no

Font
Theme

Chapter 49.1

အပြင်မှာ ဆူညံသံတစ်ခုပေါ်လာခဲ့သည်။ ဘယ်သူမှ ထွက်မစစ်ဆေးနိုင်ခင်မှာ ပုံရိ​ပ်တစ်ခုက ပြေးဝင်လာခဲ့သည်။ ယင်းမှာ ကျောင်းကနေပြေးလာသော ထန်ချွန်းရုံဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကိုစာပို့ခဲ့တာ​ကြောင့် သူက ဆရာထံမှ တိုက်ရိုက်ခွင့်တောင်းခဲ့သည်။ သူက သူ့အစ်ကိုကို စစ်ဆေးရန် အိမ်ထဲအမြန်ပြေးဝင်သွားခဲ့ပေမယ့် ဖြစ်ချင်တော့ အပြင်ထွက်လာသော ကျန်းရှို့က သူ့ကိုအမြန်တားလိုက်လေသည်။

“ကျွန်တော့်အစ်ကိုဘာဖြစ်လို့လဲ? သူဒီ​နေ့မွေးမှာလား? သူတို့ပြောတော့ နည်းနည်းကြာဦးမယ်ဆို?” ထန်ချွန်းရုံက နဖူးချွေးပြန်နေကာ အလွန်စိုးရိမ်နေသည်။

“အားရုံ..ရောက်နေတာပဲ။ ရက်နည်းနည်းလောက် စောမွေးတာပုံမှန်ပါပဲ။ စိတ်မပူပါနဲ့။ မင်းအစ်ကို အခုအဆင်ပြေတယ်။” ကျန်းရှို့က မော့ကြည့်ကာ အားရုံကို ဝေးဝေးခေါ်သွားဖို့ တစ်ယောက်ယောက်ကို ပြောချင်နေသည်။

သူက လီဖုန်းကိုခေါ်ချင်ခဲ့သည်။ လီဖုန်းက လက်ဖက်ရည်ဖျော်နေပေမယ့် အပြင်မှာ ရေနွေးပူသွန်မိမှန်းတောင် သတိထားမိပုံမပေါ်ပေ။ သူက အိမ်လမ်းကြောင်းကို ကြောင်တက်တက်စိုက်ကြည့်နေသည်။ ကျန်းရှို့က နဖူးပု​တ်ကာ နောက်တစ်​ယောက်ကို ခေါ်လိုက်ရသည်။ “​တာရှန်….ခင်ဗျား အားရုံကိုအဖော်ပြုပေးလိုက်။”

လီဖုန်း အမြန်ရောက်လာသည်။ ကျန်းရှို့က တုန်လှုပ်သွားသည်။ ဒီလူကို ဘာလို့ဒီလောက်မြန်မြန်ရောက်လာတာလဲ? ထို့နောက် သူက လီဖုန်း၏စိုးရိမ်နေသောအသံကို ကြားလိုက်ရသည်။ “မင်ကောအာ အခြေအနေဘယ်လိုလဲ? ငါ့ကိုဘာလုပ်စေချင်တာလဲ?”

“ရပြီ… သွားတော့ ရေနွေးသွားကျို…များများသာကျို…” ကျန်းရှို့က မဆိုင်းမတွအမိန့်ပေးလိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာ ပင်မခန်းထဲက လူတစ်ဦးပြေးထွက်လာ၍ သူ့မျက်လုံးကို ပြူးကျယ်သွားစေသည်။

အဘိုးကြီးဟဲက ခါးသီးစွာပြုံးပြီး လက်ဖက်ရည်အိုးကို လက်ညိုးထိုးပြသည်။ “ဒီကလေးကိုကြည့်ပါဦး… ဒီကလေးက တည်ငြိမ်နေတယ်လို့ မင်းပြောပေမယ့် ငါ့လက်ဖက်ရည်ကောင်းလေးကတော့ ပျက်စီးသွားပြီ။ ကိုယ်တိုင်လုပ်လိုက်တာကောင်းပါတယ်။”

“ဟားဟား… ဒါဆို ကျုပ်ဒီနေ့တော့ ပျော်ရတော့မယ်။” ရွာလူကြီးက သမားတော်ဟဲကို လေးစားသည်။ သူနဲ့ပတ်သက်ပြီး ရှင်းပြလို့မရသည့် အရာတစ်ခုကြောင့် လူတွေက သူ့ကို သမားတော်တစ်ယောက်ထက်ပိုတယ်လို့ ခံစားရစေသည်။ တစ်ခါတစ်ရံ လက်ဖက်ရည်သောက်ပြီး အပြင်ကိစ္စများအကြောင်း ဆွေးနွေးရာတွင် အဖော်ပြုပေးရင်း သူ့အမြင်ပိုကျယ်လာတယ်လို့ ခံစားလိုက်ရသည်။

လီဖုန်းက သူ့ကိုခိုင်းသည့်အတိုင်း ရေနွေးကျိုနေပြီး ရေအသင့်ဖြစ်သည့်အခါ ဘေးကတစ်ပုံးကိုလဲထည့်လိုက်ပြီး တစ်ယောက်ယောက်ရေလာတောင်းမှာကို စောင့်နေသည်။ ထို့နောက် သူက နောက်တစ်အိုးထပ်တည်ကာ ရေဆယ်ပုံးမြောက် တည်ပြီးချိန်တွင် ပုံးကိုပစ်ချကာ မီးဖိုချောင်ထဲမှ ပြေးထွက်သွားလေသည်။ ဝမ်ယင် ရောက်လာတာဖြစ်၏။

အနည်းငယ်ရူးကြောင်ကြောင်နိုင်ပြီး ပင်ပန်းနေသော မျက်လုံးရှိသည့် လီဖုန်းက ပုံမှန်ပုံရိပ်နှင့် ကွာခြားနေသည်။ ဝမ်ယင်က ဤလူစိုးရိမ်နေတာကိုသိ၍ ဘွင်းဘွင်းပြောလိုက်လေသည်။ “ငါ အထဲဝင်ပြီးကြည့်လိုက်မယ်။ ဒါက ဒုတိယကလေးမို့ အရင်တစ်ခါလောက် မကြာပါဘူး။”

ထို့နောက် ထိုလူ၏အတွေးကို ဂရုမစိုက်တော့ပဲ သူကအခန်းထဲရှိလူများကို မိတ်ဆက်ကာ သားဖွားခန်းထဲဝင်သွားခဲ့သည်။.

ထန်ချွန်းမင်က သူဘာကိုခံစားရမလဲပင် မသိတော့ပေ။ သူက သေလောက်အောင် နာကျင်သည့် ဤနှိပ်စက်မှုကို အဆုံးသတ်ချင်သည်။ သူ့တစ်ကိုယ်လုံးက အပိုင်းပိုင်းဖြတ်ခံထားရသလိုပင်။

သူက မိန်းမတစ်ယောက်လို မအော်ချင်ပေ။ သူက အဝတ်စကို ပါးစပ်ထဲဆို့ထားကာ နှိပ်စက်မှုဒဏ်ကိုခံဖို့ သွားကြိတ်လိုက်သည်။ သူ ကမ္ဘာမြေပေါ်ပြန်ရောက်လျှင် အမျိုးသမီးတိုင်းကို အများကြီးလေးစားတော့မှာ သေချာသည်။ဂ

“ထွက်တော့မယ်.. ခဏလေးပဲစောင့်… ငါ့ခိုင်းတဲ့အတိုင်းလုပ်ပြီး မင်းရဲ့စွမ်းအားကို မဖြုန်းတီးစေနဲ့။” သားဖွားသမားတော်က သူ့ကိုအားပေးခဲ့သည်။

“မင်ကောအာ….ပြီးခါနီးပြီ။ ခေါင်းကိုမြင်နေရပြီ.. အရမ်းနာနေရင် အော်ချလိုက်… မထိန်းထားနဲ့။” ရှန်းဖူလန်က မျက်နှာသုတ်ပုဝါကိုယူကာ ထန်ချွန်းမင်၏နဖူးပေါ်က ချွေးများကိုသုတ်ပေးပြီး နှစ်သိမ့်နေသည်။ အခန်းက ရေနွေးငွေ့နဲ့တူပြီး မင်ကောအာက ရေထဲမှလွတ်မြောက်လာသော ငါးလေးနဲ့တူသည်။

“အား! ကျွန်တော် ကလေးမလိုချင်တော့ဘူး…. သေပြီ!” နောက်ဆုံးမှာ ​ကြောက်စရာကောင်းသော အသံကြီးက အခန်းထဲမှာပေါ်လာသည်။

“ကောင်းပြီ… ကိုယ်တို့ အနာဂတ်မှာ ကလေးမယူတော့ဘူး။ မင်ကောအာ…. ကလေးနှစ်ယောက်နဲ့လုံလောက်တယ်။ ကိုယ်တို့နောက်ထပ်မယူတော့ဘူး!” လီဖုန်းကကြားသွားပြီး တံခါးနားကိုပြေးကာ အထဲကိုအော်ပြောခဲ့သည်။

“အား!....”

လီဖုန်း၏အော်သံက အလုပ်ဖြစ်လားတော့ သူမသိပေမယ့် နောက်ဆုံးတစ်ချက်ညှစ်ကာ သူ့ကိုယ်ထဲမှာ အချိန်အကြာကြီးရှိနေခဲ့သော အရာတစ်ခုက ထွက်လာသလိုပင်။ သူက ရုတ်တရက် စိတ်သက်သာရာရသွားပြီး ပင်ပန်းနွမ်းနယ်မှုခံစားချက်က အတွင်းအပြင်မှပေါ်လာလေသည်။

“ မွေးပြီ.. အတော်​ထွားတဲ့ကောင်လေး!” သားဖွားသမားတော်က အံ့အားသင့်စွာ အာမေဋိတ်ပြုပြီး ကလေး၏ဖင်ကိုရိုက်လိုက်သည်။ ကလေး၏အော်သံက သားဖွားခန်းထဲတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။

“ မွေးပြီ…မွေးပြီ!” လူတိုင်းက ပျော်ရွှင်စွာ ထအော်ကြလေသည်။ ဟဲလောင်က မတော်တဆ လက်ဖက်ရည်ထွေးမိသွားသည်။ ထို့နောက် သူကရယ်မောကာပြောလိုက်၏။ “နောက်ဆုံးတော့ မွေးလာခဲ့ပြီ။ ငါတို့လည်း စိုးရိမ်နေခဲ့တာ။ အားလုံးသန့်ရှင်းပြီးသွားရင် ငါနဲ့လောင်ဟူ အထဲဝင်ပြီး သူ့သွေးခုန်နှုန်းတိုင်းလိုက်မယ်။”

“ဟုတ်တယ်… သွေးခုန်နှုန်းတိုင်းမယ်။ ဒါပေမယ့် ကလေးငိုပြီးရင်တော့ အားလုံးအဆင်ပြေသွားပါပြီ။” သမားတော်ဟူက ဝမ်းသာအားရ​ပြောလိုက်သည်။ ကလေးရော ဖေဖေရောက ဝိညာဥ်သန့်သည်။

လီဖုန်း တံခါးဝမှ ကြောင်စီစီရပ်နေသည်​ကို တာရှန်တစ်ယောက်တည်းက သတိထားမိ​ပြီး သူကရှေ့တိုးကာ ပခုံးကိုပုတ်ပြီး လီဖုန်းကိုနှိုးလိုက်လေသည်။ လီဖုန်း တုန်ယင်နေတာကြောင့် တာရှန်က တွဲကူပြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

“အဆင်ပြေပါတယ်။” လီဖုန်းက မျက်နှာသုတ်ကာ သူ့မျက်နှာကတင်းမာပြီး မောပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။ သူက ရှေ့တစ်လှမ်း​တောင် မလှမ်းနိုင်ခဲ့ပေ။ “ငါ အဆင်ပြေပါတယ်။ မင်ကောအာက မွေးပြီးပြီမလား?”

“ဟုတ်တယ်… ကလေးမွေးပြီ။ နားထောင်လိုက်… ကလေးငိုနေတယ်။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မင်းကို ထုတ်ပြလိမ့်မယ်။”

“ မွေးပြီးရင် အဆင်ပြေပါပြီ….” လီဖုန်းက နောက်သို့တစ်လှမ်းဆုတ်ကာ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် သတိရသွားသည်။ “အားလင်း…. အားလင်းကိုခေါ်လိုက်။ သူ့ဖေဖေ ညီလေးမွေးပြီလို့ပြောလိုက်။”

ကလေးကိုမြင်လျှင် အားလင်းလန့်သွားမှာကို စိုးရိမ်တာကြောင့် မင်ကောအာ သားဖွားခန်းထဲရောက်နေချိန်မှာ သူက အားလင်းကို တာမောင်း၊အားမောင်းတို့နဲ့အတူ ဝမ်မော့အိမ်ကိုပို့ထားသည်။ ဝမ်မော့၏ ဘိုးဘိုးက စောင့်ရှောက်ထားပြီး သူက ကလေးမွေးပြီးနောက် ညီငယ်လေးနဲ့တွေ့ခွင့်ပေးမည်ဟု အားလင်းကို ကတိပေးထားခဲ့သည်။

  .

“ကောင်းပြီ…ထိုင်ပါ… ငါသွားခေါ်လိုက်မယ်။” တာရှန်က သူ့ကိုပုတ်ကာ လှည့်ထွက်သွားပြီး မျက်နှာပေါ်က ချွေးကိုသုတ်လိုက်သည်။ လီဖုန်း ဘယ်လောက်စိတ်ပူနေတာကို မြင်လျှင် သူသည်လည်း စိုးရိမ်လာပြီး အားရှို့ ကလေးမွေးတုန်းက အချိန်ကို သတိရသွားခဲ့သည်။

ယခု သူ့မှာ သားနှစ်ယောက်ရှိ၍ ကျေန​ပ်သည်။ ကျန်းရှို့က နောက်ထပ်သားလေး ထပ်လိုချင်​ပေမယ့် ယနေ့မြင်ကွင်းကို မြင်လိုက်ရတော့ တာရှန်က အားရှို့ကို ဒုက္ခထပ်မပေးချင်ပေ။

အားလင်းကိုပြန်ခေါ်လာပြီးနောက် အခန်းသန့်ရှင်းရေးလုပ်ပြီးသွားခဲ့သည်။ မင်ကောအာကိုတွေ့ဖို့ အခန်းထဲဝင်သွားသည့် လီဖုန်းက အားလင်းကိုပါ ခေါ်ဆောင်သွားခဲ့သည်။ ပထမဆုံးမြင်လိုက်ရတာက ဝမ်ယင်၏ရင်ခွင်ထဲက မျက်နှာနီနီ မျက်လုံးမှိတ်ထားသော ကလေးဖြစ်သည်။ မွေးကင်းစကလေးများက ကြည့်မကောင်းပေမယ့် လီဖုန်းက ရင်ထဲမှာ ပျော်ရွှင်မှုတစ်ခုကို ခံစားခဲ့ရသည်။ ယင်းမှာ မင်ကောအာ၏ကလေးဖြစ်သည်။ သူက ဤကလေးမွေးဖို့ လအတော်ကြာ စောင့်ဆိိုင်းခဲ့ရသည်။

လီဖုန်းက ယခုချိန်တွင် စိတ်အဆင်ပြေလာပြီဖြစ်သည်။ သူက ခန်းပေါ်တွင်လဲလျောင်းနေသော မင်ကောအာကို နူးညံ့သောမျက်ဝန်းဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အားလင်းကိုပြောလိုက်သည်။ “အားလင်း… ဒါက သားရဲ့ညီလေး… နောက်ဆို သူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်နော်။”

“ညီလေး…. ငါက အခု အစ်ကိုကြီးဖြစ်သွားပြီ။ မင်းက ငါရယ် ဖေဖေရယ် ဦးလေးဖုန်းရယ်. အားလုံးရဲ့စကားကို နားထောင်ရမယ်နော်။ မင်းမလိမ္မာရင် ငါမင်းတင်ပါးကိုရိုက်မယ်။”

အားလင်းက သူ့ညီလေးကို လူကြီးတစ်ယောက်လို ပညာပေးခဲ့ပြီး ညီလေးနားလည်လား နားမလည်သလားတော့ စိတ်မဝင်စားခဲ့ပေ။

ဘိုးဘိုးချန်*က ရယ်မောလိုက်ပြီး သူကလည်း မိသားစု၏အခြေအနေကို နားလည်တာ​​ကြောင့် ပြောလိုက်လေသည်။ “လူငယ်လေး.. မင်းရဲ့ညီလေးကို ဂရုစိုက်ပါ။ မင်းညီလေးကြီးလာရင် သူမင်းကို ကာကွယ်ပေးလိမ့်မယ်။”

(သားဖွားသမားတော်)

အခန်းထဲတွင် ပြင်းထန်သောသွေးနံ့များရှိပြီး လီဖုန်းကို နှိုးဆွပေးနေ၏။ သို့သော် သူ့မျက်လုံးထဲမှာတော့ ခန်းပေါ်တွင် လဲလျောင်းနေသော မင်ကောအာသာရှိသည်။ သူက ခန်းကုတင်နားလျှောက်သွားကာ သူ့လက်ကိုကိုင််လိုက်သည်။ သူက နှစ်သိမ့်ဖို့တစ်ခုခုပြောချင်သော်လည်း ဘယ်လိုပြောရမလဲမသိပေ။ အတန်ကြာတိတ်ဆိတ်နေပြီးမှ သူကပြောလိုက်လေသည်။ “ကလေးကအဆင်ပြေပါတယ်။ သူက ကိုယ်တို့ကလေး”

ထန်ချွန်းမင်က ကုတင်ပေါ်မှာ အားမရှိသလို လဲလျောင်းနေပြီး သူ့နဖူးပေါ်က ဆံပင်မှာ ချွေးစိုနေ၏။ အိပ်ရာဝင်ခါနီးတွင် သူက လီဖုန်း၏စကားကိုကြားလိုက်ရသည်။ သူမော့ကြည့်လိုက်တော့ လီဖုန်း၏ဆိုလိုရင်းကို နားလည်စွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားပြောတာကိုနားထောင်မယ်။ အခုကစပြီး ခင်ဗျားက ကျွန်တော်တို့မိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ။”

ပြောပြီးနောက် တွန်းအားဖြစ်စေသော အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးများက တဖြည်းဖြည်းမှိတ်သွားပြီး အိပ်ပျော်သွားခဲ့သည်။

သူက လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေတာကြောင့် ဆက်မထိန်းထားနိုင်ခဲ့ပေ။ သူက အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက်ဖြစ်ပြီး ကလေးမွေးခဲ့ရသည်။ လက်တွေ့က ရက်စက်လွန်းလှသည်။

သတင်းကောင်းတစ်ခုလည်းရှိ​သေးသည်။ ယင်းမှာ ကလေးမွေးပြီး​ပြီဖြစ်၍ သူက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီး ဗိုက်တကားကားနဲ့ ထိန်းသိမ်းနေစရာမလိုတော့ပေ။ အိပ်မပျော်ခင် သူက ထိုအကြောင်းတွေးခဲ့သည်။ သူက ထိုလူယုတ်မာလေးမွေးလာလျှင် ရိုက်ပစ်မည်ဟုပြောထားသဖြင့် သူ ၎င်းကို အရင်မှတ်ထားရမည်။

&&&&&&&&

Chapter 49.2

လီဖုန်းက ခန်းကုတင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေ၏။ အားလင်းက သူ့အားမူကိုတွေ့ပြီးနောက် ရှန်းဖူလန်က သူ့ကိုအပြင်ခေါ်သွားခဲ့သည်။ နောက်တော့ ထန်ချွန်းရုံက သူ့အစ်ကို့ကိုတွေ့ဖို့ ရောက်လာခဲ့သည်။

သမားတော်ဟဲနှင့် ဟူလန်ကျုံးသည်လည်း သူ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ရောက်လာခဲ့သည်။ သူက ကျန်းမာရေးကောင်း၍ မီးဖွားခြင်းကာလမှာ ကောင်းကောင်းအနားယူလျှင် ပြဿနာမရှိဘူးလို့ ပြောခဲ့သည်။ ဝမ်ယင်က ကလေးကို အပြင်ခေါ်သွားပြီး အားလုံးကိုပြပြီး​နောက် ပြန်ခေါ်လာပြီး သူ့လင်ပါသား၏ဘေးတွင် ချပေးလိုက်သည်။ သူက အောက်နှုတ်ခမ်းအားဖိကိုက်ထားသော ကလေးကိုမြင်သောအခါ မရယ်မောပဲမနေနိုင်ခဲ့ပေ။

“မင်းသူတို့နဲ့နေ။ ငါအပြင်ထွက်ပြီး သူတို့ဘယ်အစားအစာတွေပြင်ထားလဲ သွားကြည့်လိုက်ဦးမယ်။”

“ဟုတ်ကဲ့.. မီးဖိုပေါ်မှာ ကြက်ပေါင်စွပ်ပြုတ်ရှိတယ်။ သိုးနို့ကလည်း အဆင်သင့်ပဲ။” လီဖုန်းက ထိုအရာများကို သတိရသွားပြီး သွားကြည့်ဖို့ ကမန်းကတန်းထလိုက်သည်။

“မင်းထိုင်… ငါသွားကြည့်မယ်… အခုစားလို့မရသေးဘူး။” ဝမ်ယင်က လီဖုန်း၏ပခုံးကိုပုတ်ကာ လှည့်ထွက်သွားခဲ့သည်။ သူ့လင်​ပါသားက ယခုတစ်ကြိမ်ကံကောင်းပြီး သူ့ကို တကယ်ချစ်ပေးသည့် လူတစ်ယောက်ကို ရှာတွေ့သွား၍ ဝမ်ယင်က စိတ်ချသွားခဲ့သည်။

ထန်ချွန်းမင်နိုးလာတော့ နောက်တစ်နေ့ရောက်ပြီဖြစ်၏။ နိုးလာပြီးနောက် ပထမဆုံးခံစားချက်က ဆာလောင်မှုဖြစ်ပြီး သူက ဗိုက်အရမ်းဆာနေ၏။ သူ့ဗိုက်က ဗလာဖြစ်နေ၍ သူက စားစရာတစ်ခုခုကို အမြန်ဖြည့်ချင်ခဲ့သည်။ သို့သော် ယခုချိန်မှာ သူ့ကို ဂရုစိုက်သည့်လူမရှိပေ။ သူက ငိုနေသော ကလေးကိုချော့ဖို့ ကိုးရိုးကားရား ရုန်းရင်းဆန်ခတ်အသံတစ်ခုကို ကြားလိုက်ရလေသည်။

“လိမ္မာစမ်း.. မကြာခင် စားစရာရတော့မယ်။ မင်ကောအာအိပ်နေတာကို မနှောင့်ယှက်နဲ့.. လိမ္မာပါ…”

ထန်ချွန်းမင်မော့ကြည့်လိုက်တော့ ကလေးကို တင်းတင်းကြပ်ကြပ် ချီထားသော လီဖုန်းက သူ့ကို စိုးရိမ်တကြီးကြည့်လာသည်။ သူ ထန်ချွန်းမင်၏အကြည့်နှင့် ဆုံသွားသောအခါ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်သောပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး သူက ကလေးကို ချီထားလျက် သူ့ဆီကို အမြန်လျှောက်လာခဲ့သည်။

“မင်ကောအာ… မင်းနိုးပြီလား… မင်းဘယ်လိုနေလဲ? ငါ သမားတော်ကိုခေါ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။ ပြီးတော့ ကလေးကိုကြည့်ပါဦး။ သူအခု ဗိုက်ဆာလို့ငိုနေတာ။ ဖေဖေက သူ့ကို သိုးနို့ နွှေးပေးနေတယ်။”

လီဖုန်းက ကလေးကို မင်ကောအာ၏ဘေးတွင် ဂရုတစိုက်ချပေးပြီးနောက် ထန်ချွန်းမင်ကို ထူပေးကာ နောက်ကျောတွင် ကူရှင်ခံပြီး မှီစေသည်။

သူ့တစ်ကိုယ်လုံးက ကွဲထွက်သွားပြီး ပြန်ဆက်ထားသလိုပင်။ သို့သော် နောက်ဆုံးတွင် သူက ခွန်အားတချို့ကို စုဆောင်းနိုင်ခဲ့သည်။ သူက လီဖုန်းကိုပြောလိုက်၏။ “ကျွန်တော် ဗိုက်ဆာတယ်။” သူက ကလေးကိုကြည့်ပြီး မျက်နှာကို လက်ညိုးနဲ့ထိုးလိုက်သည်။ “ဘာလို့အဲ့လောက်ရုပ်ဆိုးတာလဲ?” သူ့လေသံက ရွံရှာမှုအပြည့်ပင်။ သူ့ကို လပေါင်းများစွာ နှိပ်စက်ခဲ့တာ ဤလူယုတ်မာလေးဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် ယခုနလေးတင်ငိုနေခဲ့သော ကလေးက ထန်ချွန်းမင်ဘေးမှာ ချပေးလိုက်သည်နှင့် အငိုတိတ်သွားခဲ့သည်။ သူက မျက်လုံးမှိတ်လျက် ထန်ချွန်းဘက်ကို အလိုအလျောက် ခေါင်းလှည့်သွားသည်။

လီဖုန်းက မင်​ကောအာ၏လက်ချောင်းကို အလျင်အမြန်ဆွဲကိုင်လိုက်ပြီး ကလေးကို အားပြင်းပြင်းနဲ့ ထိမိပါက ကလေးနာသွားမှာကို စိုးရိမ်နေသည်။ ယင်းကြောင့် ထန်ချွန်းမင်က သူ့ကိုစိုက်ကြည့်လာသည်။

ထိုအချိန်တွင် ဝမ်ယင်က တံခါးတွန်းဖွင့်ကာ သိုးနို့ပူပူလေးကို ယူလာခဲ့သည်။ ထန်ချွန်းမင် နိုးနေတာကိုတွေ့တော့ သူက ​ပြောလိုက်လေသည်။ “မင်းနိုးနေပြီ… ဗိုက်ဆာနေမှာပေါ့… စားစရာတွေကို နွှေးထားတယ်။ အားဖုန်း…သွားယူလာခဲ့။”

“ဟုတ်ကဲ့…ကျွန်တော်သွားပြီ။ မင်ကောအာ… ခဏစောင့်ဦး​နော်။” လီဖုန်းက ကပျာကယာ သဘောတူပြီး အလျင်စလို​ထွက်သွားခဲ့သည်။ ဝမ်ယင်က သူ့အမူအရာကို​မြင်မြင်ချင်း သူ့လင်ပါသားက ဤလူကို ရှက်ကိုးရှက်ကန်းဖြစ်အောင် တစ်ခုခုလုပ်ခဲ့တာကို သိလိုက်သည်။

“မင်းသူ့ကိုကျွေးချင်လား… ငါကျွေးရမလား?” ပန်းကန်လုံးကိုချကာ ဝမ်ယင်က ထန်ချွန်းမင်ကိုပြောလိုက်သည်။

ထန်ချွန်းမင်က နေရခက်စွာ သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။ “ဖေဖေ… ကျွေးလိုက်ပါ။” ထိုသေးငယ်နူးညံ့သော အရာလေးကိုကြည့်ကာ သူ့အားကိုမထိန်းချုပ်နိုင်မှာကြောက်သည်။ သူ အသာလေးထိခဲ့သည့်တိုင် လီဖုန်းက သူ့ကိုတားမြစ်ခဲ့သည်။

ဝမ်ယင်က တခြားဘာမှမပြောပဲ ကလေးကို ကျွမ်းကျွမ်းကျင်ကျင် ချီမလိုက်ပြီး ခန်းကုတင်အစွန်းမှာထိုင်ကာ ကလေး၏ခေါင်းကို လက်တစ်ဖက်ဖြင့်ထိန်းပြီး နောက်တစ်ဖက်ဖြင့် ဇွန်းအသေးလေးနှင့် နည်းနည်းစီတိုက်ကျွေးနေ၏။ သူက အလွန်စိတ်ရှည်သော လူတစ်ဦးဖြစ်သည်မှာ သိသာသည်။

လီဖုန်းလည်း ဝင်လာပြီး နောက်ကနေ အားလင်းနှင့် သမားတော်ဟဲက လိုက်လာခဲ့သည်။ အားလင်းက ထန်ချွန်းမင်ထံသို့ ဝမ်းသာအားရပြေးလာပြီး ပြောလိုက်လေသည်။ “ဖေဖေ… ညီလေး…”

“အင်း… အားလင်းက အခုအစ်ကိုကြီး ဖြစ်သွားပြီ။ ဒါပေမယ့် အားလင်းက အလိမ္မာဆုံးပဲ။ ဖေဖေက အားလင်းကိုအကြိုက်ဆုံး။”

အခန်းထဲက လူတွေက ထိုစကားကြားတော့ နှုတ်ခမ်းတွန့်ကွေးသွားသည်။ သူတို့က ဤနှလုံးသားမရှိသူကို ဘာပြောရမလဲပင်မသိတော့ပေ။ သို့သော် အားလင်းက ပျော်ရွှင်သွားပြီး မွေးကင်းစကလေးကလည်း ဘာမှနားမလည်သေး၍ သူ့အားမူ၏စကားကြောင့် စိတ်ထိခိုက်မှာမဟုတ်သဖြင့် သူတို့အားလုံးက လွှတ်ပေးထားလိုက်သည်။

ကလေးမွေးပြီးနောက် ရွာထဲမှလူများစွာက လာလည်ခဲ့ကြသည်။ သုံးရက်မြောက်နေ့ ကလေးရေချိုးပေးခြင်း အခမ်းအနားအတွက်မူ ထန်ချွန်းမင်က ဘာမှမပြင်ဆင်ထားသလို စိတ်ထဲဲမှာလည်း စိတ်ကူးမရှိခဲ့ပေ။ သို့သော် ကျင်းကျိစားသောက်ဆိုင်မှ လူများလည်း လာရောက်ကြပြီး ဆိုင်ရှင်ချီက ကလေးအတွက် ထန့်ယွီယူလာခိုင်းခဲ့သည့် အင်တုံလက်ဆောင်ပေးခဲ့သည်။

ဦးလေးကျောက်လျို၏မိသားစုမှလွဲ၍ ကျောက်မိသားစုဝင်များ မလာခဲ့ပေ။ သို့သော် လူတိုင်းက သူတို့အကြောင်းမပြောဖို့ ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် ရွာလူကြီး​က လီဖုန်းထံမှ ဆုံးဖြတ်ချက်ကို သိရှိပြီးဖြစ်တာကြောင့် မည်သူကမျှ ရည်ရွယ်ချက်ရှိရှိ မပြောခဲ့ကြပေ။

သူက ရှန်းဖူလန်ကို လီဖုန်း၏အစီအစဥ်အကြောင်း တကူတကသွားပြောခဲ့သည်။ “အားဖုန်းက မင်ကောအာကို လက်ထပ်ဖို့ရည်ရွယ်ထားတယ်။ ကလေးနှစ်ယောက်ကို သူ့မျိုးရိုးနာမည်အောက်မှာထားပြီး လီမိသားစု မျိုးရိုးစဥ်ဆက်မှာ မှတ်တမ်းတင်ဖို့ ဆန္ဒရှိတယ်။”

ရှန်းဖူလန်က ယင်းကို သေချာပေါက်မျှော်လင့်ပြီးသားဖြစ်၍ ထိုစကားကြားတော့ အံ့သြသွားခြင်းမရှိပေ။ “ကောင်းတာပေါ့… ခင်ဗျားမြင်တဲ့အတိုင်းပဲ။ မင်ကောအာက သားယောကျာ်းလေးမွေးခဲ့တယ်။ ကျောက်မိသားစုကလည်း လုံးဝတုံ့ပြန်မှုမရှိဘူး။ ဒီတော့ ကျောက်မိသားစုနဲ့မဆိုင်တော့ဘူးလေ။ ပြီးတော့ အားလင်းကလည်း ကျောက်မိသားစု မျိုးရိုးစဥ်ဆက်ထဲ ပါတာမှမဟုတ်တာ။”

ကောတစ်ယောက်ဖြစ်နေတာကြောင့် ကလေးက အလေးအနက်ထားခြင်းမခံခဲ့ရပေ။ ဤဖြစ်စဥ်က အဖြစ်များသည်။ တချို့မိသားစုများက နာမည်မထည့်မီ ကလေးလက်ထပ်သည်အထိ စောင့်ဆိုင်းကြသည်။ ရှန်းဖူလန်က ယခုကိစ္စကို ကောင်းတယ်လို့မြင်သည်။ ၎င်းက ကျောက်မိသားစုရန်မှ ကာကွယ်ပေးလိမ့်မည်။

“ဒါပေမယ့် အားဖုန်းက အနာဂတ်မှာ သူ့သွေးသားရင်းချာ ကလေးတွေရှိလာမှာမလား? သူက ….” ရွာလူကြီးက စိတ်ရှုပ်​နေသည်။ သူ၏မျိုးရိုးနာမည်က လီဖြစ်၍ လီဖုန်းမှာ အမွေဆက်ဆံရန် ကိုယ်ပိုင်ရင်သွေးလေးရှိလာဖို့ သူမျှော်လင့်နေသည်။

သွေးသားရင်းနှင့် သွေးသားမတော်စပ်သော ကလေးများကြား၌ ကွာခြားချက်ရှိသည်။ အားလင်းနှင့် သူ့ညီလေး၏နာမည်က ကျောက်မိသားစု၏ မျိုးရိုးစဥ်ဆက်ထဲဝင်ဖို့ လွယ်ကူမည်မဟုတ်ကြောင်းလည်း သူသိသည်။

မင်ကောအာက သူတို့ကို အကြိမ်ကြိမ်အရှက်ရစေခဲ့တာကြောင့် မင်ကောအာကို အရှက်ခွဲရန် သူတို့က ဤကိစ္စကို အသုံးပြုဖို့ စောင့်ဆိုင်းနေလိမ့်မည်။ သို့ဖြစ်၍ သူက အကျပ်ရိုက်နေသည်။

ရှန်းဖူလန်က သူ့ခင်ပွန်းကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ကလေးတွေအတွက် စိတ်ပူနေတာပဲ။ သူတို့ ကလေးမယူရသေးတာတောင်လေ? ဖုန်းရှောင်ကျစ်က ဒီအရာတွေကို မစဥ်းစားခဲ့ဘူးလို့ ထင်လို့လား? သူဆုံးဖြတ်ချက်ချပြီးကတည်းက ဒီကလေးနှစ်ယောက်ကို သူ့သွေးသားတွေလို ဆက်ဆံချင်တယ်လို့ ဆိုလိုတာလေ။”

“သူ အနာဂတ်မှာ ကလေးရလာရင်လည်း သူက သူတို့်ကို တန်းတူပျိုးထောင်ပြီး မိသားစုစည်းစိမ်တွေကို ညီတူညီမျှ ခွဲဝေပေးလိမ့်မယ်။ ပြီး​တော့ သူတို့အတွဲက ကလေးသုံးယောက်ပျိုးထောင်ဖို့ ငွေမရှာနိုင်ဘူးထင်လို့လား?”

သူက မင်ကောအာ၏ ငွေရှာနိုင်စွမ်းကို ယုံကြည်သည်။ အနောက်တောင်က ကြက်ကောင်ရေရာကျော်နှင့် သူတို့တူးထားသော ရေတွင်းထဲက ငါးကိုကြည့်လိုက်ပါ။ ဖုန်းရှောင်ကျစ်က ငွေကိုရေထဲပစ်ချနေတယ်လို့ ဘယ်လိုပြောနိုင်လဲ?

ရွာလူကြီးတွေးတာလည်းမှန်သည်။ မွေးစားသားနှင့် သားအရင်းကြားက ပဋိပက္ခမှာ မိသားစုပိုင်ဆိုင်မှုနဲ့ ပတ်သက်နေသည်။ အားဖုန်းက နည်းနည်းလေးပိုကြိုးစားပြီး စည်းစိမ်ဥစ္စာပိုရှိလာလျှင် ယင်းက ပြဿနာမဟုတ်တော့ပေ။ ထို့အပြင် ၎င်းက သားတွေအတွက်သာဖြစ်၏။ အားလင်းက အနာဂတ်မှာ လက်ထပ်မည့် ကောလေးတစ်ယောက်ဖြစ်၏။

ကလေးမှာ နာမည်အပြည့်အစုံမရှိသေးပဲ အမည်ပြောင်သာရှိပြီး ယင်းက ထန်ချွန်းမင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ နာမည်ကို များများစားစား မစဥ်းစားထားတာ သိသာသည်။ အားလင်း၏ ကာရံညီစေရန် သူက သူ့ကို အားစန်းလို့​ခေါ်ပြီး နာမည်အပြည့်အစုံကို ပညာရှိ သမားတော်ဟဲဆုံးဖြတ်ဖို့ ချန်ထားသည်။

ဤနာမည်ရွေးချယ်ပြီးနောက် ထန်ချွန်းမင်က တခြားသူများ၏ အလှောင်ခံခဲ့ရသည်။ နောက်နှစ်နှစ်နေလို့ သူကလေးတစ်ယောက် ထပ်ရခဲ့လျှင် အားမုလို့ ပေးလောက်သည်ဟု သူတို့ကပြောခဲ့သည်။ ထန်ချွန်းမင်က ထိုစကားကြားပြီး နှုတ်ခမ်းတွန့်ကွေးသွားလေသည်။

မီးဖွားကာလအတွင်း အပြင်မထွက်နိုင်သော်လည်း ရာသီဥတုပူပြင်းသောအချိန်မှာ ရေမချိုးနိုင်ခြင်းနှင့် ဆံပင်မလျှော်နိုင်ခြင်းက သူ့ကိုစိတ်ပျက်စေသည်။

သူ့ကိုယ်ထဲက အနံ့ထွက်နေသလို ခံစားရပြီး ကိုယ့်ကိုကိုယ်တောင် မုန်းမိသည်။ ပန်ကာမရှိသလို အဲကွန်းလည်းမရှိ၍ အလွန်တရာပူအိုက်နေသည်။ ဖြစ်နိုင်လျှင် သူ ပျောက်ကွယ်သွားပြီး နေရာလွတ်ထဲဝင်သွားချင်သည်။ တစ်နှစ်ပတ်လုံး ၂၀ဒီဂရီသာရှိသည့် ထိုနေရာက နေထိုင်လို့အကောင်းဆုံးဖြစ်၏။

ထန်ချွန်းမင်မှာ အချိန်ကောင်းရှိမ​နေပဲ လီဖုန်းက ၎င်းကိုတွေ့တော့ စိုးရိမ်သွားသည်။ တခြားအချိန်သာဆိုလျှင် သူက ထန်ချွန်းမင်၏တောင်းဆိုမှုကို လက်ခံပေးမှာဖြစ်ပေမယ့် ယခုမူ သမားတော်ဟဲနှင့် အတွေ့အကြုံရှိသူများ​ပေးခဲ့သည့် ဆောင်ရန်ရှောင်ရန်များကို သူလိုက်နာနေရသည်။

သူ မင်ကောအာကို လုပ်ချင်တာလုပ်ခွင့်ပေးလို့မရမှန်းသိသည်။ မဟုတ်လျှင် ၎င်းက ရောဂါအမြစ်တွယ်ပြီး အဆုံးမှာ မင်ကောအာ ဒုက္ခရောက်လိမ့်မည်။

“ရာသီဥတုက ပူလွန်းလို့ အိမ်ထဲမှာ သည်းမခံနိုင်တော့ဘူး။ ကျွန်တော် ရေခဲနည်းနည်းယူပြီး အိမ်ထဲထည့်လိုက်ရင်ရော? ရေခဲသုံးလို့ရလား” လီဖုန်းက မင်ကောအာ သက်တောင့်သက်သာရှိစေနိုင်မည့် နည်းလမ်းတစ်ခုကို စဥ်းစားရမည်။

 .

သမားတော်ဟဲက ယခုချိန်တွင် ကလေးသုံးယောက်အား စာရေးစာဖတ်နည်းသင်ပေးသည့်တာဝန်ကို ထမ်းဆောင်နေပြီဖြစ်တာကြောင့် နေ့တိုင်းအားလပ်မနေတော့ပေ။ သူက စာဖတ်ခန်းထဲမှထွက်လာပြီး လီဖုန်း၏စကားကိုကြားသောအခါ ဒေါသတကြီးမျက်စောငးထိုးလိုက်သည်။ “မင်း ရေခဲကိုလျှော့သုံးသင့်တယ်။ ဝေးဝေးမှာထား”

&&&&&

Chapter 49.3

“ရေခဲပြုလုပ်ခြင်း”

အလုပ်ဖြစ်နေသရွေ့အဆင်ပြေသည်။ သူ့ခွင်ံ့ပြုချက်ရသွားတော့ လီဖုန်းက စိတ်အေးသွားသည်။ သူက ထန်ချွန်းမင်အား လှည့်ပြောလိုက်သည်။ အံ့အားသင့်စရာမှာ ထိုစကားကြားတော့ ထန်ချွန်းမင်း၏မျက်လုံးအစုံက တောက်ပလာသည်။ ရေခဲက ကောင်းတဲ့အရာပဲကို သူအရင်က ဘာလို့မေ့ခဲ့တာလဲ? သူက လီဖုန်းကိုခေါ်ကာ စကားအနည်းငယ်ပြောလိုက်သည်။

လီဖုန်းက အံ့အားသင့်စွာ မေးလိုက်သည်။ “ဖြစ်နိုင်လို့လား? ရေခဲလုပ်လို့ရလား?”

“ကြိုးစားကြည့်မှသိမှာပေါ့။ ရေခဲရခဲ့ရင်တောင် အကြာကြီးသိမ်းထားလို့မရဘူး။ သိမ်းထားဖို့ အိမ်မှာ ရေခဲမီးဖိုမရှိဘူး။ ပြီးတော့ အဲ့ဒါက အချိန်လည်းကုန်တယ်။ လုပ်အားလိုတယ်။ စျေးကြီးတယ်။”

ထန်ချွန်းမင်က ယမ်းစိမ်းကိုအခြေခံပြီး ရေခဲလုပ်သည့်နေရာကို မမှတ်မိသော်လည်း သူအမှတ်မှားခြင်းတော့မဟုတ်ပေ။ ထို့အပြင် လုပ်ငန်းစဥ်ကလည်း မခက်ခဲပေ။ လိုအပ်သည်မှာ ယမ်စိမ်းနဲ့ရေဖြစ်၏။ လောလောဆယ်တော့ ဤနည်းလမ်းဖြင့် ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့ဘဝကို သက်တောင့်သက်သာ ဖြစ်စေချင်ရုံပင်။

“ကောင်းပြီ… ကိုယ် ပစ္စည်းတွေဝယ်ပြီး စမ်းကြည့်လိုက်မယ်။ ရေခဲအချို့လည်း ပြန်ယူလာပေးမယ်။”

လီဖုန်းက ခရိုင်မြို့မှ ရေခဲနှင့် ယမ်းစိမ်းကိို အမြန်ဝယ်ခဲ့ပြီး ရေခဲကို အိမ်၏အဝေးဆုံးထောင့်မှာ ထားရှိပေမယ့် အိမ်ကမကြာခင်မှာ လေအေးများဖြင့် ပြည့်လာခဲ့သည်။ ထန်ချွန်းမင် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ လီဖုန်းနဲ့ သမားတော်ဟဲတို့က အပြင်တွင် ရေခဲလုပ်ရန် စိတ်ဝင်တစားဖြင့် ယမ်းစိမ်းစမ်းသပ်​နေသည်ကိုမြင်လျှင် သူက သူ့သား၏မျက်နှာကိုသာ စိတ်လှုပ်ရှားစွာ တို့ထိလိုက်မိသည်။

သို့သော် သူ့သားကလည် ငတုံးဖြစ်သည်။ တို့ထိခံရသည့်တိုင် သူက သူ့အားမူကို အရူးလိုပြုံးပြနေပြီး ပါးစပ်က သွားရည်ပြည့်နေ၍ အဆုံးမှာ သူက အရှုပ်ကိိုရှင်း​ပေးရတော့မည်။

“ဖေဖေ… သားညီလေးရဲ့မျက်နှာကို တစ်ချိန်လုံးတို့ထိနေလို့မရဘူးလို့ ဦးလေးဖုန်းကပြောထားတယ်။ နာသွားလိမ့်မယ်။” အားလင်းက သူ့အားမူကို ရိုးသားစွာဝေဖန်သည်။ အားမူက ဦးလေးဖုန်းမရှိတာကို အခွင့်ကောင်းယူပြီး သူ့ညီလေးကို ထပ်အနိုင်ကျင့်နေသည်။ အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ့ညီလေးကိုကာကွယ်ဖို့က သူ့တာဝန်ဖြစ်သည်။

ထန်ချွန်းမင်က သူ့လက်ချောင်းများကို မလုံမလဲရုတ်သိမ်းလိုက်သည်။ အားလင်း၏မျက်လုံးက အလွန်စူးရှပြီး သူ၏ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုကို တွေ့သွားမယ်လို့ မထင်ထားခဲ့ပေ။ သူက မလုံမလဲငြင်းခုံလိုက်သည်။ “ငါ သူ့ကိုအနိုင်မကျင့်ပါဘူး။ မင်းညီလေးက ပြုံးဖြီးပြနေတာ မတွေ့လို့လား? ကြည့်ဦး…”

သုံးရက်မြောက်နေ့တွင် ကလေး၏မျက်လုံးက အပြည့်အဝပွင့်လာပြီး နီရဲပီးရှုံ့မဲ့နေသော မျက်နှာလေးက အပြည့်အဝကြီးထွားလာခဲ့သည်။ ထန်ချွန်းမင်က ၎င်းကိုမြင်သောအခါ အနည်းငယ်ပိုပျော်သွားခဲ့သည်။ မဟုတ်ပါက ရုပ်ဆိုးသည့်သားလေးကိုမွေးဖို့ အများကြီးကြိုးစားအားထုတ်ခဲ့ရ၍ သူစိတ်ဓာတ်ကျနေပေမည်။

ထို့အပြင် သူ၏သားမိုက်က သူအဝေးရောက်သွားတာနဲ့ ထငိုသည်။ သို့သော် သူပြန်ရောက်လာသောအခါ ငိုသံက ချက်ချင်းရပ်သွားပြီး သူ့ကိုပင် လှမ်းအော်လာသည်။ ဤအရာက ထန်ချွန်းမင်ကို နားမလည်နိုင်လောက်အောင် ကျေနပ်စေသည်။ အင်း… သူ ယခုရိုက်မလို့ရည်ရွယ်ထားသည့် လက်ကိုပြန်ရုတ်ပြီး နောင်မှာ ဆိုးသွားလာလျှင် ရိုက်ဖို့တေးထားလိုက်သည်။

“အာ….အာ….” သွားမရှိသောကလေးက သူ့အားမူ၏ အကြံအစည်ကို လုံးဝသတိမထားမိပဲ ချစ်ဖို့ကောင်းအောင် ချွဲနေသည်။ မသိစိတ်အလျောက် သူက သူ့အားမူ၏နှစ်သက်မှုကို ပိုရလာစေရန် ကြိုးစားနေခဲ့သည်။

“ဖေဖေ…သားညီလေးက ငယ်သေးလို့ ဘာမှမသိဘူး။ ကြည့်… ဖေဖေလုပ်လို့ သူမျက်နှာက နီရဲနေပြီ။” အားလင်းက သူ့အားမူ၏ အရူးလုပ်မခံပေ။ သူက သူ့အားမူကိုစိုက်ကြည့်ပြီး နီနေသည့်နေရာကိုထိလိုက်သည်။

ထန်ချွန်းမင်က မျက်နှာကိုအုပ်လိုက်သည်။ ဒီဂြိုလ်သားကိုမေးပြီးတော့ အားလင်းရင်ထဲက သူ့နေရာက ဘာလို့ကျသွားတာလဲ? ၎င်းက သူ့အပြစ်သာဖြစ်၏။ မြင့်တက်လာသော နှစ်သက်မှုတန်ဖိုးက ချက်ချင်းပင် ပြန်ကျသွားခဲ့သည်။

အပြင်တွင် သမားတော်ဟဲ၏အသံထွက်ပေါ်လာသည်။ “ဖုန်းရှောင်ကျစ်… တကယ်အလုပ်ဖြစ်တာပဲ… ကြည်​့… ရေခဲထွက်လာပြီ..ရေခဲထွက်လာပြီ…” သူဟာ ကလေးတစ်ယောက်လို ရွှင်မြူးကခုန်နေပြီး တာမောင်းနှင့် အာမောင်းတို့၏ ပျော်ရွှင်နေသော အော်သံများလည်း ထွက်ပေါ်လာသည်။

ထန်ချွန်းမင် ၎င်းကိုကြားတော့ ရယ်လိုက်လေသည်။ အစောထဲက မမှတ်မိတာ သူ့အပြစ်သာဖြစ်၏။ သူက ခေတ်သစ်မှာ အလွန်သက်တောင့်သက်သာရှိသော ဘဝကိုနေထိုင်ခဲ့ရ၍ ဤနေရာရှိကွာခြားချက်များကို အလိုအလျောက် မေ့သွားခဲ့သည်။ ဆောင်းရာသီရောက်လျှင်​ ရေခဲသိုလှောင်ရန် ရေခဲမီးဖိုတစ်ခုတူးရမည်။

ထန်ချွန်းမင်အခန်းကိုမလာခင် လူကြီးနှင့် ကလေးများက အပြင်မှာ အချိန်အတော်ကြာ အောင်ပွဲခံနေခဲ့သည်။ သမားတော်ဟဲနှင့် ထန်ချွန်းမင်က သူစိမ်းမဆန်ကြပေ။ သူ့အဝတ်အစားများက စိုနေပြီး တချို့နေရာတွေမှာ စွန်းထင်း​နေသည်။

သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်မသွားပေ။ “မင်ကောအာ… ဒါအကြံကောင်းပဲ။ ငါတို့ နွေရာသီမှာ ရေခဲကုန်သွားမှာ စိတ်ပူဖို့မလိုတော့ဘူး။ ဒါနဲ့…မင်ကောအာ… မင်းဒီရေခဲလုပ်နည်းကို ဘယ်လိုသုံးဖို့ စီစဥ်ထားလဲ? ငါကြည့်လိုက်တော့ ယမ်စိမ်းက စားလို့မရပေမယ့် ယမ်းစိမ်းကို သံဓာတ်နဲ့ခွဲပြီးရလာတဲ့ ရေခဲကိုစားလို့ရတယ်။ အခု မင်းဝင်ငွေလည်းရှာလို့ရတယ်။”

ထန်ချွန်းမင်က သူတို့ကို လက်မထောင်ပြလိုက်သည်။ သူက ယမ်းစိမ်းနဲ့ရေခဲလုပ်နည်းကိုသာ ​ပြောပြခဲ့သော်လည်း သူတို့က ​ယမ်းစိမ်းနှင့် ရေအချိုးအစားကို ရှာတွေ့ခဲ့ပြီး စားလို့ရသည့် ရေခဲပြဿနာကို ထည့်သွင်းစဥ်းစားခဲ့သည်။

သို့သော်လည်း သူက ရေခဲရောင်းပြီး ငွေရှာဖို့မတွေးဖူးပေ။ အရင်ကဆိုလျှင် သူသုံးမှာပေမယ့် ယခုမူ သူ့မှာ အနောက်တောင်ကိုရှင်းဖို့ပင် အချိန်မရှိပေ။ ဒီတော့ သူ့မှာ တခြားအလုပ်အတွက် ဘယ်လိုအချိန်ရှိမှာလဲ?

“အားဖုန်း… မင်းရောဘယ်လိုထင်လဲ? အခုအိမ်မှာ ဘယ်သူမှမအားတော့ တခြားတစ်ယောက်ကို လွှဲပေးလိုက်ရင်ရော?”

သမားတော်ဟဲက ထန်ချွန်းမင်ကို တလေးတစားကြည့်လိုက်သည်။ သူတို့စတွေ့ကတည်းက ဤကောလေးက ငွေနဲ့ပတ်သက်၍ အလွန်ပွင့်လင်းသော စိတ်ထားရှိတာကို သူခံစားမိခဲ့သည်။ သူက ငွေမမက်ဘူးလို့ မင်းပြောပေမယ့် သူက ငွေရှာဖို့ အနောက်တောင်တစ်ခုလုံးကိုဝယ်ခဲ့တယ်။ သူက ငွေမက်တယ်ဆိုရင် ရထားတဲ့ငွေတွေကို အလွယ်တကူ ပေးပစ်ပါ့မလား?

ထန်ချွန်းမင်သာ သမားတော်ဟဲ၏အတွေးကိုသိလျှင် အလွန်စိတ်မကောင်းဖြစ်လိမ့်မည်။ သူ ငွေမမက်တာမဟုတ်ပဲ သူ့မှာ အလုပ်လုပ်ဖို့ အချိန်မရှိတာဖြစ်၏။ ထို့အပြင် ရေခဲမုန့်ရောင်းတာနဲ့ယှဥ်လျှင် သူက တောင်ကုန်းတိုးတက်မှုကို အာရုံစိုက်လိုက်တာ ပိုကောင်းမည်။

ကောင်းစွာဖွံ့ဖြိုးတိုးတက်လာပါက ရေခဲမုန့်ရောင်းခြင်းထက် သေချာသော ငွေများစွာကို အဆက်အပြတ်ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့အပြင် သူ တ​ခြားသူအား ပေးဆောင်ရသော်လည်း သူ့ဝေစုရနိုင်သေးသည်။ သမားတော်ဟဲက သူ့ကို အထင်ကြီးလွန်းနေသည်။

အမှန်တိုင်းဆိုရသော် ဘဝကို ကောင်းကောင်းဖြတ်သန်းလိုသော လူတွေအား သူကူညီချင်သည်။ မဟုတ်ပါက သူနဲ့ကျန်းရှို့ကြားက ကွာဟချက်ကြီးလာလျှင် သူတို့ဆက်ဆံရေးလည်း ဝေးကွာသွားနိုင်ပြီး သူက ထိုအခြေအနေမျိုး ဖြစ်မလာစေချင်ပေ။

အနည်းဆုံးတော့ ကျန်းရှို့က တာမောင်းနှင့်အာမောင်းကို စာဆက်သင်စေချင်ပြီး ဝင်ငွေတည်ငြိမ်နေလျှင် သူက သူ့သားတွေကို ကျောင်းလခအတွက် စိတ်ပူစရာမလိုပဲ ကျောင်းပို့လို့ရသည်။

လူတစ်ယောက်တည်းရဲ့ ဘဝကောင်းစားနေရုံနဲ့လည်း အဆင်မပြေပေ။ အားလုံးရဲ့ဘဝတိုးတက်မှသာလျှင် ၎င်းက သူ့ကို နာမည်ကောင်းယူဆောင်လာပေးလိမ့်မည်။ ဒီတော့ ဘာလို့မလုပ်ရမှာလဲ?

မူလက သူသည် အ​နောက်တောင်က အလုပ်ပြီးစီးသွားမှသာ တ​ခြားအစီအစဥ်အတွက် ပြင်ဆင်ထားပေမယ့် ယခုမူ ရေခဲလုပ်ခြင်းလုပ်ငန်းစဥ်က အချိန်မှန်မှာ ပေါ်လာခဲ့သည်။

“ကောင်းပြီ.. မင်ကောအာ မင်းပြောသမျှကို ငါတို့လုပ်မယ်။ ဒါပေမယ့် မင်းက ဘယ်သူ့ကိုလွှဲပေးရမလဲ ရွေးချယ်ရမယ်” လီဖုန်းက မငြင်းပေ။ သူ့မှာငွေပြတ်လတ်မနေသလို မင်ကောအာကလည်း ငွေရှာနည်းသိသည်။

“ကောင်းပြီ ..အားဖုန်း… ကျွန်တော်စဥ်းစားပြီး အစီအစဥ်ကို ရေးပေးထားမယ်။ ခင်ဗျားနဲ့ သမားတော်ဟဲကြည့်လို့ရအောင်ပါ။” လုပ်မယ်လို့ဆုံးဖြတ်ပြီးလျှင် ကောင်းကောင်းလုပ်ရမည်။ ဆိုလိုတာက အစီအစဥ်တစ်ခုရေးပြီး တခြားသူများကိုပေးကာ မင်း ဘာမှစိတ်ပူစရာမလိုတော့ပေ။

“အချိန်ယူစဥ်းစားပါ။ အလျင်မလိုပါနဲ့။ မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်။” လီဖုန်းက စိုးရိမ်တကြီး သတိပေးလိုက်သည်။

ဖြည်းဖြည်းချင်းစဥ်းစားမယ်လို့ ပြောလိုက်ပေမယ့် ထန်ချွန်းမင်က နေ့စဥ်နေ့တိုင်း အိပ်ရာထဲမှာ ပျင်းရိငြီးငွေ့နေတာကြောင့် သူက ထိုညမှာပဲ အစီအစဥ်ရေးဆွဲကာ လီဖုန်းနဲ့ဟဲလောင်အား ကမ်းပေးလိုက်သည်။ ညဘက်အိမ်ကိုရောက်လာသော ဝမ်ယင်နဲ့ ထန်ချွန်းရုံကလည်း ကြားသွားခဲ့သည်။

ဤကိစ္စကို ရွာလူကြီးက ကိုင်တွယ်ရမည်။ ရွာလူကြီး၏မိသားစု၊ ကျန်းရှို့နှင့် ဝမ်မော့၏မိသားစုက ၂၀ ရာခိုင်နှုန်း အသီးသီးယူကာ ကျန်၂၀ ရာခိုင်နှုန်းက သူ့မိ​ထွေးနှင့် အားရုံအတွက်ဖြစ်သည်။ သမားတော်ဟဲကလည်း ထန်ချွန်းမင်၏မိသားစုဝင်ဖြစ်၍ သီးသန့်ဝေစုမရှိပေ။

ရေခဲပြုလုပ်ခြင်းလုပ်ငန်းစဥ်က ရိုးရှင်းပြီး တစ်ချက်ကြည့်ရုံဖြင့် မည်သူမဆိုလေ့လာနိုင်တာကြောင့် ပါဝင်သူများက လျှိို့ဝှက်ချက်ကို စောလွန်းစွာ မထုတ်ဖော်မိပဲ နောက်ထပ်နှစ်အနည်းငယ် ငွေပိုရှာနိုင်ရန် သတိထားဖို့လိုသည်။

ပူအိုက်သောရာသီကုန်ခါနီး၍ လီဖုန်းက ထိုကိစ္စဆွေးနွေးဖို့ ရွာလူကြီးကိုအမြန်ခေါ်ခဲ့သည်။ ရွာလူကြီးက အစီအစဥ်ကိုကြည့်ပြီး ရေခဲလု​ပ်ခြင်းလု​ပ်ငန်းစဥ်ကို မျက်စိမှိတ်မြင်ယောင်ပြီးနောက် သူက မေးရိုးများပြုတ်ကျကာ အချိန်အတော်ကြာအသံမထွက်နိုင်ခဲ့ပေ။

“ငါတို့ ဒါကိုတကယ်လုပ်မှာလား?” လီကျန့်က မယုံနိုင်သလိုမေးလိုက်သည်။

“ဟုတ်တယ်…မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်တို့ရဲ့စိတ်ကူးပါ။ ငါတို့က ခရိုင်မြို့မှာဆိုင်ဖွင့်ပြီး ထိန်းသိမ်းဖို့ လူအနည်းငယ်လိုတယ်။ ဆိုင်ဖွင့်ဖို့ငွေက မင်ကောအာပေးမှာ။ ဘာပဲဖြစ်ဖြစ် ဆိုင်က သူ့အပိုင်ဆိုတော့ အမြတ်ဝေစုမှာ ထည့်မတွက်တော့ဘူး။ နွေရာသီရောက်ရင် ဒီအလုပ်ကို သေချာလုပ်ဖို့ ငါတို့အချိန်ရှာရမယ်။”

သမားတော်ဟဲက လီဖုန်းနဲ့ ထန်ချွန်းမင်တို့ဘက်မှာရှိသည်။ သူများတွေအကျိုးအမြတ်ရလာလျှင် သူတို့ကို ပိုက်ဆံပေးခဲ့တာလဲ ဘယ်သူလဲသိရမည်။

“ဒါက… ဒါကမကောင်းဘူး။ ဒါက မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်ရဲ့ငွေကို အလကားယူနေတာပဲ။ ငါတို့မလုပ်နိုင်ဘူး။” အကြောင်းအရာကို အလုံးစုံနားလည်သွားသော ရွာလူကြီးက ခေါင်းခါပြီး လက်ယမ်းပြလိုက်သည်။ ဤအရာကို ကျယ်ကျယ်​ပြောလို့လည်း မကောင်းပေ။

&&&&&&&

Chapter 49.4

ဤတုံ့ပြန်မှုက လောဘမကြီးပဲ ကြည်လင်သောစိတ်ထားရှိသည့် ဟဲလောင်ကို ကျေနပ်စေတာကြောင့် သူက အကြံပေးလိုက်သည်။ “သူတို့နှစ်ယောက်လုံးက အခုချိန်မှာ ဒါကိုလုပ်ဖို့ အချိန်မရှိဘူး။ ငါမပြောပြရင် နှစ်ယောက်လုံးက ဆိုင်ဖွင့်ဖို့လည်း တွေးမှာမဟုတ်ဘူး။ အဲ့ဒါက ​ဖြန်းတီးရာကျတယ်။ အခု မင်းက သူတို့ကိုကူညီပေးနေတော့ သူတို့လည်းဝေစုရမှာမို့ အရှူံးမရှိတော့ဘူး။”

“မင်ကောအာရဲ့အဆိုအရ ဆိုင်က အနာဂတ်မှာ ကောင်းကောင်းမစီမံနိုင်ခဲ့ရင် ငှားတာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ် လုပ်လိုက်လို့ရတယ်။ လုပ်ငန်းက နောက်နှစ်မှာအဆင်ပြေလာရင်တော့ ကျောင်းဆောက်ဖို့ပဲဖြစ်ဖြစ် တခြားတစ်ခုပဲဖြစ်ဖြစ် ရွာအတွက် ထုတ်သုံးလို့ရတယ်။ အတိုချုပ်ပြောရရင် ရွာက တခြားမိသားစုတွေလည်း အကျိုးအမြတ်ရနိုင်တာပေါ့။”

“ဒါက… “ ရွာလူကြီးက ချီတုံချတုံပြောလိုက်သည်။ “ကျွန်တော်တို့ အချင်းချင်းဆွေးနွေးကြရင်ရော?” ရွာလူကြီးက အတန်ငယ် သွေးဆောင်ခံလိုက်ရသည်။ သူ့သားနှစ်ယောက်ကလည်း ခရိုင်မြို့မှာ ကျောင်းတက်နေ၍ နှစ်စဥ်စရိတ်ကမနည်းပေ။ သူက သူတို့ကို ယခုချိန်မှာ ထောက်ပံ့နိုင်သေးပေမယ့် အနာဂတ်မှာ ဝန်ပိုလေးလာလိမ့်မည်။

မင်ကောအာ၏မိသားစု ပိုချမ်းသာလာတော့ သူအားကျမိပေမယ့် ဤသည်မှာ တခြားသူများ၏ ​အရည်အချင်းဖြစ်၍ သူ့မှာမှားယွင်းသော အကြံအစည်ရှိမှာမဟုတ်ပေ။

“မင်းတို့မြန်မြန်လုပ်မှရမယ်။ ရာသီဥတုက ပူလာတော့မှာ ရေခဲသုံးဖို့အချိန်သိပ်မရှိတော့ဘူး။ ငါတို့ဒီနှစ် ပိုက်ဆံရှာရမယ် နားလည်လား?” သမားတော်ဟဲက အပြုံးတစ်ခုဖြင့် အကြံပေးလိုက်သည်။

“ကောင်းပါပြီ” ရွာလူကြီးက အလျင်စလိုထွက်သွားပြီး ကိစ္စဆွေးနွေးရန် တခြားမိသားစုများကို သူ့အိမ်သို့ ခေါ်လိုက်သည်။

 .

ရလဒ်ကတော့ သမားတော်ဟဲ၏ မျှော်လင့်ချက်အတိုင်းပင်။ မိသားစုများက လက်ခံခဲ့ပေမယ့် တစ်ချို့က ၂၀ ရာခိုင်နှုန်းမှာ များလွန်းသည်ဟုဆိုကာ ငြင်းဆန်ချင်ကြသည်။

ထန်ချွန်းမင်က သဘောမတူပဲ ဆိုင်ဖွင့်ချိန်အတွင်း စည်းကမ်းချက်များကို လိုက်နာပြီး ငှားခကို ထန်ချွန်းမင်အား သီးသန့်ပေးဆောင်ကာ အမြတ်ဝေစုထဲမှာ ထည့်မတွက်ဟုပြော၍ ညှိနှိုင်းပေးလိုက်မှ သူတို့က လက်ခံခဲ့သည်။ ထန်ချွန်းမင်က ထပ်မငြင်းတော့ပေ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကိစ္စကို ချက်ချင်းအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ တခြားလူတွေကတော့ ရေခဲလုပ်နည်းကို ဆက်လက်လေ့လာရန် ရွာမှာနေခဲ့သည်။ လီဖုန်းက ခရိုင်မြို့ကို မြင်းစီးသွားခဲ့ပြီး ဆိုင်တစ်ဆိုင်ရှာပေးရန် ထန့်ယွီအား အကူအညီတောင်းခဲ့သည်။ သူတို့၏အတွေးကရိုးရှင်းသည်။

သူတို့က ခရိုင်မြို့မှာ အဆက်အသွယ်မရှိ၍ ထန့်ယွီနှင့် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးက ရေတိုမှာ ပြတ်တောက်မည်မဟုတ်ပေ။

 .

ထန့်ယွီက ခရိုင်မြို့ရှိ ထင်ကျင့်စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည်ကို ထန်ချွန်းမင်သိပြီးသားဖြစ်၏။ သူ စစချင်းသိိလိုက်ရချိန်မှာ စိတ်ကသိကအောက်ဖြစ်သွားသော်လည်း မ​ကြာခင်မှာ လွှတ်ထားလိုက်တော့သည်။

စိုးရိ​ပ်စရာများကြောင့် သူက ချီတုံချတုံဖြစ်ခဲ့သည်။ ထန့်သခင်လေးက လီဖုန်းကြောင့် သူတို့နဲ့ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် ပိုကြိုးစားနေကြောင်း သူမြင်နိုင်သည်။ သို့ဖြစ်၍ ခရိုင်မြို့ရှိ သူတို့လုပ်ငန်းကိုထိန်းကျောင်းရန် တခြားအဆက်အသွယ်ကိုရှာဖို့ မလိုအပ်ခဲ့ပေ။

လီဖုန်း သူ့ကိုရှာပြီး တစ်ခုခုလုပ်ခိုင်းခဲ့လို့ ထန့်ယွီက အလွန်ဝမ်းသာနေသည်။ နှစ်ရက်အတွင်း တည်နေရာကောင်းသော ဆိုင်တစ်ဆိုင်ကို ထန်ချွန်းမင်မှ ပိုင်ဆိုင်ခဲ့ပြီး ရွာလူကြီးနှင့် တခြားလူများကလည်း ဆွေးနွေးပြီးနောက် အစီအစဥ်ကို ​အကောင်အထည်ဖော်ခဲ့သည်။

“ငါတို့ဆွေးနွေးပြီးပြီ။ ငါတို့မှာ အချိန်သိပ်မရှိတော့ စျေးကွက်ကိုစမ်းသ​ပ်ဖို့ မြို့ထဲကိုလူအရင်လွှတ်လိုက်မယ်။ အတွေ့အကြုံရသွားတာနဲ့ နောက်နှစ်မှာ ပို​ကောင်းတဲ့အစီအစဥ်တစ်ခု ပေါ်လာမှာပါ။ ပြီးတော့ ငါတို့အားလုံး စီးပွားရေးမလုပ်ဖူးလို့ ဘယ်လိုလု​ပ်ရမလဲမသိဘူး။ ဒီကာလအတွင်း ငါတို့ကို ဂရုစိုက်ပေးဖို့ သခင်လေးထန့်ယွီကို ပြောရမယ်ထင်တယ်။”

ရွာလူကြီးက လီဖုန်းနှင့် လူကိုယ်တိုင် လာရောက်ဆွေးနွေးပြီး ထန်ချွန်းမင်က ဘေးမှာနားထောင်နေသည်။ ထန်ချွန်းမင်က စိတ်ကူးအများကြီးကို ဖန်တီးပေးသူဖြစ်ကြောင်း သူသိတာကြောင့် သူ၏ ယခင်က မလိုလားသောစိတ်ကို အရှက်ရမိသည်။ သူ့ဇနီးက သူ့ကို ခဏခဏ​ဆူခဲ့တာ မထူးဆန်းတော့ပေ။

“အိမ်မှာရှိသမျှလူတွေ ကူညီပေးလို့ရလား? ကျွန်တော် ဆိုင်ကိုကြည့်လိုက်တော့ စားစရာနဲ့ နေရေးထိုင်ရေးက ပြဿနာမရှိဘူး။” လီဖုန်းက စိုးရိမ်တကြီးပြောသည်။

“ကိစ္စမရှိဘူး။ ဝမ်မော့နဲ့ သူ့ခင်ပွန်းက နှစ်ယောက်လုံးအားနေပြီး တောင်ပေါ်သွားလို့ရတယ်။ မင်းရဲ့အားမော့နဲ့ ငါက အဲ့ဒီနေရာက အခြေအနေကို နေ့တိုင်းစစ်ဆေးဖို့သွားပြီး ကလေးနှစ်ယောက်ဆီကိုလည်း လမ်းကြုံဝင်လည်လို့ရတယ်။” ရွာလူကြီးက ပြန်ဖြေသည်။

မင်ကောအာ၏မိထွေးနှင့် ညီလေးကတော့ မင်ကောအာ၏ မိသားစုတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံထားရ၍ သူတို့ကိုလွှတ်ဖို့အတွက် ဘယ်သူကမှမပြောခဲ့ပေ။ ထို့အပြင် သူတို့သားအဖနှစ်ယောက်က လူအင်အား အချည်းအနှီးမဖြစ်စေခဲ့ပေ။ ဝမ်ယင်က မင်ကောအာကို ဤနေရာတွင် ဂရုစိုက်ရဦးမည်။

ဝမ်​မော့က ပြောလိုက်သည်။ “ငါ့ကလေးက သူ့ဘိုးဘိုးရဲ့ ထိန်းကျောင်းမှုအောက်မှာပါ။ ငါတို့နှစ်ယောက်မှာ လုပ်စရာမရှိလို့ ငါတို့လည်း ခရိုင်မြို့ကိုသွားပြီး ကမ္ဘာကြီးကိုကြည့်လို့ရတယ်။ မင်ကောအာ​ကြောင့်သာ မဟုတ်ရင် ငါတို့ ဒီအခွင့်အရေးရမှာမဟုတ်ဘူး။”

ဝမ်မော့က ထန်ချွန်းမင်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။ ထန်ချွန်းမင်က သူတို့တို ဤမျှလောက်ကြီးမားသော အကျိုးအမြတ်ပေးမယ်လို့ မထင်ထားခဲ့ပေ။ သူတို့ငွေရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ ဤကြင်နာမှုတစ်ခုတည်းက သူတို့မိသားစု တစ်ဘဝလုံးသတိရနေဖို့ လုံလောက်သည်။

“ဟုတ်တယ်…တာမောင်းနဲ့အာမောင်းက ငါနဲ့ရှိနေမှာမို့ အဲ့ဒီကိုသွားလို့မရဘူး။ မဟုတ်ရင် ငါလည်း သူတို့နဲ့သွားကြည့်ချင်တယ်” ကျန်းရှို့က ဝမ်းနည်းသည့်အမူအရာနှင့်ပြောသည်။ တကယ်တော့ ထန်ချွန်းမင်ကို တစ်ယောက်ယောက်က စောင့်ရှောက်ရမည့် တခြားအ​ကြောင်းပြချက်လည်းရှိ​သည်။ ဝမ်ယင်က ဤကာလမှာ တစ်ရက်ခြားပဲလာသည်။ သူ့​အိမ််မှာ တိရစ္ဆာန်များမွေးမြူထားတာ​​​ကြောင့် ၎င်းတို့အားလုံးကို ​တခြားမိသားစုများနဲ့ လွှတ်ထားခဲ့လို့မရပေ။

“ဒါ​ဆို အစ်ကို့ရဲ့ဦးလေးနဲ့ တစ်ရက်လောက် သွားကြည့်ပါလား? အချိန်မလောက်လို့လား? တာမောင်းနဲ့အာမောင်းက အခုသိတတ်နေပါပြီ။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက ကျန်းရှို့၏ဆိုလိုရင်းကို အမြဲနားလည်သည်။

ကျန်းရှို့က ဘာမှမပြောပဲပြုံးလိုက်သည်။ သူနဲ့တာရှန်က ဆိုင်မှာအလုပ်ပြီးသွားလျှင် တာမောင်းနဲ့အာမောင်းကို ကျောင်းပို့ဖို့စီစဥ်ထားသည်။ ယခု သူတို့ဘဝက ပိုပိုသာယာလာခဲ့ပြီး စိတ်ပူစရာမရှိတော့ပေ။ သူနဲ့တာရှန်အလုပ်ရှုပ်လေ သူတို့ပိုပြီး တက်ကြွလာကာ သူတို့ဘဝလေး အာမခံချက်ရှိလာလေဖြစ်၏။

ဝမ်ယင်ကလည်း ထန်ချွန်းမင်၏ခံစားချက်ကို နားလည်ပြီး သူ့ကိုတွန်းထုတ်မည့်စကားမျိုး မပြောခဲ့ပေ။ သူလုပ်ခဲ့လျှင် သူက သူ့လင်ပါသားကို တွန်းထုတ်သလိုဖြစ်ပြီး ပြန်လည်သင့်မြတ်ခါစ သူတို့ဆက်ဆံရေး ထပ်မံပြိုလဲသွားလိမ့်မည်။

ဤနေရာမှာဆွေးနွေးပြီးနောက် ခရိုင်မြို့မှာ စတင်လှုပ်ရှားခဲ့သည်။ ထန့်ယွီက သူတို့ကိုဦးဆောင်ရန် သူ့ဘက်က ဆိုင်ရှင်တစ်ယောက်ကို ရွေးချယ်ပြီး စာရင်းကိုင်အဖြစ် ခန့်အပ်ခဲ့သည်။ ဆိုင်ရှင်ထွက်သွားတော့ လီဖုန်းက ခရိုင်မြို့ကိုတစ်ချက်သွားကြည့်ခဲ့ပြီး ထိုနေရာကကိစ္စများကို ဂရုမစိုက်တော့ပေ။ ထန်ချွန်းမင်လိုပင် သူသည်လည်း လက်ရှောင်ဆိုင်ပိုင်ရှင်ဖြစ်လာပြီး နောက်ဆုံးအမြတ်ဝေစုမှလွဲ၍ ဘာကိုမှဂရုမစိုက်တော့ပေ။

သို့သော် မြို့မှ သတင်းကောင်းထွက်ပေါ်လာခဲ့သည်။ ချမ်းသာသောမိသားစုများက ရေခဲအများကြီးလိုအပ်နေ၍ ငွေပြတ်လတ်မှုမရှိခဲ့ပေ။ ထန့်ယွီ၏အကူအညီဖြင့် လုပ်ငန်းက လျင်မြန်စွာ လည်ပတ်ခဲ့သည်။ ရံဖန်ရံခါလာလည်သော ကျန်းရှို့က အမြဲတမ်း အပြုံးတစ်ပွင့်ဖြင့် ပြန်လာလေ့ရှိသည်။ ပြောစရာပင်မလိုအပ်…သူတို့က ငွေအများကြီးရှာနိုင်ခဲ့သည်လေ…

အချိန်လျင်မြန်စွာကုန်ဆုံးခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာ အားစန်းလေးက တစ်လပြည့်သွားခဲ့သည်။ ထန်ချွန်းမင်၏ မီးဖွားကာလကလည်း ပြီးဆုံးသွားခဲ့သည်။ သူက ရေနှစ်ပုံးသုံးကာ သူ့ခန္ခာကိုယ်ပေါ်ရှိ အစွန််းအထင်းများကို အရေခွံမကွဲမချင်း ပွတ်တိုက်ပစ်လိုက်သည်။ သူက ရေနှစ်ပုံးသုံးပြီးနောက် ပေါင်များစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

သို့သော် ထန်ချွန်းမင်က သူ့ဗိုက်သားပျော့ပျော့ကိုညှစ်ရင်း လီဖုန်းကို အံကြိတ်ကာ​ပြောလိုက်လေသည်။ “ခင်​ဗျားစကားကိုတော့ မမေ့သွားပါဘူးနော်။ နက်ဖြန်ကစပြီး ဒီအဆီတွေကို ဖယ်ရှားပြီး ကြွက်သားထွက်အောင် ကျွန်တော် ခင်ဗျားနဲ့ ကိုယ်ခံပညာလေ့ကျင့်မှာ။”

လီဖုန်းက နေရခက်စွဲမျက်နှာလွှဲလိုက်သည်။ သူ ဆက်ကြည့်နေလျှင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ မင်ကောအာ၏ဝတ်ပြုကာလကို မစောင့်နိုင်မှာ ကြောက်မိသည်။ “ကိုယ် မမေ့ပါဘူး။ ဒါပေမယ့် သမားတော်ဟဲကို အရင်မေးရမယ်။” ပြောပြီး​နောက် သူက ထိတ်လန့်တကြား ပြေးထွက်သွားလေသည်။

ထန်ချွန်းမင်က သူ့တုံ့ပြန်မှုကို သဘောပေါက်သွားပြီး သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ ဒီလောက်အဆီတက်လာတာကို ဘယ်လိုစားနိုင်သေးတာလဲ?

ဤလအတွင်းမှာ သူက ဝက်တစ်ကောင်လို စားသောက်ခဲ့ပြီး လီဖုန်းက ဘာမှမပြောသည့်အတွက် ဝမ်ယင် ဝင်ပါလာရသည်။ သူ့မိထွေးက အချိန်အတော်ကြာအောင် ပြုတ်ထားသော စွတ်ပြုတ်ကို အေးစက်သောမျက်နှာဖြင့် ယူလာကာ “မင်းစားမလား မစားဘူးလား”ဟူသော အကြည့်ဖြင့် ခြိမ်းခြောက်လာ၍ ထန်ချွန်းမင်က မငြင်းရဲတော့ပေ။

နောက်တော့ တခြားသူများသိသွားသောအခါ သူတို့က ထန်ချွန်းမင်၏ အစားအသောက်အတွက် ဝမ်ယင်ကိုသာ ပုံအပ်လိုက်တော့သည်။ ထန်ချွန်းမင်က ဝက်များအတွက် ရည်ရွယ်ထားသော စားစရာကို ကျည်ဆံကိုက်ကာ မျိုချလိုက်ရသည်။ ယခုမူ သူသည့် ကြက်စွပ်ပြုတ်ကိုမြင်သည်နှင့် အန်ချင်လာခဲ့လေသည်။

There is No Eng Version

DISCUSSION

Leave A Reply

you must Login or register to post a comment