no

Font
Theme

Chapter 45.1

“ဆုံးဖြတ်ချက်”

 

လီဖုန်းက ​တံခါးဝတွင်ရပ်ကာ မြေပြင်ပေါ် ကိုင်ပေါက်ခံထားရ၍ တုန်လှုပ်ချောက်ချားနေသော ကျန်းလန်ဟွာကို အေးစက်စက်ကြည့်လိုက်သည်။ သူ့မျက်လုံးက ဒေါသအပြည့်ဖြင့် လှည့်လှည်နေပြီး သနားညှာတာပေးဖို့ သူ့ကိုဖျောင်းဖျချင်နေသော ကြည့်ရှုသူများကို ပါးစပ်ပိတ်သွားစေသည်။

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းတော့မည့် ကျန်းလန်ဟွာက ထန်ချွန်းမင်၏အိမ်ကို အဘယ်ကြောင့်ပြဿနာလာရှာသလဲ သူတို့မသိပါပေ။ သူပြောခဲ့သောစကားအရ ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းရန် ဆုံးဖြတ်ချက်က ထန်ချွန်းမင်နှင့် သက်ဆိုင်နေသည်လား? လူတိုင်းက မယုံခဲ့ပေ။

ရိုးရိုးသားသားပြောရလျှင် ထန်ချွန်းမင်က ရွာထဲ လမ်းပတ်လျှောက်တာရှားသည်။ ကြမ်းတမ်းခက်ထန်သော လီဖုန်းက တံခါးဝမှာစောင့်ကြည့်နေသဖြင့် ထန်ချွန်းမင်က ကျန်းလန်ဟွာ၏ခင်ပွန်းကိုတွေ့ဖို့ ဘယ်မှာအခွင့်အရေးရှိမည်နည်း။

 

ထန်ချွန်းမင်က အတင်းအဖျင်းပြောခြင်းကို နှစ်သက်သောလူမဟုတ်၍ ကျန်းလန်ဟွာ ရောက်လာပုံမှာ အနည်းငယ်ရှုပ်ထွေး​နေသည်။

 

သို့သော် လီဖုန်းထွက်လာတာနဲ့ ကျန်းလန်ဟွာ၏လည်ပင်းကို ဆုပ်ကိုင်ကာ ပစ်ချလိုက်သည်ကို သူတို့တွေ့လိုက်ရပြီး တချို့လူတွေက လီဖုန်းလွန်တယ်လို့ ခံစားလိုက်ရသည်။ သူက အမျိုးသားတစ်ယောက်ဖြစ်ပြီး ကောတစ်ယောက်အပေါ်ကို ဘယ်လိုရိုင်းစိုင်းရဲရတာလဲ? ၎င်းက မင်ကောအာအတွက် အမှန်တကယ်ပင် ခက်ခဲသည်။

 

ဆူညံသံကြားပြီးနောက် အပြေးအလွှားရောက်လာသော ကျန်းရှို့က အံ့သြသွားသည်။ တာရှန်၏မျက်နှာမှာ တစ်ခုခုကိုသိသလို အတန်ငယ်ထူးဆန်းနေ၏။ သူ မေးခွန်းမေးဖို့ အချိန်ကောင်းမဟုတ်ခဲ့ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျန်းလန်ဟွာကို မင်ကောအာအား အနှောင့်အယှက်ပေးခွင့်မပြုနိုင်ပေ။

သူက ကျန်းလန်ဟွာကို ကြိမ်းမောင်းလိုက်သည်။ “မင်ကောအာက မင်းကို ဘယ်လို ထပ်နှောင့်ယှက်ခဲ့လို့လဲ? ဒါမှမဟုတ် သူက မင်းခင်ပွန်းရှေ့မှာ မင်းမကောင်းကြောင်းပြောခဲ့လို့လား? မင်ကောအာက အိမ်မှာအလုပ်ရှုပ်​နေပြီး ကိုယ်ဝန်လွယ်ထားရတာ။ သူက ပြဿနာရှာမယ့် လူစားမျိုးမဟုတ်ဘူး။ မင်ကောအာ အေးအေးဆေးဆေးနေတတ်လို့ မင်းသူ့ကို အနိုင်ကျင့်လို့ရမယ်မထင်နဲ့။ မင်းရဲ့ခင်ပွန်းကိုသာ သွား​တောင်းပန်လိုက်!”

 

ကျန်းလန်ဟွာက အလွန်ဒေါသထွက်နေသည်။ ယင်းမှာ သူနဲ့ ဟွမ်စစ်ကုံး၏ လျှို့ဝှက်တွေ့ဆုံမှုကို ကျန်းရှို့ကပြောပြလိုက်၍ သူ့ခင်ပွန်းက သူ့ကိုရိုက်ခဲ့တာဖြစ်၏။ ဒါကြောင့် သူ ဟွမ်စစ်ကုံးနဲ့ တွေ့ဖို့ ငြင်းဆိုခဲ့သည်။ ကျန်းရှို့​ကြောင့်သာမဟုတ်လျှင် သူ ဤအခြေအနေကို ရောက်လာမှာမဟုတ်ပေ။ “ဒါတွေက မင်းအပြစ်ပဲ။ မင်းနဲ့ ထန်ချွန်းမင်ရဲ့အပြစ်။ မင်းက အရမ်းရက်စက်တယ်။”

 

သူ ကျိန်ဆဲလို့မပြီးခင်မှာ အနက်ရောင်အရိပ်တစ်ခုက သူ့ရှေ့မှာပေါ်လာပြီး ယင်းမှာ လီဖုန်းဖြစ်၏။ ကျန်းလန်ဟွာ ယခုနက လည်ပင်းညှစ်ခံရထားရ၍ ယခင်ကထက် ပို၍ပင် ကြောက်လန့်လာခဲ့သည်။ သူက ကြောက်ကြောက်ဖြင့် ကိုယ်ကျုံ့သွားပြီး အဆုတ်ကွဲအောင် အော်လိုက်လေသည်။ “အား……”

  

“နောက်တစ်ခါ မင်ကောအာကို မကောင်းပြောရင်…..”

ကျန်းလန်ဟွာက သူ့တစ်ကိုယ်လုံး ရေခဲဂူထဲပိတ်မိသလို ရုတ်တရက်ခံစားလိုက်ရပြီး တုန်ခါနေခဲ့သည်။ အံသွားတွေက တဆတ်ဆတ်တုန်နေပြီး အော်သံကလည်း လည်ချောင်းထဲမှာ ကပ်နေခဲ့သည်။ “မင်းလုပ်ခဲ့တာတွေ ရွာထဲမှာ ပျံ့သွားမှာသေချာတယ်။ ဒီလိုဆိုရင် ကွာရှားခံရတာလောက်နဲ့ မပြီးတော့ဘူး”

 

ယင်းအဖြစ်အပျက်မတိုင်ခင်မှာ ဟွမ်စစ်ကုံး သူ့ကိုသစ္စာဖောက်မယ်လို့ ကျန်းလန်ဟွာ မထင်ခဲ့ဖူးပေ။ ဟွမ်စစ်ကုံး သူ့ကို သစ္စာဖောက်လျှင် ဘာအကျိုးအမြတ်မှရမှာမဟုတ်ပေ။ အကြောင်းမှာ ဟွမ်စစ်ကုံးသာ အပြစ်ရှိသူဖြစ်၍ပင်။ ဟွမ်စစ်ကုံး ဘယ်သူ့ကိုမှမထိလိုက်ပဲ အဖမ်းခံလိုက်ရမယ်လို့ မထင်ထားခဲ့ပေ။

စစ်မြေပြင်မှပြန်​ရောက်လာသော မြင်းတစ်ကောင်၏နိုးကြားမှုကို ကောတစ်ယောက်က နားလည်နိုင်မည်မဟုတ်ပေ။ ဟွမ်စစ်ကုံးက ခွေးများကို ကိုင်တွယ်ရန် ပစ္စည်းတချို့ယူလာခဲ့ပေမယ့် အသုံးမဝင်ခဲ့ပေ။

ဟွမ်စစ်ကုံးက အစမှအဆုံးထိ အားလုံးကို ဝန်ခံခဲ့ရခြင်းအကြောင်းအရင်းမှာ လီဖုန်း၏နည်းလမ်းများနှင့် ဟူလန်ကျုံး၏ အရိုးပြုပြင်လုပ်ငန်းစဥ်များကြောင့်ဖြစ်သည်။ သည်းမခံနိုင်သော ဟွမ်စစ်ကုံးက နာကျင်မှုကိုအဆုံးသတ်ရန် အားလုံးကို အမြန်ရှင်းပြခဲ့ရသည်။

 

အပြင်မှာ ကြမ်းတမ်းပေမယ့် ရင်ထဲမှာ သူ့ကောကိုထည့်ထားသည့် လီဖုန်းနဲ့သာမဆုံခဲ့လျှင် သူတို့အစီအစဥ် အောင်မြင်သွားနိုင်သည်။

စော်ကားခံလိုက်ရသော ကောက အဆုံးထိခုခံလျှင် လူနှစ်ဦး၏သေခြင်းတရားဆီသို့ ဦးတည်သွားပေမည်။ သို့်မဟုတ် ဟွမ်စစ်ကုံးလို ထိပ်ပြောင်သော ယောကျာ်းတစ်ဦးကို အညံ့ခံရပေမည်။ ဘယ်လိုအခြေအနေပဲအဖြစ် ကြေကွဲစရာနဲ့ အဆုံးသတ်သွားပေမည်။

ဤအကြောင်းကြောင့် ဟွမ်စစ်ကုံးက အပြစ်ပေးခံနေရစဥ် နောက်ကွယ်ကနေ ရက်စက်သောအကြံအစည်တစ်ခုဖြင့် လှုံ့ဆော်​ခဲ့သော ကောတစ်ယောက်က ဖျင်ရှန်ရွာမှာ ဆက်နေနိုင်လျှင် လီဖုန်းက ဤကိစ္စကို ကျေနပ်မှာမဟုတ်ပေ။

ထိုသို့သော ကောတစ်ယောက်က အလွန်ရက်စက်သည်ဟု ရွာသူကြီးက ခံစားခဲ့ရပြီး သူ့ကို ဖျင်ရှန်ရွာမှာ ထားရှိခြင်းက ကောင်းသောကိစ္စမဟုတ်ပေ။ သူက သူ့ကို သေချာပေါက် ထားရှိမှာမဟုတ်ပေ။ သို့ဖြစ်၍ လီဖုန်းက ရွာလူကြီး၏ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

  

“ထွက်သွား!” လူသတ်လိုသောအရောင်အဝါမှာ ကျန်းလန်ဟွာတစ်ယောက်တည်းဆီသို့ ဦးတည်သွားသည်။ လီဖုန်းက သူ့ရင်ထဲက လူသတ်ချင်စိတ်ကို ထိန်းထားရသည်။

  

တခြားသူများ၏အမြင်တွင် ဤအခိုက်အတန့်မှာ လီဖုန်းက ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်နှင့်တူပြီး သူ့နဖူးပေါ်ရှိ အမာရွတ်က သွေးများဖြင့်ပြည့်နှက်နေသကဲ့သို့ ကြောက်စရာကောင်းသည်။ လီဖုန်းဘေးမှာရပ်နေသော တာရှန်က သူ့ခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရသည်။ တခြားသူများက ထိုအရာကိုတွေ့သောအခါ ကျန်းလန်ဟွာက သူ့သေခြင်းတရားကို သူရှာနေတာကြောင့် အနာဂတ်မှာ ဤနတ်ဆိုးအား ဘယ်တော့မှရန်မစဖို့ သူတို့ဆုံးဖြတ်လိုက်ကြသည်။

 

ကျန်းလန်ဟွာက ဘောလုံးလိုကွေးပြီး တုန်ယင်သွားသည်။ ထိုအခိုက်အတန့်မှာ နောက်တစ်ယောက်ရောက်လာခဲ့သည်။ ကျန်းလန်ဟွာ ထန်ချွန်းမင်၏အိမ်မှာ ပြဿနာရှာနေသည်ကို သူ့ခင်ပွန်းက တခြားသူများပြောတာ ကြားခဲ့ရသည်။

ရွာလူကြီးနှင့် တခြားသူများက အပြင်မှာမဖြန့်ခဲ့ပေ။ ရွာလူကြီးက သူ့ကိုမျက်နှာသာပေးထားတယ်လို့ သူ့ခင်ပွန်းက ထင်ခဲ့သည်။ သူက အရှက်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် ကျန်းရှို့ကိုမုန်းပြီး ယခုချိန်မှာ​​တောင် သူက ထန်ချွန်းမင်၏အိမ်ကို ပြဿနာရှာဖို့ လာရဲသေးသည်။ အရင်က သူ့ဘေးမှာ လဲလျောင်းခဲ့သော လူက ဤကဲ့သို့ အဆိပ်ရှိသောမြွေတစ်ကောင်ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ။

  

“အစ်ကိုလီဖုန်း… ဒီကောင်ပြဿနာရှာခဲ့မိလို့ ေတာင်းပန်ပါတယ်။ ကျုပ်သူ့ကို သူ့အားမူအိမ် ပြန်ပို့လိုက်ပါမယ်။ ကျုပ် စိတ်ပျော့ပြီး ဒီကိုမ​ခေါ်ထားတော့ပါဘူး။”

လီဖုန်းအပြစ်တင်မှာစိုး၍ ထိုလူက လီဖုန်းကို အမြန်တောင်းပန်လိုက်သည်။ မူလက ထိုလူသည် ထိုထူးချွန်သောကောကို လက်ထပ်ခဲ့ရလို့ လွန်စွာဂုဏ်ယူခဲ့သည်။ ဤကောမှာ အကျင့်ဆိုးတချို့ရှိသော်လည်း သူနဲ့နေဖို့ဆန္ဒရှိသရွေ့ သူအနှီကော၏လုပ်ရပ်များကို မမြင်ယောင်ဆောင်ပေးခဲ့သည်။

အစောပိုင်းက ကောလာလဟများကိုပင် လျစ်လျူရှုပေးနိုင်ပြီး သူ ဟွမ်စစ်ကုံးနဲ့ မပတ်သက်သရွေ့ သူသည်းခံနိုင်ခဲ့သည်။ သို့သော် ယခုမူ ရွာသူကြီးပြောပြခဲ့သော ဤကော၏လုပ်ရပ်ကို သူနားထောင်ခဲ့ရသည်။ သူဟာ ဟွမ်စစ်ကုံးနှင့် အဆက်အသွယ်မဖြတ်တောက်ခဲ့သလို ဆိုးရွားသောအကြံတစ်ခုကိုလည်း ပေးခဲ့သည်။

သူလည်း ကောတစ်ယောက်ဖြစ်ပြီး ဟွမ်စစ်ကုံးလို ယုတ်မာတဲ့သူကို လက်ထပ်ရမယ့်ကောက ဘဝဆိုးသွားမှာ သူမသိဘူးလား.. ဒါက လူကို မီးပုံထဲတွန်းချတာမဟုတ်ဘူးလား?

 

ဤကောက မာနကြီးပြီး တခြားသူများ သူ့ကောင်းကြောင်းပြောနေတာကို သဘောကျမှန်း သူသိပေမယ့် သူ့ထက်သာသော ဘဝကိုရထားသည့် တခြားသူများကို မုန်းတီးကာ သွေးကြီးနေမယ်လို့ သူမထင်ထားခဲ့ပေ။ အသေးအမွှားများကို ခံနိုင်ရည်ရှိသော်လည်း သူသည် ထိုဆိုးရွားသော အကြံအစည်များကို လက်မခံနိုင်တာကြောင့် ဤတစ်ကြိမ်မှာ ထိုကောကို ကွာရှင်းရမည်။

  

“ငါတို့က ရွာသားအချင်းချင်းမို့ လီဖုန်းက အလွန့်အကျွံမလုပ်ခဲ့တာ။” တာရှန်ကရှေ့တိုးပြီး ထိုလူကိုပြောလိုက်သည်။ “လီဖုန်းနှင့် မင်ကောအာအရှေ့မှာ ထပ်မပေါ်လာသရွေ့ လီဖုန်းက မဆိုင်တဲ့လူတွေကို အရှက်ရစေမှာမဟုတ်ဘူး။”

  

“ဟုတ်တယ်….မှန်တယ်… ကျုပ် ဒီကောင်ကို အခုချက်ချင်းမောင်းထုတ်လိုက်ပြီး ရွာကို အရှက်ရစေဖို့ ခွင့်မပြုတော့ပါဘူး။ အစ်ကိုလီဖုန်း.. အစ်ကိုတာရှန်… ကျုပ်တောင်းပန်ပါတယ်။ ကျုပ်သူ့ကို ချက်ချင်းမောင်းထုတ်လိုက်ပါမယ်။”

သူက လီဖုန်းနှင့်တာရှန်ကို လက်သီးဆုပ်ဖြင့် တောင်းပန်ကာ ကွေးပြီးတုန်ယင်နေသော ကျန်းလန်ဟွာကို ကောက်ချီလိုက်ပြီး သူ့ကိုမောင်းထုတ်ဖို့ နွားလှည်းတစ်စီးခေါ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ဘယ်သူကမှ ကျန်းလန်ဟွာ၏ ပုံမှန်မဟုတ်သောအခြေအနေကို သတိမထားမိခဲ့ပေ။

 

အားလုံးထွက်သွားတော့ တာရှန်က လီဖုန်း၏ပခုံးကိုပုတ်ပြီး အကြံပေးလိုက်သည်။ “အရမ်းအလေးအနက်မထားပါနဲ့။ မင်ကောအာက ပိုအရေးကြီးတယ်။ သူ့ကို အရမ်းကြီးစိတ်မပူစေနဲ့။”

 

လီဖုန်းက သူ့မျက်နှာကိုသုတ်ပြီး မော့ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ပေါ်က ကြမ်းတမ်းမှုတွေ ပျောက်ဆုံးသွားခဲ့သည်။ သူက အပြုံးတစ်ခုလုပ်ယူ​ကာ ပြောလိုက်သည်။ “ငါသိပါတယ်။ မင်​ကောအာကို ဒီအကြောင်းမပြောနဲ့။ တစ်ရက်လောက်ရွေးချယ်ပြီး မင်းက ညစာစားဖို့ လာခဲ့လိုက်။”

  

“ကောင်းပြီ…ငါတို့သေချာပေါက်လာခဲ့မယ်။ ဂုဏ်ပြုပါတယ်။” တာရှန်က ပြုံးလိုက်သည်။ အကြံအစည်ကြီးသော ဟွမ်စစ်ကုံးလို လူမျိုးကိုရှောင်ရှားရန် ဤကိစ္စကို စောစောလုပ်လိုက်တာကောင်းသည်။

 

လီဖုန်းက ခြံထဲပြန်ရောက်လာပြီး ကျန်းရှို့က သူ့ခင်ပွန်းကို တိုးလျစွာပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ? ကျန်းလန်ဟွာကြည့်ရတာ တစ်ယောက်ယောက်ကို စားချင်နေသလိုပဲ။ ကျန်းလန်ဟွာက ဟွမ်စစ်ကုံးရဲ့ကိစ္စမှာပါဝင်နေတာလား?”

 

ကျန်းရှို့၏မျက်လုံးများ အမှန်တရားရှာဖွေချင်နေသည်ကိုတွေ့လျှင် တာရှန်က ယခုလိုသာ​​ပြောနိုင်တော့သည်။ “ပြန်ပြီးပြောရအောင်။ လီဖုန်းမပြောပြတာက ​တခြားသူတွေသိသွားပြီး မင်ကောအာအကြောင်း အပုပ်ချမှာကို မလိုလားလို့ပဲ။”

  

“ဒါဆို ထားပါတော့။” ကျန်းရှို့ကလည်း အတည်ပြုလိုက်သည်။ ကျန်းလန်ဟွာ ဤကိစ္စမှာပါဝင်နေပြီး နောက်ကွယ်က လှုံ့ဆော်သူဖြစ်မယ်လို့ မှန်းဆလိုက်သည်။ သူသိပြီးပြီဖြစ်၍ အသေးစိတ်သိစရာမလိုပေ။ “လီဖုန်းက ခင်ဗျားကို ပြောခွင့်မပြုမှ​တော့ ကျွန်တော့်ကို မပြောပြနဲ့တော့။ ဘာပဲဖြစ်ဖြစ် အဲ့ကောင် ကျန်းလန်ဟွာက အကျိုးဆက်တွေကို မြည်းစမ်းဖူးပြီပေါ့။”

“သူက သူ့လုပ်ခဲ့တဲ့မ​ကောင်းမှုတွေကို ဘယ်သူမှမသိဘူးလို့ထင်နေတာ။ သူက သူ့ရဲ့အေးချမ်တဲ့ဘဝကို တကယ်ဖျက်စီးပစ်လိုက်တာပဲ။”

သူသာသိခဲ့လျှင် မင်ကောအာကို အပြေးလေးသွားပြေားခဲ့မှာဖြစ်၏။ သူက ဘယ်အရာကိုမှ မထိန်ချန်ထားတတ်သည့် လူတစ်ယောက်ဖြစ်၏။

 

သူတို့နှစ်ယောက်က စကားစမြည်ပြောရင်း ထွက်သွားကြသည်။ သူ့ကောလေးက သန်မာသော်လည်း ထိုဆိုးရွားသောအတွေးများကို ကြံစည်မှာမဟုတ်၍ တာရှန်က ဂုဏ်ယူနေသည်။ ထိုကောမျိုးသာဖြစ်ခဲ့လျှင် တာရှန်က တွေးပင်မတွေးရဲပေ။ သူသေချာပေါက်ကွာရှင်းပစ်မှာဖြစ်၏။ သူ့မှာ ကျန်းလန်ဟွာအတွက် စာနာစိတ်မရှိပေ။

  .

ရွာထဲကလူတွေကတော့ အခင်းဖြစ်ရာကနေ အများကြီးခန့်မှန်းထားကြသည်။ ဟွမ်စစ်ကုံး၏ ညသူခိုးကိစ္စက ကျန်းလန်ဟွာနှင့်သက်ဆိုင်သည်။ ကွာရှင်းလိုက်တာကောင်းသည်ဟု လူတိုင်းကပြောနေကြသည်။ သူက အိမ်ထောင်ကျပြီးသော်လည်း ဟွမ်စစ်ကုံးလို လူစားမျိုးနှင့် ငြိစွန်းနေခဲ့သည်။ ထန်ချွန်းမင်က လူရိုင်းတစ်ဦးနှင့် ငြိစွန်းနေသည်ဟု သူ ပြောလေ့ရှိတာ သနားစရာပင်။

 

&&&&&&

Chapter 45.2

တချို့လူတွေက ကျန်းလန်ဟွာနှင့် ဟွမ်စစ်ကုံး၏ အတိတ်ကတွေ့ဆုံမှုအကြောင်း ပြောခဲ့ကြသည်။ အပြင်မှာ တခြားအမျိုးသားများနှင့် တွေ့ဆုံခြင်းက ပုံမှန်ဖြစ်သည်။ ကောတစ်ယောက်က အိမ်မှာနေပြီး အပြင်ထွက် အလုပ်မလုပ်ရဘူးလို့ စည်းမျဥ်းမရှိပေမယ့် ယခုချိန်မှာတော့ အမှားမလုပ်ထားသည့်တိုင် လူတွေက ဇာတ်လမ်းထွင်ကြတော့မှာဖြစ်၏။

သူတို့စကားပိုပြောလေ ကျန်းလန်ဟွာက ယုတ်မာတယ်လို့ ခံစားရလေဖြစ်၏။ သူ့ခင်ပွန်း စိတ်အဆင်မပြေသောအခါ သူ့ကိုရိုက်နှက်တတ်သော်လည်း သူက ကျန်းလန်ဟွာအပေါ် တကယ်ကောင်းခဲ့သည်။

မဟုတ်ပါက အိမ်ထောင်ကျပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်မှာ သူ့ကို ပျော်အောင်ထားခဲ့မှာမဟုတ်ပေ။ သူ့အမျိုးသားက ဘာမှမပြောပဲ သူ့ကို စားစရာ၊သောက်စရာ ကောင်းကောင်းကျွေးမွေးနေဆဲဖြစ်ခဲ့သည်။ မဟုတ်ရင် ရွာထဲမှာ ပြေးလွားပြီး တခြားမိသားစုအကြောင်း အတင်းအဖျင်း​ပြောနေခဲ့မှာမဟုတ်ပေ။

ထိုအခြေအနေမျိုးက ကောင်းချီးတစ်ခုဖြစ်၏။

ရွာသားများ​က ဟွမ်စစ်ကုံးနှင်ထုတ်ခံရခြင်းနှင့် ကျန်းလန်ဟွာ၏ကွာရှင်းပြတ်စဲခြင်းအကြောင်း အဆက်မပြတ်ပြောနေကြသည်။ တချို့လူတွေက စာနာစိတ်မရှိပဲ ပြဿနာဖြစ်စေချင်ကြသည်။

သို့သော် မိသားစုအများအပြားက ဟွမ်စစ်ကုံး၏မိသားစုမှ စွန့်ပစ်ခံရသည့် ကောငယ်လေးကို သနားနေသည်။ တစ်ခါတစ်လေ သူတို့က သူတို့ကလေး၏အဝတ်အစားဟောင်းများနှင့် မုန့်များကို ရွာလူကြီး၏အိမ်သို့ ပို့ပေးပြီး တစ်ခါတစ်လေ သူတို့က ရောင်းဖို့ရည်ရွယ်ထားသည့် ဥအနည်းငယ်နှင့် သူတို့စားဖို့သိမ်းဆည်းထားသည့် ဆန်ကြမ်းအချို့ကိုလည်း ယူဆောင်လာကြသည်။

 

ထန်ချွန်းမင်က ထိုအရာများကို မအံ့သြပေ။ တစ်ခါတစ်လေ ရွာသားများက လူတစ်​ယောက်ကို ကြုံရာကျပန်းအတင်းအဖျင်းနှင့် သတ်ပစ်နိုင်သော်လည်း သူတို့က အချိန်အများစုမှာ ရိုးရှင်းပြီးရိုးသားဆဲပင်။ သူ့အရင်ဘဝမှာ သူ့မိခင်ဆုံးသွားတော့ အစပိုင်းတွင် သူ့ဖခင်က သူ့ကို ဂရုမစိုက်ခဲ့ပေ။

သူက ရွာကလူတွေရဲ့အိမ်မှာ စားခဲ့သည်။ တချို့လူတွေ​က သူ့မိသားစုအကြောင်း အတင်းဖျင်းပြောပေမယ့် နောက်လှည့်ကာ အသီးအနှံတစ်ဆုပ်ယူပြီး သူ့လက်ထဲထည့်ပေးရင်း အိမ်မှာစားဖို့ပြောလေ့ရှိသည်။ လူအများစုမှာ တခြားသူများကို တမင်တကာ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိကြပေ။

  

ဒါကြောင့် ယခု ကလေးမွေးစားလို့မရပေမယ့် ဟွမ်စစ်ကုံးမိသားစုမှ စွန်ပစ်ခံရသည့်အချက်ကို သနား၍ သူ့ကို ဂရုစိုက်ပေးခြင်းက မခက်ခဲပေ။

တချို့လူများက ဟွမ်စစ်ကုံးနှင့် ဟွမ်ဇနီးမောင်နှံတို့ ပြုလုပ်ခဲ့သည့် မကောင်းမှုများအကြောင်း တမင်တကာပြောခဲ့သည်။ ဖအေတူသား​ဖြစ်နိုင်တာကြောင့် ထိုသို့သော ကျေးဇူးမသိတတ်သော ကလေးကို ဂရုမစိုက်ဖို့ သတိထားသင့်တယ်လို့ ဆိုကြသည်။ သို့သော်လည်း ထိုစကားများက ထူးဆန်းမနေချေ။

 

ထန်ချွန်းမင်က အားလင်းဝတ်လို့မရသော အဝတ်အစားတချို့ကို စုဆောင်းလိုက်သည်။ ကလေးက အားလင်းထက် နည်းနည်းကြီးသော်လည်း အားလင်းက လွန်ခဲ့သည့်ခြောက်လမှာ ပိုကျန်းမာလာပြီး အများကြီးထွားကျိုင်းလာခဲ့သည်။ ထန်ချွန်းမင်က အဝတ်အစားဟောင်းများနှင့် ဝတ်လို့မတော်သည့် အဝတ်အစားသစ်များကို ထုတ်လိုက်သည်။

သို့သော် ထိုအရာကိုမြင်သော ကျန်းရှို့က တချို့အထည်များကို သူ့ဗိုက်ထဲက ကလေးအတွက် ချန်ထားသင့်သင်ဟု ပြောလာသည်။ သူ့မှာပိုက်ဆံရှိလျှင်ပင် ယခုလို မဖြုန်းတီးသင့်ပေ။ တချို့အဝတ်အစားများက အကြိမ်ရေအနည်းငယ်သာ ဝတ်ရသေးသည်။

  

“မင်း အပ်နဲ့ အပ်ချည်မကိုင်တာကြာပြီမလား၊ အဝတ်အစားသေးသေးလေးတွေနဲ့ တခြားပစ္စည်းတွေပြင်ထားလား? မင်းမှာအချိန်မရှိရင် ငါတို့မင်းကို ကူချုပ်ပေးမယ်။ ပြီး​တော့ လီဖုန်းနဲ့ စေ့စပ်ပွဲရက်က သတ်မှတ်ပြီးသွားပြီဆိုတော့ မင်း သူ့အတွက် နည်းနည်းလောက်ချုပ်ပေးသင့်တယ်။ ခြံထဲက ဟင်းသီးဟင်းရွက်ဥယျာဥ်နဲ့ ငွေရှာဖို့ပဲ ဂရုစိုက်မနေနဲ့။” ကျန်းရှို့က ထန်ချွန်းမင်ကို ​ပြောလိုက်သည်။

  

“မြို့ထဲမှာ အသင့်ချုပ်ပေးတဲ့ အပ်ချုပ်ဆိုင်မရှိဘူးလား? ပြီးတော့ ငွေပေးလိုက်ရင် ရွာထဲကလူတွေလည်း ကူချုပ်ပေးလို့ရတာပဲ။” ထန်ချွန်းမင်က သူ့နှာခေါင်းကိုထိကာ မသိစိတ်အလျောက်ပြောလိုက်သည်။

စောင်တစ်ထည် သို့မဟုတ် တစ်ခုခုကို ချုပ်ခိုင်းလျှင် သူသည်းခံနိုင်သည်။ တကယ်တော့ သူအိပ်ရာဝင်ရမှာဖြစ်၍ သူက စောင်ချုပ်ပြီးပြီဖြစ်တာကြောင့် လျှော်သည့်အခါတိုင်း ခွဲစရာမလို၍ အလွန်အဆင်ပြေသည်။

  

“ဟေ… မင်းဘယ်လို​တောင် ပျင်းရတာလဲ? သူများလုပ်ထားတဲ့အရာက မင်းလုပ်ထားတဲ့အတိုင်း စဥ်းစားတတ်ပါ့မလား? လီဖုန်းဝတ်ရင်လည်း ပျော်သွားလိမ့်မယ်။ မြန်မြန်လုပ်… ငါပစ္စည်းတွေပို့ပြီးရင် လာကြည့်မယ်… မင်းပျင်းရဲပျင်းကြည့်!”

ကျန်းရှို့က ထန်ချွန်းမင်ကို ခက်ခက်ထန်ထန် စိုက်ကြည့်ပြီး အားလင်းနှင့် တ​ခြားသူများ သိမ်းဆည်းထားသော မုန်အချို့နှင့် ဂျုံဖြူကီလိုအနည်းငယ်အပါအဝင် ပစ္စည်းအများကြီးကို ယူကာ ထန်ချွန်းမင်အိမ်မှ လှည့်ထွက်သွားခဲ့သည်။

 

လွန်ခဲ့သည့်နှစ်ရက်က ရွာလူကြီးအိမ်သို့ လူများစွာလာခဲ့ကြသည်။ ကျန်းရှို့ယူလာပေးသော ပစ္စည်းများကိုကြည့်ပြီး ထန်ချွန်းမင် ပို့ပေးခဲ့တာကိုသိပြီးနောက် သူတို့က ထန်ချွန်းမင်ကို စတင်ချီးကျူးလာခဲ့သည်။ ဤကလေး၏ဆွေမျိုးများက ထန်ချွန်းမင်ကို အပြစ်လုပ်ခဲ့ပေမယ့် သူက ဂရုမစိုက်ပဲ ပစ္စည်းအများ​ကြီးပို့ပေးခဲ့သည်။ ထန်ချွန်းမင်က ငွေရှာနိုင်လို့ အသိစိတ်ပျောက်သွားပြီဟု ပြောဖို့ခက်သည်။

  

“ဒီကလေးကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ?” ကျန်းရှို့က ရှန်းဖူလန်ကိုပြောလိုက်သည်။ “သူ့ကို တစ်သက်လုံး ဒီလိုပျိုးထောင်မှာလား? ဒါမှမဟုတ် တခြားရွာက ပျိုးထောင်မှာလား?” ဤကဲ့သို့ တစ်သက်လုံးပျိုးထောင်ခြင်းက ကောင်းသောအတွေးမဟုတ်ပေ။

 

ကလေးက ဆေးသောက်ပြီး အိပ်ပျော်နေသည်။ ကလေးက အိပ်ရေးမဝရင် ကောင်းကောင်း ကြီးပြင်းလာမှာမဟုတ်ဘူးလို့ ဟူလန်ကျုံးကပြောခဲ့သည်။ ရှန်းဖူလန်က သူ့ကိုလျစ်လျူမရှုနိုင်ပေ။ “တခြားဘာလုပ်ရဦးမလဲ? ငါကလေးကို ဂရုမစိုက်ရင် ကလေးက အသက်ရှည်မှာမဟုတ်ဘူးလို့ ဟူလန်ကျုံးကပြောသွားတယ်။”

ဤနှစ်ရက်မှာဆေးဝယ်ဖို့ ငွေအများကြီးကုန်ခဲ့သည်။ “ရွာထဲက ဘယ်သူမှ သူ့ကိုမလိုချင်မှာစိုးရိမ်တယ်။ ကလေးပြန်ကောင်းလာမှ မိသားစုကောင်းတစ်ခုကို ဖြည်းဖြည်းချင်းရှာကြည့်မယ်” သူ ကလေးကို မိသားစုတစ်ခုထံ ယုံယုံကြည်ကြည်မအပ်ခင် ကလေးအား ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်မည့် မိသားစုတစ်ခုကို ရွေးရမည်။

 

ဟွမ်မိသားစုရဲ့ ဒီကလေးကို ဘယ်သူကအပြစ်မမြင်မှာလဲ? ရွာလူကြီးက ရက်စက်သည်ဟု ယခင်က ထင်ထားသူများသည် ဟွမ်မိသားစု ကလေးစွန့်ပစ်ပြီး​နောက်မှာ ထိုစကားမျိုးကို မပြောတော့ပေ။ ရက်စက်မှုနဲ့ပတ်သက်လာရင် ဟွမ်မိသားစုထက် ပိုရက်စက်သည့်လူ ရှိဦးမလား?

  

“အင်း… ရွာမှာ ကြင်နာတတ်တဲ့ မိသားစုတွေအများကြီးပါ။ မဟုတ်ရင် ဆွေမျိုးတွေတောင် ဂရုမစိုက်တဲ့ကလေးကို ဘယ်သူက ဂရုစိုက်မှာလဲ?” ကျန်းရှို့က သက်ပြင်းရှိုက်သည်။

ကလေးလေးက ကြင်နာတတ်သည့် မိသားစုနှင့်တွေ့လျှင် ဟွမ်မိသားစု၏ စွန့်ပစ်ခံရတာ သူ့အတွက် ကောင်းသွားပေမည်။

  

“ဒီအေကြာင်းမပြောနဲ့တော့။ မင်ကောအာအဆင်ပြေလား? ငါ ဒီနှစ်ရက်မှာအလုပ်များနေတော့ သူ့ဆီသွားလည်ဖို့ အချိန်မရှိခဲ့ဘူး။ အဲ့ဒီညကအဖြစ်အပျက်က သူ့ကိုဘယ်လိုသက်ရောက်မလဲ ငါမသိဘူး။ ဟူလန်ကျုံးကတော့ မပြင်းထန်ဘူးပြောခဲ့ပေမယ့် ငါ စိတ်ပူနေတုန်းပဲ။” ရှန်းဖူလန်က ကျန်းရှိ့၏လက်ကိုပုတ်ကာ အကြောင်းအရာကိုပြောင်းလိုက်သည်။

“သူဘယ်လိုလူမျိုးလဲ ခင်ဗျားမသိပါဘူး။ သူက ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး စိတ်ထဲဘာမှမထားဘူး။ လီဖုန်းက သူ့ကိစ္စတွေကို ဖြေရှင်းပေးတယ်။ အခုသူက တစ်နေ့ထက်တစ်နေ့ ပိုပျင်းရိလာပြီး ကျွန်တော်ဒီကိုထွက်မလာခင်က သူ့ကိုဆူခဲ့သေးတယ်။” ကျန်းရှို့က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

ရှန်းဖူလန်က အံ့အားသင့်သွားသည်။ သူသည်လည်း ​ကျန်းရှို့ပြောတာမှန်တယ်လို့ ထင်မိသည်။ ကျန်းရှို့စကားကြောင့် ရှန်းဖူလန်က ရယ်မောလိုက်သည်။ မင်ကောအာက အတိတ်မှာ ကျောက်မိသားစု၏ဒဏ် အများကြီးခံခဲ့ရ၍ ယခု သူပျော်ဖို့အချိန်ကျပြီဖြစ်၏။

ရွာလူကြီး၏မိသားစုက လက်ဆောင်တွေရခဲ့ပြီး လက်ဆောင်က သိပ်မများပေမယ့် သူတို့၏စဥ်းစားပေးခြင်း အမှတ်အသားများပါရှိသည်။

တချို့လူတွေက ထန်ချွန်းမင်ကိုလည်း လက်​ဆောင်တချို့ပို့ပေးချင်ခဲ့သည်။

တစ်ဖက်ကတော့ သူ့ကိုနှစ်သိမ့်ဖို့ဖြစ်ပြီး တခြားတစ်ဖက်၌ သူတို့က သူ့ကိုဖားချင်သည်။ မင်ကောအာ ယခင်ကကိစ္စများကို ဂရုမစိုက်တော့ပဲ အနာဂတ်မှာ ဟင်းသီးဟင်းရွက်ပျိုးပင်များ ရောင်းချပေးဖို့ မျှော်လင့်နေသည်။ သူတို့က မင်ကောအာထံမှ ငွေရှာချင်ခဲ့သည်။

သို့သော်လည်း လီဖုန်းမှာ နာမည်ဆိုးရှိသဖြင့် မင်ကောအာကို တွေ့ချင်သူတိုင်း လီဖုန်းကို ကျော်ဖြတ်ရမှာဖြစ်၏။ ထိုမိသားစုများက တွေးရုံနှင့်ပင် ကြောက်လန့်နေသည်။

ထန်ချွန်းမင်က တွေ့ဆုံရမလွယ်ကူတာကြောင့် ထူးဆန်းသောဖြစ်ရပ်တစ်ခုပေါ်လာသည်။ သူတို့က မင်ကောအာနှင့် ရင်းနှီးသောမိသားစုများထံသို့ သွားရောက်လည်ပတ်ကာ မင်ကောအာထံ ပစ္စည်းပို့ခိုင်းခဲ့သည်။ ကျန်းရှို့၏နေရာမှာ လူအများဆုံးရှိပြီး ဝမ်မော့၏အိမ်မှာလည်း လူတွေရှိသလို ဦးလေးကျောက်လျို၏မိသားစုမှာလည်း လူတွေရှိနေခဲ့သည်။

ထိုလူများကိုတွေ့ပြီး​နောက် ဦးလေးကျောက်က ရယ်ရမလား ငိုရမလားပင် မသိချေ။ ဖုန်းရှောင်ကျစ်က ရည်ရွယ်ချက်ဆိုးမရှိသူများနှင့် စကားပြောရလွယ်ကူသည်။

  

ကလေးတွေ သူ့ကိုမကြောက်ကြတာ သူတို့မတွေ့လို့လား? ဒါပေါ့ အဲ့ဒါက သူတို့အိမ်စာပြီးနေသရွေ့လေ….

 

အသက်ကြီးလာသည်နှင့်အမျှ အရာအားလုံးကို ပိုမြင်ရလေဖြစ်သည်။ ဦးလေးကျောက်က ထန်မိသားစုအား ပစ္စည်းအားလုံး ချက်ချင်းပို့ပေးခဲ့သည်။ ထန်ချွန်းမင်က သူတို့ကို မငြင်းနိုင်ခဲ့ပေ။ သူ ဤပစ္စည်းများကိုငြင်းလိုက်လျှင် လူတွေက အတွေးလွန်ပြီး ထန်ချွန်းမင် အရင်ကကိစ္စတွေကို တေးမှတ်ထားလို့ သူတို့ကို ပျိုးပင်မရောင်းချင်တာလို့ ထင်လိမ့်မည်။ ထိုပစ္စည်းများကို လက်ခံမှသာလျှင် စိတ်အေးလိမ့်မည်။

 

စိတ်ဝင်စားဖို့ကောင်းသည်မှာ ထန်ချွန်းမင်ကို တကယ်ဂရုစိုက်သူများက လီဖုန်းကို အလွန်ကြမ်းတမ်းခက်ထန်သည်ဟု ပြောကြသည်။ ကောများကလည်း သူ့ကိုမြင်လျှင် လန့်ကြသလို တချို့အမျိုးသားများကပင် လီဖုန်းကို ရန်မစရဲပေ။ ဒီလိုရက်စက်တဲ့လူက သူ့ကောလေးကို တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား? ကျန်းလန်ဟွာ၏အိမ်အခြေအနေက ရှိနေဆဲဖြစ်ပြီး သူတို့သည်လည်း အနာဂတ်မှာ လီဖုန်းစိတ်အဆင်မပြေလျှင် မင်ကောအာကို ရိုက်နှက်မှာ စိုးရိမ်နေသည်။

 

သူတို့က ထန်ချွန်းမင်အတွက် တကယ်တွေးပေးနေသော်လည်း ထန်ချွန်းမင်ကြားသောအခါ သူက ဘာပြောရမှန်းမသိခဲ့​ပေ။ စကားများကို လက်ဆင့်ကမ်းပေးသူမှာလည်း ရယ်ရမလား ငိုရမလားပင်မသိပေ။ သူတို့က အတွင်းရေးကိုသိသဖြင့် ဘာဖြစ်လာမလဲမသိပေ။ သို့ပေမယ့် ယခုလက်ရှိတွင် လီဖုန်းက မင်ကောအာကိုထိဖို့ပင် ဝန်လေးနေသည်။ လီဖုန်းက တခြားအမျိုးသားတွေလို သူ့ကောကိုရိုက်နှက်မယ်ဆိုတာ သူတို့မယုံကြည်ပေ။

 

&&&&&&&

Chapter 45.3

ထန်ချွန်းမင်က ရယ်ရမလား ငိုရမလားမသိပေ။ ယခု ဤလူများက သူ့မိသားစု၏ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများကို စတင်ဂရုစိုက်လာကြသည်။ သို့ပေမယ့် သူကတော့ သူ့ကိုယ်သူ အမျိုးသားတစ်ယောက်လို့သာ တွေးထားသည်။

သူ့ကိုရိုက်မှာလား? သူက သည်းခံနေမှာမဟုတ်ပဲ ချက်ချင်းကန်ထုတ်ပစ်လိုက်မည်။ လီဖုန်း၏တိုက်ခိုက်နိုင်စွမ်းက မြင့်မားတာကြောင့် ထန်ချွန်းမင်က သူ့ကိုအနိုင်မရသည့်တိုင် အရှက်ကွဲမခံပေ။ သို့ပေမယ့် သူ့လက်ထဲမှာ ပိုက်ဆံရှိတာကြောင့် တခြားသူတွေ သူ့ကိုအနိုင်ကျင့်မှာကို မစိုးရိမ်ပေ။

 

လီဖုန်းက အလွန်စိတ်အားထက်သန်နေပြီး ဟွမ်စစ်ကုံး၏ကိစ္စကြောင့် အလွန်အကျွံ စိတ်ထိခိုက်ခြင်းမရှိပေ။ မင်ကောအာက သူ့ကို စေ့စပ်ကြောင်းလမ်းစာတစ်စောင်ပေးပြီး ဇာတာခွင်ဖတ်ရန် အောင်သွယ်တော်အား ပို့ဖို့ပြောခဲ့သည်။ ရလဒ်မှာ သူလိုချင်သည့်အတိုင်းဖြစ်၏။ အောင်သွယ်တော်က သူ့ကိုပိုက်ဆံပေးပြီး ချစ်စရာကောင်းသော စကားများကိုပြောခဲ့သည်။

လီဖုန်းက မျက်နှာပေါ်မှာမပြပဲ ရင်ထဲမှာ ပျော်ရွှင်နေ၏။ သူသည် အောင်သွယ်တော်ပေးခဲ့သည့် ရက်များထဲမှာ နေ့ထူးနေ့မြတ်ရွေးကာ ဤကိစ္စကို သမရိုးကျလုပ်ရန် လူတွေကို ညစာဖိတ်ကျွေးခဲ့သည်။

 

ငါးရက်သာကျန်တော့သည်။ လီဖုန်းက စေ့စပ်ပွဲကတ် လဲလှယ်ပြီးနောက် ဤအိမ်ထောင်ရေး အတည်အကျဖြစ်သွားသည့်အချက်ကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ မင်ကောအာ စိတ်ပြောင်းစေရန် ဖျောင်းဖျလိုသော ထိုလူတွေက ပါးစပ်ပိတ်လိုက်ရပြီး ထန်ချွန်းမင် ကောင်းမွန်သောဘဝမှာ နေထိုင်ရပါစေလို့ မျှော်လင့်ရင်း စိတ်ပြောင်းလိုက်ရသည်။ သူအဆင်ပြေမှ အားလုံးလည်းအဆင်ပြေမည်ဖြစ်၏။

 

ကျန်းရှန့်ရွာမှလူများအပါအဝင် သူ့အသိအားလုံးကို အကြောင်းကြားပြီးနောက် လီဖုန်းက အစီအစဥ်များ စတင်ခဲ့သည်။ သူက လူတချို့နှင့် ရိုးရိုးရှင်းရှင်းစားသောက်ပြီး ပွဲကြီးတစ်ခု မကျင်းပခဲ့သော်လည်း လီဖုန်းက ပွဲကြီးတစ်ခုလိုပင် ပြင်ဆင်ခဲ့သည်။ ရံဖန်ရံခါ သူက ခရိုင်မြို့မှ ကုန်တင်ကားတစ်စီးနှင့် ပစ္စည်းအပြည့်သယ်ဆောင်လာလေ့ရှိသည်။ သူနဲ့တွေ့ဆုံသူများက ရဲရဲတင်းတင်း ဂုဏ်ပြုစကားပြောခဲ့ပြီး လီဖုန်းက စိတ်ကြည်လင်စွာ တုံ့ပြန်လေ့ရှိသည်။

 

လီမိသားစုက တိတ်ဆိတ်နေသည်။ မလိုလားသော လီစုန့်ကမ်းမိသားစုမှလွဲ၍ တခြားမည်သူကမျှ ဝင်ရောက်မစွက်ဖက်ခဲ့ပ။ လီဖုန်းရဲ့ကိစ္စကို ဘယ်သူက ဝင်စွက်ဖက်ရဲမှာလဲ?

 

သူတို့မရောက်ခင် ခရိုင်မြို့ အစိုးရရုံးမှ တစ်ယောက်ယောက်ရောက်လာခဲ့ပြီး ရွာလူကြီးက သူ့ကိုလက်ခံတွေ့ဆုံဖို့ ထွက်လာခဲ့သည်။ ရွာသားများက ယခုချိန်တွင် အစိုးရဘာကြောင့် ရောက်လာသလဲသိချင်နေသည်။ ရလဒ်အနေဖြင့် သူတို့မေးသည့်အခါ ရွာက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဟွမ်စစ်ကုံးနှင့် ကျန်းလန်ဟွာ၏ ယခင်ကိစ္စကို ဖုံးလွှမ်းသွားခဲ့သည်။

 

လီဖုန်းကတောင်ကိုဝယ်တော့မယ်! ပြီးတော့ လွင်တီးခေါင်​တောင်ကုန်း!

 

သူက လွင်တီးခေါင်တောင်ကုန်းကိုဝယ်ရန် ငွေရာချီသုံးစွဲခဲ့ပြီး မင်ကောအာ၏ အမည်ပေါက်ဖြင့် အဆုံးသတ်သွားခဲ့သည်။

 

ကြမ်းတမ်းတဲ့လီဖုန်းက သူ့ကောလေးကို မချစ်ဖူးလို့ဘယ်သူပြောလဲ? သူ သူ့ကောကိုမချစ်ရင် ရာနဲ့ချီတဲ့ငွေကို ရေထဲပစ်ချပါ့မလား? အကျိုးအမြတ်ကို မမြင်နိုင်ခင်မှာ လီဖုန်းက မင်ကောအာ စိတ်ကျေနပ်စေဖို့ ပိုက်ဆံများကို ရေထဲပစ်ချနေသည်ဟု လူတွေကထင်ခဲ့သည်။

 

တချို့မိသားစုများက အလွန်အမင်းကြေကွဲနေပြီး သွေးထွက်သံယိုဖြစ်သလို ခံစားလိုက်ရသည်။

  

“သူက အသုံးမဝင်တဲ့ လွင်တီးခေါင်​တောင်ကုန်းကိုဝယ်ဖို့ ငွေရာချီဖြုန်းခဲ့တာလား?” လီစုန့်ကမ်းက သတင်းပြောပြသည့် လူကို ထပ်ခါတလဲလဲမေးနေသည်။ သူ့မျက်လုံးကပြူးထွက်ပြီး အသက်ရှူသံ ကမောက်ကမဖြစ်နေသည်မှာ သူ့ရှေ့ကလူက သူ့ရန်သူလိုပင်။

  

“ဟုတ်ပါရဲ့… အစိုးရရောက်လာပြီး မြေပိုင်ဆိုင်မှုစာချုပ်ထုတ်ပေးတော့မယ်။ ဘယ်သူမှမင်းကိုလိမ်လို့မရဘူး။ ကျစ်….ကျစ်.. မင်းရဲ့တူလေး ဒီလောက်ချမ်းသာမယ်လို့ ငါမထင်ထားဘူး။ ငွေရာချီနဲ့ မြေတွေဝယ်ပြီး ချမ်းသာနေတာ။ မင်းတို့နှစ်ယောက် ဖုန်းရှောင်ကျစ်ကို ကောင်းကောင်းဆက်ဆံခဲ့ရင် ဒီငွေတွေက မင်းတို့မိသားစုကို ရောက်လာမှာပဲ။ မင်းအဲ့လိုမထင်ဘူးလား?”

 

ဤလူမှာ ရည်ရွယ်ချက်ဆိုးရှိသည်။ သူက လီစုန့်ကမ်းမိသားစု၏ ရင်ထဲကို ထိုးနှက်ခဲ့သည်။ လီစုန့်ကမ်းမိသားစု စိတ်ဆင်းရဲလေ စကားပြောနေသူက ပျော်ရွှင်လေဖြစ်၏။ ဤသည်မှာ လီစုန့်ကမ်း၏မိသားစုက လီမိသားစု၏မျိုးရိုးနာမည်ကြီးကိုသုံးကာ တခြားမျိုးနွယ်စုများကို ဖိနှိပ်ခဲ့လို့ဖြစ်သည်။

သူတို့က လီမိသားစုနဲ့ပတ်သက်ပြီး အမြဲကြွားဝါကာ ရွာလူကြီးကလည်း သူ့ဆွေမျိုးဖြစ်သည်။ ဤရွာတွင် သူ့မိသားစုက ပြောခွင့်ဆိုခွင့်ရှိသည်။ တချို့လူတွေက သည်းမခံနိုင်ပေမယ့် ယခုမူ သူတို့လက်စားချေဖို့ အချိန်ရောက်လာခဲ့ပြီ။ ဖုန်းရှောင်ကျစ်က ထိုငွေများကို သူ့ဦးလေးဖြစ်သူအား ပေးမည့်အစား ရေထဲပစ်ချခဲ့သည်။ ၎င်းက လူတွေကို ဝမ်းသာစေသည်။

 

စုန့်ကမ်း၏ဇနီး အိမ်ပြန်ရောက်စဥ် အသက်ရှူကြပ်ကာ လဲကျသွားလေသည်။ သူ့ရင်ဘတ်က နာကျင်နေသည်။ သူ့ခင်ပွန်းပြန်လာ​တော့ သူတို့ရန်ဖြစ်ခဲ့ပြီး တစ်​ယောက်နဲ့တစ်ယောက် ထိုသို့မပြုမူရန် စွပ်စွဲခဲ့သည်။ သူတို့ထဲက တစ်ယောက်သာ သဘောမတူခဲ့ရင် လီဖုန်းက ထွက်သွားခဲ့ရပါ့မလား? ဒီလိုဆို သူပြန်လာရင် မုန်းတီးနေပါ့မလား?

 

လီဖုန်း၏နာမည်ဆိုးကြောင့် လီဖုန်း၏ကိစ္စများကို မျက်ကွယ်ပြုထားသော လီမိသားစုဝင်များက ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ကမ်းမိသားစု၏လှုံ့ဆော်မှုကြောင့် သူတို့က ဝင်စွက်ဖက်ချင်ခဲ့ပေမယ့် လီဖုန်း၏အပြုအမူကို တွေ့လိုက်ရစဥ် သူတို့ လက်လျှော့ခဲ့ရသည်။ သို့သော် ယခုမူ လူကြီးများ၏အကြံဉာဏ်မပါပဲ ဤလူငယ်များလုပ်ခဲ့သောအရာက ဒေါသထွက်စရာဖြစ်၏။

 

သူတို့က လီဖုန်းထံသို့မသွားပဲ ရွာလူကြီးဆီပြေးသွားခဲ့သည်။ အကြောင်းမှာ လီဖုန်းက ရွာလူကြီးနဲ့ ရယ်ရယ်မောမော စကားပြောခဲ့ပြီး ရွာလူကြီးက ဤကြမ်းတမ်းသောလူအား မကြောက်တာကို သူတို့မြင်တွေ့ခဲ့ရလို့ဖြစ်သည်။ ရွာလူကြီးက ဤလူများ၏ရည်ရွယ်ချက်ကို ရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့။ “ဖုန်းရှောင်ကျစ် ဒီငွေ​ကို သူ့အသက်နဲ့ရင်းပြီး ရှာခဲ့တာ။ သူဘယ်လိုသုံးချင်လဲဆိုတာ သူ့ကိစ္စ၊ တခြားသူတွေ ဝင်စွက်ဖက်ချင်ရင် ကိုယ်တိုင်လုပ်။ ငါဝင်ပါပြီး လူမုန်းမခံဘူး။”

သူတို့က အရှက်ကွဲပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားခဲ့ရသည်။

 

ထိုအချိန်တွင် ထန်ချွန်းမင်က စာချုပ်ကိုကြည့်ကာ ဝမ်းသာအားရပြုံးလိုက်သည်။ ဤမြေရာချီက သူ့အပိုင်ဖြစ်၏။ ဒီကလူတွေက သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဘယ်လိုနားလည်နိုင်မှာလဲ?

ကမ္ဘာပေါ်ကအခြေအနေကို တွေးကြည့်လိုက်တော့ မြေယာအားလုံးက နိုင်ငံပိုင်ဖြစ်ပြီး ပုဂ္ဂလိကပိုင်များက နှစ်အနည်းငယ်စာချုပ်ချုပ်နိုင်သော်လည်း ဤနေရာတွင်မူ ဤ​မြေများက ကိုယ်ပိုင်ပိုင်ဆိုင်မှုလို့ မှတ်ယူနိုင်သည်။ ရုတ်တရက် သူသည် ဒေသခံသူဌေးတစ်ဦးကဲ့သို့ ရက်ရောမှုကို ခံစားလိုက်ရသည်။

 

“ကောင်းကောင်းသိမ်းထား… နောင်မှာမင်းဝယ်မယ့်မြေတွေနဲ့ ပစ္စည်းတွေအားလုံးကို မင်းနာမည်နဲ့ပဲထားမယ်။” မင်ကောအာ၏ စစ်မှန်​သောပျော်ရွှင်မှုနှင့် အပြုံးကို မြင်လိုက်ရသောအခါ လီဖုန်းက အလွန်ကျေန​ပ်သွားခဲ့သည်။

သူက မတွေးပဲပြောလိုက်ပေမယ့် နောင်တရမှာမဟုတ်ပေ။ ထိုအစား ၎င်းက သဘာဝကျသည်။ သူက ​ပြင်ပရေးရာကိစ္စများကို တာဝန်ခံပြီး မင်​ကောအာက အတွင်းကိစ္စများကို တာဝန်ယူလိမ့်မယ်။

  

“စိိတ်မပူပါနဲ့။ ကျွန်တော်နှစ်ဆရအောင်လုပ်ပေးမယ်။” ထန်ချွန်းမင်က ယုံကြည်မှုရှိရှိပြောလိုက်သည်။

သူက လီဖုန်း၏ပစ္စည်းများကို အလဟဿဖြစ်အောင်မလုပ်ပေ။ ဤအရာများက သူ့လက်ထဲတွင် သေချာပေါက် ကြီးပွားလာလိမ့်မည်။ မဟုတ်ပါက သူ အလွန်အရှက်ရသွားပေမည်။..

  

“ကောင်းပြီ… ကိုယ်စောင့်ပါမယ်။” လီဖုန်း၏မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေပြီး သူက ကြမ်းတမ်းခက်ထန်သည့်လူနှင့် လုံးဝမတူပေ။ “ယွိမုက နှစ်ရက်နေရင်ရောက်လာလိမ့်မယ် ဒါပေမယ့်စိတ်မပူပါနဲ့။ သူ ကိုယ့်နေရာမှာနေလိမ့်မယ်။”

.

ရက်သတ်မှတ်ပြီးနောက် သူက စာတစ်စောင်ပို့ခဲ့သည်။ ယွိမုက သတင်းရတာနဲ့ ချက်ချင်းရောက်လာပြီး ယွိမုကို သူ့ကိစ္စတွေလုပ်ခိုင်းရမည်။ ဟွမ်မိသားစုအား ရွာပြင်မှနှင်ထုတ်ရုံဖြင့် သူကျေနပ်မည်မဟုတ်ပေ။

“သိပါပြီ။” ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်ပြီး သူ့စိတ်က ​မြေရှင်ကြီးဖြစ်လာပြီး ငွေပိုရှာနိုင်မည့် အလားအလာကို အာရုံစိုက်နေခဲ့သည်။ သူ့အမူအရာက လီဖုန်းကို ပိုပျော်ရွှင်စေခဲ့ပြီး သူ့မျက်လုံးက ယွိမုအကြောင်းပြောတိုင်း တောက်ပနေခဲ့သည်။

 

စာကိုရရှိပြီး​နောက် ဖျင်ရှန်ရွာကို အပြေးအလွှားလာနေသော ယွိမုက မြင်းပေါ်တွင် ရုတ်တရက်ဆိုသလို ကျယ်ကျယ်လောင်လောင် နှာချေလိုက်လေသည်။ သူ့အဖော်တချို့က ရယ်လိုက်ကြသည်။ ဗိုလ်ချုပ်ယွိမုဖျားနေသလား? သူ ဝိုင်သောက်သင့်သေးလား?

ယွိမုက ချက်ချင်းကျောကိုမတ်ကာ အော်လိုက်​လေသည်။ “အဓိပ္ပါယ်မရှိတာ… ငါ သူဌေးရဲ့ဝိုင်ကို သောက်လို့မရဘူးလား? ပြီးတော့ ငါ မင်ကောအာ ချက်တာကို မစားရတာကြာပြီ။ ဒီတစ်ခါအဝစားရမယ်။”

  

“အစ်ကိုယွိ.. မင်ကောအာက ဘယ်သူလဲ? သူက သူဌေးပြန်လာတာနဲ့ သူဌေးရဲ့နှလုံးသားကို သိမ်းသွားတာလား? ဒါပေမယ့် သူဌေးက… . အဲ့ဒီကောကိုတောင် ကြိုက်ခဲ့တာမဟုတ်ဘူးမလား” တခြားသူများက သိချင်နေပြီး သူတို့၏ အနာဂတ်သူဌေးကတော် ဘယ်လိုလူစားမျိုးလဲသိရဖို့ ပျံသွားချင်မိသည်။

  

“ဟားဟား…. မင်းအဲ့ဒီကိုရောက်ရင်သိလိမ့်မယ်။ ဒါပေမယ့် မင်းကိုပြောပြပါရစေ မင်း မင်ကောအာကို လန့်အောင်လုပ်ရင် သူဌေးက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။ ​ပြီး​တော့ ငါ့ကိုလည်း ဆွဲမထည့်နဲ့… သွားတော့!” မြင်းက လမ်းပေါ်တွင် အလွန်လျင်မြန်စွာပြေးလွှားနေပြီး လူတစ်စုက အမြန်ဆုံးဖြတ်ကျော်သွားကြသည်။

 

ထိုနေ့သည် ကောင်းသောနေ့မြတ်ဖြစ်ပြီး အပြင်တွင် နေရောင်ကတောက်ပနေပြီး ထန်မိသားစုက အတွင်းရောအပြင်မှာပါ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။

 

အားလင်းလေးက သူ့ဧည့်သည်လေးများကို ဧည့်ခံဖို့ လှည့်ပတ်ပြေးနေ၏။ အားလင်းက အိမ်ရှင်ဖြစ်၍ ကလေးများကို ကောင်းကောင်းဆက်ဆံသင့်သည်ဟု သူ့အားမူကပြောထားသည်။ လအနည်းငယ်ကြာပြီးနောက် သူ့မှာ အရင်ကလို ရှက်ကြောက်စိတ်မရှိတော့ပဲ သူ့မျက်နှာပေါ်တွင် ပြိုးပြိုးပြက်ပြက်နိုင်သော အပြုံးများရှိနေခဲ့သည်။

  

“အားလင်း… မင်းရဲ့ဘိုးဘိုးနဲ့​ဦးလေးရောက်လာတယ်။ ဦးလေးဖုန်းက သူတို့ကို ဒီခေါ်လာနေတယ်။” အာမောင်းက အပြင်ဘက်မှပြေးဝင်လာ​ကာ အော်လိုက်လေသည်။

 

အားလင်းက ချက်ချင်းဆိုသလိုပင် ခွေးခြေခုံမှလျှောဆင်း​ကာ တခြားကလေးများကို မနှုတ်ဆက်တော့ပဲ ပြေးထွက်သွားခဲ့သည်။ တစ်ရွာတည်းမှ လာကစားကြသော ကလေးများမှာ သူ့ကိုအားကျစွာ လိုက်ကြည့်နေသည်။

သူတို့လက်ထဲမှာ သရေစာတစ်ထုပ်စီရှိသော်လည်း ၎င်းက သူတို့မုန့်တွေမဟုတ်ပဲ အားလင်းပေးခဲ့တာဖြစ်၏။

 

ရှောင်သိုက်က နောက်ကလိုက်သွားခဲ့သည်။ ရှောင်ဟွာ၊ရှောင်ဟေးနှင့် ဘဲဖြူကြီးနှစ်ကောင်တို့က ခြံသစ်တွင်နေထိုင်ကြသည်။ ရှောင်ဟွာက ယခုချိန်တွင် ပိုကြမ်းတမ်းနေ၍ အိမ်မှာလူအများကြီးရှိတာကြောင့် ယနေ့မှာ သူတို့ကို အပြင်ထွက်ခွင့်မပြုထားပေ။

 

လှည်းက တံခါးနားမှာရပ်သွားသည်။ ထန်ချွန်းရုံက သူ့အားမူကို အပြုံးတစ်ပွင့်ဖြင့် အောက်ဆင်းရန် ကူညီပေးခဲ့သည်။ ဝမ်ယင်မှာလည်း တင်းမာသော မျက်နှာထားမရှိသလောက်ပင်။ သူက အဝတ်အစားသစ်လဲထားပြီး ပွဲတက်လာပုံပေါ်သည်။

 

ထုံစံအတိုင်း တစ်စုံတစ်ယောက်က ထန်ချွန်းမင်အား သူ့မိထွေးရောက်လာ​ကြောင်း လာပြောခဲ့သည်။ သူက သူ့ကိုထွက်နှုတ်ဆက်ရမည်။ ကိုယ်ဝန်ရှိနေသော ထန်ချွန်းမင်က တံခါးနားရောက်တော့ လီဖုန်းကို အရင်ပြုံးပြလိုက်ပြီးမှ သူ့မိထွေးနှင့် ညီလေးကို လှည့်ပြောလိုက်သည်။ “ဖေဖေ…. အားရုံ…. ရောက်ပြီလား… အထဲမြန်မြန်ဝင်ခဲ့”

 

ဝမ်ယင်က သူ့အဝတ်အစားများကို ဖုန်ခါလိုက်ပြီး သူ့လင်ပါသားကို မော့ကြည့်လိုက်သည်။ သူ အများကြီးပြောင်းလဲသွားသည်။ အင်မတန်အင်အားကြီးတယ်လို့ ​အပြင်လူတွေပြောနေကြသည့် လူကို သူတွေ့လိုက်ရသည်။

သူ လင်ပါသားကို လေးစားသင့်သည်ဟု ဝမ်ယင်ခံစားလိုက်ရသည်။ သူ ငွေရာချီတန်သော လွင်တီးခေါင်းတောင်ကုန်းကိုဝယ်ခဲ့ကြောင်း မြို့နှင့်ရွာကလူတိုင်းသိကြသည်။ အပြင်မှာ ကောလာဟလမျိုးစုံရှိပေမယ့် ဝမ်ယင်က သူ့လင်ပါယား ထူးခြားတာတစ်ခုခုလုပ်ပြနိုင်ဖို့ မျှော်လင့်သည်။

&&&&&&

Chapter 45.4

သူ့လင်ပါသားက ယခုလိုပဲ စွမ်းဆောင်နိုင်နေမယ်ဆိုလျှင် ၎င်းကိုမကောင်းသည့်အရာလို့ သူမထင်ပေ။ သူ့လင်ပါသားက ယခုသူနဲ့ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် စိတ်ဝင်စားနေပြီး အနာဂတ်မှာ သူက သူ့သားကို ကူညီပေးနိုင်လိမ့်မည်။ သူ့မှာ ဤသားလေးတစ်ယောက်သာရှိ၍ သူ့သားကိုမျက်နှာသာပေးရန် သူသည် ယခင်ကသဘောမကျခဲ့သော သူ့လင်ပါသား၏အိမ်ကိုလာဖို့ ဆန္ဒရှိသည်။

  

“မင်းလည်း သတိထားသင့်တယ်။ ဒီလိုဗိုက်ကြီးနဲ့အပြင်ထွက်ရတာ အဆင်မပြေဘူးမလား” ပတ်ဝန်းကျင်တွင် အပြင်လူများရှိတာကြောင့် ဝမ်ယင်က တိုးလျစွာပြောပြီး သူတို့နှစ်ဦး ယခင်က ပဋိပက္ခမရှိခဲ့သလိုပင်။

 

ထန်ချွန်းမင်က သူ့မိထွေးတွေးနေတာကို ခန့်မှန်းနိုင်၍ အလွန်ဝမ်းသာနေသည်။ သူကပြုံးကာပြောလိုက်သည်။ “ဖေ​ဖေ.ဒီကိုလာတာရှားတယ်လေ။ ပြီးတော့ ကျွန်တော်လှုပ်ရှားရတာမပင်ပန်းပါဘူး။ အားလင်း… လာ သားဘိုးဘိုးနဲ့ ဦးလေးကိုတွေ့လိုက်။”

  

“ဦးလေး…ဘိုးဘိုး…” အားလင်းက ချိုသာသောအသံဖြင့်အော်လိုက်သည်။

 

နောက်တော့ လီဖုန်းနဲ့ ထန်ချွန်းရုံးသည်ကား ချစ်နေကြသောလူနှစ်ယောက်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်သည်။ ပြီးနောက် သူတို့က တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ပြီး နှုတ်ခမ်းများက တွန့်ကွေးသွားလေသည်။

သူ့အားမူနဲ့ သူ့အစ်ကို နှစ်ယောက်လုံးက သရုပ်ဆောင်တာတော်မှန်း ထန်ချွန်းမင်သိသည်။ သူ သူ့အားမူကို ကောင်းကောင်းမသိလျှင် သူ့အားမူက သူ့ကိုဆက်ဆံသလို သူ့အစ်ကိုကို ဆက်ဆံနေတယ်လို့ သူထင်ပေလိမ့်မည်။

 

ခြံထဲဝင်ပြီးနောက် အပြင်ဘက်ရှိ လူများ၏ဆွေး​နွေးသံများကို ကြားနေရဆဲဖြစ်၏။ “ကြည့်… ကျန်းရှန့်ရွာက မိထွေးလည်းရောက်နေတယ်။ ဒီတော့ မင်ကောအာမှာ မိဘထောက်ပံ့မှုမရှိဘူးဆိုတာ အမှားပေါ့။”

“ပြီးတော့… ကောင်လေးကလည်း မင်ကောအာနဲ့ ဆက်ဆံရေးကောင်းပြီး မင်ကောအာကို ခဏခဏလာတွေ့လေ့ရှိတယ်။ သူကြီးပြင်းလာပြီး နှစ်အနည်းငယ်ကြာတဲ့အခါ မင်ကောအာနဲ့​ သေချာပေါက်ရင်းနှီးလာမှာပဲ။”

  

“လီဖုန်းကိုယ်တိုင် သူတို့ကိုဖိတ်ထားတာ။ တကယ်ဝမ်းသာစရာပဲ။ ငါလည်း သူတို့နေရာမှာဆို လာမှာပဲ။”

 

ဝမ်ယင်က ခြံထဲသို့ဝင်ပြီးနောက် အရာအားလုံးကို သေချာကြည့်နေသည်။ အရင်တစ်ခေါက် သူရောက်ခဲ့စဥ်က ဤနေရာတွင် ဘာမှမရှိပေ။ ၎င်းက နွမ်းလျပြီး ငြိမ်သက်နေခဲ့သည်။ လအနည်းငယ်အတွင်းမှာ အများကြီးပြောင်းလဲသွားမယ်လို့ သူမထင်ထားခဲ့ပေ။

ခြံထဲတွင် သီးပင်များစွာပွင့်လန်းနေပြီး ခြံကြီးက ဥယျာဥ်နဲ့ပိုတူနေသည်။ ဝမ်ယင်က သူ့လင်ပါသားကို အားနာမ​နေပေ။ သူက ထန်ချွန်းမင်ကို အိမ်ထဲဝင်ပြီး တခြားဧည့်သည်များကို ဧည့်ခံရန်ပြောလိုက်သည်။

ထို့နောက် သူက ခြံအသစ်ကြည့်ရန် အားရုံကိုခေါ်သွားခိုင်းခဲ့သည်။ သူ့လင်ပါသားက ဟင်းသီးဟင်းရွက်တွေကို ကောင်းကောင်းစိုက်ပျိုးတယ်လို့ အားရုံထံမှ ကြားဖူးပြီး သူကလည်း အားရုံယူလာသော ဟင်းသီးဟင်းရွက်များကို မကြာခဏစားလေ့ရှိသည်။

ဤတစ်ကြိမ်တော့ သူကိုယ်တိုင်လာကြည့်ခြင်းဖြစ်ပြီး သူ့လင်ပါသား၏စကားက သူ့ကို စိုက်ပျိုးရာမှာပါဝင်စေချင်တယ်လို့ အဓိပ္ပါယ်သက်ရောက်သည်။ ထိုကောင်းသောရည်ရွယ်ချက်ကို သူငြင်းလိုက်လျှင် သူငွေဆုံရှုံးရလိိမ့်မည်။

 

သူ့မိထွေးက သူ့ကို အပြင်လူလိုမဆက်ဆံတာတွေ့ရတော့ ထန်ချွန်းမင်က အင်မတန်ဝမ်းသာနေသည်။ သူက အားရုံအား သူ့အားမူနှင့် ခြထဲက ကလေးများကို စောင့်ရှောက်ရန်မှာခဲ့သည်။ သူက တာမောင်းနှင့် အာမောင်းတို့ကိုလည်း မှာခဲ့သည်။ အကြောင်းမှာ အားလင်းက သခင်လေးဖြစ်သော်လည်း ငယ်နေသေးလို့ဖြစ်၏။

 

ထန်ချွန်းမင်က ထမင်းချက်ကောင်းသူဖြစ်သော်လည်း ယနေ့မှာတော့ ဘယ်သူမှသူ့ကို ချက်ပြုတ်ခွင့်မပြုခဲ့ပေ။ ရှန်းဖူလန်၊ ကျန်းရှို့နှင့် ဝမ်အားမော့က ကူညီပေးရန် မနက်စောစာရောက်လာခဲ့ကြသည်။ ဦးလေးကျောက်ကလည်း သူ့သားနှင့် ရှောင်ကျူး၏အားမူကို လာကူခိုင်းခဲ့သည်။

သို့ဖြစ်၍ ထန်ချွန်းမင်က ယခုအခါ အားလပ်နေပြီး အိပ်မပျော်ပေ။ သူနဲ့စကားပြောနေရသော ကောများက သူ့ကိုမွန်းကျပ်စေပြီး သူတို့ပြောသမျှက ဗိုက်ထဲက ကလေးနဲ့သက်ဆိုင်တာ​ကြောင့် သူက စိတ်ဓာတ်ကျနေသည်။

 

“ဘာဖြစ်လို့လဲ? ပင်ပန်းနေပြီလား? ဘာလို့အထဲဝင်ပြီးအနားမယူတာလဲ?” လှည်းရပ်ကာ ကျင်းဖုန်းကိုနေရာချပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ကူညီဖို့လာခဲ့၍ သူ့အမူအရာကို သတိထားမိခဲ့သည်။

  

“အဆင်ပြေပါတယ်…ခေါင်းကိုက်နေရုံပါ။ ဒီနေ့အလုပ်မြန်မြန်ပြီးစေချင်တာ။” ထန်ချွန်းမင်က လက်ခါယမ်းပြလိုက်သည်။

 

လီဖုန်း၏မျက်နှာက နက်မှောင်သွားသည်။ အပြင်လူတွေမရှိလျှင် မင်ကောအာအပေါ် ဒေါသပုံချရန် နှာခေါင်းနှင့် ပါးစပ်တစ်ခုခုကိုကိုက်ဖို့ တွေးလောက်သည်။ သို့သော် ယခုချိန်မှာ​တော့ သူ့စိတ်ထဲမှာပဲ တေးမှတ်ထားနိုင်သည်။ ယနေ့က သူတို့၏နေ့ထူးနေ့မြတ်ဖြစ်၏။ တရားဝင်ဆုံးဖြတ်သည့်နေ့လည်းဖြစ်သည်။ မင်ကာအာ၏မျက်နှာပေါ်မှာ ပျော်ရွင်မှုမရှိပေ။ သူမပျော်ဘူးလို့ဆိုလိုတာလား?

 

ဤအရာမျိုးနဲ့ကြုံတွေ့လျှင် ခက်ထန်သောလူများပင် ရှုပ်ထွေးသည့်အတွေးများရှိနေလိမ့်မည်။

  

“ထားလိုက်တော့… ကျွန်တော် မီးဖိုချောင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားက တာရှန်နဲ့တခြားသူတွေ​ကို စကားသွားပြောလိုက်ပါ။” ထန်ချွန်းမင်က လုပ်စရာတစ်ခုရှာဖွေဖို့ ကြိုးစားနေပြီး လီဖုန်း၏နက်မှောင်သောမျက်နှာကို သတိမထားမိချေ။

  

“ကောင်းပြီ… ဂရုစိုက်ပါ။” သူ့မှာနက်မှောင်သောမျက်နှာရှိသော်လည်း လီဖုန်းက ထိုလူကို မီးဖိုချောင်သို့ပို့ကာ ကျန်းရှို့နှင့် တခြားသူများလက်ထဲ အပ်ပေးလိုက်ဆဲဖြစ်သည်။ သူ၏သတိရှိသောအပြုအမူက မီးဖိုချောင်ရှိလူများကို ရယ်မောစေသည်။ အပြင်လူတွေ ဒီမြင်ကွင်းကိုမြင်သွားရင် လီဖုန်းလိုလူမျိုးက သူ့ကောကို ဂရုမစိုက်ဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ?

 

ထန်မိသားစုက အလုပ်ရှုပ်နေသော်လည်း ကျောက်မိသားစုက ကျောက်လောင်စန်း စာ​မေးပွဲအောင်ခဲ့ခြင်း၏ ပျော်ရွှင်မှုကို မခံစားနိုင်တော့ပေ။ ဘိုးဘိုးကျောက်က ခန်းကုတင်ပေါ်မှာလဲလျောင်းနေပြီး သူထထိုင်လိုက်ရုံရှိသေးသည်။ ထန်ချွန်းမင်၏သတင်းများက တစ်ခုပြီးတစ်ခုရောက်လာ၍ သူက စိတ်ဆင်းရဲကာ ပြန်လှဲလိုက်ရသည်။

  

“ဖေဖေ… သားလည်း ထန်မိသားစုဆီသွားချင်တယ်။ သား အသားစားချင်တယ်။ မြင်းပေါက်လေးလည်းကြည့်ချင်တယ်။ ဖေဖေ… သားကိုခေါ်သွားပေးပါ!” ကျောက်သုန့်က အိမ်မှာ ဆူညံဆူညံလုပ်နေသည်။

သူ၏ပျော်ရွှင်ရသည့် နေ့ရက်များကုန်ဆုံးသွား၍ ရွာကကလေးများက သူနဲ့မကစားချင်တော့ပေ။ သူတို့က ထန်မိသားစုမှ မြင်းပေါက်လေး၏ ဆွဲဆောင်ခံလိုက်ရသည်။ ကျောက်သုန့်က သွားချင်ပေမယ့် ဘယ်သူကမှမခေါ်သွားခဲ့ပေ။ သူက လီဖုန်းကိုကြောက်သည်။ သူက လီဖုန်းလက်ထဲမှာ ခံစားခဲ့ရတာကို မှတ်မိသေးသည်။

 

တစ်ခုတည်းသောနည်းလမ်းမှာ သူ့အားမူကို ထိုနေရာသို့ခေါ်သွားခိုင်းခြင်းဖြစ်၏။ အရင်တုန်းက သူ အသနားခံတိုင်း သူ့အားမူက သူ့တောင်းဆိုမှုများကို လိုက်လျောပေးလေ့ရှိသည်။ ယနေ့မှာ သူက ကစားဖို့လူသွားရှာပေမယ့် ထိုလူတွေက ထန်မိသားစုအိမ်ကို ရောက်နေခဲ့သည်။

တချို့လူတွေက သူ့ကိုကြွားရန် မုန့်တစ်ထုပ်ယူလာခဲ့သည်။ တစ်ချို့လူတွေက ပြောခဲ့သေးသည်။ “ ကျောက်သုန့်.. မင်အားမော့က ကြောက်ဖို့ကောင်းတဲ့ လီဖုန်းကိုလက်ထ​ပ်ရတော့မယ်။ သူက မင်းရဲ့ဦးလေးမဟုတ်တော့ဘူး။ မင်းက မင်အားမော့တို့အိမ်က ဘာမှစားရတော့မှာမဟုတ်ဘူး။”

ကျောက်သုန့်ကို ခဏတာကြွားပြီးနောက် ကျောက်သုန့်ဒေါသထွက်ပြီး ပါးစပ်လှုပ်လာသောအခါတွင် သူတို့က ရယ်မောကာ ထွက်ပြေးသွားကြသည်။ တကယ်တော့ ကျောက်သုန့်က သူတို့မိသားစုမှာ အသားမကြာခဏစားလေ့ရှိပြီး ဒုတိယဦးလေးက သူတို့မိသားစုကို အသားပေး​သလို ဒုတိယဦးလေးအိမ်က ကောင်းတာမှန်သမျှသည် သူတို့ပိုင်ဆိုင်တာဖြစ်​ကြောင်း ထိုကလေးများအား ကြွားခဲ့ဖူးသည်။

အရွယ်ရောက်ပြီးသူတိုင်းက ယခုလိုတွေးပြီး ကလေးများကလည်း ထိုနည်းအတိုင်းပင်။

 

သူ့ဒုတိယဦးလေးဆုံးသွားတော့ ကျော​က်သုန့်မှာ ကောင်းမွန်သောဘဝမရှိခဲ့ပေ။ အသားမပါပဲရှင်သန်ရခက်သည်။ သူ့ဒုတိယဦးလေးအိမ်တွင် အပြင်လူများက စားသောက်နိုင်သော်လည်း သူ့မှာတော့ ဘာမှမရှိပေ။

သူက စိတ်မကောင်းဖြစ်သွားသည်။ သူ့အမြင်တွင် သူ့ဦးလေးအိမ်က ဤသရေစာမုန့်များနှင့် မြင်းပေါက်လေးက သူ့အပိုင်ဖြစ်သင့်သည်။ သူ့အားမူနဲ့ ဘိုးဘိုးက အဲ့လိုပြောခဲ့တာမလား?

  

“ဖေဖေ… ဒုတိယဦးလေးက ဖေဖေ့စကားနားထောင်တယ်မလား? သား အသားစားချင်တယ်။ မုန့်လည်းစားချင်တယ်။ သား မြင်း​ပေါက်လေးလိုချင်တယ်။ ဖေဖေ.. သားကိုခေါ်သွားပေးပါ။ သားအားလုံးလိုချင်တယ်…ဝူး…ဝူး…..” သူက ကြမ်းပြင်ပေါ်မှာလူးလိမ့်ပြီး သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်က ပိုမိုပိန်ပါးလာခဲ့သည်။

 

ကျောက်မိန်ကလည်း အပြင်ကလူများ၏ စကားများကိုကြားလိုက်ရပြီး သူ့မျက်လုံးထဲတွင် အားကျမှုနှင့် တောင့်တမှုရှိနေခဲ့သည်။ သူက အားလင်းကို သိပ်အားကျသည်။ အားလင်းရဲ့ဘဝကလည်း အရင်ကသူ့လိုပဲဆိုတော့ အားမကျပဲနေပါ့မလား? သို့သော် သူကတော့ အမှောင်ထဲကပဲ တိတ်တဆိတ်ကြည့်နိုင်သည်။ သူအလုပ်မပြီးလျှင် ထမင်းစားရမှာမဟုတ်ပေ။

  

“ထတော့ လူယုတ်မာလေး… မင်းမှာသတ္တိရှိရင် သူ့အိမ်မှာ သွားပြဿနာရှာလိုက်။ သူက အခုမင်းရဲ့ဦးလေးမဟုတ်တော့ဘူး။ သူက လီမိသားစုဝင်ဖြစ်နေပြီ။ သူ့အိမ်မှာရှိသမျှက လီမိသားစုအပိုင်ပဲ။ အဲ့ဒါ ငွေမရှာနိုင်တဲ့ မင်းအဖေရဲ့အပြစ်ပဲ။ မင်းအဖေကို သွားရှာစမ်း!” ဝမ်ချွန်းဟွာက စိတ်တိုလွန်းလို့ သူ့သားကိုတောင် ဆူလိုက်မိသည်။

  

“သားမထချင်ဘူး။ သား ပြဿနာရှာမယ်။ ဖေဖေပြောတော့ ဒုတိယဦးလေးက ဖေဖေ့စကားအမြဲနားထောင်တယ်ဆို.. သားပြဿနာရှာမယ်.. အသားစားချင်တယ်။ မြင်းပေါက်လေးလည်းလိုချင်တယ်။

 

ကျောက်သုန့်က သူ့ဆန္ဒမပြည့်မချင်း ထရန်မလိုလားပေ။ သူက လူးလှိမ့်ပြီး ကျယ်ကျယ်လောင်လောင်ငိုနေ၏။ ဝမ်ချွန်းဟွာ၏ဆူပူခြင်းနှင့်ထပ်တူညီစွာ အခန်းထဲမှာ လှဲနေသော ဘိုးဘိုးကျောက်ကလည်း လွန်စွာဒေါသထွက်သွားသည်။ သူက ကုတင်ပေါ်မှထကာ အပြင်ကိုအော်လိုက်လေသည်။ “မင်းသေချင်နေတာပဲ ကံ​ဆိုးတဲ့ကောင်.. မင်းက တစ်မနက်လုံး ဆူညံပူညံလုပ်ပြီး ငိုယိုနေတာ။ ငါအခုထိမသေသေးဘူး။ မင်းစိတ်ချမ်းသာအောင် ငါမြန်မြန်သေဖို့ ဆုတောင်းနေတာလား?””

 

ကျောက်လောင်စန်းက ထွက်သွားပြီး ကျောက်တာနျိုကလည်း ဘယ်နေရာကိုရောက်နေမှန်းမသိပေ။ ဝမ်ချွန်းဟွာကလည်း ဘိုးဘိုးကျောက်လို ​ဒေါသထွက်နေပေမယ့် သူက သူ့ဒေါသကို မျိုသိပ်လိုက်ရသည်။

သူက သူ့သား၏နားရွက်ကိုဆွဲ​ကာ ထန်ချွန်းမင်၏အိမ်ဘက်သို့ မုန်းတီးစွာကြည့်လိုက်သည်။ သူ့သားထင်နေသလိုပင် သူသည်လည်း ကျောက်တာဟူအိမ်က အရာအားလုံးကို သူ့အပိုင်လို့မှတ်ယူထားပြီး အနည်းဆုံးတော့ သူက ဘိုးဘိုးကျောက်ထံမှ တစ်စိတ်တစ်ပိုင်းရနိုင်လိမ့်မည်။ သို့သော် ငွေရာချီက သူတစ်ဘဝလုံး အသားစားဖို့လုံလောက်ကြောင်း ကြားသည့်အခါ သူက လီစုန့်ကမ်းမိသားစုလိုပင် စိတ်မသက်မသာဖြစ်ခဲ့ရသည်။

  

“ရွာလူကြီး… ရွာလူကြီး…” အပြင်က အမျိုးသားတစ်ယောက်က အော်ဟစ်လိုက်သည်။ “အပြင်မှာစစ်သားတွေရောက်နေတယ်။ စစ်သားတွေမြင်းစီးပြီး ကျုပ်တို့ဖျင်ရှန်ရွာကို လာ​နေတယ်!” စစ်သားများ၏ ရုတ်တရက်ရောက်ရှိလာမှုက ရွာသားများကို ထိတ်လန့်စေသည်။ ဤစစ်သားများက ရွာသို့ရောက်လာခြင်းက ကံဆိုးခြင်းဖြစ်၏။

အတိတ်မှာ စစ်သားတွေ ရွာကိုရောက်လာတိုင်း အခွန်အမျိုးမျိုးကောက်လေ့ရှိသည်။ လက်ရှိဧကရာဇ်အာဏာရချိန်မှသာ သူတို့ဘဝ ပိုကောင်းလာခဲ့တာဖြစ်၏။

  

“စစ်သားတွေ?” ရွာလူကြီးက ပင်မခန်းမ၌ထိုင်ကာ လီဖုန်းနှင့် တခြားသူတွေကို စကားပြောနေသည်။ သူက ထိုစကားကြားတော့ အံ့အားသင့်သွားသည်။ သူက ဂရုတစိုက်တွေးတောလိုက်ပြီး ယာမန်မှာ လတ်တလောဖြစ်ခဲ့သည်များကို ဘာမှမကြားမိမှန်း သတိရသွားသည်။

သူက စိတ်​အေးအေးထားပြီး မတ်တပ်ရ​ပ်ကာပြောလိုက်သည်။ “မလန့်ကြနဲ့။ ဖုန်းရှောင်ကျစ်.. ဦးလေးနဲ့အတူ သွားကြည့်မယ်။ နေ့ထူးနေ့မြတ်ကို မဖျက်စီးပစ်နဲ့။”

  

“ဟုတ်ကဲ့…ဦးလေး စိတ်မပူပါနဲ့.. ဘာမှမဖြစ်ပါဘူး။” လီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ယွိမုက မကြာခင်ရောက်လာမှာဖြစ်၍ ယခုက ရုတ်တရက်ဆန်နေသည်။ ဒီကလေးများလား?

 

လီဖုန်းက ရွာလူကြီးအပါအဝင် ရွာထဲက တခြားအမျိုးသားများနှင့်အတူ လျှောက်ထွက်သွားခဲ့သည်။ ဘယ်သူမှမမြင်နိုင်ခင် လီဖုန်းလိုခေါင်းဆောင်က ဒီကောင်ယွိမုကို မမှတ်မိတာဖြစ်နိုင်ပါ့မလား? သူတို့က ဒီခရီးမှာ မောက်မာနေကြသေးတယ်ပေါ့… လီဖုန်းက မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment