no

ငါ့ယောက်ျားက အာဏာရှင်ဆိုးကြီး မဖြစ်နိုင်ဘူး

ငါ့ယောက်ျားက အာဏာရှင်ဆိုးကြီး မဖြစ်နိုင်ဘူး

-

0
Your Rating
Author -
Artist -
Translator Aurora Team
Release -
73 Chapters
56 Stars

Summary


...

Description

[မျက်နှာနှစ်ဖက် အာဏာရှင်ဆိုးကြီး၏ ချစ်ခြင်း]

[အေးတိအေးစက် မိစ္ဆာသရဲကဲ့သို့သော အာဏာရှင်ဆိုးကြီး အထက်ပုဂ္ဂိုလ် (Top) vs သာမန်ဘဝလေးဖြင့်သာ ဖြတ်သန်းချင်သည့် ဆရာကြီးအဆင့် အောက်ပုဂ္ဂိုလ် (Bottom)】

ခွမ့်ရွှယ်ရှန့်သည် 'ဆရာကြီးစနစ်' တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ ဂုဏ်ယူစွာဖြင့် အငြိမ်းစားယူခွင့် ရရှိခဲ့ပြီး စနစ်၏ စီစဉ်ပေးမှုဖြင့် စိတ်ကူးယဉ် ရှေးဟောင်းမင်းဆက်တစ်ခုတွင် အသက်ပြန်ရှင်လာခဲ့သည်။

ဆရာကြီးတစ်ယောက်၏ ခက်ခဲပင်ပန်းလှသည့် ဘဝကို အမှန်တကယ် ငြီးငွေ့မောပန်းနေပြီဖြစ်ရာ ယခုအခါတွင်တော့ မည်သူမျှ သတိမမူမိသည့် သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်သွားချင်တော့၏။

သူသည် အမည်ဝှက်ကိုသုံးကာ သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရန် ရွေးချယ်ခဲ့သည်။ မိမိဘေးပတ်ဝန်းကျင်တွင်လည်း သာမန်လူများကိုသာ ရှိစေချင်ခဲ့၏။ ခင်ပွန်းဖြစ်သူကို ရှာဖွေသည့်အခါ၌ပင် သာမန်လူများထဲမှ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကောင်းမွန်သည့် ပန်းလေးပမာ ချောမောသော သာမန်လူငယ်လေးတစ်ဦးကို အထူးတလည် ရွေးချယ်ခဲ့သည်။

သို့သော် သူ ကူးပြောင်းရောက်ရှိလာသည့် ခေတ်ကာလမှာ စစ်မက်ဖြစ်ပွားနေသော အချိန်ဖြစ်ကာ မင်းဆက်တစ်ခုလုံး ပြိုလဲပျက်စီးတော့မည့် အချိန်ကာလလည်း ဖြစ်နေသည်။ ဘုရင်က တရားမဲ့သဖြင့် တိုင်းပြည်ကလည်း ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်တော့မည့် အခြေအနေပင်။ ယခုအခါ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဘုရင်ငယ်တစ်ပါးက ထီးနန်းစိုးစံနေ၏။

ထိုဘုရင်နှင့် ပတ်သက်ပြီး သွေးဆာရက်စက်ဖွယ်ရာ ကြောက်မက်ဖွယ် ကောလာဟလ သတင်းအစအနများစွာလည်း ရှိနေသေးသည်။ 

ခွမ့်ရွှယ်ရှန့် :"အဲဒီဘုရင်က စိတ်အပြောင်းအလဲမြန်ပြီး၊ ဒေါသကြီးတယ်၊ အမြဲတမ်းသွေးဆာနေပြီး ရက်စက်ကြမ်းကြုတ်တယ်လို့ ကြားတယ်။ ရှင်းရှင်းပြောရရင် သူက လူကိုဝါးမျိုမယ့် နဂါးဆိုးကြီးပဲ!"

သူ့ယောက်ျား :"အင်း။"

ထိုအာဏာရှင်ဆိုးကြီး ရောက်သွားသည့် နေရာတိုင်းတွင် မိုးတိမ်မည်းမည်းများ အုံ့ဆိုင်းသွားပြီး လူအများ ထိတ်လန့်တုန်လှုပ်ကြရသည်ဖြစ်ရာ ခွမ့်ရွှယ်ရှန့်တစ်ယောက် သူ၏ ခင်ပွန်းဖြစ်သူကို မကျေမနပ်ဖြင့် ရင်ဖွင့်လိုက်၏။

"သေချင်းဆိုးဘုရင်၊ သူ ကောင်းကောင်း သေရမှာ မဟုတ်ဘူး။"

သူ့ယောက်ျား :"အင်း။"

"ဒီအာဏာရှင်ဆိုးကြီးက အနှေးနဲ့အမြန်တော့ နန်းချခံရမှာ သေချာတယ်!"

သူ့ယောက်ျား :"အင်း။"

သူ၏ နူးညံ့သိမ်မွေ့သော ခင်ပွန်းဖြစ်သူက အမြဲတစေ ပြုံးပြုံးလေးဖြင့်သာ သူ့စကားကို ထောက်ခံလေ့ရှိသည်။

“မင်း အဲဒီဘုရင်ကို ဆဲဆိုနေတာက အရမ်း နားထောင်လို့ ကောင်းတာပဲ။”

ထို့နောက် တစ်နေ့သော သန်းခေါင်ယံအချိန်တွင် ခွမ့်ရွှယ်ရှန့် နိုးလာသောအခါ ခင်ပွန်းဖြစ်သူကို ဘေးနား၌ မတွေ့ရတော့ပေ။ တံခါးအက်ကြောင်းမှတစ်ဆင့် လှမ်းကြည့်လိုက်ရာ သူ၏ နူးညံ့ပြီး ကြော့ရှင်းသော ခင်ပွန်းဖြစ်သူမှာ ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေပြီး အိမ်ရှေ့ကွင်းပြင်၌မူ အနက်ရောင်သံချပ်ကာဝတ် အစောင့်များနှင့် အမတ်ကြီး၊ စစ်သူကြီးများစွာက ဒူးထောက်လျက် တောင်းပန်တိုင်တည်နေကြသည်ကို တွေ့လိုက်ရ၏။

"အရှင်မင်းကြီး၊ နန်းတော်ကို ပြန်ကြွဖို့ အချိန်တန်ပါပြီ။"

"……"

အားလုံးပဲ ဘယ်သူ နားလည်ပေးနိုင်လဲဟင်...

ငါ လက်ထပ်လိုက်တဲ့ လူက အာဏာရှင်ကြီး ဖြစ်နေတယ်တဲ့!!!

သူသည် သာမန်လူအဖြစ်ကို ဘိုင့်ဘိုင် လုပ်သင့်သလား သို့မဟုတ် သူ့ယောက်ျားကို ဘိုင်ဘိုင် လုပ်သင့်သလား မသိတော့ချေ။

ဤသို့ဖြင့် နံရံတွင် ချိတ်ထားသော ရတနာဓားကို ဖြုတ်၊ အထုပ်အပိုးကို ကျောမှာလွယ်ကာ မြင်းပေါ် ခွတက်လိုက်တော့၏။

သူ့လမ်းကို ပိတ်ရပ်နေသူမှာ ဟန်တောင်မဆောင်တော့ဘဲ အေးစက်မှု၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည့် အာဏာရှင်ဆိုးကြီးဖြစ်သည်။ သူ၏ ဘယ်ညာတောင်ပံနှစ်ဖက်မှာတော့ ဓားရှည်များကိုင်ဆောင်ထားကြသည့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တပ်ဖွဲ့ကြီးပင်။

[ပန်းတို့ပွင့်လန်းမည့်နေ့ ရှိသကဲ့သို့ ဓားတို့ ဓားအိမ်မှထွက်မည့် အချိန်လည်း ရှိပေ၏။
မီးလျှံက နှင်းစက်ဖြူတို့ကို အလင်းဆောင်စေကာ အရှိန်အဟုန်ဖြင့် စီးဆင်းရင်း နွေဦးမြစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသတည်း။]

***

Aurora Novel Translation Team

Latest Chapter Update

Novel Total: 56 Stars

Chapter1 07,October,2026
Chapter2 07,October,2026
Chapter3 07,October,2026
Chapter4 07,October,2026
Chapter5 07,October,2026
Chapter6 07,October,2026
Chapter7 07,October,2026
Chapter8 07,October,2026
Chapter9 07,October,2026
Chapter10 07,October,2026
Chapter11 07,October,2026
Chapter12 07,October,2026
Chapter13 07,October,2026
Chapter14 07,October,2026
Chapter15 07,October,2026
Chapter16 07,October,2026
Chapter17 07,October,2026
Chapter18 07,October,2026
Chapter19 07,October,2026
Chapter20 07,October,2026
Chapter21 07,October,2026
Chapter22 07,October,2026
Chapter23 07,October,2026
Chapter24 07,October,2026
Chapter25 07,October,2026
Chapter26 07,October,2026
Chapter27 07,October,2026
Chapter28 07,October,2026
Chapter29 07,October,2026
Chapter30 07,October,2026
Chapter31 07,October,2026
Chapter32 07,October,2026
Chapter33 07,October,2026
Chapter34 07,October,2026
Chapter35 07,October,2026
Chapter36 07,October,2026
Chapter37 07,October,2026
Chapter38 07,October,2026
Chapter39 07,October,2026
Chapter40 07,October,2026
Chapter41 07,October,2026
Chapter42 07,October,2026
Chapter43 07,October,2026
Chapter44 08,October,2026
Chapter45 08,October,2026
Chapter46 15,October,2026
Chapter47 15,October,2026
Chapter48 15,October,2026
Chapter49 15,October,2026
Chapter50 15,October,2026
Chapter51 15,October,2026
Chapter52 15,October,2026
Chapter53 15,October,2026
Chapter54 15,October,2026
Chapter55 15,October,2026
Chapter56 15,October,2026
Chapter57 15,October,2026
Chapter58 15,October,2026
Chapter59 15,October,2026
Chapter60 22,October,2026
Chapter61 22,October,2026
Chapter62 22,October,2026
Chapter63 22,October,2026
Chapter64 22,October,2026
Chapter65 22,October,2026
Chapter66 22,October,2026
Chapter67 22,October,2026
Chapter68 22,October,2026
Chapter69 22,October,2026
Chapter70 22,October,2026
Chapter71 22,October,2026
Chapter72 22,October,2026
Chapter73 22,October,2026

Manga DISCUSSION


Leave A Reply

you must Login or register to post a comment


Reviews & Ratings


0.0
0 reviews
View All Reviews

No reviews yet. Be the first to review!