စုန့်လီချင်း လဲကျသွားတာကြောင့် ခေါင်းတစ်ခုလုံး မူးနောက်နေပေမယ့် ကျွင်းချီယွိ သူ့ဝတ်ရုံသူ ချွတ်ကာလွှင့်ပစ်လိုက်ပြီး အတွင်းခံအဝတ်သာ ကျန်တော့တာကို မြင်လိုက်ရသောအခါ သူစိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက် စုန့်လီချင်းအပေါ်ကို ပစ်လှဲလာပြီး သူ့လည်ပင်းကို လက်လွတ်စပယ် ရမ်းရမ်းကားကား နမ်းရှုံ့တော့သည်။
စုန့်လီချင်း မူးဝေလျက်ရှိပြီး မသိစိတ်ကနေ သူ့ကိုငြင်းဆန်နေမိသည်။
"ချီယွိ!"
စုန့်လီချင်း အမောတကော အသက်ရှုရင်း
"ချီယွီ၊ သတိထားပါဦး..."
ကျွင်းချီယွိ ရပ်တန့်သွားပြီး စုန့်လီချင်းရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အထက်စီးကနေ တင်တင်စီးစီး မေးလိုက်သည်။
"မင်းက မင်္ဂလာဦးညကို လိုချင်တယ်ဆိုလို ဒီသခင်က ပေးတော့မလို့လေ။ အဲဒါကိုဘာလို့ ခုခံနေရတာလဲ။ ငါပြောပါတယ် မင်းကပြည့်တန်ဆာတွေလို အရှက်မရှိ အမိဖမ်းမယ့်သူပါဆို၊ အခုတော့ငါ့ကို ဒူးထောက်တောင်းပန်နေရပြီမလား။ ငါပြောခဲ့တယ်လေ။ ပြောတော့ဖြင့် မင်္ဂလာဦးညလိုချင်တယ်ဆိုပြီး အခုမှ ဒီသခင်ကို ဖြူစင်သန့်ရှင်းဖို့ လာမပြောနဲ့နော်”
"ဒီလိုမဟုတ်ဘူး..."
သူစိတ်ကူးခဲ့ရတဲ့ မင်္ဂလာဦးညက ဒီလိုပုံစံမျိုး မဖြစ်သင့်ပေ။
ဗြိ——
စုန့်လီချင်း သတိမထားမိတဲ့အချိန်မှာ
သူ့၀တ်ရုံ ဆွဲဖြဲခံလိုက်ရသည်။ ကျွင်းချီယွိရဲ့အားက ပြင်းလွန်းသောကြောင့် ဝတ်ရုံမှာ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီး စုန့်လီချင်းရဲ့ အဝတ်အစားတွေအကုန် ပြေလျော့သွားသည်။
ပုံမှန်အားဖြင့် တင်းတင်းကျပ်ကျပ် ဖုံးထားလေ့ရှိတဲ့ သူ့ခန္ဓာကိုယ်ကို ကျွင်းချီယွိ မြင်လိုက်ရသည်။ ပိန်သွယ်သော်လည်း သန့်စင်မွန်မြတ်တဲ့ ကြိုးကြာငှက်တစ်ကောင်နှယ် နူးညံ့ဖြူဖွေးကာ ဘာဖုန်မှုန့်မှ မစွန်းထင်းမပေကျံနေဘဲ သေမျိုးလောကကြီးအပေါ် တစ်ခါမှ ခြေမချဖူးသကဲ့သို့ပင်။
သူ့အသားအရည်ပေါ်မှာ မြက်ခင်းရနံ့လိုလို၊ သစ်ပင်ရနံ့လိုလို၊ ထင်းရှူးရနံ့လိုလို၊ ဝါးရနံ့လိုလို၊ ပန်းရနံ့လိုလို၊ စာအုပ်ရနံ့လိုလို တပ်မက်စရာကောင်းတဲ့ သင်းပျံ့ပျံ့ရနံ့တစ်မျိုး ရှိနေသည်။
ကျွင်းချီယွိရဲ့ သိမ်းပိုက်လိုစိတ်က ချက်ချင်းနိုးထလာကာ မျက်လုံးတွေလည်း ချက်ချင်းနီရဲလာခဲ့လေသည်။ သူတွန့်ဆိုင်းမနေတော့ဘဲ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချကာ ဖန်းကျယ်ကို နမ်းရှုံ့တော့သည်။
စုန့်လီချင်းမှာမူ မျက်ရည်တွေဝဲလျက် ကူကယ်ရာမဲ့နေသည်။
သူ့အရှေ့ကလူက အရပ်ရှည်ရှည်၊ သန်မာတောင့်တင်းပြီး ကျောက်စိမ်းရုပ်တုကဲ့သို့ ခန္ဓာကိုယ်ကောက်ကြောင်းများ ပိုင်ဆိုင်ထားကာ ခန့်ညားပြီးရင်း ခန့်ညားနေတော့သည်။ ဘုရားသခင်ရဲ့ပုံစံကို လူတွေ စိတ်ကူးပုံဖော်ကြည့်မည်ဆိုလျှင် ကျွင်းချီယွိကို အတုယူရလိမ့်မည်။
သူ စုန့်လီချင်းရဲ့ ခန္ဓာကိုယ်ပေါ် ဖိချလိုက်တာကြောင့် သူတို့နှစ်ဦး အသားချင်းထိမိသွားသည်။ မိုးရေတွေ စိုစွတ်ထားတဲ့ အသားအရည်က ယခုအချိန်မှာ ချောမွတ်လျက်ရှိပြီး ရမ္မက်ဆန်ဆန် လေထုကို ဖန်တီးပေးနေသည်။
"ချီယွိ!”
စုန့်လီချင်းရဲ့အသံမှာ မျက်ရည်တွေအပြည့်ပင်။
ထိုအခါမှသာ ကျွင်းချီယွိ ခဏမျှ ရပ်တန့်သွားသည်း။ စုန့်လီချင်း ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ပြန့်ကြဲနေတဲ့ သူ့အဝတ်အစားတွေကို ပြန်ဆွဲယူကာ တုန်တုန်ယင်ယင်နဲ့ သူ့ကိုယ်သူဖုံးလိုက်သည်။
သူအရှက်သည်းနေတဲ့ ပုံစံကိုကြည့်ပြီး ကျွင်းချီယွိ အလွန်ကျေနပ်နေမိသည်။ သူ့နှုတ်ခမ်းထောင့်မှာလည်း မာန်တက်တက် အပြုံးမျိုး ရှိနေသည်မှာ သူ့ကိုယ်ပိုင်လက်ရာသူ သဘောကျနေသကဲ့သို့ပင်။ အေးစက်စက်နဲ့ စိတ်ကြီး၀င်နေတဲ့ လူတစ်ယောက်ကို ဖရိုဖရဲဖြစ်အာင် လုပ်လိုက်နိုင်တာက သူ့ကိုမာန်တက်စေသည်။
"မင်းလိုချင်တယ်မလား"
ကျွင်းချီယွိ ကျီစားသလို မေးလိုက်သည်။
စုန့်လီချင်းရဲ့ မျက်ရည်တွေက တလက်လက် တောက်ပနေသည်။ လက်ထပ်ပွဲကို ချီးမြှင့်လိုက်တဲ့ အချိန်ကစပြီး ဒီလိုနေ့ ရောက်လာမှာကို သူသိခဲ့ပေမယ့် ဒီလိုမျိုးကို မျှော်လင့်ခဲ့တာတော့ လုံး၀မဟုတ်ပေ။
"ချီယွိ..."
စုန့်လီချင်း အသံတုန်တုန်ယင်ယင်နဲ့ နှိမ့်နှိမ့်ချချ မေးလိုက်သည်။
"မင်းငါ့ကို ဒီလိုလုပ်နေတာက ငါ့ကိုချစ်လို့လား...ဒါမှမဟုတ် မုန်းလို့လား”
ကျွင်းချီယွိရဲ့ မျက်လုံးတွေ အေးစက်သွားလေသည်။
"မင်းကောင်းကောင်းသိပါတယ်”
ဒီလိုမျိုးအဖြေကို မျှော်လင့်ထားပေမယ့် စုန့်လီချင်းရဲ့ နှလုံးသားမှာတော့ အရိုးထဲအထိ ညှိုးငယ်သွားရသည်။
"ငါမင်းနဲ့ တူတူရှိချင်တယ်။ တစ်သားတည်းဖြစ်သွားအောင် ပေါင်းစည်းချင်တယ်။ မင်းငါ့ကိုဘာလုပ်လုပ် ငါလက်ခံတယ်။ ဒါပေမယ့် လက်စားချေချင်လို့ မဟုတ်ဘဲနဲ့ နက်နက်ရှိုင်းရှိုင်းချစ်လို့ လုပ်တာမျိုး ဖြစ်စေချင်တယ်၊ ဟုတ်ပြီလား”
သို့သော် ကျွင်းချီယွိမှာမူ ထိုဝိရောဓိစကားလုံးတွေကို နားမလည်ပေ။
"ငါမင်းကိုလိုချင်ရင် လိုချင်တာပဲပေါ့။ ဘာလို့အဲဒီလောက် ဆင်ခြေတွေ များနေရတာလဲ။ မင်းမလိုချင်ရင်လည်း မင်းကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိတဲ့သူတွေမှ အများကြီး။ ဟူနွီအာက အခုငါ့ကို စောင့်နေတယ်…”
ဆောင်းလီချင်၏ နှလုံးသားသည် ပြင်းထန်စွာ ထပ်မံဖြတ်တောက်ခံရပြန်သည်။
"ငါဘယ်တော့မှ တခြားသူတွေကို အတင်းအကြပ်မလုပ်ဘူး။ မင်းသာဆန္ဒမရှိရင် ငါအခု ရှန်းလဲ့စံအိမ်ကို ပြန်သွားတော့မယ်။ ငါမင်းကိုမေးမယ်၊ မင်း ဆန္ဒရှိရဲ့လား”
အဆင့်အတန်းမှာပဲဖြစ်ဖြစ် စိတ်ခံစားမှုမှာပဲဖြစ်ဖြစ် ကျွင်းချီယွိက အသာစီးရနေပြီး သူနိုင်မယ်ဆိုတာ သေချာနေသည်။
စုန့်လီချင်းရဲ့ စိတ်ထဲမှာ အတွေးနှစ်ခုရှိနေသည်။ သူချစ်ရသူအတွက် အရာအားလုံး ပေးဆပ်နိုင်သော်ငြား ကျွင်းချီယွိမှာတော့ သူ့ကိုမချစ်တာ ထင်ရှားသည်။ ဒါပေမယ့် ဒီလိုမင်္ဂလာဦးညမှာ သူချစ်ရတဲ့သူကို တခြာတစ်ယောက်နဲ့ လိင်ဆက်ဆံဖို့ သူဘယ်လိုစိတ်မျိုးနဲ့ လက်လွှတ်ပေးရမှာလဲ။
စုန့်လီချင်း နာကျင်မှုနဲ့ ပူလောင်မှုကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ နှုတ်ခမ်းတစ်စုံမှာ အနည်းငယ် တုန်ယင်လျက်ရှိပြီး သူမျက်လုံးမှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်ရည်နှစ်စက် စီးကျလာခဲ့သည်။
သူ့တွင် ပြောမပြနိုင်တဲ့ ဝမ်းနည်းပူဆွေးမှုမျိုး ဖြစ်ပေါ်နေသည်။ သူချစ်ရသူကို ဆက်ထိန်းထားဖို့ သူ့နှလုံးသားနဲ့တင် မလုံလောက်ဘဲ သူ့ခန္ဓာကိုယ်ကိုပါ ပေးရမည်ဖြစ်ကြောင်းကို သိလိုက်ရသည်။
ဒီလိုဆိုရင် ပြည့်တန်ဆာတွေနဲ့ ဘာများကွာခြားဦးမှာမလို့လဲ။
"ငါ…လုပ်ပါ့မယ်”
ကျွင်းချီယွိက အထက်စီးကနေ မောက်မောက်မာမာနဲ့
"ဒါဆိုရင် ရှက်သလိုလို လုပ်မနေနဲ့”
"ချီယွိ... ငါကြောက်တယ်..."
သူဘာကို ကြောက်နေမိမှန်း စုန့်လီချင်း မသိပေ။ နာကျင်မှုကို ကြောက်တာလား၊ ဒဏ်ရာရမှာကို ကြောက်တာလား၊ အရာအားလုံး အချည်းနှီးဖြစ်သွားမှာကို ကြောက်ဝာာလား၊ ဒါမှမဟုတ် တစ်နေ့နေ့မှာ ရက်ရက်စက်စက် စွန့်ပစ်ခံလိုက်ရမှာကို ကြောက်တာလား။ တစ်ခုခုတော့ တစ်ခုခုပင်။
သူမကြည့်မိအောင် မျက်လုံးတွေ မှိတ်ထားဖို့နဲ့ မစဉ်းစားမိအောင် သူ့နှလုံးသားတံခါးကို ပိတ်ထားဖို့သာ တတ်နိုင်သည်။
ဒီညက လောကကြီးကို ဖန်ကူစတင်ဖန်ဆင်းခဲ့သလို ဝူရှန်းပျက်ပြားပြီး ပင်လယ်ကြီးတစ်ခုလုံး ပိုစားပင်တွေနဲ့ ပြည့်သွားသလိုပင်။ ကျွင်းချီယွိရဲ့ ဘ၀တစ်၀က်စာလောက် စုဆောင်းခဲ့တဲ့ ခွန်အားနဲ့ ဒေါသတွေကို စုန့်လီချင်းအပေါ်ကို အရူးအမူး ပေါက်ကွဲထွက်ကုန်သည်။
မိုးကြိုးမုန်တိုင်းရော ဘယ်အချိန်မှာ ရပ်သွားသလဲ မသိနိုင်တော့ဘဲ စုန့်လီချင်း မင်္ဂလာဦးညမှာ သတိလစ်သွားခဲ့သည်။
…
သူနိုးလာတဲ့အချိန်မှာ ပထမဆုံး ကြားလိုက်ရတဲ့ အသံကတော့ အပြင်ဘက်က ဌက်ကလေးတွေရဲ့ ကျီကျီကျာကျာ အသံပင်။
စုန့်လီချင်း ခေါင်းတစ်ခုလုံး ထိုးကိုက်နေပြီး သူ့ခန္ဓာကိုယ်မှာ ပိုလို့တောင် နာကျင်လှသည်။ သူ မျက်မှောင်ကြုတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့လက်မောင်းနဲ့ ခန္ဓာကိုယ်အနှံ့တွင် အညိုအမည်းစွဲနေပြီး အခန်းတွင်း၌မူ အခုချိန်ထိ မလွင့်ပြယ်သေးတဲ့ ကာမအနံ့တွေ အပြည့်ပင်။
သူမနေ့ညကို ဘယ်လိုကျော်ဖြတ်ခဲ့မှန်း ဘယ်သူမှ မသိပေ။
သူ အိပ်မက်မက်နေသလိုတောင် ထင်ရသည်။ စိတ်ကယောင်ချောက်ချားဖြစ်စေတဲ့ အိပ်မက်တစ်ခုပေါ့။
ဖရိုဖရဲဖြစ်နေတဲ့ မွေ့ရာနဲ့ နာလွန်းတာကြောင့် သူစုတ်ပြဲခဲ့မိတဲ့ ကန့်လန်ကာအပြဲတွေကသာ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေသည်။
စုန့်လီချင်း နာကျင်မှုကို သည်းခံကာ ထလိုက်သည်။ သူ့ဘေးနားက ကျွင်းချီယွိမှာမူ အခုထိ အိပ်ပျော်နေဆဲပင်ဖြစ်သည်။ သူအိပ်ပျော်နေတဲ့အချိန်မှာတော့ ကလေးဆန်မှုလေးတွေက သူ့မျက်နှာပေါ်မှာ အနည်းငယ် ပေါ်နေကာ ချစ်ဖို့ကောင်းလှဟည်။ သူ့မျက်နှာမှာ ဧကရာဇ်ရွှမ်နဲ့ ဧကရီတို့ရဲ့ သူရဲကောင်းဆန်ဆန် ကြန်အင်လက္ခဏာတွေ အကုန်ရှိသည်။ ခန့်ညားတဲ့ မျက်ခုံးတန်းမြင့်မြင့်တွေ၊ နှုတ်ခမ်းပါးတွေနဲ့ အရာရာတိုင်းက အလွန်အေးချမ်းနေကာ လှပလှသည်။
စုန့်လီချင်ရဲ့ နှုတ်ခမ်းထောင့်နားလေးက ကွေးတက်သွားပြီး သူမနေနိုင်တော့ဘဲ ကျွင်းချီယွိရဲ့ မျက်နှာပေါ်ကို လက်ချောင်းတွေနဲ့ သာသာလေး ပွတ်သပ်မိလိုက်သည်။
"ချီယွိ... မင်းနိုးလာတဲ့အချိန်မှာလည်း လူတွေကို အနာတရဖြစ်စေတဲ့ သွားချွန်တွေ ခြေသည်လက်သည်းတွေကို မထုတ်ဘဲ အခုလိုလေး အေးအေးဆေးဆေး နူးနူးညံ့ညံ့လေးဆိုရင် ကောင်းမှာပဲ…”
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဒန်တန့်တန့်တန်…