no

Font
Theme

လိုက်ကာပေါ်ရှိ သွေးစွန်းကွက်မှာ ထင်ရှားလွန်းသောကြောင့် အနီရောင်တောက်တောက် ဆေးဆိုးထားသကဲ့သို့ တုန်လှုပ်စရာကောင်းလွန်းလှသည်။

ကျွင်းချီယွိ ခေါင်းလှည့်လိုက်စဉ် ခဏလောက် အေးခဲသွားရသည်။

“မင်းဘာဖြစ်တာလဲ”

သူ၏ကြမ်းတမ်း၍ ခက်ထန်လှသည့်လေသံက အနည်းငယ် ပျော့ပြောင်းသွားသည်။ အဓိကကတော့ သူတုန်လှုပ်သွားလို့ပဲဖြစ်သည်။ စုန့်လီချင်းက ဒီလောက်ထိ နုနယ်တဲ့လူလို့ မထင်ရပါဘူး၊ သူဘာလို့ ရုတ်တရက် သွေးအန်ရတာလဲ။

“မင်း နေမကောင်းဘူးလား”

ကျွင်းချီယွိမှာ အခုထိ မယုံနိုင်သေး။

စုန့်လီချင်း သက်ပြင်းချလိုက်သည်။ အနည်းငယ်ခြောက်ကပ်နေသည့် သူ့နှုတ်ခမ်းတွေမှာ သွေးတွေပေကျံနေပြီး ပါးစပ်ထောင့်စွန်းတွေမှာလည်း သွေးတွေစွန်းထင်းနေလေသည်။

တစ်လုတ်စာသွေးအန်လိုက်ပြီးနောက် သူ့ရင်ဘတ်ထဲရှိ ကျဉ်းကြပ်မှုတွေဟာ အများကြီး ပွင့်အံကျသွားသည်။

“မဟုတ်ပါဘူး…”

စုန့်လီချင်း ခေါင်းယမ်းလိုက်သည်။

“ဘာမှမဖြစ်ဘူးရယ်”

စုန့်လီချင်း သူ့ပါးစပ်ထောင့်တွေကိုသုတ်ရင်း မတ်တပ်ထရပ်လိုက်သည်။ သူမျက်နှာသစ်ကန်ကိုသွားပြီး မျက်နှာပေါ်ကသွေးတွေကို ရေအေးနှင့် ဆေးချလိုက်သည်။

ကျွင်းချီယွိသည် သူ့နောက်မှ တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေသည်။

စုန့်လီချင်းမှာမူ သူလိုက်ကာပေါ် သွေးအန်ချလိုက်မိသောကြောင့် အပြစ်တင်နေတာပဲဟု ထင်နေသည်။

“တောင်းပန်ပါတယ်၊ မင်းရဲ့လိုက်ကာကို ညစ်ပတ်အောင်လုပ်မိသွားပြီ၊ ငါ သန့်ရှင်းလို့ရမရ ကြိုးစားကြည့်မယ်၊ မရဘူးဆိုရင်တော့ မင်းကိုအသစ်တစ်ခု အစားပြန်ပေးပါ့မယ်၊ ဒါက ထျန်ကုန်းဖန် လုပ်ထားတာ…”

“ရတယ်၊ လိုက်ကာလေးတစ်ခုပဲကို”

ကျွင်းချီယွိ သူ့လျှာကိုလိပ်လိုက်သည်။

သူ နည်းနည်းနေလို့မကောင်းသလို ခံစားနေရသည်။ စုန့်လီချင်းက မင်းနဲ့ငါဆိုပြီး ရှင်းရှင်းလင်းလင်း စည်းခြားထားတာက သူ့နှလုံးသားထဲကနေ ချီလင်အိမ်တော်ကို အသိအမှတ်မပြုဘူးလို့ အဓိပ္ပာယ်သက်ရောက်နေသည်။

ထူးဆန်းလိုက်တာ သူထွက်သွားအောင် အတင်းဖိအားပေးချင်နေတာ ထင်ရှားပေမယ့် ဒီလိုအသိအမှတ်ပြုမခံရတော့ မပျော်တော့ဘူး။

“သမားတော်ခေါ်ပြီး ကြည့်ခိုင်းမလား”

ဘာဖြစ်လို့မှန်းသိပေမယ့် သူ့ရောဂါက ကျွမ်းနေပြီဆိုတာကို သိလိုက်ရတုန်းကရော ကျွင်းချီယွိက သူ့ကိုအရှက်ခွဲတုန်းကရော စုန့်လီချင်း မငိုမိ။ အဲဒီအစား ကျွင်းချီယွိထံက စိတ်ပူသည့်စကားတွေကို ကြားရသည့်အခါ သူ့မျက်လုံးတွေ နာလာပြီး မျက်ရည်တွေ မလိမ့်ကျလာဘဲ မနေနိုင်တော့ပေ။

“ချီယွိ…မင်းငါ့ကို စိတ်ပူနေတာလား”

စုန့်လီချင်း လှည့်လိုက်ပြီး မျက်ရည်တွေကို သုတ်ကာပြုံးလိုက်သည်။

ကျွင်းချီယွိ ထိုသူ့ရဲ့ နီရဲရဲ မျက်လုံးတွေကို ကြည့်လိုက်သည်။ စုန့်လီချင်းက ဒီရက်ပိုင်းအတွင်း ပိန်သွားပုံရသည်။ ကောင်းကင်ဘုံကတောင် သနားရမယ့် အားနည်းနေသလို ခံစားချက်မျိုးပင်။

သူက လျှာနှစ်ခွရှိတဲ့သူဆိုတာကိုသာ ကျွင်းချီယွိ မသိဘူးဆိုလျှင် သူ့နှလုံးသားက ပျော့ပျောင်းသွားလောက်သည်။

သူ အေးတိအေးစက်ပဲ ပြောလိုက်သည်။

“ငါမင်းကို သတိပေးချင်တာက နောက်တစ်ခါ သွေးတွေကို အခန်းအနှံ့ လျှောက်မအန်နဲ့”

“ကောင်းပြီ၊ နောက်မဖြစ်စေရပါဘူး၊ ချီမြောင်ကငါ့ကို ဆေးတစ်မျိုး ပေးထားတယ်၊ အဲဆေးသောက်ပြီးသွားရင် ဒီလိုထပ်မဖြစ်တော့ဘူး”

ချီမြောင့်အကြောင်းပါလာ‌တော့ ကျွင်းချီယွိ ဒေါသထွက်သွားသည်။

“သူနဲ့ အဆက်အသွယ်ဖြတ်လိုက်တာက ဆေးသောက်တာထက် ပိုကောင်းတယ်”

“ဒါပေမယ့်…”

စုန့်လီချင်း ရှင်းပြဖို့ ကြိုးစားနေတုန်း ကျွင်းချီယွိက သူ့အပေါ် အုပ်မိုးလာသည်။ သူက စုန့်လီချင်းထက် အများကြီး အရပ်ပိုရှည်ပြီး အထက်စီးဆန်ဆန် အနိုင်ကျင့်ခြယ်လှယ်တတ်သည့် စိတ်နေသဘောထားရှိသည်။ စုန့်လီချင်းက ဖိနှိပ်ခံလိုက်ရပြီး ပါးစပ်ပိတ်သွားရသည်။

“ဒါပေမယ့်ဆိုတာ မရှိဘူး၊ ငါ့ပတ်ဝန်းကျင်မှာ စည်းကမ်းမရှိတဲ့သူတွေအတွက် လုံးဝနေရာမရှိဘူး၊ မင်းအပြင်မှာ ပရောပရည်လုပ်နေတာကို ငါမသိစေနဲ့”

စကားဆုံးတော့ ကျွင်းချီယွိက သူ့လက်တစ်ဖက်ကို စုန့်လီချင်း၏ ကျောကိုဖက်ပြီး နောက်တစ်ဖက်က သူ့ခါးကိုကိုင်လိုက်သည်။ သူ အကြိမ်အနည်းငယ်လောက် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။ စုန့်လီချင်းရဲ့ခါးက အစကတည်းက အဆီပိုမရှိဘဲ ချပ်ကပ်နေပေမယ့် ဒီနေ့တော့ပိုပြီး ပိန်သွားသလိုပဲ။

“ငါမလုပ်ပါဘူး”

စုန့်လီချင်း အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

ကျွင်းချီယွိက စကားဆက်မပြောတော့။ သူ စုန့်လီချင်းလည်ပင်းပေါ်က မှဲ့လေးကို စိုက်ကြည့်နေရင်း ပူလောင်ပြင်းရှလာရသည်။

အမှန်တော့ သူသိလိုက်ရသည်မှာ စုန့်လီချင်းသည် အိပ်ရာပေါ်ဆို အရာရာကို အထစ်ထစ်အငေါ့ငေါ့နှင့် မသိနားမလည်ကာ စိတ်အားထက်သန်မှုကမရှိ၊ ပြောင်းလဲမှုတွေကို အမှတ်တမဲ့နေတတ်ပြီး ဟူနွီအာလို မကျွမ်းကျင်ပေမယ့် အမြဲတစေ အံ့ဩစရာကောင်းသည့် လိုက်ဖက်မှုတစ်ခုက ရှိနေသည်။

ဖြစ်နိုင်တာကတော့ အသစ်အဆန်းမို့လို့နေမယ်။

ကျွင်းချီယွိက အရုပ်အသစ်ရထားသကဲ့သို့ စုန့်လီချင်းနှင့် ဒီလိုကိစ္စမှာ အချိန်ဖြုန်းရတာကို ပျော်ရွှင်နေပြီး နည်းနည်းလေး အရသာတွေ့နေပုံပင်။

မဟုတ်ရင် သူနေ့တိုင်း မပရောပရည်မလုပ်ဘဲ အဓိကခြံဝင်းထဲ နေနေမှာမဟုတ်။

ကျွင်းချီယွိ လက်လှမ်းပြီး စုန့်လီချင်း၏ မှဲ့လေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် ပွတ်သပ်နေရာကနေ ရပ်သွားပြီး သူ့အင်္ကျီကော်လံကို ဆွဲဖွင့်လိုက်သည်။

စုန့်လီချင်း သတိပြန်ဝင်လာပြီး ကျွင်းချီယွိ၏ ရန်ရှာ‌နေသောလက်ကို ဖမ်းဆုပ်လိုက်သည်။

“ချီယွိ၊ မလုပ်နဲ့”

ကျွင်းချီယွိဆိုတာ တစ်သက်နဲ့တစ်ကိုယ် တခြားသူတွေရဲ့ ငြင်းဆန်မှုကို မခံဖူးသည့်သူဖြစ်လေရာ စုန့်လီချင်းထံမှ အငြင်းခံလိုက်ရခြင်းသည် သူ့ကိုလွယ်လွယ်ကူကူ ဒေါသထွက်စေသည်။

“ဘာလဲ၊ ချီမြောင်နဲ့ တွေ့ပြီးသွားတော့ မင်းက ငါထိတာ မခံချင်တော့တာလား”

“မဟုတ်ဘူး!”

စုန့်လီချင်း တောင်းပန်လိုက်သည်။

“ဒီနေ့တော့ မလုပ်နိုင်သေးဘူး…မင်းငါ့ကို ဒီရက်ပိုင်းလေး ကောင်းကောင်း နားခွင့်ပေးလို့ရမလားဟင်”

“မင်း နေကောင်းနေပြီ မဟုတ်ဘူးလား၊ သွေးလေးနည်းနည်းအန်တာပဲကို၊ ဘာကြီးကြီးမားမားမှ မဟုတ်တာ”

ကျွင်းချီယွိဆိုတာ သူ့ကိုတားလေလေ ပိုအတင်းအကြပ်လုပ်ချင်လေဆိုသည့် လူစားမျိုးပင်။ သူ စုန့်လီချင်းလက်ကို ဖယ်ထုတ်လိုက်ပြီး စုန့်လီချင်း၏ ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲ ဖိချလိုက်ကာ ငုံ့နမ်းဖို့လုပ်လိုက်သည်။

စုန့်လီချင်း နောက်ဆုတ်လိုက်သည်။

“ချီယွိ၊ စိတ်လျှော့ပါဦး၊ ငါနေပြန်ကောင်းလာဖို့ ရက်နည်းနည်းစောင့်ပါဦး၊ ဟုတ်ပြီလား”

ကျွင်းချီယွိက ငယ်ရွယ်ပြီး အားအင်ပြည့်ဝကာ လျှံကျနေသည့် စွမ်းအင်တွေက ထုတ်လွှတ်စရာ နေရာမရှိ။ သူဘာကိုမှ ဂရုမစိုက်တော့ဘဲ စုန့်လီချင်း၏ နောက်ဆံပင်ကို ဖမ်းဆွဲလိုက်ကာ နောက်ပြန်လှည့်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။

“မင်းပြောတော့ ငါ့ကိုချစ်တယ်ဆိုပြီး ငါစိတ်ကျေနပ်အောင်တောင် မလုပ်ပေးချင်ဘူးလား ဟမ်”

စုန့်လီချင်း အကြင်သူရဲ့ ကာမမျက်လုံးတစ်စုံကို ကြည့်ပြီး အတင်းအကြပ် ရုန်းကန်နေသော သူ့လက်တွေကို အောက်ချလိုက်သည်။

မှားနေတယ်ဆိုတာကို စုန့်လီချင်းသိပေမယ့် ကျွင်းချီယွိကို အဘယ်သို့ ငြင်းဆန်ရပါမည်နည်း။

ကျွင်းချီယွိဆိုတာက သူ့ရဲ့အားနည်းချက်လေးလေ။

သူ့ဆီကနေ သဘောတူညီမှုကို ခံစားလိုက်ရတာကြောင့် ကျွင်းချီယွိက သူ့ကို ဘေးတ‌စောင်းပွေ့ချီပြီး အိပ်ရာပေါ်တင်လိုက်သည်။

ကျွင်းချီယွိ သူ့ကို ကောက်ပွေ့လိုက်သောအခါ ဂရုစိုက်ခံရသည့် နွေးထွေးမှုကို စုန့်လီချင်း တကယ်ခံစားလိုက်ရသည်။ နှလုံးသားတစ်စုံက အေးစက်စက် ရေနက်ပိုင်းထဲကနေ ဆယ်ယူခံရသကဲ့ကို့ နွေးထွေးသွားရသည်။

ကျွင်းချီယွိ၏ မုတ်ဆိတ်မွေးငုတ်စိလေးတွေ ပေါက်နေသည့် လေးထောင့်ဆန်ဆန်မေးစေ့ကို စုန့်လီချင်း ကြည့်လိုက်မိသည်။ ဒီကလေးတကယ် အရွယ်ရောက်လာပြီပဲ၊ ဘယ်လိုမှ ထိန်းချုပ်မရတော့ဘူး။

သူ့မှာ ပခုံးကျယ်တွေ၊ သန်မာအားကောင်းသည့် လက်မောင်းတွေနှင့် နွေးထွေးသည့် ပွေ့ဖက်မှုတွေရှိသည်။

“ဘာလို့ဒီလောက် ပေါ့ရွှတ်နေရတာလဲ”

ကျွင်းချီယွိ မျက်မှောင်ကြုတ်မိသွားသည်။

စုန့်လီချင်းက သူထင်ထားတာထက် ပိုပေါ့နေသည်။

“ဘာဖြစ်လို့လဲ၊ ချီရတာ မလွယ်ဘူးလား”

စုန့်လီချင်းက ကျွင်းချီယွိ၏လည်ပင်းကို ဖက်ထားပြီး သူ့ကို မထီမဲ့မြင်လုပ်တာလား၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာလား၊ လောဘတကြီး ပြုမူမိနေတာလားလို့ ဆူပူနေသည်။ သူ ဒီနူးညံ့မှု သေးသေးလေးကို အလွန့်အလွန် လိုအပ်နေသည်။

သူ အအေးနှင့် အမှောင်ကို ကြောက်သည်။

တမလွန်လောကက အေးစက်ကာ မှောင်မိုက်လှသည်၊ မြေအောက်ထဲ မြှုပ်ထားပြီး မှောင်မည်းနေသည်ဟု ဆိုကြသည်။

“မကောင်းဘူး”

ကျွင်းချီယွိက သာမန်ကာလျှံကာလေး ပြန်ပြောလိုက်သည်။

“လေတိုက်ရင် လွင်ပါသွားတော့မယ့်ပုံနဲ့”

စုန့်လီချင်း၏ မျက်လုံးတွေမှာ စိုစွတ်စွတ်နှင့် ပူနေသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“တစ်နေ့မှာ ငါသာ လေထဲလွင့်ပါသွားခဲ့ရင် မင်းဝမ်းနည်းမှာလားဟင်”

ကျွင်းချီယွိ သူ့စကားတွေကို မတွေးတတ်အောင်‌ဖြစ်နေသည်။ ဒီလိုကလေးဆန်ဆန် မေးခွန်းတွေကို သူမဖြေချင်။

“နည်းစရာလား”

စုန့်လီချင်းက ၀မ်းနည်းသလို အသံသေးသေးလေးထွက်သွားပြီး ကျွင်းချီယွိပခုံးထဲ ခေါင်းမြှုပ်လိုက်သည်။

ကျွင်းချီယွိကတော့ သူ့ပေါ့ပေါ့ပါးပါး အဖြေထဲတွင် ဘယ်လောက်တောင် စိတ်ပျက်အားငယ်မှုတွေ ပါဝင်နေလဲဆိုတာကို သူမသိ။ သူ့ကို အိပ်ရာပေါ် တင်လိုက်ပေမယ့် စုန့်လီချင်းက လက်မလွှတ်ဘဲ သူ့လည်ပင်းကိုဖက်ထားပြီး သူ့နဖူးကို ကျွင်းချီယွိပခုံးပေါ်မှာ ဆက်ဖိထားသည်။

“ချီယွိ”

စုန့်လီချင်း၏ အသံက ဗလုံးဗထွေးနှင့် ရှိုက်သံပါနေသည်။

“ချီယွိ၊ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ ငါထပ်ပြီး ရှုပ်ရှုပ်ယှက်ယှက် မဖြစ်ချင်တော့ဘူး၊ မင်း…မင်း နောက်ဆို ငါ့အပေါ် ပိုကောင်းပေးလို့ရမလားဟင်”

စုန့်လီချင်း ရှိုက်ကြီးတငင် ငိုပြောလိုက်သည်။

ကျွင်းချီယွိက သွေးဆူနေကာ စုန့်လီချင်း ဒီနေ့ပြောသည့် စကားတွေက အစမရှိ၊ အဆုံးမရှိသလို ခံစားရသည်။ ထို့ကြောင့် သူ၏ အညတရ ဆုတောင်းလေးကို သဘောမတူပေးခဲ့။

လိုက်ကာ ကျလာခဲ့သည်။

ပန်းနွယ်တွေ ဖုံးလွှမ်းနေသည့် တဲအရိပ်အောက်မှာ တိမ်စိုင်နှင့် မိုးတို့က ရောယှက်နေလေသည်။

“ချီယွိ…ချီယွိ! ချီယွိ—”

နာမည်ခေါ်သံတွေက ဆွဲငင်လိုက်၊ ပြတ်သွားလိုက်နှင့် လေသံအတက်အကျမှာလည်း မြင့်လိုက်နိမ့်လိုက်ပင်။

သူ့နာမည်ကို ပုံစံအမျိုးမျိုး၊ အသံနေအသံထား အမျိုးမျိုးဖြင့် ခေါ်နေသည်မှာ ဒီနာမည်ကို သူ့နှလုံးသားထဲ အမှတ်ရနေအောင် သူ့စိတ်ဝိညာဉ်ထဲ ထွင်းထုဖို့ ကြိုးစားနေသကဲ့သို့ ထင်ရသည်။

ကျွင်းချီယွိက ဒီလိုခေါ်ခံရတော့ ဘာလို့မှန်းမသိ၊ တိမ်တွေပေါ်လွင့်နေပြီး မြူတွေထဲ ပျံသန်းနေရသကဲ့သို့ လှိူက်လှိုက်လှဲလှဲ ပျော်ရွှင်ကြည်နူးနေသည်။

“မင်းငါ့ကို မှတ်မိနေရမယ်နော်”

စုန့်လီချင်း ပြောလိုက်သည်။

ငါသေသွားခဲ့ရင် မင်းငါ့ကို မှတ်မိနေရမယ်နော်…

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment