no

Font
Theme

အပိုင်း (၁၅)

မင်းသားဖူက ရယ်မောလျက် :"ဟုတ်ပါတယ်။ မြို့တစ်မြို့လုံးကို ကြေညာပြီး အမျိုးသား လိုက်ရှာရဲတယ်ဆိုတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပေါ့။ ကြည့်ရတာ ရိုးရိုးအေးအေး ပုံစံလေးနဲ့ ရာဂရဲတင်းပုံကတော့ တကယ် ကြီးတာပဲ။"

"အစ်ကိုတော် သူ့ကို ပြန်ခေါ်သွားလိုက်ပါလား။ ကျွန်တော်လည်း အစ်ကိုတော်နဲ့အတူ ပြန်လိုက်ခဲ့မယ်လေ။ မယ်မယ်ဘွားဘွားကြီးနဲ့ အဘိုးကြီးရှဲ့တို့ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြမယ့် ပုံစံကို ကြည့်ချင်သေးတယ်။"

ဖူယိက သူ့အား ပြန်လည် စကားမပြောချင်တော့ဘဲ မတ်တတ်ထရပ်ကာ လီချင်းအား မှာကြားလိုက်သည်။

"မနက်ဖြန် သူ မနိုးခင် မနက်စာ အကုန် ပြင်ဆင်ထားပါ။ ပင်မအခန်းရဲ့ အရှေ့မြောက်ဘက်ထောင့်က အုတ်ကြွပ်ပြား ကျိုးနေတယ်။ လူရှာပြီး ပြင်ခိုင်းလိုက်။"

လီချင်း :"မှန်လှပါ။"

ဖူယိ :"မနက်စာကို အရမ်း အနုစိတ် အလှဆင်ပြီး မလုပ်နဲ့။"

လီချင်း :"မှန်လှပါ!"

မင်းသားဖူမှာ ဖူယိအား ကြည့်လိုက်ရင်း ခဏမျှ အံ့အားသင့်သွားပြီး သက်ပြင်းချလိုက်၏။

"အစ်ကိုတော့်ကို သနားရမလား၊ ခွမ့်ရွှယ်ရှန့်ကိုပဲ သနားရမလားတောင် မသိတော့ဘူး။"

ဖူယိ :"မင်းကို တာဝန်ပေးထားတဲ့ ကိစ္စတွေကိုပဲ မြန်မြန်လုပ်။ မဟုတ်ရင် မင်းကိုယ်မင်းပဲ သနားရလိမ့်မယ်။ ငါကြည့်ရသလောက်ဆို မင်းရဲ့ ဒီရွှမ်းလွမ်မြို့က နေရာတိုင်းမှာ လေယိုစိမ့်နေတုန်းပဲ။"

ဖူယိက မတ်တတ်ထရပ်၍ ထွက်ခွာရန် ပြင်လိုက်ရာ မင်းသားဖူက လီချင်းအား တားဆီးလိုက်ရလေသည်။

"အပြင်ဘက်က နန်းတော်ဟောင်းထဲနဲ့ မတူဘူး။ မင်း ဘေးနားကနေ ခစားတဲ့အခါ သတိဝိရိယထားဦး။"

"ယင်းချီတို့လည်း ရှိကြပါတယ်။ အပြင်ထွက်ရင်လည်း တိတ်တဆိတ် ကာကွယ်ပေးမယ့်သူတွေ ရှိပါတယ်။ မင်းသား စိတ်ချပါ။"

မင်းသားဖူသည် ဖူယိအား လှမ်းကြည့်လိုက်ပြီး :"အမှန်တော့ အစ်ကိုတော်၊ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း သံသယဝင်နေတာ တစ်ခုရှိတယ်။ အစ်ကိုတော် သူများအိမ်မှာ သွားနေတာထက် အနည်းဆုံးတော့ အိမ်ကြီးတစ်ဆောင် ဝယ်ပြီး သူ့ကို ခေါ်ထားရမှာ မဟုတ်ဘူးလား။ ဒါက.. ဇနီးအိမ်ကို လိုက်နေတာလား။"

ဖူယိ :"ယောက်ျားအဖြစ် အိမ်ထောင်ပြုပြီး ဝင်တာ။"

မင်းသားဖူ: "....."

လီချင်းသည် သူ့အား ဟန်ဆောင်ပြုံးပြလိုက်ပြီး ဦးခေါင်းညွှတ်၍ နှုတ်ဆက်ထွက်ခွာသွားခဲ့တော့၏။

မင်းသားဖူလည်း ဖူယိအား ရထားလုံးပေါ်သို့ လိုက်ပါပို့ဆောင်လိုက်သည်။

"မင်းရဲ့ ဒီရထားလုံးက ခေါင်းတလားနဲ့တူလိုက်တာ။ တကယ် ကြည့်ရဆိုးတာပဲ။"

မင်းသားဖူမှာ မထိန်းနိုင်ဘဲ ဝေဖန်တော့သည်။

သူ၏ ရထားလုံးနှင့် ယှဉ်ကြည့်ပါက မင်းသားဖူ၏ ရထားလုံးမှာမူ အလွန် အနုစိတ်ကျ၍ ဂုဏ်သရေ ရှိလှသည်။ ကျန့်ထိုင်မြို့တော်၏ သုံးဖြုန်းကြွားဝါသော ပုံစံအတိုင်း ဖြစ်သည်။ မင်းသားဖူသည် ရှီးကျင်းမြို့တွင် ရောက်ရှိနေသော်လည်း ကျန့်ထိုင်မြို့တော်၏ အဝတ်အစား ဝတ်ဆင်ပုံကို အမြဲတမ်း ထိန်းသိမ်းထားရာ ပိုးဝတ်ရုံပေါ်တွင် ပုလဲနှင့် ကျောက်သံပတ္တမြားများ စီခြယ်ထားသဖြင့် သွားလာလှုပ်ရှားသည့်အခါ ကျောက်သံပတ္တမြားတို့၏ သံစဉ်များက ဆူညံစွာ ထွက်ပေါ်နေတတ်၏။ လီချင်းသည်ပင် တစ်ချက် လှမ်းကြည့်ရုံဖြင့် ကျန့်ထိုင်မြို့တော်ကို သတိရသွားရတော့သည်။

မြို့တော်မှ ထွက်ခွာလာသည်မှာ ရက်အတော်ကြာပြီဖြစ်၍ သူလည်း ကျန့်ထိုင်မြို့တော်ကို လွမ်းဆွတ်မိ၏။ ထျန်းရှန်းမြို့ဟု တင်စားကြသော ကျန့်ထိုင်မြို့တော်မှာ တန်ဖိုးကြီး မြင်းရထားလုံးများ လမ်းမထက်တွင် သွားလာလှုပ်ရှားနေကြပြီး ပိုးထည်ဆန်းများဖြင့် မြို့လုံးကျွတ် သိုက်သိုက်ဝန်းဝန်း ရှိလှသည်။ ထိုနေရာမှာ အရှင်မင်းမြတ် စိုးစံရာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ပါရမီရှင်များနှင့် မင်းညီမင်းသားများ စုဝေးရာလည်း ဖြစ်လေသည်။

အနာဂတ်တွင် တစ်နေ့နေ့၌ အရှင်မင်းမြတ်သည် သခင်လေးခွမ့်အား ထိုနေရာသို့ အမှန်တကယ် ခေါ်ဆောင်သွားမည်လား ဆိုသည်ကိုမူ မသိနိုင်ပေ။

ဆေးလုံး အတော်များများကို ဆက်တိုက် သောက်သုံးလိုက်ရသဖြင့် ခါးသက်သော ရနံ့မှာ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး လမ်းတစ်လျှောက်တွင် စိတ်ခံစားချက်များ ငြိမ်သက်သွားခဲ့၏။

ယခုအခါ ညဉ့်နက်သန်းခေါင် ဖြစ်နေပြီဖြစ်ရာ လေအေးများ တိုက်ခတ်လာပြီး လမ်းတစ်လျှောက်တွင် အေးစက်သော လေကြမ်းများ ပိုမို ပြင်းထန်လာခဲ့သည်။ လီချင်းသည် ဝတ်ရုံခြုံကာ နောက်မှ လိုက်ပါရင်း ပြောလိုက်၏။

"ရာသီဥတုက နှင်းကျတော့မယ်ထင်တယ်။"

လူသူမရှိသော တောအုပ်ကြီးမှာ မှောင်မည်းနေပြီး မည်သည့်အရာမျှ မမြင်တွေ့ရပေ။ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသော မီးအိမ်ကလေးများသာ လေတွင် လွင့်ပါးနေကြရာ မဟာသမုဒ္ဒရာအလယ်မှ ရေစက်ကလေးတစ်ခုပမာ အားနည်းလှ၏။ လီချင်းသည် ဖူယိနောက်သို့ လိုက်ပါခဲ့သည့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စည်းစိမ်ချမ်းသာ ဂုဏ်သရေရှိသော နေရာများ၌သာ အများစု နေထိုင်ခဲ့ရသည်။

ဤသို့သော အခြေအနေမျိုးတွင် လွန်ခဲ့သည့်နှစ်နှစ်က ဖူယိနောက်သို့ လိုက်ပါ၍ ရှော့စောင်ကျွန်းသို့ သွားရောက်ကာ ဝိညာဉ်ပူဇော်ပွဲ ပြုလုပ်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည်များကို သတိရသွားစေ၏။

ထိုနေရာရှိ ကျွန်းတစ်ကျွန်းလုံးမှာ တောမြက်ပင်များဖြင့် ပြည့်နှက်နေပြီး သစ်ပင်ကြီးဟူ၍ နည်းပါးသည်။ လေတိုက်လိုက်ပါက အဆိပ်မြက်ပင်များမှာ လှိုင်းထသလို ဖြစ်နေကာ အဆုံးမရှိ အေးစက်လှသည့် ပင်လယ်ပြင်ကြီးနှင့် ဆက်စပ်နေသဖြင့် ညဉ့်အချိန်ရောက်ပါက ပိုမို ထိတ်လန့်စရာကောင်းသည်။

အရှင်မင်းမြတ်သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်ရာ သရဲတစ္ဆေ နတ်ဒေဝါများကိုပင် မကြောက်ရွံ့သည်မှာ မဆန်းပေ။

မိုးစက်အချို့ တဖျက်ဖျက် ကျဆင်းလာသဖြင့် လီချင်းက ခေါင်းမော့၍ ကန့်လန့်ကာများကို အောက်သို့ အသာဆွဲချလိုက်သည်။

"အရှင်မင်းမြတ်၊ မိုးရွာလာပါပြီ။"

ပတ်ဝန်းကျင်မှ လေတိုက်သံများထဲတွင် မိုးစက်သံများ ထပ်မံ ပါဝင်လာခဲ့ပြီး သစ်ခြောက်ပင်များပေါ်သို့ တရှဲရှဲ ကျဆင်းနေတော့၏။ လေသည် ပင်လယ်ပြင်ကဲ့သို့ ကျယ်ဝန်းသော တောအုပ်ကြီးမှ တိုက်ခတ်လာရာ သူ့စိတ်ထဲတွင် ရှော့စောင်ကျွန်း၌ ခံစားခဲ့ရသော ထိတ်လန့်မှုမျိုးကို ထပ်မံ ခံစားလာရသည်။ သခင်လေးခွမ့်၏ အိမ်သို့ ပြန်လည်ရောက်ရှိသွားသည့်အခါ၌မူ ထိုသေးငယ်သော ခြံဝင်းလေးမှာ သူ့အား အလွန် နွေးထွေးသွားစေသည်။

လီချင်းသည် အတိတ်မှ ကိစ္စရပ်များနှင့် အနာဂတ်မှ ဖြစ်ရပ်များကို စဉ်းစားမိရင်း ယခုအခါ သခင်လေးခွမ့်၏ အိမ်တွင် အမည်ဝှက်၍ ခိုလှုံနေရသော ဤအချိန်တိုလေးမှာ ရည်မှန်းချက်ကြီးမားသော ခရီးရှည်ကြီးအတွင်းမှ တစ်ခဏတာ အိမ်မက်လှလှလေးတစ်ခုပမာ ဖြစ်နေချေပြီ။ အနှေးနှင့်အမြန်တော့ နိုးထရမည်ဖြစ်ရာ အရှင်မင်းမြတ်ကိုလည်း တမင်သက်သက် သွားရောက် မနှိုးတော့ပေ။

ဖူယိသည် ခြံဝင်းအတွင်း၌ ခဏမျှ မတ်တပ်ရပ်နေခဲ့ပြီး မှောင်မည်းနေသော ပင်မခန်းမကြီးအား စိုက်ကြည့်နေခဲ့သည်။ သူ၏ ပခုံးထက်တွင်မူ နွေဦးမိုးစက်များကြောင့် စိုစွတ်နေ၏။

လီချင်း :"အရှင်မင်းမြတ်?"

ဖူယိက အရှေ့ဘက် အဆောင်ခန်းအတွင်းသို့ ဝင်ရောက်လာပြီး မိန့်လိုက်သည်။

"သောက်နေတဲ့ဆေးက မတိုးတော့ဘူးထင်တယ်။ တော်ဝင်သမားတော်ကို ဆေးပမာဏ နည်းနည်း ပိုတိုးခိုင်းလိုက်။"

လီချင်း :"……"

သူသည် အရှင်မင်းမြတ်အား ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။

ဖူယိကမူ စိတ်ဓာတ်ကျဆင်းစွာဖြင့် အိပ်စက်ရန် သွားနေပြီပင်။

ဆေးမတိုးတော့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကြားရတာတင် တကယ် ကြောက်စရာကောင်းလိုက်တာ။

သူသည် အရှင်မင်းမြတ် အိပ်စက်နိုင်ရန် သေချာစွာ ပြုစုပေးခဲ့၏။ ဤမျှ အေးစက်သော ရာသီဥတုတွင် အရှင်မင်းမြတ်သည် အတွင်းဝတ်ရုံမျှသာ ဝတ်ဆင်ထားသော်လည်း အအေးဒဏ်ကို ခံစားရပုံ မပေါ်ပေ။ သူသည် အရှင်မင်းမြတ်မှာ အအေး၊ အပူနှင့် နာကျင်မှု ခံစားချက်များတွင် အာရုံခံစားမှု နှေးကွေးလွန်းသည်ဟု တစ်ခါတစ်ရံ သံသယဝင်မိရုံမက ရောဂါကြောင့်ပင် အအေးဒဏ်ကို ပိုမို နှစ်သက်နေခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိလေသည်။

အချုပ်ဆိုရသော် ထုံးစံအတိုင်း စောင်ပါးလေးတစ်ထည်ကိုသာ လွှမ်းခြုံထားပြီး ထိုငယ်ရွယ်လှပသော်လည်း မျက်နှာအမူအရာမှာမူ အလွန် အေးစက်နေကာ စိတ်ထဲ မကျေမနပ်ဖြစ်လျက် လက်မောင်းကို ခေါင်းအုံး၍ အိပ်စက်နေခဲ့သည်။

သူသည် ခုတင်လိုက်ကာများကို ချပေးလိုက်ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့၏။

ဖူယိမှာမူ လုံးဝ အိပ်မပျော်နိုင်ဘဲ ထို 'ပေါင်လျန်မှတ်တမ်း' ဝတ္ထုတိုကို ကောက်ယူ၍ ဆက်လက် ဖတ်ရှုနေခဲ့သည်။

ဝတ္ထုထဲတွင်မူ တိုင်းပြည်အမည် မသိရှိရသော အနောက်ဘက်တိုင်းပြည်ငယ်တစ်ခု၌ ချွမ်းမင်အမည်ရှိ နန်းလျာမင်းသားတစ်ပါး ရှိသည်ဟု ဆိုထား၏။ ထိုမင်းသားချွမ်းမင်မှာ ချုံဟွားပန်းများ ပွင့်လန်းနေသကဲ့သို့ လှပဆန်းပြား၍ မြင့်မြတ်သော အဆင်းရှိသည်။ မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းမှ မည်သူမျှ မယှဉ်နိုင်ပေ။

သူသည် ရူပကာ လှပသကဲ့သို့ အကျင့်စာရိတ္တလည်း ကောင်းမွန်သဖြင့် ခေတ်တစ်ခေတ်၏ မင်းကောင်းမင်းမြတ် ဖြစ်လာရန် မျှော်လင့်ခြင်း ခံရသူ ဖြစ်၏။ သို့သော် အရွယ်ရောက်လာသည့်အခါ၌မူ ရုတ်တရက် ပြုမူဆောင်ရွက်ချက်များ ထူးဆန်းလာခဲ့ပြီး မိန်းမမိတ်ကပ်များ လိမ်းခြယ်၍ အမျိုးသမီးအဖြစ် ဟန်ဆောင်ကာ မျက်နှာကို ပဝါဖြင့် ဖုံးအုပ်၍ အပြင်ထွက်ရသည်ကို နှစ်သက်လာခဲ့သလို တံခါးပိတ်အခန်းထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ ကိစ္စရပ်များကို ချောင်းမြောင်းကြည့်ရှုရန် ပိုမို စိတ်ထက်သန်လာခဲ့၏။ နောက်ပိုင်းတွင် ကိစ္စရပ်များ ပေါ်ပေါက်သွားခဲ့ရာ ခမည်းတော်မင်းကြီးက အလွန်အမင်း ဒေါသထွက်၍ သူ့အား မင်းသားအဖြစ်မှ စွန့်လွှတ်ကာ ကျောင်းတော်သို့ ပို့ဆောင်၍ တရားအားထုတ်ခိုင်းခဲ့သည်။

သို့သော် သူသည် ဆံပင်ရိတ်ရမည်ကိုလည်း ငြင်းပယ်ခဲ့ပြီး မိမိကိုယ်မိမိ သီလရှင်အဖြစ် သတ်မှတ်ကာ ခမ်းနားထည်ဝါ၍ သီလရှင်ဝတ်ရုံများကို အထပ်ထပ် ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ခဲ့၏။ နာမည်ကျော် ရဟန်းတော်ကြီးများက သူ့အတွက် ပရိတ်တရားတော်များ ရွတ်ဖတ်၍ ဘေးအန္တရာယ်များ ဖယ်ရှားပေးခဲ့သော်လည်း မည်သို့မျှ မထူးခြားခဲ့ပေ။

သူ တရားအားထုတ်ရာ ကျောင်းတော်တွင် ဖာချင်း အမည်ရှိ ငယ်ရွယ်သော ရဟန်းငယ်တစ်ပါး ရှိ၏။ ထိုရဟန်းငယ်သည် စိတ်သဘောထား ခပ်အေးအေးရှိကာ အပေါင်းအသင်း လုံးဝ မလုပ်တတ်ပေ။ ရဟန်းငယ်ဖြစ်သော်လည်း ဗုဒ္ဓတရားတော်များကိုသာ အစဉ်တစိုက် ရူးသွပ်ခုံမင်သူ ဖြစ်၏။ ထိုရဟန်းငယ်သည် ကျောင်းတော်တွင် အမြဲတမ်း တစ်ပါးတည်းသာ သွားလာလှုပ်ရှားလေ့ရှိပြီး စိတ်နေစိတ်ထားမှာ လွန်စွာ အထီးကျန်ဆန်လှ၏။ ရုတ်တရက် တစ်နေ့သော ညဉ့်အချိန်၌ မင်းသားချွမ်းမင်၏ တရားထိုင်ရာ အခန်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့တော့သည်။

[ထိုအချိန်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ မိုးမှောင်ကျနေပြီး မိုးကြိုးလျှပ်စီးများ တလက်လက် လက်နေခဲ့သည်။ ရဟန်းငယ် ဖာချင်းသည် တံခါးကို တွန်းဖွင့်၍ တိုက်ရိုက် ဝင်ရောက်လာကာ မင်းသားအား အောက်သို့ လှဲဖိပစ်လိုက်၏။ မင်းသားမှာ ကိုးထပ်မျှ ထူထပ်သော သီလရှင်ဝတ်ရုံကို လွှမ်းခြုံထားဆဲ ဖြစ်ရာ မြေပြင်ပေါ်တွင် ရုန်းကန်၍ တွားသွားနေသည်မှာ မြက်ပင်ကြားမှ မြွေတစ်ကောင် သွားလာနေသည့်အလား ဖြစ်နေသည်။

ဖာချင်းသည် သူ၏ ခါးပတ်ကို တိုက်ရိုက် ဖြေလျှော့လိုက်ပြီး အဝတ်အစားများကို တစ်ထပ်ပြီးတစ်ထပ် ချွတ်ပစ်လိုက်ရာ ကြာပန်းပွင့်ဖတ်များကို ခွာယူနေသည့်အတိုင်း ဖြစ်နေတော့၏။ နောက်ဆုံးတစ်ထပ်သို့ ရောက်သောအခါ ဝတ်ရုံတော်များ အားလုံး ကျွတ်ထွက်သွားခဲ့ပြီး မင်းသားမှာ ကိုယ်လုံးတီးဖြင့် မြေပြင်ပေါ်တွင် ဝပ်တွား၍ လျှောက်သွားနေခဲ့သည်။

ဖာချင်းသည် သူ၏ ခြေထောက်ကို ရုတ်တရက် ဆွဲကိုင်၍ အနောက်သို့ ပြန်လည် ဆွဲယူလိုက်သည်။ နက်မှောင်သော ဆံနွယ်များမှာ ကိုယ်ပေါ်တွင် ရှုပ်ထွေးစွာ ဖုံးအုပ်နေပြီး ဖြူဝင်းသော အသားအရေကြားမှ စိမ့်ဝင်နေသည်မှာ ဝိညာဉ်အကုသိုလ်ကံမှ အလင်းရောင် ထွက်ပေါ်နေသည့်အလားပင်။ အခန်းတစ်ခုလုံးတွင် လေမိုးများ ပြတင်းပေါက်ကို ရိုက်ခတ်နေသည့် အသံများသာ ထွက်ပေါ်နေခဲ့၏။ ]

ဤသို့ဖြင့် တစ်ညတာ လွန်မြောက်ခဲ့ပြီး ဒုတိယနေ့ နံနက်စောစောတွင် ဖာချင်းသည် နွေဦးမြူနှင်းများကြားမှ ထွက်ခွာသွားခဲ့တော့သည်။

[မင်းသားမှာမူ ကိုယ်လုံးတီးဖြင့် လဲလျောင်းလျက် စကားတစ်ခွန်းမျှ မဆိုနိုင်ရှာချေ။]

ညဉ့်အချိန်သို့ ရောက်သောအခါ ဖာချင်းသည် မင်းသား၏ အခန်းအတွင်းသို့ ထပ်မံ၍ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြန်သည်။

နှစ်ဦးစလုံး စကားတစ်ခွန်းမျှ မဆိုကြချေ။ ဖာချင်းသည် အခန်းအတွင်းရှိ မီးအိမ်များကို မှုတ်ထုတ်လိုက်သည်အထိ တိတ်ဆိတ်စွာပင် စိုက်ကြည့်နေကြ၏။

တံခါးပိတ်ထားသော အခန်းငယ်၏ အမှောင်ထုအတွင်း၌ သူတို့နှစ်ဦး၏ ထွက်သက်ဝင်သက် အပူလှိုင်းများနှင့် မင်းသား ပုံမှန်သုံးစွဲလေ့ရှိသော သင်းပျံ့လှသည့် အမွှေးရနံ့များသာ ရှိနေခဲ့သည်။

ဤသို့ဖြင့် တရားကျင့်ကြံရာအခန်းမှာ သူတို့၏ ပျော်ပါးသာယာသည့် အခန်းလေး ဖြစ်လာခဲ့တော့သည်။

[ပန်းနွယ်နှင်းဖတ်ကဲ့သို့ လှပ၍ ဝိညာဉ်အထိ စိမ့်ဝင် စွဲလမ်းသွားခဲ့သူ မင်းသားမှာ တံခါးပိတ်အခန်းငယ်ထဲမှ ထာဝရ မထွက်ခွာချင်တော့သည်အထိ ဖြစ်သွားခဲ့လေသည်။]

ဤသည်မှာ အနည်းငယ် အတင်းအကျပ် ပြုမူရာမှ စတင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး လွန်စွာမှပင် ရင်ဖိုထိတ်လန့်စရာကောင်းအောင် ရေးသားထားရာ ဤသို့ အတင်းအကျပ် ပြုမူသည့် ဇာတ်လမ်းမျိုးမှာ ဖူယိ၏ ခံတွင်းနှင့် မထင်မှတ်ဘဲ ကိုက်ညီနေခဲ့၏။

ဖူယိသည် အတွင်းဝတ်ရုံကို ခပ်ဟဟ ဖွင့်ထားပြီး ဝတ်ရုံရှည်ကို အောက်သို့ လျှောချလိုက်သည်။ မျက်လုံးများကို အောက်စိုက်ကာ မျက်နှာပေါ်၌ ခံစားချက်အမူအရာ မရှိဘဲ ပွတ်သပ်လှုပ်ရှားနေခဲ့ရာ မည်မျှကြာသွားသည် မသိ။ နောက်ဆုံး စိတ်မရှည်စွာဖြင့် လက်ထဲမှ ဝတ္ထုတိုကို လွှင့်ပစ်လိုက်တော့၏။ စိတ်ထဲမှ စိတ်ရှုပ်ထွေးမှုနှင့် ခန္ဓာကိုယ်၏ နာကျင်ခံစားရမှုမှအပ အခြား မည်သည့် ခံစားချက်မျှ ရရှိမသွားခဲ့ပေ။

အရာအားလုံး ဖူးသစ်စမပြုမီကာလ၏ နွေဦးမိုးစက်များမှာ အအေးဆုံး ဖြစ်လေသည်။ မိုးစက်များမှာ တဖျက်ဖျက်ဖြင့် တစ်ညလုံး ရွာသွန်းနေခဲ့သည်။

နောက်တစ်နေ့ ခွမ့်ရွှယ်ရှန့် နိုးလာသောအခါ အပြင်ဘက်၌ မိုးရွာနေသံကို ကြားရသဖြင့် အမြန် ထလိုက်သည်။ အခန်းအတွင်း၌ လွန်စွာ အေးစက်နေသဖြင့် သူသည် ထူထဲသော ဝတ်ရုံကြီးကို ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့၏။ မြေပြင်ပေါ်တွင် စိုစွတ်နေပြီး ခြံဝင်းအတွင်းက မြေနိမ့်သော နေရာများ၌ ရေအိုင်များ တည်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ရာသီဥတုမှာ လွန်စွာ အေးစက်လှပြီး အပြင်ဘက်၌မူ မိုးလင်းစပြုရုံမျှသာ ရှိသေး၏။ သူသည် အရှေ့ဘက် အဆောင်ခန်းသို့ သွားရောက်၍ ဖူယိတို့အား သွားကြည့်ရန် ပြင်လိုက်စဉ် လီချင်းတစ်ယောက် ထူထဲသော ဝတ်ရုံကြီးကို ဝတ်ဆင်၍ ခမောက်တို ဆောင်းထားလျက် မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

မီးဖိုချောင် ခေါင်မိုးပေါ်မှ အဖြူရောင် မီးခိုးငွေ့များ ရေးရေးမျှ ထွက်ပေါ်နေသည်။ ထိုစဥ် လီချင်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာ၏။

"သခင်လေး၊ မင်္ဂလာနံနက်ခင်းပါ။"

"……မင်္ဂလာနံနက်ခင်းပါ။" ခွမ့်ရွှယ်ရှန့် နှာခေါင်းကို တစ်ချက် ပွတ်လိုက်ပြီး :"ခင်ဗျားထတာ စောလှချည်လား။"

"သခင်လေးကြောင့်ပါပဲ၊ သခင်လေးက ဒီလောက် စောစော ထနေတာကို ကျွန်တော်မျိုးက ဘယ်လိုလုပ် နောက်ကျမှ ထဝံ့ပါ့မလဲ။"

ခွမ့်ရွှယ်ရှန့်မှာ ကြားလျှင်ကြားချင်း အမြန်ပြောလိုက်သည်။

"ကျွန်တော်က စောစောထတာ အကျင့်ပါနေလို့ပါ။ ခင်ဗျား ကျွန်တော့်ထက်စောပြီး ထစရာ မလိုပါဘူး။"

လီချင်း :"ကျွန်တော်မျိုးလည်း သခင်ထက် စောထရတာ အကျင့်ပါနေလို့ပါ။ သခင်လေးက နောက်ဆိုရင် နည်းနည်း နောက်ကျမှ ထလေ။ ကျွန်တော်မျိုးကို သနားသောအားဖြင့်ပေါ့။ မနက်စာတွေကိုတော့ ကျွန်တော်မျိုး စောစောကတည်းက အကုန် ချက်ပြုတ်ထားပြီးပါပြီ။ သခင်လေး ရေမိုးချိုး သန့်စင်ပြီးရင် စားဖို့ ပြင်လိုက်ပါတော့မယ်။"

ခွမ့်ရွှယ်ရှန့်လည်း အမြန်ပင် သွားရောက် သန့်စင်လိုက်ပြီး ပြန်ထွက်လာသောအခါ ဖူယိလည်း နိုးထနေပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ဖူယိမှာ မနေ့က ဝတ်ဆင်ထားသော လက်ကျဉ်း ဝတ်ရုံရှည်ကြီးကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သည် သို့မဟုတ် အဝတ်အစား လဲလှယ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။ အကြောင်းမှာ သူ့၌ ရေကြည့်လျှင် ထပ်တူညီလှသော အဝတ်အစားများစွာ ရှိနေသဖြင့် ပြင်ပလူများအနေဖြင့် လဲမလဲ လုံးဝ မသိနိုင်ပေ။

သို့သော် ဤဝတ်ရုံမှာ အမှန်တကယ်ပင် ပါးလွှာလွန်းလှသည်။

"မင်္ဂလာနံနက်ခင်းပါ။"

ခွမ့်ရွှယ်ရှန့် :"ခင်ဗျား မအေးဘူးလား။"

ဖူယိ :"အဆင်ပြေပါတယ်။"

ရာသီဥတု အေးစက်လှသဖြင့် သူ၏ နှာခေါင်းထိပ်လေးမှာ အနည်းငယ် နီရဲနေသည်။ ယင်းမှာ မျက်နှာကို ပိုမို၍ ဖြူဝင်းသွားစေပြီး ချောမောမှုကို ပေါ်လွင်စေကာ မျက်လုံးအောက်ရှိ အညိုအမည်းကွင်းများက ထင်ထင်ရှားရှား ပေါ်ထွက်နေသဖြင့် အနည်းငယ် မောပန်းနွမ်းနယ်နေသည့်ဟန်ရှိပေ၏။

ခွမ့်ရွှယ်ရှန့် မေးလိုက်သည်။

"ကောင်းကောင်း မအိပ်ခဲ့ရဘူးလား။"

ဖူယိက "အင်း" ဟု တစ်ချက် အသံပြုလိုက်၏။

ရာသီဥတု အေးလွန်း၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိပေ။ ခွမ့်ရွှယ်ရှန့်သည် သူ၏ နောက်ကျောပုံရိပ်မှာ ခြံဝင်းအတွင်းရှိ စိုစွတ်သော အအေးဒဏ်များ စိမ့်ဝင်နေသကဲ့သို့ ရှိနေပြီး စွန့်ပစ်ခံထားရ၍ စိတ်ဓာတ်ကျဆင်းနေသော ပုံစံမျိုး ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

ဖူယိသည် ရေချိုးခန်းအပြင်ဘက်တွင် တံခါးဘောင်ကို မှီလျက် သွားတိုက်ရင်း သူ့အား စူးစိုက်ကြည့်နေခဲ့၏။ ထိုအကြည့်များမှာ အနည်းငယ် ဝေဝါး တုံ့ဆိုင်းနေပြီး ကောင်းကောင်း မအိပ်စက်ရသဖြင့် တုံ့ပြန်မှုများပင် နှေးကွေးသွားသည့်အတိုင်း ဖြစ်နေတော့သည်။

......

စာရေးသူမှာ ပြောစရာရှိပါတယ်။

အရှင်မင်းမြတ်မှာ အဲဒီလိုရောဂါမျိုး ရှိနေတာတော့ မဟုတ်ပါဘူးနော်!

သူက စိတ်လှုပ်ရှားတာ လွန်ကဲလွန်းသွားလို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို သွားပြီး သက်ရောက်မှု ရှိသွားတာပါ။ စိတ်ကို အရမ်း ထိန်းချုပ်ဖိအားပေးထားရလွန်းလို့ နောက်ဆုံးမှာတော့ "ကိုယ်က အရမ်းကြာမှာမို့လို့ ဇနီးလေးရေ... နည်းနည်းလောက် သည်းခံပေးပါဦး" ဆိုတဲ့ အခြေအနေဆိုးကြီး ဆိုက်ရောက်သွားမှာပဲ ဖြစ်ပါတယ်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment