no

Font
Theme

အပိုင်း ၁၄၂

ကူဟယ့်ရန်က ဖိတ်ကြားလွှာကို လက်ထဲ ဆုပ်ကိုင်ထားလျက် ဖြည်းညင်းစွာ လှည့်လိုက်ပြီး တိတ်ဆိတ်မှုက အဆုံးမဲ့ခံစားချက်ကို ပေးစွမ်းနေသည်။

မုကျစ်မင်ခမျာ ဘာအမှားမှ မလုပ်ခဲ့သော်လည်း နားမလည်နိုင်သည့် အပြစ်ရှိစိတ်လှိုင်းလုံးများ သူ့အပေါ် လွင့်စဥ်သွားသလို ခံစားလိုက်ရသည်။ သူက ကူဟယ့်ရန်၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲကိုင်လိုက်ပြီး နူးညံ့သိမ်မွေ့သော အပြုံးလေး ပြုံးပြလိုက်သည်။

"ထိုင်ပြီး စကားပြောရအောင်လေ။"

ကူဟယ့်ရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲဘေးရှိ ထိုင်ခုံလေးပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်လိုက်သည်။

မုကျစ်မင်က အဖြူရောင်ကြွေလက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး ရေတစ်ခွက် လောင်းထည့်ကာ ကူဟယ့်ရန်ရှေ့ တင်ပေးလိုက်သည်။ ထို့နောက် သတိထား၍ ပြောလိုက်သည်။

“မနေ့ညကမှ ကျွန်တော် ဖိတ်စာကို ရခဲ့တာ။ အခုထိတော့ ဘာမှ ပြန်မဖြေရသေးပါဘူး။”

"အင်း။"

ကူဟယ့်ရန်က ဖိတ်စာကို စားပွဲပေါ်မှောက်ချကာ ‘လီကျူးကသာ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ရန်’ ဟူသည့် စာလုံးများကို ဖုံးကွယ်လိုက်ရင်း သာမန်လျှံကာ ခေါင်းညိတ်ပြလိုက်သည်။ ကူဟယ့်ရန်က မုကျစ်မင်ကို မော့ကြည့်လိုက်ပြီး သူ့အသံက တည်ငြိမ်နေသော်လည်း စစ်ဆေးနေသလိုပင်။

"မင်း သွားဖို့ စီစဉ်နေတာလား။"

"ကျွန်တော်..."

မုကျစ်မင် တုံ့ဆိုင်းသွားသည်။

မနေ့က တစ်ချိန်လုံး ကူဟယ့်ရန် မြို့တော်ကို ပြန်လာမည့် အတွေးများသာ သူ့စိတ်ထဲ လုံးလုံးလျားလျား နစ်မွန်းနေခဲ့သည်။ မုကျစ်မင်က ဖိတ်ကြားလွှာကိစ္စကို မစဉ်းစားဘဲ ဘေးဖယ်ထားကာ တက်ရောက်ရမလား မတက်ရဘူးလား ဆိုသည်ကိုလည်း မစဉ်းစားဘဲ နေခဲ့သည်။ ယခု ကူဟယ့်ရန်က မေးလိုက်စဉ် မုကျစ်မင် ချက်ချင်း မဖြေနိုင်ပေ။

လရောင်က စိုစွတ်သော ပြတင်းပေါက်မှ ဖြတ်၍ ကြမ်းပြင်ပေါ်တွင် ယိမ်းနွဲ့နေသော ပန်းပွင့်များ၏ အရိပ်များကို ဖုံးလွှမ်းကာ အခန်းတွင်း တိတ်ဆိတ်ငြိမ်သက်မှုထဲသို့ တိုးဝင်လာသည်။

ထိုအခိုက်အတန့်လေးတွင် မုကျစ်မင်က နောက်ဆုံးထုတ်မပြောမီအထိ သေချာစွာ စဉ်းစားခဲ့သည်။

"ဟယ့်ရန်၊ ခင်ဗျား အကျဉ်းကျနေတုန်း ဖူရီက ဘာမှပြန်မတောင်းဘဲ ကူညီပေးခဲ့တယ်။ အပြန်အလှန် ယဉ်ကျေးမှုနဲ့ဆို သူ့ဖိတ်ကြားမှုကို ကျွန်တော် မငြင်းသင့်ဘူး။ နောက်ပြီး ကျားတွင်းထဲမ၀င်ဘဲ ကျားကို ဖမ်းလို့မရဘူးလေ။ ကျွန်တော်သာ ဒီအခွင့်အရေးကို ယူပြီး ဖူရီ ဒီဘဝမှာ ဘာကြံနေလဲသိနိုင်ရင် ဘာပဲဖြစ်ဖြစ် ပိုကောင်းအောင် ပြင်ဆင်နိုင်လိမ့်မယ်။"

ကူဟယ့်ရန်၏ မျက်လုံးများက စိုးရိမ်မှုဖြင့် နက်မှောင်သွားသည်။

"ပထမဆုံးပြောရင် ဖူရီက ရှန်အရှင်ကို ဖိတ်ရုံတင်မကဘူး၊ သူသာ ကျွန်တော့်ကို တကယ်သတ်ချင်ရင် စောစောစီးစီး လုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိတာပဲလေ။ ဒီလို ငြိမ်းချမ်းတဲ့ အခိုက်အတန့်ကို ဘာလို့ စောင့်နေရတာလဲ။"

ကူဟယ့်ရန်က တိတ်ဆိတ်နေခဲ့သည်။

မုကျစ်မင်က ကူဟယ့်ရန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး သူ့အသံက ရိုးသားမှုဖြင့် တည်ငြိမ်နေသည်။

"ဟယ့်ရန်၊ ကျွန်တော် တွေ့ဖူးသမျှ တစ်ခုတည်းသော အေးချမ်းမှုက ခင်ဗျားအနားမှာ နေရတာပဲ။ ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား။"

ကူဟယ့်ရန်၏ တီးတိုးသံက ညင်သာပြီး ထိခိုက်လွယ်နေသလိုပင်။

"မင်းကို မယုံတာမဟုတ်ဘူး...ဒါက ဒီလိုပဲ..."

‘ကိုယ်က သူနဲ့ မယှဉ်နိုင်မှာကို ကြောက်မိလို့ပါ။’

ကူဟယ့်ရန်က တွေးနေသည်။

သူ့ကြောက်စိတ်များကို ဖွင့်ပြောချင်သော်လည်း စကားလုံးများက ဘယ်တော့မှ မထွက်လာပေ။ ယင်းအစား ကူဟယ့်ရန်က တိတ်တဆိတ် လက်ဆန့်ကာ မုကျစ်မင်လက်ကို ကိုင်လိုက်ပြီး ထိတွေ့မှုဖြင့် နှစ်သိမ့်မှုရယူလိုက်သည်။

ထိုအခိုက်အတန့်တွင် မုကျစ်မင်က ပိုမိုလေးနက်သော အရာတစ်ခုကို သဘောပေါက်သွားသည်။ ကူဟယ့်ရန်က သူ့အား နှလုံးသားဖြင့် ဖွင့်ဟခဲ့သော်လည်း သူတို့တွင် အိမ်ထောင်ရေးနှင့် ရင်းနှီးသော နှောင်ကြိုးများ ရှိနေလျှင်ပင် ကူဟယ့်ရန်၏ နှလုံးသားထဲ၌ တင်းကျပ်သော ဝေဒနာတစ်ခု၊ မဖြေရှင်းနိုင်သေးဘဲ ယားယံနေသည့် အထုံးတစ်ခု ရှိနေသေးသည်။

ကူဟယ့်ရန်က စကားအနည်းငယ်သာ ပြောတတ်သူဖြစ်ပြီး သူ့အတွင်းစိတ်က ရုန်းကန်မှုများအကြောင်းကို မပြောတတ်သူဖြစ်သည်။ သူက လဲကျသွားသော ကလေးကဲ့သို့ တိတ်ဆိတ်စွာ သည်းခံ၍ ငိုရန် ငြင်းဆန်ကာ သူ့စိုးရိမ်ပူပန်မှုများကို လျှို့ဝှက်ဒဏ်ရာများအဖြစ် သယ်ဆောင်ထားခဲ့သည်။ အကယ်၍ တစ်ဦးဦးကသာ သူ့နာကျင်မှုကို အချိန်မီသတိမထားမိပါက သတိမပြုမိဘဲ နစ်မြုပ်သွားမည်သာ။

မုကျစ်မင်ခမျာ ဖွင့်မပြောနိုင်သော ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို ခံစားမိပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဟယ့်ရန်၊ ကျွန်တော်တို့က နှလုံးသားရော စိတ်ဝိညာဉ်ချင်းပါ ပေါင်းစည်းပြီးသားပါ။ ခင်ဗျားအပေါ် ဘယ်လိုပဲ ဝန်ပိနေပါစေ ဒါမှမဟုတ် ခင်ဗျားစိတ်ထဲမှာ ဘယ်လိုပဲ တွေးနေပါစေ ခင်ဗျား ကျွန်တော့်ကို မျှဝေလို့ရပါတယ်။"

ကူဟယ့်ရန်က ခေါင်းညိတ်ပြသော်လည်း တိတ်ဆိတ်နေဆဲ။

နားလည်မှုရှိသလို အပြုံးဖြင့် မုကျစ်မင်က ညင်သာစွာ တိုက်တွန်းလိုက်သည်။

"ကဲ ခင်ဗျား ခေါင်းညိတ်ပြီးပြီ၊ ဒါဆို ကျွန်တော့်ကို ပြောတော့။ ခင်ဗျား အခုဘာတွေတွေးနေလဲ။"

အခန်း၏ ခပ်မှိန်မှိန် တောက်ပမှုအောက် ကူဟယ့်ရန်၏ ရောင်ပြန်ဟပ်နေသော မျက်လုံးနက်များနှင့် မုကျစ်မင်တို့ အကြည့်ချင်းဆုံသွားကြသည်။ လေတိုးသံထက် တိုးတိမ်သော ခပ်တိုးတိုးအသံဖြင့် ကူဟယ့်ရန်က ပြောလိုက်သည်။

"ကိုယ်... မင်းအတွက် စိတ်ပူလို့ပါ။"

ထိုရိုးရှင်းသောစကားများက မုကျစ်မင်၏ နှလုံးသားကို တုန်လှုပ်သွားစေပြီး ထိုခဏတွင် သူနားလည်သွားသည်။

ခဏတာခွဲခွာပြီးတဲ့နောက် ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းတာက ကမ္ဘာကြီးရဲ့ ရှုပ်ထွေးမှုတွေကို ဘယ်လိုလုပ် လွှမ်းမိုးနိုင်မလဲ။

ရုတ်တရက်ဆိုသလို မုကျစ်မင်က အားအင်အပြည့်နှင့် မတ်တတ်ထရပ်ကာ ကူဟယ့်ရန်၏လက်ကို ဆွဲလိုက်သည်။

“ကျွန်တော်နဲ့လိုက်ခဲ့။”

မုကျစ်မင်က စနောက်ကျီစယ်သလို အကြည့်ဖြင့် ပြောလိုက်သည်။

ကူဟယ့်ရန်က သူ့ကို ဘယ်ကိုခေါ်သွားမှန်း မသိသော်လည်း မဆိုင်းမတွ လိုက်ခဲ့ပြီး လမ်းလျှောက်ရင်း သူတို့လက်များကို တွဲချိတ်ထားလိုက်သည်။ လရောင်က ပြတင်းပေါက်များမှတစ်ဆင့် တိုးဝင်နေပြီး ကြမ်းပြင်ပေါ်တွင် ငွေရောင်အစင်းကြောင်းများ ထင်ဟပ်ကာ တောက်ပသော မီးအိမ်များက စင်္ကြံကို နွေးထွေးသော အလင်းရောင်ဖြင့် ထွန်းညှိနေသည်။ မုကျစ်မင်က စာဖတ်ခန်းသို့ မရောက်မချင်း ကူဟယ့်ရန်ကို စင်္ကြံတစ်လျှောက် ဆွဲခေါ်သွားသည်။

မုကျစ်မင်က စာဖတ်နေစဉ် ငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်းကို မြတ်နိုးသောကြောင့် အစေခံများက သူ့စာဖတ်ခန်းကို လာခဲသည်။ သူနှင့်အတူ လိုက်ပါလာသည့် တစ်ခုတည်းသော အသံမှာ အပြင်ဘက်ရှိ လေထဲမှ လှုပ်ခတ်နေသော ဝါးပင်များ၏ အသံခပ်တိုးတိုးနှင့် ပြတင်းပေါက်မှ စိမ့်ဝင်နေသော လရောင်တို့သာ။

"ကိုယ်တို့ ဘာလို့ ဒီကိုလာတာလဲ။"

ကူဟယ့်ရန်က အသံတိုးပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

မုကျစ်မင်က ပြုံးပြသော်လည်း ပြန်မဖြေခဲ့ချေ။ ယင်းအစား သူက ကူဟယ့်ရန်ကို စာဖတ်ခန်းထဲ ခေါ်သွားပြီး သူတို့နောက်မှ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ မုကျစ်မင်က ဖယောင်းတိုင်မီးများကို တစ်တိုင်ပြီးတစ်တိုင် ထွန်းညှိလိုက်ရာ နွေးထွေးသော အလင်းရောင်က အခန်းထဲကို နေ့အလင်းရောင်ကဲ့သို့ တောက်ပလာသည်အထိ ဖြည်းညင်းစွာ ထွန်းလင်းပေးလာသည်။

အတွင်းခန်းထဲတွင် မုကျစ်မင် နှစ်ပေါင်းများစွာ လေ့လာသိမ်းဆည်းခဲ့သော ရတနာလေးပါးရှိရာ စားပွဲနားသို့ ချဉ်းကပ်သွားသည်။ သူက ရေသန့်ခွက်သေးလေးကို ယူ၍ မှင်သွေးကျောက်ထဲသို့ ဂရုတစိုက် လောင်းထည့်လိုက်ကာ အင်္ကျီလက်များကို မ'တင်၍ မှင်ချောင်းကို တင့်တယ်သော ဟန်ပန်ဖြင့် စတင်သွေးလိုက်သည်။ မှင်ရည်များ ထူပြီး နက်မှောင်လာမှသာ ရပ်တန့်သွား၏။ လကဲ့သို့ အဖြူရောင် ကြွေထည်လက်ကိုင်ပါသည့် ဝံပုလွေသားမွေးစုတ်တံကို ကောက်ကိုင်လိုက်ကာ မုကျစ်မင်က ကူဟယ့်ရန်ထံ ပြုံးပြပြီး ကမ်းပေးလိုက်သည်။

“ဒါကို မှင်ထဲ နှစ်ပေး။"

သူက တိုးတိုးလေး ပြောလိုက်သည်။

ကူဟယ့်ရန်က မုကျစ်မင် တစ်ခုခုရေးရန် ရည်ရွယ်ထားသည်ဟု ယူဆသောကြောင့် စုတ်တံကို မှင်သွေးကျောက်ခွက်ထဲသို့ နှစ်ပြီး အဖျားကို အညီအမျှ စိုစွတ်စေလိုက်သည်။ သို့သော် ကူဟယ့်ရန် ခေါင်းမော့ကြည့်ပြီးနောက် သူ့ရှေ့မှ မြင်ကွင်းကြောင့် လုံးလုံးလျားလျား အံ့အားသင့်ကာ အေးခဲသွားခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် မုကျစ်မင်က အဖြူရောင်အောက်ခံဝတ်ရုံကိုသာ ၀တ်ဆင်ထားပြီး အပြာနုရောင်အပေါ်၀တ်ရုံကို ချွတ်ထားပြီးဖြစ်သည်။ သူ့လှုပ်ရှားမှုများက တည်ငြိမ်နေပြီး အလျင်မလိုဘဲ ထိုနေရာတွင်ပင် ရပ်တန့်မနေ။ သူ့လက်များက ခါးပတ်ကို ဖြည်လိုက်ကာ ရင်ဘတ်ဗလာဖြစ်သည်အထိ ချွတ်လိုက်သည်။

အသားအရေပေါ်ရှိ ခပ်မှိန်မှိန် လက်သည်းရာ အမှတ်အသားများက အတိတ်က ဝေဒနာအကြွင်းအကျန်များကို ထင်ဟပ်ပြသနေဆဲ။ သို့သော်လည်း သမားတော်ခွမ်၏ အမြဲတစေ ဂရုစိုက်မှုကြောင့် အမှတ်အသားများက အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကင်းသွားခဲ့သည်။ အဖြူရောင်အမှတ်အသားများက အချိုးမကျခြင်းမရှိတော့ဘဲ အနာကျက်သည့် လက္ခဏာများကို ပြသနေသည်။

“လုပ်လေ။ ရေးလိုက်”

မုကျစ်မင်က မျက်နှာထက် စနောက်ကျီစယ်သလို အပြုံးဖြင့် ပြောလိုက်ပြီး ပိတ်ထားသော တံခါးနောက်ကွယ်တွင် သူတို့နှစ်ယောက်သာရှိသဖြင့် သူ့လေသံက စနောက်ကျီစယ်မှုနှင့် အထိန်းအကွပ်မရှိသလိုပင်။

လက်ထဲတွင် စုတ်တံကို ကိုင်ထားသော ကူဟယ့်ရန်တစ်‌ယောက် ကြောင်အသွားသည်။

"ဘာ...ဘာကို?"

"ကျွန်တော် ခင်ဗျားကို မလိုချင်တော့မှာ စိတ်ပူနေတာ မဟုတ်လား။"

မုကျစ်မင်၏ အသံက ပျော့ပျောင်းလာသော်လည်း စနောက်ကျီစယ်သလို မကျေမနပ်သံလေး ပေါက်နေသည်။ သူက ရင်ဘတ်ကို လက်ညှိုးထိုးပြပြီးနောက် ဝမ်းဗိုက်ကို ညွှန်ပြလိုက်သည်။

"လုပ်လေ၊ 'ဒီလူက ကူဟယ့်ရန်အပိုင်' လို့ ရေးလိုက်။ ပြီးရင် ကျွန်တော် ဒီအတိုင်း အဲ့ပွဲကို သွားလိုက်မယ်။ ဘယ်လိုသဘောရလဲ။"

ကူဟယ့်ရန်: "..."

လွယ်လွယ်အရှုံးမပေးတတ်သော မုကျစ်မင်က ရှက်ရွံ့စွာ ပြုံးပြီး ဆက်ပြောလိုက်သည်။

"ခင်ဗျား ဘာလို့ ငြိမ်နေတာလဲ၊ ကျွန်တော့်ရင်ဘတ်ပေါ်မှာ စာရေးတာက မလုံလောက်သေးဘူးလား။ ကျွန်တော့်ကျောပေါ်မှာလည်း ရေးလို့ရတယ်နော်။ ခင်ဗျားကြိုက်တဲ့ နေရာတိုင်းမှာ ရေးလို့ရတယ်။ ခင်ဗျား စိတ်အေးနိုင်သရွေ့ပေါ့။"

အပြင်ဘက်ရှိ ဝါးပင်များ၏ အရိပ်များက ညင်သာစွာ ရွေ့လျားသွားရာ ဖယောင်းတိုင် မီးတောက်များ လှုပ်ခါသွားပြီး အလင်း‌‌ဖျော့ဖျော့လေး တောက်ပသွားလျက် ညင်သာစွာ ထွန်းလင်းနေသည်။ သူတို့ကြားထဲရှိ တိတ်ဆိတ်မှုက ပို၍ နက်နဲလေးနက်သွားသည်။ ကူဟယ့်ရန်က မုကျစ်မင်ကို ကြည့်ပြီးနောက် လက်ထဲမှ စုတ်တံကို ကြည့်လိုက်သည်။ ခဏအကြာတွင် ကူဟယ့်ရန်က ၎င်းကို မှင်ကျောက်တုံးဘေးတွင် ဂရုတစိုက်ချထားလိုက်သည်။

မုကျစ်မင်မှာ ကူဟယ့်ရန် မကစားချင်ဘူးဟု တွေးလိုက်မိပြီး ရယ်မောနေသော သူ့အမူအရာက တဖြည်းဖြည်း အဆင်မပြေဖြစ်လာသည်။

နောက်တစ်ခဏတွင် ကူဟယ့်ရန်က ရှေ့သို့ တိုးလာကာ မုကျစ်မင်၏ ခါးကို သိုင်းဖက်လိုက်ပြီး အံ့အားသင့်ဖွယ် သက်တောင့်သက်သာအနေအထားဖြင့် တင်ပါးကို ပင့်မြှောက်ကာ စားပွဲပေါ် တင်လိုက်သည်။ ရုတ်တရတ်လှုပ်ရှားမှုကြောင့် မုကျစ်မင် အံ့အားသင့်သွားသော်လည်း စားပွဲကြီးမှာ တည်ငြိမ်နေဆဲဖြစ်၍ သူ၏ မှင်ကျောက်နှင့် စုတ်တံတို့မှာ မပျက်မစီးဘဲ ကျန်နေခဲ့သည်ကို ကျေးဇူးတင်ရမည်ပင်။

မုကျစ်မင်က လန့်သွားပြီး စိတ်တိုသလို ပြုံးလိုက်သည်။

"ဟယ့်ရန်... ဒီအပြုအမူက နည်းနည်းတော့ မသင့်လျော်ဘူးနော်။"

မုကျစ်မင်က အပျော်သဘောဖြင့် စနောက်ကျီစယ်နေသော်လည်း သူက ယဉ်ကျေးသိမ်မွေ့ပြီး မင်းမျိုးမင်းနွယ်၏ သားတစ်ဦးအဖြစ် ကျင့်ဝတ်ကောင်းကောင်းဖြင့် ကြီးပြင်းလာရသည်ကို ရှောင်လွှဲ၍ မရပေ။ စာလေ့လာသည့် စားပွဲပေါ်တွင် အဖိခံထားရသည့် ခံစားချက်က သူ့အား အနည်းငယ် လစ်ဟာသလို ခံစားရစေပြီး ဗိုင်းကောင်းကျောက်ဖိ နေထိုင်တတ်သည့် အကျင့်ကို တုန်လှုပ်သွားစေသည်။

သို့သော် ကူဟယ့်ရန်က မဖြေပေ။ သူ၏ တုံ့ပြန်မှုက တိတ်ဆိတ်ပြီး တဲ့တိုးဆန်သည်။ သူက စုတ်တံကို ထပ်မံကောက်ယူလိုက်ပြီး လျင်မြန်သော ရွေ့လျားမှုဖြင့် မုကျစ်မင်၏ အတွင်းဝတ်များကို ဆွဲဖွင့်လိုက်သည်။ ကူဟယ့်ရန်က မဆိုင်းမတွဘဲ မုကျစ်မင်၏ ဗလာကျင်းနေသော အရေပြားပေါ်တွင် တမင်တကာ ဖိ၍ စာလုံးများ ရေးလိုက်သည်။

“အမ်း…”

မုကျစ်မင်မှာ သူ့အရေပြားအနှံ့ ပွတ်တိုက်နေသည့် စုတ်တံ၏ စူးရှရှ ခံစားမှုမျိုးကို မမျှော်လင့်ထားပေ။ ၎င်းက မြွေတစ်ကောင်ကဲ့သို့ သူ့ကိုယ်ပေါ် တွားသွားနေပြီး ခန္ဓာကိုယ်တစ်လျှောက် တုန်လှုပ်ချောက်ချားသွားစေသည့် အေးမြမြ မှင်လမ်းကြောင်းတစ်ခု ကျန်ရစ်စေခဲ့သည်။ မုကျစ်မင် အလိုလို နောက်ပြန်ဆုတ်သွားမိသည်။

ခြိမ်းခြောက်မှုမှ လွတ်မြောက်ရန် ကြိုးစားသလို ညင်သာသော အသံများကို ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။ သူ့လက်များက စားပွဲအစွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လွတ်မြောက်ရန် အစွမ်းကုန် ကြိုးပမ်းနေသော်လည်း နှုတ်ဖျားမှ ညည်းညူသံတိုးတိုးလေးသာ ထွက်ကျလာသည်။

"ဟယ့်ရန်။ ရေးတာကို... မြန်မြန်ရေး။ ဒါက ကလိထိုးနေသလိုပဲ။"

မုကျစ်မင်က တောင်းပန်သလို အသံပျော့ပျော့လေးဖြင့် ရေရွတ်လိုက်သည်။

ကူဟယ့်ရန်က ခဏရပ်ပြီး မုကျစ်မင်ကို စိုက်ကြည့်ပြီးနောက် ဆက်မလုပ်မီ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ ယခုအခါ လေးလံသော စုတ်တံက လျင်မြန်စွာ ရွေ့လျားလာပြီး မုကျစ်မင်၏ ရင်ဘတ်ပေါ်သို့ အရိုင်းဆန်ဆန် စုတ်ချက်များက သတိမမူသလို အနုစိတ်ဆန်ဆန် ကျရောက်လာသည်။ ကူဟယ့်ရန်က မုကျစ်မင်၏ ဝမ်းဗိုက်အောက်ပိုင်းအထိ နောက်ဆုံးစုတ်ချက်ကို အမှတ်အသားပြုလိုက်ပြီး မှင်စုတ်ချက်များက လက်မှတ်တစ်ခု ထိုးထားသလိုပင်။

မုကျစ်မင်က သက်ပြင်းချရင်း ပြီးသွားပြီဟု ယူဆလိုက်သည်။ ကူဟယ့်ရန်က သူ့ကို စားပွဲပေါ်မှ ဆင်းခိုင်းတော့မည်ဟုတွေးပြီး လှုပ်ရှားလိုက်သည်။ သို့သော် မုကျစ်မင် လှုပ်လိုက်သည်နှင့် ကူဟယ့်ရန်၏ လက်များက သူ့ပခုံးပေါ် ကျရောက်လာပြီး ခိုင်မာတင်းကျပ်စွာ ဆုပ်ကိုင်၍ မလှုပ်ရှားခိုင်းချေ။

စိတ်ရှုပ်သွားသော မုကျစ်မင်က ကူဟယ့်ရန်ကို မော့ကြည့်လိုက်ပြီး စားပွဲပေါ်တွင် အခိုင်အမာ အဖိခံထားရသည်ကို သတိပြုမိလိုက်သည်။ သူ့နောက်ကျောက အေးစက်စက် စားပွဲမျက်နှာပြင်ကို ထိတွေ့နေပြီး ထိုနေရာတွင် သူလဲလျောင်းနေစဉ် စုတ်တံထည့်ခွက်များနှင့် စုတ်တံများမှာ ကြမ်းပြင်ပေါ်သို့ တလိမ့်လိမ့်ကျသွားခဲ့သည်။ စုတ်တံများထဲမှ တစ်ချောင်းမှာ မှင်များ စိုစွတ်နေဆဲဖြစ်ကာ ဆန်စက္ကူတစ်ရွက်ပေါ်တွင် လိမ့်သွားပြီး ဖျက်မရသော အနက်ရောင်အမှတ်အသားများ စွန်းထင်းသွားစေသည်။

“ဟယ့်ရန်”

မုကျစ်မင် လန့်ဖျပ်ပြီး သက်ပြင်းရှိုက်လိုက်သည်။ စိတ်ရှုပ်ထွေးနေသော မုကျစ်မင်ခမျာ သူ့အောက်ခံအ၀တ်များကို ဆွဲချခံလိုက်ရသည်ကို ခံစားလိုက်ရပြီး ပေါင်များက စားပွဲအစွန်းနှင့် မသက်မသာ ဖိကပ်ခံလိုက်ရသည်။ သူ့ခြေထောက်များက လေထဲ၌ တွဲလောင်းကျနေကာ ဗလာအသားအရေက လေအေးများ၏ တိုးတိုက်မှုကို ခံနေရပြီး သူ့ခန္ဓာကိုယ်အနှံ့ အေးစက်သွားစေသည်။

ကူဟယ့်ရန်၏ မျက်လုံးများက စားပွဲဆီသို့ တဖျပ်ဖျပ်ခတ်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ မှင်မထိသေးသည့် သန့်ရှင်းသော စုတ်တံတစ်ချောင်းကို ကောက်ယူကာ ကြည်လင်သော ရေဇလုံထဲသို့ ညင်သာစွာ နှစ်ချလိုက်သည်။

မုကျစ်မင်၏ နားရွက်အနီးတွင် လက်နှစ်ဖက်ဖြင့် ထောက်ရင်း ကူဟယ့်ရန်က သူ့နှုတ်ခမ်းများကို ဖြည်းညင်းစွာ နမ်းရှုံ့ကာ နောက်ပြန်မဆုတ်ခင်အချိန်ထိ လျှာဖြင့် ပွတ်တိုက်၍ ပေါ့ပါးစွာ နမ်းရှိုက်ခဲ့သည်။ သူ့နှုတ်ခမ်းများကို မုကျစ်မင်နှင့် လက်မအနည်းငယ် ကွာထားလိုက်ပြီး ကူဟယ့်ရန်က တိုက်တွန်းသလို အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"ကိုယ် အထဲမှာလည်း ရေးသင့်တယ်ထင်တယ်။"

မုကျစ်မင်: "!!!? !!!!!?"

မုကျစ်မင်တစ်ယောက် လန့်ဖျပ်ပြီး ကျို့ထိုးသွားသည်။

'မဖြစ်နိုင်တာ... ဟယ့်ရန်က တကယ်ကြီး ငါထင်တာကို ပြောခဲ့တာလား!'

"ဟယ့်ရန်၊ ဘာ...ခင်ဗျားက ဘာ...?"

မုကျစ်မင်ခမျာ ကူဟယ့်ရန်၏ အမူအရာ ရုတ်ခြည်းပြောင်းလဲသွားခြင်းကို နားလည်ရန် ကြိုးစားရင်း သူ့စကားများက အထစ်အထစ်ဖြင့် တုန်ရီသွားသည်။ ကူဟယ့်ရန်က သူတို့နှီးနှောဆက်ဆံချိန်တိုင်း ကြမ်းတမ်းသော်လည်း ဤသို့အရှက်မရှိမှုနှင့် မဆင်မခြင်ဖြစ်မှုအဆင့်က မုကျစ်မင် တစ်ခါမှ မကြုံဖူးသည့်အရာဖြစ်သည်။

မုကျစ်မင် သူ့ကို ထပ်ပြီး မေးခွန်းထုတ်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် အတွေးတစ်ခုက ကြည်လင်ပြတ်သားသော အလင်းတန်းတစ်ခုလို လင်းလက်သွားသည်။

'အာ...! ဒါက ဖိတ်စာကြောင့်ပဲ။’

‘ဟယ်ရန့်က အူတိုနေတာပဲ။ သူ အဲ့ဒါကြောင့် စိတ်ကောက်နေတာ။’

မုကျစ်မင် ထိုသို့နားလည်သွားပြီး ထူးထူးခြားခြား စိတ်သက်သာရာ ရသွားသည်။ သူ အော်ရယ်မိလုမတတ် စိတ်ထဲ ပြုံးလိုက်မိသည်။ ကူဟယ့်ရန်၏ သာမာန်တိတ်ဆိတ်နေတတ်ပုံနှင့် နှိုင်းယှဉ်လျှင် ဤသိမ်မွေ့သော ပိုင်ဆိုင်လိုစိတ်က မုကျစ်မင်အတွက် မမျှော်လင့်ထားသော်လည်း ချစ်ခင်နှစ်သက်ဖွယ် အရာတစ်ခုဖြစ်သည်။

မုကျစ်မင် အတွေးထဲ နစ်မျောနေစဉ် ကူဟယ့်ရန်က ဒူးနှစ်ဖက်ကို ဖိကာ ခြေထောက်များကို မြှောက်လိုက်သည်။ ကူဟယ့်ရန်က ရေစက်လက်ဖြင့် စုတ်တံကို ကောက်ကိုင်လိုက်ရာ အမွေးများက ရေများနှင့် တောက်ပနေသည်။ နူးညံ့သိမ်မွေ့သော တိကျမှုဖြင့် ကူဟယ့်ရန်က အမွေးများကို ချောမွေ့စေပြီး ကျတော့မည့် ရေစက်များကို ညှစ်ထုတ်ရန်အတွက် စုတ်တံထိပ်ဖျားကို ဂရုတစိုက် ညှစ်လိုက်သည်။

'... မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်...သူက "အဲဒီနေရာ" မှာ အဲ့ဒါကို လုပ်ဖို့ စဉ်းစားနေတာ မဖြစ်နိုင်ဘူးမလား။’

[…]

[…]

ခဏအကြာတွင် ကူဟယ့်ရန်က မုကျစ်မင်၏ စွန့်ပစ်ထားသော အဝတ်အစားများကို ညင်သာစွာ စုဆောင်းကာ ရင်ခွင်ထဲ ဆွဲမသွင်းမီ လုံခြုံစွာ ဝတ်ဆင်ပေးလိုက်သည်။ ကူဟယ့်ရန်က သူ့အား တန်ဖိုးရှိ ရတနာတစ်ပါးလို ပွေ့ပိုက်ပြီး ဘေးခန်းဆီ ပြန်ခေါ်သွား၏။ ထိုနေရာရောက်သည်နှင့် သူက မုကျစ်မင်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဆေးကြောပြီး ပျော့ပျောင်းသော အိပ်ရာထဲသို့ သွင်းလိုက်သည်။ မုကျစ်မင် ကောင်းကောင်းအိပ်ပျော်သွားချိန် ကူဟယ့်ရန်က စာဖတ်ခန်းသို့ တိတ်တဆိတ်ပြန်လာခဲ့ပြီး အားလုံးကို သန့်ရှင်းရေးလုပ်၍ စနစ်တကျ ပြန်စီလိုက်ကာ ဘာခြေရာလက်ရာမှ မချန်ထားခဲ့ပေ။

(ဟုတ်။ ဆင်ဆာဖြတ်သွားတာပါ ಥ‿ಥ)

....

တတိယမြောက်လ၏ တတိယမြောက်နေ့က နောက်ဆုံးတွင် ရောက်ရှိလာချေပြီ။ မုကျစ်မင်က အချိန်အကြာကြီး မျှော်လင့်ထားရသော ပွဲတော်အတွက် သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

ကူဟယ့်ရန်က ပုံမှန်တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းရန် ကြိုးစားထားသော်လည်း သိသိသာသာ စိတ်မသက်မသာဖြစ်နေပုံပင်။ သူက မုကျစ်မင်အနီးတွင် အရိပ်တစ်ခုလို တိတ်တဆိတ် ကပ်လိုက်နေသည်။ သူက ဘာမှပြန်မပြောသော်လည်း စိုးရိမ်နေသည်မှာ ထင်ထင်ရှားရှားပင်။ မုကျစ်မင်ကို ဝေါယာဉ်ပေါ် တင်ပေးပြီးနောက် ကူဟယ့်ရန်၏ လက်က ပြတင်းပေါက်ဘောင်ပေါ်တွင် တဝဲလည်လည်ဖြစ်နေပြီး လွှတ်ရန် တွန့်ဆုတ်နေသကဲ့သို့ ဆုပ်ကိုင်ထားသည်။

ဤအရာက ဝေါယာဉ်ထမ်းသမားများကို စတင်ရွေ့လျားရမလား သို့မဟုတ် ကြာကြာစောင့်ရမလား မသေမချာဖြင့် ကိုးရိုးကားယား ဖြစ်သွားစေသည်။ သူတို့ခမျာ တင်းမာပြီး မသေချာမရေရာသော အခြေအနေကြောင့် အလွန်စိတ်ဖိစီးကာ စကားပြောရန်ပင် ကြောက်၍ ထိုနေရာတွင်သာ ရပ်နေကြသည်။

မုကျစ်မင်က ထိုအရာကို သတိပြုမိသွားပြီး နူးညံ့သောအပြုံးဖြင့် ဝေါယာဉ်၏ ကန့်လန့်ကာကို မတင်လိုက်သည်။

"ကျွန်တော်သာ တော်တော်ကြာတဲ့အထိ ပြန်မလာခဲ့ရင် စူအရှင်ရဲ့ အိမ်တော်မှာ ကျွန်တော့်ကို လာရှာနော်။"

ကူဟယ့်ရန်: "အင်း။"

ထိုရိုးရှင်းသော စကားများက ကူဟယ့်ရန်၏ စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးလိုက်ပုံရပြီး နောက်ဆုံးတွင် ဝေါယာဉ်ထိုင်ခုံပေါ် ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။ သူက မုကျစ်မင် အဝေးသို့ သယ်ဆောင်သွားခံရသည်ကို တိတ်တဆိတ် ကြည့်လျက် ထိုနေရာတွင် ရပ်နေလေသည်။

မုကျစ်မင် စူအရှင်၏ အိမ်တော်သို့ ရောက်ချိန်တွင် အစေခံတစ်ယောက်က သူ့ကို လေးလေးစားစား နှုတ်ဆက်ပြီး အထဲသို့ ခေါ်သွားခဲ့သည်။ သူတို့က ရေကန်ဘေးရှိ သိမ်မွေ့တင့်တယ်သောပုံစံဖြင့် အနုစိတ်ထွင်းထုထားသည့် ထုပ်တန်းများရှိပြီး ထင်ထင်ရှားရှား ဆေးခြယ်တိုင်လုံးများဖြင့် အလှဆင်ထားသည့် နှစ်ထပ်အမြင့်မှ ပွဲကြည့်စင်ဆီ ခေါ်သွားခဲ့သည်။ ပွဲကြည့်စင်မှ မိုးမခပင်များ စီတန်းနေသော သာယာသည့် ရေကန်ကို လှမ်းမြင်နေရကာ အကိုင်းအခက်များက လေပြေလေညှင်းများနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေသည်။ ရေကန်၏ အလယ်ဗဟိုတွင် စိမ်းလန်းစိုပြေသော လီလီပန်းပွင့်များဖြင့် ဝန်းရံထားသည့် အဖြူရောင် ကျောက်စိမ်းတုံးကြီးတစ်ခု တည်ရှိသည်။

နွေဦးရှုခင်းက ပန်းများပွင့်လန်းစေပြီး အပွင့်များက တောက်ပသော အရောင်များဖြင့် မြင်ကွင်းကို ဖုံးလွှမ်းထားသည်။ နွေဦးလေနုအေးက ရေကန်မျက်နှာပြင်ကို ဖြတ်ကျော်ဝင်ရောက်ကာ နေရောင်အောက်တွင် တောက်ပနေသော လှိုင်းပျော့ပျော့များကို ဖန်တီးပေးနေသည်။

ပွဲကြည့်စင်၏ ဒုတိယထပ်တွင် ဧည့်ခံပွဲကို စီစဉ်ထားပြီး လေးထောင့်အဝါရောင် စန္ဒကူးသား စားပွဲခုံတစ်ခုစီ ခင်းကျင်းထားကာ တစ်ခုစီတွင် ယက်လုပ်ထားသော ကြိမ်ခင်းဖြင့် ခင်းထားသည်။ စားပွဲပေါ်တွင် ရှားပါးပြီး လက်ရာမြောက်သော ဟင်းလျာများဖြင့် ပြည့်လျှံနေသဖြင့် မည်သူမဆို ခံတွင်းတွေ့စေရန် မျှော်မှန်းထားသည့်ပုံပင်။

မုကျစ်မင်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဖူရီက နွေးထွေးသော အပြုံးဖြင့် မတ်တတ်ထရပ်ကာ သူ့အား နှုတ်ဆက်သည့် အသံမှာလည်း တောက်ပနေသည်။

"လီကျူး၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။"

"နှုတ်ဆက်ပါတယ်၊ အရှင့်သား စူအရှင်။"

မုကျစ်မင်က လေးလေးစားစား ဦးညွတ်ပြီး ပြောလိုက်သည်။

"ဒီလို စည်းမျဥ်းစည်းကမ်းတွေ မလိုပါဘူး။"

ဖူရီက အပြုံးဖြင့် ပြန်ပြောကာ အမူအရာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။

"ထိုင်လေ။ ကျီအန်းလည်း မကြာခင်ရောက်တော့မှာ။"

မုကျစ်မင်က လမ်းလျှောက်လာပြီး ဖူရီ၏ ဆန့်ကျင်ဘက်နေရာတွင် နေရာယူလိုက်သည်။

သူထိုင်ပြီးသည်နှင့် ဖူရီက သူ့ကို ဝိုင်တစ်ခွက် ငှဲ့ပေးကာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလိုက်သည်။

"ကိုယ်တို့ နောက်ဆုံးတွေ့တာ တစ်လတောင်ရှိသွားပြီလို့ ခံစားရတယ်။ အခု မင်းက အရာရှိအဖြစ်နဲ့ တရားရုံးကို ပြန်ချင်တဲ့ဆန္ဒမရှိတော့တဲ့ပုံပဲ။ ကိုယ်တို့ ပိုပြီးတော့ တွေ့ရခဲလာတယ်။

"ကျေးဇူးတင်ပါတယ် အရှင့်သား။"

မုကျစ်မင်က ဝိုင်ကို လက်ဟန်ပြကာ ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။

"ဒါပေမဲ့ ကျွန်တော် မသောက်တော့ပါဘူး။ ကျွန်တော်က လွယ်လွယ်နဲ့ မူးတတ်လို့ပါ။ အရှင့်သားရှေ့မှာ မဖြစ်သင့်တာလုပ်မိရင် မသင့်တော်ပါဘူး။"

ဖူရီက တိုးတိုးလေး ရယ်လိုက်သည်။

"မင်းရဲ့ ခံနိုင်ရည်ကို ကိုယ်ကောင်းကောင်းသိပါတယ်ကွာ။ တစ်ခွက်လောက်က မင်းကို ဘာမှ မဖြစ်စေပါဘူး။"

မုကျစ်မင်က ပြုံးလိုက်ပြီး အခိုင်အမာ ဆိုလိုက်သည်။

"ဒီအတွေးကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမဲ့ ရှန်အရှင် လာတဲ့အချိန်အထိ စောင့်ချင်ပါသေးတယ်၊ ဒါကြောင့် ပြီးမှ ကျွန်တော်တို့ အတူတူ ခွက်ချင်းတိုက်ကြတာပေါ့။"

ဖူရီက သူ့ဧည့်သည်တော်၏ အကြံပြုချက်ကို အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။

“ကောင်းတာပေါ့။”

နှစ်ဦးသားက စကားဆက်ပြောခဲ့ကြပြီး ပွဲကြည့်မျှော်စင်အတွင်း လိုက်ဖက်ညီနေသော လေထုက ရုတ်တရက် ကြားဖြတ်ခံလိုက်ရသည်။ အစေခံတစ်ဦးက အလျင်စလို ဝင်လာပြီး ဦးညွတ်ကာ ဖူရီ၏ နားထဲ တိုးတိုးလေး ပြောလိုက်သည်။

ဖူရီ၏ မျက်နှာက အံ့အားသင့်သလို ဖြစ်သွားသည်။ သူက စကားတစ်ခွန်းကို ထပ်ကာ ရေရွတ်လိုက်သည်။

“ဘာ? ကျီအန်းက မလာနိုင်တော့ဘူး?”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment