Little Creampie:
Chapter 9
ကျင်းလော့၏ အေးစက်မှုနှင့် ပြင်းထန်သည့် သဘောထားကွဲလွဲမှုများကြောင့် အကယ်ဒမီတွင် သူ့အား ကျော်ကြားစေခဲ့သည်။ သို့သော် ပြောရလျှင်၊ လူတိုင်းစိတ်ထဲတွင် သိထားကြသည်မှာ ရှောင်းဝမ်လင်သည် ကျောင်းထဲတွင် အကြမ်းတမ်းဆုံးသူဖြစ်၏။
တကယ့် အယ်လ်ဖာ ဝံပုလွေကြီး။ ကျင်းလော့သည် သူ၏သားကောင်ဖြစ်ပြီး၊ ဝံပုလွေကြီးထံမှ အစားအစာကို ဘယ်သူမှ ဝံ့ဝံ့ရဲရဲ လုယူရန် မစဉ်းစားကြပေ။
ရှောင်းဝမ်လင်သည် နံဘေးမှလူအား အဓိပ္ပါယ်ရှိစွာ ကြည့်ရင်း ပြုံးပြလိုက်သည်- "ဟုတ်ပြီ၊ ငါမေးချင်တာတစ်ခုရှိတယ်။ ငါ့အကြောင်းကို အေးစက်နေတဲ့အလှလေးဆီ အမြဲသွားပြောနေတာ ဘယ်သူလဲ။ ဟိုတလောကတော့ ဟိုတယ်မှာ ညစာစားပွဲဖိတ်တာတောင် ကျင်းလော့က လာပိတ်လိုက်သေးတယ်…”
ရှောင်းဝမ်လင်က ပျင်းရိစွာ ပြုံးပြီး "ငါ့ကို နောက်မှ ရှင်းပြ" လို့ ပြောလိုက်သည်။
ရှောင်းဝမ်လင် ထလိုက်သည်နှင့်တပြိုင်နက် ခန်းမတစ်ခုလုံးရှိ မရေမတွက်နိုင်သောအယ်လ်ဖာတို့၏ အကြည့်များက သူ့ကို ထိတ်လန့်စွာ ကြည့်လာကြသည်။
ဝံပုလွေများကဲ့သို့ ရိုင်းပျကြမ်းတမ်းသော ဤကျောင်းတွင်၊ ရှောင်းဝမ်လင်၏ ကြွက်သားများသည် ပြင်းထန်သော အကြမ်းဖက်မှုဓာတ်အား သယ်ဆောင်နေ၏။
သူ၏ကိုယ်ဟန်အမူအရာ၊ အားအင်နှင့် မည်သည့်အခါမှ တရားဝင်ဖော်ပြခဲ့ဖူးခြင်းမရှိသော်လည်း လူတိုင်းအနေနှင့် သိရှိထားကြသည့် ထင်ရှားသော မိသားစုနောက်ခံရာဇဝင်တို့သည် သူ့ကို ဤကျောင်း၏ အကြီးဆုံးအယ်လ်ဖာ ဝံပုလွေကြီးအဖြစ် ရပ်တည်စေသည်။ သူ၏အန္တရာယ်ရှိမှုကို အကြမ်းဖက်မှုများဖြင့်ဖြစ်စေ၊ ခြိမ်းခြောက်စကားများဖြင့်ဖြစ်စေ ဖော်ပြရန်မလိုအပ်ပေ။
ရှောင်းဝမ်လင် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် လူတိုင်း၏မျက်လုံးများသည် ရှောင်းဝမ်လင် ထံသို့ ပါသွားကြသည်။
ခန်းမထဲရှိ လူအားလုံးသည် ရှောင်းဝမ်လင်နောက်တန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး လူသူကင်းမဲ့နေသော နောက်ဆုံးထောင့်သို့ အေးဆေးစွာ ချဉ်းကပ်နေသည်ကို မြင်လိုက်ရသည်။
ထိုနေရာသည် လစ်လပ်နေပြီး အင်္ကျီလက်ရှည်နှင့် ဂျာကင်ပါးပါးကိုဝတ်ဆင်ထားသည့် ချောမောကာ အေးစက်သည့်ကောင်လေးတစ်ယောက်ထိုင်နေ၏။
သူသည် အင်္ကျီလက်နှစ်ဖက်ကို ခေါက်ထားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးမှ ဖိအားနိမ့်သည့် အရာဝတ္ထုတစ်ခုကဲ့သို့ အေးမြသည့်လေထုကို ဖြာထွက်စေကာ၊ သူ၏လှပသော မည်းနက်သည့်မျက်လုံးများထဲတွင် ရေခဲများနှင့်ပြည့်နေသကဲ့သို့ ခံစားရသည်။
လူတိုင်းသည် ရှောင်းဝမ်လင်၏ အာရုံစိုက်မှုကို မထီမဲ့မြင်မပြုနိုင်ဘဲ၊ သူတို့၏မျက်လုံးများက ရှောင်းဝမ်လင် ထိုကောင်လေးထံချဉ်းကပ်လာသည်နှင့်အမျှ တင်းမာလာခဲ့ကြသည်။
လူငယ်သည် အေးစက်သည့် မျက်နှာအား မော့ကာ ရှောင်းဝမ်လင်ထံသို့ စိုက်ကြည့်နေ၏။
လေထုတစ်ခုလုံး တဒင်္ဂတာမျှ ခဲသွားသကဲ့သို့ ရပ်တန့်သွားခဲ့သည်။
ထိုယောက်ျားနှစ်ဦး၏ အာရုံခံစားမှုဓာတ်များသည် မာကျောကာပြင်းထန်ပြီး တစ်ဦးနှင့်တစ်ဦး ချဉ်းကပ်လာသည်နှင့်အမျှ၊ ကြည့်ရှုနေသူများအားလုံး မလွဲမသွေ ချွေးစေးများပြန်လာခဲ့ကြသည်။
ထိုနှစ်ဦးသား ရန်ဖြစ်မှာကို ကြောက်ရွံ့ကြပြီး လူငယ်လေး ရှောင်းဝမ်လင်နှင့် ရုတ်တရက် ပဋိပက္ခဖြစ်လျှင် ဘာဖြစ်မည်ဆိုတာကိုလည်း သူတို့ ကြောက်ကြ၏။ ဤသည်မှာ အယ်လ်ဖာ ဝံပုလွေတစ်ကောင်၏ ဖိအားပေးမှုသက်ရောက်ခြင်းပင်ဖြစ်သည်။
လူအားလုံး၏ စိုးရိမ်မှုအလယ်တွင်—
ထိုလှပသော်လည်း လျစ်လျူရှုတတ်သည့် အယ်လ်ဖာ လူငယ်သည် ရှောင်းဝမ်လင်ဘက်သို့လှမ်းကြည့်လိုက်ပြီး ပြန်လှည့်ကာ မျက်နှာလွှဲလိုက်သည်။
ရှောင်းဝမ်လင်၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး၊ သူသည် ခြေချိတ်ထိုင်ကာ ထိုလှပသောလူငယ်၏ ခုံနောက်မှ လက်တင်ကာဖြင့် ပွေ့ထားလိုက်သည်။
ထိုအေးစက်သည့်လူငယ်လေးသည် ခဏတာတိတ်ဆိတ်နေပြီးနောက်၊ မျက်နှာလွှဲလိုက်ကာ ရှောင်းဝမ်လင်အား လွှတ်ပေးလိုက်၏။
လေထုသည် ရုတ်ချည်း ငြိမ်သက်သွား၏။
ရှောင်းဝမ်လင်သည် လူရာပေါင်းများစွာ၏ အကြည့်များအား မြင်ပြီး ပျင်းရိစွာနှင့် "ဘာကြည့်နေတာလဲ?” ဟုဆိုလိုက်သည်။
တစ်ခဏအတွင်းပင် ခေါင်းတန်းများသည် နောက်ပြန်လှည့်သွားသည်။
ရှောင်းဝမ်လင်သည် ဤကြမ်းတမ်းသော တောရိုင်းကြောင်လေးသည် ယနေ့ ခုန်တက်ကုတ်ခြစ်ခြင်းမပြုဟု မမျှော်လင့်ထားခဲ့ပေ။ သူ ခဏတာ အံ့သြသွားသလို ခံစားလိုက်ရ၏။
ရှောင်းဝမ်လင်သည် ကျင်းလော့၏ ကုလားထိုင်နောက်ဘက်တွင် သူ့လက်အားတင်ထားသဖြင့် ကျင်းလော့အား ပွေ့ဖက်ထားပုံပေါ်နေသည်။
ကျင်းလော့သည် သူ့လက်မောင်းသူ ပွေ့ဖက်လိုက်သည်။ အနည်းငယ်အေးသလိုခံစားရပြီး ခန္ဓာကိုယ်အပူချိန်လည်း အနည်းငယ်ကျဆင်းသွားခဲ့၏။
သူ့မှာ အအေးမိနေပုံရပြီး ရှောင်းဝမ်လင်နှင့် ငြင်းခုံဖို့ ခွန်အားမရှိပေ။
ကျင်းလော့သည် နွေးထွေးမှုအား ထိန်းသိမ်းရန် သူ့လက်မောင်းသူပွေ့ဖက်ထားသည်။
သူ့နံဘေးတွင်ထိုင်နေသည့် ရှောင်းဝမ်လင်သည် သူ့ခန္ဓာကိုယ်မှာ အယ်လ်ဖာဖယ်ရိုမုန်းအနည်းငယ်ထုတ်ထားပုံရသည်။
အအေးဒဏ်ကြောင့် အနည်းငယ် အားနည်းနေပါသည့် ကျင်းလော့သည် အယ်လ်ဖာထံမှ ဖယ်ရိုမုန်းများ ပိုလိုချင်၍ သူ့အပေါ်အနည်းငယ် မှီခိုနေရုံမှတပါး မတတ်နိုင်ပေ။
အချိန်စေ့ခါနီးမှ ဆရာကစာသင်ခန်းထဲဝင်လာခဲ့သည်။ သူသည် အရည်အချင်းရှိသည့် စရိုက်လက္ခဏာရှိသည့် အယ်လ်ဖာတစ်ဦးလည်းဖြစ်ပြီး လိုရင်းကိုသာတည့်ပြောခဲ့သည်။
"ဒီနေ့အယ်လ်ဖာရဲ့မျိုးရိုးဗီဇကွဲပြားမှုရလဒ်တွေထွက်လာပြီ။ အတန်းခွဲပြီး အထူးလေ့ကျင့်မှုတွေ လုပ်ကြမယ်"
"အယ်လ်ဖာက တစ်လတာ အထူးလေ့ကျင့်မှု ခံယူရမယ်။"
"ကွဲပြားမှုက..."
ဆရာ့အသံသည် ဝေးသွားလိုက် နီးလာလိုက်ဖြစ်နေ၏။ ကျင်းလော့သည် သူ့တစ်ကိုယ်လုံး ပူကာ မူးဝေနေ၏။ သူ့တွင်အဖျားတက်နေသလို ခံစားရပြီး ဖော်မပြနိုင်လောက်အောင် မသက်မသာ ခံစားနေရသည်။ ကျင်းလော့အိပ်ပျော်သွားပြန်သည်။ မျိုးရိုးဗီဇအသစ်ကွဲပြားသော အိုမီဂါအားလုံးတွင် ပင်ပန်းနွမ်းနယ်သည့် ကာလတစ်ခုရှိမည်ထင်ရသည်။
ကျင်းလော့က ခေါင်းညိတ်လိုက်ပြီး သူ့မျက်ခွံတွေ တဖြည်းဖြည်း မှိန်ကျသွားသည်။
ရှောင်းဝမ်လင်သည် နံဘေးမှ အံ့အားသင့်စွာ ကြည့်နေခဲ့၏။
နောက်အခိုက်အတန့်တွင် ကျင်းလော့၏ဦးခေါင်းသည် ရှောင်းဝမ်လင်၏ပခုံးပေါ်သို့ကျလာသည်။
ကျင်းလော့၏ အသက်ရှုသံသည် တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း ထိုင်ခုံတွင် ထိုင်နေသော ရှောင်းဝမ်လင်ကတော့ တောင့်တင်း၍နေသည်။
ရှောင်းဝမ်လင်သည် ကျင်းလော့၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့လေးအား အနံ့ခံမိပြီး လည်ပင်းကို မသက်မသာ ရှင်းလိုက်သည်။ သူက ကျင်းလော့အားတွေ့ကာ ဒေါသထွက်ချင်ခဲ့သည့်တိုင် မထင်မှတ်ပဲ သူ ကျင်းလော့ ရဲ့ လူသားခေါင်းအုံးဖြစ်သွားရသည်။
ရှောင်းဝမ်လင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး မျက်ခုံးပင့်ကာ ကျင်းလော့ ၏ ပခုံးအား လက်ညိုးဖြင့် တွန်းလိုက်ပြီး ပျင်းရိစွာဆိုလိုက်၏ "ထတော့”
သူသည် ကျင်းလော့၏ပခုံးအား လက်ချောင်းများတင်ကာ တွန်းဖယ်လိုက်သည်။
ရှောင်းဝမ်လင်သည် ထို caramel ရနံ့အား ထပ်ရခဲ့သည်။ ထပ်ပြီး လှသည့်တိုင် ယုတ်ညံ့ကာ နူးညံ့သိမ်မွေ့ခြင်းမရှိသည့်အပြင် ရယ်စရာကောင်းသည့် ဒေါသနှင့် ချစ်စရာတစ်စက်မှမရှိသည့် လောင်ကျွမ်းနေသည့် အယ်လ်ဖာ၏ caramel အနံ့ပင်။
ကြည့်ကောင်းတာဆိုလို့ မျက်နှာလေးပဲရှိတယ်။
ကိုယ်ရည်ကိုယ်သွေးက အမှိုက်ပဲ။
တွန်းဖယ်လိုက်ပြီးရင် ခဏခဏဆုံးရှုံးလိုက်ရသလိုခံစားရတာ ဘာကြောင့်မှန်းမသိ။
ရှောင်းဝမ်လင်သည် အယ်လ်ဖာများအား လိုက်လျောညီထွေဖြစ်စေသည့် အလေ့အထမရှိသလို ယောက်ျားများကိုလည်း နှစ်သက်ခြင်းမရှိပေ။
ကျင်းလော့ နိုးမလာသည်ကို မြင်လိုက်ရသဖြင့်၊ ကျင်းလော့၏ ပခုံးများကို နောက်တစ်ကြိမ်ထပ်မံ၍တွန်းထုတ်လိုက်သည်။ ကျင်းလော့သည် တရွေ့ရွေ့ လျှောကျသွားပြီး ခေါင်းနှင့်တိုင်နှင့်ဆောင့်မိတော့၏။
အေးစက်စက်ကောင်လေးသည် ခေါင်းအား ကိုင်ကာ မှိန်းခနဲ နိုးလာသည်။ သူ့မျက်လုံးတွေက အခြေအနေကို နားမလည်သလို အနည်းငယ်ဝေဝါးနေခဲ့၏။
...သူ၏ သာမာန်အေးစက်နေပုံနှင့် လုံးဝမတူသည့် စိတ်ရှုပ်ထွေးမှုတစ်မျိုးကို အမှန်တကယ်ပင် ထုတ်ဖော်ပြသလာသည်။
သို့သည်တိုင် ကျင်းလော့ နိုးလာပြီးခဏလောက်အတွင်းပင် သူ၏ မက်မွန်ပွင့်မျက်လုံးလေးများမှာ အေးစက်မှုတို့နှင့် ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားပြန်သည်။ ကျင်းလော့သည် မျက်ခုံးများအားပွတ်ကာ ခေါင်းကို တစ်ဖက်သို့လှည့်၍ အိပ်လိုက်၏။
ရှောင်းဝမ်လင်၏ နှလုံးသားလေးမှာ လှုပ်ရှားသွားခဲ့သည်။
သူ့စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ ကျင်းလော့က သူ့ကို မှီထား၍ စိတ်မသက်မသာ ခံစားခဲ့ရပြီး ကျင်းလော့ သူ့ကို မမှီပြန်တော့လည်း အဆင်မပြေပေ။ ယခင်ကမူ ကျင်းလော့သည် ဒေါသကြီး၍ သူ့အနားကပ်လာသည့်အခါတိုင်း စိတ်တိုရတတ်သည်။ ယခုမူ ရှောင်းဝမ်လင်သည် ကျင်းလော့က သူ့ကို လျစ်လျူရှုထားသည်ဟု ခံစားလိုက်ရပြီး မထင်မှတ်ဘဲ စိတ်အခြေနေမကောင်းတော့ပေ...
အဲ့တာက သူ့ကို မပျော်မရွှင်ဖြစ်စေတယ်။
ရှောင်းဝမ်လင်က ဘာဖြစ်နေမှန်းမသိပေမယ့် သူ ကျင်းလော့နဲ့ ပြဿနာတက်ချင်နေတာ။
အရင်ကလည်း ဒီလိုဖြစ်ခဲ့ပေမယ့် အခုကပိုဆိုးလာပြီ။
........
ကျင်းလော့အပေါ် ထားရှိသည့် ပုံမှန်မဟုတ်သည့် သဘောထားကြောင့် ရှောင်းဝမ်လင်၏ စိတ်ထဲ အနည်းငယ် မတင်မကျဖြစ်နေမိသည်။
အတန်းပြီး၍ လူတိုင်းလူစုခွဲလိုက်သည့်အခါတွင် မရေမတွက်နိုင်သော လက်ပါးစေများက ရှောင်းဝမ်လင်အား အပြင်ထွက်ကစားလိုသလားဟု မေးကြ၏။ ရှောင်းဝမ်လင်၏ မျက်လုံးများသည် သူ့ဘေးတွင်မှီနေသည့် ပိန်လှီသော ကောင်လေးအပေါ်သို့ အသာအယာကျသွားခဲ့သည်။ ကောင်လေး၏ အနက်ရောင် ဆံပင်တွေက သူ့မေးရိုးကို အနည်းငယ် ဖုံးကွယ်ထား၏။
ရှောင်းဝမ်လင်သည် သူ့အာရုံက ထိုကောင်လေးဆီတစ်ဖန် ဦးတည်သွားသည်ကို သတိပြုမိပြီးနောက်တွင် အနည်းငယ် စိတ်မချမ်းသာသလို ခံစားလိုက်ရသည်။ သူက ကျင်းလော့ကို မခေါ်ဘဲ ထရပ်ကာ ပြုံးရင်း ပြောလိုက်၏ “သွားကြရအောင်”
ရှောင်းဝမ်လင် ထွက်သွားသောအခါ သူ့မျက်လုံးများသည် အတန်းခန်းထဲ ကျန်ရစ်ခဲ့ပြီး ဘယ်သူကမှ မခေါ်သည့် ကျင်းလော့အပေါ်တွင် စက္ကန့်ပိုင်းမျှ အာရုံစိုက်မိသွားသည်။ သူ့နှုတ်ခမ်းတွင် အေးစက်သည့် အပြုံးလေးတစ်ချက် ထွက်ပေါ်လာ၏။
ရှောင်းဝမ်လင်သည် မှောင်နေသည့်အရာများကို မကြိုက်ပေ။
တကယ်တမ်းပြောရရင် သူကျင်းလော့ကိုလည်း မကြိုက်ချေ။ သူတို့နှစ်ဦးသည် မွေးကတည်းက ရန်သူလို့ပြောလို့ရသည့် ဆက်ဆံရေးပင်။ ကျင်းလော့လို လူမျိုးကို သူဘာမှမတတ်နိုင်ဘဲ အနိုင်ကျင့်ချင်စိတ်သာ ဖြစ်နေ၏။
ကျင်းလော့အား သူ့ဘေးတွင် ဒီလိုခုန်ပေါက်နေခွင့်ပေးထားရသည့် အကြောင်းရင်းက တစ်ခုသာရှိသည်။ ဒေါသကြီးပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသည့် ဒီကောင်လေး ဘာလုပ်နိုင်မလဲဆိုတာ သိချင်လို့ပင်။ ကျင်းလော့က သူ့အနားမှာ အကြာကြီးနေလာရင်း သူဘယ်လောက်တောင် ဆိုးနေလဲဆိုတာ သတိမထားမိနိုင်လောက်အောင်ပင်ဖြစ်လာခဲ့သည်။
ဒါပါပဲ။
ရှောင်းဝမ်လင်သည် သူ့အာရုံအား ပြန်ရုတ်သိမ်းလိုက်၏။
ပျင်းရိစွာ နှုတ်ခမ်းအားတွန့်လိုက်ပြီး သူ့အနီးတဝိုက်မှ လူများအား ပြောလိုက်သည် "ဘယ်သွားကြမလဲ။ ကြိုချိတ်ထားတဲ့နေရာတော့ရှိတယ်”
ကျင်းလော့အိပ်ပျော်ရာမှ လန့်နိုးလာသည့်အခါတွင် အခန်းက ဗလာဖြစ်နေခဲ့သည်။ မီးလင်းနေသည့် စာသင်ခန်းအလွတ်တွင် ထိုင်နေသူက သူတစ်ဦးတည်းသာရှိသည်။ အထီးကျန်သလိုခံစားရမှာ မလွဲမသွေပင်။
ဂျင်းလော့သည် နှာချေလိုက်ပြီး သူ့ဆက်သွယ်ရေးစက်ပေါ်က မက်ဆေ့ချ်များအား စစ်ကြည့်လိုက်သည်။ သူ့အတွက် ထွက်သွားမည်ဖြစ်ကြောင်း ချန်ခဲ့သည့်မက်ဆေ့ချ်တစ်စောင်တစ်လေမှမရှိပေ။ အလုပ်ကနေ စတိုးမန်နေဂျာဆီက ပို့ထားသည့် မက်ဆေ့ချ်တစ်ခုသာ ရှိနေ၏။
ကျင်းလော့သည် စားဝတ်နေရေးစရိတ် မပြေလည်သဖြင့် အပိုဝင်ငွေရှာရန် အလုပ်လုပ်လေ့ရှိသည်။ စတိုးဆိုင်မန်နေဂျာသည် ကုန်တင်ကုန်ချဂိုဒေါင်တစ်ခု၏ ပိုင်ရှင်ဖြစ်ပြီး ကျင်းလော့သည် တခါတရံ ဘာမှလုပ်စရာမရှိသည့်အခါ ငွေရှာရန် ကုန်ပစ္စည်းများ ရွှေ့ပြောင်းရန် ကူညီလေ့ရှိ၏။
ငွေအများကြီးမရပေမယ့် ကျင်းလော့သည် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် အလွန်အမင်းမတောင့်တသည့်အတွက် တစ်ယောက်တည်းစားသောက်ဖို့တော့ လုံလောက်သည်။
ကျင်းလော့ အများကြီး မတောင်းဆိုပါဘူး။ တကယ်တော့ သူက နွေးထွေးတဲ့အခန်းလေးတစ်ခု၊ လုံခြုံမှုရှိတယ်လို့ခံစားရစေမယ့် နေရာလေးတစ်ခုကိုပဲ လိုချင်တာ။
ကျင်းလော့သည် သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။ အကြာကြီးအိပ်ထားရတဲ့အတွက် သူ့ကိုယ်လက်တွေတောင့်နေ၏။ လှုပ်ရှားလိုက်သည်နှင့် သူ့ဂလင်းမှ စူးသလိုလို နာကျင်မှုလေးတစ်ခု ခံစားလိုက်ရသည်။ အဲ့ဒီပေါ်မှာ သူ့အပိုင်မဟုတ်သည့် အယ်လ်ဖာရနံ့တစ်ခုစွဲကျန်နေခဲ့၏။ သူတစ်ခါမှ ပြန်လည်ပိုင်ဆိုင်နိုင်တော့မှာမဟုတ်သည့် ရနံ့ပင်။ ထုံထိုင်းပြီး သစ်သားရနံ့ရောကာ မွှေးကြိုင်နေသည့် ထိုရနံ့သည် အဆင့်အတန်းရှိပြီး အနည်းငယ် မူရင်းဆန်နေ၏။
အယ်လ်ဖာ၏ရနံ့သည် နွေးထွေးပြီး ဂရုစိုက်မှုနှင့် ပြည့်နေသည်။ လူသူကင်းမဲ့နေသည့် အတန်းခန်းထဲက အတန်းလိုက်ခုံများ၊ အေးမြသော အဖြူရောင်မီးများဖြင့် ထွန်းညှိထားသည့် ခန်းမကြီးအတွင်း၊ ဤအတန်းခန်းထဲက သူထိုင်နေရသည့် ထောင့်နေရာလေးသည် တစ်ကိုယ်တည်း မှောင်ရိပ်တစ်ခုလို ဖြစ်နေ၏။
လေတိုက်သံနှင့်အတူ လှုပ်ခတ်နေသည့် ပြတင်းကာများ၏ တဖျပ်ဖျပ်ခတ်သံ၊ ပြင်ပက မိုးသံတို့၏ တိတ်ဆိတ်မှုအတွင်း ဤနေရာသည်သာလျှင် နွေးထွေးမှုနှင့် လူသားအရိပ်အယောင်ရှိသော တစ်ခုတည်းသောနေရာဖြစ်နေသည်။
နွေးထွေးမှုအနည်းငယ်ရှိနေပါသည့် အယ်လ်ဖာ၏ဖယ်ရိုမုန်းရနံ့။
ကျင်းလော့သည် သူ့လက်နှစ်ဖက်ကိုပွေ့ဖက်မိလိုက်သည်။ တစ်ဖက်လက်ဖြင့် သူ့လည်ပင်းနောက်ဖက်ကို အုပ်လိုက်ပြီး မျက်တောင်များက အနည်းငယ်စိုနွဲ့လို့သွားသည်။
ပုံမှန်အေးစက်ကာ စိတ်ဆိုးလွယ်သည့် သူ့မျက်နှာပေါ်တွင် ယခုအခါ... ရှက်သလိုလို၊ ဝမ်းနည်းသလိုလို အမူအရာမျိုးပေါ်နေ၏။
သို့သော် မကြာမီ၊ ကျင်းလော့၏ အားနွဲ့နေသည့် အမူအရာများအား ခေါင်းမာမှုနှင့် မှောင်မိုက်သော အတွေးများက ဖုံးအုပ်သွားသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဂလင်းကို အုပ်ထားသည့် လက်ကို ဖယ်လိုက်သည်။
ထို့နောက် ကျင်းလော့သည် ထီးတစ်လက်ယူကာ မန်နေဂျာ၏ ဂိုဒေါင်သို့ ထွက်လာခဲ့၏။
Chapter 9 ended