no

Font
Theme

Chapter (15.2)

စာသင်ခန်း (၁၅.၂)

တခြားအနားယူခန်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယန်ကျစ်ချန် အိပ်မပျော်သေးပေ။ ထိုလူစိမ်း၏ စကားကြောင့် သူ စိတ်မသက်မသာ ဖြစ်နေတုန်းပင်။ ယခုအချိန်၌ အရုဏ်ဦး၏ အရိပ်အယောင်မရှိသေး။ အမှောင်ခန်းထဲ၌ သူ့ဖုန်းကိုဖွင့်ပြီး စုန့်ကွမ်းနန်၏ WeChat ပရိုဖိုင်ပုံကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

ထိုလူက သူ၏သူငယ်ချင်း တောင်းဆိုမှုကို လက်မခံခဲ့ချေ။ ဘယ်တော့မှလည်း လက်ခံနိုင်တော့မည် မဟုတ်ပေ။

ယန်ကျစ်ချန်၏ လက်ချောင်းသည် အောက်သို့ လျှောကျကာ သူ့ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်ထဲသို့ ခဏ ရွေ့လျားသွားသော်လည်း စုန့်ကွမ်းနန်၏ ဓာတ်ပုံတစ်ပုံကိုမျှ ရှာမတွေ့ခဲ့ပေ။

လမ်းခွဲလိုက်သောအခါတွင် စုန့်ကွမ်းနန်နှင့်ပတ်သက်သည့် အရာအားလုံးနီးပါးကို ဖျက်ပစ်ခဲ့သည်။

အထူးသဖြင့် ဓာတ်ပုံအယ်လ်ဘမ်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှမ်းကြည့်ရင်း၊ ထိုမျက်နှာကို စိုက်ကြည့်ရင်း အကြိမ်တိုင်းနီးပါး နှလုံးသားထဲက နာကျင်မှုကို ခံစားရသော်လည်း ထိုလူနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပစ်လိုက်ရသည်။

'အဲဒီအနမ်း… ထားပါတော့ အဲဒါက အနမ်းတစ်ခုပါပဲလေ။'

ယန်ကျစ်ချန် သူ့နှုတ်ခမ်းများကို ထိကြည့်လိုက်သည်။ ယခုတော့ ၎င်းထံမှ နွေးထွေးမှု အနည်းငယ်သာ ခံစားလိုက်ရသည်။ စုန့်ကွမ်းနန်ကို သူ ကောင်းကောင်း နားမလည်သလို ခံစားနေရသည့်အပြင် ကောင်းကောင်း နားလည်သလိုလည်း ခံစားရပြန်၏။

ထိုလူငယ်သည် တစ်ခုခုလုပ်ရန် စိတ်ကူးထားပြီးသည်နှင့် ဘယ်အရာကမှ သူ့ကို တားနိုင်မည် မဟုတ်ချေ။ ဘုရားသခင်တောင်မှ သူ့ကို ဆင်းမတားနိုင်လောက်။

အထက်တန်းကျောင်း ဒုတိယနှစ်တွင် ထိုသရဲတစ္ဆေဟု ထင်ရသော အဖြစ်အပျက်ပြီးနောက် ယန်ကျစ်ချန်သည် မိမိဘာသာ စိတ်ကူးယဉ် တွေးတောပြီး စုန့်ကွမ်းနန်နှင့် အနည်းငယ် ခင်မင်ရင်းနှီးလာသည်ဟု ခံစားလာရသဖြင့် သူနှင့် မကြာခဏ စကားစပြောလာသည်။

သူနှင့် ဆက်ဆံလေလေ စုန့်ကွမ်းနန်ဟာ လျှို့ဝှက်ဆန်းကြယ်သည့် လူသားတစ်ယောက်ဟု ပိုခံစားလာရလေ ဖြစ်၏။

သူ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်က အလွန်ပုံမှန်ပင် ဖြစ်သည်။ ခေါင်းလောင်းသံ ကြားသည်နှင့် လွယ်အိတ်ကို ချသည်၊ အသစ်စက်စက် အလှဆင်ထားသော ခဲတံအိတ်ကို ထုတ်ပြီး ဆရာမ စာသင်ခန်းထဲ မဝင်ခင် လက်ရှိ သင်ခန်းစာအတွက် ဖတ်စာအုပ်ကို အတိအကျ ဆွဲထုတ်ပြီး ဖတ်မည်။

သို့သော် တစ်ခါတစ်ရံတွင် သူသည် သူ၏စားပွဲပေါ်တွင် မှောက်အိပ်နေတတ်သည်။ သူတို့သည် နောက်ဆုံးအတန်းတွင် ရှိကြပြီး စာသင်ခန်းအတွင်းရှိ ရှေ့ဆုံးတန်းများက မသိမသာ ဖုံးကွယ်ထားသောကြောင့် ၎င်းတို့ကို ဖမ်းမိခြင်းက မရှိသလောက်ပင်။

တစ်ချိန်၌ သင်္ချာဆရာမအသစ်သည် စုန့်ကွမ်းနန်၏ အပြုအမူကို သဘောမကျသောကြောင့် အော်ငေါက်လေ၏။

"ယန်ကျစ်ချန်! မင်းရဲ့ထိုင်ခုံဖော်ကို နှိုးလိုက်စမ်း!"

သို့ဖြင့် စုန့်ကွမ်းနန်ကို လှုပ်နှိုးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သူ နှိုးလိုက်သောကြောင့် စုန့်ကွမ်းနန် နိုးလာပြီး ခေါင်းကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

"စာသင်နေရင်း ရပ်နေ!"

သင်္ချာဆရာမမှ စိတ်တိုတိုဖြင့် ပြောလိုက်သည်။ စုန့်ကွမ်းနန်သည်လည်း စကားမပြောဘဲ သူ့ထိုင်ခုံကို ရွှေ့လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

ကုလားထိုင်ခြေထောက်များ ကြမ်းပြင်နှင့် ပွတ်တိုက်ကာ ပြင်းပြင်းထန်ထန် အသံများ ထွက်လာသည်။ ယန်ကျစ်ချန်သည် စုန့်ကွမ်းနန်၏ မျက်နှာကို မော့ကြည့်လိုက်ရာ ဘာကြောင့်ရယ်မသိပါဘဲ ထူးဆန်းသော အပြာရောင်အစင်းကြောင်းကို သတိပြုမိလိုက်သလိုပင်။

ထိုသူမှာ ရပ်နေသော်လည်း စားပွဲပေါ်ရှိ မဖွင့်ရသေးသော ကျောင်းစာအုပ်ကို မမှိန်မသုန်သာ စိုက်ကြည့်လျက်ရှိ၏။ သူ၏မျက်လုံးများသည် ခပ်မှိုင်းမှိုင်းနှင့် အသက်မရှိသည့်အလား။

ယန်ကျစ်ချန် သိပ်ဂရုမစိုက်မိ။ အတန်းပြီးသွားသောအခါ စုန့်ကွမ်းနန်တစ်ယောက် စာသင်ခန်းထဲမှ လှည့်ထွက်သွားသည်နှင့် ယန်ကျစ်ချန်ရှေ့က ကျောင်းသားမှ တိုးတိုးလေး ပြောလာသည်။

"စုန့်ကွမ်းနန် ဒုက္ခရောက်နေတာကို သိလား။"

"ဟင်?" ယန်ကျစ်ချန် အံ့အားသင့်သွားသည်။ "ဘာဒုက္ခလဲ။"

“အိုး အဲဒါဘေးအခန်းက ဒုက္ခအိုးပေါ့။” ဟု ရှေ့က ကျောင်းသားက ပြောသည်။ "အဲဒီဒုက္ခအိုးက ငါတို့ရဲ့အတန်းမော်နီတာကို သဘောကျနေတာလေ။ မော်နီတာက အခုတလော စုန့်ကွမ်းနန်နဲ့ အချိန်တွေ အများကြီးဖြုန်းနေတာ။ အဲဒါကြောင့် သူ့ကို ရန်ငြိုးထားနေတာ။"

"...ဒါ..." ယန်ကျစ်ချန် စကားမပြောနိုင် ဖြစ်သွားသည်။

"ဒီကောင် ရူးနေတာလား။"

"ငါလည်း ထင်ပါတယ် ဒါပေမဲ့ သူက အဆက်မပြတ် တွယ်ကပ်နေတဲ့ မျှော့တစ်ကောင်လိုပဲကွ။ တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာကောင်းတယ်။" ထိုင်ခုံးရှေ့က ကျောင်းသားမှ ပခုံးတွန့်ကာ :"မင်းကို ငါပြောခဲ့တာ ဘယ်သူ့ကိုမှ မပြောနဲ့နော် !"

၎င်းကိုစဉ်းစားနေစဥ် PE အတန်းမှ ဆရာသည် ယန်ကျစ်ချန်အား စက်ပစ္စည်းအခန်းထဲမှ ပစ္စည်းများကို ရွှေ့ခိုင်းလေသည်။ ဆရာသည် ယန်ကျစ်ချန်ကို ကူညီပေးမည့် အတန်းဖော်အား ခေါ်ခိုင်းသောအခါ သူ စုန့်ကွမ်းနန်၏အမည်ကို မသိစိတ်ကနေ ခေါ်ထုတ်ခဲ့မိ၏။

စုန့်ကွမ်းနန်သည် အတန်းသိပ်မတက်သော်လည်း သူ၏အမူအရာမှာ ကြမ်းတမ်းဆဲ ဖြစ်သည်။ ယန်ကျစ်ချန်၏ အသံကိုကြားသော် စိတ်ပျက်လက်ပျက် အမူအရာမပြဘဲ "အင်း"ဟု တိုးတိုးလေးသာ ဖြေလာ၏။

ထောင့်မှ ပစ္စည်းများရွှေ့ရန် အခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြသည်။ ဖုန်ထူထူရနံ့များမှာ အခန်းထဲတွင် ပြည့်လျှံနေပြီး ပြတင်းပေါက်လေးတစ်ခုသာ ရှိလေသည်။ သတ္တုစင်များသည်လည်း အရောင် ကွဲကွဲပြားပြားဖြင့် ပြည့်ကျပ်နေသည်။ အရာဝတ္ထုများ၏ အရောင်အဆင်း အကွက်များကိုသာ နေရောင်မှိန်မှိန်အောက်တွင် မြင်နိုင်သည်။

ယန်ကျစ်ချန်ခမျာ ဖုန်မှုန့်များကြောင့် နှစ်ကြိမ် ချောင်းဆိုးပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် ကူရှင်တစ်ခုကို တွေ့လိုက်သည်။

“ဒီမှာ...ဒီမှာ ! ” သူ စုန့်ကွမ်းနန်ကို လက်ပြလိုက်၏။

“ငါ တွေ့ပြီ။”

စုန့်ကွမ်းနန်က စကားမပြောဘဲ ရှေ့ကို တိုးလာသည်။

သို့သော် ခြေလှမ်းအနည်းငယ် မလှမ်းမီတွင် အနောက်မှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ယန်ကျစ်ချန်သည် တံခါးသော့ပိတ်သံကို ကြားရုံမျှဖြင့် သူ့ခြေထောက်များ လေပေါ် ခုန်တက်သွားတော့မလို ခံစားလိုက်ရသည်။ ကြီးမားသော နေရောင်ခြည် မရှိတော့ဘဲ ပြတင်းပေါက်မှ ဖြာထွက်နေသော အလင်းတန်းလေးများသာ ကျန်ရှိတော့ပြီး ၎င်းတို့က စုန့်ကွမ်းနန်၏ မျက်နှာပေါ်သို့ အေးစက်စွာ သက်ဆင်းသွားသည်။

"မင်းရဲ့ အမူအကျင့်ကို အခုချိန်ကစပြီး ဂရုစိုက်စမ်းပါ !"

တံခါးဝမှ မာနကြီးသော အသံတစ်သံက တစ်ဆက်တည်း ထွက်ပေါ်လာသည်။

"ချန့်ချန့်က မင်းပေါင်းသင်းနိုင်တဲ့သူ မဟုတ်ဘူး!"

ယန်ကျစ်ချန် ပါးစပ်အဟောင်းသားလေးဖြင့် အံ့အားသင့်သွားသည်။ သူ ပြန်မထနိုင်ခင်မှာပင် စုန့်ကွမ်းနန်သည် သူ့ရှေ့မှာ မတ်တတ်လာရပ်၏။ အေးစက်နေသော်လည်း အနည်းငယ်စူးရှသည့် အကြည့်များနှင့် သူ့ကို သေသေချာချာ စိုက်ကြည့်နေလေသည်။

"ပြော။" စုန့်ကွမ်းနန်က တည်ငြိမ်စွာ ပြောလာသည်။

"မင်းက သူတို့နဲ့ တစ်ဖွဲ့တည်းလား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment