲ့တဲ့ ခဏကပင် အသံခေါ်ဆိုမှု (Voice call) လုပ်ထားခဲ့သေးသည်။

ဒါ ရှောင်ယို့ဇီ သိတဲ့သူများ ဖြစ်နေမလား?

လုရှီးရန် Contact ကို ဖျက်ပစ်ရန် ပြင်လိုက်ပေမဲ့ တန့်သွားခဲ့သည်။

ဒါက ရှောင်ယို့ဇီရဲ့ မူကြိုက သူငယ်ချင်းတွေထဲက တစ်ယောက်များ ဖြစ်နေရင် ကော?

လုရှီးရန် မနက်ဖြန်ကျမှ ရှောင်ယို့ဇီကို မေးရန် စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

အကယ်၍ သူမ သိသော သူငယ်ချင်းမဟုတ်ပါက သူ ချက်ချင်းပင် ဖျက်ပစ်မည်ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment