Chapter 43.1
“သူခိုး”
“ဦးလေး… ရှောင်ယွင်ကိုလာကြည့်… ရှောင်ယွင်က မြင်းသေးသေးလေးဖြစ်ပြီး အရမ်းလိမ္မာတယ်။” ကံအားလျော်စွာ အားလင်းပြေးဝင်လာပြီး ထန်ချွန်းရုံကို အကူအညီမဲ့နေမှုမှ ကယ်တင်ခဲ့သည်။ ထန်ချွန်းမင်က သူ့ကိုလက်ယမ်းပြကာ အပြင်ထွက်ဖို့ပြောခဲ့သည်။
ထန်ချွန်းရုံက သူ့နှာခေါင်းကိုထိကာ သူ့အစ်ကိုအား အမှုထမ်းနေသော အမျိုးသားကို နောက်တစ်ကြိမ်ပြန်ကြည့်၍ အားလင်း၏ခေါ်ဆိုမှုအောက်မှာ အပြင်လျှောက်ထွက်သွားခဲ့သည်။
.
“ဆိုးလိုက်တာ။” သူ့ယောက်ဖထွက်သွားတာကိုတွေ့တော့ လီဖုန်းက ထန်ချွန်းမင်၏နှာခေါင်းကို ငုံ့ကိုက်လိုက်သည်။ ထန်ချွန်းမင်က ရှက်ရိပ်သန်းသွားလေ၏။
သူ့ကို ဒီလိုလေသံနဲ့ ပြောဖို့အဆင်ပြေလား? အစ်ကိုဖုန်း…. မင်းဒီလိုဆက်လုပ်နေရင် မင်းရဲ့ပုံရိပ်ကို ဆက်ထိန်းထားနိုင်မှာမဟုတ်တော့ဘူး။
အားလင်းက သူနှင့် သူ့အားမူအပေါ်ကောင်းသည့် သူ့ဦးလေးကို မှတ်မိတာကြောင့် သူက သူ့အကြိုက်ဆုံးမြင်းကြီးကို ဦးလေးဖြစ်သူအားပြဖို့ မစောင့်နိုင်တော့ပေ။ ထန်ချွန်းရုံက အားလင်းကိုကောက်ချီလိုက်ပြီး အားလင်းညွှန်ပြသော ခြံဝင်းအသစ်သို့ လျှောက်သွားလိုက်သည်။
ရှောင်ယွင်နှင့် ရှောင်ယွင်ကို ကျွေးမွေးထားပုံအကြောင်းနားထောင်ကာ ထန်ချွန်းရုံက သူ့တူလေး၏ ယခုလောက်ထိ သွက်လက်တက်ကြွနေသည့် ပုံစံမျိုးမမြင်ဖူး၍ သူ့ယောက်ဖအပေါ် အမြင်ပိုကြည်လာခဲ့သည်။
သူ သူ့အစ်ကိုနေရာသို့ရောက်တိုင်း ကြီးမားသောပြောင်းလဲမှုများနှင့် အံ့သြသင့်စရာများကို ခံစားရသည်။ ယနေ့မှာ ခြံဝင်းဟောင်းက စိတ်လန်းစိုပြေနေ၏။ လမ်းလျှောက်သည့်အခါ ထူးဆန်းသော လယ်တောအိမ်ရနံ့မရှိတော့ပဲ လန်းဆန်းတော့ရနံ့သင်းနေခဲ့သည်။ ထန်ချွန်းရုံက စံပယ်အဖူးအငုံလေးများကို တွေ့လိုက်ရသည်။
ခြံဝင်းအသစ်၏တံခါးကို ဖွင့်လိုက်ချိန်မှာ ကြက်တွန်သံ၊ခွေးဟောင်သံ၊ သိုးခြံထဲက သိုးတွေကစားနေပုံနှင့် ၎င်းက ဘယ်လောက်အသက်ဝင်နေသလဲဆိုတာကို အံ့အားသင့်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြေနေပြီး ကွက်ကွင်းမှုမရှိသော လယ်ရှုခင်းမျိုးမရှိပေ။
“ဦးလေး… မြင်းတင်းကုပ်က ဒီမှာ” အားလင်းက သူ့လက်လေးကိုဆန့်ကာ မြင်းတင်းကုပ်အား စိတ်အားထက်သန်စွာ ထိုးပြလိုက်ပြီး သူ့ဦးလေးအား ထိုနေရာသို့မြန်မြန်သွားဖို့ လှုံ့ဆော်လိုက်သည်။ သူတို့မရောက်ခင်မှာ ထန်ချွန်းရုံက တခြားကလေးနှစ်ယောက်၏ ရယ်မောသံကို ကြားလိုက်ရသည်။ ထိုနေရာမှာရှိနေတာသေချာ၏။
“ဦးလေး..အားလင်းကို အမြန်အောက်ချပေးပါ။ အားလင်းတစ်ယောက်တည်းသွားချင်တယ်။” အားလင်းက ရုန်းရင်းပြောလိုက်သည်။ ထန်ချွန်းရုံက သူ့ကိုအောက်ချပေးပြီး သူက တာမောင်းနှင့် အာမောင်းဆီသို့ ပြေးသွားခဲ့သည်။
မြင်းတင်းကုပ်က ရှေ့နားမှာရှိပြီး သူတို့ပထမဆုံးမြင်လိုက်ရသည်မှာ သူ့ယောက်ဖလောင်း သူတို့အိမ်ကိုစီးလာသော အရပ်ရှည်ရှည်မြင်းဖြစ်၏။ ထန်ချွန်းရုံက မြင်းများကို ရှားရှားပါးပါးမြင်ဖူးသည့်တိုင် ဤမြင်းသည် ရှားပါးသော မြင်းကောင်းဖြစ်ကြောင်း သိနိုင်သည်။ နောက်ပြီး သူက ၎င်းကို လမ်းတစ်လျှောက်လုံးစီးခဲ့ရသည်အထိ ကံကောင်းသည်။ ဤခံစားချက်က သူ့ကို ခဏတာစိတ်လှုပ်ရှားစေသည်။
“ဦးလေး… ဒါက ရှောင်ယွင်…. သားတို့ရဲ့ မြင်းပေါက်လေး…” အားလင်းက သူ့ဘေးက မြင်းဖြူလေးကို လက်ညိုးထိုးပြပြီး သူ့ဦးလေးကို ဂုဏ်ယူစွာပြောလိုက်၏။
မြင်းကြီးက ထန်ချွန်းရုံကို မှတ်မိပုံရပေမယ့် သူလာတာကိုတွေ့သောအခါ မထီမဲ့မြင်ပြုပြီး မျက်နှာလှည့်သွားသည်။
ထန်ချွန်းမင်က သူ့နှာခေါင်းကိုပွတ်လိုက်ပြီး သူမနက်က ငတုံးလိုပြုမူခဲ့တာကို မှတ်မိသွားသည်။ သူ့ယောက်ဖလောင်းက သူ့ကိုမြင်းပေါ် သယ်ပေးခဲ့ရခြင်းဖြစ်၏။ သူကိုယ်တိုင်မတက်နိုင်ခဲ့ပေမယ့် ၎င်းက သူလေ့ကျင့်ခန်းသိပ်မလုပ်လို့ဖြစ်၍ အနာဂတ်မှာ တိုးတက်အောင်လုပ်ရမည်။ သို့ပေမယ့် ဆယ့်တစ်နှစ်အရွယ် ကလေးမှာလည်း ကိုယ့်ကိုကိုယ်လေးစားမှုရှိသည်။
မြင်းပေါက်လေးသည် လူသစ်လေးကိုအနံ့ခံဖို့ မတ်တပ်ရပ်လိုက်သည်။ ၎င်းက လှပသောမြင်းပုလေးတစ်ကောင်ဖြစ်၏။ ထန်ချွန်းရုံက သူ့ကိုယ်သူ မိသားစုကိုထောက်ပံ့နိုင်သည့် ယောကျာ်းမဟုတ်ဘူးလို့ သတ်မှတ်ထားသော်လည်း သူက စိတ်လှုပ်ရှားလာပြီး မြင်း၏လည်ပင်းကိုထိလိုက်သည်။ “သူ့နာမည်က ရှောင်ယွင်လား? မင်းတို့ဘယ်တုန်းဝယ်လိုက်တာလဲ?”
တာမောင်းနှင့် အာမောင်းက ရှောင်ယွင်လေးကို ဦးလေးဖုန်းနှင့် မိတ်ဆက်ပေးဖို့ စိတ်စောနေပြီး နံရံပေါ်က စာရွက်ကိုပြလိုက်လေသည်။ ထန်ချွန်းရုံပင်လျှင် မနာလိုဖြစ်သွားခဲ့သည်။
သူက ရင့်ကျက်ချင်ယောင်ဆောင်နေသော်လည်း သူဟာ ဆယ့်တစ်နှစ်အရွယ်သာရှိသေးပြီး တာမောင်းထက် သုံးနှစ်ကြီးသည်။ သူက ယောက်ဖလောင်း၏အပြုအမူနှင့် သူ့အစ်ကို၏စီမံမှုကို သဘောကျသည်။
ထန်ချွန်းရုံနှင့် ကလေးသုံးယောက်က လီဖုန်းညစာစားဖို့ခေါ်သည့်တိုင် ထွက်လာဖို့ တုံ့ဆိုင်းနေကြသည်။ မြင်းမွေးမြူခြင်းက အသိပညာများစွာလိုအပ်ပြီး ဤကလေးများက ၎င်းတို့ကိုနားလည်ကြောင်း ထန်ချွန်းရုံသိသွားခဲ့သည်။
ကလေးသုံးယောက်ကို မြင်းပေါက်ပျိုးထောင်ခွင့်ပေးသည့် သူ့အစ်ကိုကြီးက ပိုလို့တောင် တော်သေးသည်။
သူ့ညီလေးလည်း မြင်းတွေကိုသဘောကျတာ သိလိုက်ရသဖြင့် ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “မင်းလည်း နောင်မှာ လှည်းနဲ့မြင်းရှိလာလိမ့်မယ်။ အခုရှားတော့ရှာသွားပြီ။ အနာဂတ်မှာ သူတို့က အခုလိုမျိုး စျေးကြီးတော့မှာမဟုတ်ဘူး။ ငါတောင် ထိခွင့်ရတော့မယ်မထင်ဘူး။”
အပိုဟင်းလျာများကြောင့် ထန်ချွန်းမင်က တာမောင်းနှင့်အာမောင်းကို ညစာစားဖို့ ခေါ်ထားလိုက်ပြီး အစောပိုင်းက သူ့တိုအိမ်ကို အကြောင်းကြားရန် လီဖုန်းကိုလွှတ်ခဲ့သည်။ ယခုမူ မင်အားမော့၏စကားကိုကြားတော့ တာမောင်းနှင့်အာမောင်းက ထန်ချွန်းရုံကို အာမခံလိုက်လေသည်။
“ဦးလေးလာရင် သားတို့က ရှောင်ယွင်ကိုပေးစီးမှာပါ။” အမှန်မှာ သူတို့မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော အမူအရာများရှိသေးသည်။ တခြားကလေးတွေ မြင်းကိုလာကြည့်သည့်အခါ သူတို့က အနီးကပ်မခံတာကြောင့် ယနေ့မှာတော့ သူတို့က ထန်ချွန်းရုံကို အလွန်ရက်ရောနေခြင်းဖြစ်၏။
ထန်ချွန်းရုံက ရယ်ရယ်မောမောနဲ့ ကလေးသုံးယောက်၏ခေါင်းကို ပုတ်လိုက်သည်။ “ဦလေးက မင်းတို့နဲ့ မပြိုင်ပါဘူးကွာ။ ဒါပေမယ့် မင်းတို့သူ့ကိုဂရုစိုက်ရမယ်နော်။ မဟုတ်ရင် ဦးလေးယူသွားလိုက်မှာ”
သူက လူကြီးဖြစ်တာကြောင့် ကလေးတွေနဲ့ပြိုင်စီးလို့မရပေ။ ထို့အပြင် သူက အနာဂတ်မှာ သူ့ကိုယ်ပိုင်မြင်းရှိလာမယ်ဆိုသည့် သူ့အစ်ကို၏စကားကိုယုံသည်။
ညစာစားပွဲဝိုင်းတွင် ထန်ချွန်းရုံ၏အာရုံက သူ့ယောက်ဖလောင်းဆီသို့ တဖြည်းဖြည်းပြောင်းသွားလေသည်။ သူက သူ့ယောက်ဖလောင်းကို သူ့အစ်ကိုပေါ်ကောင်းလား လေ့လာချင်သေးသည်။
ဤလေ့လာဆန်းစစ်မှုအပြီးတွင် ဤလူသည် သူ၏ကနဦးအထင်အမြင်နှင့် ကွာခြားတာကို သိခဲ့ရသည်။ အိမ်မှာ သူ့အားမူနှင့် သူ့ကို စကားပြောနေစဥ် ထိုလူ၌ တင်းမာသောမျက်နှာထားရှိပြီး နောက်လိုက်များပင် လေးနက်လာသည်အထိ ယဥ်ကျေးလွန်းသည်။ သို့သော် သူ့အစ်ကို၏အိမ်မှာတော့ ထိုလူက စားပွဲဝိုင်းက လူအားလုံးကို ဂရုစိုက်လေသည်။
သူ့အစ်ကိုက သူ့ကိုထမင်းထည့်ပေးပြီး အားလင်းလေးကလည်း ဂရုစိုက်ခံရလေသည်။ သူကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ ဂရုစိုက်ခံရပြီး သူစားချင်သောဟင်းကို ရွေးချယ်ခွင့်ရသည်။ ထိုလူက သူ့ကို ပညာရှင်တွေ လေ့ကျင့်ခန်းလုပ်ဖို့လိုကြောင်းလည်း ပြောခဲ့သည်။
တချို့လူတွေက အင်ပါယာစာမေးပွဲကိုပင် မဖြေနိုင်ပဲ အခန်းထဲမှ ထုတ်ခံခဲ့ရတယ်လို့ သူကြားခဲ့သည်။
ဒီလူက သူတို့မနက်စာစားပွဲမှာ စကားနည်းခဲ့တဲ့သူလား?
ထန်ချွန်းမင်က မျက်လုံးတဝဲလည်နေသော သူ့ညီလေးကို ပြုံးပြလိုက်တော့ သူ့ညီလေးက ရုတ်ချည်းရှက်သွားလေသည်။ သူ့အစ်ကိုဖြစ်သူက သူ၏လုပ်ရပ်များကို ဖမ်းမိခဲ့သော်လည်း ယင်းမှာ တရားမျှတသည်ဟု သူထင်မိသည်။ သူကသာလျှင် သူ့အစ်ကိုကို စောင့်ရှောက်ရမှာဖြစ်၍ သူ ထိုလူကို အနီးကပ်စောင့်ကြည့်သင့်သည်။
ညစာစားပြီးနောက် လီဖုန်းက စားပွဲနှင့် မီးဖိုချောင်ကိုရှင်းပြီး အချိန်ဖြုန်းမနေပေ။ သူက ညီအစ်ကိုနှစ်ယောက်ကို ပြောလိုက်သည်။ အထူးသဖြင့် သူက ထန်ချွန်းရုံကို ညဘက်မှာသတိရှိရန်နှင့် တစ်ခုခုဖြစ်လာလျှင် သူ့ကိုလာခေါ်ဖို့ သတိပေးလိုက်သည်။ ထို့နောက် သူက အိမ်ပြန်သွားခဲ့သည်။
ယခုတစ်ကြိမ်မှာ ထန်ချွန်းရုံက သူ့ကိုလိုက်ပို့ပေးခဲ့သည်။ သူ့အစ်ကို မကြာခဏနိုးလာတာမျိုး ညသန်းခေါင်မှာ ဗိုက်ဆာလာတာမျိုး… စသဖြင့် ညဘက်မှာ ကြုံရနိုင်သည့် အခြေအနေများကို ပြောပြကာ လီဖုန်းက သူ့အား သူ့အစ်ကိုကိုစောင့်ရှောက်ရန် မှာခဲ့သည်။
“ကျွန်တော်နားလည်ပါတယ်။ အစ်ကို့ကို သေချာစောင့်ရှောက်မှာပါ။” ထန်ချွန်းရုံက သည်းမခံနိုင်တော့၍ ပြန်ဖြေလိုက်ရသည်။ ယင်းမှာ သူ့အစ်ကိုဖြစ်၏။ သူ့အစ်ကိုကို စောင့်ရှောက်ပြီး အပြင်လူလို ကျေးဇူးတင်ခံရမှာလား? အဲ့ဒါက ထန်ချွန်းရုံကို အပြင်လူဖြစ်မသွားစေဘူးလား? သူက စိတ်သဘောထားကျဥ်းမြောင်းလို့မဟုတ်ပါပဲ ဤကြမ်းတမ်းသော လူကြီးက ရုတ်တရက် မြည်တွန်တောက်တီးနေပြီး မဆီလျော်လှပေ။
တံခါးပိတ်ပြီး ခြံထဲရှိသိုးခြံနှင့် မြင်းတင်းကုပ်ကို စစ်ဆေးပြီးနောက် ထန်ချွန်းရုံက အိမ်ထဲဝင်ကာ သူ့အစ်ကိုကိုပြောလိုက်သည်။ “အစ်ကို…. အစ်ကိုလီဖုန်းက အမြဲတမ်းဒီလိုပဲလား?”
“မင်းသူ့ကိုစိတ်မရှည်လို့လား?” ထန်ချွန်းမင်က သူ့ညီ၏မျက်လုံးထဲက ထူးဆန်းမှုကိုတွေ့သည်။ ယခင်က သူလီဖုန်းအပေါ်ထားရှိသော အမြင်မှာ ယနေ့ည သူတွေ့ခဲ့ရတာနဲ့ ကွာခြားမည်ဟု သူခန့်မှန်းမိသည်။
သူက သူ့ညီကို နှစ်သိမ့်လိုက်သည်။ “အတွေးမလွန်နဲ့… မင်းရှင်သန်ရဦးမယ်။ ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်း ငါ့လက်ထဲမှာပဲ။ သူငါ့ကိုအနိုင်ကျင့်မှာ စိုးရိမ်နေတုန်းလား?”
ထန်ချွန်းမင်က လီဖုန်းကို နည်းနည်းလေးချီးကျူးလိုက်သည်။ သူ့ညီလေးက လီဖုန်းအား မလိုမုန်းထားစိတ်နှင့် အမြဲကြည့်ရှုနေမှာကို သူခွင့်မပြုနိုင်ပေ။
“အော်…” ထန်ချွန်းရုံက ဘာပြောရမလဲမသိပဲ မှုန်ကုပ်ကုပ်ဖြေလိုက်သည်။ သို့ဖြစ်၍ သူက အားလင်းကိုဖက်ကာ နှစ်သိမ့်မှုကို ခံယူလိုပေမယ့် အားလင်းက စကားအနည်းငယ်ပြောပြီးနောက် ဦးလေးဖုန်းဘက်ကရပ်တည်ခဲ့သည်။ ထန်ချွန်းရုံက ပင်ပန်းနွမ်းနယ်မှူမလျော့သွားပဲ ပို၍ပင် စိတ်ပူလာခဲ့သည်။ သူ့ယောက်ဖလောင်းက သူ့အစ်ကိုနှင့် သူတူလေး၏နှလုံးသားကို ရပြီးသားဖြစ်၏။
သို့သော် သူ့ယောက်ဖလောင်းက သူ့အစ်ကိုကို ပိုင်ဆိုင်မှုအားလုံးလွှဲပေးထားသည်ကို သူယုံကြည်ပေးရမည်။ အမှန်တိုင်းဆိုရလျှင် လူအနည်းငယ်ကသာ ထိုသို့လုပ်နိုင်မည်။ ထန်ချွန်းရုံက စိတ်မချမ်းမသာဖြစ်နေဆဲပင်။ သူ့အစ်ကိုက ဝတ်ပြုဆုတောင်းနေဆဲဖြစ်တာကြောင့် ကြီးကြီးမားမားလုပ်လို့မရတာသေချာသည်။
သူက သူ့အစ်ကို အမြဲတစေ ဆင်းရဲဒုက္ခခံစားခဲ့ရတယ်လို့ ထင်မိသည်။ သို့ဖြစ်၍ သူအားလင််းကိုဖက်ကာ သူ့အစ်ကိုကိုပြောလိုက်သည်။ “အစ်ကို… ဝတ်ပြုဆုတောင်းကာလပြီးမှ အောင်သွယ်တော်ကို လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ လုပ်ခိုင်းလို့မရဘူးလား?” သူ့အစ်ကိုနောက်တစ်ကြိမ်လက်ထပ်လျှင်ပင် တခြားသူတွေမနာလိုဖြစ်ပြီး သူ့အစ်ကိုမျက်နှာရစေမည့် ကြီးကျယ်သောအခမ်းအနားဖြင့် မင်္ဂလာဆောင်သင့်သည်။
ထန်ချွန်းမင်က သူ့ညှီနဲ့စကားပြောနေရင်း အိပ်ရာခင်းနေ၏။ သူ ထိုစကားကြားတော့ ထိုင်ချလိုက်ပြီး လီဖုန်းနဲ့ပတ်သက်ပြီး စိတ်မပူဖို့ပြောလိုက်သည်။
လီဖုန်းမှာ တစ်ကိုယ်ကောင်းဆန်သောလှုပ်ရှားမှုနှင့် ဤဆက်ဆံရေးကို အမြန်ဆုံးတည်ငြိမ်စေချင်ကြောင်း သူသိသည်။ “သူ ပိုက်ဆံတွေအများကြီးယူလာတာကို လီမိသားစုအပါအဝင် ဘယ်သူမှမသိကြဘူး။ ဒါပေမယ့် မကြာသေးခင်က သူ တောင်ဝယ်ဖို့ ငွေပြားတစ်ထောင်သုံးခဲ့ပြီး ငါ့အမည်ပေါက်လဲပေးခဲ့တယ်။ လီမိသားစုက ပုံကြီးမချဲ့ပဲ ထိုင်ကြည့်နေပါ့မလား? အဲ့ဒီလူတွေ ငါ့ကိုလာနှောင့်ယှက်မှာစိုးရိမ်လို့ သူက ပြဿနာတွေကင်းသွားအောင် ဒီဆက်ဆံရေးကို တရားဝင်စေချင်တာ။”
ထန်ချွန်းရုံက အနည်းငယ်အံ့သြသွားသည်။ “အဲ့လောက်တောင်လား? ဒါပေမယ့် အစ်ကိုက လွင်တီးခေါင်တောင်ကုန်းကို ဘာလုပ်ချင်တာလဲ?
ထန်ချွန်းမင်က သူ့ညီလေး၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “ကြက်မွေးမယ်။ သိုးမွေးမယ်။ သီးပင်စိုက်ပြီး ချမ်းသာအောင်လုပ်မယ် မင်းရဲ့အစ်ကိုက အနာဂတ်မှာ ဒေသခံသူဌေးဖြစ်လာမယ်။ မင်းက အင်ပါယာစာမေးပွဲကို မြန်မြန်ဖြေပြီး မင်းအစ်ကိုရဲ့နောက်မှာနေပေး။ ဒါဆိုရင် မင်းအစ်ကိုချမ်းသာလာတဲ့အခါ ဘယ်သူမှမနာလိုမဖြစ်တော့ဘူး။”
“အစ်ကို….” ထန်ချွန်းရုံက ရယ်လိုက်မိသည်။
သူ့ညီငယ်လေးရောက်လာတာကြောင့် ထန်ချွန်းမင်က သူ့အတွက် တစ်ခန်းပြင်ပေးထားသည်။ ထန်ချွန်းမင်က သူ့အခန်းထဲပြန်လာအိပ်ပြီး သူ့ညီပြောတာကို စဥ်းစားနေ၏။ သူက ညသန်းခေါင်ထိ ငိုက်မျဥ်းနေဆဲဖြစ်ကာ သူ့အစ်ကို၏လှုပ်ရှားမှုကို သတိထားနေသည်။ သူက လီဖုန်းမပြန်ခင် ပြောခဲ့တာကို မှတ်ထားသည်။
ထိုအတိုင်းပင် ည၏ဒုတိယအဖြတ်မှာ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခါနီးတွင် ခြံထဲက အသံတစ်ခုကြောင့် ရုတ်တရက်နိုးလာခဲ့သည်။ ထန်ချွန်းမင်က သူ့ညီလေးအိမ်မှာရှိတာသိသိလျက် ကုတင်ပေါ်မှ ရုတ်ချည်းထထိုင်လိုက်သည်။ သူက သတိလက်လွတ်မဖြစ်ဝံ့တာကြောင့် ပြတင်းပေါက်ပေါ်တက်ကာ အပြင်မှလှုပ်ရှားမှုကို အာရုံစိုက်နားထောင်လိုက်သည်။
ဆူညံသံကိုမကြားရမီ အင်းဆက်နှင့်ဖားသံသာရှိသည်။ ထို့နောက် သူက မြင်းအော်သံ၊ခွေးဟောင်သံနှင့်အတူ ခြံအသစ်ထဲမှ အော်သံယဲဲ့ယဲ့ကို ကြားလိုက်ရသည်။
ထန်ချွန်းမင်က အလွန်ထိတ်လန််သွားပြီး ကမန်းကတန်း တွားသွားကာ ကုတင်ပေါ်မှ လှိမ့်ချလိုက်သည်။ သူ၏ပထမဆုံးတုံ့ပြန်မှုက သူ့ညီလေးနှင့် သူ့သား၏အခန်းထဲ ပြေးဝင်ခြင်းဖြစ်၏။
___________
Chapter 43.2
သူ့အစ်ကိုအခန်းထဲက ဆီမီးခွက်မှာ လင်းထိန်နေသည်။ ထန်ချွန်းရုံက စိုးရိမ်သွားသည်။ “အစ်ကို…ကျွန်တော်အပြင်မှာရှိတယ်… ထွက်မလာနဲ့နော်။ ဘာတွေဖြစ်နေတာလဲ သွားကြည့်လိုက်မယ်။ အစ်ကိုသတိထားပါ။ တံခါးမဖွင့်နဲ့။”
“အားရုံ… မင်းလည်းသတိထားပါ။ လှုပ်ရှားမှုတစ်ခုခုရှိရင် မင်းအစ်ကိုလီဖုန်းရောက်လာလိမ့်မယ်။ ထန်ချွန်းမင်၏စိုးရိမ်နေသောအသံက အခန်းထဲမှထွက်လာသည်။
“နားလည်ပြီအစ်ကို!” ထန်ချွန်းရုံက နံရံမှာချိတ်ထားသော တုတ်တစ်ချောင်းကိုယူပြီး ဆူညံသံလားရာကို သတ္တိရှိရှိလျှောက်သွားခဲ့သည်။
အခန်းထဲတွင် ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာထိုင်နေပေမယ့် သူ့ဘေးမှာတော့ အားလင်းမရှိပေ။ သူက ဆူညံသံကြားသည်နှင့် အားလင်းကို နေရာလွတ်ထဲအမြန်ပို့ထားသည်။ သို့ဖြစ်၍ ယခုချိန်မှာ အားလင်းက တခြားနေရာတစ်ခု၌ အိပ်မောကျနေ၏။
ရှောင်သိုက်ကလည်း အခန်းထဲမှာရှိပြီး အပြင်ဘက်ဆီကို ကလေးသံဖြင့်အော်ဟစ်ကာ တံခါးကိုခြေသည်းနဲ့ကုတ်ခြစ်နေပြီး အပြင်ထွက်ဖို့ကြိုးစားနေသည်။
ထန်ချွန်းမင်က သူ့ကိုတားလိုက်တော့ သူက အမြီးတွန့်ပြပြီး သူ့သခင်ကို နှစ်ကြိမ်ဟောင်ကာ ခန်းကုတင်ရှေ့မှာထိုင်ပြီး အပြင်လမ်းကြောင်းကိုကြည့်နေ၏။ မသိလျှင် လှုပ်ရှားမှုတစ်ခုခုရှိတာနဲ့ သူ့သခင်ရှေ့မှာ ကာကွယ်ပေးတော့မလိုပင်။
ထန်ချွန်းမင်က မျက်မှောင်ကြုတ်ကာ အားရုံ၏လုံခြုံရေးကို စိတ်ပူနေ၏။ တကယ်တော့ သူက ဆယ့်တစ်နှစ်အရွယ်ပဲရှိသေးသည်။ ယနေ့အားရုံမလာခဲ့လျှင် သူစိတ်သက်သာရာရလောက်သည်။ လီဖုန်းက သတိရှိပြီး ဆူညံသံကြားတာနဲ့ အမြန်ပြေးလာလောက်သည်။
သူ့မှာ အရံအဖြစ် နေရာလွတ်ရှိပြီး ယခုလို အရေးကြီးအခိုက်အတန့်မှာ လုံခြုံစေဖို့ နေရာလွတ်ထဲပုန်းအောင်းလိုက်လို့ရသည်။ ဘယ်သူချိုးဝင်လာဖို့ကြိုးစားပါစေ အောင်မြင်မှာမဟုတ်ပေ။
အပြင်က ကျင်းဖုန်းနှင့် ရှောင်ဟွာကိုလည်း လျှော့တွက်လို့မရချေ။
ခြံအသစ်မှအသံထွက်လာခဲ့သည်။ ထန်ချွန်းမင်က ခြံဝင်းနှစ်ခုကြားရှိ တံခါးဆီသို့လျှောက်သွားခဲ့သည်။ တံခါးမဖွင့်ခင်မှာ ခြံတံခါးက တစ်ဖက်ကနေ ရုတ်ချည်းပွင့်လာခဲ့သည်။ ထို့နောက် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာပြီး တုတ်ဝှေ့ယမ်းနေသော ထန်ချွန်းရုံကို ထိတ်လန့်သွားစေကာ အသံလမ်းကြောင်းဆီသို့ မဝှေ့ယမ်းမီ အချိန်မီနောက်ပြန်လှည့်လိုက်သည်။ “အားရုံ…. ငါပါ.. တစ်ယောက်ယောက်ဖောက်ဝင်လာတာ ဒါပေမယ့် ကျင်းဖုန်းနဲ့ ရှောင်ဟွာက သူ့ကိုလုပ်ကြံခဲ့တယ်။ မင်းက မင်းအစ်ကိုဘေးကိုသွား.. ငါဒီမှာရှိတယ်။”
ထန်ချွန်းရုံက ပါးစပ်အကြာကြီးဖွင့်ထားသော်လည်း ဘာအသံမှထွက်မလာပေ။ အိုး…. အချိန်တိုတွင်း ရောက်လာဖို့ ဘယ်လောက်တောင် သတိရှိလို့များလဲ? ဒါပေမယ့် သူက ခြံသစ်ကိုဘယ်လိုဝင်လာတာလဲ? ထန်ချွန်းရုံ မေးခွန်းမမေးနိုင်ခင်မှာ ခြေလှမ်းများဝေးသွားတာကို သတိထားမိလိုက်သည်။
ထန်ချွန်းရုံက လန့်လွန်းတာကြောင့် ချွေးများယိုစီးနေ၏။ ထိုမှသာ သူဖိနပ်မစီးထားပဲ ခြေထောက်ဗလာနဲ့ပြေးလာတာကို သိလိုက်ရသည်။
လေတိုက်သောအခါ အပူချိန်က ညသန်းခေါင်မှာ အေးနေဆဲဖြစ်၏။ သူက သူ့အစ်ကိုစိတ်အေးစေဖို့ အမြန်သတင်းရန် ပြန်ဝင်သွားခဲ့သည်။ ထိုနောက်မှသာ သူ့အစ်ကိုအိမ်ထဲဝင်လာသော သူခိုးကိုသိနိုင်ရန် ပြန်ထွက်လာခဲ့သည်။
သူရောက်လာတာကောင်းသည်ဟု ထင်မိသည်။ မဟုတ်ပါက သူ့အစ်ကို ဖျင်ရှန်ရွာမှာ အနိုင်ကျင့်ခံရပြီး ဘယ်သူကမှ တရားမျှတမှုရှာပေးမှာမဟုတ်ပေ။ ယခုကိစ္စငြိမ်သွားလျှင် သူ ရွာလူကြီးနဲ့စကားပြောဖို့ သွားရှာမည်။
“အစ်ကိုကြီး…..”
“မြန်မြန်ဝင်လာ.. ခန်းကိုမီးမွှေးလိုက်။ အအေးမမိအောင်သတိထား။” ထန်ချွန်းမင်က အပြင်ကလှုပ်ရှားမှုကို အာရုံစိုက်လိုက်တော့ သူ လီဖုန်းအသံကိုကြားလိုက်ရသည်။
သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေမယ့် သူက လီဖုန်းအသံကြားတော့ စိတ်သက်သာရာရသွားသည်။ လီဖုန်းလက်ကနေ လွတ်မြောက်နိုင်သည့်သူ ရွာမှာရှိမယ်လို့ သူမထင်ပေ။ ထိုအစား သူ့ကိုစိတ်ပူစေတာ သူ့ညီဖြစ်သည်။
အိမ်ထဲဝင်ပြီးနောက် သူ့တူလေး အနှောင့်အယှက်မဖြစ်ပဲ အိပ်မောကျနေတာကိုတွေ့တော့ ထန်ချွန်းရုံက စိတ်အေးသွားသည်။
အနည်းဆုံးတော့ သူက ထိတ်လန့်မသွားခဲ့ပေ။ အစ်ကိုဖြစ်သူ သူ့ခေါင်းပေါ်အုပ်လိုက်သော အဝတ်စက သူ့ကိုဖုံးလွှမ်းသွားခဲ့သည်။ သို့သော် သူက သူ့အစ်ကို၏စကားကို နားမထောင်ပဲ ခန်းကုတင်ပေါ်ကိုသွားလိုက်သည်။
သူ ထိုနေရာက အခြေအနေကို သွားကြည့်ဖို့လိုသည်။ “အစ်ကို… ခင်ဗျား ခန်းကုတင်ပေါ်ကိုသွားပါ။ ကျွန်တော်ကအဆင်ပြေတယ်။ ယောကျာ်းတွေက အင်အားကြီးတယ်။ အစ်ကိုလီဖုန်းရောက်လာပြီမို့ အစ်ကိုစိတ်အေးသွားအောင် လာပြောပြတာ”
ထန်ချွန်းမင်က သူ့ညီကိုစိုက်ကြည့်လိုက်သည်။ သူက သူ့ကိုယ်သူယောကျာ်းလို့ပြောပေမယ့် သူသည်ကား လူကြီးပေါက်စလေးသာဖြစ်၏။ သူ့ခြေဗလာကိုတွေ့တော့ သူက အမြန်ပြောလိုက်သည်။ “မင်းအခန်းထဲပြန်သွား။ ဖိနပ်ဝတ်ပြီး အဝတ်အစားလဲလိုက်။ ပြောစရာရှိရင် နောက်မှလာတော့။”
“ဟာ!” ထန်ချွန်းရုံက သူ့အခန်းထဲကို အလွန်လျင်မြန်သောနှုန်းဖြင့် ပြေးသွားခဲ့သည်။
တာရှန်၏အိမ်၌ ကျန်းရှို့က ငိုက်မျဥ်းစွာနိုးလာပြီး ခန်ကုတင်ပေါ်မှ ထဖို့ပြင်နေသည့် သူ့ခင်ပွန်းကိုတွေ့လိုက်ရသည်။ သူက မျက်လုံးဖွင့်ဖို့ ရုန်းကန်ရင်းပြောလိုက်သည်။ “မင်းညသန်းခေါင်မှာ ဘာလုပ်နေတာလဲ?”
တာရှန်သည်ကား မူလက သူ့ခင်ပွန်းကို မနှောင့်ယှက်ချင်သော်လည်း ယခုမူ သူလည်းနိုးနေသဖြင့် ညွှန်ကြားချက်များပေးဖို့လိုသည်။ သူက လှည့်ပြောလိုက်သည်။ “ငါ မင်ကောအာရဲ့အိမ်မှာ လှုပ်ရှားသံတချို့ကြားလိုက်တယ်။ ဒါကြောင့် တစ်ချက်သွားကြည့်မလို့။ မင်းအိပ်နှင့်လိုက်။ အားလုံးအဆင်ပြေရင် မြန်မြန်ပြန်လာခဲ့မယ်”
ကျန်းရှိူ့က ရုတ်တရက်နိုးလာပြီး “မင်ကောအာရဲ့အိမ်မှာ လှုပ်ရှားမှုတချို့ရှိနေတာလား? မဟုတ်သေးဘူး။ ကျွန်တော်လည်း ခင်ဗျားနဲ့လိုက်ခဲ့မယ်။ စိတ်ပူတယ်။”
တာရှန်က ထိုစကားကို အဓိပ္ပါယ်ရှိတယ်လို့ ထင်လိုက်သည်။ မင်ကောအာက ဗိုက်ကြီးနေတာကြောင့် အားရှို့လိုက်လာပြီး ကြည့်ပေးဖို့လိုသည်။ ကျန်းရှို့က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး အဝတ်စားဝတ်ကာ တာရှန်နဲ့ထွက်သွားခဲ့သည်။ မှောင်နေသေးပေမယ့် လရောင်က လင်းနေ၏။
သူတို့က ကျေးလက်တွင် အမြဲနေထိုင်ကြပြီး ညဘက်တွင် လမ်းလျှောက်လေ့ရှိတာကြောင့် မကြာခင်မှာ သူတို့ မင်ကောအာ၏အိမ်ကိုရောက်လာသည်။ ထို့နောက် သူတို့က တံခါးမခေါက်မီ အထဲကဆူညံသံကို ဂရုတစိုက်နားထောင်လိုက်သည်။ “မင်ကောအာ? ငါပါ အားရှို့…” ကျန်းရှို့က မဝံ့မရဲ အကြိမ်များစွာအော်လိုက်လေသည်။
အသံက ညဘက်မှာ အရမ်းသိသာနေတာကြောင့် ထန်ချွန်းရုံက တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက ကျန်းရှို့နဲ့ရင်းနှီးပြီး သူ့အသံကို မှတ်မိနေတာကြောင့် သူ သူ့အစ်ကိုကိုအသိပေးပြီး ခြံတံခါးဖွင့်ဖို့ ထွက်သွားခဲ့သည်။
ကျန်းရှို့က ထန်ချွန်းရုံကိုတွေ့သည်နှင့် စိုးရိမ်တကြီးမေးလိုက်လေသည်။ “မင်ကောအာအဆင်ပြေလား? အိမ်မှာ သူခိုးရှိနေတာလား ဒါမှမဟုတ် အနောက်ဘက်က တစ်ယောက်ယောက်ဖောက်ထွင်းနေတာလား?”
“အစ်ကိုတာရှန် … အစ်ကိုရှို့….” ထန်ချွန်းရုံက သူတို့ကို အရင်ကြိုဆိုလိုက်ပြီး သူတို့နောက်ကတံခါးကိုပိတ်ကာ ပြောလိုက်သည်။ “ကျွန်တော့်အစ်ကို အိမ်ထဲမှာရှိနေတယ်။ အစ်ကိုရှို့…. အစ်ကို့ကို အဖော်လုပ်ပေးပါဦး။ အစ်ကိုလီဖုန်းက အဆင်ပြေမှာပါ။ အစ်ကိုတာရှန်နဲ့ ကျွန်တော်သွားကြည့်လိုက်မယ်။”
“ကောင်းပြီ…မင်းတို့သွားကြ..ငါမင်ကောအာကိုကြည့်ထားမယ်။” ကျန်းရှို့က တာရှန်ကို ထန်ချွန်းရုံနောက်လိုက်သွားဖို့ ကမန်းကတန်းတွန်းလိုက်ပြီး သူက အိမ်ထဲသို့အမြန်ဝင်သွားခဲ့သည်။
လီဖုန်းသည်ကား မူလက တာရှန်ကိုခေါ်ချင်ခဲ့သည်။ မင်ကောအာကို ခြံထဲမှာ တစ်ယောက်တည်းထားလို့မရချေ။ တံခါးဝမှအသံကိုကြားတော့ သူက ထိုနေရာမှာသာစောင့်ကြည့်နေ၏။ ထန်ချွန်းရုံနှင့်တာရှန်က အနီးသို့လျှောက်လာကာ မြေပြင်ပေါ်မှာ လူးလိမ့်နေသည့် ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။
သို့သော် သူ့ပါးစပ်က အဝတ်စဖြင့်ဆို့ခံထားရ၍ အသံမထွက်နိုင်ခဲ့ပေ။ သူ့လည်ချောင်းမှ တိုးညှင်းသောအသံများကို ကြားနေရသည်။ သူတို့လာတုန်းက ဘာအသံမှမကြားတာ မထူးဆန်းတော့ပေ။ အစောပိုင်းက ခဏလောက်သာအော်ပြီး ရပ်သွားလေသည်။
လရောင်အောက်တွင် ထန်ချွန်းရုံက ထိုလူ့ကို သတိမထားမိပေမယ့် တာရှန်အနားရောက်လာသောအခါ ထိတ်လန့်သွားခဲ့သည်။ “ဒါဟွမ်စစ်ကုံးမလား? ကောင်လေး! သူဘယ်လိုတောင် ခိုးဝင်ရဲရတာလဲ? လာစမ်း… သူ့ကိုရွာသူကြီးဆီခေါ်သွားမယ်… ငါတို့သူ့ကိုလွှတ်ပေးလို့မရဘူး။!”
အံ့အားသင့်ပြီးနောက် သူက ဒေါသဖြစ်သွားလေသည်။ လီဖုန်းသာ အချိန်မီရောက်မလာလျှင် မင်ကောအာနဲ့ သူ့သားလေးဘာဖြစ်သွားမလဲ တွေးပင်မတွေးနိုင်ချေ။ အထူးသဖြင့် မင်ကောအာက ကိုယ်ဝန်ကြီးနဲ့ဖြစ်သည်။
လီဖုန်း၊ တာရှန်နှင့် ရှောင်ဟွာက မြေပြင်ပေါ်မှာ လူးလှိမ့်နေသော ထိုလူကို စက်ဝိုင်းဖြင့်တားရန် ဘေးတစ်ဖက်ဆီမှာရပ်နေသည်။ မြေပြင်ပေါ်ကလူ ဒဏ်ရာမရလျှင်ပင် သူထွက်ပြေးနိုင်မှာမဟုတ်ပေ။ လီဖုန်း အပြင်နံရံကို ကျော်တက်လာပြီးနောက် ရှောင်ယွင်က ထိုလူကို ကန်လိုက်သဖြင့် ညသန်းခေါင်မှာ အော်သံနက်ကြီးထွက်လာခဲ့သည်။ သူ့နောက်မှရှောင်ဟွာသည်လည်း ခိုးဝင်လာသော သူခိုး၏တင်ပါးကို ပြင်းပြင်းထန်ထန် ကိုက်ခဲ့သည်။ အနက်ရောင်သွေးများက မြေပြင်ပေါ်မှာ စွန်းထင်းနေ၏။
လီဖုန်း၏လုပ်ဆောင်ချက်အသေးစိတ်ကို နားထောင်ပြီးနောက် တာရှန်က ချီးကျူးလိုက်လေသည်။ “တော်တယ်..မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ခွေးရဲ့အစောင့်စွမ်းရည်က ဒီလောက်အင်အားကြီးမယ်လို့ မထင်ထားဘူး။ အခုကစပြီး ဘယ်သူခိုးဝင်ရဲလဲ ကြည့်ကြသေးတာပေါ့!”
ထန်ချွန်းရုံက ကျင်းဖုန်း၏လည်ပင်းကို ဝမ်းသာအားရ တို့ထိလိုက်ပြီး သူ့ဒူးထက် အရပ်ရှည်သော ရှောင်ဟွာ၏ခေါင်းကိုပွတ်လိုက်သည်။ သူက အနာဂတ်မှာ သူတို့ကို ပိုကောင်းပေးဖို့တွေးထားသည်။ အင်း..သူ့ယောက်ဖလောင်းကလည်း အသုံးဝင်ပါသည်။
“အစ်ကိုတာရှန်၊ အစ်ကိုလီဖုန်း… ခင်ဗျားတို့ ရွာသူကြီးဆီသွားရင် ကျွန်တော်လည်းလိုက်ခဲ့မယ်။ တစ်ယောက်ယောက်က ကျွန်တော့်အစ်ကိုရဲ့အိမ်ကို ခိုးဝင်လာရဲတာ.. ဖျင်ရှန်ရွာက ရှင်းပြချက်ပေးဖို့လိုတယ်။” ထန်ချွန်းရုံက ရင်ကော့ကာပြောလိုက်သည်။
“ကောင်းပြီ…ကောင်လေး..သွားရအောင်…” တာရှန်က ကောင်လေးပခုံးကို ပုတ်လိုက်သည်။ ကောင်လေးက ငယ်ရွယ်သော်လည်း သူက ဇွဲ့မလျှော့ပဲ မိသားစုကို ဘယ်လိုကာကွယ်ရမလဲသိသည်။
“စိတ်မပူပါနဲ့။ မင်ကောအာကို အဖော်လုပ်ပေးဖို့ အားရှို့ကိုပြောလိုက်မယ်။ ငါတို့မကြာခင် ပြန်ရောက်မှာပါ။” အိမ်ဘက်ကို စိုးရိမ်တကြီးကြည့်နေသော လီဖုန်းကိုမြင်သောအခါ တာရှန်က ပြောလိုက်လေသည်။
လီဖုန်းက တုံ့ဆိုင်းမနေတော့ပဲ သုံးယောက်သားက မျက်စိတစ်မှိတ်အတွင်း ခြံထဲကထွက်ပြီး ညသန်းခေါင်မှာ ရွာသူကြီး၏အိမ်တံခါးကို ခေါက်ခဲ့သည်။ သူတို့က တခြားသူများ၏ အိပ်စက်ခြင်းကို မနှောင့်ယှက်ချင်ပေမယ့် ယခုကိစ္စက ချက်ချင်းဖြေရှင်းမှဖြစ်မည်။
မဟုတ်ပါက နှောင့်နှေးသွားလျှင် ဟွမ်စစ်ကုံး ဘယ်လိုငြင်းခုံမလဲ..ထိုရွာသားတွေက သူတို့အပေါ် ဘယ်လိုအပြစ်ပုံချမလဲမသိနိုင်ပေ။
ကျန်းရှို့က သူ့နောက်ကတံခါးကိုပိတ်ကာ ရှောင်ဟွာကို ခြံဟောင်းသို့ခေါ်သွားပြီး ထန်ချွန်းမင်နှင့် ဆက်စကားပြောရန် အိမ်ထဲဝင်သွားခဲ့သည်။ မင်ကောအာ ယခုချိန်အိပ်ရာဝင်လျှင် အိပ်မပျော်မှာကိုသူသိသည်။ ကံအားလျော်စွာ သူက အားလင်းကို အနှောင့်အယှက်မပေးခဲ့ပေ။ မဟုတ်ပါက အားလင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဘယ်သူမှမသိနိုင်ပေ။
“စိတ်မပူပါနဲ့.. ရွာလူကြီးနဲ့ ရွာသားတွေက မင်းကိုရှင်းပြမှာပါ။ ဒီဟွမ်စစ်ကုံးက လူယုတ်မာပဲ!” ကျန်းရှို့က ခိုးဝင်လာသော ဟွမ်စစ်ကုံးကိုမုန်းသည်။ ဤလူသည်ကား မူလက ရွာမှာ ပျင်းရိနေပေမယ့် ယခုလိုကိစ္စမျိုးလုပ်ရဲမယ်လို့ သူမထင်ထားခဲ့ပေ။ သူ ဖုန်းရှောင်ကျစ်ဆီက လက်စားချေခံရမှာ မကြောက်ဘူးလား? လီဖုန်းက ယခုဆိုလျှင် ရွာမှာနာမည်ကြီးနေသော လူကြမ်းကြီးဖြစ်၏။
“သူဘယ်လိုဖြစ်နိုင်မှာလဲ? သူက ပုံမှန်ဆို သတ္တိမရှိပါဘူး” ထန်ချွန်းမင်က ဤလူဖြစ်နေမယ်လို့ မထင်ခဲ့ပေ။ သူ့အမြင်မှာ ဤလူက အနည်းငယ်ကြောက်တတ်ပြီး ရိုင်းစိုင်းသည်။ ယခု သူစဥ်းစားကြည့်လိုက်တော့ ရှောင်ဟွာနှင့် ကျင်းဖုန်းကို မွေးထားလိုက်တာ ကောင်းသွားသည်။
တကယ်တော့ လီဖုန်းက စစ်မြေပြင်ကိုရောက်ဖူးပြီး လူရိုင်းများကို သတ်ခဲ့သည်။ ဟွမ်စစ်ကုံးကြမ်းပြင်ပေါ်မှာ လူးလိမ့်နေတယ်လို့ သူကြားခဲ့ရသည်။ ကျင်းဖုန်း၏ကန်ချက်က အတော်လေးပြင်းလောက်မည်။ သူကတော့ ထိုလူနဲ့ထိုက်တန်တယ်လို့မြင်သည်။ မင်းငါ့ဆီက လုယက်ချင်ရင်တော့ ဒါက အပေါ့ဆုံးပြစ်ဒဏ်ဖြစ်လိမ့်မယ်!
“ငါတို့ကဘယ်လိုသိမှာလဲ? ရွာလူကြီးနဲ့ တခြားသူတွေရှင်းပြတာကို စောင့်ရမှာပေါ့။ သူတစ်ယောက်တည်းလုပ်ခဲ့တာလား?.... ဒါမှမဟုတ်? မပြောဖြစ်ခဲ့သော စကားလုံးများက တခြားသူပါဝင်နေလား ဖော်ပြနေသည်။ မင်ကောအာ ဤရွာမှာ အခွင့်အာဏာရစေဖို့ ဤအခွင့်အရေးကို ချုပ်ကိုင်ကာ ထိုလူတွေကို အလွတ်မပေးမှဖြစ်မည်။ ထို့နောက် ဘယ်သူကမနာလိုဖြစ်ပြီး အနာဂတ်မှာ ပြဿနာရှာရဲမလဲ ကြည့်ရမည်။
ထန်ချွန်းမင်က မျက်မှောင်ကြုတ်ကာ ကျန်းရှို့ထည့်ပေးသော ရေနွေးတစ်ငုံသောက်ပြီး ပြောလိုက်သည်။ “ ဒီဟွမ်စစ်ကုံးဆိုတာက အရင်တစ်ခေါက် ကျန်းလန်ဟွာကို သူ့ခင်ပွန်းနဲ့ ရန်ဖြစ်အောင်လုပ်ခဲ့တဲ့လူမလား?” အားရှို့က သူ့ကို ထိုအကြောင်းပြောပြဖူးပုံရသည်။
.
“ဟုတ်တယ်…မင်းမသိတဲ့အရာတွေရှိတယ်…” သူတို့က လူစောင့်ရမှာဖြစ်၍ ကျန်းရှို့သည် ထန်ချွန်းမင်အား ထိုနှစ်က ဖြစ်ပျက်ခဲ့သမျှကို သေချာပြောပြလိုက်သည်။
_____________
Cahpter 43.3
ဟွမ်စစ်ကုံးမှာ ညီအစ်ကိုသုံးယောက်ရှိပေမယ့် အသက်ရှင်ကျန်ရစ်သူမရှိတော့တာကြောင့် သူက မိသားစုထဲမှာ တစ်ဦးတည်းရှိ၍ အလွန်ပျက်စီးနေလေ၏။ အစပိုင်းမှာတော့ သူက နည်းနည်းအပျင်းထူပေမယ့် တခြားသော ကြီးကြီးမားမားပြဿနာမရှိပေ။ သူက အတော်လေးကြည့်ကောင်းတာကြောင့် ကောတစ်ယောက်ရှာဖို့ အသက်ကြီးနေသည့်တိုင် ကျန်းလန်ဟွာက သူ့ကို သဘောကျဆဲပင်။
ကျန်းလန်ဟွာကိုယ်တိုင်က ဟွမ်စစ်ကုံးကို အရင်ရွေးချယ်ခဲ့တာဖြစ်ပြီး သူ့မိသားစုကို အောင်သွယ်တော်လုပ်ပေးစေချင်ခဲ့သည်။ သို့သော် ကျန်းလန်ဟွာ၏မွေးမိသားစုက ဖျင်ရှန်ရွာတွင် လှည့်ပတ်မေးမြန်းခဲ့ရာတွင် သူတို့က ပျင်းရိသောဟွမ်စစ်ကုံးကို သိပ်သဘောမကျခဲ့ပေ။
ထိုအစား သူတို့က လက်ရှိဟန်ကျိမိသားစုကို နှစ်သက်ကြသည်။ သူတို့မိသားစုက ဟွမ်စစ်ကုံးမိသားစုထက် ပိုအဆင်ပြေသည်။ ကျန်းလန်ဟွာ၏ခုခံမှုက အချည်းနှီးဖြစ်သွားပြီးနောက် သူက သူ့လက်ရှိခင်ပွန်းဖြစ်သူကို လက်ထပ်ခဲ့ရသည်။
ယခုမူ ဟွမ်စစ်ကုံးသည် ကျန်းလန်ဟွာအပေါ် ခံစားချက်ရှိမရှိကို မည်သူမှမသိပေ။ ကျန်းလန်ဟွာက ရှင်းသန့်သောရုပ်ရည်ဖြင့် ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းသည်။ ဟွမ်စစ်ကုံး အိမ်ထောင်ကျသွားပေမယ့် သူ့ဇနီးက မီးဖွားရန် အခက်အခဲရှိပြီး ကလေးမွေးဖွားပြီးနောက် ဆုံးပါးသွားခဲ့သည်။ ယခုဟွမ်စစ်ကုံးသည် ကလေးတစ်ယောက်နှင့် မုဆိုးဖိုဖြစ်လာပြီး ယင်းက သူ နောက်အိမ်ထောင်ပြုဖို့ ပို၍ပင်ခက်ခဲသွားခဲ့သည်။
ဘာလို့လဲ? ၎င်းမှာ ဟွမ်စစ်ကုံး၏မိဘများက သူတို့သားလေးကို တုန်နေအောင်ချစ်၍ ဟွမ်စစ်ကုံးက ပျင်းရိနေလို့ဖြစ်သည်။ သူ သူ့ဇနီးနဲ့ လက်ထပ်ပြီးနောက်မှာ သူသည် အိမ်နှင့်အပြင်ကိစ္စအလုံးစုံကို သူ့ဇနီးထံတွန်းပို့ခဲ့သည်။
ရွာသားများ၏အမြင်တွင် ထိုလူက ဟွမ်မိသားစု၏ လူမဆန်အောင် နှိပ်စက်ခံခဲ့ရသည့် သနားစရာကောလေးတစ်ယောက်ဖြစ်၏။ ထို့အပြင် ဟွမ်စစ်ကုံးက ရုပ်ဆိုးသော သူ့ဇနီးကိုမချစ်ပေ။ သူ့ဇနီး အိမ်မှာအလုပ်လုပ်နေစဥ် သူသည် ရွာပြင်က တခြားကောများနှင့် ရှုပ်လေ့ရှိသည်။
တစ်ခေါက်ကဆိုလျှင် တခြားရွာမှ အမျိုးသားတစ်ယောက်က သူ့အား ဖျင်ရှန်ရွာထိ လိုက်ရိုက်ခဲ့သည်။ ရွာလူကြီးက ပြန်လည်ဖြေရှင်းပေးသည့်အချိန်တွင် ဟွမ်မိသားစုက လျော်ကြေးအနည်းငယ်ပေးပြီး ပြေလည်သွားခဲ့သည်။
ယခုမူ သူ့ဇနီးဆုံးပါးသွား၍ သူ့မှာ စကားပြောစရာ တခြားကောများ မရှိတော့ပေ။ ဟွမ်စစ်ကုံးက သူ့နေရက်များကို ပျင်းရိပျင်းတွဲဖြတ်သန်းရင်း ပို၍ပင် ရမ်းကားလာခဲ့သည်။ မြေးလေးတစ်ယောက်ရှိသည့် လူအိုကြီးနှစ်ယောက်က သူ့ကို မထိန်းချုပ်နိုင်ခဲ့သလို မိသားစုကလည်း ပိုက်ဆံမစုနိုင်ခဲ့ပေ။ သူတို့မှာရှိသမျှငွေများကို ဟွမ်စစ်ကုံးက သိမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖြုန်းတီးကာ အဘိုးကြီးတွေဆီမှ ထပ်တောင်းလေ့ရှိသည်။
သူ ဤမျှလောက်ဆိုးမည်ဟု ထန်ချွန်းမင်မထင်ထားခဲ့ပေ။ အမှန်တိုင်းဆိုရသော် သူ့မိဘများမှာ တာဝန်ရှိသည်။ သူတို့က သူတို့သားကို အလိုလိုက်ထားပြီး သူအမှားလုပ်သည့်အခါ အချိန်မီမတားဆီးကြ၍ သူ့အကျင့်စရိုက်က တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး အဆုံးမှာ သူက နာမည်ဆိုးနဲ့ကျော်ကြားလာခဲ့သည်။ သနားစရာကောင်းသည့် လူများက သေဆုံးသွားသည့်ဇနီးနှင့် ကျန်ရစ်ခဲ့သည့် ကလေးဖြစ်၏။
ရွာလူကြီးက လတ်တလော ကံမကောင်း အကြောင်းမလှစွာဖြင့် သူ့ဆီမှာ တစ််ခုပြီးတစ်ခုဖြစ်ပေါ်နေသည်။ အစပိုင်းတွင် ကျောက်မိသားစုက လူများသည် မြို့ကိုသွားပြီး တရားမျှတမှုကိုရှာပေးရန် ညသန်းခေါင်မှာ လာနှိုးခဲ့သည်။
ညဆိုလျှင် ကောင်းကောင်းအိပ်ရတာရှားသည့် ရွာလူကြီးက ဒေါသူပုန်ထသွားခဲ့သည်။ သူက အပြင်ကလူတွေကိုဆူဖို့ ဆုံးဖြတ်လိုက်ပြီး ညသန်းခေါင်က လူအိပ်ချိန်လို့ ပြောချင်ခဲ့သည်။ တစ်ခုခုဖြစ်လျှင် နက်ဖြန်မနက်မှဆွေးနွေးလို့ရသည်။
သို့သော် သူ တံခါးဖွင့်ပြီး ဖုန်းလောင်ကျစ်၊ တာရှန်နှင့် အကျွမ်းတဝင်ရှိလှသော ကလေးတစ်ယောက်ကိုတွေ့လိုက်ရာ ရွာလူကြီးရင်ထဲက ဒေါသမှာ သိသိသာသာ လျော့သွားလေသည်။ တာရှန်က အကြောင်းစုံကို သေချာရှင်းပြပြီးနောက် ရွာလူကြီး၏ ငြိမ်းသွားသော ဒေါသများ ထပ်ပေါ်လာခဲ့သည်။
ဟွမ်စစ်ကုံး… မင်းက ပြဿနာထပ်ရှာလိုက်ပြန်ပြီ! အရင်က မင်းကိုအရေးမယူတာ မင်းမိသားစုက ဒီလိုအသက်အရွယ်နဲ့ တောင်းပန်ခဲ့ပြီး မင်းနဲ့သနားစရာကောင်းတဲ့ဇနီးကြောင့် လွှတ်ပေးခဲ့တာလေ။ အခု မင်းက သေချင်နေတာပဲ! ဒီတစ်ကြိမ်တော့ မင်းကို ဘယ်သူမှမကယ်နိုင်တော့ဘူး!
“ဟွမ်စစ်ကုံး… မင်းက အရမ်းတော်တာပဲ… အသက်ရှင်ရပင်ပန်းနေပြီလား?” ရွာလူကြီး၏မျက်လုံးက ဟွမ်စစ်ကုံး၏ခန္ဓာကိုယ်ကို အပေါက်ဖောက်ချင်နေသည့်အလား ဒေါသူပုန်ထနေသည်။
ရှန်းဖူလန်က အဝတ်အစားလဲပြီး ရောက်လာသည်။ သူက တစ်ခုခုကို ယောင်ဝါးဝါးကြားလိုက်ရပြီး သူမြင်လိုက်ရသော အခြေအနေကြောင့် လန့်ဖျပ်သွားခဲ့သည်။ “ဒါဟွမ်စစ်ကုံးလား? သူက ညသန်းခေါင်မှာ မင်ကောအာရဲ့အိမ်ကို သွားခဲ့တာလား?!” သူ့အသံက စူးရှပြီး ဒေါသကိုပြနေခဲ့သည်။ ထို့နောက် သူက စိုးရိမ်တကြီးမေးလိုက်သည်။ “မင်ကောအာ အဆင်ပြေရဲ့လား?”
“ကျွန်တော့်အစ်ကို အခုအိမ်မှာရှိတယ်။ မိုးလင်းရင် သမားတော်နဲ့စစ်ဆးခိုင်းလိုက်ပါမယ်။ ရွာလူကြိးက သူ့ကိုဂရုစိုက်ပေးလို့ သူအခုလို အေးချမ်းတဲ့ဘဝရလာတာလို့ ကျွန်တော့်အစ်ကိုဆီက ကြားခဲ့တယ်။”
“ချွန်းရုံက ကျွန်တော်အစ်ကိုကိုယ်စား ရွာလူကြီးနဲ့ ရှန်းဖူလန်ကို ကျေးဇူးတင်ပါတယ်။” ထိုအချိန်တွင် ဟွမ်စစ်ကုံးရောက်လာပြီး ရွာလူကြီးနှင့် သူ့ဇနီးကို ဦးညွတ်လိုက်သည်။
ရွာလူကြီးက အကျွမ်းတဝင်ရှိလှသော ကောင်လေးကို မှတ်မိသွားသည်။ မှောင်နေဆဲဖြစ်ပြီး သူတို့က ခဏခဏမတွေဖူးတာကြောင့် မြင်မြင်ချင်းမမှတ်မိနိုင်ခဲ့ပေ။ ယခု သူ၏အတွင်းစိတ်က အော်ဟစ်လိုက်လေသည်။
နောင်တွင် ပြဿနာရှာခြင်းမှကာကွယ်ရန် ဟွမ်စစ်ကုံးကို ယခုချက်ချင်း သတ်ပစ်လိုက်ချင်သော်လည်း ယခုမူ တခြားရွာက လူတစ်ယောက်က ကြားဝင်စွက်ဖက်လာသဖြင့် သူ ဤကိစ္စကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ဖို့ လိုလာသည်။ မဟုတ်လျှင် ထန်မိသားစုက သူ့ကို အလွတ်ပေးမှာမဟုတ်ပေ။
ရွာလူကြီးက ခေါင်းကိုက်လာသည်။ ဟွမ်စစ်ကုံးတစ်ယောက်တည်းဆိုလျှင် ကိုင်တွယ်ရလွယ်လိမ့်မည်။ သို့သည်တိုင် ပြဿနာမှာ သူ့နောက်ရှိ လူအိုကြီးစုံတွဲဖြစ်၏။
ငိုယိုတောင်းပန်ကာ သနားစရာမြေးငယ်လေးကို ခေါ်လာပါက တစ်ယောက်ယောက်က သူတို့ဘက်လိုက်ပြီး ပေါ့ပါးသည့်ပြစ်ဒဏ်ပေးဖို့ သေချာပေါက်ပြောလိမ့်မည်။ ယခင်တစ်ခေါက်က သူသည်ကား ဖိအားများစွာကို ခံခဲ့ရပြီး ငွေပေးပြီးဖြေရှင်းရန် ဟွမ်မိသားစုအား ဖိအားပေးခဲ့ရသည်။
ကလေးက ယဥ်ယဥ်ကျေးကျေး ပြောနေသော်လည်း သူ၏သွယ်ဝိုက်ထားသော ဆိုလိုရင်းက သိသာသည်။ သူဟာ သူ့အစ်ကိုအတွက် တရားမျှတမှုရှာဖို့ ဆုံးဖြတ်ထား၏။
ရွာလူကြီးက မိုးမလင်းခင် ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဟွမ်စစ်ကုံး၏ဝန်ခံမှုနှင့် ငြင်းဆိုလို့မရသောသက်သေအဖြစ် ဟွမ်စစ်ကုံးက ဤတစ်ကြိမ်မှာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူ အသက်ရှင်လျက် အရေခွံမခွာခံရမချင်း ရပ်တန့်သွားမည်မဟုတ်။
လီဖုန်းဝင်လာပြီးနောက် သူကိုင်ထားသောလူကို အောက်ပစ်ချလိုက်သည်။ ထိုအချိန် ရွာသူကြိးက ဟွမ်စစ်ကုံးကို ဒေါသတကြီးကန်လိုက်သော်လည်း မြေပြင်ပေါ်မှလူ၏ နာကျင်စွာညည်းတွားသံနှင့် သွေးရနံ့ကိုရလိုက်သည်။ သူက တုန်လှုပ်သွားပြီး လီဖုန်းက လူရိုင်းများကို သတ်ခဲ့ကြောင်း သတိရသွားသည်။
ယခုတော့ သူ့အချစ်ဆုံးဖြစ်သည့် မင်ကောအာက စော်ကားခံလိုက်ရ၍ သူ ဟွမ်စစ်ကုံးကို မည်သို့လွတ်ပေးမည်နည်း။ ဘယ်သူမှ သေသွားလို့မရပေ။ သူက ဟွမ်စစ်ကုံး၏အခြေအနေကို စစ်ဆေးကာ သူ့ပါးစပ်မှ အဝတ်စကိုထုတ်ယူလိုက်သည်။
ဟွမ်စစ်ကုံးက ရုတ်တရက် ထအော်သည်။ “ငါ့ခြေထောက်…. ကျိုးသွားပြီ… ကျိုးသွားပြီ… သမားတော်ခေါ်ပေးပါ…. သမားတော်ခေါ်ပေးပါ… အရမ်းနာတယ်။”
ရွာလူကြီးက သူ့ခြေထောက်ကိုကြည့်ကာ သူ့ခြေထောက်တစ်ဖက် လိမ်သွားတာကို ယောင်ဝါးဝါးမြင်လိုက်ရပြီး သူ့ဘောင်းဘီတွင် သွေးထွက်နေသော စိုစွတ်မှုအမှတ်အသားရှိနေသည်။ သူ ဟွမ်စစ်ကုံးကိုမုန်းသော်လည်း သမားတော်ခေါ်ပေးဖို့လိုသည်။ သူက မတ်တပ်ထရပ်ပြီး လီဖုန်းနှင့် တခြားသူတွေကိုပြောလိုက်သည်။ “ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ငါ လူကြီးတွေကိုခေါ်ပြီး သေချာဆွေးနွေးမှာပါ။ ငါတို့ဟွမ်စစ်ကုံး လုံးဝလွှတ်မပေးတော့ဘူး။ ဒါပေမယ့် အခု သူ့ခြေထောက်ကို သမားတော်ပြပေးရမယ်… မဟုတ်ရင်…”
သူက အော်ဟစ်နေသော ဟွမ်စစ်ကုံးကို စက်ဆုပ်ဖွယ်ကြည့်လိုက်သည်။ မဟုတ်ပါက ဟွမ်စစ်ကုံးတစ်ခုခုဖြစ်သွားလျှင် သူပြစ်တင်ခံရလိမ့်မည်။ နောက်ဆုံးအဖြစ်အပျက်က ဖျင်ရှန်ရွာကို အရှက်ရစေခဲ့သည်။
ရှန်းဖူလန်ကလည်း ဟွမ်စစ်ကုံးကို စက်ဆုပ်သလိုကြည့်ကာ လျှောက်ထွက်လာပြီး ပြောလိုက်သည်။ “ကျွန်တော် သူ့ကို သွားခေါ်လိုက်မယ်။ ဟူလန်ကျုံးက မင်ကောအာရဲ့အခြေနေကို စစ်ဆေးဖို့ အချိန်ကောင်းပဲ.. မိုးလင်းတဲ့ထိစောင့်စရာမလိုဘူး။”
“ ကျေးဇူးပါ…ရှန်းဖူလန်” ထန်ချွန်းရုံက ကျေးဇူးတင်စကားပြောလိုက်သည်။ ရွာလူကြီးက သူ့အစ်ကိုဘက်ကလို့ ပြောလို့ရသည်။
ထိုညက လူတော်တော်များများနိုးလာပြီး ကောင်းကောင်းအိပ်မပျော်ခဲ့ကြပေ။ ရွာတွင် ခွေးမွေးထားသော မိသားစုရာကျော်ရှိ၍ ထန်ချွန်းမင်အိမ်မှ ဆူညံသံများက ညသန်းခေါင်တွင် ဟောင်တတ်သည့် တခြားမိသားစု၏ခွေးများကို ထိတ်လန့်စေခဲ့သည်။ ထန်ချွန်းမင်၏ အိမ်အနီးတွင် နေထိုင်သူများက ပို၍ပင် သတိရှိကြသည်။
တချို့က ညသန်းခေါင်မှာနိုးလာပြီး ရုတ်ရင်းဆန်ခတ်ဖြစ်မှုကို တွေ့လိုက်ရသည်။ ထန်ချွန်းမင် ညဘက်မှာ လုယက်ခံရကြောင်း သူတို့သိသည်။ သို့သော် သူခိုးမိသွားပြီဖြစ်၍ လူအများစုက ပြန်အိပ်ကြပြီး မိုးလင်းသည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ သို့ပေမယ့် တချို့သော သဘောကောင်းသူများက ညသန်းခေါင်မှာ ရွာလူကြီးအိမ်ကို လိုက်သွားခဲ့ကြသည်။
မနက်မိုးလင်းတော့ ရွာရှိလူအများစုက နိုးထလာပြီး သူတို့၏အလုပ်များသောနေ့ကို စတင်ကြသည်။
ဟူလန်ကျုံးက ထန်ချွန်းမင်၏သွေးခုန်နှုန်းကို လာရောက်စစ်ဆေးခဲ့ပြီး ဆောင်ရန်ရှောင်ရန်များကို ပြောပြီးနောက် အနားယူခိုင်းခဲ့သည်။ ထန်ချွန်းမင်က ကျန်းရှို့၏အကြံဉာဏ်အတိုင်း အိပ်ရာဝင်ခဲ့ပါ၏။
ဤသည်မှာ လီဖုန်းရောက်ရှိနေခြင်းကြောင့် သူစိတ်သက်သာရာရခဲ့ခြင်းဖြစ်သည်။ အိပ်ရာမဝင်ခင်က သူက သူ့ညီလေးအားရုံကို စောင့်ရှောင်ပေးဖို့ ကျန်းရှို့အား မှာခဲ့သည်။ ဖြစ်ပျက်ပြီးနောက် အားရုံက အချိန်မီ ကျောင်းတက်နိုင်ပါ့မလား သူမသိပေ။
ထို့ကြောင့် နေမြင့်လာသောအခါ ထန်ချွန်းမင်က အိပ်မောကျသွားခဲ့ပြီး အိပ်ရေးဝနေသော အားလင်းက သူ့အားမူဘေး လဲလျောင်းကာ အိပ်ရာထမည့် အရိပ်အယောင်မရှိပေ။
တာမောင်းနှင့် အာမောင်းက မနက်စောစောထလာပြီး သူတို့မိဘတွေကို အကြာကြီးလိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပေ။ သူတို့က အပြင်ကို ပြေးထွက်သွားပြီး မင်အားမော့၏တံခါးဝတွင် ရပ်ကာ သူတို့ကို လက်ပြနှုတ်ဆက်နေသော အားမူကို တွေ့လိုက်ရသည်။
ရွာလူကြီးအိမ်တွင် လူများစွာစုဝေးနေပြီး မိုးလင်းသည်နှင့်တစ်ပြိုင်နက် ထန်ချွန်းမင်၏အိမ်ထဲကို သူခိုးဝင်လာသည့် သတင်းပျံ့နှံ့သွားသည်။
လူတိုင်းက ခြံဝင်းထဲမှာစုကာ ဟွမ်စစ်ကုံး၏ဒဏ်ရာများကို ဟူလန်ကျုံးက စစ်ဆေးပေးပြီး အရိုးဆစ်ကို ပြုပြင်ပေးခဲ့သည်။ ဟွမ်စစ်ကုံးက ခြံလယ်ရှိကုတင်ပေါ် ပစ်တင်ခံလိုက်ရပြီး ဘယ်သူကမှ သူ့ကို အိမ်ထဲမသယ်သွားပဲ အနားယူဖို့သာ ပြောခဲ့သည်။ ဒဏ်ရာကို စစ်ဆေးပေးသရွေ့တော့ ကောင်းပါ၏။ တစ်ညလုံးနှိပ်စက်ခံရပြီးနောက် ဟွမ်စစ်ကုံး၏မျက်နှာက ဖြူဖျော့လာခဲ့သည်။
ဖြစ်ပျက်ခဲ့တာကိုသိပြီးနောက် ဟူလန်ကျုံးက အရိုးဆက်ခြင်းလုပ်ငန်းစဥ်တွင် သူ့ကို မညှာခဲ့ပေ။ ဟွမ်စစ်ကုံး၏အော်သံက အိမ်နီးနားချင်းများကို နိုးစေခဲ့ပြီး လူတစ်ချို့က မေးမြန်းရန် ရွာလူကြီးအိမ်ကိုရောက်လာခဲ့သည်။
ဟွမ်မိသားစုမှ လင်မယားက သူ့သား၏အခြေအနေကို သိသွားခဲ့သည်။ သူက သူ့မြေးလေးကို ရွာလူကြီးအိမ်သို့ ခေါ်လာခဲ့ပြီး အိမ်ထဲဝင်တာနဲ့ အော်ဟစ်ငိုကြွေးတော့သည်။ “ရွာလူကြီး… ကျုပ်ရဲ့သားဘာဖြစ်သွားတာလဲ? ခြေထောက်တွေ ဘယ်လိုကျိုးသွားတာလဲ? ဘယ်ခွေးကောင်က အကြင်နာတရားမဲ့ရတာလဲ? ဘယ်သူငါ့သားကို ခြေထောက်ချိုးသွားတာလေ။ ရွာလူကြီး…. ခင်ဗျား ကျုပ်သားလေးကို ဂရုစိုက်ပေးပါ။ သူ ဒီနှစ်တွေမှာ အရမ်းခက်ခဲခဲ့တာ။ ဒီခွေးက ငါ့သားလေးကို ရက်အနည်းငယ်လောက်တောင် အေးဆေးနေခွင့်မပေးဘူးပဲ… ငါရဲ့ သနားဖို့ကောင်းတဲ့မြေလေးကို ဘာလုပ်ရတော့မလဲ…”
သက်ကြီးရွယ်အိုတချို့က ဒေါသထွက်ပြီး မုတ်ဆိတ်များပင် ထောင်လာသည်။ အမှားအမှန်မခွဲခြားတတ်သော လူတစ်စုနှင့်တွေ့သည့်အခါ သူတို့ကိုသူတို့ ရှင်းပြရခက်လေသည်။ ဟွမ်မိသားစုမှ ဇနီးမောင်နှံနှစ်ဦးက အစောပိုင်းထဲက ဟွမ်စစ်ကုံးကိုဆုံးမရန် ဆန္ဒရှိခဲ့ပါက ဟွမ်စစ်ကုံး ယခုလို ရမ်းကားနေမှာမဟုတ်ပေ။
“ပိတ်ထားစမ်း!” ရွာလူကြီးက သနားညှာတာမှုမရှိ အော်လိုက်လေသည်။ “မင်းရဲ့ကလေးကို ညသန်းခေါင်မှာ ဘယ်သွားမလဲ မမေးခဲ့ဘူးလား? မင်းအိမ်မှာငြိမ်ငြိမ်နေရင် ဘယ်သူက မင်းအိမ်ထဲဝင်ပြီး မင်းခြေထောက်တွေကို ချိုးမှာလဲ? အရင်တစ်ခေါက်ကလည်း မင်းရဲ့ကလေးကို သေချာထိန်းဖို့ ငါပြောခဲ့တယ်။သူထပ်ပြီး အမှားလုပ်ရင် ဘယ်သူမှအသနားခံလို့မရဘူး။”
“အဲ့ဒီတုန်းက မင်းငါ့ကို ဘယ်လိုကတိပေးခဲ့လဲ? ကံကောင်းတာက ဘာမှမဖြစ်လို့ပေါ့ မဟုတ်ရင် မင်းရဲ့ကလေးကိုတွေ့ဖို့ မင်းယာမန်ကို သွားနေရလောက်ပြိ!”
ယုတ္တိမတန်သည့် လူများကို ရွာလူကြီးက ဘယ်လိုကိုင်တွယ်ရလဲသိသည်။ သူ၏နောက်ဆုံးစကားက ဟွမ်ဇနီးမောင်နှံကို ထိတ်လန့်သွားစေသည်။
ထို့နောက် ဟွမ်မိသားစုမှ ဇနီးမောင်နှံသည် ရွာလူကြီးနှင့် သက်ကြီးရွယ်အိုတချို့၏ ဖော်ရွေခြင်းမရှိသည့် မျက်နှာများကို တွေ့လိုက်ရသည်။ သူတို့သားလေး ဘာလုပ်ခဲ့လဲ သူတို့သေချာမသိပေ။ လူတစ်ယောက်က သူ့သားလေး ခြေထောက်ချိုးခံရလို့ ရွာလူကြီးအိမ် မြန်မြန်သွားဖို့သာပြောခဲ့သည်။
သို့ဖြစ်၍ သူတို့က ချက်ချင်းရောက်လာကြသည်။ သူတို့က အစပြုခြင်း၏နိယာမကို နားမလည်သော်လည်း ပြဿနာပိုကြီးလေ အပြစ်ကျူးလွန်သူက ပြစ်ဒဏ်ပိုခံရလေဆိုသည်ကို နားလည်သည်။ သူတို့သားလေးကို ခြေထောက်ချိုးခဲ့တဲ့ လူဆိုးကို ဘယ်လိုအလွတ်ပေးနိုင်မှာလဲ?
မထင်မှတ်ထားသည်မှာ ကိစ္စက သူတို့တွေးထားသည်နှင့် လုံးလုံးကွဲပြားနေသည်။ ဟွမ်စစ်ကုံး၏အားမူက လန့်ဖျပ်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော သားဖြစ်သူထံပြေးသွားခဲ့သည်။ သူက ကြမ်းပြင်ပေါ်သို့ တွန်းခံလိုက်ရသော သူ့မြေးလေးကိုပင် ဂရုမစိုက်ပေ။ ဟွမ်စစ်ကုံး၏ဖခင်က သူ့မြေးကို ထူပေးပြီး ဘေးမှာထားခဲ့သည်။
ဟွမ်စစ်ကုံး၏အားမူက သူ့သားကို လက်နှစ်ဖက်ဖြင့်ရိုက်ကာ ဆူပူလိုက်သည်။ “မင်းအသုံးမကျတဲ့ကလေး… မင်းဘာလုပ်ခဲ့လဲ အားမူကိုပြောပြစမ်းပါ… တစ်ခုခုမှားသွားရင် ဒီမှာရှိတဲ့လူကြီးတွေကို တောင်းပန်လိုက်။”
“ဘာခက်လို့လဲ? ငါတို့ဟွမ်မိသားစုက မျိုးနွယ်စုရဲ့ အထောက်အပံ့မရှိတဲ့ မိသားစုသေးသေးလေးဆိုပေမယ့် ဖျင်ရှန်ရွာကတော့ အဲ့လိုမဟုတ်ဘူး။ အားလုံးက ကျိုးကြောင်းဆီလျော်ပြီး မင်းမှာတစ်ခုခုပြောစရာရှိရင် မင်းရဲ့အားမူနဲ့ ရွာလူကြီးတွေကို ပြောပါ။ မင်းက မင်းအားမူကို ဒေါသထွက်ပြီး သေစေချင်တာလား?”
“မင်းဘာတွေပြောနေတာလဲ? အဘိုးကြီးဟွမ်? ငါတို့ဖျင်ရှန်ရွာက တခြားမျိုးနွယ်စုတွေကို အနိုင်ကျင့်တယ်လို့ ပြောချင်တာလား? မင်းရှင်းရှင်းပြောစမ်း… ငါတို့ရွာက မင်းရဲ့ကလေးကို ဒီနေ့အပြစ်ပေးရင် ငါတို့က တခြားမျိုးနွယ်စုက မင်းတို့လိုလူတွေကို အနိုင်ကျင့်တယ်လို့ ဆိုလိုတာလား?”
ခြံထဲကတစ်ယောက်က ဟွမ်စစ်ကုံးအားမူ၏စကားကို ကြားသွားပြီး စိတ်မသက်မသာဖြစ်ကာ ချက်ချင်းဆိုသလိုပင် တန်ပြန်ထိုးနှက်ခဲ့သည်။
“ဟုတ်တယ်. .မင်းရဲ့ သားက ညသန်းခေါင်ကြီး သူများအိမ်ထဲခိုးဝင်တာ ကျိုးကြောင်းသင့်သလား? ပြောစမ်းပါ… ဟွမ်စစ်ကုံး ဒီနှစ်တွေမှာ ကောင်းတာလုပ်ခဲ့တာရှိသလား? ဟွမ်စစ်ကုံး ဒီအခြေအနေကိုရောက်လာတာ မင်းကြောင့်ပဲ။ မင်းက ကလေးကို ဒီလိုသွန်သင်ခဲ့တာ။ မင်းက ဟွမ်မိသားစုနဲ့ မတန်ဘူး။”
သူတို့အားလုံးက ကျေးလက်သား ကောများဖြစ်ပြီး နေ့စဥ်အသေးအဖွဲရန်ဖြစ်မှုများတွင် သူတို့နှုတ်က ဓားသွားအလား ထက်ရှသည်။ ဟွမ်စစ်ကုံး၏အားမူက ဒေါသထွက်လွန်းလို့ ဆူညံပူညံလာပြောနေသည့် ထိုလူ၏မျက်နှာကို ကုတ်ဆွဲပစ်ချင်နေသည်။
“ရွာလူကြီး…. မျိုးနွယ်စုအကြီးအကဲတို့…. ဒီတစ်ကြိမ်တော့ ကလေးဖေဖေရဲ့ချစ်ခြင်းမေတ္တာကြောင့် ခွင့်လွတ်ပေးလိုက်ပါ။ ရွာလူကြီး… ကလေး အမှားလုပ်မိရင်ပြောပါ။ နောက်နောင် ပြဿနာမရှာအောင် သူ့ခြေထောက်တစ်ဖက်ကို ကျုပ်ရိုက်ချိုးလိုက်ပါမယ်။”
ဟွမ်မိသားစု၏အိမ်ထောင်ဦးစီးက ရုတ်တရက်ဒူးထောက်ကာ ကောင်းကင်နှင့် မြေကြီးကို လက်ညိုးညွှတ်ပြလိုက်သည်။