no

Font
Theme

Little Creampie:

Chapter 18

ညသန်းခေါင်တွင် ရှောင်းဝမ်လင်သည် ဟိုတယ်မှအမှတ်သားပြုခဲ့သည့် ထူးဆန်းသည့်စွဲလမ်းမှုများနှင့် ပြန်လည်ဖမ်းစားခံခဲ့ရ၏။ သူသည် ထိုည၏အဖြစ်အပျက်များအား ပြန်လည်အိပ်မက်မက်မိသည်။ အသေးစိတ်တချို့က ပိုမိုရှင်းလာ၏။ ပိန်လှီသည့်ခါးနှင့် ဆီးနှင်းကဲ့သို့လည်ပင်းသည် အိပ်မက်ထဲတွင် ဖြူဖွေးသည့်အလင်းတန်းများနှင့်ဖုံးနေသလို ခံစားရပေမယ့်... ၎င်းက တစ်စုံတစ်ယောက်နှင့် ပို၍ဆင်နေသည်။ 

ရှောင်းဝမ်လင် နိုးလာတော့ ကျင်းလော့၏အိပ်ရာဟာ အတော်ကြာကတည်းက ဗလာဖြစ်နေတာကို တွေ့လိုက်ရသည်။ 

ထို့အပြင်... အိုမီဂါ၏ အနည်းငယ်သာရှိပြီး သိပ်မသိသာသည့် ရနံ့တစ်ခုက လေထဲတွင် ပျံ့လွင့်နေသည်ကို သတိထားမိလိုက်၏။

ထိုရနံ့သည် အိပ်မက်ထဲက အိုမီဂါ၏ရနံ့နှင့် ထပ်တူညီသလို ဖြစ်နေပြီး အာရုံကြောတစ်လျှောက် စိမ့်ဝင်ကာ ပြောမပြနိုင်သော တပ်မက်မှုကို ဖြစ်စေသည်။ 

တဒင်္ဂအတွင်း ရှောင်းဝမ်လင်သည် ထိုအရာမှာ အိပ်မက်လား အမှန်လားဟုမခွဲခြားနိုင်တော့ပေ။ 

သူသည် ကျင်းလော့၏ ဗလာဖြစ်နေသော အိပ်ရာကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် နက်ရှိုင်းသော သံသယများ လျှပ်တပြက် ထွက်ပေါ်လာသည်။ ဝံပုလွေကဲ့သို့ ပြင်းထန်သော မျက်လုံးများသည် နက်နဲလှသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်တစ်ကောင်က သူ၏သားကောင်ကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေ၏။

ကျင်းလော့သည် ညသန်းခေါင်ကျော်မှသာ ပြန်ရောက်လာပြီး သူ့ပေါ်တွင် ရနံ့များ လုံးဝမရှိတော့ပေ။ 

အခန်းထဲရှိ လူအားလုံးသည် အိပ်ပျော်နေဆဲဖြစ်ပြီး ရှောင်းဝမ်လင်လည်း မူလအိပ်နေဟန်အတိုင်း ဆက်နေခဲ့၏။ 

ကျင်းလော့သည် စိတ်အေးလက်အေး ခပ်တိုတိုလေး သက်ပြင်းချလိုက်သည်။ ဒီကိစ္စပြီးသွားပြီ။ နောက်လုပ်ရမည့်အရာမှာ ဒီသီတင်းပတ်အတွင်း လုပ်ရမည့် သင်တန်းကာလကို အောင်အောင်မြင်မြင် ဖြတ်သန်းရန်သာ ဖြစ်၏။ 

ကျင်းလော့၏ စိတ်ထဲတွင် မသိမသာ ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

*

အလုပ်သင်ကာလ စတင်ခဲ့ပြီ။

အယ်လ်ဖာတွေအတွက် လက်တွေ့သင်တန်းက အလွန်ပြင်းထန်သည့် လေ့ကျင့်မှုတစ်ခုပင်။ ကျင်းလော့က အယ်လ်ဖာတစ်ယောက်ဆိုရင်၊ ဒီလေ့ကျင့်မှုက သူ့ကို ပင်ပန်းစေရုံပဲ ဖြစ်မှာပင်။

ဒါပေမယ့် ကျင်းလော့က အိုမီဂါတစ်ယောက်ဖြစ်နေသည်။

အယ်လ်ဖာတွေနဲ့ မကြာခဏ ထိတွေ့ရတဲ့အတွက် ကျင်းလော့ အရမ်းနေရခက်ခဲနေ၏။

ဒါပေမယ့် ကျေးဇူးတင်စရာတစ်ခုက ရှောင်းဝမ်လင်က သံသယမဖြစ်ခဲ့သည့်အပြင်၊ လုပ်ငန်းစဉ်အတွင်းမှာလည်း သူ့ကို ဘယ်ပြဿနာမှ မဖြစ်စေခဲ့တာပင်။

တစ်ခုတည်းသော ဒုက္ခဆိုလို့... အဆင့်နိမ့်အယ်လ်ဖာအဖြစ် ရှုမြင်ခံရတဲ့အခါ ပုံမှန်ကြုံရတဲ့ အရာတွေသာပင်။

ကျင်းလော့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပါးစပ်ထဲက ညှိကာ ချိုမြိန်နေသည့် သွေးများအား မျိုချလိုက်၏။

အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးလေးနှင့် လူငယ်လေးသည် အမှောင်ထဲက စင်္ကြံလမ်းမှာ ယိုင်နဲ့ယိုင်နဲ့လှမ်းလျှောက်ရင်း ဖြောင့်ဖြောင့်မတ်မတ် ရပ်နိုင်ဖို့ ကြိုးစားနေပေမယ့် နည်းနည်းတော့ ကြီးကြီးမားမား မဖြစ်သေးသလိုပင်။

အယ်လ်ဖာတွေရဲ့ လေ့ကျင့်ရေးအချိန်မှာဆိုရင် အသက်ဆုံးရှုံးတာ၊ သို့မဟုတ် မသန်စွမ်းဖြစ်တာမျိုး မဖြစ်သရွေ့ ထိခိုက်ဒဏ်ရာရတဲ့အထိ ရန်ဖြစ်ခွင့်ရှိ၏။

ကျင်းလော့၏ နုနယ်လှပသည့် မျက်နှာပေါ်တွင် ကုတ်ခြစ်ရာများရှိနေပြီး ဖော်ထားသည့် အရေပြားတွေမှာလည်း အညိုအမည်းစွဲနေသည့်ဒဏ်ရာ၊ အနာတရတွေရှိနေသည်။

ကျင်းလော့၏ လှပသည့်အယ်လ်ဖာတစ်ယောက်ဖြစ်နေသည့်အချက်ကြောင့် အယ်လ်ဖာအများအပြားက သူ့မျက်နှာကို မနှစ်သက်ခဲ့ပေ။

အေးစက်သည့် လူငယ်တစ်ယောက်၏ မျက်နှာတွင် ဒဏ်ရာများရှိနေခြင်းက ပုံမှန်လို့ထင်ရ၏။ ကျင်းလော့အတွက်ဆိုရင်လည်း အကြောင်းရင်းမရှိ သူ့ကိုမုန်းတီးနေသည့် အခြားသူများ၏ ရန်စတာကို သည်းခံရခြင်းသည်လည်း သူ့နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပင်။

သူဒါတွေကို နေသားကျနေခဲ့တာ ကြာပြီပင်။

ကျင်းလော့သည် တစ်ကိုယ်တည်း လမ်းကျဉ်းထဲမှာ လျှောက်လာရင်း ပါးစပ်နဲ့ပလာစတာအားကိုက်ကာ သူ့ကိုယ်သူ ကပ်နေ၏။ သူ့နောက်မှာတော့ လမ်းကျဉ်းထဲက အလယ်အလတ်စား အယ်လ်ဖာတချို့ ညှောင်နာနာနှင့်ကြမ်းပြင်တွင် လဲကျနေ၏။

ကျင်းလော့သည် ငယ်စဥ်ကတည်းက အဖွဲ့လိုက်ရန်ဖြစ်တာတွေမှာ ပါဝင်ခဲ့၍ ဘယ်နေရာကိုထိုးလျှင် အမြန်အပြီးသတ်နိုင်မည်ကို သူသိသည်။ သူက သန်မာသည့်သူမဟုတ်သည့်တိုင် လှုပ်ရှားလွယ်ပြီး မြန်ဆန်၏။ ဒါပေမယ့် အိုမီဂါအဖြစ် ကွဲပြားသွားသည့်အတွက် သူ့ရဲ့ ကိုယ်ခန္ဓာစွမ်းရည်တွေ အများကြီးကျဆင်းသွားခဲ့သည်။

အခုဆိုရင် သာမန် အယ်လ်ဖာတွေနဲ့ ရန်ဖြစ်ပြီးတိုင်း သူ့မျက်နှာမှာ အနာတွေ၊ သိသာထင်ရှားတဲ့ အမာရွတ်တွေ ကျန်ခဲ့လာတတ်ပြီပင်။

ကျင်းလော့သည် မျက်နှာကိုဘေးစောင်းလိုက်ပြီး ခေါင်းငုံ့ကာ သူ့လက်မောင်းအား နမ်းကြည့်လိုက်သည်။ သူ့ကိုယ်ပိုင် ကရာမယ်လ်အနံ့ဆိုးတဲ့ အားနည်းအယ်လ်ဖာ၏ ဖယ်ရိုမုန်းအနံ့အား ရှူမိလိုက်သည်။

ကျင်းလော့ အနည်းငယ်လမ်းလျှောက်သွားပြီးနောက် ရှုပ်ထွေးသည့် သံဇကာနံရံအနီးရှိ အယ်လ်ဖာလေ့ကျင့်ရေးကွင်း၏ မျက်နှာချင်းဆိုင်ဘက်ရှိ အိုမီဂါတွေအတွက် လေ့ကျင့်ရေးနေရာကို မျက်စိရောက်သွား၏။

သံဇကာကွက်နှင့် နောက်ဘက်က အဆောက်အဦးရဲ့ ဖန်တံခါးတွေကနေ အိုမီဂါလော်ဘီထဲကို မြင်နိုင်သည်။ အလင်းတန်းတွေက ခန်းမတစ်ခုလုံးကို လင်းထိန်စွာ ဖြာထွက်နေ၏။ အဝေးကကြည့်ရင်တောင် အိုမီဂါအဆောက်အဦးထဲမှာ အစေခံတွေ အလျင်အမြန် လှုပ်ရှားသွားလာနေတာကို မြင်ရသည်။ အတွင်းမှာလည်း အိုမီဂါလူငယ်လေးတွေဟာ ပြုံးရွှင်နေရင်း ကခုန်သင်တန်းတွေ တက်နေကြ၏။ ဆရာတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ ဂရုစိုက်နေကြသည်။

လမ်းကျဉ်းထဲက မှောင်နေသည့်အလင်းနှင့် လုံးဝကွာခြား၏။

အိုမီဂါများ၏ လေ့ကျင့်ရေးသည် ဂရုစိုက်မှုများနှင့် ပြည့်နေပြီး အကောင်းဆုံးသော ပစ္စည်းကိရိယာတွေ၊ အထူးခြားဆုံး ပတ်ဝန်းကျင်တွေနဲ့ အိုမီဂါတွေအား ကောင်းမွန်သည့် နေထိုင်မှုဘဝနှင့် ချစ်ခြင်းမေတ္တာတွေကြားထဲတွင် ကြီးပြင်းလာစေဖို့ သေချာအောင် စီစဉ်ပေးထား၏။

ကျင်းလော့သည် ခေါင်းမော့ပြီး ထိုအလင်းတန်းတွေဘက်အား ငေးကြည့်နေလိုက်သည်။

အိုမီဂါအဆောက်အဦး၏ တောက်ပနေသည့် အလင်းရောင်တွေကြားတွင်၊ သူကတော့ သံဇကာနံရံရဲ့ အနောက်ဘက် အရိပ်ထဲမှာ ရပ်နေသည်။ ဒဏ်ရာတွေဖုံးနေတဲ့ မျက်နှာသည် အေးစက်နေလျက် သူ့ကိုယ်သူ ပလာစတာများဖြင့် ကပ်နေ၏။

အလင်းတန်းတစ်ခုသည် အဆောက်အဦးအား ထိုးဖောက်ကာ အယ်လ်ဖာနှင့်အိုမီဂါလေ့ကျင့်ရေးကမ္ဘာနှစ်ခုအား ပိုင်းခြားထားသကဲ့သို့၊ သူ၏ဘဝကိုလည်း နှစ်ပိုင်းကွဲသွားစေသည်။

သူသည် အမှောင်ထုထဲတွင် ရပ်တည်နေ၏။

သူတို့ကမူ အလင်းထဲ၌ အသက်ရှင်နေထိုင်ကြသည်။

ကျင်းလော့သည် ဖြည်းဖြည်းချင်း သူ့လက်ကောက်ဝတ်နှင့် လည်ပင်းကို ပတ်တီးနှင့် စည်းနှောင်လိုက်သည်။

သူ၏မျက်လုံးများသည် နွေးထွေးပြီး သက်တောင့်သက်သာရှိသော ထိုဘဝဆီသို့ ငေးစိုက်ကြည့်နေ၏။ နွေးထွေးမှု၊ နူးညံ့မှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသော၊ သူ့ဘဝနှင့် လုံးဝကွဲပြားသည့် ဘဝတစ်ခု။

သူအကြည်မလွှဲနိုင်ဘဲ ထိုနေရာတွင်သာ ကျောက်ချနေလျက်ရှိသည်။

တစ်ခါတစ်ရံတွင် သူသည် တောထဲသို့ မောင်းထုတ်ခံထားရပြီး အသက်ရှင်ရန် ရုန်းကန်နေရသော တောရိုင်းကြောင်တစ်ကောင်နှင့် တူသည်။ ပြတင်းပေါက်မှ ကြည့်နေရင်း၊ အိမ်မွေးကြောင်များ၏ ပြောင်လက်နေသော အမွေးအတောင်များနှင့် ချစ်ခြင်းမေတ္တာဖြင့် ပြုစုစောင့်ရှောက်ခံရသည့် ဘဝများကို မြင်တွေ့ရသောအခါ၊ သူသည် မလွဲမသွေ ရပ်တန့်သွားပြီး

ထိုဘဝများအား ငေးကြည့်ရင်း ရပ်နေမိသည်။

ယခင်က သူသည် အိုမီဂါမဟုတ်ခဲ့၊ ယခုလည်း အယ်လ်ဖာအစစ်အမှန်မဟုတ်တော့ပေ။

အကယ်၍ သူ့တွင် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝရှိခဲ့မည်ဆိုလျှင် အိုမီဂါအဖြစ်အား လက်ခံရန် ဤမျှခက်ခဲလိမ့်မည်မဟုတ်ပေ။

ကျင်းလော့သည် အမှောင်၏နယ်စပ်တွင် ရပ်တည်နေကာ ပတ်တီးစည်းရန် ရပ်လိုက်ပြီး ပြတင်းပေါက်အား တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

သို့သော် တဒင်္ဂတွင် သူ၏မျက်လုံးများ ရပ်တန့်သွားသည်။ မှန်ပြတင်းပေါက်ထဲတွင် ရှောင်းဝမ်လင်သည် suit ဝတ်ဆင်ကာ ဟော်လ်ထဲဖြတ်လျှောက်လာ၏။ သူသည် အိုမီဂါတစ်ဦး၏လက်ကို သိမ်မွေ့စွာ ဆုပ်ကိုင်ထားပြီး နူးညံ့သောအပြုံးဖြင့် တစ်ခုခုပြောနေသည်။ လက်ထဲရှိ အနက်ရောင်ကတ်ပြားအား လှမ်းပြလိုက်ကာ ဟာသလုပ်နေဟန်ရှိ၏။ ထို့နောက် စားပွဲထိုးအား လှမ်းခေါ်ကာ အိုမီဂါအတွက် အထူးတလည်ပြင်ဆင်ထားသော အရာများကို ဝယ်ယူခိုင်းသည်။

အဝေးမှကြည့်လျှင် ဤအရာသည် အသံတိတ်ဇာတ်ရုပ်ကြီးတစ်ခုသာဖြစ်၏။

ကျင်းလော့သည် အမှောင်ထဲတွင် ကြာမြင့်စွာရပ်နေမိပြီး ရုတ်တရက် သူ့နှလုံးသားထဲတွင် မည်သည့်ခံစားချက်ကို ခံစားနေရမှန်း မသိတော့ပေ။ ထိုခံစားချက်သည် အလွန်ခါးသက်ပြီး မသက်မသာဖြစ်စေသည်။

ဘွဲ့ရပြီးတဲ့နောက်ပိုင်း ရှောင်းဝမ်လင်ဟာ သူနဲ့လုံးဝမတူတဲ့ဘဝကို ရောက်သွားမှာ အသေအချာပင်။ လင်လုတို့ရော၊ အခြားသူတွေလည်း အားလုံးပင်။

တက္ကသိုလ်တစ်ခုတည်းမှာ တွေ့ခဲ့ရတဲ့အတွက် ရှောင်းဝမ်လင်နှင့်သူသည် တူညီတဲ့ကမ္ဘာကလူတွေလို့ ထင်မိခဲ့မိသည်။ အခုမှ အထင်မှားနေခဲ့တာမှန်း သူသိလိုက်ရ၏။

ကျန်တဲ့သူတွေအားလုံးမှာ သူတို့ရဲ့ထူးခြားတဲ့ဘဝတွေ၊ လှပတဲ့ခရီးပန်းတိုင်တွေ ရှိနေကြတယ်။

ဒါပေမယ့် ငါ့မှာတော့...

ငါ့မှာတော့ ဘယ်တော့မှ မရှိခဲ့ဘူး။

ကျင်းလော့သည် ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် သူ့လှုပ်ရှားမှုတွေကို မြန်ဆန်စွာ လုပ်ဆောင်လိုက်၏။

ကျင်းလော့သည် သူ့ကိုယ်ကို ပတ်တီးနှင့်စည်းပြီး မျက်နှာနဲ့လည်ပင်းကိုလည်း ဖုံးအုပ်လိုက်သည်။ အဝတ်အောက်က အညိုအမည်းစွဲနေတဲ့နေရာတွေကို ဖုံးဖို့ ပတ်တီးကို သွားနဲ့ကိုက်ပြီး ခိုင်မြဲအောင်လုပ်လိုက်၏။

ကျင်းလော့၏ဘဝသည် အမြဲတမ်း ဒီလိုပုံစံဘဲ ဖြတ်သန်းခဲ့ရ၏။

Chapter 18 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment