no

Font
Theme

hapter (11)

စာသင်ခန်း (၁၁)

'ငါသူ့ကိုသတ်ခဲ့တယ်??'

'ငါ သူ့ကို ဘယ်တုန်းက သတ်လိုက်တာလဲ။'

အကန့်အသတ်မရှိသော ထိတ်လန့်မှုများကြား ယန်ကျစ်ချန်၏စိတ်ထဲ ထိုမရေရာသော အတွေးတစ်ခုသာ ကျန်ရှိခဲ့သည်။ လမ်းခွဲပြီးနောက် သူ စုန့်ကွမ်းနန်ကို တစ်ခါမှ မမြင်ရတော့ချေ။

'စုန့်ကွမ်းနန် ... စုန့်ကွမ်းနန် ဘယ်တုန်းက သေသွားတာလဲ။'

သူ၏ဦးနှောက်ထဲသို့ စူးစူးရှရှ နာကျင်မှုတစ်ခု တိုးဝင်လာသည်။ ယန်ကျစ်ချန်၏ စိတ်အစဥ်တို့လည်း ဗလာဖြစ်နေချေပြီ။ သူသည် စုန့်ကွမ်းနန်၏ လက်ထဲတွင် ခိုကိုးရာမဲ့၊ စွမ်းအားမဲ့စွာသာ ကျရောက်နေရကာ အသိစိတ်များကလည်း တဖြည်းဖြည်း မှိန်ဖျော့လာသည်။

သူလည်း သေတော့မည်။

သူ၏ခန္ဓာကိုယ်အပူချိန်က တဖြည်းဖြည်း ကျဆင်းလာပြီး ခြေလက်များလည်း တဖြည်းဖြည်း ထုံလာသည်။ ထိုအခိုက် ယန်ကျစ်ချန်သည် သေခြင်းတရား၏ စိတ်ပျက်အားငယ်မှုကို အနည်းငယ် ရင်းနှီးနေသယောင် နားမလည်နိုင်စွာ ခံစားလိုက်ရသည်။

"စုန့်ရန်..."

အကြိမ်ပေါင်းတစ်ထောင် နှိပ်စက်ခံရပြီးနောက် စိတ်ကို ပြန်လည်အာရုံစူးစိုက်မှု ပြုလိုက်သည့်နှယ်၊ ယန်ကျစ်ချန်ထံမှ နူးညံ့သော အသံလေး ထွက်လာခဲ့၏။

"စုန့်ရန်... ငါ့ကို မသတ်ပါနဲ့။"

သူ၏အသံက သူ့လည်ချောင်းထဲကနေ တကယ်ထွက်လာသလားတောင် မသိတော့ချေ။ နောက်ဆုံး ကြည်လင်ပြတ်သားသော ပေါက်ကွဲသံများ ကြားနေရသော်လည်း သူ ဆက်ပြောနေခဲ့သည်။

"ငါအခုထိ။ သူပြန်လာတာကို စောင့်နေ...."

ထိုအခိုက်အတန့်တွင် နာကျင်ကိုက်ခဲမှုများ ရုတ်တရက် ရပ်သွားသဖြင့် စကားလုံးများသည်လည်း သူ့နှုတ်ခမ်းဝ၌သာ တင်ကျန်နေခဲ့သည်။

သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ အမြင်အာရုံမှာ မှုန်ဝါးနေဆဲ။ စုန့်ကွမ်းနန်ဘက်မှ သူ၏လက်ကို ဖြည်းညင်းစွာ လွှတ်လိုက်သည်ကိုတော့ မှုန်ဝါးဝါး တွေ့လိုက်ရသည်။

သူ့ရှေ့ကလူသည် အရပ်မြင့်ပြီး ဖြူဖျော့နေ၏။ ယန်ကျစ်ချန် မြေပြင်ပေါ်သို့ လဲကျသွားကာ တစ်ဖက်ရှိ စုန့်ကွမ်းနန်က သူ့ခန္ဓာကိုယ်ပေါ် ဖြည်းညင်းစွာ ဝပ်တွားတက်လာနေသည်ကိုသာ ကြည့်နေရသည်။

ထိုလူ၏ အေးစက်လှသော လက်ချောင်းထိပ်များက သူ့ပါးပြင်ကို ထိတွေ့လာသည်။ ယန်ကျစ်ချန်ခမျာ စုန့်ကွမ်းနန် သူ့အနားသို့ တိုးကပ်လာစဉ် သူ့တစ်ကိုယ်လုံးမှ တုံ့ပြန်မှုတစ်ခုအဖြစ် အလိုလို တုန်လှုပ်သွားမိ၏။ စုန့်ကွမ်းနန်မှာတော့ သူ့ဆီသို့သာ ငုံ့ကြည့်နေဆဲ။

ထိုမျက်နှာနှင့် သူသည် တစ်လက်မပင် မကွာတော့ပေ။ ယန်ကျစ်ချန်လည်း စုန့်ကွမ်းနန်ကို စိုက်ကြည့်နေခဲ့သည်။

စုန့်ကွမ်းနန်၏ မည်းနက်နေသော မျက်လုံးထဲတွင် အလင်းတဖျတ်ဖျတ် လင်းလက်လာသည်။ ချက်ချင်းဆိုသလို သန့်စင်ခန်းထဲမှ လေပြင်းများ တိုးဝှေ့လာသည်။ သူ၏ အမြင်အာရုံများ မှုန်ဝါးသွားကာ ထိုလေသည် စုန့်ကွမ်းနန်ကို လွင့်စင်သွားစေသည့်နှယ် သူ့အကြည့်အောက်မှ ပျောက်ကွယ်သွားစေခဲ့သည်။

ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကလည်း သူ့ညှပ်ရိုးပေါ်၌ ပေါ်ထွက်လာ၏။ ယန်ကျစ်ချန် အင်္ကျီကို မြန်မြန်ဆန်ဆန် ဆွဲချလိုက်ရာ ထူးဆန်းသော အနက်ရောင်တက်တူးတစ်ခုကို တွေ့လိုက်ရလေသည်။

သံသယမရှိစွာ ၎င်းကို စုန့်ကွမ်းနန် ချန်ထားခဲ့ခြင်းပင်။ ယန်ကျစ်ချန် သူ၏ညှပ်ရိုးပေါ်ရှိ အနည်းငယ် ပေါ်နေသော အမှတ်အသားကို ထိကြည့်လိုက်သည်။

အချိန်အတော် ကြာပြီးနောက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော အနှီခံစားချက်မှ ပြန်လည် သက်သာလာခဲ့သည်။ လက်ရှိတွင် သူ၏ခြေထောက်များသည် တောင့်တင်းပြီး ထုံနေသေးကာ အနည်းငယ်မျှသော လှုပ်ရှားမှုကပင် မသက်မသာ ဖြစ်စေ၏။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားရာမှ ထနိုင်ရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း မတတ်နိုင်ခဲ့ပေ။

ကိစ္စမရှိပေ။

ယန်ကျစ်ချန် အသက်ပြင်းပြင်းရှူကာ သူ့စိတ်ထဲတွင် ဝေ့ဝဲနေသော သံသယများကို အရင်ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။

မနေ့ညက သူ့အိပ်မက်ထဲရှိ ရေချိုးခန်းမှန်ထဲမှ အနှီထူးဆန်းသော ပြောင်းလဲမှု ဆိုသည်မှာ စုန့်ကွမ်းနန် ဆင်းသက်လာတာ ဖြစ်နိုင်၏။ သူ စုန့်ကွမ်းနန်ကို သူငယ်ချင်းအဖြစ် တောင်းဆိုမှု ပေးပို့စဥ်က စုန့်ကွမ်းနန် အသက်ရှင်နေသေးသလားပင် မသိ။

ယန်ကျစ်ချန် စိတ်လှုပ်ရှားစွာ သူ့လည်ပင်းကို ဆုပ်ကိုင်ကြည့်လိုက်သည်။ ယခုဖြစ်ပျက်သမျှ အရာအားလုံးသည် ထူးဆန်းသော ရောင်ဝါများဖြင့် ပြည့်နှက်နေပြီး သူ့ကို အံ့ဩတုန်လှုပ်စေကာ စိတ်မပူပင်ဘဲ မနေနိုင်စေပေ။

စုန့်ကွမ်းနန်ကို ဘယ်သူသတ်တာလဲ။

သူ မသိချေ။

ဤကြောက်စရာကောင်းသော ကျောင်းအဆောက်အအုံ၏ မူလအစကဲ့သို့ပင်။ သူဘာမျှမသိ။ မသိခြင်း၏ ပြင်းထန်သော အကြောက်တရားကြောင့် ယန်ကျစ်ချန် အတွေးထဲ ပျောက်ဆုံးသွားပြီး အားကိုးရာမဲ့သလို ခံစားလာရသည်။

သူသည် အေးစက်သော ကြမ်းပြင်ပေါ်တွင် ထိုင်လျက် သူ၏အသက်ရှူသံကို ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်သည်။

'ဘာပဲဖြစ်ဖြစ်... သူ မသေချင်ဘူး။'

'မသေချင်ဘူး ဆိုရင်တောင် ဒီကြောင်တောင်တောင် အတွေးတွေကို မနေဘဲ မနေနိုင်တော့ဘူး။'

ယန်ကျစ်ချန်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီးမှ ကြမ်းပြင်ပေါ်ကနေ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သန့်စင်ခန်းသည် အလွန်တိတ်ဆိတ်နေသဖြင့် ပင့်သက်ရှိုက်သံကိုပင် ကြားနေရ၏။ သူ သန့်စင်ခန်းထဲ၌ မနေချင်တော့တာမို့ စင်္ကြံဆီကို တိတ်တိတ်လေး ပြန်သွားပြီး လှေကားထစ်ဆီ ဦးတည်သွားလိုက်သည်။

ရဲစခန်းရှိ လူငယ်လေး လိမ်းကျံထားပေးသော သွေးများက အသုံးမဝင်ပေ။ သူတို့ဘာသာသူတို့ ရှင်သန်ဖို့ နည်းလမ်းရှာရန် လိုအပ်နေသေးတာ ဖြစ်နိုင်လောက်သည်။ ကျောက်ကျောက်၏ ဒိုင်ယာရီထဲတွင် အလွန်အကန့်အသတ်ရှိသော အချက်အလက်များသာ ပါရှိ၏။

နောက်ထပ် သဲလွန်စရရန် စာသင်ခန်းဆီသို့သာ ပြန်သွားရမည်။ ယန်ကျစ်ချန်မှာ တစ်ယောက်တည်းမို့ မသက်မသာ ခံစားလိုက်ရသည်။

စင်္ကြံမှာ ရပ်နေမိခိုက် အဝေးမှ ခြေသံများ ပဲ့တင်ထပ်လာသံကို ကြားလိုက်ရ၏။ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်မနေသည့် အချက်မှာ ယန်ကျစ်ချန်ကို ပိုပိုပြီး စိတ်မသက်မသာ ဖြစ်လာစေလေသည်။ သူသည် နံရံနှင့် နီးကပ်စွာ ကပ်ရင်း သတိထား၍ အပေါ်ထပ်သို့ တက်သွားခဲ့သည်။

တစ်ထပ်၊ နှစ်ထပ်…

သူ စတုတ္ထထပ်ကို မြန်မြန်ရောက်သွား၏။

ထောင့်တစ်ခုကို လှည့်လိုက်သောအခါ အသံများကို ခပ်တိုးတိုးလေး ကြားလာရသည်။

"ယန်ကျစ်ချန်... ယန်ကျစ်ချန်!"

အသံကို ထူးထူးခြားခြား ရင်းနှီးနေ၏။ အသာ လှည့်ကြည့်လိုက်ချိန် ရွှီကျားရန်တစ်ယောက် စာသင်ခန်းထဲမှ တိတ်တဆိတ် ချောင်းကြည့်နေသည်အား တွေ့လိုက်ရလေသည်။ ရွှီကျားရန်၏နှုတ်ခမ်းများသည် ဖြူဖျော့နေပြီး သူ့အမူအရာမှာ အလွန်တင်းမာနေပုံရသည်။

"ယန်ကျစ်ချန်...မင်းအသက်ရှင်နေသားပဲ။ ကောင်းလိုက်တာ။"

"ဟုတ်တယ် လွတ်သွားတာ။"

ယန်ကျစ်ချန် ခေါင်းညိတ်လိုက်သည်။

ရွှီကျားရန်က နောက်တစ်လှမ်း ဆုတ်လိုက်သည်။ "ကောင်းတာပေါ့ ကောင်းတယ်။ ဒါနဲ့ တခြားတစ်ယောက်ယောက်ကို တွေ့ခဲ့သေးလား။"

သူ၏ သတိထားနေခြင်းက ယန်ကျစ်ချန်ကို စိတ်မသက်မသာ ဖြစ်လာစေသည်။

ယန်ကျစ်ချန် မျက်မှောင်ကြုတ်ကာ: "ဘာဖြစ်တာလဲ။ မင်းဘယ်လိုဖြစ်..."

"ယန်ကျစ်ချန်!"

ရုတ်တရက် နောက်ထပ်အသံတစ်သံ ထပ်ဝင်လာသည်။ ယန်ကျစ်ချန် လှည့်ကြည့်လိုက်ရာ တစ်ဖက်၌ ရွှီကျင့်တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ(မ)၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း သွေးထွက်နေ၏။

"သူ့ကိုမယုံနဲ့! သူ...သူက သရဲ!"

ဘာ?

ယန်ကျစ်ချန် အံ့အားသင့်သွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကဆိုလျှင် ရွှီကျင့်သည် ပုန်းအောင်းရန် လုံခြုံသောနေရာကိုသာ အမြဲရှာဖွေခဲ့ပြီး တစ်ညတာလုံး အေးချမ်းစွာ နေခဲ့သည်။ ယန်ကျစ်ချန် သူ(မ)နှင့် တစ်ခါမျှ မကြုံဖူးသလောက်ပင်။ သို့သော် ယခုမူ ရွှီကျားရန်ကို ပြင်းပြင်းထန်ထန် စွပ်စွဲရန် ချက်ချင်း ပေါ်ထွက်လာ၏။

"သူက သရဲပဲ!" ရွှီကျင့်၏ မျက်နှာမှာ ထိတ်လန့်မှုများကြောင့် ဖြူဖျော့လျက်။

"ယန်ကျစ်ချန် သူနဲ့အတူမနေနဲ့။ သူက သရဲ!"

ရွှီကျားရန်: "ယန်ကျစ်ချန် သူ(မ)ကို မယုံနဲ့! သူ(မ)ကမှ သရဲ၊ ငါမြင်....."

"သူ့အရေခွံထဲက သွေးတွေနဲ့ ဖုံးနေတဲ့ လူတစ်ယောက်ကို ငါတွေ့လိုက်တယ်!" ရွှီကျားရန်၏အသံက ရွှီကျင့်၏စကားကြောင့် ပြတ်တောက်သွားသည်။

သူ(မ)၏ မျက်လုံးများက ပြူးကျယ်သွားသည်။ "အဲဒီလူက ရွှီကျားရန်ရဲ့ အရေပြားကို ခွာလိုက်ပြီး ပြီးတော့..."

"သူ့အရေခွံကို အဲ့ဟာက သူ့ကိုယ်ပေါ် ခြုံလိုက်တာ!"

...

'... အရေပြားကို ခြုံလိုက်တာ?'

ယန်ကျစ်ချန်၏ ကျောပြင်တစ်ခုလုံး အေးစက်သွားတော့သည်။

'ဒီဟာတွေက အရေပြားကို တကယ် ၀တ်ဆင်နိုင်တာလား?'

ဤသည်မှာ တစ်စုံတစ်ယောက်၏ အထောက်အထားကို ရယူနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။ ယန်ကျစ်ချန်သည် အရေးကြီးသော အချက်အလက်တချို့ကို ဆုပ်ကိုင်ထားမိပြီဟု ခံစားလာမိသည်။

သူတို့ ၀တ်ထားသော အရေပြား၊ သေပြီးနောက် ပြန်ပေါ်လာသည့် ဝမ်ရှင်းယွီ၊ ထိုသေးငယ်သော သွေးအလောင်း။

ယန်ကျစ်ချန်သည် ထိုလူနှစ်ယောက်ကို စိုက်ကြည့်ရင်း တင်းမာမှုနှင့်အတူ မျက်လုံးများ အရောင်တောက်လာကာ လျင်မြန်စွာ တွေးစပြုလာသည်။

စောစောက မြင်ခဲ့ရသော သွေးစိမ်အလောင်းက ယေဘုယျအားဖြင့် အတော်ကြီး၏။ ဝမ်ရှင်းယွီ၏အလောင်းကို တွေ့ရှိပြီးနောက် ပေါ်လာသည့် တစ်ခုတည်းသော အကောင်မှာ အတော်လေး သေးငယ်လှသည်။

"အဲဒါ ငါမဟုတ်ဘူး!" ရွှီကျင့် အော်လိုက်သည်။

"မင်းပဲ!"

သူက ခေါင်းကိုလှည့်ပြီး ရွှီကျင့်ကို စေ့စေ့ကြည့်ကာ :"မင်းက ရွှီကျင့်ကို အရေခွံချွတ်ပြီး သူ့အရေခွံကို ၀တ်ထားတာ။ မင်းကသာ သွေးအလောင်းပဲ!"

ရွှီကျင့်က လှောင်ပြောင်ကာ: "ယန်ကျစ်ချန်၊ အဲဒါ ငါ မဟုတ်ဘူး။ နင်အရှေ့ကို သွားကြည့်လိုက်ရင် အဲဒီသွေးအိုင်ကို ကြည့်လို့ရသေးတယ်။ ငါ ပြေးလို့သာ လွတ်သွားတာ။ ပြီးတော့ နင်နဲ့ သူ စကားပြောနေတာကို ကြားလိုက်ရတာနဲ့ နင်သူ့ဆီက လှည့်စားခံရမှာကို စိတ်ပူလို့။"

"ဒီမှာရှိတဲ့ သရဲတစ္ဆေတွေက တခြားသူတွေရဲ့ အသားအရေကို ဝတ်ဆင်နိုင်တယ်။ သူတို့နေရာမှာ အယောင်ဆောင်နိုင်တယ်။"

"ဒီလိုနဲ့ ကျူးယန် သေသွားတာ!"

သူ(မ)ဖော်ပြနေသည့် စကားလုံးများနှင့် သူ(မ)၏ အမူအရာသည် သူ(မ)ကိုယ်တွေ့ မြင်နေရသကဲ့သို့ ထိတ်လန့်နေသည်။ အကြောက်တရားကြောင့် နစ်မွန်းခံရသူကဲ့သို့ သူ(မ)၏ ပုံမှန် နူးညံ့သိမ်မွေ့သော အမူအရာ ပျောက်ဆုံးသွားကာ စိတ်မရှည်ခြင်း၏ အရိပ်အမြွက်အား ပြသနေခဲ့သည်။

အရေပြားကို ဝတ်ဆင်ပြီး ထိုလူအဖြစ် အယောင်ဆောင်ခြင်း။

ယန်ကျစ်ချန် တွေးနေတုန်းပင်။

သူ ထိုအကြောင်းကို ပိုတွေးလေ ပိုကြောက်စရာကောင်းလေ ဖြစ်လာသည်။

သရဲတစ္ဆေများသည် လူတိုင်း၏ အသားအရေကို ၀တ်ဆင်နိုင်သောကြောင့် သူမြင်ဖူးသော လူများသည် အမှန်တကယ်ပင် သူတို့ကိုယ်တိုင် ဟုတ်ပါသလား တွေးရတော့မည်။

ရေချိုးခန်းထဲမှာ သူတွေ့ဖူးခဲ့သည့် ကြောက်စရာကောင်းသော သန်ကောင်ကဲ့သို့ သွေးအလောင်းကောင်။

တံခါးအပြင်ဘက်၌ သွေးအလောင်း၏ အော်ဟစ်သံကို သူ ကြားဖူးသည်။ ပြီးနောက် သေခြင်းမှ ပြန်လည်ရှင်သန်လာသော ဝမ်ရှင်းယွီလည်း ရှိ၏။

ရွှီကျားရန်က တကယ်ပဲ ရွှီကျားရန်လား။

ပြီးတော့ ရွှီကျင့်ကရော တကယ်ပဲ ရွှီကျင့်လား။

သူ ဘယ်သူ့ကို ယုံရမလဲ။

ယန်ကျစ်ချန်၏ စိတ်အလုံးစုံတို့ တုန်လှုပ်သွား၏။ ဤအတိုင်းဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိလာချေပြီ။

ယန်ကျစ်ချန် ရွှီကျင့်ကို ကြည့်ကာ အော်လိုက်သည်။

"ဝမ်ရှင်းယွီ!"

"ဘာလဲ ငါ..."

ရွှီကျင့်က သူ(မ)ခေါင်းကို အလိုလို လှည့်လိုက်သော်လည်း သူ(မ)၏ စကားသံတို့မှာ တစ်ဝက်တစ်ပျက်နှင့်သာ ရပ်တန့်သွားသည်။

သူ(မ)၏အမူအရာမှာ ကြောက်စိတ်တစ်ဝက်၊ ဒေါသူပုန်ထခြင်းက တစ်ဝက်ပင်။ ယန်ကျစ်ချန် ဘာမျှမတုံ့ပြန်သေးခင် သူ(မ)က အမြန်လှည့်ထွက်ပြေးသွား၏။ ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့ နှစ်ဦးတည်းသာ မတ်တပ်ရပ်လျက် ကျန်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ယန်ကျစ်ချန်သည် ရွှီကျားရန်ကို စူးစိုက်ကြည့်နေသည်မှာ သူ၏မျက်နှာပေါ်ကနေ သဲလွန်စတစ်ခုခုကို ရှာနေသယောင်။

ရွှီကျားရန်က ခါးသီးသော အပြုံးဖြင့် :"မင်းကို ငါယုံလို့ရမလား။"

"မင်းအတွက်ဆို ငါက မသေချာဘူး။"

"ဟုတ်တယ်၊ မင်းလည်း ခန့်မှန်းနိုင်သားပဲ။" ရွှီကျားရန် ခေါင်းညိတ်လိုက်သည်။

"အဲ့ 'ကျူးယန်' က ကျူးယန် မဟုတ်ဘူး။"

ယန်ကျစ်ချန် တည်ငြိမ်စွာ ပြောလိုက်သည်။ စောစောက သန့်စင်ခန်းထဲရှိ 'ကျူးယန်' ၏ စုတ်ပြဲနေသော အရေပြားအောက်တွင် ပေါက်နေသော အင်းဆက်ကောင်ကဲ့သို့ လက်ချောင်းများကို သူ မှတ်မိနေသေးသည်။

“သွေးအလောင်းက ကျူးယန်ကို အသေသတ်ပြီး သူ့အရေပြားကို ဝတ်ထားတာ။ ပြီးတော့ ဝမ်ရှင်းယွီက နောက်နေ့ည ငါတို့နဲ့ မတွေ့ခင်မှာကတည်းက သေဆုံးသွားခဲ့ပြီးသား။ သူ(မ)အရေပြားကို ဝတ်ထားတဲ့သူကမှ ကျူးယန်ပဲ။"

ရွှီကျားရန်: "မှန်တယ်။ တံခါးအပြင်ကနေ မင်းကို ထွက်လာစေချင်လို့ တစ်ခုခုက ခေါ်နေတယ်ဆိုပြီး မင်းငါ့ကို ပြောတယ်မလား။ ငါကတော့ အဲ့ဒါက ကျူးယန်လို့ သံသယရှိတယ်။ သူက အစတုန်းက သိုလှောင်ခန်းထဲမှာ ပုန်းနေတဲ့ မင်းရဲ့အရေပြားကို ဝတ်ချင်ပေမဲ့ ဘာကြောင့်လဲမသိဘူး ဝမ်ရှင်းယွီကို သတ်ပစ်လိုက်တယ်။"

"ဒါဆို တတိယလူက" ယန်ကျစ်ချန် ဆက်မပြောခင် နှုတ်ခမ်းသပ်လိုက်သည်။ --:"ရွှီကျင့်ပဲ။ ဝမ်ရှင်းယွီက ရွှီကျင့်ရဲ့ အရေပြားကို ဝတ်ထားတာ!"

“ဟုတ်တယ်။” ရွှီကျားရန်လည်း ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာက အနည်းငယ် လေးနက်လာသည်။

--: "ငါ ကျူးယန်လက်ထဲက လွတ်သွားတော့ ကျန့်ယွိဟန်နဲ့ တွေ့တယ်။ သူလည်း တော်တော်လေး ကြောက်ရွံ့နေတဲ့ပုံပဲ။ အဲဒီသွေးအလောင်း အကောင်ငယ်က ရွှီကျင့်ရဲ့အရေပြားကို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဝတ်နေတာ။"

ဤရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ကို သူသိထားပြီးသား ဖြစ်သော်လည်း သူ့သူငယ်ချင်း၏ ဆိုးရွားသော သေဆုံးမှုသတင်းကို ကြားလိုက်ရသည့်အခါ ယန်ကျစ်ချန် ရင်မောသွားရသည်။

သူနှင့် ရွှီကျင့်တို့သည် ကောလိပ်တွင် အတန်းဖော်များဖြစ်ကြပြီး ၎င်းတို့၏ အပြန်အလှန်ဆက်ဆံရေးမှာ အရေးမပါလှသည် မဟုတ်။ စုန့်ကွမ်းနန်နှင့် လမ်းခွဲလိုက်သော အချိန်ကလည်း ရွှီကျင့်သည် သူ့ကို စိတ်ပူပြီး နှစ်သိမ့်ပေးခဲ့၏။

သူ(မ)သည် ရှက်ရွံ့ပြီး သတိထားတတ်သူဖြစ်သည်။ နှစ်ရက်ကြာသည်အထိ သတိထားပြီး ပုန်းကွယ်ထားခဲ့သော်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသော အဖြစ်အပျက်တစ်ခုကြောင့် သူ(မ) သေဆုံးသွားခဲ့သေးသည်။

သူတို့ ခဏလောက် ငြိမ်သွားကြ၏။

"ဒါပေမဲ့ ငါက အသက်ရှင်နေတဲ့ လူလားဆိုတာ မင်းကို အတည်ပြုပေးဖို့ နည်းလမ်းမရှိဘူး။" ယန်ကျစ်ချန်၏ အသံက တိုးလျသွားသည်။

"တကယ်လို့ ငါက မူလသွေးအလောင်း ဖြစ်ခဲ့ရင် အဲ့ဟာက ငါ့ကိုသတ်မယ်၊ ငါ့အရေပြားကို သိမ်းပိုက်မယ်။ ပြီးတော့ ငါ့နာမည်ကို ရှင်းဖို့ 'ရွှီကျင့်' ဆိုတဲ့ အလောင်းကောင်နဲ့ ဇာတ်ဝင်ခန်းတစ်ခု တိုက်ထားမယ်။ ပြီးရင်တော့ မင်းရဲ့ယုံကြည်မှုကို တရားဝင်ရပြီ။"

"ဒီလိုပဲ ငါ့အတွက်ကတော့ 'ရွှီကျင့်' က မင်းနဲ့ ရန်လိုသလို ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ ပြီးရင် ငါ့ကိုသတ်ပစ်လိုက်မယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment