စုန့်လီချင်းကို အတွေးတွေက ဖိနှိပ်ထားတာကြောင့် သူဘာမှမတွေးနိုင်အောင် ဖြစ်နေရသည်။
သို့သော်ငြား သူမတွေးမိအောင် မည်သို့ရပ်ရမည်နည်း။
ကျွင်းချီယွိက သူ့ကိုလာမထိတွေ့ခင်ကတည်းက ဟူနွီအာတင်မက အခြားသူတွေနဲ့ပါ လိင်ဆက်ဆံဖူးတယ်လို့ တွေးကြည့်လိုက်ရုံနဲ့တင် စုန့်လီချင်းရဲ့စိတ်တွေ ပေါက်ကွဲထွက်တော့မလိုပင်။
သူမအီမသာ ဖြစ်လာရသည်။
ချစ်ခြင်းမေတ္တာဆိုတာ သန့်ရှင်းစင်ကြယ်သင့်သည်။ ချစ်ခြင်းမေတ္တာ နက်ရှိုင်းလာတဲ့အချိန်မှာမှ ထိုကိစ္စက သဘာဝကျကျ ဖြစ်ပေါ်လာသင့်သော်လည်း ကျွင်းချီယွိကတော့ မည်သူနဲ့မဆို လိင်ဆက်ဆံနိုင်သည်။
ဒါဆို သူကဘာလဲ။ မနေ့ညက ကာမစပ်ယှက်မှုက ကျွင်းချီယွိရဲ့ စိတ်ဆန္ဒကို တစ်ဖန်မြင့်တက်လာစေရုံ သက်သက်ပဲလား။
စုန့်လီချင်းတစ်ကိုယ်လုံး အနံ့အသက်ဆိုးရွားတဲ့ ရွှံ့ဗွက်အိုင်ထဲ ကျသွာသလို အေးစက်စက်ကြီး ခံစားလိုက်ရသည်။
အနမ်းပေးတာက အချစ်သင်္ကေတတစ်ခုလို့ သူအစတုန်းက ထင်ခဲ့ပေမယ့် ကျွင်းချီယွိနဲ့ ထိတွေ့ခဲ့တဲ့ နှုတ်ခမ်းတွေ၊ လျှာတွေကို အခုပြန်တွေးကြည့်လိုက်တဲ့အချိန်မှာတော့ ဗိုက်ထဲက လိမ့်တက်လာမှုကို သူဘယ်လိုမှ
မထိန်းနိုင်တော့ပေ။
စုန့်လီချင်း သူ့ရင်ဘတ်သူ လက်နဲ့အုပ်လိုက်ပြီး သူ့ဘေးနားကပန်းအိုးရှေ့ကို ငုံ့ချလိုက်သည်။
“ဝေါ့-”
ရွံလိုက်တာဆိုတာ။
သူအော့အန်ချင်စိတ်ကို ထိန်းလို့မရခဲ့ပေ။
သို့ပေမယ့် သူမနေ့က တစ်နေကုန်တစ်ညလုံး ဘာမှမစားထားတာကြောင့် ဘာကိုမှ အန်မထုတ်နိုင်ခဲ့။ သူဆက်တိုက် ပျို့ရုံသာပျို့နေပြီး ဘာမှအန်မထွက်ပေ။ နေရခက်လွန်းတာကြောင့် မျက်ရည်များပင် ကျလာရသည်။
“ဘာလို့လဲ...ချီယွိ... မင်းငါ့ကိုမချစ်ဘူးဆိုရင်တောင်မှ ဒီလောက်ကြီးထိ စိတ်အလိုမလိုက်သင့်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် မလေးစားရာကျလွန်းတယ်…”
စုန့်လီချင်း အော့အန်ချင်စိတ်ကို ထိန်းလိုက်သည်။ သူအပြင်းအထန် မောဟိုက်နေကာ သူ့မျက်နှာသူ လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်သည်။
ဟူနွီအာက သူ့နောက်ကျောကို ပုတ်ပေးလာသည်။
“အာ၊ အိမ်ရှေ့စံမိဖုရား၊ ဒီလောက်ကြီးထိ အလေးအနက်ထားနေစရာ မလိုပါဘူး”
ဟူနွီအာက ရယ်မောနေသည်။
စုန့်လီချင်း သူ့ကို အရမ်းမုန်းတီးနေပြီ ဖြစ်တာကြောင့် သူ့လက်ကို ရှောင်တိမ်းလိုက်သည်။
“မင်းဘာမှ နားမလည်ပါဘူး”
စုန့်လီချင်း သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။
ဟူနွီအာက လက်ကာပြရင်း ပြန်ပြောသည်။
“ကျွတ်၊ အိမ်ရှေ့စံမင်းသားက ဘုရင့်သားတော်မဟုတ်ဘဲ ရိုးရိုးအထက်တန်းလွှာ မိသားစုက သားတစ်ယောက်ဆိုပါတော့။ မင်းမှာလည်း ဟိုးအရင်ကတည်းက အနီးကပ် ကိုယ်ရေးကိုယ်တာအစေခံမတစ်ယောက် ရှိတာပဲမဟုတ်လား။ ပြီးတော့ ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာရဲ့ လှပမှုကိုလည်း မင်းမြည်းစမ်းကြည့်ပြီးပြီပဲလေ။ အိမ်ရှေ့စံမင်းသားက ငယ်ရွယ်တဲ့သူ မဟုတ်တော့ဘူး။ ငါနဲ့အရင် အတွေ့အကြုံကြောင့် မင်းပိုပြီး ခံစားလို့ကောင်းခဲ့တယ်မလား။ ဒါက အမြတ်ပဲလို့ မင်းမထင်ဘူးလား”
“တိတ်စမ်း!”
စုန့်လီချင်း ဒီညစ်ညစ်ညမ်းညမ်း စကားလုံးတွေကို တစ်လုံးတစ်ပါဒမျှပင် မခံနိုင်တော့။
“ထွက်သွား...ချီလင်အိမ်တော်ကနေ ထွက်သွားပြီး မင်းရဲ့အနောက်ပိုင်းဒေသကိုပဲ ပြန်သွား!”
စုန့်လီချင်း ဒီလူကို ထပ်မမြင်ချင်တော့ပေ။
ဟူနွီအာ မျက်ခုံးပင့်ကာ အနည်းငယ်အံ့သြသွားရသည်။
“ငါ့ကို မောင်းထုတ်နေတာလား”
“ဟုတ်တယ်”
စုန့်လီချင်း သူ့ကိုဒေါသတကြီး စိုက်ကြည့်ရင်း
“မင်းငါ့အိမ်မှာ နေလို့မရဘူး”
“ဒါကတော့ မဖြစ်နိုင်ဘူး”
ဟူနွီအာက ယုံကြည်ချက်ရှိရှိ ပြန်ပြောသည်။
“ဒီချီလင်အိမ်တော်က အိမ်ရှေ့စံမင်းသားရဲ့ အိမ်၊ မင်းအိမ် မဟုတ်ဘူး။ ငါက အိမ်ရှေ့စံမင်းသားရဲ့ကျွန်။ မင်းငါ့ကိုထွက်သွားစေချင်ရင် သခင်သဘောတူမတူ အရင်မေးကြည့်ရလိမ့်မယ်”
"မင်း..."
စုန့်လီချင်း ဒေါသထွက်ရလွန်းလို့ စကားတောင်မပြောနိုင်တော့ပေ။ သူလက်မြှောက်လိုက်ပေမယ့် လမ်းခုလတ်မှာတင် လေထဲရပ်တန့်သွားသည်။
သူဘာတွေလုပ်မိနေတာလဲ။ လမ်းပေါ်က လူရမ်းကားတွေလို ရန်ဖြစ်နေမိတာလား။
စုန့်လီချင်း သတိလွတ်သွားမိတာကြောင့် ရှောင်ချင်ရဲ့ အသိပေးသံကို ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားရသည်။
“အိမ်ရှေ့စံမင်းသား ကြွလာပါပြီ!”
မူလကရှိခဲ့တဲ့ ဟူနွီအာရဲ့ ကိုယ့်ကိုကိုယ် ဘ၀င်ခိုက်နေတဲ့ အပြုံးက ပျောက်ကွယ်သွားပြီး ရုတ်တရက် သူ့ညာလက်ကိုမြှောက်ကာ သူ့မျက်နှာသူ ရိုက်ချလိုက်သည်။ ထို့နောက် လဲကျသလိုလုပ်လိုက်ပြီး သူ့မျက်နှာကိုဖုံးအုပ်ကာ စုန့်လီချင်းရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။
စုန့်လီချင်းမှာတော့ အံ့သြလွန်းလို့ နေရာမှာတင် ခဲသွားခဲ့သည်။
ကျွင်းချီယွိက လက်နောက်ပစ်ရင်း အေးတိအေးစက်နဲ့ လျှောက်လာလိုက်တော့ သူ့အရှေ့ကမြင်ကွင်းကို အချိန်ကိုက်မြင်လိုက်ရသည်။
ဟူနွီအာက စုန့်လီချင်းရဲ့ အဝတ်စကို ဆွဲကိုင်လိုက်ပြီး စတင်ငိုကြွေးတော့သည်။
“ကျေးဇူးပြုပြီး သနားညှာတာပေးပါ သခင်။ ဟူနွီအာကို မောင်းမထုတ်ပါနဲ့။ ဟူနွီအာမှာ သွားစရာအိမ်မရှိတော့ပါဘူး။ ဒါကြောင့် သခင်နဲ့ပဲ အတူတူနေမှ ရမှာပါ။ သခင်က အရမ်းကြင်နာတတ်ပါတယ်။ ဟူနွီအာ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ နွားလိုမြင်းလိုရုန်းပြီး ပြန်ဆပ်ပါ့မယ်!”
စုန့်လီချင်း အချိန်မီ မရှောင်လိုက်နိုင်ပေ။ သူ့လက်ကိုတွန်းလိုက်ပေမယ့် ဟူနွီအာကတော့ သူ့ကို အတင်းအကြပ်ဆွဲထားပြီး မနားတမ်းတရစပ် ငိုနေသည်။
“သခင်၊ ကျွန်တော့်မှာ အဖေရော အမေရော မရှိတော့ပါဘူး။ ဆွေမျိုးဆိုလို့ အဘိုးတစ်ယာက်ပဲ ရှိပါတော့တယ်။ ကျွန်တော့်ကို မျက်စိစပါးမွေးစူးတယ်လို့ ထင်ရင် ကျွန်တော် အလုပ်ကြမ်းတွေလုပ်တဲ့ အစေခံလုပ်ပေးလို့ရပါတယ်။ ကျွန်တော် အညစ်အကြေးအလုပ်တွေကို မကြောက်ပါဘူး။ ကျွန်တော့်ကို ဒီမှာဆက်ထားပြီး အစာကျွေးဖို့ပဲ တောင်းဆိုပါတယ် သခင်…”
ဟူနွီအာ ခေါင်းမော့လိုက်တော့ မျက်ရည်တွေတောင် စီးကျနေပြီ။ မသိရင်သူ့ကို တကယ်မတရား အနိုင်ကျင့်ထားသလိုပဲ။
“မဟုတ်ဘူး…မင်းဖယ်စမ်းပါ!”
စုန့်လီချင်းသူ့ကို အလန့်တကြား တွန်းလိုက်သည်။ သူဘာမှ မလုပ်ခဲ့တာ အသေအချာပင်။ သို့ပေမယ့် ဟူနွီအာက နားမလည်နိုင်လောက်အောင်ကို ငိုနေသည်။ သူကပဲဟူနွီအာကို တကယ်နှိပ်စက်နေတဲ့ လူယုတ်မာကြီးလိုလိုနဲ့။
ကျွင်းချီယွိက စုန့်လီချင်းရှေ့မှာ မတ်တပ်လျက်သား ရောက်နေပြီဖြစ်ပြီး သူ့မျက်နှာမှာ ဆီးနှင်းခဲတွေ ဖုံးလွှမ်းထားသလို အေးစက်နေသည်။
အေးတိအေးစက်မျက်နှာနှင့်ပင် သူ ဟူနွီအာရဲ့ လက်မောင်းကိုဆွဲကာ ထူပေးလိုက်သည်။
ဟူနွီအာက ခေါင်းလှည့်လိုက်တဲ့အချိန်မှာ ပိုလို့တောင်ငိုလာသည်။
“ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“ငါသာမလာရင် ဒီလိုမြင်ကွင်းမျိုးကို ဘယ်မြင်ရပါ့မလဲ!”
ကျွင်းချီယွိ ခနဲ့သလိုလိုနှာမှုတ်ကာ ဟူနွီအာကို ရင်ခွင်ထဲ ဖက်ထားလိုက်သည်။
“မငိုနဲ့တော့”
ကျွင်းချီယွိက မျက်မှောင်ကြုတ်လျက်သားနဲ့ သူ့မျက်ရည်တွေကို သုတ်ပေးကာ လက်ရာတွေနဲ့ ရောင်ရမ်းနေတဲ့ သူ့မျက်နှာကို ကြင်ကြင်နာနာ ပွတ်သပ်ပေးလိုက်သည်။
“သခင်၊ ကျွန်တော်…ကျွန်တော် မနာပါဘူး”
ဟူနွီအာက ချည့်နဲ့အားနည်းနေသလိုပုံနဲ့ ပြောလာခဲ့သည်။
ကျွင်းချီယွိ နူးညံ့ညင်သာတဲ့ လေသံနဲ့ နှစ်သိမ့်ပေးလိုက်သည်။
“ဘာလို့မနာရမှာလဲ။ ဒီထက်သာပိုပြင်းရင် မင်းရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မယ်။ ရှောင်ချင်၊ ဆေးသွားယူခဲ့”
ရှောင်ချင်က အမိန့်အတိုင်း ထွက်သွားသည်။
ဟူနွီအာက ကျွင်းချီယွိရဲ့ ရင်ခွင်ထဲမှာ ကလေးလိုပြုမူနေတာကို စုန့်လီချင်း မြင်လိုက်ရတော့ သူ့နှလုံးသားထဲကနေ စူးရှရှနာကျင်မှုကို ခံစားလိုက်ရသည်။
သူ့အပေါ် ကျွင်းချီယွိရဲ့ သနားကြင်နာမှုမျိုးက စုန့်လီချင်း မရရှိနိုင်တဲ့၊ မပိုင်ဆိုင်နိုင်တဲ့ အရာပင်ဖြစ်သည်။
“သခင်...ဝူးဝူး...”
ဟူနွီအာကဆက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။
“သခင် ကျွန်တော့်ကို အသက်ရှင်ဖို့ အခွင့်အရေးမပေးရင် ကျွန်တော့်ကို သတ်သာသတ်လိုက်ပါတော့။ ကျင်းကော်မြို့တော်က နေရာတွေကို ကျွန်တော်ကောင်းကောင်းမသိဘူး။ ကျွန်တော်သာ သခင်ဆီကနေ ထွက်သွားရမယ်ဆိုရင် ကျွန်တော်သေရပါလိမ့်မယ်။ ကျွန်တော်ဆက်ပြီး အသက်ရှင်ဖို့ စိတ်ကူးမရှိတော့ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချင်းလျန်အိမ်တော်ဆီသာ မရောင်းလိုက်ပါနဲ့…”
ချင်းလျန်အိမ်တော်ဆိုတဲ့ စကားကို ကြားလိုက်တာကြောင့် ကျွင်းချီယွိရဲ့မျက်နှာက ပိုပိုဆိုးလာသည်။
ချင်းလျန်အိမ်တော်ဆိုတာ စုန့်လီချင်းရဲ့ ဖေဖေလေးဦးစီးတဲ့ မြို့တော်ရဲ့ အကြီးကျယ်ဆုံးသော အပန်းဖြေနေရာဖြစ်သည်။
“အဲဒါက မင်းကြီးပြင်းလာခဲ့ရတဲ့ ပုံစံလား”
ဒါကစုန့်လီချင်းကိုပြောတဲ့ ကျွင်းချီယွိရဲ့ ပထမဆုံးသော စကားပင်။
“ငါ…”
စုန့်လီချင်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ငါသူ့ကို အဲဒီလိုမပြောခဲ့ဖူးဘူး”
ကျွင်းချီယွိ ဒေါသတွေတလိမ့်လိမ့် ထွက်လာသည်။
“မင်းမပြောခဲ့ဘူးဟုတ်လား။ ဒါဆိုသူ့ကို ဘယ်သူက ထွက်သွားဖို့ ပြောနေတာကို ငါကြားလိုက်ရတာလဲ။ ပြီးတော့ ရိုက်ဖို့လက်ရွယ်လိုက်တာကရော ဘယ်သူလဲ။ ငါ့ကို နားကန်းနေတာများ မှတ်နေလား၊ မျက်မမြင်များ မှတ်နေလား”
စုန့်လီချင်း အခုမှပင် ဘယ်လိုမှငြင်းလို့မရတဲ့ ခံစားချက်ကို သိသွားတော့သည်။
သူ ပါးစပ်ဟလိုက်ပေမယ့် စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
သူ့တစ်ကိုယ်လုံး ခြေကုန်လက်ပန်းကျကာ အားအင်ကုန်ခန်းနေပြီး လက်မောင်းတွေလည်း ပျော့ခွေနေသည်။
“သူကအခုမှ ဒီကိုရောက်ဖူးတာ၊ မင်းသာသူ့ကို ချင်းလျန်အိမ်တော်မှာ ရောင်းစားလိုက်မယ်လို့ မပြောခဲ့ရင် သူကအဲ့လို ညစ်ညမ်းတဲ့နေရာမျိုးကို သိပါ့မလား!”
“ငါအဲ့လို မပြောခဲ့ဖူးဘူး”
စုန့်လီချင်းက နှုတ်ခမ်းကိုက်ရင်း
“ငါသူ့ကို ချီလင်အိမ်တော်ကနေ ထွက်သွားဖို့နဲ့ အနောက်ပိုင်းဒေသကို ပြန်ဖို့ပဲပြောခဲ့တာ...”
ကျွင်းချီယွိက ဒေါသတကြီး ဖြတ်ပြောသည်။
“မင်းက ဒီချီလင်အိမ်တော်ရဲ့ သခင်မှန်း ငါမသိခဲ့ပါလား။ မင်းသူ့ကို ဒုက္ခပေးမယ်ဆိုတာသိလို့ ငါရှောင်ချင်ကို အမိန့်ပေးထားခဲ့တာ။ ကံကောင်းလို့ ရှောင်ချင်က စောစောလာအကူအညီတောင်းပေလို့ပေါ့။ မဟုတ်ရင် ငါသူ့ကို မတွေ့ရတော့မှာကို ကြောက်မိတယ်! မိဖုရားကို နန်းချလို့ရပေမယ့် သူ့ကိုတော့ အစားထိုးလို့ မရဘူး”
စုန့်လီချင်း နှလုံးသားထဲ နာကျင်သွားရပြီး သူထပ်မံ ငြင်းခုံမနေတော့ပေ။
သူ့တစ်ကိုယ်လုံး အေးစက်နေပြီး အသူတစ်ရာနက်တဲ့ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားသလိုပင်။ အားအင်ချည့်နဲ့မှုက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။
လူတစ်ယောက်ကမင်းကို မချစ်ဘူးဆိုရင် မင်းရှင်းပြတာတွေ အကုန်လုံးက အချည်းနှီးပဲ။
သူ့အင်္ကျီလက်ကို လက်ချောင်းတွေနဲ့ ပွတ်သပ်လိုက်ရင်း မငိုဖို့ကြိုးစားနေသည်။ သူ ကျွင်းချီယွိရှေ့မှာ လုံလုံလောက်လောက် ငိုပြီးသွားပြီ။ ထပ်ငိုနေရင် စိတ်အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်။
ချစ်ခြင်းမေတ္တာမှာ ပိုငိုတဲ့သူက အနိုင်ရတာ မဟုတ်ဘူး။
ကျွင်းချီယွိက သူ့ကို ဆူနေပေမယ့် တကယ့်အပြစ်မပေးတာကို မြင်တော့ ဟူနွီအာက ကျွင်းချီယွိရဲ့ရင်ဘတ်ကို ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။
“သခင်၊ ဒေါသမထွက်ပါနဲ့။ ဒေါသထွက်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းလိမ့်မယ်။ ပြီးတော့ အိမ်ရှေ့စံမိဖုရားနဲ့လည်း မျက်နှာပျက်ရလိမ့်မယ်”
ဟူနွီအာက မျက်လွှာချထားရင်း ဆက်ပြောသည်။
“ဟူနွီအာက နိမ့်ကျတဲ့ ခွေးသာသာကျွန်တစ်ယောက်ပါ။ ကျွန်တစ်ယောက်ကြောင့် စကားများနေရတာက မတန်ပါဘူး...”
“ခွေးသာသာကျွန် ဟုတ်လား”
ကျွင်းချီယွိက စုန့်လီချင်းကို မသင်္ကာသလို အကြည့်နဲ့ ကြည့်လာသည်။
“အဲဒါ မင်းပြောလိုက်တာမလား”
ကျွင်းချီယွိက ဒေါသတကြီး ပြောသည်။
“စုန့်လီချင်း၊ မင်းကမင်းကိုယ်မင်း မင်းရဲ့အဆင့်အတန်းက နဂါးနဲ့ဇာမဏီလို မြင့်မြတ်တယ် ထင်နေတာလား။ နောက်ဆုံးကျတော့ မင်းက ပြည့်တန်ဆာပဲလေ။ ပြည့်တန်ဆာရဲ့သား!”
ပြည့်တန်ဆာ၊ ပြည့်တန်ဆာရဲ့သား...
စုန့်လီချင်း တုန်ယင်သွားပြီး သူ့တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေက ရုတ်ခြည်းဆိုသလို ခဲသွားခဲ့သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်:
စကားပြောဖို့ အချိန်ကောင်းလေးပဲ…