no

Font
Theme

Chapter (17)

ချွန်းယွမ့်လူနေအိမ်ရာ (၁)

နောက်တစ်နေ့ နံနက်ကိုးနာရီ။

ရဲစခန်းက ဝန်ထမ်းများသည် လုပ်ငန်းခွင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး စင်္ကြံလမ်းများပေါ်တွင် ရွေ့လျားနေသော လူအရေအတွက်သည်လည်း တဖြည်းဖြည်း တိုးများလာ၏။ ထိုစဥ် စာရွက်စာတမ်း အမြောက်အမြားကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးသည် ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့် အမျိုးသား၏ ရုံးခန်းထဲသို့ ပြေးဝင်လာခဲ့သည်။

“ဦးငယ်လေး။” လူငယ်က စိုးရိမ်တကြီးဖြင့်: “ဒီနှစ်ယောက် သွားပြီ!”

ကတုတ်ကျင်းဝတ်ထားသော အမျိုးသားက မော့ကြည့်လိုက်ပြီး သူ့အမူအရာမှာ ရေသေကဲ့သို့ ငြိမ်သက်နေ၏။

"သိတယ်။"

"ခင်ဗျား...သိတယ်??" လူငယ်က ထိတ်လန့်သွားသည်။ :"ဒါပေမဲ့... သူတို့နှစ်ယောက်က အရမ်းထူးဆန်းတယ်။"

“တုယွီ” ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့် အမျိုးသားက ဘောပင်ကိုချကာ :“မင်းက ထူးဆန်းတယ်လို့ ခံစားနေရတယ် ဆိုတော့ ဘာကြောင့် ထူးဆန်းတာလဲ ငါ့ကိုပြောပြပါလား။”

လူငယ်လေး တုယွီ: "ဦးလေး၊ ကျွန်တော် အဲဒီတစ္ဆေကို အဲဒီတုန်းက ဦးနဲ့အတူ ပုလင်းထဲမှာ ချိတ်ပိတ်ထားခဲ့တာ။ နှစ်တွေကြာပြီ။ ကျွန်တော့်မှတ်ဉာဏ်တွေ ချို့ယွင်းသွားပေမဲ့ ဒီတစ္ဆေက ဘယ်တော့မှ ဒီလောက် မရက်စက်နိုင်ဘူးဆိုတာတော့ ကျွန်တော် မှတ်မိတယ်။ ကျွန်တော့်ရဲ့ ကျိန်စာသွေးတွေက သူတို့ကို အိပ်မက်ထဲ မဝင်နိုင်အောင် ကာကွယ်ပေးဖို့ လုံလောက်နေပြီ !"

သူက ခေတ္တရပ်လိုက်ပြီး: "အခုတလောမှ အဲဒီဟာက စွမ်းအင်တွေအများကြီးကို ယူဆောင်လာခဲ့တာ။ ဒါပေမဲ့ နှစ်အနည်းငယ်ပဲ ရှိသေးတာလေ။ အဲဒီတစ္ဆေက ဘယ်လိုလုပ် ဒီလောက်အထိ လုပ်သွားနိုင်ရတာလဲ။"

“မင်း စဥ်းစားနိုင်တာ ဒါပဲလား။” ထိုလူက အနည်းငယ် ခေါင်းညိတ်ရင်း :"တကယ်တော့ ထူးဆန်းတာ တစ်ခုရှိသေးတယ်။"

“အဲဒီစာသင်ခန်းကို နှစ်ပေါင်းများစွာ အလုံပိတ်ထားတာ။” တုယွီက ဆက်ပြောသည်။ "ကျွန်တော် မေးကြည့်တော့ တစ်ညမှာ အဲဒီစာသင်ခန်းက ငှားရမ်းလို့ရတဲ့စာရင်းမှာ ရှင်းရှင်းလင်းလင်း ပေါ်လာလို့ ဒီလူငယ်တွေကို အမြန်ငှားလိုက်ရတယ်။"

“သက်ဆိုင်ရာဝန်ထမ်းတွေ အားလုံးက တိုက်ဆိုင်မှုလို့ ပြောကြပေမဲ့…” တုယွီက မျက်မှောင်ကြုတ်ကာ :“ဒီနောက်ကွယ်မှာ ကြိုးဆွဲနေတဲ့ အရာတစ်ခုခု ရှိနေသလို ခံစားနေရတယ်။”

“အင်း” ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့် အမျိုးသားက စားပွဲကို ပုတ်လိုက်ပြီး :"မနေ့ညကလည်း တစ်ခုခုဖြစ်သွားတယ်။"

"ဘာဖြစ်တာလဲ ဦးလေး။"

“သူတို့ဘက်က ကျောက်စိမ်းဆွဲသီးကို ရိုက်ခွဲပြီးတော့ ငါလည်း အိပ်မက်ထဲ ဝင်သွားတယ်။ အဲ့အချိန်မှာ အဲ့တစ္ဆေက အားနည်းသွားတယ်လို့ ခံစားမိတယ်။”

"ငါ ဝင်လာတုန်းက စာသင်ခန်းရဲ့ တစ္ဆေအဆင့်က အိပ်မက်အခြေအနေကို ထိန်းထားနိုင်ရုံလောက်ပဲ ရှိတော့တယ်။ သူ့အခြေအနေက စာရင်းမဲ့သွားပြီ။ နာကြည်းမှုကို ပုလင်းထဲ ပြန်ထည့်ဖို့ ငါ နည်းနည်းတော့ အားထုတ်ခဲ့ရတယ်။ ဒါပေမဲ့ အများကြီးလည်း မဟုတ်ဘူး။"

တုယွီသည် အနည်းငယ် ထိတ်လန့်သွားကာ : "အာ? ဒါပေမဲ့ သူတို့အားလုံးက သာမန်ကောလိပ် ကျောင်းသားတွေပဲလေ။"

"သာမန်ကောလိပ် ကျောင်းသားတွေလား" ကတုတ်ကျင်းဝတ်ထားသော အမျိုးသားက ရုတ်တရက် ရယ်မောလိုက်သည်။

"မ မဟုတ်ဘူးလား။" တုယွီ သူ့ဆံပင်များကို ခပ်ဖွဖွ ထိုးဆုပ်လိုက်မိသည်။

"အဲဒီယန်ကျစ်ချန်... မင်း သူ့ကို သိလား။" အမျိုးသားက တိုက်ရိုက်အဖြေကို ရှောင်ပြီး မေးလိုက်သည်။

“သူ့ကို ယောင်ဝါးဝါးတော့ ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ မမှတ်မိဘူး။”

တုယွီ မျက်မှောင်ကြုတ်လိုက်သည်။

အမျိုးသား: “အဲဒီလူနဲ့ သူ့ဆက်ဆံရေးက တော်တော်ဆန်းတယ်။”

"မိသားစုကို ဒုက္ခရောက်အောင်လုပ်တဲ့ အဲဒီကောင်...."

တုယွီ၏ မျက်လုံးများ ပြူးကျယ်သွားကာ :"...သူ? စုန့်ကွမ်း...."

ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့်လူက သူ့ကို တစ်ချက်ကြည့်လိုက်ရာ တုယွီလည်း ချက်ချင်း ငြိမ်သွားတော့သည်။

“အပြင်မှာ သူ့နာမည်ကို ထုတ်မပြောနဲ့။”

“ဟုတ်…ဟုတ်ကဲ့။” တုယွီ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

အမျိုးသား: “သူ ဘယ်သွားမလဲဆိုတာကို ငါ့လူတွေက စောင့်ကြည့်နေပြီ။”

ကတုတ်ကျင်းအင်္ကျီဝတ်ထားသည့် အမျိုးသားက ဆက်ပြောလေသည်။ "သူ့ကို လွယ်လွယ်နဲ့ လွှတ်လိုက်တာက အဲဒီလူ ဘယ်ရောက်သွားလဲ ဆိုတာကို သဲလွန်စ ရှာဖို့ပဲ။ အဲ့တစ္ဆေတွေက ဒီလိုမျိုး ဖြစ်မသွားသင့်ဘူး။ သူ ဒီယန်ကျစ်ချန်အတွက် တစ်ခုခု ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။"

“နားလည်ပါပြီ ဦးငယ်လေး။ ကျွန်တော် စောင့်ကြည့်နေပါ့မယ်။”

တုယွီ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသော အမျိုးသားသည် တစ်ခုခုပြောတော့မည့်အခိုက် ရုံးခန်းတံခါးဆီမှ နောက်ထပ် ခေါက်သံတစ်ချက် ကြားလိုက်ရ၏။

“လူကြီးမင်းစုန့် အချက်အလက်အသစ် ရောက်လာပါတယ်။ ” ရဲအရာရှိ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ဝင်လာခဲ့!”

အရာရှိက တံခါးကို တွန်းဖွင့်ပြီး ကတုတ်ကျင်း အင်္ကျီဝတ်ထားသော အမျိုးသားရှေ့၌ ရပ်လိုက်သည်။

"လူကြီးမင်းစုန့်! သူအရင်ဆုံး ကျောင်းက အိပ်ဆောင်ကို ပြန်သွားတာ ကျွန်တော်တို့ တွေ့လိုက်ပါတယ်။ ပြီးတော့ ကျောင်းကထွက်ပြီး ကျန်းတုံးခရိုင်ကို သွားတယ်။"

"သူ့ရဲ့ပစ်မှတ်က ကျန်းတုံးခရိုင်မှာရှိတဲ့ ချွန်းယွမ့်လူနေအိမ်ရာ လို့ခေါ်တဲ့ နေရာတစ်ခု။" သူက တွန့်ဆုတ်စွာ မျက်မှောင်ကြုတ်၍ :"သူ့နောက်က လိုက်သွားတဲ့ လူတွေက အဲဒီနာမည်ကို မြင်ခဲ့ကြပေမဲ့... မြေပုံပေါ်မှာ အဲဒီလူနေရပ်ကွက်ကို ရှာမတွေ့ဘူးတဲ့။"

'ချွန်းယွမ့်လူနေအိမ်ရာ' ဟူသော အမည်အား ကြားသောအခါ ကတုတ်ကျင်းဝတ်ထားသော အမျိုးသား၏ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"ဘာ?" သူ၏အသံကပါ အနည်းငယ် မြင့်တက်လာသည်။

"သူဘယ်လို ဝင်သွားတာလဲ။ သူနဲ့ အဲ့လူတွေရော လိုက်သွားတာလား။"

“မလိုက်သွားပါဘူး။” အရာရှိက ခေါင်းယမ်းသည်။ “သူပြောတာ… အဲဒီလူငယ် လူနေအိမ်ရာထဲကို ဝင်သွားတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ဘာလို့လဲမသိဘူး၊ ဝင်ရမဲ့လမ်းကို ရှာမတွေ့တော့ဘူးတဲ့။”

ကတုတ်ကျင်းဝတ်ထားသော အမျိုးသားက ရုတ်တရက် ထရပ်လိုက်သည်။

"ဒီနေရာကို မင်းလက်ထဲ အပ်ထားခဲ့မယ်။" သူသည် ဤကဲ့သို့ ပြင်းထန်သော ခံစားချက်ကို ပထမဆုံးအကြိမ် ပြသခဲ့ပြီး တုယွီဘက်သို့ လှည့်ကာ

"ငါ အခုချက်ချင်း သွားရမယ်!"

တုယွီသည်လည်း အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သည်။

"ကောင်းပါပြီ။ ဦးလေး စိတ်မပူနဲ့။ ကျွန်တော် သေချာ ကိုင်တွယ်လိုက်ပါ့မယ်။"

ထိုအမျိုးသားသည် ရှေ့သို့ လျှောက်သွားသော်လည်း တံခါးဝသို့ မရောက်မီ ရုတ်တရက် ပြန်လှည့်လာ၏။

“လောလောဆယ် သူ့အခြေအနေအကြောင်း မိသားစုထဲက ဘယ်သူ့ကိုမှ မပြောနဲ့။”

သူက တုယွီကို ညွှန်ကြားနေခဲ့သည်။

"အသေးစိတ် သေးသေးလေးကအစ မပြောနဲ့ နားလည်လား။"

“နားလည်ပါတယ်။” တုယွီက ခေါင်းညိတ်သည်။

ဘာကြောင့်လဲဟု မေးချင်သလိုလို ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးမှာတော့ ခေါင်းညိတ်၍သာ ပြန်ဖြေလိုက်၏။

ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့်လူသည် ရုံးခန်းတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်သွားခဲ့ကာ သိပ်မကြာခင်မှာပင် ရဲစခန်းမှ လုံးဝ ပျောက်သွားလေသည်။

...

ရဲစခန်းမှ ထွက်ခွာခွင့်ရသည်နှင့် တစ်ပြိုင်နက် ယန်ကျစ်ချန်တစ်ယောက် တက္ကစီတစ်စီးကို တားစီးလိုက်သည်။ ရွှီကျားရန်အား နှုတ်ဆက်ပြီးနောက် ရေချိုးရန် သူ့အိပ်ဆောင်သို့ ဦးစွာ ပြန်သွားခဲ့သည်။

သူ့အခန်းဖော်များက အိပ်ဆောင်ထဲတွင် မရှိကြချေ။ တစ်ခုခုကြောင့် အလုပ်ရှုပ်နေပုံပင်။ လျင်မြန်စွာ ထုပ်ပိုးပြီးနောက် သူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နေရာဆီသို့ မြေအောက်ရထားဖြင့် ထွက်ခွာလာခဲ့သည်။

သူအိမ်ပြန်မရောက်သည်က ကြာချေပြီ။

မြို့၌ ပညာသင်ကြားနေသောကြောင့် ယန်ကျစ်ချန်သည် အိမ်တွင် အကြိမ်အနည်းငယ်သာ ရှိနေတတ်၏။

သူအိမ်ပြန်ခဲ့သည့် နောက်ဆုံးအချိန်ကလည်း တရုတ်နှစ်သစ်ကူး၌ပင်။ နှစ်သစ်ကူး အကြိုနေ့မှာ သူ့ညီလေး ယန်ကျစ်ယွီနှင့် အဆင်မပြေသော စကားအနည်းငယ်ဖြင့် အချင်းများခဲ့ကြသည်။ ထိုအချိန်ကတည်းက သူတို့ဟာ စစ်အေးတိုက်ပွဲ ဆင်နွှဲခဲ့ကြ၏။

ယန်ကျစ်ချန်သည် အိမ်ဟောင်းသို့ ပြန်သွားရမည့် လမ်းကိုတော့ မှတ်မိနေသေးသည်။ အချိန်ကာလအားဖြင့် သို့မဟုတ် ရာသီဥတုဒဏ်ကြောင့် လမ်းများသည် အတန်ငယ်အိုဟောင်းလာပြီး စိမ်းလန်းသော ကျောက်အုတ်များသည်လည်း အချိန်အမှတ်အသားများကို ထွင်းထုထားသည့်အလား ခပ်မှိုင်းမှိုင်း မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ယန်ကျစ်ချန်သည် လမ်းဘေးဆိုင်များအပေါ် ခိုင်လုံသော အမှတ်ရမှုမျိုး မရှိခဲ့ဘဲ သူနှင့် စုန့်ကွမ်းနန် အတူလည်ပတ်ခဲ့ဖူးသော ဆိုင်အနည်းငယ်မျှကိုသာ ယောင်ဝါးဝါး မှတ်မိနေခဲ့၏။

သို့သော် ဆိုင်အများစုမှာ ပိတ်သွားကြပြီဟု ထင်ရသည်။ ယခုတော့ အတိတ်ကို ပြန်သတိရနေဖို့ စိတ်မဝင်စားချေ။ သူ၏ ဦးတည်ရာမှာ ရှင်းသည်။ ၎င်းက ချွန်းယွမ့်လူနေအိမ်ရာပင်။

မကြာခင်တွင် အဆောက်အအုံဟောင်းများကြား၌ ယန်ကျစ်ချန် ရင်းနှီးပြီးသား တိုက်ခန်း ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။

အထက်တန်း ကျောင်းတက်စဥ်ကနှင့် ယှဉ်လျှင် ဆိုင်းဘုတ်ကို ထောက်ထားသည့် သံဘောင်ပေါ်က သံချေးများဟာ ပိုထူလာသလိုပင်။ လူနေရပ်ကွက်၏ ရွှေရောင်အမည်သည်လည်း အရောင်မှိန်ဖျော့သွားကာ တချို့ဆေးများက ကြွေကျသွားချေပြီ။ '苑' (ယွမ့်) ဟူသော စာလုံးသည် အောက်ဘက် မြက်ခင်းပြင်ပေါ်သို့ ကျဆင်းသွားပြီး ၎င်းသည် '怨' (ယွမ့် ၊ နာကြည်းမှု/မကျေနပ်မှုဟု အဓိပ္ပာယ်) နှင့် ဆင်တူသည့်အလား။

နေ့ခင်းဘက် ဖြစ်နေသော်လည်း ပတ်ဝန်းကျင်ရှိ အထပ်မြင့်မဟုတ်သော အဆောက်အအုံများက ဆိုင်းဘုတ်ကို မှိန်ဖျော့ဖျော့ အရိပ်များဖြင့် ဖုံးအုပ်ထားသည်။ ဤအမှောင်ထုအတွင်း ဝှက်ထားသော ဆိုင်းဘုတ်သည် လမ်းမပေါ်က လူများအား ရုတ်ခြည်းပင် ပျောက်ကွယ်သွားစေခဲ့၏။

သူတို့သည် ဤနေရာကို မကြာခဏ ဖြတ်သွားဖူးခဲ့ကြသည်။ သို့သော် အနှီလူနေရပ်ကွက်နှင့် လုံးဝ ရင်းနှီးခြင်း မရှိနေပေ။ ထူးဆန်းသည်မှာ သူ ရောက်လာသောအခါ 'ခလုတ်' ကို နှိပ်လိုက်သလိုမျိုး 'သူအစကတည်းက ဒီမှာရှိသင့်တယ်' ဟူသည့် ခံစားချက်ကြီး ခံစားနေရလေသည်။

'ယွမ့်' စာလုံးကို ကြည့်လိုက်မိသည့် အခိုက်တွင် 'နာကျည်းမှု'နှင့် ဆင်တူသော စာလုံးစုတ်ချက်ကြောင့် ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်လာရ၏။

'သူ တကယ်ဝင်ရမှာလား။'

'သူတကယ်ပဲ...သူတို့ဆီသွားရမှာလား။'

သူ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် သူ၏စိတ်ထဲသို့ စိတ်အားထက်သန်သော ခံယူချက်များက တိုးဝှေ့ ဝင်ရောက်လာပြန်၏။

သူလာရသည်မှာ ကွယ်လွန်သွားသော ရည်းစားဟောင်းအတွက်ပါဟုသာ လူအများက သိသွားပါက ၎င်းတို့အားလုံးသည် 'သေမှာမကြောက်တဲ့ အချစ်ဦးနှောက်' ဟု ရွံရှာစွာ တံတွေးထွေးကြပေလိမ့်မည်။

သို့သော်လည်း သူ့အတွက်သူ တွေးတောရန် အတင်းအကျပ် မလုပ်ချင်တော့ပေ။ ထိုအချိန်၌ နောက်ထပ် တွေးခေါ်မှုတစ်ခုက သူ့အား ရှက်စရာကောင်းသော အရာကို ဝန်ခံဖို့ တွန်းအားပေးလာခဲ့၏။

သူသည် သွားများကို အံကြိတ်ကာ ဆုံးဖြတ်ချက်ကို အားပြု၍ ကြောက်ရွံ့မှုအားလုံးကို အတင်းအကျပ် ပိတ်ဆို့လိုက်သည်။ ထို့နောက် ချွန်းယွမ့်လူနေအိမ်ရာဆီသို့ ဦးတည် ဝင်သွားလိုက်တော့သည်။

အဆောက်အအုံ၏ ဝင်ပေါက်သည် မီးခိုးရောင် အင်္ဂတေလမ်း ဖြစ်သည်။ ယန်ကျစ်ချန်မှာ ထိုလမ်းပေါ်သို့ လှမ်းတက်ခဲ့သော်လည်း ထူးထူးခြားခြား မခံစားခဲ့ရပေ။ အနည်းငယ် ပျော့ပျောင်းသော အသွင်အပြင်ဖြင့် စိုစွတ်နေသလိုသာ ဖြစ်နေသည်။

အဆောက်အအုံ၏ အောက်ပိုင်းတစ်ဝက်မှာ လိမ္မော်ရောင်ဖြစ်ပြီး အပေါ်ပိုင်းတစ်ဝက်မှာ မီးခိုးရောင်နှင့် အဖြူရောင် ဖြစ်လေ၏။ လမ်းဘေးမှ စူးစူးရှရှ ကားဟွန်းသံတစ်ချက် ထွက်ပေါ်လာသောအခိုက် ယန်ကျစ်ချန်သည် လူနေအိမ်ရာ၏ ခြံတံခါးကိုဖြတ်ကာ သူ့အရှိန်ကို အရှိန်မြှင့်တင်လိုက်သည်။

ရုတ်တရက် သူ၏ ညှပ်ရိုးပေါ်ရှိ အမှတ်အသားကလည်း တောက်ပလာခဲ့သည်။

အပူဒဏ်ကြောင့် အနည်းငယ် မူးဝေသွားသော်လည်း အရှိန်မြှင့်ထားသော ခြေထောက်ကြောင့် သတိပြန်ဝင်လာသည့်အခါ၌ အင်္ဂတေလမ်းအလယ်တွင် ရပ်နေမိချေပြီ။

လက်ရှိအချိန်တွင် ကောင်းကင်ကြီးကလည်း မှိုင်းညို့နေ၏။

လိမ္မော်ရောင် လူနေအဆောက်အအုံများသည် မိုးကုတ်စက်ဝိုင်းနှင့် ဆန့်ကျင်ဘက်တွင် ထင်ရှားစွာ ပေါ်လွင်နေသည်။ ပတ်ဝန်းကျင်အိမ်များရှိ လုံခြုံရေးဘားအများအပြားတွင် နေ့စဉ်သုံးပစ္စည်းများ ဖြစ်သော အိုးများ၊ စိမ်းလန်းစိုပြေသော အပင်များဖြင့် ပြည့်ကျပ်နေလေသည်။

တစ်ဝက်ကျိုးသွားသော ဆိုင်းဘုတ်ကြီးကို နံရံတွင် ထုရိုက်ထားဆဲ။

အဆောက်အအုံ ၃ ။

ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လိမ္မော်ရောင် အဆောက်အအုံများ တစ်ခုပြီးတစ်ခု ပြန့်ကျဲနေတာကို တွေ့လိုက်ရသည်။ ယန်ကျစ်ချန် ရေတွက်ကြည့်ရာ ငါးခုလောက် ရှိပေ၏။

'အတော်လေးနည်းတာပဲ'

သူ စဉ်းစားကြည့်လိုက်သည်။

စုန့်ကွမ်းနန်က အဆောက်အအုံ ၄ ၏ တိုက်ခန်း ၄၀၂ တွင် နေထိုင်ခဲ့သည်ကို သူ သတိရနေသေးသည်။ အလွန်ကောင်းသော လိပ်စာမဟုတ်သော်လည်း ၄၀၄ ကဲ့သို့ ကံမကောင်းလှပေ။

အဆောက်အအုံ ၃ သည် အဆောက်အအုံ၏ အဝင်ဝတွင် ရှိကာ အဆောက်အအုံ ၄ သည် ၎င်း၏အနီးတွင် ရှိသည်။ သို့သော် ယန်ကျစ်ချန် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သော်လည်း အဆောက်အအုံ ၄ ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။

အင်မတန်မှ ထူးဆန်းလှသည်။

ယခုအချိန်တွင် ရပ်ကွက်ထဲ၌ လူသိပ်မရှိတော့ချေ။ ဝင်ပေါက်အနီးတွင် သက်ကြီးရွယ်အို အမျိုးသမီး အများအပြားသည် လျောင်းခုံများပေါ် ထိုင်လျက် ထန်းရွက်ယပ်တောင်များဖြင့် အသာအယာ ယပ်ခပ်နေကြသည်။

သူ(မ)တို့၏ မျက်နှာအရေပြားများသည် နက်ရှိုင်းစွာ ချိုင့်ဝင်နေကြကာ မျက်လုံးများထဲတွင် အနက်ရောင်အစက်လေးများသာ ကျန်တော့သည်။ တစ်နေရာတည်း၌ စုဝေးနေကြသော်လည်း မည်သူကမျှ စကားမပြောဘဲ ကုလားထိုင်များတွင်သာ ငြိမ်သက်စွာ ထိုင်နေကြသည်။

ယန်ကျစ်ချန်သည် ကတ်နှင့် ဧည့်ခန်းကို ဖြတ်သွားသောအခိုက် အမျိုးသမီးများကြားမှ ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ အဆိုပါအသံသည် ချွန်းယွမ့်လူနေအိမ်ရာ၏ တိတ်ဆိတ်သော လေကို လေပြင်းပမာ ရိုက်ခတ်သွားခဲ့သည်။ ယန်ကျစ်ချန်လည်း အလိုလို ခေါင်းကို လှည့်လိုက်ရာ အဘွားကြီး၏ အနက်ရောင်မျက်လုံးများနှင့် ဆုံတွေ့သွား၏။

ထိုအဘွားကြီးသည် အဝါရောင်သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်းသာ ကျန်ရှိတော့သည့် ပါးစပ်ကို ထုတ်ဖော်ပြလိုက်သည်။

“အင်း…” သူ(မ)ဆီမှ မကွဲမပြား အသံထွက်လာသည်။

ယန်ကျစ်ချန် မတုံ့ပြန်နိုင်ခင်မှာပင် သူ(မ)က ဖြည်းညင်းစွာ ထပ်ခါတလဲလဲ ပြောလာ၏။

"သွားလေ...သွားလေ သွားလေ..."

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment