Little Creampie:
Chapter 6
ကျင်းလော့ ကုတင်ပေါ်တွင် ထိုင်လျက်ပင် သူ့ကိုယ်သူစောင်နှင့်ဖုံးကာလိုက်၏။ သူ ငိုချလိုက်မိသည်။ ယနေ့ ပြင်းထန်သော အဖြစ်ပျက်မျိုးမျိုးကြောင့် သူ အနည်းငယ် ထုံကျဉ်နေ၏။
ထိုကိစ္စနှင့် ပတ်သက်၍ ကျင်းလော့ လင်လုအားအသက်မဲ့စွာစိုက်ကြည့်နေရုံမျှသာတတ်နိုင်သည်။
ကျင်းလော့၏ မျက်လုံးများသည် မျက်ရည်စများဖြင့် နီရဲနေသေးသည်။ သူ့တွင် ကျောင်းတွင်ရှိခဲ့ဖူးသော ထောင်လွှားသောအကြည့်မျိုးမရှိတော့ဘဲ သူစိမ်းများအား ဝေးဝေးရှောင်ကာ သူ့အနားလာသူတိုင်းကို ကုတ်ခြစ်တတ်သည့် ကြောင်ရိုင်းလေးတစ်ကောင်ကဲ့သို့ဖြစ်နေ၏။ အဲဒီအစား၊ သူက စွန့်ပစ်ထားခံထားရသည့် ကြောင်ရိုင်းလေးတစ်ကောင်နှင့်ပင် ခပ်ဆင်ဆင်တူနေသည်။
ကျင်းလော့: "အာ..."
သူ့မျက်လုံးတွေ နီရဲလာကာ ခေါင်းငုံ့သွား၏။
တံခါးခေါက်သံနှစ်ချက်နှင့်အတူ ဝန်ထမ်းအဝတ်အစားဝတ်ထားသည့် လူတစ်ယောက်က သေတ္တာတစ်လုံးနဲ့ဝင်လာခဲ့သည်။ ထိုတစ်ယောက်ကဘေးဘီဝဲယာကိုပင် လှည့်မကြည့်ဘဲ "လင်လုကျဲ" ဟု အော်လာ၏။
လင်လုက ခေါင်းအသာအယာညိတ်ပြတော့ ထိုလူက ဘူးအားယူလာကာဖွင့်လိုက်သည်။ ကြီးမားသောသေတ္တာအတွင်းတွင် တန်ဖိုးကြီးသေတ္တာတစ်လုံးထပ်ရှိနေ၏။ ခလုတ်ကိုဖွင့်ပြီးနောက်၊ အတွင်းတွင် ပုံစံအမျိုးမျိုးနှင့် တားဆေးများရှိနေသည်။
လင်လု က "ရှင့်ကို အယ်လ်ဖာအဖြစ် အသွင်ပြောင်းနိုင်စေမယ့် ဆေးပဲ။ ယုတ်ညံ့ပေမယ့် ရှင်လိုအပ်တာ ဖြစ်ကောင်းဖြစ်နိုင်သလို နောက်တစ်ခုက ရှင့်ဆီက ယာယီအမှတ်အသားရဲ့ အနံ့ကို ဖုံးကွယ်ထားနိုင်တယ်။ ရှောင်းဝမ်လင် သတိပြုမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
လင်လုက ခေါင်းညိတ်ပြလိုက်တော့ အလုပ်သမားက ကျင်းလော့အား ဆေးဘက်ဆိုင်ရာ အချက်အလက်တန်းတစ်ခုပါသော လုပ်ငန်းကတ်ပြားအား ပေးလာသည်။
လင်လုသည် Biochemistry မေဂျာဖြစ်မှန်းသိသော်လည်း ကျင်းလော့ လင်လုနဲ့ပက်သက်၍သေချာမသိပေ။
"ဘာလို့လဲ..." ကျင်းလော့ အထစ်ထစ်အငေါ့ငေါ့နှင့်ပြောလိုက်သည်။
လင်လုက ထိုလူတွေကို သူ့ဝန်းကျင်မှာ ဆေးဖြန်းခိုင်းလိုက်ပြီး "ကျွန်မရှောင်းဝမ်လင်ကို သုံးဖို့ လိုတယ်" ဟူ၍ ပွင့်ပွင့်လင်းလင်း ပြောလာ၏။
"......သုံးမယ်?”
ကျင်းလော့၏ ကွဲအက်ပြီးသား သူ့နှလုံးသားထဲတွင် နောက်ထပ် အက်ကွဲရာသေးသေးလေး တစ်ခုပေါ်လာခဲ့သည်။
လင်လုက "ရှင် အိုမီဂါ ဖြစ်လာတာကို ကျွန်မသိထားတယ်၊ ရှင်ဒီကိုလာရင် ဘာဖြစ်မယ်ဆိုတာကိုရောပေါ့ ရှင်ကအစီအစဉ်ထဲမှာ မတော်တဆပါဝင်သွားရုံပဲ ရှင်သာမဟုတ်ရင် တခြားတစ်ယောက်ယောက်ကို ရှောင်းဝမ်လင် နဲ့ ဆက်ဆံရေးရှိဖို့ ကျွန်မစီစဉ်ထားပြီးသားဆိုပေမယ့်..."
လင်လုက ဘာဖြစ်လာမလဲဆိုတာ မပြောပေမယ့် ကျင်းလော့ က သူမ ဘာကိုဆိုလိုတာမှန်း သိနေခဲ့သည်။
ကျင်းလော့သည် စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ခေါင်းညိတ်လိုက်၏။
လင်လုက ခဏလောက်ဆေးလိပ်သောက်နေလိုက်ပြီး "စိတ်မပူပါနဲ့ ကျွန်မအများကြီး မလိုပါဘူး။ တစ်ခုခုလုပ်ဖို့ ဒီအထောက်အထားပဲလိုတယ်။ နောက်ဆုံးရလဒ်အရ၊ ဒါက ရှောင်းဝမ်လင် နဲ့ ကျွန်မအတွက် win-win အခြေအနေပါပဲ။ တစ်လအတွင်း သူ့ကို ဝန်ခံလိုက်မယ်။"
လင်လုသည် သူမ၏နဖူးကို အနည်းငယ်ကိုင်ကာ ခဏအကြာ စဉ်းစားလိုက်ပြီး "ကျောင်းဖိုင်အချက်အလက်ကို ပြောင်းလဲဖို့ ကူညီပေးမယ်၊ ရှင်အမြဲတမ်း ‘အယ်လ်ဖာ’ အဖြစ်နဲ့နေနိုင်တယ်”
အာ
ကျင်းလော့ ရင်ထဲမှာ ဗလာကျင်းနေသလို ခံစားရသည်။
သူမ...ထပ်ပြောလာ၏။
လင်လု : "ကျွန်မ ရှင့်ကို သဘောကျပါတယ်။ ရှင်က ကျွန်မအစ်ကိုနဲ့ ခပ်ဆင်ဆင်တူတယ်"
သူမ ခဏတာ ညည်းတွားလိုက်ရင်း "အရမ်းမိုက်မဲပြီး နုံအတယ်"
လင်လု : "တကယ်ဆို ရှင့်ကို လျှို့ဝှက်ထားလို့ ရတယ်၊ အဲ့လိုဆိုရင်တောင် ရှင်ကိုယ်တိုင်တောင် သတိမထားမိဘဲ ကျွန်မအတွက် အလုပ်လုပ်ပေးလိမ့်မှာပဲ... အရမ်းချစ်စရာကောင်းတယ်" ဟု ဆိုလာ၏။
ကျင်းလော့က ရီဝေနေပုံရပြီး မျက်တောင်လေးတွေလည်းညွတ်ကျကာ အနည်းငယ် စိုစွတ်နေသည်။
သူ တကိုယ်လုံး ကျုံ့နေပြီး အတွင်းမှာတော့ ပြင်းပြင်းထန်ထန် အလိုးခံထားရတာကို ခံစားနေရတုန်းပင်။
"ကောင်းပြီ။" လင်လု ပြောလိုက်သည် "အခုချိန်ကစပြီး... ရှင့်ကို ကျွန်မကာကွယ်ပေးမယ်”
ကျင်းလော့၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် မကြားရသလောက် တိုးညှင်းသော အသံဖြင့် ဆိုလိုက်၏ "...မလိုပါဘူး"
လင်လုက စကားအများကြီးပြောမနေပဲ ပြုံးပြလာသည်။
*
နောက်တစ်နေ့တွင်။
ရှောင်းဝမ်လင် အိပ်ပျော်ရာမှ နိုးလာပြီး ခေါင်းသည်လည်း ကိုက်ခဲနာကျင်နေသေး၏။
ဦးနှောက်က မူးဝေနေပေမယ့် စိတ်ထဲမှာတော့ ဖော်မပြနိုင်သည့် ကျေနပ်မှုကို ခံစားနေရသည်။
စိတ်ဝိညာဉ်သည် ကျေနပ်နေပြီး ဝိညာဉ်အပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် လန်းဆန်းတက်ကြွနေ၏။
ရှောင်းဝမ်လင်သည် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် ထောက်ကာ မတ်တပ်ထရပ်လျက် သူ့မျက်လုံးများက ဘေးကို အလိုလို ကြည့်လိုက်မိသည်။
အိပ်ရာက ဖြူစွတ်နေ၏။ ရှောင်းဝမ်လင်၏ ခေါင်းသည် မူးဝေနေပြီး စိတ်ထဲတွင် အပိုင်းအစများက ဇယ်ဆက်သလိုပေါ်ထွက်လာသည်။ လှပလွန်းသည့် ခြေတံရှည်များ၊ အိုမီဂါ ၏ အလွန်မွှေးကြိုင်သော အနံ့၊ ရှိုက်ငိုသံ၊ နူးညံ့သော ငိုကြွေးသံနှင့် ခါးသည် ရေကဲ့သို့ နူးညံ့နေပြီး…
လှပလွန်းသည့် မက်မွန်ပွင့်မျက်လုံးတစ်စုံနှင့်။
ရှောင်းဝမ်လင် မနေ့က အရက်အလွန်အကျွံသောက်လိုက်မိသည်။
သို့သည့်တိုင် mate ခံစားချက်ကြောင့် အရမ်းနေရသက်သာနေ၏။
ရှောင်းဝမ်လင်က သူ့မှာ အိုမီဂါ အတွက် ခံစားချက်မရှိဘူးလို့ အမြဲတွေးထားခဲ့ပေမယ့် ထိုအိုမီဂါ၏ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက သူ့ကို နှိုးဆွပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
အခုပြန်တွေးကြည့်တော့ ရှောင်းဝမ်လင်၏ နှလုံးခုန်သံက ပိုမိုမြန်ဆန်လာခဲ့သည်။
ရှောင်းဝမ်လင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
သူ အလေးအနက် တွေးတောခဲ့သည်- သူ့မိသားစုသည် အလွန်ချမ်းသာသောကြောင့် မင်္ဂလာပွဲကျင်းပရန် မြို့ပတ်ပတ်လည်တွင် ရဟတ်ယာဉ်များဖြင့်ပင် ပျံသန်းနိုင်၏။ မင်္ဂလာဆောင်ပြီးနောက်တွင် အိုမီဂါ၏နေ့စဉ်ထောက်ပံ့ကြေးမှာ အနည်းဆုံး ငါးပုံတစ်ပုံဖြစ်မည်ဖြစ်ပြီး၊ သူသည် နေ့တိုင်း အိုမီဂါ ကို ရေဖြည့်ပေးလိမ့်မည်...
ဒါပေမယ့် အဲဒီတစ်ယောက်က ဘယ်မှာလဲ။
မနက်အစောကြီး ဧည့်ခန်းမှာ တစ်ယောက်မှ ရှိမနေတာက အနည်းငယ် အထီးကျန်သလို ခံစားလာရသည်။
ဘယ်သူ့ကိုမှ မတွေ့ရသဖြင့် ရှောင်းဝမ်လင် အနည်းငယ် စိတ်တိုလာရသည်။ စီးကရက်တစ်လိပ်ကို ထုတ်ကာ လက်ကြားညှပ်လိုက်၏။
ရှောင်းဝမ်လင်သည် အဝတ်အစားမပါဘဲ ကုတင်အစွန်းတွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ လိင်အင်္ဂါမှ အရည်ခြောက်များနှင့် သုတ်ရည်များအား သူ့ခန္ဓာကိုယ်တွင် သဲလွန်စများအဖြစ် တွေ့လိုက်ရ၏။ ရေချိုးရန် ရေချိုးခန်းသို့ သွားရာ ကျောတွင် ခြစ်ရာများစွာ တွေ့ရှိခဲ့သည်။
သွားရာများလည်း ရှိနေ၏။
ရှောင်းဝမ်လင် တုန်လှုပ်သွားရပြီး ပြုံးကာ တွေးလိုက်မိသည်။ ဘယ်လောက်တောင် အရိုင်းဆန်လိုက်လဲ။
လင်လုသည် ထိုကဲ့သို့ ပင်ကိုယ်စရိုက်ရှိမှန်း သူ မသိလိုက်ပေ။
ဒါပေမယ့် မနေ့ကတစ်ယောက်က လင်လု ဖြစ်နိုင်မှန်း ရှောင်းဝမ်လင် သိပေမယ့် လင်လုက သူ့ကို နည်းနည်းလေး စည်းခြားဆက်ဆံတယ်လို့ ခံစားမိနေတုန်းပဲ...
ပျင်းစရာကြီး။
ရှောင်းဝမ်လင်သည် လင်လုအပေါ် ယေဘူယျအားဖြင့်ခံစားချက်ရှိခဲ့သည်။ လင်လုသည် သူ့အကြိုက်နှင့် လိုက်လျောညီထွေရှိသော်လည်း သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ... ထူးခြားလွန်း၏။ သူမ ထိုသို့သောလူဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။
ရှောင်းဝမ်လင်သည် မနေ့ညက မျက်ရည်ဝဲနေသည့် မျက်လုံးများနှင့် သူ့နားရွက်ကိုဝန်းရံထားပုံရသည့် ငိုရှိုက်သံများနှင့် ထိုးသွင်းပြီးနောက် ရှက်ရွံ့လာရသည့် ခံစားချက်ကို တွေးလိုက်သောအခါတွင် သူ၏ ဝိညာဉ်သည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ့အိုမီဂါ၏ နောက်ကျောကို သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားကာ နမ်းပြီး ထိတွေ့နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
ဒါပေမယ့် တစ်ဖက်လူ၏ သဘောတူညီချက်မပါဘဲ သူလုပ်ခဲ့မိသည်။ ဒါကြောင့် သဘာဝအတိုင်း တောင်းပန်ကာ ပြင်ဆင်သင့်၏။ ပြီးတော့ သူ့ရဲ့ အစီအစဉ်ကို အေးဆေးဆက်လုပ်တော့မည်။
ရှောင်းဝမ်လင်က မထိန်းနိုင်စွာ ကျေကျေနပ်နပ်ကြီးပြုံးနေမိသည်။
ဟိုအရူးလေးကျင်းလော့က ဒါကိုသိရင် သူအရမ်းဒေါသထွက်မှာမဟုတ်ဘူးလား။
ရှောင်းဝမ်လင်သည် သီချင်းတစ်ပုဒ်အား ညီးညူလျက် သူ့ကိုယ်သူပြင်ဆင်နေလိုက်သည်။ တစ်ယောက်ယောက်က သူ့အတွက်အဝတ်အစားနှင့် ဘောင်းဘီအား ပို့ပေးခဲ့သဖြင့် ဝတ်ဆင်ကာ ရိုးရှင်းသော ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ထွက်သွားခဲ့၏။
တံခါးဝမှာ မထင်မှတ်ထားတဲ့ လူတစ်ယောက်နှင့်တွေ့လိုက်ရသည်။
ကျင်းလော့က တံခါးနားမှာ ရပ်နေ၏။
သူသည် လက်ရှည်အင်္ကျီရှည်ကို ၀တ်ထားပြီး လက်နှစ်ဖက်ကို ခေါက်ကာ တံခါးနားမှာ ရပ်နေခဲ့သည်။ သူ၏ အနက်ရောင် ဆံပင်တိုတိုသည် ဘေးသို့ ကျနေပြီး ပါးလွှာသော မေးရိုးချွန်ချွန်အား ပေါ်လွင်နေစေသည်။ သူသည် အလွန်အေးစက်နေပုံရပြီး ထိုနေရာတွင် ဘာသိဘာသာ သာရပ်နေ၏။ သူက ခပ်မိုက်မိုက် ယောက်ျားတစ်ယောက်ကဲ့သို့ပင်။
လက်ဆစ်ဖြူများသည် သူ၏ရှည်လားသောအင်္ကျီလက်ကြောင့် အနည်းငယ် ဖုံးလို့နေပြီး လက်ချောင်းထိပ်များကိုသာ မြင်နေရသည်။ သူတို့ကြည့်ရတာ ထူးထူးခြားခြား ကြည့်ကောင်းပြီး နည်းနည်း... သိမ်မွေ့နေ၏။
ကျင်းလော့ကိုမြင်သည့်အခါ ရှောင်းဝမ်လင်၏နှလုံးသားသည် နားမလည်နိုင်စွာ တုန်လှုပ်သွားရပြီး သူ့စိတ်ထဲတွင် အမည်မသိသော ခံစားချက်တချို့မှာ ရုတ်ရုတ်သဲသဲဖြစ်သွားရသော်လည်း ရုတ်တရက် ရှောင်းဝမ်လင်သည် ကျင်းလော့ဘာကြောင့်ရောက်လာရခြင်းဖြစ်သည်ကို သိလိုက်သည်။
ရှောင်းဝမ်လင်သည် သူ့အဝတ်အစားပေါ်ရှိ ကြယ်သီးသုံးလုံးအား ဖြုတ်လျက် သူ့ရင်ဘတ်နှင့်ကြွက်သားများအား ဖော်ပြထားသည်။ သူက တံခါးဘောင်ပေါ်သို့ လက်အားဆန့်တင်လိုက်ပြီး ပျင်းရိစွာပြုံးလျက် "ဘာဖြစ်တာလဲ၊ သန်းခေါင်စာရင်းလာစစ်တာလား?”
"ဒါပေမယ့် သနားစရာပဲ..."
ရှောင်းဝမ်လင်၏ လေသံမှာ အထက်စီးဆန်ကာထောင်လွှားနေ၏။ သူသည် သူ့အဝတ်ကော်လာကို လက်ချောင်းများဖြင့် ဆွဲဖွင့်လျက် သူ့ပုခုံးတစ်ဖက်ရှိ အကိုက်ခံရသည့် အမှတ်အသားများအား ထုတ်ဖော်လိုက်ပြီး "လင်လု ငါ့ကို ကိုက်ထားတာ"
ကျင်းလော့သည် သူ့ခေါင်းအားမြေပြင်နှင့်ထိလုမတတ်ပင် ငိုက်စိုက်ကျနေသည်။ အသံကြား၍ ကြည့်လိုက်တော့ မနေ့က ပခုံးမှာ အကိုက်ခံရသည်များအား တွေ့လိုက်ရ၏။ သူဘယ်လိုတုံ့ပြန်ရမလဲပင်မသိတော့။
ကျင်းလော့၏ လှပသော မက်မွန်ပွင့် မျက်လုံးများသည် အေးစက်ကာ ကသိကအောက်ဖြစ်နေ၏။ ထိုစကားကို ကြားလိုက်ရတော့ ရှက်ရွံမှုနှင့်တောက်လောက်လာသည့် ဒေါသတို့က သူ့မျက်နှာတွင် မထင်မှတ်ဘဲ ဖြတ်ခနဲဖြစ်သွား၏။ ထိုသူအား စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် သူ့အကြည့်တွေကို မသက်မသာဖြစ်စွာ ဆုတ်ခွာလိုက်ပြီး ပြန်မကြည့်ချင်တော့ပေ။
သို့သည့်တိုင် ရှောင်းဝမ်လင်သည် တစ်ဖက်လူမှ လှပသည့်မက်မွန်ပွင့်မျက်လုံးများဖြင့် သူ့အားစိုက်ကြည့်လာသည်ကို မြင်လိုက်ရသည့်အခါတွင် သူ့ဝမ်းဗိုက်က ပူပူနွေးနွေးခံစားလာရပြီး သူ့မျက်လုံးများက ထိုမက်မွန်ပွင့်များနောက်ပါသွားခဲ့သည်။
ကျင်းလော့၏ အကြည့်ကြောင့် သူ အေးခဲသွား၏။
ရှောင်းဝမ်လင် အနည်းငယ် တောင့်တင်းသွားရသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျင်းလော့၏ မက်မွန်ပွင့်မျက်လုံးများမှာ သူ့အတွက် ထူးထူးခြားခြား ရင်းနှီးနေသလို ခံစားရပြီး သူ့ရင်ထဲမှာ ထူးဆန်းသည့် တုန်နှုန်းတစ်ခုအား ခံစားလိုက်ရ၏။
ထူးဆန်းတယ်။
ရှောင်းဝမ်လင် အသိစိတ်ပြန်ဝင်လာပြီး အခုလေးတင် သူ့အတွေးတွေကို ပြန်တွေးပြီး သူ့မျက်နှာက စိမ်းဖန့်သွား၏။
ကျင်းလော့ကို သူဘယ်လိုလုပ် ချစ်နေရမှာလဲ!?
ရူးနေလို့လား?
ရိုးရိုးသားသားပြောရလျှင် ကျင်းလော့၏အသွင်အပြင်သည် သူ့ကိုယ်ပိုင်အလှတရားစံနှုန်းများနှင့် ကိုက်ညီသော်လည်း၊ ထိုကောင်စုတ်၏ကိုယ်ရည်ကိုယ်သွေးများမှာ ဆိုးရွားလွန်းပြီး လူကျင့်ဝတ်များကို မသိပေ။
ရှောင်းဝမ်လင်ဟာ ဘယ်တော့မှ သည်းမခံနိုင်ခဲ့ချေ။
အထူးသဖြင့် သူ့ရုပ်သွင်ကဆိုးလွန်း၏။
ပင်ကိုယ်စရိုက်က သူ့ကိုအမြဲအဆင်မပြေဖြစ်စေသည်။
သူအလွန်စိတ်မချမ်းသာဖြစ်နေတာကြောင့် ရှောင်းဝမ်လင်က သူ့အားအနိုင်ကျင့်ချင်စိတ်ကို မထိန်းနိုင်ပင်ဖြစ်သွားရသည်။
ရှောင်းဝမ်လင်က သူ့ဆီကအနိုင်ကျင့်ခံရပြီးနောက် ခံစားချက်များအားပြသလာသည့် စိုစွတ်နေသည့် မျက်နှာအား ကျေနပ်မိသည်။ တစ်ခါတစ်ရံ ရှောင်းဝမ်လင်သည် ထိုကောင်စုတ်၏မျက်နှာသည် ငိုလျှင် အလွန်လှပသည်ဟု ထင်ခဲ့သော်လည်း သူမြင်ခွင့်မရှိသည့်အတွက် စိတ်မကောင်းစရာပင်။
ရှောင်းဝမ်လင်သည် မိမိ၏ မကောင်းသော ရည်ရွယ်ချက်အား မဖုံးကွယ်ထားခဲ့ပေ။ သူသည် သူ၏ စွမ်းအားပြည့်ဝသော ကြွက်သားများအား ဂုဏ်ယူလျက် ရှိသည်။ အမျိုးသားရေးပြိုင်ပွဲအား မျှော်လင့်စောင့်စားနေသည့် ကြက်ဖတစ်ကောင်ကဲ့သို့ပင် သူသည် ရင်ဘတ်ကိုမော့ကာ ကျင်းလော့ထံ အာရုံမထားဘဲ လျှောက်သွားခဲ့သည်။ ထို့နောက် သူသည် ဦးခေါင်းကိုလှည့်ကာ ကျင်းလော့အား နံဘေးမှ အနံ့ခံသည့်ဟန်လုပ်ခဲ့သည်။
ရှောင်းဝမ်လင်တွင် လှုပ်ရှားမှုများ များပြားသော ဇာတ်ကွက်များ ရှိသည်။
နမ်းရှိုက်ပြီးနောက် သူသည် မျက်ခုံးအားပင့်ကာ ကျင်းလော့၏ နားနားကပ်လျက် စိန်ခေါ်သည့်အသံစွန်းဖြင့် ပြောခဲ့သည်-
"အနံ့က အရမ်းဖျော့တယ်၊ အဆင့်နိမ့် Alpha လေး။"
ဤလုပ်ရပ်သည် အယ်လ်ဖာများ အကြား အဆုံးစွန်ဒေါသထွက်စေသည့် စော်ကားမှုပင်ဖြစ်သည်။ ထိုအပြုအမူအား လက်ခံရရှိသည့် မည်သည့် အယ်လ်ဖာ မဆို ပေါက်ကွဲမည်မှာ သေချာ၏။ ဒါပေမယ့် အယ်လ်ဖာက အိုမီဂါအား ထိုသို့ဆိုလျှင်တော့… အဲ့တာက ပရောပရည်လုပ်တာပဲ။
Chapter 6 ended