no

Font
Theme

ကျွင်းချီယွိက ချီးကျူးခံလိုက်ရတာကြောင့် အနည်းငယ်မာန်တက်နေခဲ့သည်။

ဟူနွီအာမှာ ယခင်က ယီလီမင်းသားဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ သူ့လက်အောက်ငယ်သားဖြစ်နေခြင်းက ပေရှင်းရှုအား သူ၏ခွန်အားနှင့် ဂုဏ်ပုဒ်ကို ပြသလိုသည့် မာန်မာနတစ်မျိုးအား ဖြစ်ပေါ်စေခဲ့သည်။

“ရောင်းရင်းပေ၊ ကျွန်‌တော့်ရဲ့ ဒီကျွန်လေးက ရုပ်ရည်လှမလှတော့မသိဘူး၊ ဒါပေမယ့် အနောက်ပိုင်းဒေသမှာဆို ကတဲ့နေရာမှာ အရမ်းတော်တာ”

ကျွင်းချီယွိက ကြွားလုံးထုတ်လိုက်သည်။

“ဟူနွီအာ၊ စင်ပေါ်တက်ပြီး သူတို့ကို ဖျော်ဖြေပြလိုက်စမ်း”

ဟူနွီအာ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူတက်ကရန်အတွက်ကို တွန့်ဆုတ်နေသည်။

“သခင်…ဟူနွီအာက သခင်ရဲ့လူပါ၊ ဘယ်လိုလုပ် သူများတွေအတွက် ကပြရမှာလဲ”

ကျွင်းချီယွိက သူအတိုက်အခံလုပ်ခြင်းကို သည်းမခံနိုင်သောကြောင့် အော်လိုက်သည်။

“ငါ ကခိုင်းရင် ကလိုက်ပေါ့!”

စုန့်လီချင်းလည်း အံ့ဩသွားသည်။ ယခုအချိန်တွင် ပြည်ထောင်ပေါင်းစုံမှ ဂုဏ်ပြုရန် ရောက်ရှိနေရာ ကျွင်းချီယွိ၏ လုပ်ရပ်မှာ အလွန်ပြင်းထန်လှသည်။

သူ ဧကရာဇ်ရွှမ်၏ မျက်နှာအမူအရာကို တိတ်တဆိတ်ကြည့်လိုက်ရာ ဧကရာဇ်ရွှမ်က လူရှေ့တွင် ဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ကျွင်းချီယွိ၏ ပေါ့ပေါ့ပြက်ပြက် လုပ်ရပ်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတာတော့ အမှန်ပင်။

နောက်ဆုံးကျ သူတို့နှစ်ယောက်စလုံး မြေကြီးလက်ခတ်မလွဲ ဆူပူအပြစ်တင်ခံရလိမ့်မည်။

စုန့်လီချင်းက ကျွင်းချီယွိ၏ အကျီလက်ကိုဆွဲကာ တိုးတိုးလေးပြောလိုက်သည်။

“ချီယွိ၊ ဒါက မသင့်တော်ဘူးလေ၊ မင်းက နိုင်ငံတော်တစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်…”

ကျွင်းချီယွိက သူ့ကို ယမ်းထုတ်ပစ်လိုက်ပြီး သူ့ဘာသာသူ သောက်ရင်း ရယ်မောနေသည်။

“မင်းက ဟူနွီအာကို မကခိုင်းဘူးဆိုရင် မင်းဘာသာမင်း ကပါ့လား”

စုန့်လီချင်းက ရှက်ရွံ့စွာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ကျွင်းချီယွိက မည်သည့်အရာကိုမျှ မစောင့်ထိန်းဘဲ သူ့ချစ်ခြင်းမေတ္တာတွေကိုလည်း ဂရုမစိုက်ပေ။

ဟူနွီအာက ဆန္ဒမရှိသော်လည်း စင်မြင့်ထက်တွင် ချောချောမွေ့မွေ့ ဖျော်ဖြေခဲ့သည်။ သူက ပျော့ပျောင်းညင်သာစွာ ကပြခဲ့ပြီး သူ၏ ထူးခြားသောဟန်ပန်ကြောင့် လက်ခုပ်သံများစွာကို ရရှိခဲ့သည်။

ပေရှင်းရှုလည်း တစ်ဖက်တွင် ပြုံးရင်းကြည့်နေခဲ့သည်။

စုန့်လီချင်း သက်ပြင်းရှိုက်လိုက်သည်။ သူတို့က လက်ခုပ်တီးတာနည်းနည်း၊ ရယ်တာကများများ ဖြစ်နေသော်လည်း ကျွင်းချီယွိက လုံးဝအလေးမထားဘဲ မြှောက်ပင့်စကားများကိုသာ မိုက်မိုက်မဲမဲဖြင့် ကျေနပ်နေခဲ့သည်။

“ဟူနွီအာ၊ မင်းက ငါမျက်နှာရအောင် လုပ်ပေးခဲ့လို ပြန်ရောက်ရင် မင်းဆန္ဒတစ်ခုကို ငါဖြည့်ပေးမယ်…”

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

ဟူနွီအာက ကျွင်းချီယွိ၏ ကိုယ်ပေါ်ကို ညင်သာစွာ မှီလိုက်သည်။

အဆိုအကများ ပြီးဆုံးသွားသောအခါ ဧကရာဇ်ရွှမ်၏ မျက်လုံးများမှာ မှေးကျဉ်းသွားသည်။ သူ၏ မျက်လုံးများက ချောက်နက်ကြီးသဖွယ် ဖြစ်နေကာ ထိုကိစ္စကို ထပ်မပြောတော့ပေ။

“လုံလန်မင်းသား”

ပေရှင်းရှုက လေးလေးစားစား မတ်တပ်ရပ်လိုက်ပြီး နားထောင်ရန် လက်ယှက်ထားလိုက်သည်။

ဧကရာဇ်ရွှမ်: “မင်းနဲ့ ချီယွိက ရွယ်တူလောက်ဆိုတော့ စိတ်တူကိုယ်တူ ရှိလိမ့်မယ်၊ နောင်ဆို ပိုပြီးတော့ အဆက်အသွယ်လုပ်လို့ရတယ်”

“မှန်လှပါ အရှင်မင်းကြီး၊ အိမ်ရှေ့စံမင်းသားနဲ့ ကျွန်တော်မျိုးက သူငယ်ချင်းဟောင်းတွေလိုပဲ စိတ်ချင်းတိုက်ဆိုင်လှပါတယ်၊ အိမ်ရှေ့မင်းသားရဲ့ စာပေပညာနဲ့ စစ်ရေးအစွမ်းအစတွေကို ကျွန်တော်မျိုး အမြဲလေးစားခဲ့ရတာပါ၊ ကျွန်တော်မျိုးက မင်းသားတစ်ပါးဆိုပေမယ့် လုံလန်က သာ့ကျင်းနိုင်ငံတော်နဲ့ ယှဉ်ရင် သေးငယ်လှတဲ့နေရာလေးတစ်ခုပါ၊ အိမ်ရှေ့စံမင်းသားနဲ့ မိတ်ဆွေဖွဲ့နိုင်တာက ကျွန်တော်မျိုးအတွက်တော့ သုံးဘ၀စာ ကံကောင်းခြင်းပါပဲ”

ပေရှင်းရှု၏ စကားများက လေးစားမှုရှိပြီး သင့်တင့်လျောက်ပတ်တာကြောင့် ဧကရာဇ်ရွှမ်က သူ့ကို ချီးကျူးပြီး နေရာတွင် ပြန်ထိုင်ခိုင်းလိုက်သည်။

ကျွင်းချီယွိကတော့ သူ၏ မြှောက်ပင့်စကားတွေကို ရွံရှာနေမိသည်။

“ရောင်းရင်းပေ၊ ဒီလောကကြီးကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက်တွေနဲ့ ဖန်တီးခဲ့တာ သူများတွေနဲ့ တိုက်ခိုက်နေလို့ ဘာမှမထူးဘူး၊ ကျွန်တော်သာ မင်းနေရာမှာဆိုရင် အသေအလဲ တိုက်ခိုက်မှာ အမှန်ပဲ၊ အနောက်ပိုင်းဒေသရဲ့ နိုင်ငံတွေက ကျွန်တော့်အိတ်ကပ်ထဲက ပစ္စည်းတွေသာသာပဲ”

ပေရှင်းရှု၏ အပြုံးမှာ မှေးမှိန်မသွားပေ။

ဆန့်ကျင်ဘက်အားဖြင့် အမျိုးမျိုးသောပြည်ထောင်များမှ သံတမန်များနှင့် သာ့ကျင်းမှ မှူးမတ်များမှာ စိတ်လှုပ်ရှားလာကြပြီး တည်ငြိမ်လှသော ဧကရာဇ်ရွှမ်ပင် စားပွဲပေါ်ကို လက်ဖြင့်ခေါက်နေသည်။ သူမကျေမနပ်ဖြစ်နေသည်မှာ အသိသာကြီးပင်။

လုံလန်မင်းသားက သူ၏အညံ့ခံလိုစိတ်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီဖြစ်သော်လည်း ကျွင်းချီယွိ၏ စကားများက သာ့ကျင်းနှင့် အခြားနိုင်ငံများအကြား ဆက်ဆံရေးကို တင်းမာစေခဲ့ကာ ခန်းမထဲရှိလေထုက အေးခဲသွားသည်။

စုန့်လီချင်းက ရွေးချယ်စရာတော့သဖြင့် အရဲစွန့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အိမ်ရှေ့စံမင်းသားဆိုလိုတာက စစ်အင်အားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အုတ်မြစ်ဖြစ်ပေမယ့် တကယ်တမ်းကျတော့ အဲဒါက အသင်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်နိုင်ဖို့အတွက် အချိန်အကြာကြီး ရင်၀ယ်ပိုက်ထားတဲ့ ကျင်းကော်ရဲ့ဆန္ဒပါ”

စုန့်လီချင်းမှာ အအေးမိရာမှ သက်သာခါစဖြစ်တာကြောင့် သူ၏အသံက ကျယ်လောင်ခြင်းမရှိသေးပေ။ သို့သော် သူ၏ကြည်လင်ပြတ်သားသောအသံက စိတ်ကိုလန်းဆန်းစေသည်။

“ကျွန်တော်တို့ အနောက်ပိုင်းဒေသတွေက နေရာကျယ်ပေမယ့် ပစ္စည်းတွသိပ်မရှိဘူး၊ နေရာတိုင်းမှာ သဲကန္တာရတွေပဲရှိတာ၊ ကျင်းကော်ရဲ့ ကောင်းကင်နဲ့မြေကြီးနဲ့ နှိုင်းယှဉ်လို့မရဘူး၊ ကျွန်တော်တို့ လုံလန်မြေဆို ပိုတောင် မဖြစ်ထွန်းသေးတယ်၊ အိမ်ရှေ့စံမင်းသားရဲ့ ပြောစကားအရဆိုရင် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းသင့်လဲ”

ပေရှင်းရှုက ကျွင်းချီယွိကို စကားသာပြောနေပေမယ့် သူ့မျက်လုံးများကတော့ စုန့်လီချင်းကိုပဲ တောက်လျှောက်ကြည့်နေခဲ့သည်။

စုန့်လီချင်းက ကျွင်းချီယွိကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“တစ်ယောက်နဲ့တစ်ယောက် အားသာချက်တွေကို သင်ယူတာက သဘာဝကျတာပေါ့…အိမ်ရှေ့စံမင်းသားက ကျွန်တော့်ကို သီးသန့်ပြောပြခဲ့တာက လုံလန်က သာ့ကျင်းနဲ့ တခြားနိုင်ငံတွေရဲ့ ဆုံမှတ်မှာ ရှိတယ်၊ ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုသာ ရှိမယ်ဆိုရင် အကျိုးကျေးဇူးတွေရလိမ့်မယ်၊ ကျောက်စိမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အကန့်အသတ်မရှိ ကြီးပွားချမ်းသာလာမှာ အမှန်ပါပဲ”

ပေရှင်းရှု၏ မျက်လုံးတွေက အရောင်လက်သွားပြီး စုန့်လီချင်းကို ပိုလို့တောင် ပြင်းပြင်းထန်ထန် စိုက်ကြည့်လာသည်။

စုန့်လီချင်း၏ စကားအနည်းငယ်က ကျင်းကော်ဟာ ဒီထက်ပိုပြီး တိုက်ခိုက်တော့မှာ မဟုတ်ကြောင်း ပြသရုံသာမက လုံလန်အတွက် ရှင်သန်နိုင်မည့် နည်းလမ်းကိုပါ ထိထိမိမိပြောနိုင်ခဲ့သည်။

“ညွှန်ပြပေးလို့ ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား၊ တကယ်တော့ ပေရှင်းရှု ဒီတစ်ခါ ကျင်းကော်ကိုလာတာဟာ ကုန်သွယ်ရေးကို စတင်မယ့် အရေးကြီးတာဝန်ကို ထမ်းဆောင်ဖို့ပါ၊ အိမ်ရှေ့စံမင်းသားရဲ့ စကားတွေကြောင့် ကျွန်တော့်ရင်ထဲက ကျောက်တုံးကြီးလည်း ပြုတ်ကျသွားပါပြီ”

ဘာစိတ်ခံစားမှုမှ မပြဘဲ တည်ငြိမ်နေသော ဧကရာဇ်ရွှမ်ပင် ထိုအချိန်၌ ရယ်မောမိသွားသည်။

“ဟားဟားဟား! ကောင်းပြီ လီချင်း၊ စုန့်အိုက်ချင်းက သားကောင်းတစ်ယောက်ကို ပျိုးထောင်ထားတာပဲ၊ ဒါကြောင့်ပဲ အိမ်ရှေ့စံမင်းသားကို ကူညီဖို့ မင်းကို ငါကိုယ်တော်ရွေးချယ်ခဲ့တာပဲ၊ ငါကိုယ်တော် လူကဲခတ်မမှားခဲ့ဘူး”

ထိုစကားက ဧကရာဇ်ရွှမ်ထံမှ ချီးမွမ်းစကားဖြစ်ပြီး အခေါ်အဝေါ်ကလည်း အလွန်ချစ်ခင်ကြင်နာလှသည်။

ပေရှင်းရှုက ထိုနာမည်ကို တိတ်တဆိတ် ရေရွတ်လိုက်သည်။

“စုန့်…စုန့်လီချင်း၊ ငါမှတ်ထားလိုက်ပြီ”

စုန့်လီချင်းက နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။ သူ ကျွင်းချီယွိအစား ၀င်ပြောလိုက်တာကြောင့် သူ့ကို ကျွင်းချီယွိ ဒေါသထွက်နေလောက်သည်။

သေချာပေါက်ပင် ကျွင်းချီယွိ၏ မျက်နှာက ဖြူရော်နေပြီး ယခင်ကလို စိတ်ပါဝင်စားမှု မရှိတော့ပေ။

“မင်းနေမကောင်းဘူးလား၊ ချီလင်အိမ်တော်မှာ မင်းကိုယ့်ကိုကိုယ် မြှောက်ပြောတာ မလုံလောက်သေးဘူးလား၊ မင်းစကားပြောတိုင်း ကိုယ့်ကိုယ်ကို အမွှန်းတင်စရာ မလိုဘူးလေ၊ ချီလင်အိမ်တော်ကို ပြန်သွားတော့”

ကျွင်းချီယွိက ထွက်သွားဖို့ အမိန့်ပေးလိုက်သည်။ စုန့်လီချင်းကလည်း ထိုနေရာတွင် ဆက်နေပြီး လျစ်လျူရှုခံနေရခြင်းကို မလိုလားသဖြင့် ထရပ်လိုက်သည်။

“အိမ်ရှေ့စံမင်းသား၊ အခုက ကျွန်တော် ဆေးသောက်ရမယ့်အချိန် ရောက်ပြီမို့လို့…”

“ထွက်သွား”

ကျွင်းချီယွိက သူ့အကျီလက်ကို ဆတ်ခနဲခါလိုက်ပြီး ယင်ကောင်မောင်းသလို မောင်းလိုက်သည်။

စုန့်လီချင်းက အရိုအသေပေးပြီးနောက် ထွက်သွားလိုက်သည်။

ပေရှင်းရှုက ထွက်သွားသည့် စုန့်လီချင်းကို လည်တမော့မော့နှင့် စိုးရိမ်ပူပန်စွာ ကြည့်နေပြီး သန့်စင်ခန်းကိုသွားဖို့ အကြောင်းပြချက်တစ်ခုရှာကာ စားပွဲမှထလာလိုက်သည်။

ညီလာခံခန်းမမှ ထွက်လာပြီးနောက် စုန့်လီချင်းက လေရှူရန် အဝေးတစ်နေရာကို လျှောက်သွားလိုက်သည်။

“စုန့်လီချင်း!”

တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည်။ စုန့်လီချင်း ထိုအသံကို မှတ်မိသော်လည်း နောက်လှည့်မကြည့်ဘဲ ရှေ့ကိုပဲဆက်လျှောက်သွားလိုက်သည်။ သို့ပေမယ့် ပေရှင်းရှုက ခြေလှမ်းအနည်းငယ်အတွင်း သူ့ကိုမှီလာပြီး တားဆီးလာခဲ့သည်။

“မင်းနာမည်က စုန့်လီချင်းမလား”

ပေရှင်းရှုကိုကြည့်ရတာ အရမ်းပျော်ရွှင်နေပုံပင်။

စုန့်လီချင်းက သူ့ပတ်ဝန်းကျင်တွင် ထိုလူမရှိသကဲ့သို့ ဘာစကားမှ ပြန်မပြောပေ။

ပေရှင်းရှုက စိတ်မဆိုးဘဲ သူ့နောက်ဆက်လိုက်ရင်း မေးလိုက်သည်။

“မင်း သမားတော်ပြပြီးပြီလား…မင်းဖြစ်နေတာ သွေးကုန်ခန်းရောဂါမလား”

စုန့်လီချင်း၏ ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

“ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”

“သိတာပေါ့၊ ဒီမှာကြည့်လေ”

စုန့်လီချင်းက ဘာမှန်းမသိပေမယ့် ပေရှင်းရှုက ခုန်တက်ပြီး နန်းတော်အုတ်တံတိုင်းက မက်မွန်းကိုင်းတစ်ကိုင်းကို ချိုးယူလိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်သူ အားနဲ့ခြစ်ချလိုက်သည်။

ထို့နောက် သွေးတွေက ကွဲအက်သွားသော အရေပြားမှတစ်ဆင့် ဖြည်းညင်းစွာ စိမ့်ထွက်လာသည်။

“ငါဘယ်လိုသိလဲဆိုတော့ ငါလည်း သွေးကုန်ခန်းရောဂါ ခံစားနေရလို့ပဲ”

ပေရှင်းရှုက လက်နှစ်ဖက်ကို မြှောက်ပြကာ ပြုံးရင်းပြောလိုက်သည်။

“နှစ်နှစ်ရှိပြီ”

စုန့်လီချင်းက တုန်လှုပ်သွားပြီး ခဏလောက် ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဒါပေမယ့်… ဒါပေမယ့် သွေးကုန်ခန်းရောဂါက ကုလို့မရတဲ့ ရောဂါဆိုး မဟုတ်ဘူးလား၊ ခင်ဗျားဘယ်လိုလုပ် အခုချိန်ထိ အသက်ရှင်နေနိုင်ရတာလဲ”

ထိုစကားလုံးတွေက နားထောင်မကောင်းသလို ခံစားရတာကြောင့် စုန့်လီချင်း စကားပြောင်းပြောလိုက်သည်။

“ကျွန်တော် ဆိုလိုတာက…”

“ရတယ်”

ပေရှင်းရှုက အကောင်းမြင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါ သက်တော့မသက်သာသေးဘူး၊ ဒါပေမယ့် ငါအဖေနဲ့ ဘုရင်က ဆင်းရဲဒုက္ခခံပြီး ငါ့ကိုမြေအောက်ကမ္ဘာကိုသွားဖို့ ကူညီပေးခဲ့တယ်၊ နောက်ဆုံး သဲကန္တာရထဲမှာ သွေးဂျင်ဆင်းလို့ခေါ်တဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်၊ ဒါကြောင့် ငါအသက်ဆက်ရှင်နိုင်ခဲ့တာ”

စုန့်လီချင်းရင်ထဲ မှိန်ပျပျမျှော်လင့်ချက်တချို့ ပေါ်လာသလို ခံစားလိုက်ရသည်။

“သွေးဂျင်ဆင်း… ဒီလိုဆေးစွမ်းကောင်းက ကမ္ဘာပေါ်မှာ ရှိတယ်လား”

“မရှိတော့ဘူး”

ပေရှင်းရှုက စိတ်ပျက်လက်ပျက်ဖြင့် ပြောလာခဲ့သည်။

“ငါတို့တိုင်းပြည်က သဲကန္တာရထဲမှာရှိတာ၊ အဲသွေးဂျင်ဆင်းကို ငါတို့ တစ်ခုပဲရှာလို့တွေ့တော့တာ မဟုတ်ရင် ငါ မင်းတို့ကျင်းကော်က ဆေးကျမ်းတွေထဲမှာ အသက်ဆက်ဖို့နည်းလမ်းကို လိုက်ရှာစရာ လိုပါ့မလား”

တကယ်တော့ သူ ထိုနေ့က ထိုင်ဆေးပေးခန်း၌ ဆေးကျမ်းတွေကို တကယ်ဖတ်နေခဲ့ခြင်း ဖြစ်သည်။

ထိုနေ့မှ အဖြစ်အပျက်‌များကို ပြန်တွေးမိသွားစဉ် စုန့်လီချင်း ဒေါသထွက်လာခဲ့ရသည်။

“ဒီအရာတွေကို ပြောပြဖို့ ကျွန်တော့်ကို လိုက်နှောင့်ယှက်နေတာလား၊ ချီယွိဆီ ထပ်သွားတိုင်ပြီး ကျွန်တော့်ကို ဖောက်ပြန်မှုနဲ့ အပြစ်ပေးခံရအောင် လုပ်မလို့လား”

“တိုင်တယ်ဟုတ်လား၊ မင်းအတိုင်ခံရတဲ့ကိစ္စမှာ ကျွင်းချီယွိကိုသွားပြောတာ ငါမဟုတ်ဘူး”

ပေရှင်းရှုက သူ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး လေးလေးနက်နက် ကြည့်လာခဲ့သည်။

“ငါမင်းဆီလာတာက… မင်း အခုချိန်ကစပြီး ငါ့နောက်လိုက်ခဲ့မလားဆိုတာကို ပြောချင်လို့ပဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment