no

Font
Theme

ကယ်လိုရီ (၂)

ညစာစားပြီးနောက် ဟန်တာက သူ၏ Yukata ထဲ လက်နှိုက်ကာ သူ၏ဝမ်းဗိုက်အား ပွတ်သပ်လိုက်သည်။

"ဗိုက်ကိုတင်းသွားတာပဲ။ ဒီအစားအသောက်တွေက အရသာရှိလွန်းတယ်!"

"မင်းက အမြဲတမ်း အစားကြီးတာပဲ။"

"အဲ့တော့? ဖော်မြူလာဝမ်းမှာ အမြဲတမ်း ကယ်လိုရီတွေလောင်ကျွမ်းနေတာ... ခန္ဓာကိုယ်အဆီစစ်ဆေးတုန်းကဆို အာဟာရဗေဒပညာရှင်က ကျွန်တော့်ကို ကိုယ်အလေးချိန်နည်းနည်းလောက် တက်အောင်လုပ်ဖို့တောင် ပြောခဲ့သေးတာ..." ဟန်တာက အနောက်ကိုလဲချလိုက်၏။

"တကယ်တော့ ဖော်မြူလာဝမ်းထက် ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေနိုင်တဲ့ အားကစားတွေရှိတယ်။"

"ဘာလဲ... ရေကူးတာလား။"

ဟန်တာ အိပ်ငိုက်နေလေပြီ။

သူ ရေပူစမ်းမှာရေစိမ်ပြီး ယခု ဗိုက်ပြည့်နေပြီဖြစ်ရာ အိပ်ငိုက်လာသည်က ပုံမှန်ပင်။

"မဟုတ်ဘူး။"

ဟန်တာ မျက်လုံးများပြန်ဖွင့်လိုက်သော် ဝင်စတန်က သူ့ဘေးမှာ လာထိုင်နေကြောင်း တွေ့လိုက်ရ၏။

သူသည် သူ၏လက်များကို ဟန်တာ၏မျက်နှာနားမှာ ချထားရာ ဟန်တာ ဝင်စတန်၏လက်ချောင်းလေးများကို လှည့်ကြည့်လိုက်သည်။

"ဒါဆို ဘာလဲ။"

"အိပ်ရာထဲက လေ့ကျင့်ခန်းတွေ။"

ဟန်တာ ရယ်မောလေတော့၏။ "ဟားဟားဟား! ခင်ဗျားလို နှာဘူးတစ်ယောက်က အဲ့လိုပြောတော့မယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိသားပဲ။"

"ကိုယ့်ကို နှာဘူးလို့ခေါ်တာ မင်းတစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကိုယ် ဒါကို ဘက်မလိုက်တဲ့ရှုထောင့်ကနေ မင်းနဲ့ဆွေးနွေးပေးမယ်။"

ဟန်တာက ဆက်လက်ရယ်မောနေပြီးမှ လက်ဝှေ့ယမ်းပြလာခဲ့သည်။ "ဟုတ်ပြီ၊ ဟုတ်ပြီ! ကျွန်တော့်ကိုပြောပြ၊ အဲ့ဒါက ကယ်လိုရီဘယ်လောက်လောက်ကို လောင်ကျွမ်းစေနိုင်တာလဲ။"

"အဝတ်တွေချွတ်လိုက်ရင် တစ်ဆယ်ကယ်လိုရီ၊ ဒါပေမဲ့ မင်းက မလိုအပ်လောက်ဘူး။"

"ဘာကိုဆိုလိုတာလဲ။"

ဝင်စတန်က ဟန်တာ့နားသို့တိုးကပ်လာပြီး သူ၏လက်ချောင်းများက ဟန်တာ၏ကော်လံဆီရောက်လာ၏။ ထို့နောက် ၎င်းအားဟလိုက်ရာ ဟန်တာ၏ ချောမွေ့နေသော ဝမ်းဗိုက်ကောက်ကြောင်းတို့ကို မြင်ရတော့မည့်အချိန်မှာ ရပ်တန့်လိုက်သည်။

"မင်းက အဝတ်တွေကိုတောင် ကောင်းကောင်းမဝတ်ထားဘဲ အဝတ်တွေချွတ်လိုက်ဖို့ကို မျှော်လင့်နေသေးတာလား။"

ဟန်တာ သူ၏အင်္ကျီအား ပြန်ဆွဲစိလိုက်၏။

"ခင်ဗျားက တကယ်ကို ဘက်မလိုက်တာပဲ၊ ဟမ်!"

စောစောက အိပ်ငိုက်နေသောဟန်တာမှာ ရုတ်တရက် နိုးနိုးကြားကြားရှိသွားပြီး ဝင်စတန်၏ ကျပန်းကိစ္စအသေးအမွှားလေးများ မျှဝေခြင်းကို နားထောင်ရင်း ထိုနေရာ၌ ဆက်လက်လဲလျောင်းနေခဲ့သည်။

"ကွန်ဒုံးဝတ်တာကရော?" ဟန်တာက ပြုံးစိစိလုပ်ကာ မေးလိုက်၏။

"ခြောက်ကယ်လိုရီ။"

"နည်းလိုက်တာ..."

"ဘာပဲဖြစ်ဖြစ် မင်း အဲ့ဒါကို ဝတ်စရာမလိုပါဘူး။"

"ဟေး! ကျွန်တော်က တစ်ဖက်လူအပေါ် တာဝန်ယူရမှာပေါ့! ကျွန်တော် ဟန်တာလေးရသွားရင် ဘယ်လိုလုပ်မလဲ။"

ဟန်တာ မော့ကြည့်လိုက်ရာ ဝင်စတန်၏နှုတ်ခမ်းများက ပြုံးနေကြောင်း တွေ့လိုက်ရသည်။

ထိုလူက သူ့ကို အဓိပ္ပာယ်မရှိသည့်အရာများပြောကာ စနေသလားဆိုသည်အား သူမပြောနိုင်ပေ။ သို့မဟုတ် သူက ဟန်တာ ကလေးရသွားမည်ကို စိုးရိမ်နေပုံအား သဘောကျနေခြင်းလော။

ဝင်စတန်က ဟန်တာ၏နဖူးကို ခပ်ဖွဖွတောက်လိုက်ပြီးနောက် သူ၏လက်ချောင်းများက ဟန်တာ၏ဆံပင်များထဲ ညင်သာစွာ ပြေးလွှားနေခဲ့သည်။

"မင်း တစ်ဖက်လူနဲ့ တစ်စုံတစ်ခုခြားထားမှာထက် တိုက်ရိုက်ထိတွေ့ရတာကို ပိုသဘောကျတယ်မဟုတ်ဘူးလား။ မင်းက ခန္ဓာကိုယ်အပူချိန်၊ နွေးထွေးမှုနဲ့ အထိအတွေ့တွေကို သဘောကျတယ်မဟုတ်လား။"

ဝင်စတန်၏အသံက ပျော့ပျောင်းနေပြီး ဟန်တာ၏စိတ်ထဲသို့ သိမ်မွေ့သောစမ်းချောင်းလေးလို ဖြတ်သန်းလာပြီး သူ ရုန်းမထွက်နိုင်သော အသိုက်လေးတစ်ခုကို ဖန်တီးပေးနေသည့်အလား။

ဒါပေါ့ သူ သဘောကျတယ်လေ။ ဘယ်လိုလုပ်ပြီး သဘောမကျဘဲနေမှာလဲ။

သူ၏လက်ချောင်းများက ညင်သာစွာ ပွတ်သပ်ပေးနေသဖြင့် ဟန်တာ သက်သောင့်သက်သာဖြစ်ကာ သူ၏မျက်လုံးများက နှစ်ထပ်ဖြစ်လာလေပြီ။

"ပြင်းပြင်းပြပြအနမ်းကရော?"

"ဘယ်လို ပြင်းပြင်းပြပြအနမ်းလဲ။"

"သေချာပေါက် လျှာနဲ့ပေါ့!"

"မင်းက ပြင်းပြတဲ့အနမ်းတွေကို သဘောကျလား။"

"အဲ့ဒါက မေးနေစရာတောင်လိုလို့လား။ ခင်ဗျားရော မကြိုက်ဘူးလား။"

ဟန်တာ လီလစ်သ်ရဲ့ညကို ပြန်တွေးမိလိုက်၏။ သူ အရာအားလုံးကို မမှတ်မိဘဲ အားလုံးက ပြန့်ကျဲနေသော်လည်း နမ်းနေစဥ်အတွင်း ပေါက်ကွဲတော့မလိုခံစားချက်ကတော့ သူ၏ဦးနှောက်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

"အဲ့ဒါက အချိန်ပေါ်မူတည်တယ်။ သာမန်လူတွေဆိုရင် ၆၅ ကယ်လိုရီလောက်။ မင်းဆိုရင်တော့ တစ်ရာကယ်လိုရီလောက်ဖြစ်မယ်။"

"ကျွန်တော်က တော်လို့လား။" ဝင်စတန်က ဘက်မလိုက်ဘဲ သူ့ကို ရည်ရွယ်ချက်ရှိရှိ သေးသိမ်စေတာမဟုတ်ကြောင်း ဟန်တာ ခံစားမိလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းကိုနမ်းတဲ့သူက အလိုရမ္မက်ကြီးမှာမို့လို့... မင်းကို အချိန်အကြာကြီး နမ်းလိမ့်မယ်။"

"... အဲ့လို စိတ်အားထက်သန်တဲ့ပါတနာကို ဘယ်ကနေသွားရှာရမလဲဗျာ! ခင်ဗျားရဲ့ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်!" ဟန်တာက ရယ်လိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်ကို ပွတ်သပ်နေပြီး ညည်းညူနေရင် ၃၅-၄၀ ကယ်လိုရီ။"

"ထပ်ရှိသေးလား။" ရုတ်တရက်ဆိုသလို ဝင်စတန် ဤအချက်အလက်များအား မည်သည့်နေရာကရခဲ့သလဲဆိုသည်အား ဟန်တာ သိချင်လာမိသည်။

ဝင်စတန်က စီးပွားရေးသတင်းများကို ဖတ်တတ်ကြောင်း သူသိသော်လည်း ယခုလိုအမျိုးအစားများကိုဖတ်နေသည်အား သူ တစ်ခုမှမမြင်ဖူးချေ!

ဒါဆို... အားလုံးက ဖန်တီးထားတာလား။

"ခြေထောက်တွေကို ပခုံးပေါ်တင်ထားရင် တစ်မိနစ်ကို ၂၅-၃၀ ကယ်လိုရီ။"

"တင်ရမယ်? ကျွန်တော့်ဘာသာကျွန်တော် တင်ရမှာလား။" ဟန်တာ စိတ်ပျက်သွားပြီး ခေါင်းထောင်ကြည့်ချင်ခဲ့သော်လည်း ဝင်စတန်၏လက်ချောင်းများက သူ့ကို ပြန်လှဲရန်ဖိထားခဲ့သည်။

"တစ်ဖက်လူပေါ် ထိုင်မယ်ဆိုရင် တစ်မိနစ်ကို ၆၀ ကယ်လိုရီ။ မင်းကတော့ ပိုပြီးလောင်ကျွမ်းနိုင်တယ်။"

"မဖြစ်နိုင်တာ။ ကျွန်တော်က တစ်ဖက်လူကို ထိန်းပေးထားရမှာလေ!" ဟန်တာ ထိုရှုထောင့်မှာ သူက တော်တော်လေးလူကြီးလူကောင်းဆန်သည်ဟု ခံစားလိုက်ရ၏။

"အနောက်ကနေ ဝင်မယ်ဆို သာမန်လူတစ်ယောက်အတွက် တစ်မိနစ်ကို ၈၀ ကယ်လိုရီ။ မင်းဆိုရင်တော့ အားပိုသက်ရောက်မှာမို့ ၉၀-၁၀၀ လောက်ဖြစ်နိုင်တယ်။ နောက်ပိုင်း မင်း အဲ့ဒီထဲကို စိတ်ပါသွားရင် ၁၅၀ ထက်ပိုပြီး ၂၀၀ တောင်ကျော်သွားနိုင်တယ်။"

"ဟီး၊ ကျေးဇူး!" ဝင်စတန်က သူ၏ခွန်အားကို အထင်ကြီးနေတာပဲဟု ဟန်တာ ခံစားလိုက်ရ၏။

"မင်းရဲ့ဘေးမှာ လဲလျောင်းတာ ဒါမှမဟုတ် မတ်တတ်ရပ်နေရတာက ပိုလွယ်လိမ့်မယ်။ ပျမ်းမျှလူတစ်ယောက်အတွက် တစ်မိနစ်ကို ၂၆ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်။"

"ဒါဆို ကျွန်တော်ကရော ကယ်လိုရီဘယ်လောက် လောင်ကျွမ်းနိုင်လဲ။" ဟန်တာ သူ၏ခွန်အားကို ချီးကျူးခံနေရသည်အား ပျော်ရွှင်နေ၏။

"ခန့်မှန်းပြောရရင် ၅၀ ကယ်လိုရီလောက်ပေါ့။"

"ကျွန်တော်က အဲ့လောက်သန်မာတယ်ပေါ့? အဲ့ဒါက နူးညံ့မှုမရှိဘူး ဟုတ်တယ်မလား။"

ဟန်တာ သူ၏မေးစေ့ကိုပွတ်သပ်ကာ သူသာ ထိုသို့လုပ်လိုက်လျှင် သူ၏ပါတနာက သူ့ကိုမုန်းသွားနိုင်သည်ဟု တွေးနေမိသည်။

"နူးညံ့မှုက မနမ်းခင်အတွက်ပဲ။ မင်း စိတ်ပါလာပြီဆိုတာနဲ့ အပြည့်အဝ ပျော်ရွှင်သင့်တယ်။"

ဝင်စတန်၏လေသံက တည်ငြိမ်နေပြီး ဤအရာအားလုံးမှာ သာမန်ဗဟုသုတတစ်ခုကို ပြောနေသလိုနှယ်။

ဟန်တာ သူ့ကို လေးလေးနက်နက်ကြည့်ကာ စက္ကန့်အနည်းငယ်ကြာပြီးနောက် နိဂုံးချုပ်လိုက်သည်။ "ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကြီးမယ်ဆိုတာ သံသယမရှိဘူးပဲ။"

"ဘာလို့ဆို ကိုယ်က ကိုယ့်အချိန်နဲ့ စွမ်းအင်တွေပို မသက်ဆိုင်တဲ့လူတွေအပေါ်မှာ မဖြုန်းတီးတတ်ဘူး။"

"အင်း၊ ရှန်ချွမ်းကလည်း အတူတူပဲပြောဖူးတယ်။ ဒါပေမဲ့ ခင်ဗျား တစ်စုံတစ်ယောက်ကို သဘောကျပြီဆိုတာနဲ့ အဲ့ဒီလူကတော့ သေလောက်အောင် နှိပ်စက်ခံရတော့မှာပဲ။" ဟန်တာ သနားမိသွားလေသည်။

ဝင်စတန်က တိတ်ဆိတ်သွား၏။

ဟန်တာက ဝင်စတန်၏ခါးကို သူ၏လက်ညှိုးဖြင့် ထိုးလိုက်သည်။ "ဒါဆို ခင်ဗျား ဘယ်လိုအနေအထားကိုကြိုက်လဲ။"

ဟန်တာ ဤအရာကို တော်တော်သိချင်မိ၏။

"အကုန်ကြိုက်တယ်။" ဝင်စတန်က ဟန်တာ့ကိုကြည့်လာသည်။

သူ၏အကြည့်က ဟန်တာ၏စိတ်ထဲကို ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ နက်ရှိုင်းလှသည်။

"အကုန်ကြိုက်တယ်?" ဟန်တာက ပြုံးလိုက်၏။ "ဘာလို့ဆို ခင်ဗျားက အဲ့ဒီနေရာမှာ တော်လို့မဟုတ်လား။"

"ကိုယ်တော်တယ်ဆိုတာကို မင်းက ဘယ်လိုလုပ်သိတာလဲ။"

"ကျွန်တော်တို့က ပြိုင်ကားမောင်းသမားတွေလေ! ဒေါ်နယ်လ် တစ်ခါပြောဖူးတယ်၊ ပြိုင်ကားမောင်းသမားတွေမှာ မာရသွန်ပြေးသမားတွေလိုမျိုး သည်းခံနိုင်စွမ်းရှိပေမဲ့ ကျွန်တော်တို့ရဲ့ပေါက်ကွဲအားက ပိုပြီးကြီးမားတယ်တဲ့။"

"အဲ့ဒါကြောင့်ပဲလား။" ဝင်စတန်က ဟန်တာ၏အဖြေကို ကျေနပ်ပုံမရပေ။

"ဟင်..." ဟန်တာ၏ နှေးကွေးသောဦးနှောက်လေးက ဆက်လက်စဥ်းစားနေဆဲပင်။

ဝင်စတန်က သူ့အား အများကြီးချီးကျူးပေးထားရာ သူသည်လည်း အနည်းငယ်လောက် အကောင်းပြောသင့်သည်မဟုတ်လော။

"ခင်ဗျားရဲ့ ခါးကကြွက်သားတွေက အရမ်းလှတယ်! ကျွန်တော် စောစောက မြင်လိုက်ရတယ်လေ! တစ်စုံတစ်ယောက်က ကျွန်တော့်ကိုပြောဖူးတယ်... အဲ့ဒါကို ဘယ်လိုခေါ်တာပါလိမ့်။" ဟန်တာ၏ဦးနှောက်က နှောင့်နှေးနေဆဲ။

သို့သော် သူ မည်မျှစဥ်းစားနေပါစေ၊ မမှတ်မိတော့ပေ။

ဝင်စတန်က ခေါင်းငုံ့ကာ တိုးတိုးလေးရယ်လိုက်၏။

သူ၏အသံက ထူးခြားနေပြီးသားဖြစ်သော်လည်း သူ ရယ်လိုက်လျှင် ၎င်းမှာ အေးစက်စက်အသံပေါက်နေသော်ငြား ခံစားရတာ နွေးထွေးပေ၏။

"ဟေး! ခင်ဗျား ဘာရယ်နေတာလဲ!"

"မင်းရဲ့ လေးနက်နေတဲ့မျက်နှာထားကို။" ဝင်စတန်၏မျက်လုံးထောင့်မှ ဖျော့တော့သောအပြုံးလေးသည် ဟန်တာ့အား အကြည့်မလွှဲစေချင်ခဲ့ပေ။

"ခင်ဗျား ဆက်ရယ်နိုင်ပါတယ်လေ။ ကျွန်တော်က ခင်ဗျားလိုမဟုတ်ဘူး၊ ကျွန်တော့်မှတ်ဉာဏ်က အဲ့လောက်မကောင်းဘူးဗျ။"

ဝင်စတန်က ငုံ့ကိုင်းကာ ဟန်တာနားတိုးကပ်လာရာ သူ့နားအနောက်မှာ ညှပ်ထားသောဆံပင်များက ပြေကျလာပြီး ဟန်တာ၏ပါးပြင်ကို ပွတ်တိုက်နေပေ၏။

"တကယ်တော့ ကိုယ်က အထဲကိုထည့်ထားရင်းနဲ့ အနေအထားပြောင်းရတာကို သဘောကျတယ်။ အဲ့ဒါက အနည်းဆုံး ၄၂ ကယ်လိုရီလောင်ကျွမ်းစေနိုင်တယ်။"

ဟန်တာ ယခုလိုနီးကပ်သောအကွာအဝေးကနေ ဝင်စတန်၏မျက်လုံးများထဲကို ဘယ်အချိန်က နောက်ဆုံးကြည့်ခဲ့လဲဆိုသည်အား မမှတ်မိတော့ပေ။ ထိုမျက်ဝန်းများထဲမှ အပြာရောင်လှိုင်းများက လျှံကျလာတော့မလို ခံစားလိုက်ရသည်။

"ခင်ဗျားရဲ့ဆံပင်တွေက ကျွန်တော့်ကိုထိနေပြီ! နှာဘူးကြီး..."

ဟန်တာ အကြောင်းအရင်းမရှိဘဲ နှလုံးခုန်မြန်လာ၏။ သူ ဝင်စတန့်ကို တွန်းထုတ်လိုက်သည်။

ဝင်စတန်က စိတ်ဆိုးခြင်းမရှိဘဲ ထိုအစား ဟန်တာ၏ဘေးမှ ဝင်လှဲလိုက်သည်။

"ကိုယ့်ရဲ့ ခါးကြွက်သားတွေက လှတယ်လို့ တကယ်ထင်တာလား။"

"အင်း။" ဟန်တာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ထိကြည့်ချင်လား။" ဝင်စတန်၏ ပင့်တက်နေသောနှုတ်ခမ်းများက ထိုလူ ထပ်စနေပြီဖြစ်ကြောင်း ဟန်တာ့ကို ပြောကြနေသည်။

"မထိချင်ပါဘူး! ခင်ဗျားဘာသာ ကစားနေလိုက်!" ဟန်တာက တစ်ဖက်လှိမ့်သွား၏။

ဝင်စတန်က ဘာမှမပြောဘဲ ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။

ဟန်တာ စတင်ပြီး ငိုက်မြည်းလာလေသည်။ သူ မျက်လုံးများမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့မလိုပင်။

သူ၏ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေ၌ တစ်စုံတစ်ခုက သူ့ပေါ် ဖုံးလွှမ်းကာ တစ်စုံတစ်ယောက်က သူ့ကို ညင်သာစွာ ပွေ့ဖက်လာကြောင်း ခံစားမိလိုက်သည်။

သူ့အနောက်မှ အနွေးဓာတ်လေးကြောင့် အလိုလိုနောက်ဆုတ်ကာ တစ်ဖက်လူ၏ရင်ခွင်ထဲ တိုးဝင်သွားမိ၏။

ဟန်တာ တစ်ရေးနိုးလာသောအခါ အချိန်တစ်နာရီကျော် ကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

(TN/နာရီပြန်တစ်ချက်တီးမဟုတ်ဘဲ သူအိပ်ပျော်သွားတဲ့ကြာချိန်ကိုပြောတာပါ။")

သူ့အပေါ်မှတစ်စုံတစ်ခုကို ခံစားမိလိုက်ရာ မျက်လုံးများဖွင့်ကြည့်လိုက်သောအခါ သူ့ပေါ် စောင်တစ်ထည်လွှမ်းခြုံထားကြောင်း တွေ့လိုက်ရသည်။

သူ စောင်ကိုမကြည့်လိုက်ရာ ဝင်စတန်၏လက်က သူ့ကိုယ်ပေါ်တင်ထားကြောင်း တွေ့လိုက်ရပြန်၏။

ထိုလက်က သူ၏အင်္ကျီထဲရောက်နေပြီး သူ၏ရင်ဘတ်ပေါ်မှာ နားခိုနေလေသည်။

ဝင်စတန်က သူ၏နှလုံးသားကို ကိုင်ထားသလို ဟန်တာ ရုတ်တရက်ခံစားလိုက်ရပြီး အဓိပ္ပာယ်ဖွင့်ဆို၍မရသော နွေးထွေးမှုက ဟန်တာ၏ကိုယ်ထဲ ပျံ့နှံ့သွားခဲ့လေသည်။

__

စာရေးသူမှာ ပြောစရာရှိပါတယ်:

ကြက်ဥကြော်နေရင်း:

ဟန်တာ: ကျွန်တော် ကွန်ဒုံးဝတ်စရာမလိုဘူးလို့ ဘာလို့ပြောတာလဲ။

ဝင်စတန်: အဲ့ဒါသုံးရတာကို ကိုယ်မကြိုက်လို့၊ ပြီးတော့ ကိုယ့်အတွက် မင်း အဲ့ဒါကို ဝတ်ပေးစရာမလိုဘူးလေ။

ဟန်တာ: ပြင်းပြင်းပြပြနမ်းတာက ကျွန်တော့်အတွက်ကျတော့ ဘာလို့ ၁၀၀ ကယ်လိုရီတောင် လောင်ကျွမ်းမှာလဲ။

ဝင်စတန်: ဘာလို့လဲဆိုတော့ ကိုယ်က မင်းကိုနမ်းမှာမို့၊ ကိုယ်က အရမ်းအားပြင်းတယ်။

ဟန်တာ: ထိုင်တဲ့အနေအထားမှာ ကျွန်တော်က ဘာလို့ပိုပြီးလောင်ကျွမ်းရတာလဲ။

ဝင်စတန်: ကိုယ်က မင်းကို အနက်ရှိုင်းဆုံးထိ အချိန်ကြာကြီး လုပ်မှာမို့။

ဟန်တာ: ခင်ဗျား ဒါကို ဘာဖြစ်လို့ ကျွန်တော်နဲ့ သေသေချာချာမဆွေးနွေးနိုင်ရတာလဲ။

ဝင်စတန်: ကိုယ် မင်းကို ခြောက်လွှတ်လိုက်မိမှာစိုးလို့။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment