Little Creampie:
Chapter 8
ရှောင်းဝမ်လင်၏ လက်ဖဝါးက ကျင်းလော့၏ မျက်နှာကို ထိမိသည့်အခါ၊ ထိတွေ့မှုအရသာကို ခံစားမိပြီး နောက်တကမ်းတွင် လင်လုသည် သူ့အနားသို့ ချဉ်းကပ်လာကာ ချိုမြိန်သော အိုမီဂါဖယ်ရိုမုန်းများ သူ့ဆီသို့ လွင့်ပါ်လာခဲ့၏။
လင်လုက ပြောသည် - "စကားပြောကြရအောင်"
ဖယ်ရိုမုန်း၏ ဆွဲဆောင်မှုကြောင့် ရှောင်းဝမ်လင် အနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း၊ အလွန်စိတ်ဝင်စားမှုမရှိခဲ့ပေ။ သို့သော် ဘာပဲဖြစ်ဖြစ် သူလင်လုနှင့် စကားပြောသင့်သည်။
လင်လု ရှောင်းဝမ်လင်ထံ ချဉ်းကပ်လာသည့်အခါ၊ ရှောင်းဝမ်လင်သည် ကျင်းလော့အား သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုစိတ်တို့ သဘာဝအတိုင်းဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ မိမိ၏ပစ္စည်းပေါ်တွင် ပိုင်ဆိုင်မှုပြသသည့် အမူအရာဖြစ်သော်လည်း၊ သူသည် ချက်ချင်းပင် ဤအကြောင်းပြချက်မရှိသော ရန်လိုမှုနှင့် တင်းမာမှုတို့ကို သတိထားမိလိုက်၏။
ရှောင်းဝမ်လင်သည် ကျင်းလော့၏လက်ကို ခက်ခက်ခဲခဲ လွှတ်လိုက်ပြီး သူ့လက်များကို အိတ်ကပ်ထဲသို့ ထိုးထည့်ကာ လင်လုအား ယဉ်ကျေးသောအပြုံးဖြင့် ပြန်ပြောလိုက်သည် : “ကောင်းပြီ”
ရှောင်းဝမ်လင်သည် မသိလိုက်ဘဲ အိတ်ကပ်ထဲတွင် လက်များကို ပွတ်သပ်နေမိပြီး အနည်းငယ် ဗလာဖြစ်သလို ခံစားနေရသည်။
ရှောင်းဝမ်လင်သည် လင်လု၏ အကြည့်ကို သတိထားမိပြီး၊ ညီအစ်ကိုတစ်ဦးကဲ့သို့ ကျင်းလော့၏ပခုံးများအား သူ့လက်ဖြင့် ပွေ့ဖက်လိုက်ကာ တစ်ဝက်အားဖြင့် သူ့ရင်ဘတ်ဆီသို့ ဖိလိုက်ပြီး တစ်ဝက်အားဖြင့် ပွေ့ဖက်ထားလိုက်သည်။ သူ၏ မာကျောသော လက်မောင်းများသည် သူ့အစားအစာကို ကာကွယ်နေသကဲ့သို့ ဖြစ်နေ၏။ “ငါသူ့ကိုအနိုင်ကျင့်တာမဟုတ်ဘူး။ ဒါက ငါတို့ အယ်လ်ဖာတွေကြားက အပြန်အလှန်ဆက်ဆံရေးပဲ"
ကျင်းလော့သည် နှုတ်ခမ်းများအားကိုက်ကာ သူ၏ကိုယ်ပိုင် အိုမီဂါဖယ်ရိုမုန်း အနံ့ကို ရှူမိပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ သူသည် ရှောင်းဝမ်လင်၏ လက်ကို ရိုက်ချချင်သော်လည်း၊ ရှောင်းဝမ်လင်၏ ကြမ်းတမ်းသော အားသည် အလွန်ပြင်းထန်လွန်း၏။
အထူးသဖြင့် သူ၏ကိုယ်ပိုင် အိုမီဂါဖယ်ရိုမုန်းအနံ့နှင့် ရှောင်းဝမ်လင်၏ အနံ့တို့ ရောစပ်သွားသည့်အခါ၊ သူသည် ပို၍ပင် ရှက်ရွံ့သွားရသည်။
မနေ့ညက သွားခါနီးအချိန်တွင် လင်လုသည် သူ၏သွေးကို တစ်ပြွန်စုပ်ယူပြီး “ရှင့်ရဲ့အထောက်အထားကို တစ်ပတ်လောက်ငှားသုံးမယ်။ အဲဒီနောက်မှာတော့ အိုမီဂါ ဖြစ်ဖြစ် အယ်လ်ဖာ ဖြစ်ဖြစ် ရှင်ရွေးတာကို ကျွန်မကူညီပေးမယ်" ဟု ပြောခဲ့သည်။ သူမသည် သူ၏ အိုမီဂါ အထောက်အထားကို မိဘများထံမှပါ ဖုံးကွယ်ပေးနိုင်၏။
ကျင်းလော့ စိတ်ရှုပ်ထွေးနေခဲ့ပြီး ငြင်းဆန်ဖို့ မကြိုးစားခဲ့ပေ။
သို့သော် သူ့ကိုယ်ပိုင် ဖယ်ရိုမုန်းများ၏ အားလျော့နေသော အနံ့ကို ရှူမိသည့်အခါတိုင်း၊ သူ heat cycle အတွင်းရောက်နေစဉ်က အချိန်များနှင့် ရှောင်းဝမ်လင်မှ သူ့ကိုထိုးသွင်းနေခဲ့သည့် အဖြစ်အပျက်များအား ထပ်ကာထပ်ကာ ပြန်လည်သတိရနေရသလို ခံစားရသည်။
ထို့အပြင် သူ့ကိုယ်သူ သူ၏အမျိုးအစားအကြောင်း အဆက်မပြတ်သတိပေးခံနေရသလို ခံစားရ၏။
ကျင်းလော့ အလွန်အမင်း မသက်မသာဖြစ်နေသည်။
အိုမီဂါ...
လင်လုက ကျင်းလော့၏ မျက်နှာအမူအရာကို ကြည့်ပြီး အေးဆေးစွာပြောသည်၊ "ကျွန်မတို့တွေ နှစ်ယောက်တည်း စကားပြောကြမယ်။ ကျင်းလော့ ရှင်ပြန်သွားပါ။"
ဤစကားကို ပြောလိုက်သည်နှင့် ရှောင်းဝမ်လင် လက်ကိုလျှော့ပေးလိုက်ရသည်။
ရှောင်းဝမ်လင် လက်လျှော့လိုက်ပြီးနောက်၊ ကျင်းလော့သည် သူ့လက်များကို ဆွယ်တာအင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်၏။ ဘယ်သူ့ကိုမှ မကြည့်ဘဲ၊ ဆွယ်တာအင်္ကျီ၏ ခေါင်းစွပ်ကို ဆွဲတင်လိုက်ပြီး ထိုသူနှစ်ဦးအား ကျောခိုင်းကာ ထွက်သွားလိုက်သည်။
ရှောင်းဝမ်လင်သည် ကျင်းလော့ သူ့အကွာဝေးကနေ ထွက်ခွာသွားတဲ့အချိန်မှာ သူ့နောက်ကျောကို ငေးကြည့်ရင်း ဘာမှန်းမသိဘဲ စိတ်တိုလာမိ၏။ မနေ့ညက ရှောင်းဝမ်လင်၏ အိပ်မက်က အရမ်းကို အတိအကျမဟုတ်တာကြောင့်၊ သူအမှတ်သားပေးထားသည့် အိုမီဂါက သူ့အနားကနေ ထွက်ခွာသွားတာကို မြင်ရသည့် အယ်လ်ဖာတစ်ယောက်၏ မကျေနပ်မှုကို သူ သတိမထားမိခဲ့ပေ။
အယ်လ်ဖာ တစ်ယောက်က အမှတ်သားပေးပြီးသည်နှင့် အိုမီဂါ အပေါ်ပိုင်ဆိုင်လိုစိတ်က အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီး၊ သူ့ကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ ဘယ်ကိုမှ သွားခွင့်မပြုချင်စိတ် ဖြစ်ပေါ်လာတတ်သည်။
ရှောင်းဝမ်လင်က ကျင်းလော့ဟာ သူအမှတ်ပေးထားသည့် အိုမီဂါဖြစ်ကြောင်း မမှတ်မိသလို၊ သူ့မှာ အယ်လ်ဖာဖယ်ရိုမုန်း အနံ့ကိုလည်း မရှူမိသေးပေမယ့်၊ သူ့ဦးနှောက်ကို ကျော်ဖြတ်ပြီး သူ့ခန္ဓာကိုယ်ထဲက တောကောင်ကဲ့သို့ ဗီဇများက မကြာခဏ ပေါ်ထွက်လာတတ်ပြီး၊ ဒါကို သူကိုယ်တိုင်တောင် သတိမထားမိနိုင်ခဲ့ပေ။
ရှောင်းဝမ်လင်က ဘာမှ သံသယမဝင်ခဲ့ပေ။
လင်လုက သူ့အား အေးစက်သည့်အကြည့်နှင့် ကြည့်နေခဲ့သည်။
အစီအစဉ်ပြောင်းသွားတာကို မြင်ရတော့ လင်လုက ကျင်းလော့ဟာ တစ်ပတ်လောက် အဲဒီမှာ ပုန်းအောင်းနိုင်မလားဆိုတာ ပြောဖို့ခက်မယ်ဟု တွေးမိလိုက်သည်။
..........
ကျင်းလော့သည် အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။ အိပ်ပျော်သွားပြီး နေ့အလင်းရောင်အား ညအမှောင်ယံမှ ဖုံးလွှမ်းသွားချိန်တွင် သူ့ဖုန်းမြည်သံကြောင့်နိုးလာခဲ့၏။
ဘီးဘီး မြည်သံသည် စိတ်တိုဖွယ်ဖြစ်နေခဲ့သည်။ ကျင်းလော့သည် စောင်အောက်မှ သူ၏သွယ်လျသော လက်အားဆန့်ထုတ်ကာ ဖုန်းကို ကောက်ယူပြီး ဖန်သားပြင်ကို ဖွင့်လိုက်၏။ ဖုန်း၏ မှိန်ဖျော့သော အဖြူရောင်အလင်းသည် သူ၏ လှပကာ ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာပေါ်သို့ ကျရောက်လာ၏။
ကျင်းလော့သည် သူ၏မက်မွန်ပွင့်မျက်လုံးတစ်ဖက်ကို အနည်းငယ်မှိတ်လျက်၊ ပင်ပန်းငိုက်မျဉ်းနေသော အာရုံဖြင့် ကြည့်နေသည်။
အစည်းအဝေးအတွက် အဖွဲ့သတိပေးချက်ဖြစ်သည့် သူ့ဖုန်းရှိ မက်ဆေ့ချ်ကို စိုက်ကြည့်နေ၏။
ကျင်းလော့ ဖုန်းကိုပိတ်လိုက်သည်နှင့် အခန်းသည် ပြန်လည်အမှောင်ကျသွားခဲ့သည်။ ရှောင်းဝမ်လင်နှင့် ကလေးဘဝတုန်းက ရန်ဖြစ်နေသည့် အိပ်မက်ကိုမက်မိပြီး အတိတ်ကာလများကို ပြန်လည်အမှတ်ရနေမိသည်။
ကျင်းလော့မိသားစုသည် သာမန်အိမ်ထောင်စုတစ်ခုမျှသာဖြစ်သည်။
သူတို့မိသားစုတွင် ချမ်းသာကြွယ်ဝမှုမရှိသော်လည်း ကံကောင်းစွာပင် သူ၏အစ်ကိုနှစ်ဦးနှင့် အစ်မတစ်ဦးတို့သည် *အယ်လ်ဖာများ* ဖြစ်ခဲ့ကြ၏။ ဒါပေမယ့် ကျင်းလော့မွေးဖွားလာပြီးနောက်ပိုင်းတွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
သူ့အမေ၏မွေးနေ့တွင် သူ့မိခင်ဟာ သူမ၏ အိုမီဂါ အစ်မအား လာရောက်ဆင်နွှဲရန်ဖိတ်ခေါ်ခဲ့၏။ ထိုအိုမီဂါညီမမှာ စေ့စပ်ထားပြီးသားဖြစ်သော်လည်း အဲဒီနေ့မှာပင် သူ့အဖေက အရက်မူးကာ ထိုအိုမီဂါညီမအား အဓမ္မပြုကျင့်ခဲ့၍ ကျင်းလော့မွေးဖွားလာခဲ့ရသည်။
ထိုအချိန်က လူမှုဥပဒေများသည် အိုမီဂါများအား ကိုယ်ဝန်ဖျက်ချခွင့်မပြုခဲ့ပေ။
ညီမဖြစ်သူသည် ကျင်းလော့အား မွေးဖွားပေးခဲ့ပြီးနောက်တွင်ပဲ စိတ်ရောဂါနှင့် သေဆုံးသွားခဲ့သည်။
ဝမ်းနည်းပူဆွေးမှုကြောင့်၊ သူ့အမေရဲ့ခန္ဓာကိုယ်လည်း အားနည်းလာပြီး လအနည်းငယ်အတွင်းမှာပဲ ဆုံးပါးသွားခဲ့၏။
အဖေက လူကောင်းမဟုတ်ပေ။ သူသည် အရည်အချင်းမရှိသလို၊ အနိုင်ကျင့်လိုစိတ်ပြင်းပြပြီး အရက်သမားတစ်ဦးဖြစ်ကာ အိမ်တွင်းအကြမ်းဖက်သမားလည်း ဖြစ်၏။ အယ်လ်ဖာ ကလေးတွေကိုလည်း မကြာခဏ ရိုက်နှက်ဆူပူလေ့ရှိခဲ့သည်။
ဒါပေမယ့် ဒုတိယမြောက် အယ်လ်ဖာ အစ်မအရွယ်ရောက်လာပြီး အဖေဖြစ်သူ၏ ခြေရိုးကို ချိုးလိုက်နိုင်သည့်အခါမှသာ၊ အဖေက သူ့ကလေးတွေ ကြီးပြင်းလာပြီဆိုတာကို ရုတ်တရက် သတိထားမိသွားခဲ့ခြင်းပင်။
အယ်လ်ဖာသားသမီး သုံးယောက်စလုံးဟာ သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီဖြစ်၍၊ သူတို့အား ထပ်မရိုက်ရဲတော့ပေ။
ဒီလိုနှင့် အကြမ်းဖက်မှုက အငယ်ဆုံး ကျင်းလော့အပေါ်တွင်သာ ကျရောက်သွားတော့၏။
ငယ်စဉ်က ကျင်းလော့သည် အလွန်နုနယ်ကာ အနည်းငယ်ထိခိုက်မိရုံနှင့် ငိုတတ်သည့်ကလေးပင်။ သူသည် အရှက်အကြောက်ကြီးပြီး အစ်ကို၊ အစ်မတွေနောက်ကို လိုက်နေရတာကိုလည်း သဘောကျခဲ့သည်။ သို့တိုင် သူ့အစ်ကို၊အစ်မတွေကတော့ သူ့ကို လုံးဝမနှစ်သက်ခဲ့ကြပေ။
ကျင်းလော့၏ ဖြစ်တည်မှုသည် သူတို့အမေ၏သေဆုံးမှုအား သက်သေထူနေသလို၊ အဖေဖြစ်သူကျူးလွန်ခဲ့သည့် အပြစ်ရဲ့အကျိုးဆက်လည်းဖြစ်နေသေးသည်။
ကလေးဘဝကတည်းက သူတို့အတွက်ကျင်းလော့ဆိုသည့် *အပြင်လူ* *မဖိတ်ခေါ်ထားတဲ့ဧည့်သည်* ၏ ဖြစ်တည်မှုကသာ ရွံစရာအကောင်းဆုံးပင်။
ထို့ကြောင့် ကျင်းလော့သည် သူ့အဖေ၏ ရိုက်နှက်ခြင်းအားခံရ၍ ဒဏ်ရာများနှင့် မျက်နှာထက်သွေးများစီးကျနေချိန်တွင် မျက်ရည်တို့နှင့် လှည့်ကြည့်လိုက်တိုင်း နံဘေးတွင် ရပ်နေသည့် အစ်ကိုအစ်မတွေ၏ ဂရုမစိုက်သည့် မျက်နှာထားတွေကိုသာ မြင်ခဲ့ရသည်။ သူတို့သည် မျက်စိမှိတ်ကာလျစ်လျူရှုထားခဲ့ကြ၏။
မိသားစုပတ်ဝန်းကျင်က မကောင်းသလို အားနည်းသည့်အတွက် မကြာခဏအရိုက်ခံခဲ့ရ၏။ သူအိုမီဂါဖြစ်လာရင် အားနည်းသူတွေထဲမှာတောင် အားအနည်းဆုံးဖြစ်မှာ၊ ဘယ်သူကမှ သူ့ကိုကြိုက်ကြတော့မှာမဟုတ်ပေ။
ကျင်းလော့သည် သူ့ကိုယ်သူ ကာကွယ်ရန်သာ ကြိုးစားနိုင်ခဲ့၏။
ငယ်စဉ်က ရှက်တတ်ပြီး ချောမောလှပသည့်အပြင် အားနည်းသည်ကြောင့် မကြာခဏလှောင်ပြောင်ခံခဲ့ရသည်။ အဲဒီမှာလင်လုနှင့်တွေ့ဆုံခဲ့၏။
လင်လုက ကျင်းလော့ကိုဆွဲကာ သူ့လက်သီးနှင့် ကိုယ့်ကိုယ်ကိုကာကွယ်တတ်ဖို့ရန် သင်ပေးခဲ့သည်။
ဒီလိုနှင့် သူငယ်တန်းကလေးကျင်းလော့က ခုခံတတ်လာခဲ့၏။
ထိုအချိန်က လင်လုသည်ဆံပင်အတိုနှင့် တကယ့်ကိုကလေးသူပုန်ဆန်ဆန် အေးဆေးသည်။ ရန်ဖြစ်ရင်လည်းကြမ်းတမ်း၏။
ကျင်းလော့ကဲ့သို့အတင်းအဓမ္မ အေးစက်နေရသည့်သူမဟုတ်ဘဲ ငယ်စဉ်တည်းက အကြမ်းဖက်မိန်းကလေးဆန်သည့် စိတ်ဓာတ်ရှိသည်။
လူလည်းကြမ်း၊ စိတ်လည်းခက်၏။
လူတွေက သူတို့ကိုကယ်တင်ပေးနိုင်မည့်သူကို အမြဲတမ်းမျှော်လင့်တတ်ကြသည်။ ဒါပေမယ့်လင်လုကတော့ ကျင်းလော့အား ဝန်ထုပ်ဝန်ပိုးဟုမြင်လာသဖြင့် မူကြိုပြီးနောက်တွင် သူ့အားစွန့်ခွာသွားခဲ့၏။
ကျင်းလော့ အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ရှောင်းဝမ်လင်ရှိရာ မူကြိုကျောင်းသို့ ပြောင်းလာခဲ့ရ၏။
ကျင်းလော့သည် သူ၏ငယ်ဘဝအတွေ့အကြုံများနှင့် အတိတ်တွင် အနိုင်ကျင့်ခံရခြင်းကြောင့် သဘာဝအတိုင်း တိတ်ဆိတ်ကာ ပြတ်သားလာသည်။ သူသည် မကြာခဏ စိတ်ဆိုးတတ်ပြီး အခြားသူများနှင့် နီးစပ်ရန် ခွင့်မပြုပေ။ သူ့အနားကို တစ်ယောက်ယောက် ကပ်လာလျှင်လည်း သူ့လက်သည်းများဖြင့် ကုတ်ခြစ်တတ်သည်။ ရှောင်းဝမ်လင်နှင့် ခုံတွဲမဖြစ်ခင်က ကျင်းလော့သည် အခြားကလေးတွေအား ရိုက်နှက်၍ ကြောက်ရွံ့ ရွံ့ရှာစရာ အဖြစ်ကျန်နေခဲ့၏။
ရှောင်းဝမ်လင်နှင့်စားပွဲတွဲထိုင်ပြီးသည့် နောက်ပိုင်းတွင် သူကိုယ်တိုင်လည်း ငယ်စဉ်တည်းက အနိုင်ကျင့်တတ်တဲ့သူဖြစ်နေ၍၊ နှစ်ယောက်ဆုံမိတိုင်း မီးပွားတွေပျံ့လွင့်ရသည်မှာ သဘာဝပင်။
ရှောင်းဝမ်လင်၏ ကိုယ်လုံးကိုယ်ပေါက်သည် ထိုအချိန်ကကျင်းလော့ထက် ပိုကြီးသော်လည်း ရှောင်းဝမ်လင်သည် မူလတန်းကျောင်းမှ စ၍ Sanda ကို စတင်သင်ကြားခဲ့သည်။ ရှောင်းမိသားစုတွင် ငွေဇွန်းကိုက်မွေးဖွားလာသည့် ဤ S အဆင့် အယ်လ်ဖာအား တိုက်ခိုက်ရဲသူမရှိခဲ့သည်ကြောင့် အတွေ့အကြုံမရှိခဲ့ပေ။
ကျင်းလော့ကမူ သူငယ်တန်း မဟုတ်တောင် ငယ်ရွယ်စဉ်ကတည်းက ရိုက်နှက်ခံခဲ့ရသည်။ သူက ရှောင်းဝမ်လင်ထက်လူကိုဘယ်လိုရိုက်ရမယ်ဆိုတာ ပိုနားလည်နေခဲ့၏။ ပထမဆုံးတွေ့ချိန်တုန်းကဆိုလျှင် စားပွဲမှာတင် နှစ်ယောက်ရန်ဖြစ်ပြီး နှစ်ဦးစလုံးဒဏ်ရာရကာ ဆရာမက နားရွက်လိမ်၍ ဆူပူကြိမ်းမောင်းသည်ကိုခံခဲ့ရသည်။
ကျင်းလော့ကသူ့ထက်သာသည်။ ထိုဖြစ်ရပ်ကြောင့် ရှောင်းဝမ်လင်သည် sanda နှင့် လက်ဝှေ့ပညာအား သင်ယူရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ သို့သော်လည်း ရှောင်းဝမ်လင်သည် ငယ်စဉ်ကတည်းက မာနကြီးပြီး သူပထမဆုံးအကြိမ် တိုက်ခိုက်ခံရသောအခါတွင် သဘာဝအတိုင်း ပြန်လည်ခုခံခဲ့၏။
ထိုအကြောင်းတွေကို ပြန်သတိရလိုက်တော့ ကျင်းလော့၏ အသိစိတ်က ဝေဝါးသွားခဲ့သည်။ သူ့လက်ကို မျက်ခွံပေါ်တင်ကာ မျက်လုံးကိုမှိတ်ထားလိုက်သော်လည်း ဖိနှိပ်လွန်းသည်ဟု မခံစားရသော ရှောင်းဝမ်လင်နှင့် အတိတ်က သိမ်ငယ်မှုအား တွေးနေမိ၏။
ပထမဆုံးတွေ့ချိန်က ငယ်ရွယ်နေသေးသည့် ရှောင်းဝမ်လင်သည် ကြည့်ကောင်းသည်ထင်၍ စကားစပြောဖို့ကြိုးစားခဲ့ရုံပင်။ အဆုံးသတ်ကတော့…ရှေ့သွားတစ်ချောင်းကျိုးသွားခဲ့သည်။
ရှောင်းဝမ်လင်နှင့်သူ ဘယ်တုန်းကမှ အဆင်မပြေခဲ့ဖူးပေ။ ထူးဆန်းစွာဆုံမိတိုင်း ကံဆိုးခြင်းသာဖြစ်ခဲ့ရ၏။
အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ကျင်းလော့ အသက်ကြီးလာသည်နှင့်အမျှပင်။
သူတကယ်ကို အိပ်ချင်စိတ်ပြင်းပြနေသည့်တိုင်၊ ဖုန်းက တောက်လျှောက်ဆူညံနေ၏။ အတန်းမှူးက သူ့ကို အတန်းအစည်းအဝေးတက်ဖို့ အထူးအကြောင်းကြားထားတာကြောင့်ပင်။
ထလိုက်သည့်အချိန်တွင် ကျင်းလော့နှာချေလိုက်မိသည်။ အိုမီဂါအဖြစ်ပြောင်းလဲပြီးပထမနေ့တွင် သူ့ခန္ဓာကိုယ်အားအင်တွေ သိသိသာသာကျဆင်းသွား၏။ အမှတ်အသားပေးခံရပြီးနောက်ပိုင်းတွင် သစ်သားရနံ့ပြင်းသည့် အယ်လ်ဖာဖယ်ရိုမုန်းတွေက ကျင်းလော့၏ အိုမီဂါခန္ဓာကိုယ်အခြေအနေကို အတော်လေးတည်ငြိမ်စေခဲ့သည်။
သို့တိုင် အမှတ်အသားခံရခြင်းက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ ပိုမိုနုနယ်လာစေပြီး၊ သူ့ကိုမှတ်သားထားသည့် အယ်လ်ဖာအားသဘာဝအတိုင်း မှီခိုလာတတ်ကာ အကာအကွယ်နှင့်ပွေ့ဖက်မှုအား လိုလိုလားလားရှာဖွေလာ၏။
နှာချေပြီးကျင်းလော့က ကုတ်အင်္ကျီနှင့် ထီးအားယူလိုက်၏။
အပြင်မှာမိုးရွာနေသည်။
အစည်းအဝေးခန်းမကြီးက လူပေါင်းရာချီဆံ့ကာ ပြဇာတ်ရုံကြီးတစ်ခုကဲ့သို့ပင် ကျယ်ဝန်းခမ်းနား၏။
ကျင်းလော့သည် လှမ်း၍ နီးကပ်လာပြီးနောက် စာသင်ခန်းတံခါးတွင် "Alpha Conference Room" ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်နှင့် သူ့မျက်နှာအမူအရာပြောင်းသွားခဲ့သည်။
သူသည် ယခုအချိန်တွင် ရောက်ရှိလာသည့် အခြားအတန်းများမှ အတန်းဖော်များသည် မည်သူမည်ဝါဖြစ်သည်ကို သူလုံးဝမသိပေ။
ကျင်းလော့သည် အေးစက်သောမျက်နှာဖြင့် ထောင့်မှဝင်ရောက်လာကာ သူ၏တန်းခွဲနေရာကိုရှာဖွေပြီး ထောင့်တစ်နေရာတွင် ထိုင်လိုက်၏။
ခန်းမကြီးတစ်ခုလုံး အယ်လ်ဖာ များဖြင့်ပြည့်နှက်နေပြီး လေထုထဲတွင် အမျိုးမျိုးသော ဖယ်ရိုမုန်းရနံ့များ ရောထွေးနေသည်။
ရှောင်းဝမ်လင်သည် ခန်းမ၏အလယ်ဗဟို၊ ရှေ့ဆုံးတွင် ဒူးကွေးထိုင်နေရင်း သူ့သူငယ်ချင်းများ၏ ပျင်းရိဖွယ်စကားဝိုင်းကို နားထောင်နေခဲ့သော်လည်း ကျင်းလော့ ဝင်လာသည်နှင့်တစ်ပြိုင်နက် သတိထားမိသွားခဲ့၏။
အနက်ရောင်ဝတ်စုံဖြင့် လုံးဝနာခံမှုမရှိသော ကျင်းလော့ပေါ်လာသည်နှင့် ရှောင်းဝမ်လင်သည် သွေးရနံ့ကိုရှာတွေ့သော ငါးမန်းတစ်ကောင်ကဲ့သို့ ချက်ချင်းသူ့အပေါ်အာရုံစိုက်သွားခဲ့သည်။
ရှောင်းဝမ်လင်သည် ကျင်းလော့ ခန်းမ၏ထောင့်သို့ လျှောက်သွားပုံကို စောင့်ကြည့်နေခဲ့သည်။ သူတို့အတန်းမှ လူများသည် ကျင်းလော့ကိုမြင်သွားသည်နှင့် နေရာများအားလွှဲပေးကာ ကျင်းလော့ပတ်ပတ်လည်တွင် ကွက်လပ်နေရာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ရှောင်းဝမ်လင်စိတ်ထဲတွင် တွေးမိသည်- သူ့မှာ အခုထိ စိတ်တိုစရာကောင်းတဲ့ အလေ့အထတွေ ရှိနေတုန်းပဲ။
သို့သော် ရှောင်းဝမ်လင်၏ စိတ်ထဲတွင် ကျင်းလော့၏စိုစွတ်နေသည့် မက်မွန်ပွင့်မျက်လုံးများ ဖြတ်သန်းသွားပြီး သူ၏နှလုံးသား အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
ရှောင်းဝမ်လင်ထလိုက်သည်နှင့် ဘေးမှ အယ်လ်ဖာ တစ်ဦးက အလောတကြီး မေးလိုက်၏ "အစ်ကို၊ ဘယ်ကိုသွားမှာလဲ?”
ရှောင်းဝမ်လင် ပျင်းရိစွာပြုံးပြလိုက်ပြီး "ကျောင်းထဲက နာမည်ကြီး အေးစက်တဲ့ သူငယ်ချင်းကြီးဆီ သွားမလို့”
Chapter 8 ended