Little Creampie:
Chapter 12
ရှောင်းဝမ်လင်သည် စိတ်ရှုပ်ထွေးနေ၏။ သူ့အိပ်ရာပေါ်တွင် ထားရှိလိုက်ရသော ကျင်းလော့မှာ လူသားဗုံးကြီးတစ်လုံးနှင့် တူနေသည်!!
ပြီးတော့ ရှောင်းဝမ်လင်ကိုယ်တိုင်ပင် ဘာကြောင့် ကျင်းလော့ကို သူ့အိပ်ရာပေါ်တွင် ဤမျှထားချင်စိတ်ဖြစ်ပေါ်နေမှန်း နားမလည်နိုင်ခဲ့ပေ! အခြားသူများ သူ၏အိပ်ရာပေါ်တွင် ထိုင်မိသည့်အခါတိုင်း အိပ်ရာအသစ်လဲရသည့်သူပဲမဟုတ်လား။
ရှောင်းဝမ်လင်၏ နှလုံးသားသည် အလွန်အမင်း ရှုပ်ထွေးနေပြီး ဤရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသူအား ကြည့်ရင်း အံကြိတ်လိုက်မိသည်။
သူကျင်းလော့အား အဖျားကျဆေးတစ်မျိုး တိုက်ခဲ့၏။ သူကိုယ်တိုင် အိပ်ရာပေါ်တွင် လှဲနေသော်လည်း ကျင်းလော့၏ မှိန်းနေသော အသက်ရှူသံများအား ကြားနေရသည်။
အလွန်ပင် ပေါ့ပါးနေ၏။
ကျင်းလော့သည် သေးငယ်သော ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ အိပ်ပျော်နေသည်။
အိပ်ရာက သိသိသာသာ ကျယ်ဝန်းပေမယ့် ကျင်းလော့က နေရာအများကြီး မယူပေ။
*
နာကျင်မှုတွေကြားမှာတောင် ရှောင်းဝမ်လင် အိပ်ပျော်သွားခဲ့သည်။
သူသည် ထိုညအား နောက်တစ်ကြိမ် အိပ်မက်မက်မိ၏။
အိပ်မက်ထဲက အရာရာတိုင်း ကြေမွသွားခဲ့ပေမယ့် caramel cream ဖယ်ရိုမုန်း၏ ချိုမြိန်သည့်အနံ့တစ်ခုတည်းသာ ကျန်ရစ်ခဲ့၏။ ဆီးနှင်းလို ဖြူနေသည့် အရေပြားသည် အရည်ပျော်ကျသလို ခံစားရပြီး နူးညံ့သည့် အတွင်းနံရံတွေက သူ့အား ရစ်ပတ်ထားသလို ခံစားရသည်။ ရမ္မက်နှင့် ချစ်ခြင်းမေတ္တာတို့သည် အာရုံကြောတွေထဲတွင် ရောယှက်သွားခဲ့၏။
သူ့နှလုံးခုန်နှုန်းလည်း မြန်နေခဲ့သည်။
မျက်ရည်များနှင့် ပြည့်နေသည့် မက်မွန်ပန်းပွင့်သဖွယ်မျက်လုံးတစ်စုံက ရမ္မက်၊တပ်မက်မှုတို့နှင့် ပြည့်ကာ စိုက်ကြည့်နေ၏။ အလွန်ချိုမြိန်လှသည့် ရနံ့များနှင့် ဖုံးလွှမ်းနေသည်။
ထိုကြေမွသွားသည့် တပ်မက်မှုအလယ်မှာ ရှောင်းဝမ်လင်ဟာ ခဏတာ ဒီမက်မွန်ပန်းပွင့်လို မျက်လုံးများ၏ပိုင်ရှင်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသလို ခံစားရပြီး ပူဖောင်းလိုပင် ပြန်ပျောက်ကွယ်သွားကာ နက်ရှိုင်းသည့် တပ်မက်မှုကိုသာ ချန်ထားခဲ့၏။
.......................
ဖြစ်နိုင်သည်က ဖယ်ရိုမုန်းအမှတ်အသားကြောင့်ပင်။ သူ့ကိုမှတ်ထားသည့် အယ်လ်ဖာအပေါ် အိုမီဂါ၏ မှီခိုလိုစိတ်နှင့်ပင်...
ကျင်းလော့သည် နောက်တစ်ခါ နေမကောင်းဖြစ်နေပြီး သူ့အယ်လ်ဖာကို ပြင်းပြင်းထန်ထန် လိုချင်နေမိတော့၏။
ကျင်းလော့က အရမ်းဖျားနေတော့ သတိလစ်သွားခဲ့သည်။
ရှောင်းဝမ်လင်ကလည်း နွေဦး၏ မှုန်ဝါးသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည့် အိပ်မက်တစ်ခုကြောင့် နိုးကြားနေပြီး နံနက်စောစောတွင် သူ့အား ပွေ့ဖက်ထားသည့် အရာတစ်ခုကို ခံစားလိုက်ရသည်။
ရှောင်းဝမ်လင်ကိုယ်တိုင်လည်း ပူလောင်နေပြီး ညအချိန်မှာ ဒေါသထွက်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့... ကျင်းလော့သည် ဘယ်တုန်းကမှန်းမသိ သူ့ဘေးမှာ လိမ်ခွေနေပြီး သူ့လက်အား တိတ်တဆိတ် နူးညံ့စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၏။
လေထုသည် လတ်ဆတ်သော အယ်လ်ဖာရနံ့များဖြင့် ပြည့်နေ၏။
ထပ်မံ၍ လေထုထဲတွင်... ကရာမယ်လ်အနံ့နှင့်အတူ အရည်အသွေးနိမ့် အယ်လ်ဖာဖယ်ရိုမုန်း၏ စူးရှသည့်အနံ့များ ရောပြွမ်းနေသည်။
ဘာမှအထူးအဆန်းတော့ မဟုတ်ပေ။
ရှောင်းဝမ်လင်သည် ဖယ်ရိုမုန်းအနံ့အားရှူမိလိုက်တာနှင့် သူ့အောက်ပိုင်းမှာ တင်းမာလာသည်ကို ခံစားလိုက်ရ၏။
အိပ်မက်ထဲမှ ကျိုးပဲ့နေသည့် အပိုင်းအစများ၊ အလှတရားများနှင့် စိတ်လှုပ်ရှားမှုများ မပျောက်သေးခင်မှာပင် လက်တွေ့က သူ့ကို ပြန်ဆွဲခေါ်လိုက်သည်။
ရှောင်းဝမ်လင်၏လက်က ကျင်းလော့၏ နူးညံ့သည့် ထိတွေ့မှုအောက်တွင် ငြိမ်သက်နေ၏။
သူအရမ်းဒေါသထွက်နေသည့်တိုင် ထိုဒေါသကို မဖော်ထုတ်နိုင်တော့ဘဲ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ အငြိုးတကြီးနှင့် သွားများအားအံကြိတ်လျက် ရေချိုးခန်းသို့ အအေးခံကာ ရေချိုးရန် သွားလိုက်၏။
ရှောင်းဝမ်လင်အပြင်ကိုထွက်လာသည့်အခါတွင် ကျင်းလော့ကငုတ်တုတ် ထထိုင်နေပြီပင်။
ရှောင်းဝမ်လင်က ကျင်းလော့ထိုင်နေတာကိုမြင်တော့ သူနိုးသွားပြီဟုထင်လိုက်သေး၏။ သူ့နှလုံးသားက တစ်ချက်ခုန်သွားပြီး စက္ကန့်ပိုင်းလောက် အဆင်မပြေသလိုခံစားလိုက်ရပေမယ့် မကြာသေးခင်ကမှ ရမ်းကားမိခဲ့သည့် ရှောင်းဝမ်လင်သည် မျက်နှာမပျက်ပဲ ကြမ်းတမ်းစွာပြောလိုက်၏—
“နိုးလာရင် ထ၊ ငါ့ကုတင်မှာ တချိန်လုံးထိုင်မနေနဲ့"
ရှောင်းဝမ်လင်သည် သူ့စကားလုံးများ၏ ဒွိဟဖြစ်စရာအဓိပ္ပါယ်အား သူကိုယ်တိုင်ပင် မသိလိုက်။
ကျင်းလော့က အပြည့်အဝ မနိုးသေးပေ။ သူ့အခြေအနေက ကောင်းမနေသည့်တိုင် အယ်လ်ဖာထွက်သွားသည်နှင့် မသိစိတ်အရ မသက်မသာဖြစ်လာ၍ ထထိုင်လိုက်မိခြင်းပင်။
သူသည် ရှောင်းဝမ်လင်အား မျက်ခြေမပြတ်လိုက်ကြည့်နေ၏။
ရှောင်းဝမ်လင် မျက်ခုံးပင့်ကာ စိတ်တိုတိုနှင့် ပြန်ကြည့်လိုက်သည်။ ငတုံးလား?
ရှောင်းဝမ်လင်သည် သူ၏ကြွက်သားအပေါ်ပိုင်းဗလာကျင်းဖြင့် ကုတင်ပေါ်တွင် လဲလျောင်းကာ လက်နှစ်ဖက်အား ခေါင်းအုံးပေါ်တင်၍ မှီထား၏။
ကုတင်ဘေးတစ်ဖက်တစ်ချက်မှ နိမ့်ဆင်းသွားသည်ကို ခံစားရသည်နှင့် ရှောင်းဝမ်လင်က သူ့မျက်လုံးတွေကိုမှိတ်ပြီး ပြောလိုက်သည်
"နိုးပြီးရင် ပြန်အိပ်။ အခု မင်းဒီကိုပဲ ရောက်နေပြီ၊ ငါ မင်းကို မောင်းထုတ်လို့ရမှာလား?”
နံဘေးတွင် အသံတစ်ခုမှ မကြားရတော့။
ရှောင်းဝမ်လင်၏ ဒေါသထွက်မီးတောက်အရင်းခံသည် သူ့နံဘေးတွင် လဲလျောင်းနေသည့် တစ်ယောက်ဖြစ်နေ၏။ သူသည်ထိုအေးစက်နေသည့်လူငယ်လေး၏ စိတ်ထဲဘာတွေးနေမှန်း ကြည့်ဖို့ကိုတောင် ပျင်းနေသည်။ ထို့ကြောင့်ပဲ မျက်လုံးမှိတ်ပြီး ပြန်အိပ်ဖို့ကိုသာ လုပ်လိုက်၏။
တစ်ခဏအကြာတွင်...
ဆူဆူညံညံ အသံလေးတွေ ကြားလိုက်ရ၏။
နောက်ပြီး...
သူ့ခါးနှင့်ဝမ်းဗိုက်ပေါ်တွင် တစ်စုံတစ်ရာ လေးလံလာသည်အား ခံစားလိုက်ရ၏။
ရှောင်းဝမ်လင်ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တော့... ထိုအေးစက်ပြီး ချောမောလှပသည့်လူငယ်လေးက သူ့အဝတ်စား၊ သူ့ဘောင်းဘီနှင့် သူ့အတွင်းခံများအား ဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရ၏။ အင်္ကျီက သူ့အတွက်ကြီးလွန်းနေပြီး ဘောင်းဘီကလည်း ချောင်နေသည်ကြောင့် သူ့ခါးသားကို ပေါ်နေစေသည်။ အဆိုးဆုံးက အတွင်းခံဘောင်းဘီပင်။ အနည်းငယ်ချောင်ကျကာ V-line တောက်လျှောက်ကျနေပြီး အကာအကွယ်မဲ့သည့်ခါးမှာ အထိုင်ကျနေ၏။
ရှောင်းဝမ်လင်အတွက် ထိုမြင်ကွင်းအားလျစ်လျူရှုဖို့ ခက်ခဲနေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ နှာခေါင်းက ပူလာပြီး…နှာခေါင်းသွေးများ စီးကျလာ၏။
“ငါလိုး!”
ရှောင်းဝမ်လင်၏ မျက်နှာကြီးတစ်ခုလုံးမဲမှောင်သွားပြီး ခေါင်းရင်းက စက္ကူအနည်းငယ်အား ဆွဲယူလိုက်သည်။ ခဏလောက် ဘယ်သူ့ကို ဒေါသထွက်ရမှန်းတောင် မသိတော့ပေ။ ဒေါသထွက်ရုံတင်မက… သူ့ဝမ်းဗိုက်ပေါ်က လှုပ်ရှားနေသည့် ဆီးနှင်းဖြူရောင်တင်ပါးလေး၏ နူးညံ့မှုကိုပါအတိအကျ ခံစားနေရသည်။
ရှောင်းဝမ်လင် မတတ်သာသဖြင့် သက်ပြင်းရှိုက်လိုက်မိ၏။ သူ့ဝမ်းဗိုက်ကြွက်သားများသည် စိတ်လှုပ်ရှားမှုနှင့်အတူ အပေါ်အောက်လှုပ်ရှားနေ၍ အပေါ်မှာထိုင်နေသည့်သူပါ အလိုက်ထိုက် လှုပ်ရှားနေ၏။
ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းနေသည်။
အယ်လ်ဖာတစ်ယောက်၏ တင်ပါးက ဘာလို့ ဒီလောက်… ဒီလောက်… ရှောင်းဝမ်လင် သူ့နှာခေါင်းအားလက်နဲ့ ဖိထားရင်း သူ့ကိုယ်တွင်း မီးတောက်လောင်နေသလို ခံစားနေရ၏။
သူ့နဖူးမှ သွေးကြောများတင်းကာ တဆတ်ဆတ်တုန်နေ၏။ အယ်လ်ဖာတစ်ယောက်ကို ဒီလိုမျိုး သွေးဆောင်တတ်အောင် ဘယ်သူကသင်ပေးလိုက်တာလဲ...?
"မင်းအရင်က ငါ့ရှေ့မှာ အမြဲခက်ထန်ပြီး ထောင်လွှားနေတာပဲမဟုတ်လား? အခုဘာဖြစ်နေတာလဲ?"
ရှောင်းဝမ်လင် ယခုအချိန်တွင် အလွန်ထိတ်လန့်ခြောက်ခြားနေ၏။
ကျင်းလော့ခေါင်းကိုက်နေသည်။ သူအပြည့်အဝမနိုးသေးသော်လည်း ဗီဇအတိုင်း ပြုမူနေခြင်းပင်။
ကျင်းလော့သည် သဘာဝအတိုင်း နူးညံ့သိမ်မွေ့ပြီး ထိရှလွယ်သူဖြစ်၏။ သူ့ကလေးဘဝ အတွေ့အကြုံတွေကြောင့်သာ မဟုတ်ရင်၊ သူဟာ အရမ်းကို နာခံတတ်ပြီး ရှက်တတ်ကာ အငိုသန်တဲ့ အယ်လ်ဖာ (သို့) အိုမီဂါ တစ်ယောက်ဖြစ်နေမှာကျိန်းသေသည်။ ဒါပေမယ့် လူမှုပတ်ဝန်းကျင်နှင့် ဘဝ၏ကြမ်းတမ်းမှုတွေက သူ့အားမာကျောစေခဲ့၏။
သို့သော် သူ့စိတ်အားထက်သန်မှု အားနည်းနေချိန် သိုမဟုတ် အသိစိတ်မရှိတော့အချိန်တွေမှသာ သူ၏သိမ်မွေ့နုနယ်သည့်သဘာဝအား ထုတ်ဖော်ပြတတ်၏။
ဒါ့အပြင် အိုမီဂါအဖြစ် ကွဲပြားသွားသည့်အခါ၊ သူတို့၏စိတ်ခံစားမှုများက ပိုမြင့်တက်လာပြီး၊ ရှေ့မှာရှိနေသည့် အယ်လ်ဖာက သူတို့ကိုမှတ်သားထားသည့်အတွက်၊ သဘာဝအတိုင်း အိုမီဂါတွေက သူတို့အပေါ် မှီခိုလာတတ်ကြ၏။
ကျင်းလော့ နိုးမလာသေးပေ။ သူ့နံဘေးက လူထွက်သွားသည်ကို ယောင်ဝါးဝါး ခံစားလိုက်ရပြီး အနည်းငယ် အထီးကျန်သလို ခံစားလိုက်ရ၏။
သူဒီလူကို မကြိုက်ဘူး၊ တကယ်ကို မကြိုက်ပေ။
အယ်လ်ဖာ၏ လက်ဆတ်သည့်သစ်သားရနံ့နှင့်ဖုံးအုပ်ခံထားရသည့်အခါ သူလုံခြုံမှုနှင့် စိတ်သက်သာရာရသွား၏။ သူထိုအခါမှပဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့၏။ ဒါပေမယ့် အယ်လ်ဖာက ရေချိုးဖို့ထွက်သွားတော့ အိပ်ရာထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။ ကျင်းလော့သည် သဘာဝအလျောက် ထိုအခြေအနေကို သဘောမကျပေ။
ကျင်းလော့က အယ်လ်ဖာပေါ်မှာ ထိုင်နေရင်း၊ သူ့ကိုယ်ပိုင် အယ်လ်ဖာက ဆူပူတာကို အနည်းငယ် မတရားဘူးလို့ ခံစားနေရ၏။ သူ့နှုတ်ခမ်းလေးကို စူပြီး၊ မျက်ရည်ဝိုင်းကာ စိုနက်နေသည့် မက်မွန်သီးပုံစံ မျက်လုံးလေးများနှင့် ရှောင်းဝမ်လင်အား စိုက်ကြည့်နေ၏။
ရှောင်းဝမ်လင်၏ လိင်တံမှာ အခုထိ တင်းမာနေပြီး နာကျင်နေဆဲပင်။ လျော့ကျအောင်လို့ ရေအေးအေးနှင့် ချိုးလိုက်သော်လည်း ယခုအခါ သူ့အားစူးစိုက်ကြည့်နေခြင်းကြောင့် ပို၍ပင် ခက်ခဲလာသည်။
ရှောင်းဝမ်လင်လည်း မျှော်လင့်မထားခဲ့မိပေ။ ကျင်းလော့က သဘောထားချင်းမတိုက်ဆိုင်လျှင် ရန်ဖြစ်တတ်၏၊ သူ့လက်သီးတွေကိုသုံးနိုင်လျှင် ပါးစပ်ကို ဘယ်တော့မှ မသုံးပေ။ လူတွေကို ပြင်းပြင်းထန်ထန် ကျိန်ဆဲ၏။ ပြင်းပြင်းထန်ထန် လှောင်ပြောင်တတ်၏။ အဲ့ဒါတွေက သူ့ရဲ့ ပုံမှန် အယ်လ်ဖာစရိုက်များပင်။ ဒါပေမယ့် ယခုလို နေမကောင်းဖြစ်နေသည့်အချိန်များတွင်တော့ သူ့ရဲ့စရိုက်က လုံးဝပြောင်းလဲသွားပြီး ဒီလိုမျိုး နုနယ်သိမ်မွေ့တဲ့ အပြုအမူတွေ လုပ်နေခြင်းပင်။
“အရမ်းကို…နူးညံ့နေတာပဲ”
ရှောင်းဝမ်လင်၏ ဒေါသဟာ ယခုဆို ပျောက်ကွယ်သွားပြီး ရင်ထဲမှာ တစ်ခုခုပူလောင်နေသလို ခံစားလာရ၏။ ရှောင်းဝမ်လင်သည် သူ့နှာခေါင်းအား လက်ဖြင့် အုပ်ထားဆဲဖြစ်ပြီး တောင့်တင်းသော မျက်ခုံးမွှေးများကို ဖိကာ “ထွက်သွား... ဒုတိယအကြိမ် မပြောရစေနဲ့” ဟူ၍ တိုးညှင်းသော အသံဖြင့်ဆိုလိုက်၏။
ရှောင်းဝမ်လင်သည် အဆင့်မြင့် အယ်လ်ဖာတစ်ယောက်ဖြစ်၏။ တကယ့်ကို ကျောင်း၏ထိပ်တန်း အယ်လ်ဖာပင်။ ဖယ်ရိုမုန်းအားဖြင့် ဖိအားမပေးရင်တောင် သူ့တွင် လူတွေကို ဖိစီးနိုင်သည့် အရည်အချင်းရှိ၏။ ကျင်းလော့သည် သူ၏ မက်မွန်ပန်းပွင့်လို မျက်လုံးလေးတွေကို ပြူးကျယ်ကျယ်ဖွင့်ကာ ရှောင်းဝမ်လင်အားကြည့်လိုက်ရာ မတရားခံရသလို မျက်ရည်လည်နေသည့် အကြည့်လေးအားတွေ့လိုက်ရ၏။
ကျင်းလော့သည် နှုတ်ခမ်းလေးတွေကို စူလိုက်ပြီး၊ ဆီးနှင်းလို ဖြူစွတ်နူးညံ့နေသည့် သူ့တင်ပါးလေးတွေကို ရှောင်းဝမ်လင်၏ ခါးနှင့်ဝမ်းဗိုက်ပေါ်ကနေ ဖြည်းဖြည်းချင်း ရွေ့ချလိုက်သည်။ သူရွှေ့လိုက်သည့်အခါတိုင်း သူ့ခါးနှင့်ဝမ်းဗိုက်က လှုပ်ရှားနေပြီး သူ့တင်ပါးလေးတွေက လုံးဝန်းပြီး တင်းကျပ်နေသည်ကို သိသိသာသာ ခံစားနေရ၏။
ရှောင်းဝမ်လင်သည် ဓာတ်ပုံရိုက်ရန်ပင် မထိန်းနိုင်တော့လုနီးပါးဖြစ်သွား၏။ ဒါပေမယ့် မတတ်သာဘဲ ထိန်းထားနိုင်ခဲ့သည်။
ကျင်းလော့သည် ဆင်းသွားလိုက်ပြီးနောက်တွင် သူ့ကိုယ်သူ စောင်နှင့်ဖုံးအုပ်လျက် ရှောင်းဝမ်လင်ဘက်ကို ကျောပေးကာ မလှုပ်တော့ပေ။
ရှောင်းဝမ်လင် : ဟေး... မင်းက စိတ်ကြီးနေတုန်းပဲကိုး
Chapter 12 ended