Chapter 47.1
ယခင်က အပြင်ထွက်ဖို့ ဝန်လေးခဲ့သည့် လူကြီးများအပါအဝင် ရွာရှိအိမ်ထောင်စုတိုင်း ထွက်လာကြပြီး သူတို့၏မြေးများ၏လက်ကိုတွဲကာ ပြုံးရွှင်နေကြသည်။ သူတို့အမြင်တွင် ဖျင်ရှန်ရွာက ယခုလိုသက်ဝင်နေတာရှားပြီး တရုတ်နှစ်သစ်ကူးထက်ပင် ပိုပျော်စရာကောင်းသည်။
တချို့လူတွေက ခွေးခြေခုံများယူလာသည်။ တချို့လူတွေက မြေသားမီးဖိုဆောက်ဖို့ ထင်းသွားရှာပြီး တချို့လူတွေက သူတို့အိမ်မှ အိုးနဲ့ဇွန်းများထုတ်လာသည်။ တခြားသူများအတွက် ချက်ပြုတ်ပေးလေ့ရှိသောအိမ်တွင် သံအိုးကြီးတစ်လုံးရှိတာကြောင့် သူတို့က ၎င်းကိုပါ ယူလာခဲ့သည်။ ထိုအချိန်တွင် ဘယ်သူကဘာယူလာလဲ၊ ဘယ်သူက အခွင့်အရေးယူမလဲ စိတ်မဝင်စားကြပဲ ရယ်မောသံများက အဝေးကပင် ကြားနိုင်လေသည်။
အမျိုးသားများက တောရိုင်းတိရစ္ဆာန်များကို စတင်သတ်ဖြတ်ပြီးနောက် ရွာရှိိ လူလတ်ပိုင်းနှင့် လူငယ်လေးများသည် ရေဆေးခြင်းနှင့် ချက်ပြုတ်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ ကလေးများက ဝက်အူများကိုတောင်းကာ မြေပြင်ပေါ်မှာ ကစားနေပြီး အသားပုံကြီးအားကြည့်ကာ သွားရည်ကျနေလေသည်။ ရံဖန်ရံခါ သူတို့က လူကြီးများနဲ့တိုက်မိပေမယ့် ယနေ့တွင် အပျော်လွန်နေခြင်းကြောင့် မည်သူကမျှ အပြစ်မတင်ကြပေ။
ထန်ချွန်းမင်ကို ရှန်းဖူလန်က အစောကြီးထဲက ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူ့ဘေးမှာထိုင်နေသောလူအားလုံးက အသက်ကြီးသူများ သို့မဟုတ် ကိုယ်ဝန်သည်များဖြစ်၏။ ကံအားလျော်စွာ ရှန်းဖူလန်က သူနဲ့စကားပြောဖို့ ရှိနေသည်။ မဟုတ်ပါက သူ သူတို့နဲ့နေပြီး သေအောင်ပျင်းနေလိမ့်မည်။ အကြောင်းမှာ သူတို့က သူတို့၏ခေါင်းစဥ်ကို စိတ်မဝင်စား၍ဖြစ်သည်။
ထန်ချွန်းမင်က ကျန်းရှို့နှင့် ဝမ်မော့တို့ သွားကူညီပေးနိုင်ဖို့ မောင်းထုတ်လိုက်လေသည်။ သူက အဲ့လောက်ဂရုစိုက်ခံရအောင် နုနယ်နေလို့လား? ဒါမှမဟုတ် ရှန်းဖူလန်က သူ့ကိုစိတ်ပူနေလို့ နေခဲ့တာလား?
ထန်ချွန်းမင်က မနီးမဝေးတွင် တခြားကလေးများနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသော အားလင်းကိုကြည့်လိုက်သည်။ သူ့နဖူးပေါ်မှာ ချွေးများစိုစွတ်နေ၏။ အကြောင်းမှာ သူ့မိသားစုဘဝလေးက ပိုကောင်းလာသလို သူ့မှာ ရွာထဲကကလေးများ သဘောကျသည့် မြင်းပေါက်လေးလည်းရှိပြီး သူကိုယ်တိုင်ကလည်း ပိုရဲရင့်လာခဲ့သည်။
သို့ဖြစ်၍ သူ့က ရွာထဲက ကလေးများနှင့် ကစားလာနိုင်ခဲ့သည်။ အထူးသဖြင့် တာမောင်းက ကလေးခေါင်းဆောင်ဖြစ်လာပြီး ရွယ်တူကလေးများကြားမှာ သူက ကိုယ်ခံပညာလေ့ကျင့်ပြီး စာလည်းဖတ်နိုင်တာကြောင့် ရွာထဲတွင် နောက်လိုက်များစွာရရခဲ့သည်။
သူ့စကားကြောင့် အသက်ကြီးသော ကလေးများက အားလင်း၏အသက်ကို မထီမဲ့မြင့်မပြုသလို သူနဲ့ကစားဖို့လည်း မငြင်းဆန်ခဲ့ပေ။
လီဖုန်းကလက်ဆေးပြီး ထန်ချွန်းမင်၏ဘေးကိုရောက်လာသည်။ သူ့နားကလူတွေက သူ့ကိုကြင်ကြင်နာနာ ပြုံးပြပြီး သူ မင်ကောအာကို လာတွေ့မှန်းသိ၍ လမ်းရှင်းပေးကြသည်။ ထန်ချွန်းမင်နှင့် ရှန်းဖူလန်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “ခင်ဗျားဘာလုပ်နေတာလဲ? ခင်ဗျားအလုပ်ပြီးသွားပြီလား?”
“ဟင့်အင်း” လီဖုန်းက တခြားသူများရှေ့မှာ ရင်းနှီးသောအပြုအမူလုပ်ဖို့ ရှက်နေသည်။ ထိုအစား သူက သူ့ဘေးက ခွေးခြေခုံမှာထိုင်ကာ ပြောလိုက်သည်။ “ဦးလေးက တစ်ခုခုပြောလိုက်လို့ ကိုယ်က မင်ကောအာရဲ့အမြင်ကို မေးချင်လို့ပါ။ ဒီနေ့သားကောင်တွေ အများကြီးရခဲ့လို့ တစ်နပ်တည်းနဲ့ ကုန်အောင်မစားနိုင်ဘူးလို့ ဦးလေးကပြောတယ်။”
“အများကြီးကျန်ဦးမှာ။ ဦးလေးက ဝေပေးတာကလွဲရင် ကျန်တာတွေ ကိုယ်တို့ရောင်းလို့ရအောင် ပေးမယ်တဲ့။ ရောင်းရငွေက ရွာမှာ ဘိုးဘေးခန်းမဆောက်မယ်။ ဒါမှမဟုတ် သက်ကြီးရွယ်အိုနဲ့ လူကြီးတွေကို ထောက်ပံ့လိမ့်မယ်။ မင်းဘယ်လိုထင်လဲ မင်ကောအာ?”
သူတို့က အသီးအရွက်မပါပဲ အသားမစားတတ်လို့ အိမ်ထောင်စုတိုင်းက ဟင်းသီးဟင်းရွက်အချို့ ထုတ်လာတာကြောင့် အသားကျန်တစ်ချို့ရှိမည်ဖြစ်သည်။
ထန်ချွန်းမင်က မျက်ခုံးပင့်လိုက်သည်။ ဤအကြံက လီဖုန်းဆီကလို့ သူမထင်ပေ။ ရွာထဲမှာ အာဏာရပြီးနောက် ဤလူက ကောင်းမှုကုသိုလ်ပြုဖို့ ကြိုးစားနေသည်။
သူဘယ်သူပဲဖြစ်ဖြစ် သူက သူ့ကိုကျေးဇူးတင်သင့်သည်။ သူက တွန့်တိုသူမဟုတ်ပေ။ ထို့အပြင် သူ့မှာပိုက်ဆံလည်း ပြတ်လတ်ခြင်းမရှိပေ။ ရွာလူကြီးက လီဖုန်းကို ကောင်းမှုကုသိုလ်ပြုစေချင်တာကြောင့် သူ တားမှာမဟုတ်ပေ။ တကယ်တော့ သူက အနာဂတ်မှာ အကျိုးအမြတ်ခံစားရလိမ့်မည်။ သူကပြုံးကာပြောလိုက်သည်။ “ကောင်းပါတယ်။ အကြံကောင်းပဲ။ … ခင်ဗျားရောဘယ်လိုထင်လဲ?”
ရှန်အားမူက ပြုံးလိုက်သည်။ “ဒါပေါ့ ငါထောက်ခံတယ်။ ဖုန်းရှောင်ကျစ်က စိတ်ရင်းကောင်းပါတယ်လို့ ငါပြောသားပဲ။ တခြားတစ်ယောက်သာဆိုရင် သူတို့က ငွေအများကြီးသုံးချင်မှာမဟုတ်ဘူး။”
ပိုက်ဆံရှိခြင်း မရှိခြင်းက တခြားကိစ္စတစ်ခုသာဖြစ်သည်။ တစ်စုံတစ်ဦးက ချမ်းသာတာကြောင့် သူများကိုပေးရန် ပိုက်ဆံထုတ်ရမယ်လို့ မဆိုလိုပေ။
“”ကောင်းပြီ.. ဒါဆို မြို့ပေါ်လူတစ်ယောက်လွှတ်ပြီး ကျင်းကျိက ဆိုင်ရှင်ချီကိုဖိတ်ခေါ်ဖို့ ယွိမုကိုပြောလိုက်မယ်။ သူ အကုန်ဝယ်ရင်တော့ အကောင်းဆုံးပဲ။ ကိုယ်လည်း အားမူရဲ့နေရာကို နည်းနည်းပို့ပေးလိုက်မယ်။ ကိုယ်ပြန်လာရင် အားရုံလည်းပျော်လို့ရအောင် ခေါ်လာခဲ့မယ်။” လီဖုန်း၏မျက်ဝန်းက နူးညံ့ပျော့ပျောင်းသည်။
“အင်း….အားရုံ သေချာပေါက်သဘောကျမှာပါ။ သူ ဒီမနက်ပြန်သွားတော့ အဲ့ဒီအကြောင်းတွေးေနတာ။” ထန်ချွန်းမင်က လက်ခံလိုက်သည်။
မြို့ကိုမြင်းစီးကာ ခရီးမြန်မြန်ထွက်ခဲ့သည်။ ရိတ်သိမ်းမြေမှ ရနံ့ထွက်ပေါ်လာသောအခါ ဆိုင်ရှင်ချီလည်း ရောက်လာခဲ့သည်။ မထင်မှတ်ထားသည်မှာ ထန့်ယွီက ထပ်လိုက်သွားခဲ့သည်။ သူလိုက်သွားသည့်အပြင် ပြဇာတ်အဖွဲ့ကိုပါ ခေါ်လာခဲ့သည်။ သူတို့က ရိတ်သိမ်းနယ်မြေတွင် ရိုးရှင်းသောစင်တစ်ခုကိုဆောက်ကာ စတင်ဖျော်ဖြေခဲ့သည်။
“ကျွန်တော့်ကို အားမနာပါနဲ့။ သူတို့မြို့ထဲရောက်နေတာ တိုက်ဆိုင်မှုပါ။ မဟုတ်ရင် ကျွန်တော်ခေါ်ချင်တိုင်း ခေါ်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်နဲ့ ထန်ဖူလန်က လုပ်ဖော်ကိုင်ဖက်တွေမို့ ကျွန်တော်ရဲ့စားသောက်ဆိုင်ကို အနာဂတ်မှာ အဆင့်မြှင့်ဖို့ စီစဥ်နေလို့ပါ။” ထန့်ယွီက လက်ယမ်းပြကာ ရွာလူကြီး၏ကျေးဇူးတင်စကားကို ယဥ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။
သခင်လေးထန့်ယွီ ယခုလိုပြုမူတာ တစ်ဖက်က မင်ကောအာကြောင့်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ ဖုန်းရှောင်ကျစ်ကြောင့် ရောက်ရှိလာသော စစ်သားများကြောင့်ဖြစ်သည်ဟု ရွာလူကြီးက ခန့်မှန်းလိုက်သည်။
လီဖုန်း၏မျက်နှာတွင် ထူးဆန်းသောအမူအရာမရှိသည်ကို မြင်လိုက်ရ၍ သူက ပြုံးကာ ဘာမှဆက်မပြောတော့ပေ။ သို့သော် သူက သခင်လေးထန့်ယွီနှင့် ဆိုင်ရှင်ချီအတွက် စားပွဲတစ်ခုစီစဥ်ပေးကာ ယွိမုတို့နှင့်အတူထိုင်စေသည်။
ထန်ချွန်းရုံကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့ယောက်ဖလောင်းက သူတွေးနေတာကို အလိုက်သိပေးလို့ သူက သူ့ကို တစ်မှတ်ပေးလိုက်လေသည်။
ကျန်တာကတော့ သူ့အနာဂတ်လုပ်ဆောင်ချက်များအပေါ် မူတည်သည်။ “အစ်ကို… အရမ်းသက်ဝင်နေတာပဲ။ ကျွန်တော်တို့ ကျန်းရှန့်ရွာက ဒီလိုသက်ဝင်လှုပ်ရှားတာမျိုးမရှိခဲ့ဘူး။ အနီးနားရွာသူဌေးက သူ့မွေးနေ့ကျင်းပဖို့ ပြဇာတ်အဖွဲ့ငှားရမ်းခဲ့တာတော့ မှတ်မိတယ်။ အဲဲဒီအချိန်က ကျွန်တော် အားမူကိုအသိမပေးပဲ ပြဇာတ်ကြည့်ဖို့ တိတ်တိတ်လေးပြေးသွားခဲ့သည်။ ဒါပေမယ့် အဲ့ဒါက အခုလောက်ထိ သက်ဝင်မနေခဲ့ဘူး။”
ထန်ချွန်းရုံက အရက်မသောက်ရသော်လည်း သူ့မျက်နှာက မီးတောက်များအောက်တွင် နီရဲနေလေသည်။ ပျော်နေသောအားလင်းက လီဖုန်း၏လက်မောင်းကိုမှီပြီး စင်မြင့်ပေါ်ရှိ ဖျော်ဖြေသူကိုချီးကျူးရန် မျက်လုံးကျယ်ကျယ်ဖွင့်ထားဖို့ ကြိုးစားနေသည်။ သို့သော် သူက အိပ်ချင်လာခဲ့လေသည်။
ထန်ချွန်းမင်ကလည်း ပြုံးနေခဲ့သည်။ သူ့အရင်ဘဝ၌ ယဥ်ကျေးမှုစင်တာက ရုပ်ရှင်ပြဖို့ လာမှသာ ယခုလိုတက်ကြွလှုပ်ရှားနေသော မြင်ကွင်းမျိုး ရွာမှာရှိခဲ့သည်။ သို့သော်လည်း ယခုချိန်မှာ စားစရာအသားရှိတာကြောင့် လူတိုင်း၏မျက်နှာက အပြုံးနဲ့ပြည့်နေပြီး ပါးစပ်က အဆီတဝင်းဝင်းဖြစ်နေ၏။
အမျိုးသားများကလည်း သောက်စားကြပြီး ဖျော်ဖြေသူများကိုကြည့်ရှုရန် စုရုံးကာ စိတ်လှုပ်ရှားစရာ အပိုင်းများရောက်လာသောအခါ သူတို့က ကျယ်ကျယ်လောင်လောင် လက်ခုပ်တီးကာအားပေးခဲ့လေသည်။
ကွဲလွဲနေသော အခိုက်အတန့်များလည်း သေချာပေါက်ရှိခဲ့သည်။ လီဖုန်း၏ဝမ်းကွဲက ထန်ချွန်းမင်ကို ခယဝယလုပ်လိုသော အမူအရာဖြင့် စကားလာပြောခဲ့သည်။
သို့သော် ထန်ချွန်းမင်က လူအဖွဲ့အစည်းထဲမှာရှိနေခဲ့သည်။ သူက ဒီအရွယ်ကလေးရဲ့ မျက်လုံးထဲက ခံစားချက်ကို သတိမထားပဲ နေပါ့မလား? မဖုံးဖိနိုင်သော မနာလိုစိတ်က သူ့ကိုရယ်မောလိုက်သည်။
တစ်ဖက်တွင် သူက မနာလိုဖြစ်ပြီး သူ့ကိုအထင်သေးနေပေမယ့် တခြားတစ်ဖက်တွင် သူက သူ့ကို မျက်နှာလုပ်ချင်သည်။ သူက ပင်ပန်းတယ်လို့တောင် မခံစားရပေ။ သူပြောသည့် သွယ်ဝိုက်စကားမှာ ထန်ချွန်းမင်က လီဖုန်းရှေ့မှာ သူတို့မိသားစု၏ကောင်းကြောင်း ပြောပေးရမှာဖြစ်၏။ ၎င်းက ထန်ချွန်းမင်၏ သီလကိုပြသပေးပြီး အမျိုးသားများက ထိုကောမျိုးကိုသာ ကြိုက်သည်ဟုဆိုသည်။
မင်းခွေးမသား… ငါ့ကို သီလသမာဓိအကြောင်း မင်းကပြောမှာလား ထွက်သွားစမ်း!
တစ်ရွာလုံး၏ပွဲတော်ဖြစ်နေ၍ လီစုန့်ကမ်း၏မိသားစုလည်း ရောက်လာခဲ့သည်။ သေချာတာက လူတော်တော်များများက သူတို့ကို အာရုံမစိုက်ကြပေ။ သူတို့က မကောင်းတတ်လို့ စကားတစ်ခွန်းနှစ်ခွန်းသာ ပြောပေးကြပေမယ့် ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ပေ။
လူတိုင်းက ယနေ့စိတ်လှုပ်ရှားစရာပွဲတော်၏ တာဝန်ရှိသူကို သိကြသည်။ ရွာသားများက သူတို့တူလေးဆီမှ အကျိုးအမြတ်ခံစားနေရသည်ဟု လီစုန့်ကမ်းမိသားစုထဲမှ လူတွေက ပုန်လျှိုးကွယ်လျှိုးပြောနေသည်မှာ ရွံစရာပင်။ လီဖုန်းက ယခုထိ ဘာမှပြန်မပြောလျှင်ပင် သူတို့က သူတို့မိသားစုကို မျက်နှာသာပေးဖို့ လာတောင်းဆိုနေသည်။
ထို့ကြောင့် တစ်ယောက်ယောက်က ထန်ချွန်းမင်၏မျက်နှာပေါ်ရှိ စိတ်မရှည်မှုကို သတိထားမိပြီးနောက် သူတို့က ထိုလူငယ်ကို ဆွဲထုတ်ဖို့ အကြောင်းပြချက်ရှာခဲ့သည်။
လက်မထပ်ရသေးသော လူလွတ်ကောက သီလရှိသော ဇနီးကဘယ်လိုလဲနှင့် အမျိုးသားတွေက ဘယ်လိုကောမျိုးကို သဘောကျလဲဲဆိုတာ တခြားသူများအား လိုက်လံပြောဆိုလေ့ရှိသည်။ သူ ထိုစကားမျိုးပြောရသည်အထိ အရေထူတာက အင်မတန်ရှက်ဖို့ကောင်းသည်။
ကျောက်မိသားစုမှလူများလည်း ရောက်လာခဲ့သည်။ ဝမ်ချွန်းဟွာနှင့် သူ့သားက အသားစားရာတွင် တခြားသူများထက် နှေးကွေးခြင်းမရှိပေ။ သို့သော် လူတွေက သူ့ကောလေးကျောက်မိန်အတွက် စိတ်မကောင်းဖြစ်နေသည်။ တစ်ယောက်ယောက်က သူ့ကိုဘေးသို့ဆွဲကာ သူ့ပန်းကန်ထဲမှာ အသားထည့်ပေးပြီး မြန်မြန်စားဖို့ပြောခဲ့သည်။
လီဖုန်းက ထန်ချွန်းမင်ကို ကူတွဲပေးပြီး ဖြည်းဖြည်းချင်းလျှောက်စေသည်။ ထန့်ယွီနှင့် ဆိုင်ရှင်ချီကလည်းထွက်သွားပြီး ညဘက်မှာ မြို့ပေါ်အမြန်ပြန်ခဲ့သည်။ အိပ်ပျော်နေသောအားလင်းက ယွိမုအပေါ်ရောက်သွားခဲ့သည်။
လီဖုန်း၏မျက်ဝန်းက လရောင်ထဲမှာ တောက်ပနေပြီး သူက ပြောလိုက်သည်။ “ကိုယ်ဒီညမသောက်ခဲ့ဘူး။ သူတို့ကိုလည်း အများကြီးသောက်ခွင့်မပေးထားဘူး။”
သူ့ကိုစိုက်ကြည့်နေသော မျက်လုံးများက ချီးကျူးခံချင်လို့စောင့်နေပုံပင်။ ထန်ချွန်းမင်က သူ့မျက်နှာကိုထိကာ ပြောလိုက်ရသည်။ “အင်း.. လျှော့သောက်တာပိုကောင်းတယ်။” နောက်က စစ်သားများက သူ့ကိုမကြည့်ရဲခဲ့ပေ။
ဒါက မြောက်ပိုင်းလူရိုင်းတွေကို ခြောက်လှန့်ခဲ့တဲ့ သူတို့သူဌေးလား? သူဌေးက တစ်နေ့မှာ သူ့ကောလေးအတွက် နူးညံ့လာမယ်လို့ မထင်ထားခဲ့ပေ။
ထိုခွေးကောင်ယွိမုကို ကြည့်လိုက်တော့ သူသည်လည်း ကောငယ်လေးကို ချီထားဖို့ဆန္ဒရှိနေသည်။ ကောငယ်လေးက တကယ်ကိုချစ်ဖို့ကောင်းသည်။ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်က အချိန်တိုအတွင်းမှာ ထိုကောအာ၏ ဆွဲဆောင်ခံရနိုင်ပြီး ၎င်းက ထိုကောအာလေး ဘယ်လောက်အင်အားကြီးလဲ ပြသနေသည်။
“မင်းငါ့ကိုမေးရင်တော့ သူက တကယ်တော်တဲ့ကောလို့ ပြောလို့ရတယ်။ သူက ရိုးသားပွင့်လင်းတယ်။ အရေးကြီးဆုံးက သူက ငါတို့ကို စိတ်အေးလက်အေး ကြည့်နိုင်တာပဲ။” တစ်ယောက်ယောက်က တီးတိုးဆိုသည်။
သူတို့ထဲကတချို့က အိမ်ထောင်ကျပြီးသား၊ တချို့က ချစ်သူရှိပြီး တချို့ကတော့ အဆက်ဟောင်းရှိဖူးသည်။
အခြေအနေကောင်းသူများက စစ်သားများအား ရိုင်းတယ်လို့ထင်ပြီး အထင်သေးကြသည်။ သာမန်အခြေအနေရှိသူများက ခန်းဝင်ပစ္စည်းများပေးကာ အခြေနေအမျိုးမျိုးကို ရှေ့တန်းတင်ကြသဖြင့် သူတို့ကို ခေါင်းကိုက်စေသည်။ သို့ဖြစ်၍ သူတို့အများစုက သူတို့မွေးရပ်မြေကိုသာ ပြန်ကြပြီး သူတို့မိသားစုအား ကောတစ်ယောက် ကူရှာပေးဖို့ခွင့်ပြုခဲ့သည်။
“အင်း…အစ်ကိုကြီးမျက်နှာပေါ်က အမာရွတ်ကလည်း အဲ့ဒီတုန်းကသိသာနေတာ။ တခြားကောတွေက ကြောက်လန့်ပြီး သူ့ကို မချဥ်းကပ်ရဲတာ မင်းတို့မြင်ခဲ့ရတယ်မလား? နောက်တော့ အရာရှိက သည်းမခံနိုင်တော့ပဲ သူ့ကောလေးကို အစ်ကိုဖုန်းနဲ့ လက်ထပ်ပေးချင်ခဲ့တယ်။”
“ဒါပေမယ့် ကိစ္စအတည်တကျမဖြစ်သေးခင်မှာပဲ သူ့ကောလေးက အစ်ကိုကြီးကိုတွေ့ဖို့ တိတ်တိတ်လေးထွက်လာခဲ့တယ်။ သူက အစ်ကိုကြီးကို လက်မထပ်ချင်တဲ့အပြင် ပုံကြီးချဲ့ ပြဿနာရှာခဲ့တယ်။ အစ်ကိုကြီးက အရှက်ကွဲခဲ့ရတယ်။ အဆုံးမှာ အစ်ကိုကြီးက ကိစ္စအတည်တကျမဖြစ်ခင် ထွက်သွားခဲ့တယ်။”
ထိုဖြစ်ရပ်ကို စဥ်းစားကြည့်တော့ ညီအစ်ကိုအားလုံးက ဒေါသထွက်သွားခဲ့သည်။ အမှန်တိုင်းဆိုရလျှင် အစ်ကိုကြီးက ထိုအရာရှိကို ကယ်တင်ခဲ့လို့ ဒဏ်ရာရခဲ့တာဖြစ်၏။ သူ ကျေးဇူးပြန်ဆပ်ချင်လျှင် ဤနည်းလမ်းကို မသုံးခဲ့သင့်ပေ။
လူအများကြီးရှေ့မှာ အစ်ကိုကြီးကို လှောင်ပြောင်ဖို့ သူတို့ကောအား ခွင့်ပြုခဲ့သည်။ သူက ကောတစ်ယောက်သာမဟုတ်ခဲ့လျှင် သူတို့ ကောင်းကောင်းရိုက်နှက်ပစ်ခဲ့မှာပင်။
အရာရှိက ကြိုတင်တောင်းပန်ခဲ့ပြီး သူက သူ့ကောအာလေးကို အစ်ကိုကြီးအားပေးမည်ဟုပြောကာ အိမ်ထောင်ပြုခြင်းက မိဘများ၏ဆုံးဖြတ်ချက်ဖြစ်ပြီး ကောအာများက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်မရှိဟု ပြောခဲ့သည်။
သို့သော် ဤလက်ထပ်ပွဲက အရာရှိ၏တစ်ဖက်သတ်ဆန္ဒဖြစ်ပြီး သူ့အသက်ကို ကယ်တင်ခဲ့သည့် အစ်ကိုဖုန်းကို ကျေးဇူးပြန်ဆပ်ချင်ခဲ့တာဖြစ်၏။ သူ့မိသားစုဝင်များက သဘောမတူခဲ့ပေ။ အစ်ကိုဖုန်းက ကြောက်ဖို့ကောင်းပြီး ရုပ်ဆိုးလို့မဟုတ်ပါပဲ သူက ရိုးအသည့် ကျေးလက်သားဖြစ်ပြီး သူတို့လို ချမ်းသာသောမိသားစုနဲ့ မထိုက်တန်ဟုဆိုသည်။
တစ်ဖက်တွင် ထိုလူက အစ်ကိုကြီး၏ခံစားချက်ကို မစဥ်းစားသလို သူဤအစီအစဥ်ကို အစ်ကိုကြီးလက်ခံရန် ဆန္ဒရှိမရှိ မမေးမြန်းခဲ့ပေ။ သူ့အမြင်တွင် အစ်ကိုကြီးက သူ့ကောလေးကိုရတာ ကောင်းချီးဖြစ်၍ သူ့အစ်ကိုကြီးက ဝမ်းသာအားရလက်ခံမယ်လို့ ထင်ခဲ့တာဖြစ်၏။
သို့သော် နောက်ဆုံးရလဒ်က အစ်ကိုကြီးက ထွက်သွားဖို့ ဖိအားပေးခံရပြီး အစ်ကိုကြီးအတွက် ဝမ်းနည်းသည့်လူပင် မရှိခဲ့ပေ။
“အမှန်ပဲ။ ဒီကောက အကောင်းဆုံးထင်တယ်။ သူဌေးရဲ့ အမူအရာကိုပဲကြည့်.. သူက အရမ်းစဥ်းစားပေးတတ်တယ်။ ငါ သူ့ကို ဒီလိုပုံစံမမြင်ဖူးဘူး။””
နောက်ကသံမှာ နည်းနည်းကျယ်သွားတာကြောင့် လီဖုန်းလှည့်ကြည့်လာသည်။ ထန်ချွန်းမင်သည်လည်း အပြုံးတစ်ပွင့်ဖြင့် နောက်လှည့်ကြည့်လာသည်။
&&&&&&&&&
Chapter 47.2
အစောပိုင်းမှာ သတင်းမျှဝေခဲ့သည့်လူက သူ့ရင်ထဲမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူဌေးရဲ့ပုံရိပ်ကို မဖျက်စီးမိလိုက်ပါဘူးနော်။ သူ သူဌေးနဲ့ ဒီည စာရင်းရှင်းရတော့မှာလား? ဒါဆို သူဌေးက မနက်ဖြန်မှ စာရင်းရှင်းမှာလား?
သူတို့အိမ်ပြန်ရောက်သည့်အခါ ထန်ချွန်းမင်က လီဖုန်းကို တစ်ခြမ်းစောင်းပြုံးပြ၍ စလိုက်လေသည်။ “အို… ဒီတော့ ခင်ဗျားကို သူတို့ကောနဲ့ လက်ထပ်ပေးဖို့ စိတ်အားထက်သန်နေတဲ့လူ ရှိခဲ့တာပေါ့? ပြီးတော့ အဲ့ဒါအရာရှိရဲ့သားလား?”
လီဖုန်းက ဤစကားအမျှင်မပြတ်သူလေးကို ကောက်ချီကာ ရိုက်ပစ်လိုက်ချင်သည်။ အကြောင်းမှာ ဤပျင်းစရာစကားများကိုပြောရန် သူတို့မှာ အချိန်မရှိလို့ပင်။ သို့သော် မင်ကောအာ၏မျက်လုံးများကိုကြည့်လိုက်တော့ လီဖုန်းက သူ့နှာခေါင်းကိုထိကာ အိပ်ပျော်နေသော အားလင်း၏မျက်နှာနှင့် လက်ကို ရေနဲ့သုတ်ပေးလိုက်သည်။
သုတ်ပြီးနောက် သူသည် မင်ကောအာ၏လက်နှင့်မျက်နှာကိုဆေးရန် ရေတစ်ဇလုံလဲလိုက်သည်။ သူ့မျက်လုံးက အနည်းငယ်ချီတုံချတုံဖြစ်ကာ သူက နေရခက်စွာပြောလိုက်သည်။ “ကိုယ်မင်းကို ဒီအကြောင်းတွေ မပြောပြခဲ့လို့လား?”
“လူတစ်ယောက်က ခင်ဗျားကို လက်ထပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ခင်ဗျားက လက်မခံခဲ့ဘူးလို့ပဲ ပြောခဲ့တာ။” လီဖုန်းက ရိုးရိုးရှင်းရှင်း ပြောပြခဲ့သည်။ သူသာ သူ့နောက်ကလူ၏စကားကို အာရုံမစိုက်ခဲ့လျှင် အလယ်တွင် ရှုပ်ထွေးသော ဖြစ်ရပ်တစ်ခုရှိသည်ကို သူသိခဲ့မှာမဟုတ်ပေ။ “ခင်ဗျားက အဲ့ဒီကောကိုရှောင်ဖို့ နုတ်ထွက်ခဲ့တာလား?”
“ဘယ်လိုဖြစ်နိုင်မှာလဲ!” လီဖုန်းက ဉာဏ်နီဉာဏ်နက်များသော ကောကိုစိုက်ကြည့်ကာ “ကိုယ့်ရဲ့နုတ်ထွက်စာက အဲ့ဒီမိသားစုနဲ့ လုံးဝမဆိုင်ဘူး။ ကိုယ်ပင်ပန်းနေလို့ တစ်ဖက်သတ်မရပ်တည်ချင်ရုံပဲ။ အေးအေးချမ်းချမ်းနေချင်လို့ ဒီကိုပြန်လာချင်ခဲ့တာ။”
သူ့မိဘတွေနေခဲ့သော ဤနေရာကိုကြည့်ရန်နှင့် သူအဆုံးသတ်သင့်သည့်အရာကို အဆုံးသတ်ရန်ဖြစ်၏။ သူသာ မင်ကောအာနှင့်မတွေ့ခဲ့လျှင် သူနေဖို့မဖြစ်နိုင်ပေ။
“ကျွန်တော်နားလည်ပါပြီ။ ခင်ဗျားပြန်တော့.. ယွိမုနဲ့တခြားလူတွေကို အကြာကြီးမစောင့်ရစေနဲ့။” ထန်ချွန်းမင်က လီဖုန်းကို မသိမသာ လက်ဖြင့်ထိုးခဲ့သည်။
လီဖုန်းက ရေကိုသွန်ချလိုက်ပြီး ထန်ချွန်းမင်၏မျက်နှာကိုကြည့်လိုက်သည်။ ထန်ချွန်းမင်က စိတ်မရှည်ဖြစ်ခါနီးတွင် သူက ပြောလိုက်၏။ “မင်ကောအာ… မင်းတကယ်စိတ်မဆိုးဘူးလား?”
ထန်ချွန်းမင်က ရယ်မောလိုက်လေသည်။ “ကျွန်တော် အစတည်းက စိတ်မဆိုးပါဘူး။ စိတ်ဆိုးစရာဘာရှိလို့လဲ? မြန်မြန်သွားတော့… ကျွန်တော်အိပ်ချင်ပြီ။”
လီဖုန်းက စိတ်သက်သာရာရသွားပြီး သူ့ကိုတံခါးဝလိုက်ပို့ပေးဖို့ မင်ကောအာကိုပြောလိုက်သည်။ ထန်ချွန်းမင်က စိတ်မဆိုးပေ။ လီဖုန်းက ထိုကောကို သဘောကျပြီး လက်ထပ်ချင်ခဲ့တာမဟုတ်ပေ။
သူဘာလို့မနာလိုဖြစ်ရမှာလဲ? ထို့အပြင် တခြားသူများ၏အမြင်တွင် သူ့မှာ မုဆိုးဖိုဆိုသည့်အတိတ်ရှိသည်။ သူဆိုသည့် ထန်ချွန်းမင်က စျေးနိမ့်သွားပြီး အကူအညီမဲ့နေသည်ဟူ၍ပင်။ သူက အတိတ်က “မင်ကောအာ” မဟုတ်ကြောင်းလည်း ငြင်းလို့မရပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဤခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားလာပြီး ဤကိုယ်ကချန်ခဲ့သည့် အရာအားလုံးက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံရမည်။
သူကျေးဇူးတင်မိသည်မှာ မူလကိုယ်က ဖြေရှင်းရခက်ခဲသော ကိစ္စများကို မချန်ထားခဲ့တာပင်။ ကျောက်တာဟူ အသက်ရှင်နေသေးလျှင် သူ့လို အရွယ်ရောက်အမျိုးသားတစ်ယောက်က ထိုလူနဲ့ ဆိုးရွားသောဘဝမှာ နေထိုင်နိုင်မှာမဟုတ်ပေ။ မဟုတ်ပါက သူက ထိုလူကိုဖြစ်စေ သူ့ကိုယ်သူဖြစ်စေ ရူးအောင်လုပ်မိလိမ့်မည်။
သူတို့ကွာရှင်းခဲ့လျှင်ပင် အားလင်း၏ကံကြမ္မာက သူ့ကိုခေါင်းကိုက်စေလိမ့်မည်။ သူ့ကိုခေါ်လာဖို့ လွယ်မှာမဟုတ်ပေ။
ကျောက်တာဟူ ပြန်မလာနိုင်တော့တာကို ဝမ်းသာမိသော်လည်း အပြင်ပိုင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး အေးစက်သည့် ထန်ချွန်းမင်က ထိုအကြောင်းကိုမတွေးရမနေနိုင်ပေ။
ထိုညတွင် လက်ကျန်အသားအားလုံးကို ရောင်းချခဲ့ပြီး အများစုကို ကျင်းကျိကယူသွားခဲ့ကာ ကျန်အသားများကို ရွာသားများအား စျေးနည်းနည်းဖြင့် ရောင်းချခဲ့သည်။ ထန်ချွန်းမင်လျှင်ပင် တောဝက်သားနှင့် ကတိုးသမင်သားတချို့ကိုဝယ်ရန် ငွေသုံးခဲ့သည်။
တောဝက်ကလေးများကတော့ ရွာလူကြီး ဆုံးဖြတ်ချက်ချခဲ့သည်။ အိမ်မှာမွေးဖို့ ယူသွားချင်သူများက သူတို့ကို အသိအမှတ်ပြုကြောင်း အမှတ်အသားအဖြစ် ငွေနည်းနည်းပေးရသည်။ ငွေကို မိသားစုက သီးသန့်သုံးမှာမဟုတ်ပဲ ရွာအတွက် ထိန်းသိမ်းထားမှာဖြစ်၍ ရွာသားများက ကန့်ကွက်စရာမရှိပဲ တောဝက်ကလေးများကို အမြန်ခေါ်သွားခဲ့သည်။
ကျန်းရှို့လည်း အိမ်မွေးဝက်တစ်ကောင်၏ ထက်ဝက်စျေးဖြင့် တစ်ကောင်ရခဲ့ပြီး ယခုနှစ်ကုန်တွင် ဝက်သတ်သောအခါ ထန်ချွန်းမင်ကိုပေးမည်ဟု ပြောခဲ့သည်။
ရွာလူကြီးက သူရရှိသောငွေအားလုံးကို စာရင်ပြုစုပြီး ထန်ချွန်းမင်၏အလုပ်ပြီးပါက ဘိုးဘွားပိုင်ခန်းမကို ပြန်လည်မွမ်းမံရန် လူတွေငှားရမ်းမည်ဟု ပြောခဲ့သည်။ တခြားအသုံးစရိတ်များကို ရွာအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်၏။
နောက်တစ်နေ့တွင် လီဖုန်းက တောင်ထိပ်ကို ဆက်လက်ရှင်းလင်းရန် လူတွေကို တောင်ပေါ်သို့ ပို့ဆောင်ခဲ့ရသည်။ ထန်ချွန်းမင်က တာမောင်းနှင့် သူ့သူငယ်ချင်းများကိုခေါ်ကာ အလုပ်တစ်ခုပေးခဲ့သည်။ ကစားဖော်အနည်းငယ်က လီဖုန်းနှင့် သူ့သူငယ်ချင်းများ၏ အနောက်ကိုလိုက်ကာ တောင်ပေါ်က တောရိုင်းသီးနှံများကိုရှာလို့တွေ့လျှင် သူတို့ကိုပြန်လာပြောဖို့ဖြစ်သည်။
ထန်ချွန်းမင်က တောင်ထိပ်များကိုရှင်းလင်းပြီး သီးပင်များကို ပြန်လည်စိုက်ပျိုးဖို့ အစီအစဥ်မရှိပေ။ ထိုအစား သူက ဒေသဆိုင်ရာပစ္စည်းများကို အခြေခံ၍ ကျိုးကြောင်းဆီလျော်စွာ ဖြန့်ဖြူးဖို့စီစဥ်ခဲ့သည်။ တောင်ပေါ်တွေမှာ စီးပွားဖြစ်သီးနှံတချို့ရှိပြီး အားလုံးကိုရှင်းပစ်ဖို့ အဆင်မပြေပေ။
တောရိုင်းသစ်အယ်ပင်များ၊ တောစပျစ်သီးများ၊ ချဥ်သော ဇီးပန်းသီး၊ ဘယ်ရီသီးခြောက်၊ ဆေးဖက်ဝင်အပင်များရှိတာကို သူမှတ်မိသည်။ တကယ်တော့ ဤအရာများကို ကောင်းကောင်းထိန်းသိမ်းလျှင် ငွေရှာလို့ရသည်။
တာမောင်းက အလွန်ပျော်ရွင်နေသည်။ သူက သက်တူရွယ်တူ လူတစ်စုကိုစည်းရုံးကာ သူ့ကိုပေးထားသော တာဝန်ကိုထမ်းဆောင်ရန် လီဖုန်းနဲ့အတူ တောင်ပေါ်တက်သွားခဲ့သည်။ ရွာထဲက လူကြီးများက သူတို့လုံခြုံရေးအတွက် ယုံကြည်မှုရှိသည်။ ပုံမှန်အားဖြင့် သူတို့ကလေးများက တောင်အစွန်အဖျားမှာ တောရိုင်းအသီးအနှံများ သွားခူးလေ့ရှိသည်။
ရက်အနည်းငယ်အကြာတွင် လီဖုန်း၊တာမောင်းနှင့် သူတို့၏သူငယ်ချင်းများက ရိတ်သိမ်းမှုများကို ပြုလုပ်ခဲ့သည်။ ထန်ချွန်းမင်၏အစီအစဥ်အရ သူတို့က တောင်ခြေမှ လယ်မြေများကိုရှင်းလင်းကာ ကြက်စခန်းနှစ်ခုကိုဆောက်လုပ်ပြီး ခြံကျယ်ကြီးနှစ်ခြံ ခြံစည်းရိုးခတ်ကာ မူလကမွေးထားခဲ့သော ကြက်များကို ထိုနေရာသို့ပြောင်းရွှေ့ခဲ့သည်။ ယခုမူ သူတို့က ကြက်မွေးမြူသူများနေထိုင်ရန် တောင်ခြေတွင် အိမ်တစ်လုံးဆောက်နေ၏။
လီဖုန်းက ယွိမုနှင့် တခြားသူများအား အလုပ်ကူလုပ်ပေးရန် ဆက်နေစေချင်သည်။ သူတို့က တောင်ခြေကိုသာ ခုတ်ထွင်ရှင်းလင်းရသေးပြီး မြေတစ်ဝက်ပင် မပြီးသေးပေ။
သို့သော် စစ်တပ်က သူတို့ကိုစောင့်နိုင်မှာမဟုတ်တာကြောင့် သူက ရက်ပေါင်းများစွာ အလုပ်ကြိုးစားပေးခဲ့သည့် စစ်သားများကို ပြန်လွှတ်လိုက်ရသည်။ မပြန်ခင်မှာ ယွိမုက ထန်ချွန်းမင်ကို သူ့သူဌေးအကြောင်းတိုင်ကြားခဲ့သည်။
လူတွေထွက်သွားတာကိုကြည့်ပြီး ထန်ချွန်းမင်ကပြုံးကာ ပြောလိုက်သည်။ “ဒီတစ်ခေါက်က သူတို့အတွက်ခက်ခဲမှာပဲ။ သူတို့က ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးဖို့ လာခဲ့သလိုပဲ။” သူတို့ကိုဆုချရန် ထန်ချွန်းမင်က ဟင်းကောင်းကောင်းချက်ကျွေးခဲ့သည်။ နောက်ဆုံးတွင် ယွိမုက မင်ကောအာချက်ထားသော အစားအစာကို ဘာကြောင့်အမြဲတစေ အော်ဟစ်တောင်းဆိုနေသည်ကို ထိုစစ်သားများ နားလည်သွားကြသည်။
သူ့ဌေးက သူ့ကောလေး ဟင်းချက်မှာကိုအမြဲတားခဲ့တာ အံ့သြစရာမရှိပေ။ သူတို့ မင်ကောအာ၏လက်ရာကိုစားပြီးလျှင် တခြားသူများချက်တာကို မစားချင်တော့မှာစိုး၍ ဖြစ်၏။ သူဌေးက ပိုပိုပြီး အကျင့်ယုတ်လာခဲ့သည်။
“အဝေးကြီးလိုသေးတယ်။ နီးလာရင် တောင်တစ်ခုလုံးကိုရှင်းဖို့ လူပိုခေါ်လိုက်မယ်” လီဖုန်းက မကျေမနပ်ပြောလိုက်သည်။
ထန်ချွန်းမင်က သူ့ကိုတစ်ချက်ကြည့်ရုံဖြင့် နားလည်သွားသည်။ “အချိန်ယူပါ။ အခုရှင်းထုတ်ပစ်ရင်တောင် မြက်တွေချည်းထူထပ်နေလိမ့်မယ်။”
စိုက်ပျိုးခြင်းက အဆင့်ဆင့်လုပ်ဆောင်ရမည်။ တစ်တောင်လုံးကို မြန်မြန်ဘယ်လိုရှင်းမလဲ? “ခင်ဗျား ကြက်ခြံစောင့်ဖို့ လူရှာပြီးပြီလား? လူရရင် ခြံထဲကအကောင်တွေကို အရင်ရွှေ့ပြီး ခြံထဲမှာမွေးမြူလို့ရတယ်။”
ပထမဦးစွာ သူတို့ကို နေရာလွတ်စမ်းရေဖြင့် ပျိုးထောင်ပြီး ကြက်ပေါက်လေးတွေ နေသားကျပြီး ခံနိုင်ရည်မြင့်မားလာသောအခါတွင် သူတို့ကိုတောင်ခြေရင်းသို့ လွှတ်ပေးမည်။
ထို့အပြင် ကြက်မွေးမြူသည့်နေရာတွင် မြက်မျိုးစေ့တချို့ဖြန်းကာ စမ်းရေနှင့်ရောစပ်ပြီး ပျိုးထောင်ရမည်။ ဤနည်းဖြင့် ကြီးပြင်းလာသောကြက််များက လူကြိုက်များမှာသေချာသည်။
“ကိုယ် လူနှစ်ယောက်ကိုတွေ့ထားတယ်။ မင်ကောအာ…” လီဖုန်းက မင်ကောအာကိုကူတွဲကာ လမ်းလျှောက်နေရင်း ဆွေးနွေးလိုက်သည်။ “တစ်ယောက်က ဦးလေးလျိုရဲ့သား၊ တစ်ယောက်က ဦးလေးထျဲ။ နှစ်ယောက်လုံးက ရိုးသားတဲ့လူတွေပါ။ သူတို့မဟုတ်တာလုပ်မှာကို စိုးရိမ်ဖို့မလိုဘူး။ သူတို့က ကြက်တွေကို ပျိုးထောင်ဖို့ အကောင်းဆုံးလုပ်လိမ့်မယ်။”
ထန်ချွန်းမင်သိသော ဦးလေးလျို၏သားက ရိုးသားသောလူတစ်ယောက်ဖြစ်သည်။ သူက တိတ်ဆိတ်သော လူရိုးလေးဖြစ်ပြီး စကားနည်းသည်။
သို့ပေမယ့် မင်းသူတို့ကို ပြောပြပေးနေသမျှတော့ သူတို့က သေချာပေါက်ပြီးပြည့်စုံနေမှာဖြစ်ပြီး အပြစ်ရှာလို့ရမှာမဟုတ်ချေ။ လူတွေက ပစ္စည်းများကို သူတို့လက်ထဲအပ်လိုက်မှသာ စိတ်အေးရလိမ့်မည်။ ထို့အပြင် သူ့အပြင် ဦးလေးလျိုကလည်း ယုံကြည်လို့ရလေသည်။
ဦးလေးထျဲကတော့ ထန်ချွန်းမင်နှင့် အဆက်အဆံသိပ်မလုပ်ပေမယ့် လီဖုန်းက သူနဲ့ပတ်သက်သည့် ကိစ္စများကို ပြောပြဖူးသည်။ လီဖုန်း၏မိဘများ အသက်ရှင်နေစဥ်နှင့် ကွယ်လွန်ပြီးနောက် ဦးလေးထျဲက လီဖုန်း၏မိသားစုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။ မြောက်ဘက်သို့မပို့မီတွင် ဦးလေးဖြစ်သူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။ သို့သော် ဦးလေးထျဲ့က သူ့ကိုညစာခေါ်ကျွေးလေ့ရှိသည်။ ဦးလေးထျဲက လက်ယက်ကျွမ်းကျင်သည်။ ရွာမှာအများဆုံးသုံးသော ခြင်းတောင်းများက သူ့မိသားစုဆီမှဖြစ်၏။
သို့သော် သူ ငယ်ငယ်တုန်းက ခြေထောက်ကျိုးသွားခဲ့ပြီး ထိုအချိန်တည်းက မသန်မစွမ်းဖြစ်လာခဲ့သည်။ သူ့မှာ သူ့ကိုယ်သူထောက်ပံ့ရန် ကျွမ်းကျင်မှုတစ်ခုရှိသော်ငြား သူ့ဇနီးနေမကောင်းဖြစ်လျှင် ငွေချေးရတာကြောင့် ဘဝက ခက်ခဲနေဆဲဖြစ်၏။
လီဖုန်းက သူ့အပေါ်ကောင်းပေးခဲ့သူများကို အမြဲအမှတ်ရခဲ့တာကြောင့် သူက ဤအခွင့်အရေးကိုသုံးကာ ဦးလေးထျဲကို ဂရုစိုက်ပေးချင်သည်။ သေချာတာက ယင်းမှာ မင်ကောအာ၏ သဘောတူညီချက်ကိုလည်း လိုအပ်သည်။
လီဖုန်းက တစ်ဖက်သတ် ဆုံးဖြတ်ချက်မချချင်ပေ။ သို့သော် လီဖုန်းပြောပြပြီးနောက် ထန်ချွန်းမင်က လူလတ်ပိုင်းအမျိုးသားကို မှတ်မိသွားသည်။ သူ ထိုနေ့က ထိုဦးလေးကို စပါးအခြောက်ခံနယ်မြေမှာတွေ့တော့ ထိုလူက သူ့ကိုကြင်ကြင်နာနာ ပြုံးပြခဲ့သည်။ ယင်းမှာ လီဖုန်းကြောင့်ဆိုတာ သိသာပေမယ့် သူက တခြားလူတွေလို သူနဲ့ရင်းနှီးဖို့ကြိုးစားပြီး အလုပ်တောင်းခဲ့တာမျိုးမရှိပေ။
ယခု ဤတောင်ကုန်းပေါ်တွင် အလုပ်လုပ်ရန် အလုပ်သမားငှားရမ်းနေတာကို လူတိုင်းသိတာကြောင့် ထန်ချွန်းမင်က သူ့ထံကြိုတင်ချဥ်းကပ်လာသူများကို စိတ်မဆိုးပေ။ သူက လူအင်အားလိုအပ်နေ၍ အလုပ်ကြိုးစားသူများကို ငြင်းဆိုရန် အကြောင်းပြချက်မရှိပေ။
“အဲ့ဒါခင်ဗျားဆုံးဖြတ်ပါ။ ကျွန်တော်ကန့်ကွက်စရာမရှိဘူး။ ခင်ဗျားသူတို့နဲ့စကားပြောပြီး ပြီးစီးသွားရင် အိမ်ကိိုဘယ်သူအရင်သွားစောင့်မှာလဲ ကြည့်လိုက်ပါ။” ကြက်ခြံနှစ်ခုရှိသည်။ သူတို့က ပထမတစ်ခြံကို အရင်သုံးပြီး ကြက်ကောင်ရေတိုးလာမှ တခြားတစ်ခုကိုသုံးမည်။
“ကောင်းပြီ။ ဒါဆို ကိုယ် ဦးလေးလျိုကိုအရင်ပြောလိုက်မယ်။ အစပိုင်းဆိုတော့ စောင့်မယ့်လူက ပိုသတိရှိဖို့လိုတယ်။” ကြက်ဖမ်းဖို့တောင်ပေါ်ကဆင်းလာသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း စောင့်ကြည့်ရမည်။ ယခုမှ သန့်ရှင်းရေးလုပ်ထားပေမယ့် ဦးလေးလျို၏သားက ငယ်သေးသည့်အတွက် သေချာစွာသန့်စင်ထားတယ်ဆိုတာ အာမခံချက်မရှိပေ။
“ကောင်းပြီ..” ထန်ချွန်းမင်က သူ့ကိုစိတ်ပူပေးသော လူတစ်ယောက်ရှိနေ၍ အပူအပင်ကင်းသော သူဌေးတစ်ယောက်လို ပျော်ရွှင်နေသည်။
အိမ်ဆောက်ပြီးနောက် ထန်ချွန်းမင် သွားကြည့်ခဲ့သည်။ ဦးလေးလျို၏သားက အိမ်ကိုသပ်ရပ်စွာပြင်ဆင်နေသည်။ သူရောက်လာတာကိုတွေ့တော့ သူက ကမန်းကတန်းထွက်လာသည်။ သူက ပြောစရာစကားမရှိသလိုပင် လျှာကိုထိန်းသိမ်းထားပေမယ့် သူ့မျက်လုံးအစုံက ကျေးဇူးတင်စကားများနှင့် ပြည့်နှက်နေခဲ့သည်။
&&&&&&&&
Chapter 47.3
ကြက်ခြံတစ်ခုလုံးကို ဦးလေးလျို၏ သားဖြစ်သူဇနီးမောင်နှံအား လွှဲပြောင်းပေးကာ သူတို့က နေထိုင်ဖို့နေရာနှင့် တစ်လကို ဝမ်းငါးရာရရှိပေမည်။ သူတို့က မြို့ထဲမှာပင် ဤအလုပ်မျိုးကို ရှာတွေ့မည်မဟုတ်ပေ။
ဦးလေးလျိုက ကောငယ်လေး ရှောင်ကျူးကျိကိုခေါ်လာသည်။ ရှောင်ကျူးကျိ၏အကျင့်စရိုက်က သူ့မိဘတွေလိုပင် တစ်သီးတစ်သန့်နေသော ကောတစ်ယောက်ဖြစ်၏။
“မင်အားမော့…ဦးလေးဖုန်း. “ ကောငယ်လေးက ရှက်ရှက်ဖြင့်ခေါ်လိုက်ပြီး ထန်ချွန်းမင်၏နောက်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။
“အားလင်းနဲ့ကစားချင်လို့လား?” ငါ့အိမ်ကိုလာဖို့ မင်းဘိုးဘိုးကိုပြောလိုက်။ ဦးလေးလျို… ကလေးက အပြင်ထွက်ကစားချင်ရင် လိုက်ပို့ပေးလိုက်ပါ။”
ကလေးက သူ့အိမ်ကိုလာပြီး အားလင်းတို့နဲ့ ကစားရတာကြိုက်ပေမယ့် သူက ခဏခဏမလာပေ။ သူ ထန်ချွန်းမင်တို့အား နှောင့်ယှက်မိမှာကို လူကြီးတွေက မလိုလားတာဖြစ်မည်ဟု ထင်လိုက်သည်။
ဦးလေးလျိုက နှစ်ကြိမ်ရယ်မောလိုက်သည်။ “ဒီကလေးက ဦးလေးကို ဘယ်လိုအဖော်ပြုရမလဲ သိတယ်။ ဦးလေးအားရင် သူ့ကိုခေါ်လာပါ့မယ်။ မင်ကောအာ… ဒါတွေက မင်းနဲ့ဖုန်းရှောင်ကျစ်ရဲ့ကျေးဇူးပါ။ မင်းတို့သာအလုပ်မပေးရင် သူတို့က တုတ်နဲ့ရိုက်လည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဦးလေးက သူတို့ရဲ့အနာဂတ်ကိုစိတ်ပူနေတာ။”
သူ့မှာကလေးနှစ်ယောက်ရှိပြီး ကွယ်လွန်သွားသော ကောအာဘေးက အရှက်အကြောက်ကြီး၍ ဖြောင့်ဖြောင့်မတွေးနိုင်ပဲ သက်သေသွားခဲ့သည်။ သူက အလုပ်ကြိုးစားဖို့ပဲသိသည်။ သူသာ စိတ်ဓာတ်ကြံ့ခိုင်ခဲ့လျှင် သူ့ကလေးမှာ ဤအကျင့်စရိုက်ရှိလာမှာမဟုတ်ဘူးလို့ ဦးလေးလျိုက တစ်ခါတစ်လေ တွေးတတ်သော်လည်း ယခု ကလေးများက ကြီးပြင်းလာပြီဖြစ်၍ သူပြောင်းလဲလို့်မရတော့ချေ။
“ဦးလေးလျိုက ဘယ်သွားမှာမို့လို့လဲ? ဘယ်လိုပဲဖြစ်ဖြစ် အားလင်းက ခင်ဗျားကို အဘိုးလျိုလို့ခေါ်တာပဲလေ။” ထန်ချွန်းမင်က ဘာသိဘာသာ လက်ဝေ့ယမ်းပြပြီး သူဘယ်သူ့အတွက်လုပ်ပေးခဲ့လဲဆိုတာ အရေးမကြီးပေ။ သူက ရင်းနှီးသူများနှင့် ယုံကြည်လို့ရသူများအတွက် သေချာပေါက်လုပ်ပေးမှာဖြစ်၏။
မင်ကောအာ၏စကားက ယဥ်ကျေးတယ်ဆိုတာ သူသိသည်။ ပြတ်ပြတ်သားသားပြောရလျှင် ကျောက်မိသားစုက အားလင်းကို ကျောက်မိသားဝင်အဖြစ် မသတ်မှတ်သလို မင်ကောအာကလည်း အားလင်းကို ကျောက်မိသားစုဝင်အဖြစ် မသတ်မှတ်ချေ။
မင်ကောအာက သူ့ကိုဂရုစိုက်လို့ သူ့သားနဲ့သမက်ကို အလုပ်ခန့်ပေးခဲ့မှန်း သူကောင်းကောင်းသိသည်။ လူတွေက ကျေးဇူးသိတတ်ပြီး ကြင်နာမှုကိုပြန်ပေးဆပ်ကာ သူတို့၏အသိတရားကို မလွန်ဆန်သင့်ပေ။
“မင်ကောအာ…ဦးလေး မင်းနဲ့ဆွေးနွေးစရာရှိတယ်။” ဦးလေးလျို၏မျက်နှာပေါ်က အမူအရာမှာ သတိရှိလာပြီး သူက လီဖုန်းကိုမရှောင်ခဲ့ပေ။
ထန်ချွန်းမင်နှင့် လီဖုန်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဦးလေးလျို မည်သည့်စကားကို လေးလေးနက်နက် ပြောလာမလဲ သူတို့မသိခဲ့ပေ။ “ဦးလေး.လျို… ဘာလဲပြောပါ။”
“အဲ့ဒါက… ဟွမ်မိသားစုက ကလေး.. သူ့ကို ရွာလူကြီးအိမ်မှာ ကျွေးမွေးစောင့်ရှောက်ထားရဆဲပဲ။ ငါ စဥ်းစားနေတာ။” သူက သူ့မြေးအကြီးဆုံးကိုကြည့်ကာ အံကြိတ်ရင်းပြောလိုက်သည်။ “သူ့ကို့အိမ်ခေါ်လာပြီး ရှောင်ကျူးကျိအတွက် ဇနီးငယ်လေး*အဖြစ် ပျိုးထောင်ချင်တယ်။”
ထုံယန်ရှီးလား?**
(ကလေးသတို့သမီး)
ထန်ချွန်းမင်က အံ့အားသင့်သွားသည်။ မူလက ဟွမ်မိသားစုမှ ကောလေးလို့ကြားသောအခါ ဦးလေးလျိုက ထိုကလေးကိုမွေးစားမယ်လို့ ထန်ချွန်းမင်ထင်ခဲ့သည်။
ဥိးလေးလျို ကလေးတွေကိုသဘောကျတာ သူသိပေမယ့် သူက ထုံယန်ရှီးဆိုသည့် နာမည်လို့ မထင်ခဲ့ပေ။ တစ်နည်းနည်းဖြင့် သူဤနေရာသို့ရောက်ခါစမှာ အားလင်းက ထုံယန်ရှီးဖြစ်လုနီးပါးဖြစ်ခဲ့သည်။
ထို့အပြင် ရှောင်ကျူးကျိက အလွန်ငယ်ပြီး သူ့အဘိုးက သူ့ကိုလက်ထပ်ပေးဖို့ ကောတစ်ယောက်ရှာချင်သည်။ ထန်ချွန်းမင်က ရှောင်ကျူးကျိကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပေမယ့် သူ့လို ခေတ်သစ်လူသားတစ်ယောက်က ထိုအရာကို လက်ခံပေးလို့မရနိုင်ဖြစ်နေ၏။
လီဖုန်းက မင်ကောအာ၏ပခုံးကိုဖိကာ ဦးလေးလျိုကိုပြောလိုက်သည်။ “ဦးလေးလျို… ခင်ဗျား ကောလေးကို တိုက်ရိုက်မွေးစားရင် ဟွမ်မိသားစု ခင်ဗျားအိမ်ကိုရောက်လာမှာစိုးလို့ သူ့ကို ကလေးသတို့သမီးအဖြစ် ပျိုးထောင်ချင်တာလား?”
ကလေးသတို့သမီးအဖြစ်မွေးလျှင် ကောလေးက ဟွမ်မိသားစုဝင်မဖြစ်တော့ပေ။ ဟွမ်မိသားစုကလည်း အနာဂတ်မှာ လာနှောင့်ယှက်လို့မရတော့ပေ။ တကယ်တော့ သူ မွေးစားခံရသည်ဖြစ်စေ ကလေးသတို့သမီးအဖြစ် ပျိုးထောင်ခံရသည်ဖြစ်စေ ဦးလေးက ဟွမ်မိသားစု ထပ်ပေါ်လာမှာကို စိုးရိမ်စရာမလိုပေ။
လီဖုန်းက ဟွမ်မိသားစု အန်ဖျင်ခရိုင်မှာ တစ်သက်လုံးပေါ််မလာစေရန် ယွိမုထွက်မသွားခင် အပြီးဖြေရှင်းခိုင်းခဲ့သည်။
“ဦးလေး အဲ့ဒါကိုစိတ်ပူတာ…” ဦးလေးလျိုကပြောကာ ရှက်နေ၏။ သူက ယခုလိုလုပ်ပြီး မင်ကောအာကို စော်ကားနေတယ်လို့ ခံစားခဲ့ရသည်။ တကယ်တော့ ကောလေး၏ မွေးဖခင်က မင်ကောအာကိုလုပ်ကြံခဲ့သည်။ ထိုအကြောင်းတွေးကြည့်လိုက်တော့ သူက ရင်ထဲမှာ စိတ်မကောင်းဖြစ်ကာ ပြောလိုက်၏။ “ရှန်းဖူလန်ကိုပဲ အပြင်မှာမိသားတစ်ခု ရှာခိုင်းလိုက်ပါ့မယ်။”
“ဦးလေးလျို” ထန်ချွန်းမင်ကလည်း တုံ့ပြန်လိုက်သည်။ သူကပြုံးပြီးခေါင်းခါပြလိုက်သည်။ “ဦးလေးလျို…ဘာတွေပြောနေတာလဲ? ကျွန်တော်က ထုံယန်ရှီးနဲ့ပတ်သက်ပြီး စိတ်ပူတာပါ။ ကျွန်တော့်သားလေး အားလင်းက ထုံယန်ရှီးအခြေအနေကို ရောက်လုနီးပါးဖြစ်ခဲ့တာ။ ဒါပေမယ့် ဦးလေးလျိုလို မိသားစုကောင်းတစ်ခုက အဲ့ဒီကောလေးအတွက် မကောင်းတဲ့နေရာမဟုတ်ပါဘူး။ သူ့ကို ကျွန်တော်တို့မသိတဲ့ မိသားစုလက်ထဲအပ်လိုက်ရင် ရှန်းဖူလန်နဲ့ ရွာသားတွေ စိတ်ပူနေရလိမ့်မယ်။ ဦးလေးလျိုရဲ့အကျင့်စရိုက်ကို မသိတဲ့လူရှိလို့လား?”
၎င်းက ကလေးတစ်ယောက်သာဖြစ်၍ ထန်ချွန်းမင်က ဘယ်လိုဒေါသပုံချနိုင်မှာလဲ? ထို့အပြင် သူက ဦးလေးလျို၏မိသားစုကို ကောင်းကောင်းသိသည်။ ထိုမိသားစုက ကလေးကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပေ။
ထုံယန်ရှီးဆိုတာကတော့ ထန်ချွန်းမင် လျစ်လျူရှုလိုက်မည်။ ဤသည်မှာ ခေတ်သစ်လူ့အဖွဲ့အစည်းမဟုတ်ပေ။ ကလေးတွေ မွေးကတည်းက စေ့စပ်ထားတာ ပုံမှန်ဖြစ်၏။ သူ ဒေါသတကြီး ကန့်ကွက်နေလျှင် ထူးဆန်းသွားလိမ့်မည်။
လီဖုန်းက ဦးလေးလျိုကိုတစ်ချက်ကြည့်ကာ ဦးလေးလျိုက မင်ကောအာ သတိမထားမိသည့်အရာကို သတိရသွားခဲ့သည်။ သို့သော် လီဖုန်း မကန့်ကွက်တာကိုတွေ့တော့ သူက စိတ်လိုလက်ရပြုံးလိုက်သည်။ “ကလေးမွေးစားချင်တဲ့ တခြားမိသားစုတွေရှိမရှိ ကြည့်ဖို့ ငါ ရွာလူကြီးနဲ့ ရှန်းဖူလန်အိမ်ကို စကားသွားပြောလိုက်ပါမယ်။”
ဦးလေးလျိုက ကူညီဖို့သွားခဲ့ပြီး ယခုချိန်မှာ သူက ထန်ချွန်းမင်အတွက် ပိုလုပ်ပေးချင်မိသည်။ လီဖုန်းက ထန်ချွန်းမင်နှင့် ဖြေးဖြေးလျှောက်သွားသည်။ သူတို့ခုတ်ထွင်ထားသောမြေက ခုနှစ်ဧက ရှစ်ဧကလောက်ရှိပြီး ခြံစည်းရိုးခတ်ထားသည်။ အထဲက သစ်ပင်ရှည်များကတော့ လောလောဆယ်မရှင်းသေးပေ။
အစေ့များကို နေရာလွတ်မှာ ကြဲချခဲ့ပြီး ယခုအခါ စမ်းရေနည်းနည်းရောနှောကာ ရေလောင်းထားခြင်းကြောင့် အညှောက်များပေါက်ခဲ့သည်။ အစပိုင်းမှာတော့ ယင်းက အစိမ်းရောင်ကော်ဇောနဲ့တူပြီး သက်တောင့်သက်သာရှိလှသည်။
“ဒီနေရာကို လင်မယားနှစ်ယောက် အပင်စိုက်ပျိုးဖို့ချန်ထားမယ်။ သူတို့ကိုယ်တိုင် အရွက်တွေခူးစားလို့ရတယ်။ ဟိုနေရာမှာ မင်းပြောသလို ရေကန်တူးဖို့ ပြင်ဆင်ထားတယ်။ မင်ကောအာ… သူတို့ ငါး၊ ဘဲတွေမွေးလို့ရတယ်။”
ကြက်ခြံနှစ်ခြံကြားမှာ မိသားစုနှစ်စု စီမံခန့်ခွဲဖို့ အဆင်ပြေတယ်။ အားလုံးက အစပဲရှိသေးသော်လည်း လီဖုန်းက မင်ကောအာ၏ပြောစကားကို အောင်မြင်စေချင်ပြီး အကျိုးအမြတ်က လယ်ယာစိုက်ပျိုးခြင်းထက် ပိုကြီးလာလိမ့်မည်ဟု ခံစားရသည်။
“ကောင်းပြီ…ကျွန်တော်တို့ ရေကန်ဘေးမှာ မိုးမခပင်တွေ တန်းစီစိုက်မယ်။ နောင်မှာ အားလင်းနဲ့အတူ မိုးမခပင်အောက်မှာထိုင်ပြီး ငါးမျှားလို့ရပြီ။” ထန်ချွန်းမင်က ထိုလမ်းကြောင်းကိုညွှန်ပြကာ စိတ်ကူးယဥ်ခဲ့သည်။
လီဖုန်း၏မျက်ဝန်းက နွေးထွေးပြီး စိတ်ကျေနပ်ကြောင်းပြနေ၏။ အကြောင်းမှာ သူက မင်ကောအာ၏ စိတ်ကူးထဲမှာပါဝင်ပြီး မင်ကောအာက သူ့ကို မိသားစုလို သတ်မှတ်ထားလို့ဖြစ်သည်။ “ကောင်းပြီ… ကိုယ် မိုးမခင်ပင်စိုက်ဖို့ လူတွေကိုခေါ်လိုက်မယ်။ အခုတော့ မင်းပင်ပန်းနေပြီ အိမ်ပြန်ကြမယ်။”
“ဟုတ်ကဲ့” ထန်ချွန်းမင်က ကူကယ်ရာမဲ့ပြောလိုက်၏။ ဒါက ဘာလို့နှိပ်စက်ညှဥ်းပန်းတဲ့ အဆုံးသတ်လို့ထင်နေတာလဲ?
အပြန်လင်းမှာ လီဖုန်းက ကိစ္စတစ်ခုပြောပြခဲ့သည်။ “မင်ကောအာ… မင်းရဲ့ မွေးဖွားချိန်နီးလာတာကို ငါသတိထားမိတယ်။ မင်းက ငါနဲ့ သမားတော်ကြားက ဆက်ဆံရေးကိုသိမှာပါ။ မင်းကိုဂရုစိုက်ပေးလို့ရအောင် သူ့ကိုခေါ်ဖို့ အချိန်တစ်ခုရှာသင့်တယ်လို့ ထင်တယ်။”
သူပြောပြီးသည်နှင့် သူက မင်ကောအာ၏ဗိုက်ကိုကြည့်လိုက်သည်။ သူသည်ကား ဤအရာများကို မကြုံဖူးပေမယ့် ရက်နီးလာသည်နှင့်အမျှ စိုးရိမ်လာလေဖြစ်သည်။
တစ်ခါတစ်လေ သူသည် ညသန်းခေါင်တွင် မင်ကောအာကို စစ်ဆေးရန် နံရံပေါ်တက်လာလေ့ရှိသည်။ ညမှာ တစ်ခုခုဖြစ်လျှင် မင်ကောအာကို ဂရုစိုက်ဖို့ လူမရှိလို့ဖြစ်၏။
ထန်ချွန်းမင်ကလည်း လီဖုန်း၏ထိတ်လန့်မှုကို မြင်နိုင်သည်။ သူစိတ်ရှုပ်နေတာကိုတွေ့တော့ ထန်ချွန်းမင်က အနည်းငယ်စိတ်အေးသွားသည်။ ၎င်းက အတားအဆီးတစ်ခုသာဖြစ်၏။ ကျော်ဖြတ်နိုင်လျှင် သူ့မှာ တောက်ပသော အနာဂတ်ရှိလာမှာဖြစ်၍ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။
သူက သမားတော်ဟဲကိုလည်းသိသည်။ ယင်းက လီဖုန်းကို စစ်တပ်ထဲမှာ ကယ်တင်ခဲ့သည့် သမားတော်အိုကြီးဖြစ်သည်။ နောက်တော့ သူက သူ့ကို စစ်တပ်ထဲမှာ ဂရုစိုက်ပေးပြီး ဆေးပညာဗဟုသုတများကို သင်ကြားပေးခဲ့သည်။
လီဖုန်းက အစပိုင်းတွင် ရှင်သန်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ မြောက်ပိုင်းစစ်မြေပြင်တွင် သူ၏အောင်မြင်မှုနှင့် စွမ်းရည်များ ပြသနိုင်ခဲ့သည်မှာ ဤသမားတော်အိုကြီး၏ ကျေးဇူးကြောင့်ဖြစ်၏။
ထန်ချွန်းမင်က သဘာဝအလျောက် ကျေးဇူးတင်မိပေမယ့် စိုးရိမ်စွာမေးလိုက်သည်။ “သမားတော်ဟဲရဲ့ အိမ်မှာ တခြားမိသားစုဝင်တွေမရှိဘူးလား? ကျွန်တော်တို့ သူ့ကိုခေါ်ရင် သူ့မိသားစုက တစ်ခုခုပြောရင်ရော?”
“ကိုယ်အရင်တစ်ခေါက်က သေသေချာချာ မရှင်းပြခဲ့ရဘူး။ ဟဲလောင်က ဧကရာဇ်ဟောင်းလက်ထက်မှာ နန်းတော်ကနေအပြစ်ပေးခံပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်။ အဲ့ဒီချိန်တုန်းက သူ့မှာ အိမ်ထောင်ကျပြီးသား ကောတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် သူ့ခမည်းခမက် မိသားစုက သူ့ကိုမကူညီပဲ နောက်ကျောဓားနဲ့ထိုးခဲ့တယ်။”
“နောက်တော့ သူအပြစ်ပေးခံရပြီး တစ်နှစ်အကြာမှာ သူ့သား ဆုံးသွားတဲ့သတင်းကို မြောက်ဘက်ကနေ ကြားခဲ့ရတယ်။ ဧကရာဇ်အသစ် နန်းတက်တော့ ဟဲလောင်က သူ့သားအတွက် လက်စားချေချင်ခဲ့တယ်။ ဒါကြောင့် သူက သူ့နာမည်ကိုရှင်းပေးပြီး ခမည်းခမက်တွေကို တိုင်ကြားဖို့ လူတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။”
“အဆုံးမှာ သူ့ခမည်းခမက်တွေက ဇာတ်သိမ်းမလှခဲ့ဘူး။ ဒါပေမယ့် ဟဲလောင်ကလည်း တစ်ဦးတည်းကျန်ခဲ့တယ်။ ကိုယ် အစက သူအသက်ကြီးလာတဲ့တစ်လျှောက် ပြုစုစောင့်ရှောက်ပေးချင်ပေမယ့် သူက လက်ခံဖို့ငြင်းဆန်ခဲ့တယ်။”
လီဖုန်းက အနည်းငယ်စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ သူက သူ့ကောလေးကိုပြောဖို့ အခွင့်အရေးရှာခဲ့သည်။ မူလကတော့ သူ ပြန်လာပြီး သူ့ဦးလေးသိမ်းပိုက်ထားသော ပစ္စည်းများကို ပြန်ယူကာ သမားတော်ဟဲနှင့် အတူနေဖို့ တင်ကျိုးခရိုင်ကို ပြန်သွားချင်ခဲ့တာဖြစ်၏။ အစီအစဥ်များက အပြောင်းအလဲများကို လိုက်မမီပဲ သူ ဤနေရာတွင် ပိတ်မိနေခဲ့သည်။
ထန်ချွန်းမင်က သူ့ကိုကြည့်ကာ သူ့အတွေးကိုခန့်မှန်းလိုက်သည်။ “ကောင်းပါပြီ။ သမားတော်ကို အမြန်သွားခေါ်လိုက်ပါ။ သမားတော်အိုကြီးက တစ်ယောက်ထဲ ခက်ခက်ခဲခဲနေနေရတာ။ ပြီးတော့ သူ့ကို ဒီခေါ်လိုက်တာကောင်းပါတယ်။ ကျွန်တော့်မှာ အသေးစားဖျားနာမှုတွေရှိရင် ခင်ဗျား ဟူလန်ကျုံးကို ခေါ်စရာမလိုတော့ဘူး။ ကျွန်တော် ဟူလန်ကျုံးရဲ့ သင်ခန်းစာကို နေ့တိုင်းနားထောင်စရာမလိုတော့ဘူး။ အဘိုးကြီးနှစ်ယောက်ကလည်း တစ်ယောက်ဆီကတစ်ယောက် ဆေးပညာလေ့လာလို့ရတယ်။”
“ကောင်းပြီ!” လီဖုန်းက အမြန်သဘောတူလိုက်သည်။