Chapter 52.1
“ခန့်မှန်းချက်များ”
လီဖုန်းက ထန်ချွန်းမင်ကို လယ်ကွင်းထဲမှာ အလုပ်လုပ်ခွင့်မပေးပေ။ ထန်ချွန်းမင်က သူ့သဘောထားကို အသိအမှတ်ပြုလိုက်သည်။ သူက လူယုတ်မာလေးကို ဟဲလောင်၏စောင့်ရှောက်မှုအောက်တွင် အပ်နှင်းပြီး အားလင်းနှင့်အာမောင်းကို အိမ်မှာထားခဲ့လေသည်။
သူက အနောက်တောင်ကိုသွားခဲ့သည်။ အလုပ်များသော စိုက်ပျိုးရာသီမှာ ဘယ်သူမှမအားတာကြောင့် သူ့မိထွေးကလည်း ကလေးလာကြည့်ဖို့ မအားခဲ့ပေ။
စိုက်ပျိုးရာသီမတိုင်မီက ကျန်းချန်မင်၏မျှော်လင့်ချက်များ အမှန်တကယ်ဖြစ်လာပြီး သူက အရွယ်အလတ်စား သိုးလေးများကိုစုဆောင်းရန် ပြေးလွှားနေခဲ့သည်။ အနောက်ဘက်သိုးခြံတွင် အရွယ်အလတ်စား သိုးကောင်ရေသုံးဆယ်နှင့် မကြာသေးမီက မွေးဖွားခဲ့သော သိုးပေါက်ကလေး ဆယ့်တစ်ကောင်ရှိလာခဲ့သည်။
သူက သိုးမတွေကိုလည်းဝယ်ယူခဲ့သည်။ ကံအားလျော်စွာ သူ့မှာ သိုးခြံစောစောဆောက်ဖို့ အမြော်အမြင်ရှိသည်။ မဟုတ်ပါက ၎င်းတို့ကိုဝယ်ပြီးနောက် နေရာချရရန် ခက်ခဲနေပေမည်။
လီဖုန်းက သိုးထိန်းသူကို သေချာရွေးချယ်ခဲ့သည်။ ဤတစ်ကြိမ်မှာ သူက လီမိသားစုမှ ယောကျာ်းတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်က သူက သူနဲ့အတူ စစ်မှုထမ်းခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်က သူမြောက်ဘက်ကနေ အသက်ရှင်လျက်ပြန်လာခဲ့သည်။
သူအသက်ရှင်လျက်ပြန်လာသော်လည်း သူ့ကျန်းမာရေးက ယခင်ကလောက် မကောင်းတော့ပေ။ သူ့လက်တစ်ဖက်က ဒဏ်ရာရသွားပြီး သူ့အကြောမှတ်တွေက သိပ်မပျော့တော့ပေ။ သူ့မိသားစုက ငွေမတတ်နိုင်လို့ သူ စစ်ထဲမှာ အမှုထမ်းခဲ့ရတာဖြစ်သည်။
လွန်ခဲ့သည့်နှစ်နှစ်က သူပြန်ရောက်လာပြီးနောက် သူ့ကျန်းမာရေး ဆိုးရွားလွန်းသဖြင့် လယ်ယာသိပ်မလုပ်နိုင်တာကြောင့် သူ့ဘဝက ပိုပိုခက်ခဲလာခဲ့သည်။
.
လီဖုန်းက ထိုသို့သောလူများကို အလွန်စာနာမိသည်။ မြောက်ဘက်စစ်မြေပြင်မှာ ရှင်သန်ဖို့မလွယ်ပေ။ သူ့ညီအစ်ကိုများက ထိုနေရာမှာ အသက်ဆုံးရှုံးခဲ့ရပြီး သူသည်လည်း ငရဲတံခါးကို အကြိမ်များစွာ ဖြတ်သန်းခဲ့ရတာကြောင့် သူက ထိုလူများကို ပိုပြီး ဂရုစိုက်ပေးချင်သည်။
ထန်ချွန်းမင်က ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရသည်။ သူ့အမြင်တွင် ထိုလူတွေက ကူညီရတာတန်သည်။
လီဖုန်းမှာ တခြားအတွေးများလည်းရှိသည်။ ယခု သူက မျိုးနွယ်စုအတွင်းရှိ ဆင်းရဲသောမိသားစုများကို ကူညီနေသည်။ အနာဂတ်မှာ သူ့စကားတွေက လီမိသားစုထဲတွင် သက်ရောက်မှုပိုရှိလိမ့်မည်။ သူ လီမိသားစုကို မကူညီပဲ အပြင်လူတွေကိုပဲ ကူညီနေတယ်လို့ တစ်ယောက်ယောက်က ပြောခဲ့လျှင် သူတို့စကားတွေကို ဘယ်သူမှယုံမှာမဟုတ်ပေ။
“မင်ကောအာ… မင်းဘာလို့ဒီရောက်နေတာလဲ?” ရိုးသားသောလူတစ်ယောက်က သိုးခြံရှေ့မှာရပ်နေသည်။ သူဟာ အသက်သုံးဆယ်အရွယ်သာရှိသေးသော်လည်း သူ့ကြည့်ရသည်မှာ အသက်လေးဆယ်၊ ငါးဆယ်အရွယ်ရှိပုံရသည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ဘဝအစောပိုင်းက ဘယ်လောက်ခက်ခဲလဲ သိသာသည်။ သူ့မိသားစုက မျိုးနွယ်စုအတွင်းမှာ ခုန်ပေါက်နေသည့် လီစုန့်ကမ်းမိသားစုနဲ့မတူပေ။ လီဖုန်း သူတို့အိမ်ရောက်လာတော့ သူနဲ့သူ့ဇနီးက မယုံနိုင်ကြပဲ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေနီရဲနေသည်။
“ဦးလေးတာ…. ကျွန်တော်တစ်ယောက်တည်း ဒီမှာနေလို့အဆင်ပြေပါတယ်။ ခင်ဗျားအလုပ်သွားကူပေးလိုက်ပါ။ ကလေးနှစ်ယောက်ထိန်းရတာမလွယ်ဘူး။ ကြည့်… ကျွန်တော်ရှောင်ဟွာကိုလည်း ခေါ်လာတယ်။ သူက လူနှစ်ဦးစာ အလုပ်လုပ်ပေးနိုင်တယ်” ထန်ချွန်းမင်က သူ့နောက်လိုက်နေသော ကြီးကျယ်ခမ်းနားသည့် ခွေးကြီးအား ညွှန်ပြလိုက်သည်။
နာမည်က အထင်ကြီးစရာကောင်းလွန်းလှသည်။ ခွေးကြီးက သူ့နာမည်ကြားသောအခါ သူ့ခေါင်းကို သခင်၏ပေါင်ဖြင့် ပွတ်သပ်လိုက်သည်။ ယခုအခါ သူက အိမ်စောင့်ကြပ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်နေပြီး သိုးအနည်းငယ်ကို စောင့်ကြည့်ပေးရလည်း ပြဿနာမရှိပေ။
“ကောင်းပါပြီ…မင်ကောအာ.. မင်းတစ်ခုခုလိုရင် ဦးလေးထျဲနဲ့ တခြားလူတွေကို ခေါ်လိုက်ပါ။ အိမ်အလုပ်ပြီးရင် ငါပြန်လာခဲ့ပါမယ်။” ဦးလေးတာက မင်ကောအာ၏ စေတနာကိုသိ၍ မငြင်းခဲ့ပေ။
လွန်ခဲ့သည့်နှစ်ရက်မှာ ဤကဲ့သို့ဖြစ်ပျက်နေခဲ့တာကြောင့် သူက ထန်ချွန်းမင်အား သိုးခြံကိစ္စရှင်းပြပြီးနောက် လယ်ကွင်းထဲက အလုပ်ပြီးအောင် အလျင်စလိုထွက်သွားခဲ့သည်။
သူ့လက်တစ်ဖက်က သိပ်မပျော့တော့ပေမယ့် သူ့မှာ တခြားလက်တစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ရှိသေး၍ မိသားစု၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချဖို့ ကူညီပေးနိုင်သည်။
ထန်ချွန်းမင်ကလည်း ဦးလေးတာကို အလွန်ကျေနပ်နေသည်။ သူက သိုးခြံကိုရှင်းရန် အာရုံမတက်မီ အိပ်ရာထကာ သိုးကောင်ရေဒါဇင်ကို အနံ့အသက်မထွက်အောင် သန့်ရှင်းပေးခဲ့သည်။
ထန်ချွန်းမင်က ရှောင်ဟွာ၏ခေါင်းကြီးကိုပုတ်ကာ ပြောလိုက်သည်။ “သွားကစားတော့.. တောင်ပေါ်မှာမပြေးနဲ့နော်။”
ရှောင်ဟွာက အသံတိုးတိုးလေးဖြင့် နှစ်ကြိမ်အော်လိုက်ပြီး ထန်ချွန်းမင်၏အဓိပ္ပါယ်ကို တစ်နည်းနည်းဖြင့် နားလည်သွားသည်။ သူက စိတ်မချမ်းသာစွာပြုံးလိုက်သည်။ သူက ဘယ်လိုအတွန့်တက်ရမလဲဆိုတာသိသည်။ ထန်ချွန်းမင်က နေရာလွတ်ထဲက ပန်းသီးကြီးတစ်လုံးကို ထုတ်ယူလိုက်ရသည်။ ရှောင်ဟွာက တစ်ယောက်ယောက်လုယူသွားမှာ ကြောက်နေသလိုမျိုး ချက်ချင်းဆွဲယူကာ ပြေးထွက်သွားလေသည်။
ထန်ချွန်းမင်က နေရာလွတ်စမ်းရေဖြင့် သိုးများကိုအစာကျွေးရန် ဤနှစ်ရက်တာအတွင်း သိုးခြံကိုလာနေခဲ့သည်။ သူက တတ်နိုင်သမျှ နေသားကျအောင် လုပ်ချင်ခဲ့သည်။
သတ်လတ်ပိုင်းသိုးများ၏ အရည်အသွေးမှာ သိုးပေါက်လေးတွေလောက် အရသာကောင်းမှာမဟုတ်ပေ။ သို့သော် သူက ဤရက်များတွင် ၎င်းတို့ကို နေရာလွတ်စမ်းရေ တိုက်ကျွေးထားသည်။ ရက်အနည်းငယ်ကြာတော့ သူတို့က ရောစပ်ထားသော နေရာလွတ်စမ်းရေကို သောက်လို့ရသွားပြီး ပြဿနာမရှိတော့ပေ။
တခြားသူများမမြင်နိုင်သော ထောင့်တစ်ခုတွင် နေရာလွတ်စမ်းရေက ထန်ချွန်းမင်၏လက်ချောင်းများမှတစ်ဆင့် သိုးခြံရှေ့ရှိ ကျောက်ကျင်းထဲသို့ စီးဆင်းသွားသည်။ သူတို့ကို ညွှန်ပြစရာမလိုပဲ သိုးတွေက အနံ့ခံပြီးရောက်လာကာ ကျောက်ကျင်းထဲက ရေကို သောက််လိုက်သည်။
သိုးခြံကို အခန်းများခွဲကာ အခန်းတစ်ခုစီတွင် သိုးငါးကောင်ခြောက်ကောင်ရှိသည်။ ထန်ချွန်းမင်က သိုးကောင်ရေဒါဇင်ကို အစာကျွေးရန် တစ်ခန်းမှတစ်ခန်းသို့ပြေးသွားရင်း နာရီဝက်ကြာခဲ့လေသည်။ သူသည် နေရာလွတ်မှ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကိုလည်း ကျွေးခဲ့သည်။
သိုးခြံဘေးတွင် ထန်ချွန်းမင်၏ စည်ပိုင်းကြီးတစ်ခုရှိသည်။ သူက စည်ပိုင်းကြီးထဲကို နေရာလွတ်စမ်းရေထည့်ကာ အပြင်ကရေနှင့်ရောလိုက်သည်။ ဤရက်တွေမှာ သိုးတွေကိုအစာကျွေးလျှင် စည်ပိုင်းထဲမှရေကိုသုံးရန် ဦးလေးတာကိုပြောခဲ့သည်။
တောင်ပေါ်ရေကိုသုံးရတာက တောင်အောက်ကရေလောက် အဆင်မပြေပေ။ ရေတွင်းတူးရန် တစ်ခုတည်းသောနည်းလမ်းမှာ တောင်ခြေရှိ ကြက်ခြံဖြစ်သည်။ သို့ပေသိ လီဖုန်းက သူ့ကို သတင်းကောင်းပြောခဲ့သည်။ တောင်ပေါ်မှာ စမ်းချောင်းတစ်ခုရှာတွေ့ခဲ့သည်။ စိုက်ပျိုးရာသီကုန်ဆုံးလျှင် သူက လူအနည်းငယ်ကိုခေါ်ကာ ရေတွင်းတူးဖို့စီစဥ်ထားသည်။
နောင်မှာ တောင်ပေါ်ရေပေးဝေမှုက ပြဿနာရှိတော့မှာမဟုတ်ပေ။ ထန်ချွန်းမင်က သူ့ကိုယ်ပိုင်ရေတွင်းလိုမျိုး စမ်းချောင်းထဲကိုလည်း နေရာလွတ်စမ်းရေထည့်ဖို့ စောင့်ဆိုင်းရန် စီစဥ်ခဲ့သည်။ ၎င်းက ရေလောင်းရန် ရေသွင်းရတာအဆင်ပြေလိမ့်မည်။
သူ့ကိုယ်ပိုင်ရေတွင်းကို အချိန်အတော်ကြာစမ်းသပ်ပြီးနောက် နေရာလွတ်စမ်းရေကို လောင်းထည့်ရန် အကောင်းဆုံးအချိန်ကာလရှာတွေ့ခဲ့သည်။ နေရာလွတ်စမ်းရေကို တစ်ကြိမ်ထည့်ခြင်းဖြင့် တွင်းရေက သုံးလအထိ အရသာတူတာသေချာသည်။ တောင်ပေါ်ရှိ စမ်းချောင်းသည်လည်း အလားတူဖြစ်မည်ဟု ယူဆရသည်။
သိုးများကိုအစာကျွေးပြီးနောက် အသစ်စိုက်ပျိုးထားသော ကိုးချီဘယ်ရီသီးနှင့် တခြားအပင်များကို ရေလောင်းလိုက်သည်။ သူက သူတို့ကို ယခင်ခြောက်လအတွင်း ကောင်းကောင်းဂရုစိုက်ခဲ့သည်။
လာမည့်နှစ်တွင် သူသည် နေရာလွတ်ထဲရှိ သီးပင်အကိုင်းအခက်များကို တိုက်ရိုက်စိုက်ပျိုးရန် စီစဥ်ထားပြီး ၎င်းက အစားထိုးစိုက်ပျိုးခြင်း၏အချိန်ကို သက်သာစေလိမ့်မည်။
“ ရှောင်ဟွာ… ငါတို့အိမ်ပြန်မယ်!” ဦးလေးတာ တောင်ပေါ်လျှောက်လာတာကိုတွေ့တော့ အလုပ်ပြီးသွားသော ထန်ချွန်းမင်က အပြင်ကိုလှမ်းအော်လိုက်သည်။ တစ်မိနစ်ကြာတော့ ခွေးကြီးက သစ်ပင်အလယ်မှခုန်ဆင်းကာ ပါးစပ်ထဲတွင် တောယုန်ရိုင်းတစ်ကောင်ကိုချီပြီး ထန်ချွန်းမင်ဆီသို့ ဝမ်းသာအားရပြေးသွားသည်။ အိုး…. သူက ယုန်တောင်ဖမ်းတတ်နေပြီပဲ… ဒါပေါ့ သူ့ကိုယ်ကတော့ ပေါင်းပင်တွေအပြည့်ပဲ…
“အိုး..… အသားပြည့်ယုန်ကြီးကိုမိလာတာပဲ” ဦးလေးတာရောက်လာတော့ အံ့အားသင့်စွာ အာမေဋိတ်ပြုသည်။ ဤခွေးကို အပြင်ထုတ်သည့်အခါ သာမန်ခွေးတွေက ၎င်းကို မချဥ်းကပ်ရဲပေ။
“ဟားဟား..” ထန်ချွန်းမင်ကလည်း ဂုဏ်ယူနေသည်။ “ဦးလေးတာ.. ခင်ဗျားလည်း ဒီနေရာမှာမွေးဖို့ ခွေးနှစ်ကောင်ရှာသင့်တယ်။ နောင်မှာ သိုးတွေကိုထိန်းကျောင်းတဲ့အခါ ဒီခွေးတွေက သူတို့ကိုစောင့်ကြည့်ပြီး ညမှာပိုသတိရှိလိမ့်မယ်။”
“စိတ်မပူပါနဲ့.. မင်ကောအာ.. ငါတစ်ကောင်ရှာလိုက်ပါမယ်။” ခွေးတစ်ကောင်က လူတစ်ယောက်ထက် ပိုသတိရှိသည်။ သူတို့က ဤတောင်ပေါ်မှာ သိုးတစ်ကောင်အဆုံးခံလို့မဖြစ်ပေ။
“ဦးလေးတာ.. ကျွန်တော်သွားတော့မယ်…ဒါနဲ့.. ကျွန်တော်သိုးတွေကို အစာကျွေးထားတယ်။ ညနေကျရင်လည်း ထပ်ကျွေးမယ်။” သူပြောပြီးသည်နှင့် လျှောက်ထွက်သွားခဲ့ပြီဖြစ်သည်။ အညိုအမည်းစပ် ခွေးကြီးတစ်ကောင်က သူ့နားမှာလှည့်ပတ်နေပြီး ထန်ချွန်းမင်၏ရယ်မောသံနှင့် ဆူပူသံကို ကြားနိုင်လေသည်။
“ဗွမ်း….” လီဖုန်းက သက်တောင့်သက်သာရှိစေရန် သူ့ကိုယ်ပေါ်ကို ရေတစ်ပုံးလောင်းချလိုက်သည်။ မကြာသေးမီရက်များအတွင်း ရာသီဥတုကောင်းမွန်မှုကြောင့် နေအပူချိန်အနည်းငယ်မြင့်တက်လာသည်။ လယ်ကွင်းထဲမှာ အချိန်အတော်ကြာ အလုပ်ရှုပ်နေပြီးနောက် သူ့ခန္ဓာကိုယ်က ပူထူနေပြီး ယားယံနေခဲ့သည်။ ၎င်းကြောင့်ပင် မကြာသေးမီနှစ်များအတွင်း မြောက်ပိုင်း၏အပူချိန်ကို နေသားကျနေခဲ့သော လီဖုန်းက အတန်ငယ် မသက်မသာဖြစ်ခဲ့သည်။
သူ ခေါင်းခါလိုက်သည်နှင့် ရေဘောလုံးများထွက်လာသည်။ သူ့အဝတ်အစားတွေအားလုံး စိုစွတ်နေ၏။ ရွံ့အိုင်များကို တက်နင်းလာရင်း သူသည် ရေမိုးချိုးအဝတ်အစားလဲရန် အိမ်ပြင်ဖို့ပြင်ခဲ့သည်။ သူလှည့်ကြည့်လိုက်တော့ သူ့ကို တောက်လောင်နေသောမျက်လုံးနဲ့ကြည့်နေသော မင်ကောအာကိုတွေ့လိုက်ရသည်။
.
ထန်ချွန်းမင်က အပြင်မှပြန်ရောက်လာပြီး အနည်းငယ်ပူလာသလို ခံစားလိုက်ရသည်။ သူက အပြင်မထွက်ခင် အိမ်မှာ မတ်ပဲပြုတ်ခဲ့သည်။ သူ အသံကြားတော့ ၎င်းက လီဖုန်းဆိုတာကို သိလိုက်သည်။ သူက သူ့ကို မတ်ပဲဟင်းချိုသောက်ရန် ခေါ်ခါနီးတွင် ထိုလူက လျှောက်လာပြီး နှာခေါင်းသွေးယိုစေမယ့် မြင်ကွင်းကိုပြခဲ့သည်။
စိုစွတ်သောအဝတ်အစားများက သူ့ခန္ဓာကိုယ်ပေါ်တွင်ကပ်နေပြီး အနှီလူ၏ကြွက်သားများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။ သူ့မှာ အံ့သြစရာကောင်းသည့် ခန္ဓာကိုယ်ရှိပြီး ထန်ချွန်းမင်က နှာခေါင်းယားယံလာသလို ခံစားလိုက်ရသည်။
အိုက်စ်.. ကိုယ်လုံးတီးချွတ်လိုက်ရင် ပိုလို့တောင် ဆွဲဆောင်မှုရှိဦးမယ်။ ထန်ချွန်းမင်က သူ့အဝတ်အစားအောက်မှ ရှူခင်းကို စိတ်ကူးယဥ်ကြည့်လိုက်ပြီး သူ့တဏှာစိတ်က နိုးကြားလာခဲ့သည်။
အား… သူ ဝံပုလွေအသွင်ကူးပြောင်းတော့မှာပဲ!
အို.. ငါ သူ့ကိုခုန်အုပ်ချင်ရင် ဘာလုပ်ရမလဲ?
ခုန်အုပ်မလား ခုန်မအုပ်ဘူးလား ရွေးချယ်ရခက်လိုက်တာ!
“မင်ကောအာ…. မင်းရဲ့ဝတ်ပြုကာလပြီးလို့ လက်ထပ်တဲ့အချိန်ထိ နည်းနည်းလောက် စောင့်ကြတာပေါ့…” အသံတစ်ခုက ထန်ချွန်းမင်ကို နှိိုးလိုက်ပြီးနောက် သူက ထွက်ပြေးဖို့ပြင်နေသော လီဖုန်းကို တွေ့လိုက်ရသည်။ ထိုမှသာ သူက လီဖုန်း၏စကားနှင့် ဆိုလိုရင်းကို နားလည်ခဲ့လေသည်။
ဒါဆို ငါတစ်ယောက်တည်းက လက်ထပ်ဖို့မစောင့်နိုင်တော့ဘူးလို့ ဆိုလိုတာလား? ဒါပေမယ့် ငါ အခုလေးတင် သူ့ကိုခုန်အုပ်မိမလိုဖြစ်သွားတော့ လီဖုန်းက ငါ့ကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောသွားတာလား?
////////
Chapter 52.2
ထန်ချွန်းမင်က ထိုနေရာ၌ ရုန်းကန်နေစဥ် အဘိုးကြီးဟဲလောင်က အားစန်းလေးကိုပွေ့ချီကာ ခြံထဲမှာလမ်းလျှောက်နေ၏။ လူကြီးတွေက အလုပ်ရှုပ်နေသဖြင့် သူက အားစန်းလေးကို ဂရုစိုက်ရမည်။
အဘိုးကြီးဟဲက သူချော့သိပ်လို့ ငိုက်မျဥ်းနေသော ကောင်လေးကိုပြောလိုက်သည်။ “သူတို့ဆီက မသင်ယူနဲ့။ မင်းဖေဖေနဲ့အဖေကိုကြည့်.. သူတို့က ကလေးတွေကို မကောင်းတာသင်မိမှာ မစိုးရိမ်ဘူးကွ။ အလိုလေး…သူတို့ဘယ်လောက် ဒေါသကြီးလဲတွေ့လား.. အဘိုးက သူတို့အပူတွေသက်သာအောင် ဆေးညွှန်းပေးလိုက်ရမလာ? အားစန်းလေး မင်းဘယ်လိုထင်လဲ?”
“အာ….”
“အားစန်းလေးကလည်း ထောက်ခံတာပေါ့… ဟားဟား” မထင်မှတ်ထားသည်မှာ သမားတော်ဟဲက သူ့အသက်အရွယ်မှာ မြေးလေးကို စောင့်ရှောက်ရတာ သဘောကျနေသည်။ သူက ကလေးကိုပြုစုစောင့်ရှောက်ဖို့ စိတ်အားထက်သန်နေ၏။
အိမ်ပြန်ရောက်တော့ ထန်ချွန်းမင်က လီဖုန်းကို မတ်ပဲဟင်းချိုယူလာပေးဖို့ သတိရဆဲဖြစ်သည်။ သူ လီဖုန်းကိုထပ်တွေ့တော့ ဤလူက ပုံမှန်အတိုင်းတည်ငြိမ်မှုရှိနေသည်။ ၎င်းကြောင့် ထန်ချွန်းမင်က သူ့ကို အကြိမ်ပေါင်းများစွာ ထူးဆန်းသလိုကြည့်မိသွား၍ လီဖုန်း၏ ချုပ်တည်းထားသော အမူအရာ ပျက်သွားမလိုဖြစ်သွားခဲ့သည်။
မင်ကောအာ မီးဖွားကာလပြီးသွားသည်နှင့် လီဖုန်းက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့တာကို သိခဲ့ရ၍ သူက ကလေးမမွေးခင်ကလို ထန်ချွန်းမင်နှင့် နီးနီးကပ်ကပ်မနေတော့ပေ။ လက်ကိုင်ကာ ရံဖန်ရံခါအနမ်းပေးရုံမှလွဲ၍ တစ်ခါတစ်ရံ သူတို့နှစ်ယောက်တည်းရှိနေစဥ် သူတို့ကြားမှာ အကွာအဝေးထားတတ်သည်။
ပထမတော့ ထန်ချွန်းမင်က နားမလည်နိုင်ဖြစ်ခဲ့ပြီး ရင်ထဲမှာ သံသယရှိခဲ့သည်။ သူ ကိုယ်အလေးချိန်တက်လာလို့ လီဖုန်းက စိတ်မဝင်စားတော့တာလားဟူ၍ပင်။ သေချာသည်မှာ သူက တခဏမျှသာ သံသယဝင်ခဲ့သည်။ အကြောင်းမှာ သူ့မှာဗိုက်ကြီးရှိပြီး ရုပ်ဆိုးနေလျှင်ပင် လီဖုန်းက သူ့ကို ချစ်ခဲ့လို့ဖြစ်သည်။
ယနေ့မတိုင်ခင်က ယခင်အမူအကျင့်များကို သူတွေးကြည့်ရာတွင် ထန်ချွန်းမင်က ရုတ်ချည်းသတိရသွားပြီး သူ့ကိုကြည့်ကာ ရယ်မောလိုက်လေသည်။
အစခံလိုက်ရသော လီဖုန်း၏မျက်နှာက ပူလောင်လာသည်။ သူက အခက်အခဲမျာကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ထင်ခဲ့သော်လည်း သူ့ကော၏လှောင်ပြောင်ခံလိုက်ရသေးသည်။ သူ့ကောလေးက တကယ်ကိုဆိုးလာခဲ့သည်။
သို့သော် သူက ကျင့်ဝတ်ကိုလိုက်နာရမည်။ ယခုချိန်မှာ သူက မင်ကောအာကို လူပြောစရာဖြစ်စေပြီး ဂုဏ်သိက္ခာထိခိုက်အောင် မလုပ်နိုင်ပေ။ အဆုံးထိနီးကပ်လေ သတိထားမိဖို့လိုလေဖြစ်သည်။ ကံအားလျော်စွာပင် သူက သမားတော်ဟဲကို ဖိတ်ခေါ်လိုက်သည်။ မဟုတ်ပါက အိမ်ထဲတွင် နှစ်ယောက်တည်းရှိနေခြင်းက သံသယတွေကို သေချာပေါက်နှိုးဆွပေးလိမ့်မည်။
ထို့အပြင် ညနေပိုင်း ညစာစားပြီးနောက်မှာ လီဖုန်းက ယခင်ကလို မလှုပ်မယှက်ဖြစ်မနေတော့ပေ။ သူက အိမ်စောစောမပြန်ခင် စားပွဲရှင်းပြီး ပန်းကန်ဆေးပေးခဲ့သည်။
တစ်ခါတစ်ရံတွင် အိမ်မပြန်သေးသော ရွာသားများက လမ်းပေါ်မှာ သူ့ကိုတွေ့လျှင် နှုတ်ဆက်လေ့ရှိကြပြီး သူတို့က စကားစမြည်ပြောသည့်အခါတွင်လည်း လီဖုန်းက ကျင့်ဝတ်ကိုလိုက်နာကြောင်း ချီးကျူးတတ်ကြသည်။
“ဟို…မင်ကောအာ.. “ လီဖုန်းက တိုးတိုးလေးနှင့် မသက်မသာပြောလိုက်သည်။ “လာမယ့်နှစ်မှာ မျိုးစေ့ဝယ်ချင်တဲ့ မိသားစုတွေကို မင်းရေတွက်ပြီးပြီလား? အားလုံးကိုရောင်းလို့ရလား?” သူက အနည်းငယ်ရှုပ်ထွေးနေသည်။
အကျိုးသက်ရောက်မှုရှိတာက မျိုးစေ့တွေလား ဒါမှမဟုတ် လယ်ကွင်းကိုလောင်းတဲ့ရေလား? အကြောင်းမှာ သူက သူ့မြေပေါ်မှာ ပြဿနာတွေ့ရှိခဲ့ပြီး တခြားသူများ တစ်ခုခုရှာတွေ့သွားမည်ကို စိုးရိမ်၍ သူ့မြေမှာ ကူညီရိတ်သိမ်းပေးဖို့ မည်သူ့ကိုမျှ မခေါ်ခဲ့ပေ။
မကြာသေးမီနှစ်များအတွင်း သူ့ဦးလေးမိသားစုက လယ်ဧကအနည်းငယ်ကိုသိိမ်းပိုက်ပြီး ကောင်းကောင်းထိန်းသိမ်းခဲ့ခြင်းမရှိပေ။ သူပြန်ယူလိုက်ရာတွင် ၎င်းက ယခင်ကထက် ပိုဆိုးနေပြီး ကောင်းသည့်မြေက ဆိုးသည့်မြေဖြစ်နေခဲ့သည်။ သူက နွေဦးထွန်ယက်ကာလမှာ ရွာသားတွေနဲ့အတူ စိုက်ပျိုးခဲ့ပြီး နိမ့်ပါးသည့်အထွက်နှုန်းအတွက် စိတ်ပြင်ဆင်ထားခဲ့သည်။
သို့သော် မင်ကောအာ၏မြေကို လက်လွှဲယူပြီးနောက် မင်ကောအာက သူ့မြေကိုရေလောင်းရန် ရေတွင်းထဲမှရေကိုသုံးဖို့ ပြောခဲ့သည်။ တဖြည်းဖြည်းနဲ့ သူ့မြေပြောင်းလဲလာတာကို တွေ့ခဲ့ရသည်။ သူ့ခန့်မှန်းချက်အရ တစ်ဧကလျှင် တစ်ရာမှနှစ်ရာကီလိုဂရမ် ထွက်လေ့ရှိသော ဆန်စပါးက နှစ်ရာမှသုံးရာအထိ ရိတ်သိမ်းနိုင်ခဲ့သည်။
ဒါဆို သူခန့်မှန်းလို့မရတာဘာလဲ? ပြောင်းလဲမှုက ရေလောင်းရာတွင် သုံးသောရေမှ ဆင်းသက်လာပြီး မင်ကောအာက ရေအရည်အသွေးပိုမိုကောင်းမွန်လာစေရန် တစ်ခုခုလုပ်ထားလောက်သည်။
အကြောင်းအရင်းကို အတိအကျခန့်မှန်းမိသောကြောင့် သူက တခြားသူများ သတိထားမိသွားမှာကို မလိုလားခဲ့ပေ။ သူက သူ့မြေကိုကိုယ်တိုင်စိုက်ပျိုးကာ ခြွေလှေ့စပါးများကို မင်ကောအာ၏ခြံဝင်းထဲမှာ အခြောက်ခံရန် ပို့ဆောင်ခဲ့သည်။ မင်ကောအာပြောပြသည်ဖြစ်စေ မပြောပြသည်ဖြစ်စေ ဤလျှို့ဝှက်ချက်က အင်မတန်ထိတ်လန့်စရာကောင်းတာကြောင့် သူက မင်ကောအာအတွက် လျှို့ဝှက်ပေးထားမည်ဟု ဆုံဖြတ်ခဲ့သည်။ အပြင်လူတွေသိသွားလျှင် ဘာတွေဖြစ်လာမလဲသူမတွေးရဲပေ။
သူ့အင်အားက အလွန်နည်းနိုင်လောက်ပေမယ့် သမားတော်ဟဲ၏အကူအညီဖြင့်ဆိုလျှင် ဤလူများ၏ ယုတ်မာသော စိတ်ဆန္ဒများကို တားဆီးနိုင်လိမ့်မည်။
“စိတ်မပူပါနဲ့။ ရေတွက်ပြီးရင် မျိုးစေ့အလုံအလောက်ချန်ထားမယ်” ထန်ချွန်းမင်က လီဖုန်း၏စိုးရိမ်ပူပန်မှုများကို လုံးဝသတိမပြုမိသော်လည်း လီဖုန်းနဲ့အတူရှိနေစဥ် နေရာလွတ်၏ဖြစ်တည်မှုကို ဖုံးဖိဖို့ အဆင်မပြေဖြစ်လာတယ်လို့ တွေးမိခဲ့သည်။
ယခုအခါ လီဖုန်းက အရာအားလုံးကို လုပ်ဆောင်နေတာဖြစ်ပြီး နေရာလွတ်က နေရာပေါင်းများစွာမှာလိုအပ်၍ နေရာလွတ်ထဲက စမ်းရေတင်မကပဲ နေရာလွတ်ထဲမှာ စိုက်ပျိုးထားသော သီးပင်များကို ရှင်းရှင်းလင်းလင်း အပြင်ထုတ်ယူဖို့လိုသည်။ နောက်နှစ် တောင်ပေါ်မှာကိုင်းကူးဆက်မည့် တောရိုင်းသီးပင်များအပါအဝင် ထိုအကိုင်းအခက်များက ဘယ်ကနေလာလဲဆိုတာ သူဘယ်လိုရှင်းပြရမလဲ?
လီဖုန်းက သူ့အကြောင်းတွေအကုန်သိနေပြီဖြစ်သည်။ ထန်ချွန်းမင်က သူ့ကိုယ်သူလှည်စားနေတာများပြီလို့ ခံစားရသည်။ လီဖုန်းက သူ မူမမှန်တာကို သတိမထားမိဘူးလား?
ထန်ချွန်းမင်က ၎င်းကိုတွေးကာ လီဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူပြောသင့်လား မပြောသင့်ဘူးလား? လူတွေယုံအောင် သူဘယ်လိုပြောရမလဲ? လီဖုန်း သစ္စာဖောက်မည်လားနှင့်ပတ်သက်၍ လီဖုန်း၏အကျင့်စရိုက်က သူ့ထက်ပင် ကောင်းသည်ဟု ထန်ချွန်းမင်ထင်မိသည်။ သူက အားလင်းနှင့် အားစန်းကို သူ့ကလေးတွေလိုသတ်မှတ်ပြီး အားစန်းကို သူ့ထက်ပိုဂရုစိုက်သည်။
သူကလေးမွေးတုန်းကလည်း ထိုအချိန်က သူဘာတွေအော်ခဲ့လဲမေ့သွားခဲ့သည်။ နောက်မှ သူ့မိထွေးက ထိုအကြောင်းနဲ့ပတ်သက်ပြီး သူ့ကိုရှုတ်ချခဲ့သည်။ လီဖုန်းလို ယောကျာ်းမျိုးက အနာဂတ်မှာ ဆိုးဆိုးရွားရွား မဆက်ဆံသင့်သလို လီဖုန်းက ကလေးယူမယ့်ကိစ္စကို မပြောတော့ဘူးဆိုပေမယ့်လည်း ၎င်းက သူ့ခင်ပွန်းလောင်း၏မိသားစုကို စိတ်ခုစေလိမ့်မည်ဟု ပြောခဲ့သည်။ လက်ထပ်ပြီးလျှင် သူက လီမိသားစုအတွက် သားစဥ်မြေးဆက်ချန်ထားပေးရမည်။
ထန်ချွန်းမင်က ကလေးထပ်ယူဖို့ တွန့်ဆုတ်နေပေမယ့် သူ့မိထွေး၏စကားတွေက အမှန်တွေပင်။ လီဖုန်းက သူ့ကို သူပြန်ပေးမဆပ်နိုင်လောက်သည်အထိ ချစ်ပေးသည်။
သူသာ သူ့နေရာမှာဆိုလျှင် သူလုပ်သလိုလုပ်နိုင်မှာမဟုတ်ပေ။ သူက ဤလူ၏ရိုးသားမှုကို သံသယဝင်နေဆဲဆိုလျှင် သူလူမဟုတ်လို့ဖြစ်ပေမည်။
“မင်ကောအာဘာဖြစ်လို့လဲ?” မင်ကောအာ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးနေသော အမူအရာကိုတွေ့သောအခါ လီဖုန်းက ထန်ချွန်းမင်၏နဖူးကို စိုးရိမ်တကြီးလှမ်းထိလိုက်သည်။ “ဒီရက်ပိုင်းတွေမှာ အိမ်မှာနေဖို့ ပြောခဲ့သားပဲ။ ငါဒီရက်တွေမှာ တောင်ကိုဂရုစိုက်လိုက်မယ်။ မင်း တောင်ပေါ်ကို နေ့တိုင်းပြေးစရာမလိုဘူး။ မင်းနေလောင်နေတယ်မလား?”
ထန်ချွန်းမင်က ဒေါသတကြီး သူ့လက်ကိုဆွဲလိုက်သော်လည်း လွှတ်တော့လွှတ်မပေးခဲ့ပေ။ သူက လီဖုန်း၏လက်တစ်ချောင်းချင်းစီကိုလိမ်ကာ ကစားလိုက်သည်။ ထို့နောက် သူက ပြောသင့်သလား မပြောသင့်သလား စဥ်းစားကာ လီဖုန်းကိုကြည့်လိုက်သည်။
လီဖုန်းက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး မင်ကောအာ ရုန်းကန်နေရတာကို နားလည်သွားသည်။ သူ့နှလုံးသားက ပျားရည်သောက်ထားသလို ချိုမြိန်လာလေသည်။ မင်ကောအာ၏သဘောထားမှာ သူ့ကို အမှန်တကယ်ဂရုစိုက်လို့ဖြစ်ပြီး ၎င်းကြောင့်ပင် သူက သူနဲ့အတူ ရုန်းကန်နေတာဖြစ်သည်။
အစပိုင်းမှာ မင်ကောအာက သူ့ကိုစဥ်းစားပေးနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်စေ့စပ်ပြီးမှသာ သူစိတ်သက်သာရာရခဲ့သည်။ ယခု ဤအဆင့်ထိရောက်ပြီဖြစ်၍ သူ မင်ကောအာ၏ နှလုံးသားထဲရောက်သွားပြီဆိုတာ သိလိုက်သည်။ သူမပျော်ပဲနေပါ့မလား?
လီဖုန်းက မင်ကောအာကို ပွေ့ဖက်ပြီး သူ့မေးစေ့ကို သူ့ခေါင်းပေါ်တင်ပြီး ညင်ညင်သာသာပွတ်သပ်လိုက်သည်။ “မင်ကောအာ… မင်းလုပ်ချင်တာလုပ်ပါ။ ငါမင်းကိုကာကွယ်ပေးမယ်။ မင်းအဆင်ပြေတဲ့အချိန်မှပြောပါ။ အချိန်မနှောင်းသေးလို့ ငါစောင့်နိုင်ပါတယ်။”
ထန်ချွန်းမင်က သူထင်ထားသလိုမျိုး ဟုတ်မဟုတ်သိနိုင်ရန် သူ့လက်သည်းဖြင့်ထိရန် အဆင်သင့်ဖြစ်နိုင်သော်လည်း ထိုစကားများကိုကြားသောအခါ သူ၏ယခင်ရှုပ်ထွေးမှုက အချည်းနှီးဖြစ်သွားသလို ခံစားလိုက်ရသည်။
သူက တကယ်ပင် ငတုံးဖြစ်ပြီး တခြားလူတွေမမြင်စေဖို့ သူ့ကိုယ်သူလှည့်စားနေခဲ့သည်။ တစ်ဖက်လူက တိတ်တဆိတ်ကြည့်နေမယ်လို့ သူမထင်ခဲ့ပေ။ သူက ခက်ထန်ချင်ယောင်ဆောင်ကာ မကျေမနပ်ပြောလိုက်သည်။ “ကြည့်ရတာ ကျွန်တော်တစ်ယောက်တည်းက တုံးအပုံပေါက်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ တော်တယ်လို့ထင်နေတုန်းပဲ။”
လီဖုန်းက မင်ကောအာ၏လက်ကိုအမြန်ဆွဲကာ နှစ်သိမ့်လိုက်သည်။ “မဟုတ်တာ… မင်ကောအာက ထက်မြက်တယ်။ တခြားသူတွေက မင်းလိုငွေမရှာနိုင်ဘူး။ မင်းက ကိုယ့်ကိုယုံကြည်လို့သာ ကိုယ်သတိထားမိခဲ့တာ။”
ထန်ချွန်းမင်က ချီးကျူးမှုကို ခံနိုင်ရည်မရှိပဲ အမူအရာကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် သူက ကိုယ့်ကိုယ်ကိုလှည့်စားသည့် အပြုအမူနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေဆဲပင်။ လီဖုန်းက သူ့အိမ်မှာနေသော တစ်ဦးတည်းသောလူမဟုတ်ပေ။ သူကမေးလိုက်သည်။ “သမားတော်ဟဲကရော တစ်ခုခုမြင်သွားလား? သူသံသယဝင်နေလား?”
“သမားတော်ဟဲက ယုံလို့ရတယ်။ မဟုတ်ရင် သူ့ကို ဒီခေါ်လာပါ့မလား..စိတ်မပူပါနဲ့။” လီဖုန်းက သူ့ကိုနှစ်သိမ့်လိုက်သည်။
သူ သူ့ကိုခေါ်လာကတည်းက စဥ်းစားပြီးပြီဖြစ်သည်။ သမားတော်ဟဲက ဤကာလမှာ ကျေးလက်ဘဝကို ခံစားပျော်ရွှင်ခဲ့သည်။ သမားတော်ဟဲက ထိုအရာများကို ကြုံတွေ့ပြီးနောက် ကောင်းကောင်းရှင်သန်နိုင်သေးသည်။ ဤစိတ်ဓာတ်က သာမန်လူများ နှိုင်းယှဥ်လို့မရသည့်အရာဖြစ်သည်။
“ကောင်းပြီ.. ပြန်စဥ်းစားကြည့်ဦးမယ်။” ထန်ချွန်းမင်က လေးနက်သောအတွေးဖြင့် သူ့လက်ကိုဝေ့ယမ်းကာ သူ့မေးစေ့ကိုထိလိုက်သည်။ ယခင်က သူ့ကြောင့် နှိုးဆွခံလိုက်ရ၍ လှုပ်ရှားရန် စိတ်အားထက်သန်နေသော လီဖုန်းက ဖယ်ထုတ်ခံလိုက်ရသည်။
လီဖုန်းက သူ့ကို ခုန်အုပ်ပြီး နှစ်ကိုက်ကိုက်ချင်ပေမယ့် သူ့ကိုယ်သူထိန်းချုပ်ကာ အချိန်မကျသေးဘူးလို့ ရင်ထဲမှာပြောလိုက်ရသည်။
//////
Chapter 52.3
လီဖုန်းက အလွန်သန်မာပြီး လယ်လုပ်ရာတွင် လယ်သမားဟောင်းများလို ကျွမ်းကျင်သည်။ တခြားသူများ၏အကူအညီနှင့်အတူ သူက ထန်ချွန်းမင်နှင့် သူ့ကိုယ်ပိုင်မြေကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ထို့နောက် သူက ရိတ်သိမ်းပြီးသော စပါးများကို အခြောက်လှန်းရန် ခြံဝင်းထဲမှာထားလိုက်သည်။
ရာသီဥတုကောင်းတာကိုတွေ့တော့ လီဖုန်းက မြင်းကိုအမြန်ဆွဲပြီး ကျန်းရှန့်ရွာကိုသွားခဲ့သညိ။ သူ့ယောက္ခထီးနှင့်ယောက််ဖက သူနဲ့မင်ကောအာ၏ လယ်မြေစုစုပေါင်းထက် ပိုများသောလယ်တွေရှိပြီး သူတို့နှစ်ယောက်ကို အားနည်းသော အလုပ်သမားအဖြစ် သတ်မှတ်လို့ရတာကြောင့် လယ်အလုပ်များက မြန်မြန်မပြီးနိုင်ခဲ့ချေ။
ထန်ချွန်းမင်က လီဖုန်း၏အကူအညီကို မကန့်ကွက်ပေ။ ကျေးလက်က ဒီလိုပဲမလား? ထို့အပြင် သူ့မိထွေးက ဤကာလမှာ သူ့ကိုကောင်းစွာပြုစုစောင့်ရှာက်ခဲ့သည်။ မီးဖွားကာလအပြီးမှာလည်း သူက ကလေးကို ပြုစုစောင့်ရှောက်ဖို့လာခဲ့သည်။
ဤမွေးကင်းစကလေးက အားလင်းကိုပြုစုစောင့်ရှောက်ရတာလောက် မလွယ်ကူပေ။ ထန်ချွန်းမင်က တခြားမည်သည့်အရာကိုမျှ လုပ်ရန်မလိုအပ်ပဲ အစာကျွေးခြင်း၊ ဆီးတည်ခြင်း၊ အညစ်အကြေးစွန့်ခြင်းတို့ကိုသာ လုပ်ပေးရန်လိုခဲ့သည်။ အမှန်တိုင်းပြောရလျှင် ဤမွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရာ၌ သူ့မှာအတွေ့အကြုံမရှိပေ။ သူ့အမြင်အရတော့ မူလပိုင်ရှင် ချန်ရစ်ခဲ့သော အတွေ့အကြုံက အများကြီးအသုံးမဝင်ပေ။ ထို့ကြောင့် သူက မိထွေးဖြစ်သူ၏ရောက်ရှိလာမှုကို အလွန်ကြိုဆိုခဲ့သည်။
အပေးယူလုပ်ပိုင်ခွင့်ရှိသည်။
သူတို့ လယ်ကွင်းထဲက သီးနှံများကို မရိတ်သိမ်းမီ လီဖုန်းရောက်လာပြီး နှစ်ရက်တိတိကူညီပေးခဲ့သည်။ ၎င်းက ဝမ်ယင်ကို စိတ်သက်သာရာရစေခဲ့သည်။ သူနဲ့သူ့သားက နောက်ထပ်အကူနှစ်ယောက်ကိုသာ ခေါ်လိုက်လျှင် စိုက်ပျိုးရာသီပြီးသောအခါ သူ့ခါးလည်း အလွန်ပင်ပန်းနေလိမ့်မည်။ ယခုတစ်ကြိမ်တွင် သူ့သားမက်ရောက်လာပြီး အများကြီးကူညီခဲ့သည်။ ယင်းက သူ့သားကိုလည်း စိတ်အေးစေခဲ့သည်။ ဝမ်ယင်က သူ့သားကိုအားနာနေခဲ့သည်။
“ကောင်းပြီ.. ကျန်တာ ငါကိုယ်တိုင်လုပ်လို့ရတယ်။ မင်ကောအာရဲ့ဘဝက မလွယ်ဘူး။ လူကြီးနဲ့ကလေးတွေရှိလို့ မင်းမြန်မြန်ပြန်မှရမယ်။ ပြီးတော့ အားရုံကိုလည်း မင်းတို့နဲဲ့နှစ်ရက်နေခိုင်းလိုက်။ ငါတို့ပြန်ရောက်တည်းက သူအဲ့ဒါပဲပြောနေတာ။” စပါးပြည့်နေသော ခြံကိုကြည့်ရင်း ဝမ်ယင်၏အမူအရာက တည်ငြိမ်သွားသည်။
ယခင်က လင်ပါသားပေးခဲ့သော ပိုက်ဆံကြောင့် သူ ယခုချိန်မှာ ပိုက်ဆံသိပ်မကျပ်ပေ။ အလုပ်ကူလုပ်ရန် လူအနည်းငယ် ငှားရမ်းလို့ရသည်။ ယခင်က ယခုလိုလုပ်ဖို့ တုံ့ဆိုင်းနေခဲ့တာမဟုတ်ပေမယ့် သူ့သားက ကျောင်းတက်ချင်တယ်ဆိုတာ သူသိသည်။ သူ သဘောမတူကြောင်းပြောခဲ့ပေမယ့် ငွေကို သီးသန့်သိမ်းဆည်းထားခဲ့သည်။
“ဖေဖေ…” ထန်ချွန်းရုံက သူ့အားမူကို အလုပ်တွေနဲ့ပစ်ထားခဲ့ရမှာ အားနာနေသည်။
“မင်းအစ်ကိုကိုသွားကြည့်။ အိမ်မှာ ငါ့ကိုကူညီပေးမယ့် လူတွေအများကြီးရှိတယ်။” ဝမ်ယင်က သူ့ကို တိုက်ရိုက်မောင်းထုတ်လိုက်သည်။
“ဖေဖေ…မင်ကောအာ ကျွန်တော်နဲ့ထည့်ပေးလိုက်တဲ့ ရေဘူးကိုသောက်ဖို့မမေ့ပါနဲ့။ အဲ့ဒါက ကျန်းမာရေးအတွက်ကောင်းတယ်။ သောက်ဖို့တွန့်တိုမနေပါနဲ့ အားရုံမှာလည်းရှိတယ်” လီဖုန်းက လှည်းကိုတွန်းရင်း သတိပေးလိုက်သည်။
“မင်းတို့က ပိုက်ဆံကို မဆင်မခြင်ဖြုန်းနေတာပဲ။ ငွေရှိရင် စုထားဖို့ မင်ကောအာကိုသွားပြောလိုက်။ နောက်ဆို ငွေသုံးစရာနေရာတွေရှိလာမှာ။ သူနားမထောင်ရင် နောက်တစ်ခါ ငါလာမှ စကားပြောလိုက်မယ်။”
ဝမ်ယင်က သူ့လင်ပါသားကို ဆူလိုက်ပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေသည်။ သူယူလာခဲ့တဲ့ဘူးက အများကြီးအားထုတ်ထားတာ သေချာသည်။ သူ့လင်ပါသားက သူ့ကိုသတိရလျှင် သူသည်လည်း ဤရင်းနှီးမှုကို အမှတ်ရနေလိမ့်မည်။
“ကောင်းပြီ … ကျွန်တော်ပြောလိုက်ပါမယ်။ အားရုံ.. လှည်းပေါ်တက်တော့။” လီဖုန်းက ပြုံးလိုက်ပြီး မင်ကောအာ ငွေမသုံးခဲ့သည့်အကြောင်းကို မပြောခဲ့ပေ။ ယခင်တစ်ခေါက် သူပြောပြီးကတည်းက မင်ကောအာက ဖုံးကွယ်ချင်စိတ်နည်းသွားပုံရသည်။ မင်ကောအာ ဘယ်ကရလာလဲ သူမသိပေမယ့် ၎င်းကို အပြင်ကဝယ်လို့မရတာတော့ သူသိသည်။
ထန်ချွန်းမင်က စိတ်အားထက်သန်နေသည်။ အရာအားလုံးကို တခြားသူတွေမြင်ဖူးတာမို့ သူ့မှာ ဖုံးကွယ်ဖို့ရည်ရွယ်ချက်မရှိတော့ပေ။ သို့ဖြစ်၍ သူက နေရာလွတ်ထဲမှာကျန်နေသော သစ်သီးဝလံများကို အသုံးပြုခဲ့သည်။ ၎င်းကို တိုက်ရိုက်အသုံးပြုလို့မရသလို ပေးပစ်လိုက်လို့လည်းမရတာကြောင့် သူက အချိန်အကြာကြီးစားလို့ရသည့် ကုန်ချောထုတ်ခဲ့သည်။ သူက အရည်ညှစ်ပြီး သူ့မိထွေးသဘောကျအောင် ယိုပြုလုပ်ခဲ့သည်။
“ဟုတ်ကဲ့ဖေဖေ.. ကျွန်တော်သွားတော့မယ်။ အလုပ်အရမ်းမလုပ်ပါနဲ့။ အိမ်အလုပ်တွေကို တခြားသူတွေလုပ်ခိုင်းလိုက်။” ထန်ချွန်းရုံကလည်း အိမ်ကအခြေအနေကို သိသည်။ သူ့အစ်ကိုက သူ့အားမူကို ဆိုင်ကပိုက်ဆံတွေအများကြီးပေးလိုက်သည်။ ထန်ချွန်းရုံက သူ့အစ်ကို၏ကြင်နာမှုကို အင်မတန်ကျေးဇူးတင်ပြီး အနာဂတ်တွင် သူ(ချွန်းရုံ)၏ကောင်းချီးများကို ခံစားရဖို့ရှိသေး၍ သူ့အားမူကို အလုပ်အလွန်အကျွံမလုပ်စေချင်ပေ။
ဝမ်ယင်က သူ့သားမက်နှင့်သားကို နှင်ထုတ်ပြီးနောက် သူ့ခြံဆီသို့ လှည့်ထွက်သွားသည်။ အိမ်နီးချင်းများက သူ့ကို ပြုံးပြုံးရွှင်ရွင်် နှုတ်ဆက်လာသည်။ “ဝမ်အာမော့… ခင်ဗျား အခုအဆင်ပြေနေတာပဲ။ သားမက်ကလည်း ဂရုစိုက်ပေးတယ်။ ဒီသားမက်က အရင်တစ်ယောက်ထက်ကောင်းတယ်။ သူက အားရုံအပေါ်ကောင်းပြီး ခင်ဗျားကိုလည်း သိတတ်တယ်။”
“ဒါက မင်းရဲ့အတွေးပါ။ မင်းရဲ့ကလေးလည်း မဆိုးပါဘူး။ သူက မင်းကိုကူညီဖို့ ပြန်လာတယ်။” ဝမ်ယင်က ပြုံးကာ တစ်ဖက်က ကလေးကိုချီးကျူးလိုက်သည်။
“ဒါပေါ့… ကလေးတွေက မိဘအပေါ်သိတတ်တယ်။ ဖျင်ရှန်ရွာမှာ မင်ကောအာရဲ့ဘဝ ပိုကောင်းစားလာတယ်လို့ကြားတယ်။” အိမ်နီးချင်းက ဝမ်ယင်နဲ့အမှီလိုက်ပြီး မေးခွန်းအများကြီးမေးလာသည််။
သူတို့က မင်ကောအာ ငွေမည်မျှသုံးစွဲနိုင်သည်နှင့် သားမက်က မင်ကောအာကို ငွေဘယ်လောက်ရှာပေးနိုင်လဲ စပ်စုနေသည်။ ထို့အပြင် ထိုလူချမ်းသာက မင်ကာအာကို အမှန်တကယ်ချစ်မိသွားခဲ့သည်။ ၎င်းကြောင့် လူလွတ်ကောများက အလွန်နောင်တရနေခဲ့သည်။ သူ့အသက်အရွယ်နဲ့ ဂုဏ်သတင်းကိုသာ ထည့်မတွက်ခဲ့ရင် အခုနေ ပိုက်ဆံတွေက သူတို့အပိုင်ဖြစ်နေမှာမလား?
ထိုမျှလောက်သောငွေဖြင့် သူတို့က မြို့ထဲမှာ အိမ်အကြီးကြီးတစ်လုံးဝယ်ကာ တစ်မိသားစုလုံးနှင့်အတူ ရွှေ့ပြောင်းပြီး ကောင်းမွန်သောဘဝမှာ နေထိုင်လို့ရသည်။ ဘယ်သူကမှ မင်ကောအာလို ရေထဲသို့ ငွေပစ်ချမှာမဟုတ်ပေ။
ဝမ်ယင်က တခြားသူတွေရဲ့အတွေးများနှင့် အားကျနေသော မျက်လုံးများကို သေချာသိသည်။ ဤသည်မှာ သူ့လင်ပါသား၏ကောင်းချီးဖြစ်သည်။ ထို့အပြင် သူ့လင်ပါသားက အိမ်ကနေ လက်ချောင်းလှုပ်လိုက်ရုံဖြင့် မြို့ထဲမှာ ငွေအမြောက်အများရှာနိုင်သည်။
သူက ပုံကြီးချဲ့တာတော့ မဟုတ်ပေမယ့် နည်းနည်းတော့ရှုပ်ထွေးသွားသည်။ သူ့လင်ပါသားက ဒီအကြံအစည်တွေကို ဘယ်ကရခဲ့တာလဲ? သူအိမ်မှာရှိနေတုန်းက ဘာလို့မသိရတာလဲ?
ထိုအတွေးမျိုးက သူ့စိတ်ထဲကို ရံဖန်ရံခါ ရောက်လာ၍ ဘေးဖယ်ထားလိုက်ရသည်။ အရေးကြီးတာက ကောင်းသောဘဝမှာ နေထိုင်ရဖို့ဖြစ်ပြီး တခြားကိစ္စများကို စဥ်းစားစရာမလိုပေ။
သူတို့အိမ်ကိုရောက်တော့ လီဖုန်းနှင့် ထန်ချွန်းရုံက ခွေးဟောင်းသံများနှင့် ခြံထဲက ကလေးများ၏ရယ်သံများဖြင့် နှုတ်ဆက်ခံလိုက်ရသည်။
လီဖုန်းက လှည်းကိုရပ်ကာ ခြံထဲသို့အအမြန်ပြေးသွားပြီး ထန်ချွန်းရုံက နောက်ကလိုက်သွားသည်။ ခြံထဲရှိကလေးများက မြင်းသံကြား၍ ပြေးထွက်လာသည်။ အားလင်းက လီဖုန်းကိုပြောလိုက်သည်။ “ဦးလေးဖုန်း… သားညီလေးက ဖေဖေ့ပေါ်မှာ အီးပါချလိုက်လို့ အရိုက်ခံရပြီး အခုငိုနေတယ်။”
ခြံထဲတွင် မင်ကောအာ၏ ချော့မော့ငေါ့ငေါက်သံနှင့်တကွ ဟဲလောင်၏ကူကယ်ရာမဲ့ ရယ်မောသံနှင့် ဆူပူကြိမ်းမောင်းသံများကို ကြားနိုင်သည်။ လီဖုန်း၏နဖူးပေါ်မှာ ချွေးသီးများကျလာပြီး သူက အားလင်းကိုကောက်ချီကာ ပြောလိုက်သည်။ “သွားရအောင်.. မင်းဖေဖေကိုသွားကြည့်ပြီး အားစန်းလေးအငိုတိတ်အောင် သွားချော့ကြမယ်။”
ထန်ချွန်းရုံကလည်း သူ့အစ်ကို၏ “လူယုတ်မာလေး”ခေါ်သံကို ကြားလိုက်ရပြီး ကူကယ်ရာမဲ့သွား၏။
အိမ်ထဲဝင်ပြီးနောက် သမားတော်ဟဲက ထန်ချွန်းမင်၏လှုပ်ရှားမှုကို ပြင်ပေးနေသည်။ “ဖြည်းဖြည်းလုပ်ပါ။ သူ့ခေါင်းကို မင်းရဲ့လက်နဲ့ထောက်ထား။ ဒီအရွယ်ကလေးတွေက အရိုးနုနုလေးတွေ။ ဟုတ်ပြီ… ဆေးပြီးရင် မင်းကိုယ်မင်း သန့်ရှင်းရေးလုပ်ပြီး အဝတ်စားမြန်မြန်လုပ်လိုက်။ ရာသီဥတုက ပူနေသေးပေမယ့် မင်းအအေးမိသွားလိမ့်မယ်။” ထန်ချွန်းမင်၏လှုပ်ရှားမှုကို မြင်သောအခါ သမားတော်ဟဲက အတန်ငယ်ထိတ်လန့်သွားပြီး ထပ်ခါထပ်ခါ သတိပေးကာ ပြင်ပေးလိုက်ရသည်။
ကြွက်စုတ်ကို သဘက်နဲ့သုတ်ပေးပြီးနောက် ထန်ချွန်းမင်က လူယုတ်မာလေး၏တင်ပါးကို စိတ်ပျက်လက်ပျက် ရိုက်လိုက်လေသည်။ ယခုလေးတင် သန့်ရှင်းပေးထားသော ကြွက်စုတ်လေးကာ အော်ဟစ်ပြီး ထန်ချွန်းမင်၏အဝတ်အစားကို လှမ်းဆွဲတာကြောင့် ထန်ချွန်းမင်က ဒေါသထွက်သွားသည်။
သူ လှမ်းကြည့်လိုက်တော့ လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။ သူက ကြွက်စုတ်ကို ကုတင်ပေါ်တင်ကာ ပြောလိုက်သည်။ “အားဖုန်း.. ခင်ဗျားပြန်ရောက်လာပြီပဲ။ ဒီကြွက်စုတ်က တော်တော်ဒုက္ခပေးတာ။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သူ့ကို အဝတ်အစားဝတ်ပေးလိုက်။ ကျွန်တော်ရေချိုးရမယ်။” ထန်ချွန်းမင်က ခပ်ရွံ့ရွံ့ပြေးထွက်သွားသည်။ ကောင်ဆိုးလေးက သူ့တစ်ကိုယ်လုံးပေါ် အင်းအင်းပါချခဲ့တာဖြစ်သည်။
သမားတော်ဟဲက ခေါင်းခါယမ်းကာ အားစန်းလေးဝတ်ဖို့ သန့်ရှင်းသော အဝတ်အစားတစ်စုံထုတ်ပေးလိုက်သည်။ “အာ… ငါဒီလိုစိတ်မရှည်တဲ့ကောမျိုးကို မမြင်ဖူးပါဘူး။ တခြားမိသားစုတွေက ယောကျာ်းလေးတွေကို အရမ်းတန်ဖိုးထားတာ။ မင်ကောအာကတော့ တစ်မျိုးလေးပဲ။ ဒါပေါ့… ငါတို့အားလင်းကလည်း လိမ္မာပြီး ချစ်ဖို့ကောင်းတာကို။”
“အဘိုးဟယ်… အားလင်း ကူပေးမယ်။” အားလင်းက ကူညီဖို့ ဆင်းပြေးလာသည်။
“အေးပါ….ဟုတ်ပြီ…”
ထန်ချွန်းရုံက ဘာပြောရမလဲမသိ၍ သူ့နှာခေါင်းကိုထိလိုက်သည်။
လီဖုန်းက အားစန်းလေး၏ဗိုက်ကိုထိကာ ပြောလိုက်သည်။ “ကျွန်တော် နို့သွားနွှေးလိုက်ဦးမယ်။ သူက ဗိုက်ဆာနေလို့အော်နေတာ။”
ထန်ချွန်းမင်ပြန်ထွက်လာသောအခါ လီဖုန်း၏ရင်ခွင်ထဲမှာ လဲလျောင်းပြီး သိုးနို့ကို အားပါးတရသောက်နေသော လူယုတ်မာလေးကို သူတွေ့လိုက်ရသည်။ သူက သူ့အားမူပြန်ရောက်လာတာကို သိသွားပုံရသည်။ အားစန်းလေးက သူ့အားမူကိုရှာရန် ခေါင်းလှည့်လိုက်ပြီး သူဘာကြောင့် ငိုခဲ့တာလဲ မေ့သွားလေသည်။ သူက တေးမှတ်မထားတာကြောင့် အဘိုးကြီးဟဲက ကူကယ်ရာမဲ့သွားလေသည်။
ကလေးကိုပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက်ရှိသည့်အတွက် ထန်ချွန်းမင်က စိတ်သက်သာရာရသွားခဲ့သည်။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ ဤမျှလောက်ဒုက္ခရောက်မှန်း သူမသိခဲ့ပေ။ သူက ထန်ချွန်းရုံဘက်လှည့်ကာ ပြောလိုက်သည်။ “အားရုံ… ရွာလူကြီးရဲ့သားနှစ်ယောက်လည်း အိမ်မှာရှိတယ်။ ကောင်လေးနှစ်ယောက်နဲ့ သင့်မြတ်အောင်ပေါင်းပြီး သူတို့ကို ခရိုင်ကျောင်းနဲ့ပတ်သက်တာမေးလိုက်။ မင်း ခရိုင်ကိုသွားမလား မဆုံးဖြတ်ခင် သူတို့ကိုမေးလို့ရတယ်။”
“ဟုတ်ကဲ့…အစ်ကို.. ကျွန်တော်နားလည်ပါတယ်။” ထန်ချွန်းရုံက ကမန်းကတန်းခေါင်းညိတ်လိုက်သည်။ သူက ရွာလူကြီး၏သားနှစ်ယောက်အား ခရိုင်ကျောင်းရှိ စာသင်ကြားပုံတို့ကို မေးချင်တာကြာလှပြီဖြစ်၏။ နောင်မှာ မေးခွန်းတွေပိုမေးနိုင်ဖို့ သူတို့နဲ့မိတ်ဖွဲ့ထားနိုင်လျှင် ပိုကောင်းသည်။ သူတို့က သူ့ထက်အသက်ကြီးပြီး အသိပညာပိုရှိသည်။
“စကားမစပ်… သမားတော်ဟဲလည်းရှိတယ်။ သမားတော်ဟဲက ဆရာဝန်ဖြစ်ပေမယ့် ဆရာတွေလိုပဲ ဗဟုသုတများတယ်။ ဟုတ်တယ်မလား သမားတော်ဟဲ?” ထန်ချွန်းမင်က သူ့ညီလေးကို သတိပေးလိုက်သည်။ ထန်ချွန်းမင်၏အမြတ်ထုတ်ခြင်းခံရသော သမားတော်ဟဲက ပြောစရာစကားမရှိပေမယ့် သူက ထန်ချွန်းမင်၏ရိုးသားသော သဘောထားကို မြင်သောအခါ သဘောတူခဲ့သည်။
&&
ထန်ချွန်းမင်က သူ့ညီလေးကို ရွာလူကြီးအိမ်သို့မခေါ်သွားမီ ရှန်းဖူလန်က သူတို့ကို အရင်ခေါ်လာခဲ့လေသည်။
“သူတို့က ဒီလာပြီး တူလေးနှစ်ယောက်ကိုကြည့်ချင်တာ။ ဒါကြောင့်ငါခေါ်လာတာ။ ပြီးတော့ အားရုံလည်း ဒီရောက်နေတာကိုသိတော့ သူတို့က နောင်မှာ စာအကြောင်းဆွေးနွေးလို့ရအောင် သူနဲ့သိချင်နေတာ။”
ရှန်းဖူလန်က ထိုသို့ဆိုခဲ့သည်။ သားနှစ်ယောက်က သူတို့တူလေးအတွက် လက်ဆောင်တွေယူလာပေးတာကြောင့် ထန်ချွန်းမင်က သူတို့ကို ကျေးဇူးတင်စကားပြောလိုက်သည်။
သားနှစ်ယောက်က ဆိုင်ကိုကြည့်ဖို့သွားခဲ့ပြီး သူတို့မိသားစုအမြတ်ဝေစုရခဲ့လို့ ပျော်နေခဲ့သည်။ သို့ဖြစ်၍ သူတို့ပြန်လာသောအခါ သူတို့တူလေးနှစ်ယောက်ဖြစ်သည့် အားလင်းနှင့် အားစန်းကစားရန် အရုပ်လေးတွေယူလာခဲ့သည်။.
“ဖေဖေ.. အစ်ကိုမင်.. ဒါက ကျွန်တော်အားစန်းအတွက် ရွေးခဲ့တဲ့ ပလုတ်တုတ်ပဲ။ ကြိုက်ရဲ့လား?” ဤသည်မှာ ရှန်းဖူလန်၏ ပိုသွက်သော ဒုတိယသားဖြစ်သည်။ သူက လက်ထဲမှာအရုပ်ကိုင်ပြီး ကလေးကိုစနေသည်။ ဒင်ဒေါင်ဆိုသောအသံက ကလေး၏ဦးခေါင်းကို လည်ပတ်သွားစေပြီး ကလေးက ၎င်းကိုဆွဲယူပြီးကစားရန် လက်ဆန့်ထုတ်လိုက်သည်။
“ဖေဖေ.. ကြည့်! အားစန်းလေးက ကျွန်တော့်လက်ကိုဆွဲလိုက်တယ်။” ရှန်းဖူလန်၏အငယ်ဆုံးသားက တအံ့တသြအာမေဋိတ်ပြုလိုက်ပြီး ရှန်းဖူလန်၏အရိုက်ခံလိုက်ရသည်။ သို့သော် အကြီးဆုံးသားက တည်ငြိမ်နေပြီး ထန်ချွန်းရုံကို နှုတ်ဆက်လိုက်သည်။ “ငါက လီချိန်ကျူပါ။ ဒါက ငါ့ညီလေး လီချိန်ကျုံး.. မင်းက ထန်ချွန်းရုံဖြစ်မယ်။ မင်အားမော့ရဲ့ ညီငယ်လေး… ငါမင်းကိုတွေ့ချင်နေတာကြာပြီ။”
“ငါရောပဲ.. ငါမင်းကို မေးစရာလေးတွေရှိလို့။” ထန်ချွန်းရုံက ရှက်မနေပဲ ပြုံးပြုံးရွှင်ရွှင်ဖြေလိုက်သည်။
“မင်းတို့က အရမ်းယဥ်ကျေးနေပြီ။ အပြင်ထွက်ကစားကြ.. ငါတို့နဲ့မနေနဲ့။” ရှန်းဖူလန်က သူတို့၏အလွန်တရာယဥ်ကျေးနေသော စကားများကို နားထောင်ရတာ နေရခက်လာပြီး အမြန်မောင်းထုတ်လိုက်လေသည်။ သူတို့က ခဏလောက် အပြင်ထွက်ကစားဖို့ပဲ လိုအပ်သည်။
“ဖေဖေ… ကျွန်တော်တို့ သွားကစားတော့မယ်။”လီချိန်ကျုံးက စိတ်အားထက်သန်နေသည်။ သူက သူ့လက်ထဲရှိ ပလုတ်တုတ်ကိုအမြန်ချပြီး ထန်ချွန်းရုံကိုဆွဲကာ ပြေးထွက်သွားလေသည်။ နောက်ဆုံးတော့ သူသည် သူ့ထက်ငယ်သော ကစားဖော်နဲ့တွေ့ခဲ့ပြီဖြစ်၍ အမြန်ဆုံးသူငယ်ချင်းလုပ်ခဲ့သည်။
လီချိန်ကျူက နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာသည်။ အခန်းထဲကလူအားလုံးကို နှုတ်ဆက်ပြီးမှ သူတို့နောက်လိုက်လာခဲ့သည်။ ထန်ချွန်းမင်က ယင်းကိုမြင်တော့ ဝမ်းသာသည်။ သူလည်း ယနေ့မှ ရှန်းဖူလန်၏ သားနှစ်ယောက်နာမည်ကို သိခဲ့ရခြင်းဖြစ်သည်။
ရှန်းဖူလန်က သူတို့ကို အားကျူနဲ့ အားကျူံးလို့ခေါ်တာ သူအမြဲကြားခဲ့ရသည်။ ယခု သူ ထိုနာမည်များကိုကြားတော့ ရွာလူကြီးက သားနှစ်ယောက်အပေါ် မျှော်လင့်ချက်မည်မျှမြင့်မားသည်ကို သူသိခဲ့ရသည်။ သူတို့တွေက မိသားစုအတွက် ဂုဏ်ယူစရာဖြစ်လာမယ်လို့ သူမျှော်လင့်သည်။