no

Font
Theme

“ချီယွိ…”

စုန့်လီချင်းက ညင်သာစွာ ခေါ်လိုက်ရင်း

ကျွင်းချီယွိ၏လက်ကို တားဖို့ကြိုးစားလိုက်သည်။

သို့သော် ကျွင်းချီယွိမှာ မွေးရာပါစွမ်းအားရှိသူဖြစ်ပြီး နှစ်ပေါင်းများစွာ စစ်မြေပြင်မှာ နေခဲ့ရတာကြောင့် မည်သည့်အရာကမှ သူ့ကိုမတားဆီးနိုင်ပေ။

ကျွင်းချီယွိရဲ့ မျက်လုံးတွေက မူးယစ်မိန်းမောနေကာ စုန့်လီချင်းရဲ့ လည်ပင်းပေါ်က အနီရောင်အစက်လေးမှာ ထူးထူးခြားခြား ညှို့ငင်နေသည်။ ထိုဟာလေးက သူ့အဝတ်အစားတွေအကုန်လုံး ချွတ်ပစ်ပြီး အနီးကပ်ကြည့်လိုသည့် ဆန္ဒကို အမြဲတစေ ဖြစ်ပေါ်စေသည်။

သူ့လက်မောင်းတွေက သန်မာတာကြောင့် စုန့်လီချင်းကို လက်တစ်ဖက်တည်းနဲ့ ချုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ သူ့အဝတ်အစားတွေကို ဆွဲဖြဲလိုက်သည်။

စုန့်လီချင်းမှာ ထိုင်တာ၊ထတာ၊ သွားတာ၊ လာတာကအစ အပြုအမူမှန်သမျှကို အမြဲဂရုစိုက်တတ်သူဖြစ်ရာ ယခုလို အပြင်လူတွေရှေ့ အဝတ်မဲ့နေလျှင်မူ ရှက်ရွံ့မှုက ပြောဖွယ်ရာမရှိတော့ပေ။

“ချီယွိ!”

စုန့်လီချင်းက ‌အားမရှိစွာ တောင်းပန်စကားဆိုလိုက်သည်။

“တော်ပါတော့…”

သူက မျက်ရည်ကျလွယ်သူဖြစ်ပြီး စိတ်လှုပ်ရှားသည့်အခါတိုင်း မျက်ရည်တွေ တသွင်သွင် စီးကျလာတတ်သည်။

ကျွင်းချီယွီ သူ့အောက်က ကပိုကရို ရှက်သွေးဖြာနေတဲ့ မျက်နှာလှလှလေးကို ငေးကြည့်နေရင်း ခေါင်းထဲတွင် ဗလာဖြစ်သွားသည်။ သွယ်လျလျ လည်တိုင်လေးက ဖြူဖွေးနေရာ ကာကွယ်ပေးလိုစိတ်က သူ့အလိုလို ပေါ်ပေါက်လာသည်။

သို့ပေမယ့် ဒီလိုတွေဖြစ်လေလေ သူပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လေလေ ဖြစ်သည်။

“အိုး စုန့်လီချင်း၊ မင်းကို ဆယ်နှစ်လောက် မတွေ့ရတဲ့ အတောအတွင်းမှာ မင်းရဲ့သနားလာအောင် ဟန်ဆောင်နိုင်စွမ်းက တကယ်ကောင်းလာတာပဲ”

ကျွင်းချီယွိက ခါးခါးသီးသီးဖြင့်

“ဒါပေမယ့် အသုံးမဝင်ဘူး… မင်းမင်္ဂလာခန်း၀င်ချင်ရင် ငါ အခုပဲ ကူညီပေးရမှာပေါ့!”

“မလုပ်နဲ့!”

“ဒီလိုလုပ်လို့ မရဘူး၊ ကျေးဇူးပြုပြီးတော့ပါ…”

စုန့်လီချင်း ကြောက်လန့်တကြားဖြစ်နေသည်။ မျက်လုံးပေါင်းမြောက်မြားစွာက ဝိုင်းကြည့်နေပြီး သူက ၀က်တွေ၊ ခွေးတွေလို တိရစ္ဆာန်မဟုတ်ပေ။ ဘယ်လိုလုပ် မရှက်ဘဲနေမှာလဲ။

“မင်းက အိမ်ရှေ့စံမိဖုရား မဟုတ်ဘူးလား။ မင်းက ကလေးမရနိုင်မှတော့ သခင်သာယာအောင် လုပ်ပေးဖို့ကလွဲပြီး ဘာများ အသုံး၀င်ဦးလို့လဲ”

ပြောရင်းဆိုရင်း ကျွင်းချီယွိရဲ့လက်က စုန့်လီချင်းရဲ့ ခါးနားရောက်သွားပြီး ခါးစည်းကို ဆွဲဖြဲလိုက်ရာ ဝတ်ရုံက လျော့ရဲသွားသည်။ စုန့်လီချင်းခဗျာ ခန္ဓာကိုယ်ကို ကုန်းလို့မရသောကြောင့် သူ့ကိုယ်သူ တွန့်လိမ်ရုန်းကန်ရင်းနဲ့ပဲ သူ့အဝတ်အစားတွေကို အသားကုန် ကာကွယ်နေရသည်။

“ချီယွိ… မင်းဒီလို… ဒီလိုလုပ်ရင်…”

စုန့်လီချင်းမှာ ဘာခြိမ်းခြောက်စကားမှ ထပ်မပြောနိုင်ပေမယ့် ဒါကိုတော့ ပြောဖြစ်အောင်ပြောလိုက်သည်။

“တကယ်လို့ ဒီကိစ္စသာ ဧကရာဇ်နဲ့ ဧကရီ့နားထဲ ရောက်သွားရင် မင်းအပြစ်ပေးခံရလိမ့်မယ်”

ကျွင်းချီယွိမျက်နှာ ပြောင်းလဲသွားသည်မှာ ‌အသေအချာပင်။ သူ စုန့်လီချင်းရဲ့ခါးကို တမင်တကာ ပိုဖိလိုက်သည်။

“ငါ့ကိုသူတို့နဲ့ လာမခြိမ်းခြောက်နဲ့! ချီလင်စံအိမ်တစ်ခုလုံးက ငါ့လူတွေချည်းပဲ။ ငါသူတို့ကို ပါးစပ်မဟဖို့ ပြောထားပြီးသား။ ဘယ်သူက ငြင်းရဲမှာလဲ! မင်းဘာပြောဦးမလဲ။ မင်းနေ့ခင်းဘက်မှာတောင် ငါနဲ့ဒီလိုမျိုးတွေ လုပ်နေတယ်ဆိုတာ ငါတစ်လောကလုံးကို သိစေချင်တယ်”

“ချီယွိ!”

စုန့်လီချင်းက ဖြူရော်နေတဲ့မျက်နှာနဲ့ လှမ်းအော်လိုက်သည်။

“ကျွန်တော်… ကျွန်တော် ဒါတွေကို အရှင့်သား အရက်မူးပြီး လျှောက်ပြောနေတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်”

ကျွင်းချီယွိရဲ့ ရာဂစိတ်က တဖြည်းဖြည်း ပိုပိုပြင်းထန်လာခဲ့သည်။

“မင်းရဲ့ မြင့်မြတ်တဲ့ပုံစံအောက်မှာ ဘာတွေရှိနေလဲဆိုတာကို ငါမြင်ချင်တယ်”

ဆွဲဖြဲလိုက်တဲ့အချိန်မှာ ကျွင်းချီယွိရဲ့ လက်ဖဝါးက တစ်ခုခုကို ထိမိသွားလေသည်။ သူလက်ပေါ်တင်ပြီး ငုံ့ကြည့်လိုက်၏။

ထိုအရာမှာ စုန့်လီချင်း ခါးမှာတွဲလွဲဆွဲထားတဲ့ ကျောက်စိမ်းဆွဲသီးဖြစ်ပြီး အောက်နားမှာ ပန်းဖွားလေးတစ်ခုကို ချိတ်ဆွဲထားလေသည်။

“ဒါကဘာလဲ”

ပန်းဖွားလေးတွေကိုမြင်တဲ့အခါတိုင်း စုန့်လီချင်းရဲ့ နှလုံးသားက နွေးထွေးလာပြီး ကျွင်းချီယွိရဲ့ လူမဆန်လွန်းတဲ့ စော်ကားမှုကို ခွင့်လွှတ်ပေးလိုက်သည်။

သူ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကျွင်းချီယွိရဲ့ မျက်လုံးတွေကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“မင်းငါ့ကို ဒီဟာလေးပေးခဲ့တာလေ၊ မှတ်မိလား။ ငါဒါကို ချစ်ခြင်းအထိမ်းအမှတ်အနေနဲ့ သဘောထားခဲ့တာ…”

ဒီပစ္စည်းလေးက ကျွင်းချီယွီရဲ့ ကလေးဘ၀က ဝိုးတဝါးမှတ်ဉာဏ်တွေကို ရှင်းရှင်းလင်းလင်းဖြစ်စေသည်။

ဒီပန်းဖွားက ငါအဲ့တုန်းက စုန့်လီချင်းကို ဒီတိုင်းအမှတ်မထင် ပေးခဲ့မိတဲ့ဟာပဲ။ သူကဘာလို့ ရတနာလို သဘောထား‌နေရတာလဲ။ ဒီလာက်ဈေးပေါပြီး ရုပ်ဆိုးတဲ့ဟာကို။ ခန္ဓာကိုယ်ပေါ်၀တ်လိုက်ရင် အနုပ်စုတ်ဂုပ်စုတ်နဲ့။

“လမ်းပေါ်မှာဆို သုံးကြိုးမှတစ်ပဲ‌လောက် တန်တဲ့ဟာကို။ မင်းရဲ့ချစ်ခြင်းအထိမ်းအမှတ်ကလည်း တကယ်ဈေးပေါတာပဲ။ ငါလိုဂုဏ်သရေရှိတဲ့ မင်းသားတစ်ပါးရဲ့ ခံစားချက်က ဒီလောက်ဈေးပေါမနေဘူး”

ကျွင်းချီယွိက နှုတ်ခမ်းမဲ့ကာ ဂရုမစိုက်သလိုနဲ့ လွှင့်ပစ်လိုက်သည်။

စုန့်လီချင်း ပန်းဖွားလေးကို ဖုံးထားလိုက်သည်။ သေချာတာပေါ့၊ ဒါက အဖိုးတန်ပစ္စည်းမဟုတ်ဘူး။

ဒါပေမယ့် သူတန်ဖိုးထားမြတ်နိုးရတဲ့ အကြောင်းအရင်းက ကျွင်းချီယွိ ပေးခဲ့တာမလို့ပဲ။

“ချီယွိ… မင်းက ဝေးဝေးလံလံ နေရာတွေကိုလည်း ရောက်ဖူးတယ်။ အနောက်ဘက်ဒေသရဲ့ ရှုခင်းအလှအပတွေကိုလည်း မြင်ဖူးတယ်။ အလှပေါင်းစုံကိုလည်း မြင်ဖူးတယ်။ ငါကတော့ ဘာကိုမှ မမြင်ဖူးဘူး။ ငါတွေ့ဖူးတဲ့ အကောင်းဆုံးလူက…မင်းတစ်ယောက်တည်းပဲ။ ဒါကြောင့် ဒီပန်းဖွားလေးက ငါရဲ့တန်ဖိုးထားမှုနဲ့ ထိုက်တန်တယ်”

သူရဲ့ချစ်ခြင်းမေတ္တာအပြည့် မျက်လုံးကြည်ကြည်တွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ကျွင်းချီယွိ ဒေါသတွေလိမ့်ထွက်လာသည်။

“ငါ့ကိုအဲ့လို မကြည့်စမ်းနဲ့! မသိရင် ငါကပဲမင်းကို သစ္စာဖောက်ခဲ့သလိုမျိုးနဲ့။ မင်းကိုငါ ဘာချစ်ခြင်းကတိမှ မပေးခဲ့ဖူးဘူး။ မင်းဘာသာမင်း လိုရာဆွဲတွေးပြီး ဒီအစုတ်အပြတ်ပန်းဖွားကို ရတနာလို သဘာထားနေတာ”

စုန့်လီချင်း မျက်ရည်စက်နှစ်စက် စီးကျလာသည်။ သူ့ရဲ့ဆယ်နှစ်တာ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေက ကျွင်းချီယွိရဲ့ မျက်လုံးထဲမှာတော့ ဟာသတစ်ခုထက် မပိုဘူးတဲ့လား။

“ချီယွိ၊ မင်းငါ့ကို ဘယ်လောက်ပဲ ဆိုးဆိုးရွားရွားတွေပြောပြော၊ မင်းကနှလုံးသားမရှိတဲ့သူဆိုတာ ငါမယုံဘူး”

“တအား ပျင်းဖို့ကောင်းတာပဲ!”

ကျွင်းချီယွိရဲ့ မူးနောက်နေတဲ့ခေါင်းက ချက်ချင်းဆိုသလို ကြည်လင်သွားသည်။ သူ့ရဲ့ရာဂစိတ်တွေအကုန် လွင့်ပြယ်သွားတာကြာင့် သူစုန့်လီချင်းကို လွှတ်ပေးလိုက်ပြီး ထရပ်ကာ အကျီလက်‌ဖျားတွေကို ဝှေ့ယမ်းပြလိုက်သည်။

“သွား‌စမ်း၊ ဒီမှာ မျက်စိစပါးမွေးစူးအောင် လာလုပ်မနေနဲ့။ ဒီသခင်ရဲ့ အပျော်တွေကို လာမနှောင့်ယှက်နဲ့။ အကအခုန်‌ အတီးအမှုတ်တွေ ဆက်လုပ်ကြစမ်း!”

ကျွင်းချီယွိ ယိုင်တိယိုင်တိုင်နဲ့ ဟူနွီအာကို လှမ်းဖက်လိုက်သည်။ သူ့လက်အကြီးကြီးတွေက ဟူနွီအာရဲ့ လှစ်ဟဖော်ထားတဲ့ အရေပြားပေါ်မှာ ကူးလူးယှက်သန်းနေလျက်ရှိပြီး ဟူနွီအာကလည်း သူ့ခါးပျော့ပျော့တွေကို လိမ်ဖယ်ကာ မြွေတစ်ကောင်လို ယိမ်းထိုးကနေသည်။ သူ့ရဲ့မျက်လုံးတွေက ဝိုးတိုးဝါးတာနဲ့ ရီဝေမိန်းမောနေသည်။

“သခင်~”

ဟူနွီအာက ညင်သာစွာနဲ့

“အခုလိုကြီး တစ်ယောက်ယောက်က ကျွန်တော့်ကို ကြည့်နေတာ နေရခက်တယ်”

စုန့်လီချင်း မျက်လုံးလွှဲလိုက်သည်။ သူတို့တွေက ဖက်လှဲတကင်းနဲ့ အရိုင်းဆန်ဆန် ပြုမူဆက်ဆံနေကြတာဖြစ်သည်။ အကျင့်စရိုက် အများစုမှာ အနောက်တိုင်းရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျးမှုတွေသာဖြစ်သည်။

ခဏလောက်လေး သူအရမ်းအားကျမိသွားသည်။ ဟူနွီအာက ကျွင်းချီယွိနဲ့ ဒီလောက် တရင်းတနှီးနေနိုင်တာကို အားကျသည်။

“မကြားလိုက်ဘူးလား၊ စုန့်လီချင်း”

ကျွင်းချီယွိ မင်သေသေဖြစ်နေတဲ့ စုန့်လီချင်းကို ပိတ်အော်လိုက်ရာ စုန့်လီချင်းလည်း ဗြုန်းခနဲ သတိပြန်ဝင်လာသည်။

“ချီယွိ…”

“မင်းပြောမယ့်ဟာတွေ ငါထပ်မကြားချင်တော့ဘူး”

ကျွင်းချီယွိ ဖြတ်ပြောလိုက်သည်။

“ထွက်သွားတော့”

“ဘာ”

တကယ်တော့ စုန့်လီချင်း သေချာရှင်းရှင်းလင်းလင်း ကြားပါသည်။ သူဒီလို အပြောခံလိုက်ရတာကိုပဲ လက်မခံဖြစ်နေရုံသာ။

သူဒီမှာရပ်နေရတဲ့ အကြောင်းအရင်းက သူက "ထွက်သွား" ဆိုတာနဲ့ပဲ တန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

“ငါပြောနေတယ်လေ၊ ဒီကနေထွက်သွားလို့”

ကျွင်းချီယွိ စကားတစ်လုံးချင်းစီကို သေချာထပ်ပြောလိုက်သည်။

“ဟူနွီအာက မင်းသူ့ဘေးနား ရှိနေတာကို မကြိုက်ဘူးလို့ပြောနေတယ်လေ။ မင်းလူစကား နားမလည်ဘူးလား”

ဟူနွီအာက ကျွင်းချီယွီရဲ့ ရင်ဘတ်ကိုမှီကာ အောင်နိုင်သူလို မာန်တက်နေတဲ့ အမူအရာနဲ့ စုန့်လီချင်းကို ငုံ့ကြည့်လိုက်သည်။

စုန့်လီချင်းကို တံခါးအပြင်ဘက် တွန်းထုတ်လိုက်ကြပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။

ရှန်းလဲ့စံအိမ်တော်ရဲ့ အပေါက်၀မှာ စောင့်နေတဲ့ ရွှမ်တိက ချက်ချင်းပြေးလာကာ စုန့်လီချင်းရဲ့ မျက်ရည်တသွင်သွင်စီးနေတဲ့ ဖြူဖျော့ဖျော့မျက်နှာကို တွေ့လိုက်ရတော့ အထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သဘောပေါက်သလိုလို ရှိသွားသည်။

“အိမ်ရှေ့စံမိဖုရား…”

စုန့်လီချင်း ခေါင်းမော့‌လိုက်သည်။ အိမ်ရှေ့စံမိဖုရားဆိုတဲ့ဘွဲ့က… အခုတော့ သူနဲ့ မထိုက်တန်တော့တဲ့ပုံပဲ။

“ရွှမ်တိ”

စုန့်လီချင်းက အသံယဲ့ယဲ့ဖြင့်

“နောက်ဆို မင်းငါ့ကို အဲဒီလို ထပ်ခေါ်စရာမလိုတော့ဘူး”

ရွှမ်တိက အံ့ဩတကြီး ပြန်ပြောလာခဲ့သည်။

“အဲ့လိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ မိဖုရားက အိမ်ရှေ့စံရဲ့ တရား၀င်မိဖုရားလေ။ ပြီးတော့ ဒါကလည်း ဧကရာဇ်မင်းမြတ်ကိုယ်တော်တိုင် ချီးမြှင့်ခဲ့တာ။ အရှင့်သားက ဆိုးဆိုးရွားရွား ဆက်ဆံရုံနဲ့တင် ကိုယ့်ကိုကိုယ် ဒီလိုခံစားနေစရာ မလိုပါဘူး”

“မဟုတ်ဘူး”

စုန့်လီချင်း ရွှမ်တိရဲ့ ဖြူစင်ကာ ဟန်ဆောင်မှုကင်းတဲ့ မျက်နှာကို ကြည့်မိလိုက်သည်။ ကြည့်ရတာ သူ့နှလုံးသားထဲက ခံစားနေရတဲ့ ဝေဒနာတွေကို ဖွင့်ဟနိုင်တော့မယ့်ပုံပဲ။

သူ မချင့်မရဲလေသံနဲ့

“တကယ်တော့ ငါအရှင့်သားနဲ့ လက်ထပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ငါ့နှလုံးသားထဲမှာတော့ သူကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ။ ငါသူနဲ့ တကယ်မထိုက်တန်တာ”

“မဟုတ်ပါဘူး!”

ရွှမ်တိက ချက်ချင်း ပြန်ချေပလိုက်သည်။

“မိဖုရားက မြို့တော်မှာ ဘယ်လောက်နာမည်ကြီးလဲဆိုတာ သိမှမသိတာ! ကျွန်မလို နန်းတော်ထဲကို အခုမှရောက်ဖူးတဲ့ အစေခံတောင် မိဖုရားရဲ့ အရင်နာမည်ကို သိတယ်။ လူတွေပြောကြတာ မိဖုရားက ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ ထန်ဟွားလန်သခင်ငယ်လေးတဲ့။ မိန်းမပျိုလေးတွေ အများကြီးကလည်း မိဖုရားကို သဘောကျကြတယ်။ မိဖုရားသာ အိမ်ရှေ့စံမိဖုရား မဖြစ်ခဲ့ရင် တကယ်တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မယ်လို့ သူတို့တွေအကုန် ပြောကြတယ်။ မိဖုရားက ဒီလောက်လှပြီး အရည်အချင်းရှိတာကို၊ ဘာလို့မထိုက်တန်ရမှာလဲ?”

စုန့်လီချင်းက အခန်းထဲကို ကြည့်နေပေမယ့် သူမျက်လုံးတွေကတော့ အဝေးတစ်နေရာမှာပင်။

တချို့လူတွေက လက်တစ်ကမ်းအကွာမှာပဲ ရှိနေတာတောင် ကြားထဲ နဂါးငွေ့တန်းဂလက်ဆီကြီး ခြားနေသလို ဝေးကွာနေသလိုပင်။

သူတို့နှစ်ယောက်ကြားမှာ ဆယ်နှစ်တာ ကုန်ဆုံးခဲ့ပြီးသွားပြီ။

“ဒါက မင်းချီယွိကို သေချာမသိသေးလို့။ သူက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာသားတော်၊ ကမ္ဘာပေါ်က ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူး။ လူတွေက ငါကအရမ်း အရည်အချင်းရှိတယ်လို့ ပြောကြပေမယ့် ငါဘယ်လောက် ကြိုးစားပမ်းစားနဲ့ စာလေ့လာခဲ့ရပြီးမှ ထင်ပေါ်လာလဲဆိုတာကို ငါပဲသိတယ်။ ချီယွိကတော့ မတူဘူး။ သူက မွေးရာပါဉာဏ်ကောင်းတာ။ ငါစာအုပ်ထဲကစာတွေကို အလွတ်ရဖို့ အကြိမ်ပေါင်းများစွာ ကျက်ရပေမယ့် သူကတော့ ခဏလေးဖတ်လိုက်ရုံနဲ့တင် ရသွားပြီ။ သူကအရမ်း အဆော့မက်ပြီး ကိုယ်ခံပညာကို ချစ်တယ်။ စာပေကိုတော့ မုန်းတယ်။ မဟုတ်ရင် ဒီကမ္ဘာပေါ်က ဘယ်သူကမှ သူ့အရည်အချင်းကို ယှဉ်လို့ရမှာမဟုတ်ဘူး”

သူ့မျက်လုံးတွေကနေ နှလုံးသားအပြည့် ချစ်ခင်လေးစားမှုတွေနဲ့ ရှည်ကြာနူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို ရွှမ်တိတွေ့လိုက်ရသည်။

“အရှင့်သားကို အရမ်းချစ်တာပဲလား”

စုန့်လီချင်းတစ်ယောက် ခေတ္တမျှ ကြောင်သွားရသည်။ သူဒီလိုမေးခွန်မျိုးကို တကယ်ကြီး မေးလိုက်တာပဲ။

“အရမ်းချစ်တယ်…”

စုန့်လီချင်းက နှာတရှုံ့ရှုံ့နဲ့

“ဒါပေမယ့် သူကတော့ ငါ့ကိုမချစ်ဘူး”

ရွှမ်တိရဲ့ ကလေးဆန်ဆန် မရင့်ကျက်သေးတဲ့ စိတ်လေးက သူနဲ့အတူ ဝမ်းနည်းသွားရသည်။

“အရှင့်သားက မိဖုရားကို ဒီလိုမဆက်ဆံသင့်ဘူး။ မိဖုရားက ဒီလောက်ကြင်နာတဲ့ဟာကို… ပြီးတော့ အရှင့်သားအတွက်လည်း အများကြီး စွန့်လွှတ်ခဲ့ရသေးတယ်”

ရွှမ်တိက သူ့အတွက် မတရားဘူးလို့ ညည်းနေပေမယ့် စုန့်လီချင်း ခေါင်းခါလိုက်သည်။ သူဒါတွေနဲ့ ထိုက်တန်တယ်။

“ချီယွိငါ့ကို ဘာလို့ စက်ဆုပ်ရွံရှာနေလဲဆိုတာ ငါသိတယ်။ အရှင်မင်းကြီးချီးမြှင့်ခဲ့တဲ့ အိမ်ရှေ့စံမိဖုရားဆိုတဲ့ ဂုဏ်ပုဒ်က မြင့်မြတ်တယ် ထင်ရပေမယ့် တကယ်တမ်းတော့ အရှင့်သားရဲ့ အစေခံသက်သက်ပဲ။ ငါက ငါ့ကိုယ်ငါ ပညာရှင်တစ်ယောက်လို့ ထင်ခဲ့မိတာ။ ပြီးတော့ ဖြောင့်မတ်မှန်ကန်တဲ့လူပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမယ့်လည်း နောက်ဆုံးကျ ငါက တခြားသူတွေရဲ့အောက်မှာ နေရတဲ့ ဒီလမ်းကို ကိုယ့်ဆန္ဒနဲ့ငါ ရွေးချယ်ခဲ့မှတော့ ချီယွိက အ‌ထင်သေးတော့မှာပေါ့။ ငါခံသင့်ပါတယ်”

ရွှမ်တိက ချက်ချင်းပြန်ပြာလိုက်သည်။

“ဒါဆို ကျွန်မနောက်ကျ အပြင်လူတွေရှေ့မှာတော့ အိမ်ရှေ့စံမိဖုရားလို့ ခေါ်ပါ့မယ်။ နှစ်ယောက်တည်းရှိနေရင်တော့ သခင်လေးထန်ဟွားလန်လို့ ခေါ်မယ်လေ”

ဒီကလေးမလေးက လိမ္မာရေခြားရှိပြီး ကြင်နာတတ်ကာ လူတွေကို နှစ်သိမ့်ပေးတဲ့နေရာမှာလည်း အလွန်တော်လေသည်။ သူ့စိတ်ထဲက ခါးသီးမှုတွေ အနည်ထိုင်သွားပြီး စုန့်လီချင်းလည်း ပြုံးလိုက်မိသည်။

“သခင်လေး၊ အခုဘာလုပ်မလို့ပါလဲ”

စုန့်လီချင်းက လေသာဆောင်ဆီ အေးအေးဆေးဆေး လျှောက်သွားကာ လက်အောက်ချပြီး ရပ်နေလိုက်သည်။

ရွှမ်တိ လရောင်အောက်က သခင်လေးကို အံ့ဖွယ်တစ်ပါးလို ကြည့်နေမိသည်။ သူ့ရုပ်ရည်သွင်ပြင်နဲ့ ကိုယ်ဟန်အမူအရာက လရောင်အောက်မှာ မျက်စိပသာဒဖြစ်လွန်းလှသည်။ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ ကျောက်စိမ်းအယောင်ဆောင် မျက်နှာတွေထက်တောင် ကြည့်ကောင်းလှသည်။ လေ‌ပြေတိုက်ခတ်လာတဲ့အခါမှာ‌တော့ သူ့တစ်ကိုယ်လုံး ၀မ်းသာပီတိ ဂွမ်းဆီထိလုနီးနီးဖြစ်ကာ မျက်နှာနီရဲမလာဘဲ မနေနိုင်တော့ပေ။

“ချီယွိ”

စုန့်လီချင်း အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

“မင်းငါနဲ့ အခန်းပြန်မလိုက်မချင်း ငါဒီမှာပဲစောင့်နေမှာ”

တံခါးက အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရပြီး မကျေမနပ်နဲ့ ထွက်လာတဲ့သူကတော့ ကျွင်းချီယွိပင်။ အတွင်းခန်းထဲက အကအခုန် အတီးအမှုတ်‌တွေအကုန် ရပ်တန့်သွားပြီး ဟူနွီအာမှာလည်း ကျွင်းချီယွိနောက်ကနေ ပျင်းတိပျင်းတွဲနဲ့ လိုက်ထွက်လာသည်။

“အရှင့်သားက ဒီလောက်ကောင်းတဲ့လူကို လျစ်လျူရှုပြီး မကောင်းဆိုးဝါးလို ရုပ်ဆိုးဆိုးနဲ့ မှင်စာကောင်ကိုမှ ရွေးကြိုက်ရတယ်လို့။ အမြင်အာရုံက တကယ်တိမ်ဖုံးနေတာပဲ…”

သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ရင်း ရွှမ်တိ ရေရွတ်မိသွားသည်။

“မင်းတကယ် ဘာဖြစ်ချင်နေတာလဲ!”

ကျွင်းချီယွိ စုန့်လီချင်းကို လက်ညှိုးထိုးလျက် အော်မေးလိုက်သည်။

စုန့်လီချင်းက ဝမ်းနည်းနေပေမယ့် သူ့အကြည့်ကတော့ ပြတ်သားနေသည်။

“အရှင့်သားကို အခန်းထဲပြန်ခေါ်သွားပြီး မင်္ဂလာပွဲအခမ်းအနားကို ဒီညပြီးအောင်လုပ်မယ်။”

ကျွင်းချီယွိ မျက်မှောင်ကြုတ်ကာ ‌ဒေါသတကြီးနဲ့ မေးလိုက်သည်။

“ငါမလိုက်ရင်ရော မင်းဒီမှာဒီတိုင်း စောင့်နေမှာလား”

စုန့်လီချင်းရဲ့လည်ချောင်းက ခြောက်ကပ်သွားပြီး သူပြန်ဖြေလိုက်သည်။

“ဟုတ်တယ်”

ကျွင်းချီယွိက ဒေါသတကြီး ရယ်မောလိုက်သည်။ ထို့နောက် အေးစက်ကာ အကြင်နာတရားကင်းမဲ့စွာဖြင့်

“ဟေ့ မင်းလိုမျိုး သူများကိုတောက်လျှောက် အနှောင့်အယှက်ပေးတတ်တဲ့ လူမျိုးက ဒီလိုညစ်ပတ်တဲ့ နည်းလမ်းမျိုး သုံးမယ်ဆိုတာ ငါသိသားပဲ။ မင်းဘယ်သူ့ကို လာဟန်ဆောင်ပြနေတာလဲ!”

အမျက်တခြောင်းခြောင်းထွက်နေတဲ့ ကျွင်းချီယွိနဲ့မတူဘဲ စုန့်လီချင်းကတော့ သူ့အမျက်ဒေါသတွေကို အမြဲသည်းခံကာ နူးနူးညံ့ညံ့စကားလုံးတွေနဲ့ ဖျောင်းဖျဖို့ ကြိုးစားနေသည်။

“ချီယွိ၊ မင်းငါ့ကို ဘယ်လိုထင်ထင် ကိစ္စမရှိဘူး။ မင်းသားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပေးဖို့ပဲ ငါတောင်းဆိုတာပါ…”

“မင်းငါ့ကို ဒီလိုခြိမ်းခြောက်လို့မရဘူး၊ စုန့်လီချင်း”

ကျွင်းချီယွိ ဖြတ်ပြောလိုက်သည်။ သူ့မျက်ခုံးတန်းတစ်ခုလုံးလည်း မည်းမှောင်နေပြီဖြစ်သည်။

“မင်းအကြိမ်တစ်ထောင် ဒူးထောက်ပြီး ဦးတိုက်တောင်းပန်ရင်တာ့ မင်းနဲ့တူတူ မင်္ဂလာခန်းထဲ ပြန်လိုက်မလိုက် ငါစဉ်းစားပေးမယ်!”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment